လူတွေကလည်းတော်တော်ခတ်တယ်ဗျ မွတ်စလင်ဆိုရင်ဘင်္ဂါလီလိုထင်နေကြတယ် ကျွန်တော်တို့ ဘင်္ဂါလီဆိုရင် ဘင်္ဂါလီလို့ဂုဏ်ယူပြီးပြေားလိုက်ချင်ပါတယ်။ တကယ်ဘင်္ဂါလီမဟုတ်လို့ မဟုတ်ဘူးလို့ပြေားတော့လည်း စိတ်ဆိုးပြန်တယ်။ ဘင်္ဂလာဒေရှ်က လူဦးရေသန်းပေါင်း(၂၂၀)ရှိတဲ့နိုင်ငံဗျ ကျွန်တော်တို့ဘင်္ဂလာလီခံယူလိုက်ရင်တော်တော်ရှုပ်ကုန်မယ်နော်၊ သေချာစဉ်းစားပြီးမှပြေားကြပါ။ ကျွန်တော်တို့က အခုလက်ရှိမှာ မြန်မာနိုင်အပေါ်ဘာအန္တရာယ်မှ မပေးပဲ သစ္စာရှိစွာနေထိုင်နေပါတယ်။ ကျွန်တော်တို့ကို နိုင်ငံတော်က မြန်မာပြည်မှာရှိတဲ့မွတ်စလင်တွေ အားလုံးဟာ ဘင်္ဂါလီတွေပါလို့ သတ်မှတ်လိုက်ပြီးဆိုရင် မြန်မာ့မြေပုံပျာက်သွားပါလိမ့်မယ်။
ဘာကြောင့်လည်းဆိုရင် ကျွန်တော်တို့ကိုယ်တိုင် ဘင်္ဂါလီဖြစ်မှတော့ ဘင်္ဂလားဒေရှ်က ကျွန်တော်တို့နဲ့အမျိုးတွေဖြစ် သ
ွားကြပြီဆိုတော့
ကိုယ့်အမျိုးကို ခေါ်လိုက်ကြယုံဘဲပေါ့။ အဲဒီလိုခေါ်လိုက်ရင်
ဘင်္ဂါလီတွေရောက်လာလို့ မြန်မာတွေ နေစရာမရှိဖြစ်ကုန်မှာလဲးဆိုရိမ်မိပါတယ်။
အဲဒီအတွက် မြန်မာတစ်မျိုးသားလုံးကိုလည်း သန်း(၂၂၀)ရှိသေားဘင်္ဂါလီများကို
လက်ရက်မခေါ်ပါနဲ့ သူဟာသူနေပါစေ။ လက်ရှိမွတ်စလင်မ်တွေက
မြန်မာပြီမှာမတရားအမည်ခံဘ၀နဲ့ မိမိကိုယ်မိမိ ဘင်္ဂါလီလို့ပြေားနေကြဗေမယ့်
တကယ်တော့ သူတို့ဟာ အာဏာရှင်တစ်စုရဲ့မတရားခြိမ်းခြောက်မှုကိုခံနေကြရသူတွေမို့ ဘင်္ဂါလီပါလိုမှတ်ပုံတင်မှာရေးကြဗေမယ့် တကယ့်ဘင်္ဂါလီအစစ်တွေမဟုတ်ကြပါဘူး၊ ဘင်္ဂါလီအစစ်တွေကလည်း တကယ်နိုင်ငံကြီးတွေကို သွားရောက်အခြေချစီးပွားရေလုပ်ကိုင်နေကြသူတွေများပြားလှပါတယ်။ အဲဒီအတွက်လည်း မည်သည့်အခတ်အခဲးမှမရှိကြသည့်အတွက် မြန်မာနိုင်ငံလိုနိုင်ငံမျိုးကို အလိုရှိနေကြသူများမဟုတ်ဘူးဆိုတာထင်ရှားနေပါတယ်။ လက်ရှိနိုင်ငံရေးအခြေအနေအရကော၊ စီးပွားရေအခြေအနေအရကော၊ မည်သူကသာပိုနေသည်ကို လူကြီးမင်တို့ကိုတိုင်စဉ်းစားတွေခေါ်နိုင်ပါတယ်။
ဘင်္ဂလီတွေဒီနိုင်ကိုလာရင်တောင် ရခိုင်ပြည်လိုနေရာမျိုးကို
စိတ်ဝင်စားမှာမဟုတ်သလို ရန်ကုန်လို စီးပွားရေပိတ်ဆို့နေတဲ့
နိုင်ငံတစ်ကာနဲ့အတိုက်အခံဖြစ်နေတဲ့ မြန်မာအဆိုးရရဲ့ စီးပွားရေးမြို့တော်ဆိုပြီးအထင်ကြီးမှာမဟုတ်ပါဘူ၊ ဘင်္ဂါလီများဟိုတုန်းကလည်းမလာခဲ့သလို၊ အခုလည်းလာမှာမဟုတ်ဘူး၊ နောင်တစ်ချိန်လည်းလာမှာမဟုတ်ဘူး၊
တစ်ခုတော့ပြေားစရာရှိတာက ဟိုးတုန်းက ရခိုင်ပြည်နဲ့ စစ်တကောင်းနယ်ကိုနှစ်ပေါင်းတစ်ရာကျော်အောင်
နယ်မြေတစ်ခုတည်း အုပ်ချုပ်ခဲ့သည့်အတွက် ဘင်္ဂါလီစကားပြေားတက်ခြင်း၊
ဘင်္ဂါလီအသွင်မျိုးတွေရှိနေခြင်းမှာ
ရခိုင်ပြည်ဖွား အစ္စလာမ်ဘာသာကိုးကွယ်ယုံကြည်သူ မြန်မာမွတ်စလင်တွေအတွက်
အထူးအဆန်းမဟုတ်ပါ။ ၎င်းထက်ပိုပြီး ဘင်္ဂါလီလုံးလုံးမဟုတ်သည်ကို
သမိုင်းသုတေသီများက အခိုင်အမာပြေားခဲ့ပြီးပြီဆိုတာ
လူကြီးမင်းတို့သိရှိခဲ့ကြပြီးဖြစ်ပါသည်။
ထိုကြောင့်မြန်မာမွတ်စလင်မ် ဌာနေဇာတိလူရင်းများကို
မြန်မာမွတ်စလင်မ်တစ်မျိုးတည်း ခေါ်ဝေါ်ကြပါရန်
ယနေ့မှစရ်ျတိုက်တွန်းနှိုးဆော်လိုက်သည်။
အောင်ကျော်မိုးခံစားတင်ပြသည်။
No comments:
Post a Comment