Sunday 17 February 2013

မလေးရှားနိုင်ငံရောက်ကိုဌေးလွင်ဦးရဲ့ ဆွေးနွေးချက်များ

ဒီနေ့ (၁၇. ၂. ၂၀၁၂) တနင်္ဂနွေနေ့မှာ အန်ကယ် ဋ္ဌေးလွင်ဦးက မလေးရှားရဲ့ MMAM ရဲ့ ရုံးခန်းမှာ သမိုင်းဆိုင်ရာ အချက်အလက်
တစ်ချို့ကို အထောက်အထားများ၊ စာအုပ် စာပေများထဲမှ သက်သေခံနေသော အမှန်တရားများကို အခြေခံကာ အချက်ကျကျ ရှင်းလင်း
တင်ပြသွားပါတယ်။
သူပြောပြတဲ့ အထဲမှာ လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့  ပြဿနာတွေနဲ့ ဆက်နွယ်တဲ့ လူမျိုးရေး ကိစ္စတွေ၊
ရိုဟင်ဂျာဆိုတဲ့ စကားလုံးက ဘယ်ကလာကြောင်း၊ ရိုဟင်ဂျာများသည် ရခိုင်ဒေသမှာ ရှေးယခင်ကပင် နေထိုင်ကြသူများဖြစ်ကြောင်း၊
ရိုဟင်ဂျာနဲ့ ဘင်္ဂါလီ မတူညီဘဲ ကွာခြားကြောင်း၊ ပါဠိစာပေအကြောင်း အနည်းငယ်၊ ကိုယ့်အမျိုးကိုယ် ချစ်စိတ်ထက်
တကယ်တမ်းကျတော့ နိုင်ငံချစ်စိတ်က ဘယ်လိုအရေးပါကြောင်း စသဖြင့် အကြောင်းအရာ ကွင်းဆက်မိမိ ဆွေးနွေးသွားတာကို
အားရကျေနပ်စွာ နားထောင်ခဲ့ရပါတယ်။
အချိန်က နေ့လည် ၂နာရီခွဲမှာ စတင်ရတာ ဖြစ်လို့ ပရိသတ် မပျင်းရအောင် စိတ်ဝင်တစား ပြောပြနေရင်းက အလျဉ်းသင့်သလို
တစ်ချို့နေရာလေးတွေမှာ အရွှန်းဖောက်ပြီး သမိုင်းကို မပျင်းအောင် ပြောပြသွားတာ တကယ့်ကို လေးစားစရာပါ။ နားထောင်ရင်းမှ
ပရိသတ်များကလည်း လက်ခုပ်သံနဲ့ မကြာ မကြာ ဂုဏ်ပြုကာ တစ်နာရီကျော် အချိန်ကို ဖြတ်သန်းခဲ့ကြပါတယ်။
အန်ကယ့်အနေနဲ့ သူတင်ပြဆွေးနွေးမယ့် အပိုင်းကို အချိန်အများကြီး မယူဘဲ အမေးအဖြေကဏ္ဍကို အချိန်ပိုပေးပြီး
ဆွေးနွေးချင်တာကြောင့် အမေးအဖြေ အစီအစဉ် ထပ်မံ ရောက်ရှိလို့ လာပါတယ်။
၁။ ရိုဟင်ဂျာရဲ့ အဓိပ္ပါယ် ဆိုတာ ဘာလဲ?
၂။ ဒေါက်တာအေးချမ်းနဲ့ စိန်ခေါ်ထားတာ ဘယ်အဆင့်  ရောက်နေပါသလဲ?

၃။ အခုလက်ရှိ ရခိုင်ပြည်နယ်ဝန်ကြီး (ဒေါက်တာအေးမောင်) ပြုတ်ဖို့ ကျတော်တို့ဘက်ကနေ signature တွေလိုက်ကောက်ပြီး
   ကမ်ပိန်း လုပ်သင့်မလုပ်သင့်

၎။ မြန်မာမွတ်စလင်မ်နဲ့ ရိုဟင်ဂျာ ဘာကွာသလဲ?
၅။ ရခိုင်လူမျိုးနဲ့ ဗမာလူမျိုး ဘာကြောင့် စာပေရော ယဉ်ကျေးမှုပါ တော်တော်ခပ်ဆင်ဆင်တူနေတာလဲ?
၆။ မြန်မာ မွတ်စလင်မ်တွေ အနေနဲ့ ဘာသာခြားတွေကြားမှာ ဘယ်လိုပုံစံနဲ့ အကောင်းဆုံး ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲ နေထိုင်သင့်လဲ?

  စသဖြင့်…. သိလိုစိတ်ပြင်းပြစွာနဲ့ စိတ်ဝင်စားဖွယ် မေးခွန်းများကို မေးမြန်းကြပါတယ်။
အန်ကယ်ကလည်း မေးသမျှအချက်တွေကို သမိုင်းအထောက်အထားများ၊ သမိုင်းစာပေများက ရထားတဲ့ အသိများနဲ့ ရှင်းလင်း ဖြေကြားပါတယ်။
မေးသွားသမျှ မေးခွန်းတွေထဲမှာ အကုန်လုံးကိုတော့ အန်ကယ် ရှင်းပြသလို ပြန်မပြောတတ်လို့ ၂ခုလောက်ကိုပဲ ပြန်ပြောပြရမယ်
ဆိုရင်…
ဒေါက်တာအေးချမ်းနဲ့ စိန်ခေါ်ထားတာ ဘယ်အဆင့်ရောက် နေပါသလဲ?
ဒေါက်တာအေးချမ်းနဲ့ စိန်ခေါ်ထားရာမှာ ဒေါက်တာအေးချမ်းဘက်မှ ပထမအဆင့် အနေနဲ့ လက်ခံသည်ဟု မငြင်းသာလို့
လက်ခံလိုက်ရ အပြီးမှာတော့…
ဒုတိယ အဆင့်အနေဖြင့် အန်ကယ်ဋ္ဌေးလွင်ဦးက ဒေါက်တာအေးချမ်းအား စာပို့ပေးသည်မှာ…
လက်ခံလို့ ၀မ်းသာကြောင်း နှင့် ဘယ်နေ့ ဘယ်အချိန်၊ ဘယ်နိုင်ငံကို သူလာရမယ်ဆိုတာကို ပြန်လည်
အကြောင်းကြားပေးပါဆိုသည်ကိုတော့…
ဒေါက်တာအေးချမ်းဘက်မှ စာမပြန်တော့သည်မှာ ၃လခန့် ရှိပြီ ဖြစ်ကြောင်း ဖြေကြားသွားပါတယ်။               

မြန်မာ မွတ်စလင်မ်တွေ အနေနဲ့ ဘာသာခြားတွေကြားမှာ ဘယ်လိုပုံစံနဲ့ အကောင်းဆုံး ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲ နေထိုင်သင့်လဲ
ဆိုသည့် မေးခွန်းကို ဖြေကြားရာမှာတော့…
သူ့အနေဖြင့် နိုင်ငံ အတော်များများ၊ ဒေသအတော်များများကို ရောက်ဖူးရာမှာ နေရာတိုင်းမှာ
မွတ်စလင်မ်များ နေထိုင်တယ်ဆိုတာ တွေ့ရကြောင်း၊ လကမ္ဘာကိုတော့ သူမရောက်ဖူးသည့်အတွက် မပြောနိုင်ကြောင်း၊
တခြား ကမ္ဘာ့နိုင်ငံအတော်များများမှာတော့ မွတ်စလင်မ်လူဦးရေ အနည်းနဲ့ အများ ရှိနေတယ်ဆိုတာ သိရကြောင်း၊
ဒါကိုကြည့်ခြင်းအားဖြင့်
ကမ္ဘာပေါ်မှာ နေရာတိုင်းနီးပါး မွတ်စလင်မ်တွေ ရှိနေခြင်းဟာ နေရာတိုင်းက လူတိုင်းနဲ့ ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲ
နေထိုင်တတ်ခြင်းကြောင့် ဖြစ်ကြောင်းနဲ့၊ မြန်မာနိုင်ငံမှာ မွတ်စလင်မ်များ အခြားသူများနဲ့ ဘယ်လိုမှ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ
နေထိုင်လို့ မရခြင်းမှာ မွတ်စလင်မ် များကြောင့်ဟု မဆိုနိုင်ဘဲ၊ တခြားဘယ်လူမျိုးနဲ့မှ သဟဇာတ ဖြစ်အောင်၊
ငြိမ်းချမ်းစွာ အတူယှဉ်တွဲ မနေလိုတဲ့ မွတ်စလင်မ်တွေနဲ့ မတည့်တဲ့ မြန်မာပြည်က လူမျိုးကြောင့်သာ ဖြစ်တာကြောင့်…
မြန်မာ မွတ်စလင်မ်တွေဘက်က ငြိမ်းချမ်းစွာ နေထိုင်လိုစိတ်ရှိပြီးသား ဆိုတာ သိနိုင်သလို၊ တစ်ဖက်ကလည်း ငြိမ်းချမ်းစွာ မနေလိုသော
ဆန္ဒကိုလည်း အားလုံးမျက်မြင်ပါပဲ ဆိုပြီး ရှင်းပြသွားပါတယ်။

 ----------------------------------------------------------------------------------------------------------
ပထမ ဒီပို့စ်ကို ရေးဖို့ အစီအစဉ် လုံးဝ မရှိပါဘူး။
အစီအစဉ် မရှိလို့တောင် ဘော့ပင် တစ်ချောင်း၊ စာအုပ်တစ်အုပ်တောင် မထည့်သွားမိခဲ့တဲ့ အဖြစ်။
ဟောပြောပွဲက ပြန်ရောက်တော့ ကွန်ပျူတာ ဖွင့်လိုက်တယ် ဆိုရင်ပဲ မီဒီယာတွေမှာ မြင်ရတဲ့ အဆင့်အတန်း မဲ့တဲ့ ၊ သိက္ခာမရှိတဲ့
လုပ်ရပ်တွေကြောင့် ရေးချင်စိတ် ဖြစ်သွားတယ်။
ရေးချင်စိတ်ဖြစ်တယ်ဆိုတဲ့နေရာမှာ ပို့စ်ထဲမှာ အဓိက ပြောချင်တာ တစ်ခုတည်းပဲ….
အပေါ်က အရောင်ခြယ်ထားတဲ့စာသားတွေကို ပြောချင်တာ။
---------------------------------------------------------------------------------------------------------
ဒီတော့.... ဒီနေ့ မြန်မာမှာ လုပ်လိုက်တဲ့ လုပ်ရပ်ပိုင်ရှင်တွေကိုပဲ ကြည့်လေ....သူတို့လို လူတွေနဲ့
ဘယ်လောက်ပဲ အဆင်ပြေအောင်နေနေ၊
ဘယ်လိုပဲ သင့်တင့်အောင် ပြောပြော ၊
သူတို့တွေက လူယောင်ဆောင်တဲ့ ဘာတွေမှန်း မသိတဲ့အခါ .....
လူ စကားနဲ့ ပြောလည်း မရ၊
လူ့ကျင့်ဝတ်တွေလည်း နားမလည်၊
ကမ္ဘာမှာလည်း လူဝင်မဆံ၊
လူတောလည်း မတိုးတဲ့ ဘ၀မှာ နေတာကြာလာတော့
ကမ္ဘာမှာ ကျက်သရေ အရှိဆုံး အစ္စလာမ် သာသနာကို မနာလိုတွေဖြစ်၊ အာဃာတတွေတစ်ပုံတပင်နဲ့၊
သူတစ်ပါး တိုးတက်ရာ တိုးတက်ကြောင်း မကူညီတာထား၊
သူတစ်ပါး ဆိုးရွားရာ ဆုတ်ယုတ်ကြောင်းကိုတော့ တမင် ယုတ်မာပြီး မလုပ်သင့်ဘူးဆိုတာ လူမှန်ရင် လူလို သိကြမှာပါပဲ။
---------------------------------------------------------------------------------------------------------
ကောင်းသည် ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ လုပ်ရပ်တိုင်းဟာ အလကားတော့ ဘယ်တော့မှ ဖြစ်မသွားပါဘူး။

မည်သူမဆို တစ်စုံတစ်ရာကောင်းမှုကို အဏုမြူခန့်မျှပင် ပြုမူခဲ့သည်ရှိသော် ထိုသူသည်(မိမိကျင့်မူခဲ့သော)
ထိုကောင်းမှုကို တွေ့မြင်ရပေမည်။ (ကျမ်းတော်မြတ်ကုရ်အာန် ၉၅း ၇ )

ထိုနည်းတူစွာ မည်သူမဆို တစ်စုံတစ်ရာမကောင်းမှုကို အဏုမြူခန့်မျှပင် ပြုမူခဲ့ပါလျှင်လည်း ထိုသူသည် (မိမိပြုကျင့်ခဲ့သော)
ယင်းမကောင်းမှုကို တွေ့မြင်ရမည် သာတည်း။ (ကျမ်းတော်မြတ်ကုရ်အာန် ၉၉း ၈ )

အဲ့ထက် ပို သိထားသင့်တာက
အလ္လာဟ်အရှင်မြတ်သည် တရားစီရင်သူအပေါင်းတို့ထက် အကောင်းဆုံး တရားစီရင်တော်မူသော အရှင်မြတ် ပင်ဖြစ်တော်မူသည်
မဟုတ်လော။   (ကျမ်းတော်မြတ်ကုရ်အာန် ၉၅း ၈ )

ဒီတော့ ဘယ်သူတွေက ဘယ်လမ်းကို သွားကြမှာပါလဲ။

ရှေးအထက်ကျမ်းဂန် ရရှိသူတို့အနက်မှလည်းကောင်း၊ မွရှ်ရစ်က် တစ်စုံတစ်ရာကို အလ္လာဟ် အရှင်မြတ်နှင့်တွဲဖက် ကိုးကွယ်သူတို့
အနက်မှလည်း ကောင်း၊ သွေဖည် ငြင်းငြင်းပယ်ခဲ့ကြကုန်သောသူတို့မှာ ဧကန်အမှန် ဂျဟန္နမ်ငရဲ၏မီးထဲသို့ အမြဲထာဝစဉ် နေထိုင်
ခံစားကြရသူများအဖြစ် လားကြရပေမည်။ ထိုသူတို့ကား အဖန်ဆင်းခံတို့တွင် အဆိုးဆုံးသောသူများပင် ဖြစ်ကြကုန်၏။
(ကျမ်းတော်မြတ်ကုရ်အာန် ၉၈း ၆ )

အီမာန် သက်ဝင်ယုံကြည်၍ ကောင်းမြတ်သော အကျင့်သီလများကို ကျင့်မူဆောက်တည်ခဲ့ကြ ကုန်သောသူတို့မှာမူကား ဧကန်မလွဲ
အဖန်ဆင်းခံတို့ တွင် အကောင်းဆုံးသောသူများပင် ဖြစ်ကြကုန်၏။ (ကျမ်းတော်မြတ်ကုရ်အာန် ၉၈း ၇ )

တရား စီရင်မယ့် အရှင် ရဲ့ တရား စီရင်ပြီးချိန် ကိုယ်သွားရမယ့် နေရာလေးတွေကိုလည်း ကိုယ် ကြိုသိထားရအောင်
ပြောပြမယ်ဆိုလည်း
ကိုယ့်နှလုံးသားကိုယ် သော့ခတ်မိရက်သား ဖြစ်နေရှာတဲ့ သူတို့ခမျာ သတိပေးလည်း အသိတရား ရလာမှာမှ မဟုတ်တာပဲလေ

No comments:

Post a Comment