28 Nov 2012
dr zar ni
“လောလောဆယ် လူတွေသိနေကြတာက ရိုဟင်ဂျာတွေ ကို နှင်ဖို့လောက်ပဲပြောနေကြပေမဲ့ သူတို့က ကျွန်တော်တို့ နိုင်ငံအတွက် အဓိကအန္တရာယ်မဟုတ်ဘူး။ တကယ်တိုင်း ပြည်မှာ အန္တရာယ်ရှိတာက တရုတ်ပြည်ကြီးရဲ့ အကျိုးစီး ပွားတွေက ကျွန်တော်တို့ အထက်ဗမာပြည်ကြီးကိုမျို လိုက်တာ။ နောက်ပြီးတော့ တစ်ချိန်တုန်းက ချုပ်ထားတဲ့ စီးပွားရေးစာချုပ်တွေက ပြည်သူကို မတရားချုပ်ခြယ်တဲ့၊ ပြည်သူကို မတရား သတ်တဲ့ အစိုးရက လုပ်ခဲ့တာဆိုတော့ အဲဒီစာချုပ်တွေကို ကျွန်တော်တို့ကပြန်သုံးသပ်ပြီးတော့၊ စိစစ်ပြီးတော့ ပြင်သင့်တာတွေကို ပြင်ဖို့လိုလိမ့်မယ်နဲ့တူ တယ်။ မဟုတ်ရင်တော့ ပြည်သူက ကျောကော့နေအောင် ခံရလိမ့်မယ်”
မန္တလေးတိုင်း၊ မိတ္ထီလာမြို့မှာ မွတ်စလင်မ်များ အကြမ်းဖက်တိုက်ခိုက်ခံရ။ လူ(၂၀၀)ကျော်သေဆုံးသွားပြီလို့လဲသိရပါတယ်။
Saturday, 5 January 2013
မော်ကွန်းမဂ္ဂဇင်းနှင့် ဒေါက်တာဇာနည်အင်တာဗျူး,
ဦးရာရှစ်ရဲ့ရာပြည့်အခမ်းအနား
ကျမ်းမြတ်ကုရ်အာန်အသံဖိုင်မြန်မာစာတမ်းထိုး
Friday, 4 January 2013
မွဖ်သီနူရ်းမိုဟမ္မဒ် ရဲ့အင်တာဗျူး
နိုင်ငံမဲ့ဖြစ်ရန် လွယ်ကူသော်လည်း နိုင်ငံသားဖြစ်ရန် ခက်ခဲလှသည့် ၁၉၈၂ နိုင်ငံသား ဥပဒေ

၂၀၁၂-ခုနှစ်အတွင်း ရခိုင်ပြည်နယ်၌ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့်ဆက်စပ်၍ လွန်ခဲ့သော နှစ် ၃၀ က ပြဌာန်းခဲ့သော ၁၉၈၂ နိုင်ငံသားဥပဒေကို ဝေဖန်သံများကြားနေရပါသည်။ ဘင်္ဂါလီဟုခေါ်ခံရသူများ၊ ရိုဟင်ဂျာဟု မိမိကိုယ်မိမိ သတ်မှတ်သူများဘက်မှ ၁၉၈၂-ခုနှစ် နိုင်ငံသားဥပဒေကို ပြောင်းလဲပြင်ဆင်လိုကြသကဲ့သို့ အမျိုးသားရေးစိတ်ဓါတ်အခံဖြင့် တိုင်းရင်းသားလူမျိုးသစ်တစ်မျိုး ဖန်တီးမှုကို လက်မခံနိုင်သောအုပ်စုများကလည်း ၁၉၈၂-ခုနှစ် နိုင်ငံသား ဥပဒေကို ပြောင်းလဲ ပြင်ဆင်စရာမလို။ အစစပြီးပြည့်စုံသော ဥပဒေဖြစ်သည်ဟု ပြောဆိုဝေဖန်သံများ၊ ထောက်ခံ ဆန္ဒပြုမှုများကိုလည်း မြင်တွေ့ရပါသည်။ ပြည်တွင်းပြဿနာကို နိုင်ငံတကာပြဿနာဖြစ်အောင် လုပ်နေကြသည်ဟု စွပ်စွဲသံများကိုလည်း ကြားရပါ၏။ ၂၁-ရာစု ကမ္ဘာ့ရွာကြီးတွင် ယခင်က ပြည်တွင်းပြဿနာဟု သတ်မှတ်ထားသော အရာများသည် ယနေ့ နိုင်ငံတကာဆိုင်ရာ ပြဿနာဖြစ်လာနိုင်သည်ကို ကျွန်တော်တို့ မြန်မာနိုင်ငံသားများ သတိရှိရှိ ဝေဖန်သိမြင်ဖို့ လိုအပ်လာကြောင်း အသိပေးလိုသဖြင့် ဤစာတမ်းကို ရေးသားရခြင်းဖြစ်ပါသည်။

အဆိုပါပုဂ္ဂိုလ်များအတွက် ဤစာတမ်းသည် ကျွန်တော်၏ ကိုယ်တွေ့အမြင်နှင့် သုံးသပ်ချက် အဖြေဖြစ်ပါသည်။
ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်
ကျိုက်ဝိုင်းဘုရားလမ်းတွင် နေထိုင်ခဲ့သော ရန်ကုန်မွေးဇာတိ တိုင်းရင်းသား
ကရင်လူမျိုး ခရစ်ယာန်ဘာသာဝင် ဦးအောင်မြင့် (ခ) Mr. L.Ambrose
အသက် ၆၂-နှစ်ရှိသူအပေါ် ၁၉၄၇-ခုနှစ်၊ လ၀က အက်ဥပဒေ ပုဒ်မ ၁၃(၁)အရ အရေးယူ
ခံရမှုနှင့်ပတ်သက်၍ ကျွန်တော်၏ တပည့် ရှေ့နေ ဦးကျော်ညွန့်က
ဗဟိုတရားရုံးတွင် လိုက်ပါဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံသဖြင့် ၁၉၈၆-ခုနှစ်
ဖေဖော်ဝါရီလတွင် ကျွန်တော် လက်ခံဆောင်ရွက်ခဲ့ပါသည်။

အမှုဖြစ်စဉ်အကျဉ်းချုပ်မှာ ဦးအောင်မြင့်၏သမီး
Mrs. P. Ambrose, 121, Mills Street, Queens Park, W.A.6107 နေသူက
တစ်ကွဲတစ်ပြားစီနေထိုင်ရသည့်အဖြစ်ကို လွမ်းဆွတ်လှသဖြင့် မိဘများကို
တွေ့လိုကြောင်း ၁၉၈၂-ခုနှစ်ခန့်ကစ၍ အကြိမ်ကြိမ် မှာကြားဖိတ်ခေါ်သည်ကို
သွားရောက်ရန်အတွက် မိဘများကလည်း သမီးထံ သွားရောက်နိုင်ရေး အကြိမ်ကြိမ်
မဆလအစိုးရလက်အောက်ခံ ပြည်ထဲရေးဌာနတွင် Passport နှင့် Visa များရရှိအောင်
ကြိုးစားခဲ့သော်လည်း မရရှိခဲ့ပါ။ ပွဲစားများ၏ အကြံပေးချက်အရ Passport မယူပဲ
Certificate of Identity (C of I) ကို ယူ၍ နိုင်ငံခြားထွက်လို့ရကြောင်း (C
of I) မှာ အလွယ်တကူ ရယူနိုင်ကြောင်းပြောသည်ကို ယုံကြည်ပြီး
ဦးအောင်မြင့်သည် ပြည်ထဲရေးဌာနမှ (C of I) ကို လျှောက်ထားရယူခဲ့ပါသည်။
ပြည်ထဲရေးဌာနမှ ၃.၆.၁၉၈၅ ရက်နေ့တွင် (C of I)
လက်မှတ်အမှတ် ၁၁၇၄ ကို ဦးအောင်မြင့်အား ထုတ်ပေးခဲ့ပြီး အဆိုပါလက်မှတ်သည်
မြန်မာနိုင်ငံအတွင်း ၂.၆.၈၆ နေ့အထိ အတည်ဖြစ်သည်ဟု လည်းကောင်း၊
ဦးအောင်မြင့်သည် ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်မှ
အပြီးအပိုင်ထွက်ခွာသွားပြီး ၃-လအကြာတွင် ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ
မြန်မာနိုင်ငံသား အဖြစ်မှ ရပ်စဲပြီးဖြစ်ပါသည်ဟုလည်းကောင်း
အဆိုပါလက်မှတ်တွင် ဖော်ပြထားပါသည်။ (အဆိုပါ C of I ကို ပူးတွဲ-၁ အဖြစ်
ဖော်ပြထားပါသည်။)

ဦးအောင်မြင့်သည် သံရုံးမှ တယ်လီဖုန်းဖြင့်
အကြောင်းပြန်ကြားချက် ရလျှင်ရချင်း မြန်မာနိုင်ငံရှိ နှလုံးရောဂါသည်
ဇနီးသည်ထံ အမြန်ပြန်နိုင်ရေး ကြိုးစား ဆောင်ရွက်ခဲ့ရာ ၂၄.၄.၈၅ ရက်နေ့တွင်
မင်္ဂလာဒုံလေဆိပ်သို့ ထိုင်းလေကြောင်းဖြင့် ခရီးစဉ်အမှတ် TG-305 နှင့် ညနေ
၎-နာရီအချိန် ဘန်ကောက်မြို့မှတဆင့် ပြန်လည်ဝင်ရောက်ခဲ့ပါသည်။ လေဆိပ်တွင်
လ၀ကဌာနမှ လူဝင်မှုကြီးကြပ်ရေး လတ်တလောဥပဒေပုဒ်မ ၃(၁) ၁၃(၁)အရ
ဦးအောင်မြင့်အား ဖမ်းဆီးတရားစွဲဆိုမှု ပြုခဲ့ပါသည်။ လ၀ကဌာနမှ
ဦးအောင်မြင့်သည် နိုင်ငံသားဥပဒေပုဒ်မ-၁၆ နိုင်ငံသားလုပ်ထုံးလုပ်နည်း
ဥပဒေပုဒ်မ-၂၇တို့အရ မြန်မာနိုင်ငံသား အဖြစ်မှ ရပ်စဲခဲ့ပြီဖြစ်၍
မြန်မာနိုင်ငံအတွင်း သက်ဆိုင်ရာအာဏာပိုင်၏ ခွင့်ပြုချက်မပါရှိပဲ
ဝင်ရောက်ခွင့်မရှိသဖြင့် ယခုကဲ့သို့ အရေးယူခြင်းဖြစ်ကြောင်း လ၀က
ဦးစီးမှူးက တရားရုံးတွင် ထွက်ဆိုသွားပါသည်။
အဆိုပါအမှုတွင် ဦးအောင်မြင့်၏ မူလ
မင်္ဂလာဒုံမြို့နယ် ပြစ်မှုကြီးအမှုအမှတ် (၁၇၃၂/၈၅) တရားရုံးရှေ့နေ
ဦးကျော်ညွန့်က လိုက်ပါ ဆောင်ရွက်ခဲ့ပြီး ဦးအောင်မြင့်လက်ဝယ်ရှိ (C of I)
သက်တမ်းမှာ
ကုန်ဆုံးခြင်းမရှိသေး၍ မြန်မာနိုင်ငံသားအဖြစ် တရားဝင် တည်ရှိဆဲဖြစ်ကြောင်း
သြစတြေးလျရှိ မြန်မာနိုင်ငံ သံရုံးမှ ဦးအောင်မြင့်ထံ တရားဝင်
ပြန်ကြားကြရန်လည်း ဦးအောင်မြင့်သည် မြန်မာနိုင်ငံသားဖြစ်
ပြန်ခွင့်ရှိကြောင်း ဖော်ပြပါရှိသဖြင့် ဦးအောင်မြင့်
မြန်မာနိုင်ငံသို့ပြန်လာခြင်းသည် ဥပဒေနှင့်အညီဖြစ်၍ အပြစ်မရှိကြောင်း၊
ခုခံချေပ ဖြေရှင်းခဲ့ပါသည်။

မင်္ဂလာဒုံတရားရုံးမှ ဦးအောင်မြင့်အပေါ် လ၀က
(အရေးပေါ်ပြဌာန်းချက်) အက်ဥပဒေပုဒ်မ-၁၃(၁)အရ ငွေဒဏ် ၂၀၀ ထမ်းဆောင်စေ၊
မဆောင်က ထောင်ဒဏ် ၆-လ ကျစေဟု အမိန့်ချခဲ့ပါသည်။ တိုင်းတရားရုံးကလည်း
အောက်ရုံးအမိန့်ကိုပင် ထပ်ဆင့်အတည်ပြုပါသည်။ ယင်းအမှု
ဗဟိုတရားရုံးတက်ရောက်ရန် အောက်ရုံးရှေ့နေ ဦးကျော်ညွန့် လွှဲအပ်သဖြင့်
ကျွန်တော်သည် ဦးအောင်မြင့်အမှုကို ဗဟိုတရားရုံးအတွက်
လိုက်ပါဆောင်ရွက်ခွင့်ရခဲ့ခြင်းဖြစ်ပါသည်။ ကျွန်တော်က အမှုသည် ဦးအောင်မြင့်
ယခုဘယ်မှာလဲဟုမေးမြန်းရာ ဦးအောင်မြင့်၏ မိတ်ဆွေများက မြို့နယ်တရားရုံးက
စွဲဆိုသောအမှု၏ ဒဏ်ငွေ ၂၀၀ ကို ဦးအောင်မြင့်က ချက်ချင်းပေးဆောင်ခဲ့သော်လည်း
လ၀ကမှ ဦးအောင်မြင့်သည် ယခု မြန်မာနိုင်ငံသားမဟုတ်တော့ကြောင်း
မည်သည့်နိုင်ငံသားဟုလည်း သတ်မှတ်ရန်မဖြစ်နိုင်ပဲ
နိုင်ငံမဲ့ဖြစ်သွားပြီဖြစ်၍ အင်းစိန်ထောင်အတွင်း ထည့်ထားရမည်ဖြစ်ကြောင်း
ပြောဆိုပြီး အင်းစိန်ထောင်သို့ခေါ်သွားပြီဖြစ်ကြောင်း ပြောပါသည်။
၁-လနှင့် ၂၅-ရက်အတွင်း မွေးရာပါ
မြန်မာနိုင်ငံသား ကရင်တိုင်းရင်းသား၊ ရန်ကုန်ဇာတိဖွား ပုဂ္ဂိုလ်တစ်ယောက်
နိုင်ငံမဲ့ဖြစ်သွားစေသည့် ၁၉၈၂-ခုနှစ် မြန်မာနိုင်ငံသားဥပဒေ
နိုင်ငံသားလုပ်ထုံးလုပ်နည်း ဥပဒေ၏ အစွမ်းကို အထူးပင် တုန်လှုပ်သွားပါသည်။
ထို့ကြောင့် ၁၉၈၂-ခုနှစ် မြန်မာနိုင်ငံသား ဥပဒေကိုလည်း အပြန်ပြန်အလှန်လှန်
လေ့လာဖြစ်ခဲ့ပါသည်။ နိုင်ငံသားလုပ်ထုံးလုပ်နည်းဥပဒေကို လေ့လာလိုသဖြင့်
ရှာဖွေရာ ၁၉၈၆-ခုနှစ်ဝန်းကျင်က ရန်ကုန်တိုင်းအတွင်း လ၀ကမြို့နယ်
ဦးစီးမှုအဆင့်ပင်တွင် စုံစမ်းမရခဲ့ပါ။ ရန်ကုန်မြို့ ကမ်းနားလမ်း
၆-ထပ်လုံးရှိ လ၀က တိုင်းအဆင့် ပုဂ္ဂိုလ်တစ်ဦးထံတွင် ရှားရှားပါးပါး
လုပ်ထုံးလုပ်နည်း ဥပဒေပုဒ်မ-၂၇ ကို ကူးယူမှတ်သားခွင့်ရခဲ့ပါသည်။
စာအုပ်တစ်အုပ်လုံး ဖတ်ရှုခွင့်မရပါ။ ထို့ကြောင့် အဆိုပါရှားပါးလှသော
လုပ်ထုံးလုပ်နည်းစာအုပ်ကို ဖတ်ရှုလိုသဖြင့် ကြိုးစားလုပ်ဆောင်ရင်း
ကံအားလျော်စွာ ထိုစဉ်က ၀န်ကြီးချုပ်ရုံးနှင့်သက်ဆိုင်သော ဌာနတစ်ခုမှ
ညွှန်မှူးတစ်ယောက် ကူညီသောကြောင့် ထိုစာအုပ်တစ်အုပ်ကို ရရှိခဲ့ပါသည်။
နိုင်ငံသား လုပ်ထုံးလုပ်နည်းစာအုပ်ကို ဖတ်ရသဖြင့် ထိုစဉ်က ကျွန်တော်တို့
မြန်မာနိုင်ငံသားများကိုင်ဆောင်ထားသော အမျိုးသား မှတ်ပုံတင်များသည်
အနာဂတ်တွင် နိုင်ငံသားစိစစ်ရေးကတ်များကို ပြောင်းလဲ
ကိုင်ဆောင်ရမည်ဖြစ်ကြောင်း၊ နိုင်ငံသားစိစစ်ရေးကာလ လွန်မြောက်ပြီးမှ
နိုင်ငံသားစာအုပ်ကို ပြောင်းလဲကိုင်ဆောင်ရမည်ဖြစ်ကြောင်း နမူနာကတ်နှင့်
စာအုပ်ကိုပါ လုပ်ထုံးလုပ်နည်းစာအုပ်တွင် ပူးတွဲပါရှိသည်ကို တွေ့မြင်ဖတ်ရှု
သိရှိခဲ့ရပါသည်။

ကျွန်တော်သည် ၁၉၈၂-ခုနှစ်
နိုင်ငံသားဥပဒေနှင့် အထက်ပါဥပဒေပြဋ္ဌာန်းပြီး တစ်နှစ်ခန့်အကြာ ၂၀.၉.၈၃
နေ့စွဲပါ ၀န်ကြီးအဖွဲ့ အမိန့်ကြော်ငြာစာအမှတ် (၁၃/၈၃)ဖြင့် ထုတ်ပြန်ခဲ့သော
မြန်မာနိုင်ငံသားဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်း ဥပဒေများကို
လေ့လာခဲ့ပြီးနောက် ဗဟို တရားရုံးသို့ ဦးအောင်မြင့်ကိုယ်စား
ပြစ်မှုပြင်ဆင်မှုအတွက် (၁၀၄(ခ)/၁၉၈၆)ကို ၂၄.၂.၈၆ နေ့တွင်
တင်သွင်းမှုပြုခဲ့ပါသည်။ အမှုတင်သွင်းသည့်အခါ အမှုတွဲစိစစ်လက်ခံသူ
တရားရေးအရာရှိနှင့် ပြဿနာပေါ်ပါသည်။ ကျွန်တော်က လျှောက်ထားသူအမှုသည်
ဦးအောင်မြင့်၏အမည်အောက်တွင် (နိုင်ငံမဲ့အကျဉ်းသား အင်းစိန်ထောင်)ဟု
ဖော်ပြထားချက်ကို တရားရေးအရာရှိက အထူးအဆန်းဖြစ်နေသဖြင့် အမှုတွဲတွင်
ခပ်ကြောင်ကြောင် အရေးအသားများရေးသည်ကို တရားသူကြီးများက မကြိုက်ကြောင်း
(နိုင်ငံမဲ့အကျဉ်းသား)ဟူသောအသုံးအနှုန်းကို ပြင်ဆင်ရေးသားရန်
တောင်းဆိုပါသည်။ ကျွန်တော်က မိမိအမှုသည် ဦးအောင်မြင့် အကျဉ်းထောင်ထဲ
ရောက်နေခြင်းမှာ ယခုပြင်ဆင်မှုတင်သွင်းသော အမှုကြောင့်
ရောက်နေခြင်းမဟုတ်ကြောင်း ယခုပြင်ဆင်မှုနှင့်ပတ်သက်၍ ပြစ်ဒဏ်ချမှတ်သော
ဒဏ်ငွေ ၂၀၀ ကို ပေးဆောင်ပြီးဖြစ်ကြောင်း၊ အဆိုပါ ဒဏ်ငွေပေးဆောင်ရသော အမှု၏
နောက်ဆက်တွဲအကျိုးဆက်ကြောင့် နိုင်ငံမဲ့သူဖြစ်၍ အင်းစိန်ထောင်အတွင်း
ရောက်ရှိနေထိုင် ရသူဖြစ်သဖြင့် နိုင်ငံမဲ့အကျဉ်းသား အသုံးအနှုန်းကို
မပြင်နိုင်ကြောင်း ဤအသုံးအနှုန်းကြောင့် ဖြစ်ပေါ်လာမည့် အကျိုးဆက်ကို
မိမိလက်ခံမည်ဖြစ်ကြောင်း ကျွန်တော်က ပြန်လည်ရှင်းလင်းခဲ့ရပါသည်။
အထက်ပါအတိုင်း ပြဿနာရှိသော အမှုဖြစ်သဖြင့်
ဤအမှုနှင့်ပတ်သက်၍ ကျွန်တော့်ဘက်က လစ်ဟင်းမှုမရှိအောင် အထူးဂရုစိုက်ပြီး
လက်ခံသင့် မခံသင့် လျှောက်လဲချက်ကိုလည်း ပြင်ဆင်ထားခဲ့ပါသည်။
ပြင်ဆင်မှုလျှောက်လွှာတွင် “(၁၉၈၂-ခုနှစ် နိုင်ငံသားဥပဒေနှင့်ပတ်သက်သော
အဓိကအားနည်းချက်အဖြစ် ဤဥပဒေကို ၁၉၈၂-ခုနှစ်တွင် ပြည်သူ့ လွှတ်တော်မှ
ပြဌာန်းခဲ့စဉ်ကပင် အာဏာတည်ရမယ့်နေ့ရက် ဖော်ပြပါရှိခြင်းမရှိသောကြောင့်
ယင်းဥပဒေသည် ယနေ့တိုင် တရားဝင် အကျိုးသက်ရောက်အာဏာတည်ခြင်း ရှိ/မရှိ
ဒွိဟဖြစ်စရာအခြေအနေ ပေါ်ပေါက်နေပါကြောင်း) မြန်မာနိုင်ငံသားဥပဒေဆိုင်ရာ
လုပ်ထုံးလုပ်နည်းများမှာလည်း ၀န်ကြီးအဖွဲ့က လွှတ်တော်မှ ဥပဒေပြဋ္ဌာန်းပြီး
တစ်နှစ်ခန့်အကြာ (၂၀.၉.၈၃-နေ့တွင်) အမိန့်ကြော်ငြာစာအမှတ် (၁၃/၈၃)ဖြင့်
နောက်ကျထုတ်ပြန်ခဲ့ခြင်း ဖြစ်သဖြင့် ဥပဒေကိုလိုက်နာမည့် ပြည်သူများသာမက
ယင်းဥပဒေကို အကောင်အထည်ဖော်ရသည့် ဌာနများတွင်ပင် အခက်အခဲများစွာ
ရှိနေပါကြောင်း” နိုင်ငံသားလုပ်ထုံးလုပ်နည်း ဥပဒေအရ တာဝန်လွှဲခြင်းခံရသော
သြစတြေးလျနိုင်ငံရှိ မြန်မာနိုင်ငံ ကိုယ်စားပြု မြန်မာသံရုံးတာဝန်ရှိ
သံအရာရှိများက ဦးအောင်မြင့်၏ရည်မှန်းချက်အရ မြန်မာနိုင်ငံသားအဖြစ်
ရှိနေဆဲဖြစ်ပါကြောင်း မြန်မာနိုင်ငံသို့ တရားဝင် ပြန်နိုင်ကြောင်း
အဆုံးအဖြတ်ပေးခဲ့သော်လည်း မြန်မာနိုင်ငံ မင်္ဂလာဒုံမြို့နယ်မှ လ၀က
အရာရှိများကမူ ဦးအောင်မြင့်သည် မြန်မာနိုင်ငံသားမဟုတ်တော့သဖြင့်
မြန်မာနိုင်ငံသို့ ခွင့်ပြုချက်မရှိပဲ ပြန်လာခွင့်မရှိကြောင်း ယခုအခါ
ကမ္ဘာပေါ်တွင် နိုင်ငံမရှိသော လူသားတစ်ဦးသာဖြစ်ကြောင်း ထို့ကြောင့်
အင်းစိန်ထောင်ထဲတွင်သာ ထည့်ထားရမည့် လူသားတစ်ဦးဖြစ်ကြောင်း
ဆန့်ကျင်ကွဲလွဲစွာ အဆုံးအဖြတ်ပေးခဲ့ကြခြင်းက ထင်ရှားသော
သာဓကတစ်ရပ်ဖြစ်နေပါကြောင်း၊ ထို့အပြင် ဦးအောင်မြင့်အား ထုတ်ပေးခဲ့သော (C
of I) သက်သေခံမှုလက်မှတ်တွင် ပြဋ္ဌာန်းပါရှိသော စည်းကမ်းချက်များသည် လ၀က
လတ်တလော အက်ဥပဒေပုဒ်မ-၄(၂)အရ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းသို့
ဝင်ခွင့်ပြုထားသော သို့မဟုတ် နေထိုင်ခွင့်ပြုထားသော စည်းကမ်းချက်များအဖြစ်
မှတ်ယူရမည်ဟူသော ပြဌာန်းချက်ကြောင့် သတ်မှတ်ကာလ ၃-လအတွင်း
မြန်မာနိုင်ငံသို့ မြန်မာနိုင်ငံသားတစ်ဦးအဖြစ် တရားဝင်
ပြန်လာခြင်းဖြစ်ပါကြောင်း တင်ပြလျှောက်ထားခဲ့ပါသည်။ ကျွန်တော့်အနေဖြင့်
အထက်ဖော်ပြပါ ပြင်ဆင်မှုလျှောက်လွှာပါ ဥပဒေအချက်အလက်များနှင့် ဆက်စပ်၍
လျှောက်လဲချက်ပေးရန် ထပ်ဆင့်ပြင်ဆင်ခဲ့ရာတွင်
(၁) မြန်မာနိုင်ငံသားဥပဒေ (၁၉၈၂-ခုနှစ်
ပြည်သူ့လွှတ်တော်ဥပဒေ အမှတ်-၄)တွင် ဥပဒေအာဏာတည်သည့်နေ့
သတ်မှတ်ပြဌာန်းထားခြင်းမရှိသော်လည်း ယင်းဥပဒေ ပုဒ်မ-၆၊ ၃၈၊ ၃၄၊ ၄၅၊ ၅၂၊ ၆၁၊
၇၂ တို့တွင် ဤဥပဒေအာဏာတည်သည့်နေ့အပေါ် တည်မှီ၍ လုပ်ဆောင်ခွင့်ရှိသည့်
အချက်များကို ကန့်သတ်မှုတွေ့ရသဖြင့် ဤဥပဒေ အာဏာတည်သည့်နေ့သည် အလွန်အရေးကြီး
အဓိကကျနေပါကြောင်း၊
(၂) မြန်မာနိုင်ငံသားဥပဒေပုဒ်မ (၇၅)တွင်
ဝန်ကြီးအဖွဲ့သည် လိုအပ်သော လုပ်ထုံးလုပ်နည်းများကို နိုင်ငံတော်ကောင်စီ၏
သဘောတူညီချက်ဖြင့် ထုတ်ပြန်ရမည်ဟု လွှတ်တော်က လုပ်ကိုင်အပ်နှင်းထားသော်လည်း
မူလ “မြန်မာနိုင်ငံသားဥပဒေ အာဏာမတည်သရွေ့ ကာလပတ်လုံး ၁၉၇၃-ခုနှစ်
စကားရပ်များအနက် အဓိပ္ပါယ်ဖွင့်ဆိုရေး (တော်လှန်ရေးကောင်စီဥပဒေ အမှတ် -၂၂)
အခန်း-၅ “အာဏာမတည်သေးသော ဥပဒေနှင့်စပ်လျဉ်းသည့် လုပ်ပိုင်ခွင့်များ”ကဏ္ဍ
ပုဒ်မ-၁၇(ဂ)တွင် “ယင်းသို့ ထုတ်ပြန်သော နည်းဥပဒေ၊ စည်းမျဉ်းဥပဒေ၊
စည်းကမ်းဥပဒေ သို့မဟုတ် အမိန့်သည် ယင်းဥပဒေ စတင် အာဏာမတည်သေးသမျှ
ကာလပတ်လုံး အကျိုးသက်ရောက်မှု မရှိစေရ”ဟူသော အဓိပ္ပါယ်ဖွင့်ဆိုချက်အရ
မြန်မာနိုင်ငံသားဥပဒေပုဒ်မ-၁၆၊ လုပ်ထုံးလုပ်နည်း ဥပဒေပုဒ်မ-၂၇အရ
ဦးအောင်မြင့်သည် မြန်မာနိုင်ငံသားအဖြစ်မှ ရပ်စဲခဲ့ပြီဟု မင်္ဂလာဒုံမြို့နယ်
လ.၀.က မှဆုံးဖြတ်၍ အင်းစိန် အကျဉ်းထောင်အတွင်း ထည့်သွင်းထားခြင်းသည်
မြန်မာနိုင်ငံအတွင်း အာဏာမတည်သေးသော ဥပဒေလုပ်ထုံးလုပ်နည်း
လုပ်ပိုင်ခွင့်ကို အလွဲသုံးရာရောက်ပါကြောင်း၊
(၃) ယခုအမှုတွင် အရေးကြီးသော ပြဿနာအဖြစ်
တင်ပြလိုသောအချက်မှာ ၁၉၈၂-ခုနှစ် နိုင်ငံသားဥပဒေတွင်
ဥပဒေအာဏာတည်သည့်နေ့ကို လွှတ်တော်က အတည်ပြုပြဋ္ဌာန်းပေးခြင်းမရှိဘဲ
ချန်လှပ်ထားမှုပင်ဖြစ်ပါသည်။ မ.ဆ.လအစိုးရလွှတ်တော်က ပြဋ္ဌာန်းထားသော
မူလဥပဒေများစွာတွင် အာဏာတည်သည့်နေ့ရက်များပါရှိပါလျက်
ယခုကဲ့သို့အရေးကြီးလှသော နိုင်ငံသားဥပဒေတွင် ပြဋ္ဌာန်းဖော်ပြရန် ပျက်ကွက်
နေပါကြောင်း၊ ယင်းဥပဒေပုဒ်မ-၇၅ တွင် နိုင်ငံသားဥပဒေပြဌာန်းချက်ကို
အကောင်အထည်ဖော်ဆောင်ရွက်ရန် ၀န်ကြီးအဖွဲ့အား လုပ်ထုံး လုပ်နည်းများရေးဆွဲ၍
နိုင်ငံတော်ကောင်စီ သဘောတူညီချက်ဖြင့် ထုတ်ပြန်ရမည်ဟု ဖော်ပြထားပါကြောင်း၊
“၀န်ကြီးအဖွဲ့က ရေးဆွဲသော လုပ်ထုံးလုပ်နည်းဥပဒေ၏ ပုဒ်မ-၇ နှင့် ၈ တွင်
မြန်မာနိုင်ငံသားဥပဒေတည်သည့်နေ့သည် ၁၉၈၂-ခုနှစ် အောက်တိုဘာလ(၁၅)ရက်ဟု
ဖော်ပြပါရှိသည်ကို တွေ့ရပါကြောင်း၊ ၀န်ကြီးအဖွဲ့သည် လွှတ်တော်က
ဥပဒေပြဌာန်းသည့်ရက်ကိုပင် ဥပဒေအာဏာတည်သည့်ရက်ဟု မိမိသဘောဖြင့်
အဓိပ္ပါယ်ဖွင့်ဆိုနေသည်ဟု ယူဆပါကြောင်း၊ အမှန်မှာ ဥပဒေပြဋ္ဌာန်းလိုက်ယုံဖြင့်
ယင်းဥပဒေသည် အာဏာသက်ဝင်ခြင်း မရှိကြောင်း၊ အာဏာတည်သည့်နေ့ရက် (၀ါ) ဥပဒေ၏
အကျိုးသက်ရောက်စေ၇မည့် နေ့ရက်ကို ဥပဒေရေးဆွဲသူ လွှတ်တော်ကသာ ပြဋ္ဌာန်းပေးမှ
တရားဝင်ပါကြောင်း၊
စကားရပ်များ အဓိပ္ပါယ်ဖွင့်ဆိုသည့် ဥပဒေ အခန်း
(၅) ပုဒ်မ-၁၇ပါ ပြဌာန်းချက်များအရ ဥပဒေတစ်ရပ် ပြဌာန်းချက်များအရ
ဥပဒေတစ်ရပ် ပြဌာန်းထုတ်ပြန်ပြီး ဖြစ်သော်လည်း ယင်းဥပဒေသည်
ချက်ချင်းအာဏာတည်သော ဥပဒေ၊ ချက်ချင်း အာဏာမတည်သော ဥပဒေများဟု ရှိပါကြောင်း။
ယခု နိုင်ငံသား ဥပဒေတွင် “ချက်ချင်း အာဏာတည်စေရမည်” ဟူသော
စကားရပ်မပါရှိသလို မည်သည့်အချိန်တွင် အာဏာတည်ရမည်ဟု သတ်မှတ်ဖော်ပြချက်လည်း
မပါရှိပါကြောင်း၊ ယင်းအခြေအနေတွင် ၀န်ကြီးအဖွဲ့က (၁၅.၁၀.၈၂)နေ့မှစ၍
နိုင်ငံသား ဥပဒေသည် အာဏာသက်ဝင်သည်ဟု (၂၀.၉.၈၃) ရက်စွဲပါ စာအမှတ်
၃/၆၂(အထူး)၀ဖ ၈၃(၂)ဖြင့် နိုင်ငံသားဆိုင်ရာ လုပ်ထုံးလုပ်နည်းများ
စာအုပ်တွင် ၀န်ကြီးအဖွဲ့ အတွင်းရေးမှူး ဦးကျော်တင့်က လက်မှတ်ရေးထိုး
ဖော်ပြထားခြင်းမှာ ဥပဒေပြု လွှတ်တော်၏ လုပ်ပိုင်ခွင့် အာဏာကို
ဝန်ကြီးအဖွဲ့ကျူးကျော် လုပ်ဆောင်ရာ ရောက်နေပါကြောင်း။
၁၉၇၄-ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ (၄၄)အရ
ဥပဒေပြုမှု အာဏာသည် ပြည်သူ့လွှတ်တော်မှာသာရှိပြီး ၀န်ကြီးအဖွဲ့မှာ အခြေခံ
ဥပဒေပုဒ်မ-၈၃၊ ၈၄အရ လွှတ်တော်ကို
တာဝန်ခံရသည့် ပြည်သူ့ရေးရာ စီမံခန့်ခွဲရေး အဖွဲ့သာ ဖြစ်ပါကြောင်း၊
(၁၉၇၃-ခုနှစ် စကားရပ်များ အနက်အဓိပ္ပါယ် ဖွင့်ဆိုရေး ဥပဒေသည်
မြန်မာနိုင်ငံတွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေမရှိဘဲ တော်လှန်ရေး ကောင်စီ
ဥက္ကဌတစ်ဦးတည်းက အချုပ်အချာအာဏာ (၃)ရပ်ကို ကိုင်စွဲအုပ်ချုပ်သော ကာလအတွက်
အဓိက ရည်စူးရေးဆွဲထားခဲ့ခြင်း ဖြစ်ကြောင်း၊ ၁၉၇၄-ဖွဲ့စည်းပုံ အခြေခံဥပဒေ
ပေါ်ပေါက်လာချိန်တွင် ဥပဒေပြုမှုအာဏာ၊ ဥပဒေအာဏာ သက်ဝင်ရမည့် ကာလကို
ပြည်သူ့လွှတ်တော်ကသာ သတ်မှတ်ခွင့် ရှိပါသဖြင့် အခြားပုဂ္ဂိုလ်
အဖွဲ့အစည်းများတွင် မရှိနိုင်သည်ကို သတိပြုသင့်ပါကြောင်း။)

စကားရပ်များအနက် အဓိပ္ပါယ်ဖွင့်ဆိုသည့်
ဥပဒေပုဒ်မ-၁၇(ဂ)အရ မူလရေးဆွဲ ပြန်ဌာန်းထားသော ဥပဒေအာဏာ မတည်သေးသမျှ
ကာလပတ်လုံး ကြိုတင် ထုတ်ပြန်ထားသော နည်းဥပဒေ၊ စည်းမျဉ်းဥပဒေ၊ စည်းကမ်းဥပဒေ
(သို့မဟုတ်) အမိန့်သည် အကျိုးသက်ရောက်မှု မရှိစေရဟု ပြဌာန်းထားမှုအရ
ဝန်ကြီးအဖွဲ့၏ နိုင်ငံသား လုပ်ထုံး လုပ်နည်းအမိန့် ကြော်ငြာစာအမှတ်
(၁၃/၈၃)သည် မျက်မှောက်ကာလ၌ အကျိုးသက်ရောက်သော၊ ယနေ့တရားဝင် အကောင်အထည်ဖော်
ဆောင်ရွက်ခွင့်ရှိသော အမိန့်ဟုတ်မဟုတ် ဗဟိုတရားရုံးတော်မှ အလေးထား
ဆုံးဖြတ်ပေးပါရန် အရေးကြီးလှပါကြောင်း။
အလားတူပင် ၁၉၈၂-ခုနှစ် မြန်မာနိုင်ငံသား
ဥပဒေအရ ရုတ်သိမ်းသော ဥပဒေမှာ ၁၉၄၈-ခုနှစ် ပြည်ထောင်စု
မြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ(၂)ရပ်သာ ဖြစ်ပါသည်။ ဦးအောင်မြင့်အား (C of
I) တရားဝင် ထုတ်ပေးခဲ့သော ၁၉၄၇-လ၀က (လတ်တလောပြဌာန်းချက်များ) အက်ဥပဒေ
အပါအ၀င် အခြားဥပဒေ ပြဌာန်းချက်များမှာ တရားဝင် တည်ဆဲ ဥပဒေများအဖြစ်
တည်ရှိဆဲ ဖြစ်ပါသည်။
မိမိအသစ် ပြဌာန်းထားသော ဥပဒေနှင့်
ဆန့်ကျင်သော ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ၊ အမိန့်များကို
ဥပဒေပြုစဉ်ကပင် ပြင်ရန်လိုပါသည်။ ယခု အသစ်ပြဌာန်းထားသာ ၁၉၈၂-ခုနှစ်
မြန်မာနိုင်ငံသား ဥပဒေ ပုဒ်မ-၁၆သည် လ၀က လတ်တလော ဥပဒေပုဒ်မ(၂)ဆနှင့်
ပုဒ်မ(၃)နှင့်လည်းကောင်း ဆက်စပ် ထုတ်ပေးသော (C of I) ပေါ်ရှိ စည်းကမ်းများ
အပါအ၀င် အခြား လူဝင်မှု စည်းကမ်းများကို မပြင်ဆင်ဘဲ အုပ်ချုပ်ရေး အာဏာပိုင်
ကိုယ်လိုရာဆွဲ အရေးယူမှု ပြုနေလျှင် မြန်မာနိုင်ငံအတွင်း မလိုလားအပ်သော
နိုင်ငံသား ပြဿနာများ ပေါ်ပေါက်လာနိုင်ပါကြောင်း။ ဦးအောင်မြင့်နှင့်
ပတ်သက်၍ မြန်မာနိုင်ငံသားမဟုတ်ဟု သတ်မှတ်လိုသော
ဆန္ဒပြင်းပြနေကြသည်ဆိုလျှင်လည်း လ၀က (လတ်တလော) ပုဒ်မ-၄(၂) အရ
မြန်မာနိုင်ငံတော် သမ္မတ (နိုင်ငံတော်ကောင်စီဥက္ကဌ)က မြန်မာနိုင်ငံမှ
နှင်ထုတ်နိုင်ပါကြောင်း၊ ယခုမူ ဦးအောင်မြင့်အား နိုင်ငံမဲ့ဖြစ်၍
အင်းစိန်အကျဉ်းထောင်ထဲမှာ နေရမည်ဟု
အုပ်ချုပ်ရေးအာဏာကိုင်စွဲသူတို့၏လုပ်ရပ်မှာ မည်သည့်ဥပဒေ စံနှုန်းနှင့်မျှ
ထိန်းညှိ၍ မရနိင်သောအခြေအနေဖြစ်၍ ဗဟိုတရားရုံးတော်မှ တည့်မတ်ပေးရန်
အထူးလိုအပ်နေပါကြောင်း၊
(၄) U Aung Myint (a) Mr. LAmbrose. “Cases
to be citizen of the Socialist Republic of the Union of Burma after
three months from the date of depature” and since you departed from buma
on 29th June 1985, and as such as you are still a citizen of Burma, we
are of the opinion that you can still return to Burma within the period
of three months.” ဟု သဘောထား မှတ်ချက်ပေး၍
မြန်မာနိုင်ငံသို့ပြန်နိုင်ကြောင်း လမ်းညွှန်ခဲ့သူပုဂ္ဂိုလ်သည် မြန်မာနိုင်ငံ
ကိုယ်စားပြု ပထမအတွင်းဝန်အဆင့် သံတမန်တစ်ဦးဖြစ်ပါသည်။ ၁၉၆၁-ခုနှစ် ဗီယာနာ
သံတမန်စာချုပ် (1961 Vienna Convention on Diplomatic relations)
ယင်းစာချုပ်အပိုဒ်(၃)အရ ၎င်းသံတမန်သည် မြန်မာနိုင်ငံကိုယ်စားပြု
ပြောဆိုဆောင်ရွက်ရသူဖြစ်ပါသည်။ မိမိနိုင်ငံနှင့် နိုင်ငံသားတို့အကျိုးအတွက်
အကာအကွယ်ပေးရန် မိမိတာဝန်ထမ်းဆောင်ရာ သြစတြေးလျနိုင်ငံတွင်
တာဝန်ရှိသူပုဂ္ဂိုလ်ဖြစ်ပါသည်။ အဆိုပါပုဂ္ဂိုလ်၏လမ်းညွှန်ချက်ကိုပင်
ယုံကြည်စိတ်ချနိုင်သော အခြေအနေမရှိလျှင် နိုင်ငံခြားရောက်
မြန်မာလူမျိုးများအတွက် မိမိသံရုံးကိုပင်
အားကိုးရာမရှိဖြစ်သွားနိုင်ပါကြောင်း။
(၅) ကုလသမဂ္ဂလူ့အခွင့်အရေး ကြော်ငြာစာတမ်း
အပိုဒ်-၁၅ တွင် လူသားတိုင်းသည် မိမိနှင့်သက်ဆိုင်ရာနိုင်ငံ၌
နိုင်ငံသားဖြစ်ခွင့်ကို အသိအမှတ်ပြုထားပါသည်။ အကယ်၍ မြန်မာနိုင်ငံ
လူဝင်မှုကြီးကြပ်ရေးအဖွဲ့ တာဝန်ရှိသူများက မွေးရာပါနိုင်ငံသား တိုင်းရင်းသား
ကရင်လူမျိုး ဦးအောင်မြင့်ကို မြန်မာနိုင်ငံသားအဖြစ် လက်မခံလိုပါက (C of
I) ပါ သက်တမ်းတရားဝင်ကျန်ရှိနေသောကြောင့် မြန်မာနိုင်ငံမှ ပြန်ထွက်သွားရန်၊
ယင်းသို့မထွက်ပဲ ငြင်းဆန်လျှင် နိုင်ငံမဲ့ဖြစ်သွားသော ဦးအောင်မြင့်အား
ထောင်ထဲသို့ ထည့်ထားမည်ဖြစ်ကြောင်း ရှင်းပြခဲ့လျှင် ဦးအောင်မြင့်သည်
မြန်မာနိုင်ငံမှ (C of I) ကိုင်ဆောင်၍ ထွက်သွားချိန်ရပါလျက်
ထွက်သွားခွင့်မပေးဘဲ ချက်ချင်း ထောင်ထဲသို့ ဆွဲသွင်းခဲ့သည့်လုပ်ရပ် သည်
လူသား၏ နိုင်ငံသားဖြစ်ခွင့်ကို တန်ဖိုးမထားပဲ လူသားချင်းမစာနာ
အလွန်ရက်စက်ရာရောက်နေပါကြောင်း၊
(၆) မကြင်မွှေးနှင့်နိုင်ငံတော်
(ပြစ်မှုပြင်ဆင်မှု ၂၅၀(ခ)၁၉၆၈) စီရင်ထုံးကိုထောက်ထား၍ ပြည်သူတို့၏
အန္တရာယ်ကို တရားရုံးမှ စောင့်ရှောက်ကာကွယ်ရန် တာဝန်ဝတ္တရားရှိပုံကို
ထောက်ထား၍ ဦးအောင်မြင့်၏ နိုင်ငံသားအခွင့်အရေး လူ့အခွင့်အရေးများကို
နစ်နာမှုမရှိအောင် ကုစားပေးပါရန်အလို့ငှာ ယခုအမှုကို
လက်ခံစဉ်းစားပေးတော်မူပါဟု လျှောက်လဲချက်ကို ပြင်ဆင်ထားခဲ့ပါသည်။
ဗဟိုတရားရုံး၌ ဦးအောင်မြင့်အမှု လက်ခံသင့်မသင့် လျှောက်လဲချက်ပေးရန်
ချိန်းဆိုသောနေ့တွင် အထက်ပါအတိုင်း မိမိဘက်က လျှောက်လဲချက်ပေးရန်
အသင့်သွားရောက်ခဲ့သော်လည်း တရားရုံး၌ လျှောက်လဲချက်ပေးခွင့်မရခဲ့ပါ။
သက်ဆိုင်ရာတရားရုံးအရာရှိမှ ကျွန်တော် တင်သွင်းခဲ့သော
ဦးအောင်မြင့်အမှုနှင့်ပတ်သက်၍ လက်ခံသင့်မသင့် လျှောက်လဲချက်ပေးရန်
ချိန်းဆိုသောနေ့တွင် အထက်ပါအတိုင်း မိမိဘက်က လျှောက်လဲချက်ပေးရန်
အသင့်သွားရောက်ခဲ့သော်လည်း တရားရုံး၌ လျှောက်လဲချက်ပေးခွင့်မရခဲ့ပါ။
သက်ဆိုင်ရာတရားရုံးအရာရှိမှ ကျွန်တော်တင်သွင်းခဲ့သော
ဦးအောင်မြင့်အမှုနှင့်ပတ်သက်၍ ဗဟိုတရားရုံးမှ လက်ခံကြားနာ ဆုံးဖြတ်နိုင်သော
အခြေအနေမရှိဟု ယူဆပါသောကြောင့် ယင်းအမှုကို အဆုံးအဖြတ်ပေးရန်
နိုင်ငံတော်ကောင်စီသို့ လွှဲအပ်လိုက်ပြီ ဖြစ်ကြောင်း၊ နိုင်ငံတော်ကောင်စီ၏
အဆုံးအဖြတ်ကိုသာ စောင့်ဆိုင်းနာယူပါဟု ကျွန်တော်နှင့် အမှုသည် မိသားစုအား
ရှင်းပြပါသည်။
ဦးအောင်မြင့်၏ မိသားစုဝင်များဘက်မှ
နိုင်ငံတော်ကောင်စီတွင် ဒေါက်တာမောင်မောင်နှင့် အဆက်အသွယ် ရှိသောကြောင့်
နိုင်ငံတော်ကောင်စီနှင့် သက်ဆိုင်သော အမှုကို ၄င်းတို့ကိုယ်တိုင်
ဆောင်ရွက်မည်ပြောသဖြင့် ကျွန်တော်နှင့် အမှုသည် ဦးအောင်မြင့်
ဆွေမျိုးများအကြား ထိုအချိန်မှစ၍ အမှုကိစ္စလုပ်ငန်း တာဝန်ရပ်စဲသွားခဲ့ပါသည်။
(၂)နှစ်ခန့် ကြာသည့်တိုင်အောင်
နိုင်ငံတော်ကောင်စီသည် ဦးအောင်မြင့်အမှုကို အဆုံးအဖြတ် မပေးခဲ့သဖြင်
၁၉၈၈-ခုနှစ်တွင် မဆလ နိုင်ငံတော် ပြိုကွဲသွားသည့်တိုင် ဗဟိုတရားရုံးမှ
စစ်ဆေးစီရင်နိုင်ခြင်း မရှိ၍ နိုင်ငံတော်ကောင်စီသို့ လွှဲပြောင်းတင်ပြထားသော
အမှုလက်ကျန် (၂၀)ကျော်တွင် ဦးအောင်မြင့်အမှုလည်း တစ်မှုအဖြစ် ပါဝင်ခဲ့သည်။
မြန်မာနိုင်ငံသား၊ ကရင်တိုင်းရင်းသား ဦးအောင်မြင့်တစ်ယောက်
နိုင်ငံမဲ့ဘ၀ဖြင့် အင်းစိန်ထောင်အတွင်း (၁၃)နှစ်ကျော် ရောက်ရှိပြီးနောက်
၁၉၉၇-ခုနှစ် အောက်တိုဘာလ (၂၉)ရက်နေ့တွင် ၄င်းအမှုကို လက်ခံသင့် မခံသင့်
လျှောက်လဲချက်ပေးရန် အမှုခေါ်စာရင်း စစ်အစိုးရခေတ် တရားရုံးချုပ်၌
ပေါ်ပေါက်ခဲ့သည်။
ကျွန်တော်အနေဖြင့် နိုင်ငံရေးအရ
၁၉၈၈-ခုနှစ်တွင် ပထမတစ်နှစ် ထိန်းသိမ်းခံရစဉ်ကပင် ရှေ့နေလိုင်စင်
ရုတ်သိမ်းခံထားရပြီးဖြစ်ကြောင်း၊ ဗဟိုတရားရုံးမှ နိုင်ငံတော်ကောင်စီသို့
အမှုလွှဲအပ်စဉ်ကပင် အမှုလိုက်ပါခွင့်တာဝန် ပြီးဆုံသွားပါကြောင်း၊
လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကြေငြာချက် (၄/၈၉)အရ ဦးအောင်မြင့်တစ်ယောက်
လွတ်မြောက်ခဲ့ပြီဟု ယူဆခဲ့ပါကြောင်း ယခုအခါတွင် ၄င်းအတွက်
လိုက်ပါဆောင်ရွက်မည့် ရှေ့နေမရှိသောကြောင့် ၄င်း၏ အခွင့်အရေးများ
မဆုံးရှုံးသင့်ပါကြောင်း ဖြေရှင်းလွှာတစ်စောင်ကို တရားရုံးချုပ်သို့
ကျွန်တော်တင်ပြခဲ့ပါသည်။
ဤစာရေးချိန်အထိ ဦးအောင်မြင့် မိသားစုနှင့်
အဆက်အသွယ်မရှိသဖြင့် ဦးအောင်မြင့် အခြေအနေ မည်သို့ရှိသည်ကို
ကျွန်တော်မသိပါ။ တရားရုံးချုပ်က မည်သို့ ဆုံးဖြတ်သည်ကိုလည်း ယနေ့တိုင်
မသိသေးပါ။ ကျွန်တော်ကိုယ်တိုင် အလွန်သိချင်ပါသည်။ ၁၉၈၂-ခုနှစ် နိုင်ငံသား
ဥပဒေသည် လွှတ်တော်မှ မူလ ရေးဆွဲစဉ်ကပင် ဥပဒေအာဏာသက်ဝင်စေသည့် ကာလသတ်မှတ်ချက်
မပါရှိဘဲ ၀န်ကြီးအဖွဲ့မှ မိမိသဘောဖြင့် ကာလသတ်မှတ်၍ အကောင်အထည် အဖော်မှုသည်
ဥပဒေနှင့် ညီမညီ ကျွန်တော်တင်ပြခဲ့သည်ကို မဆလခေတ် ဗဟိုတရားရုံး
တရားသူကြီးများကလည်း အလေးထား ဆုံးဖြတ်ရမည့် ပြဿနာဟု ယူဆသောကြောင့်သာ
ဦးအောင်မြင့်အမှုကို နိုင်ငံတော်ကောင်စီသို့ လွှဲအပ်ခဲ့ခြင်းဖြစ်သည်ဟု
ကျွန်တော်ယူဆပါသည်။
ဝန်ကြီးအဖွဲ့၏
နိုင်ငံသားလုပ်ထုံးလုပ်နည်းဥပဒေမှာ နိုင်ငံတော်ကောင်စီ၏ သဘောတူညီချက်ဖြင့်
ထုတ်ပြရန်ခြင်း ဖြစ်သဖြင့် ကျွန်တော်တင်ပြသော ဥပဒေပြဿနာတွင်
နိုင်ငံတော်ကောင်စီပါ တာဝန်မကင်းသော အခြေအနေဆိုက်ရောက်သွားပြီဟု ယူဆရပါသည်။
သို့ဖြစ်ပါ၍ ဦးအောင်မြင့်၏အမှုသည် နိုင်ငံတော်ကောင်စီ ပျက်စီးသွားသည့်
၁၉၈၈-ခုနှစ်တိုင်အောင် ၃-နှစ်ခန့် နိုင်ငံတော်ကောင်စီက အဆုံးအဖြတ်မပေးပဲ
ခေါက်သိမ်းထားခြင်းခံရသော အမှုတွဲစာရင်းသို့ ရောက်ရှိ သွားခဲ့ခြင်းဖြစ်သည်ဟု
ယူဆရမည်ဖြစ်ပါသည်။
ဦးအောင်မြင့်အမှုနှင့်ပတ်သက်၍
ကျွန်တော်၏တင်ပြချက်များသည် မဆလခေတ် ဗဟိုတရားရုံးအဆင့်အထိ လက်ခံ
စဉ်းစားပေးခဲ့သော်လည်း ၀န်ကြီးအဖွဲ့နှင့် နိုင်ငံတော်ကောင်စီသည်
မိမိတို့အမှားကို တာဝန်မယူပဲ လူညီလျှင် ဤကိုကျွဲဖတ်လိုက်ကြစို့ဟူသည့်
သဘောဖြင့် နိုင်ငံသားတစ်ဦး နိုင်ငံမဲ့ ဘ၀ရောက်သွားရသည့် နိုင်ငံသားဥပဒေ
လုပ်ထုံးလုပ်နည်းပါ မှားယွင်း အကောင် အထည်ဖော်မှုကို အနည်းငယ်မျှ
ပြင်ဆင်ပေးခြင်း မရှိဘဲ မျက်စိမှိတ်၍ ဇွတ်တိုးခဲ့သည်မှာ နှစ်(၃၀)
ရှိတော့မည်ဖြစ်ပါသည်။
နိုင်ငံသားလုပ်ထုံးလုပ်နည်း ကျွဲခတ်၍ နိုင်ငံသားမည်မျှ နိုင်ငံသားဘ၀ ဆုံးရှုံးခဲ့ပြီကို ကျွန်တော် မမှန်းဆနိုင်တော့ပါ။
ကျွန်တော် လက်လှမ်းမီသမျှ လူဝင်မှု
ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနဆိုင်ရာ အက်ဥပဒေ၊
နည်းဥပဒေများနှင့် ၎င်းဥပဒေပါ အာဏာတည်မှုဆိုင်ရာ ပြဋ္ဌာန်းချက်အချို့ကို
၁၉၈၂-ခုနှစ် မြန်မာနိုင်ငံသားဥပဒေနှင့် ယှဉ်တွဲလေ့လာနိုင်ရန် ရှာဖွေတင်ပြ
ပေးလိုက်ပါသည်။
(၁) The Registration of Forigners Act (နိုင်ငံခြားသားများ မှတ်ပုံတင်ရေး အက်ဥပဒေ) ပုဒ်မ-၁(၂)
This act shall come into force on the 28th March 1940.
ဤအက်ဥပဒေသည် ၁၉၄၀-ခုနှစ် မတ်လ(၂၈)မှစ၍ အာဏာတည်စေရမည်။
(၂) The Registration of Forigeners Rules, 1949 (၁၉၄၈-ခုနှစ် နိုင်ငံခြားသားများ မှတ်ပုံတင်ရေးနည်းဥပဒေ)
They shall come into force on 4th January 1949.
ဤနည်းဥပဒေသည် ၁၉၄၉-ခုနှစ် ဇန်န၀ါရီလ (၄)ရက်နေ့မှစ၍ အာဏာတည်ရမည်။ ပုဒ်မ-၁(၂)
(၃) The Burma Immigation (Emergency Provisions) Act, 1947
(၁၉၄၇-ခုနှစ် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး (လတ်တလောပြဋ္ဌာန်းချက်များမှာ) It shall come into force at once.
ဤအက်ဥပဒေသည် ချက်ချင်းအာဏာတည်စေရမည်။
(၄) ၁၉၄၉-ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း နေထိုင်သူများ၊ မှတ်ပုံတင်ရေးအက်ဥပဒေပုဒ်မ-၁(၂) ဤအက်ဥပဒေသည် နိုင်ငံတော်သမ္မတက အမိန့်ကြေငြာစာထုတ်ပြန်ကြော်ငြာ၍ သတ်မှတ်သည့်နေ့ရက်၌ အာဏာတည်ရမည့်အပြင် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းပါဝင်သော အရပ်ဒေသများကို ပိုင်းခြားပြီး နေ့ရက်များကို ခွဲခြား၍ သတ်မှတ်နိုင်သည်။
(၅) ၁၉၇၂-ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံ သန်းခေါင်စာရင်းဥပဒေပုဒ်မ-၁(၂)
ဤဥပဒေသည် ပြည်ထောင်စုမြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် ချက်ချင်းအာဏာတည်ရမည်။
(၆) UNION CITIZENSHIP (ELECTION) ACT, 1948
၁၉၄၈-ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံသားအဖြစ် (ရွေးချယ်ရေး)အက်ဥပဒေ
(၁၉၄၈-ခုနှစ် အက်ဥပဒေအမှတ်-၂၆) (၈၂ နိုင်ငံသားဥပဒေအရ ပယ်ဖျက်ပြီး)
Wheres it is necessary to make provision ——- under section 11 (iv) of the constitutions.
အထက်ပါ ဥပဒေနိဒါန်းတွင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံပုဒ်မ-၁၁(ဃ) အရ ———— အောက်ပါအတိုင်း အက်ဥပဒေ ပြဋ္ဌာန်းလိုက်သည်ဟု ဖော်ပြထားပါသည်။
(၇) The Union Citizenship Act, 1948
၁၉၄၈-ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ (၈၂ နိုင်ငံသားဥပဒေအရ ပယ်ဖျက်ပြီး) ပုဒ်မ-၁(၂)
It shall extend to the whole of the Burma and shall be deemed to have come info force on the 4th day of January, 1948.
ဤအက်ဥပဒေသည် ပြည်ထောင်စု မြန်မာနိုင်ငံတော်တစ်ဝှမ်းလုံးနှင့်သက်ဆိုင်သည်။ ၁၉၄၈-ခုနှစ် ဇန်န၀ါရီလ(၄)၇က်နေ့ ၁၃၀၉-ခု ပြာသိုလပြည့်ကျော် (၉)ရက်နေ့မှစ၍ အာဏာတည်သည်ဟု မှတ်ယူရမည်။
(၈) မြန်မာနိုင်ငံသားဥပဒေ ၁၉၈၂-ခုနှစ် ပြည်သူ့လွှတ်တော် ဥပဒေအမှတ်(၄)

ဤဥပဒေတွင် မြန်မာ နိုင်ငံ၏ မည်သည့်ဒေသတွင် မည်သည့်အချိန်ကစ၍ အာဏာတည်ရမည်ဟု ဖော်ပြပါရှိခြင်း အလျင်းမရှိပါ။ သို့သော်လည်း -
ဤဥပဒေ၏
ပုဒ်မ-၆ တွင် ဤဥပဒေ အာဏာတည်သည့်နေ့တွင် —–
ပုဒ်မ-၃၈ တွင် ဤဥပဒေ အာဏာတည်သည့်နေ့မှစ၍ —–
ပုဒ်မ-၄၃ တွင် ဤဥပဒေ အာဏာတည်သည့်နေ့မှစ၍ —–
ပုဒ်မ-၄၅ တွင် ဤဥပဒေ အာဏာတည်သည့်နေ့မှစ၍ —–
ပုဒ်မ-၅၂ တွင် ဤဥပဒေ အာဏာတည်သည့်နေ့မတိုင်မီ —–
ပုဒ်မ-၆၁ တွင် ဤဥပဒေ အာဏာတည်သည့်နေ့မှစ၍ —–
ပုဒ်မ – ၇၂ တွင် ဤဥပဒေ အာဏာတည်သည့်နေ့မှစ၍ —– ဟု ဥပဒေအာဏာတည်မှုပြဿနာကို ပုဒ်မ-၇ တွင် (၇)ကြိမ် ဖော်ပြထားပါသည်။ ဥပဒေအာဏာတည်မှုပြဿနာသည် ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေတွင် မည်ရွေ့မည်မျှ အရေးပါခြင်း ရှိ-မရှိ စဉ်းစားကြပါ။

မူရင်းဥပဒေအာဏာ မတည်သေးသမျှ ယင်းဥပဒေအပေါ်
တည်မှီထုတ်ပြန်ရသော နည်းဥပဒေ၊ စည်းမျဉ်းဥပဒေ သို့မဟုတ် အမိန့်သည်
အကျိုးသက်ရောက်မှု မရှိစေရဟု ၂၀၀၈-ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ-၁၇ ပါ
ပြဋ္ဌာန်းချက်များကို အလေးထားသုံးသပ်ကြပါ။
နိုင်ငံသားလုပ်ထုံးလုပ်နည်းများကို
လမ်းညွှန်မည့် နိုင်ငံသား ဥပဒေပုဒ်မ-၇၅ ရှိ
နိုင်ငံတော်ကောင်စီစကားရပ်၏နေရာတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ မည်သူက
တာဝန်ယူရမည်ကိုလည်း စဉ်းစားဆုံးဖြတ်ကြပါ။ အထက်ပါ ဥပဒေအကြောင်းအချက်များကို
ထည့်သွင်းစဉ်းစားလျှင် ၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေကို ပြင်ဆင်ခြင်း၊
ပယ်ဖျက်ခြင်း ပြုသင့်၊ မသင့် တစ်စုံတစ်ရာ အဖြေထုတ်နိုင်မည်ဟု
ကျွန်တော်ယူဆပါသည်။
ကျွန်တော်သည် ဥပဒေပညာရှင် မဟုတ်ပါ။
မြေလတ်ကျေးလက်မှ တောသားရှေ့နေ ဘ၀ ခေတ္တမျှ ကျင်လည်ခဲ့ဖူးသူသာ ဖြစ်ပါသည်။
နှစ် ၃၀-ခန့်ကြာသည့်တိုင် ကျွန်တော် အပါအ၀င် မြန်မာနိုင်ငံသားများ
စိစစ်ခံနေရဆဲ ဘ၀မှ မလွတ်မြောက်သေးသည့် အတွက် နိုင်ငံသားဥပဒေ
အကောင်အထည်ဖော်သည့် လုပ်ထုံးလုပ်နည်းတစ်နေရာတွင် မှားနေသည်က သေချာပါသည်။
မမှားသင့်သည်များ မမှားရအောင် ကျွန်တော်သိသမျှ တင်ပြလိုက်ရခြင်းဖြစ်ပါသည်။
ပညာ+သတိ ကြီးသူများ ဖြစ်ကြပါစေ။
ဖြစ်ရပါလို၏။
(နေမင်း-Eastern Star)
ဖြစ်ရပါလို၏။
(နေမင်း-Eastern Star)
မဏ္ဍိုင်ဥပဒေ မဂဇင်းတွင် ဖော်ပြခဲ့သည့် စာတမ်းဖြစ်ပါသည်။
အဲဒီအတွက် ငါရက်ရက်စက်စက် ဂုဏ်ယူပါတယ် ဖြိုးဝေအောင်
အဲဒီအတွက်တော့ နောက်ဆံမတင်းနဲ့ မင်းဖြစ်စေချင်တဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲးရေးနှင့် စစ်အဆိုးရချုပ်ငြိမ်းသွားရေး ဆိုတဲ့ရည်ရွယ်ချက်ကို ဒီနေ့ဒီအချိန်မှစရ်ျ ငါတို့တစ်မျိုးသားလုံးက ဒီတာဝန်ကို ထမ်းဆောင်ပါမယ်လို့ အဓိဌာန်ပြုလိုက်ပါတယ်။ မင်းရဲ့ကုန်ဆုံးခဲ့တဲ့အချိန်တွေနဲ့ မင်းပေးဆပ်ခဲ့တဲ့ အနစ်နာခံမှုတွေကို မြန်မာတစ်မျိုးသားလုံးက အသိအမှတ်ပြုကြလိမ့်မယ်လို့ ငါမျော်လင့်တယ်။ ငါတို့ဟာတိုင်းပြည်နှင့် လူမျိုးအတွက် အသက်ကိုစတေးမယ့်သူရဲကောင်းတွေဖြစ်တယ်ဆိုတာကို မင်ကသတ်သေပြုခဲ့ပါတယ်။ အဲဒီအတွက် ငါရက်ရက်စက်စက် ဂုဏ်ယူပါတယ်။
Wednesday, 2 January 2013
အစ္စလာမ်ဘာသာကို စော်ကားသူတစ်ဦးအား ကိုချမ်းမြေ့မှပြန်လည်ဖြေကြားခြင်း။
၁၉၉၁ ခုနှစ်တွင် ကျရောက်ခဲ့သော ရိုဟင်ဂျာ အမျိုးသားနေ့တွင် အမျိုးသားပါတီ ဥက္ကဌ ဗိုလ်မှူးဟောင်း ထွန်းကျော်ဦးပြောကြား ခဲ့သောမိန့်ခွန်း
ဇန်န၀ါရီလ (၃) ရက်နေ့ကိုရိုဟင်ဂျာအမျိုးသားများအားလုံးမှ ရိုဟင်ဂျာအမျိုးသားနေ့ဟုသတ်မှတ်၍ အခမ်း အနားများကို ကျင်းပခဲ့ကြသည်။
၁၉၉၁ ခုနှစ်တွင် ကျရောက်ခဲ့သော ရိုဟင်ဂျာ အမျိုးသားနေ့တွင် အမျိုးသားပါတီ ဥက္ကဌ ဗိုလ်မှူးဟောင်း ထွန်းကျော်ဦးပြောကြား ခဲ့သောမိန့်ခွန်းကို RB News ၏စာဖတ်ပရိသတ်များအတွက်တင်ပြပေးလိုက်သည်။
***********************************************
လေးစားအပ်ပါသောပါတီအသီးသီးမှခေါင်းဆောင်ကြီးများနှင့်အထူးဖိတ်ကြားထားသောဧည့်သည်တော်ကြီး များခင်ဗျား -
ဒီနေ့ဟာ(၄၃) ကြိမ်မြောက်လွတ်လပ်ရေးနေ့အကြိုနေ့လည်းဖြစ်တယ်။အမျိုးသားပါတီရဲ့(၂) နှစ်မြောက် နှစ် ပတ်လည်နေ့ ဖြစ်တယ်။ အထူးသဖြင့် ရိုဟင်ဂျာ အမျိုးသားနေ့ လည်းဖြစ်တယ်။ ဒီမင်္ဂလာ ရှိတဲ့နေ့ ထူး နေ့မြတ်ကြီး မှာ ဧည့်သည်တော်ကြီးများနဲ့ ခုလို မိတ်ဆုံ စားပွဲကြီးပြုလုပ်ရတဲ့အတွက် အမျိုး သား ပါတီ မှအထူးပင် ဂုဏ်ယူ ၀မ်းမြောက် ရကြောင်း ဦးစွာပြောကြားလိုပါတယ်။ ဧည့်ဝတ်မကျေပွန် မှုတွေ့ခဲ့ ရင် လည်းခွင့်လွှတ်ပါရန် ကြိုတင်တောင်းပန် အပ်ပါတယ်။
လေးစားအပ်ပါသောဧည့်သည်တော်ကြီးများခင်ဗျား -
ဒီလိုနေ့ထူးနေ့မြတ် အခမ်းအနားကို ရခိုင်ပြည်နယ်ရဲ့ မိုးကောင်းကင်တစ်ခုလုံးမှာ အမျိုးသား အလံနဲ့ပြည့် လျံ သွားအောင်ကျင်း ပသွားဖို့ဖြစ်ပါတယ်။ ဒီနေ့အဖို့ကတော့ ဒီတစ်နေရာမှာသာ ကျွန်တော်တို့ ကျင်း ပနိုင် သေးပါတယ်။ နောင်အခါမှာတော့ ရခိုင်ပြည်တစ်ပြည်လုံးနဲ့ ရိုဟင်ဂျာလူမျိုးတွေ အများ အပြားနေ ထိုင်တဲ့ အရပ်ဒေသအားလုံးမှာ ဒီနေ့မျိုးကို သောင်းသောင်းဖြဖြ ကျင်းပသွားမယ် လို့အမျိုးသား ပါတီ ကိုယ်စား ကျွန်တော်ကတိပြုပါတယ်။
လေးစားအပ်ပါသောဧည့်သည်တော်ကြီးများခင်ဗျား -
ရိုဟင်ဂျာတို့ဟာ ရခိုင်မိသား စုဖြစ်ပါတယ်။ ဒါကြောင့် ရခိုင်နဲ့ရိုဟင်ဂျာ မြန်မာတို့ရဲ့မိသားစုဖြစ်ပါတယ်။ ရိုဟင်ဂျာ အရေးဟာ-ရခိုင်အရေးဖြစ်ပါတယ်။ ရခိုင်အရေးဟာလည်း ရိုဟင်ဂျာ အရေးဖြစ် ပါတယ်။ အလားတူပဲ ရခိုင် အရေး/ရိုဟင်ဂျာအရေးဟာ မြန်မာတို့ရဲ့အရေးဖြစ်ပါတယ်။ ထို့အတူပဲမြန်မာ အရေးဟာ လည်း ရခိုင်/ရိုဟင်ဂျာတို့ရဲ့ အရေးဖြစ်ပါတယ်။ ရိုဟင်ဂျာတို့နဲ့ ပတ်သက်လို့ အမျိုးသားပါတီဟာ ဒီအ တိုင်း ပဲယုံကြည်ပါ တယ်။
လေးစားအပ်ပါသောဧည့်သည်တော်ကြီးများခင်ဗျား -
အသိခက်နေသူ တိုင်းရင်းသားညီကိုများအတွက် ရိုဟင်ဂျာ ဘယ်သူလဲဆိုတာ အနည်းငယ်တင်ပြပါမယ်။ ရိုဟင်ဂျာဆိုတာ ရခိုင်ရဲ့ အမွှာညီ အစ်ကိုဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတို့ဟာ ဒုတိယလူဦးရေ အများ ဆုံးဖြစ်တယ်။ ဇာတိသွေး ဇာတိမာန်ကြီးမားတဲ့၊ အမျိုးကို ချစ်တဲ့ လူမျိုးတစ်မျိုးဖြစ်တယ်။ ရခိုင်မှာ ရိုဟင်ဂျာတို့ဟာစံပြလူမျိုးဖြစ်ပါတယ်။ ရိုဟင်ဂျာလူမျိုးဟာ ဘာသာရေးအထူးကိုင်းရှိုင်းသူများ ဖြစ်တယ်။ ဘာသာရေးနှင့် ညီညွတ်အောင်နေ ထိုင်သူများဖြစ်တယ်။ သူတို့ဟာ ရိုးရိုးရှင်းရှင်းပဲ၊ ရှုပ်ရှုပ်ပွေပွေမနေဘူး၊ ပလွှာမှုမရှိဘူး၊ နိမ့်နိမ့်ချချ ကျင့်ကြံ တတ်သူများဖြစ်တယ်။ အလုပ်နဲ့လက်မြဲတယ်။ ပစ္စည်းဥစ္စာ ဆုဆောင်း တယ်။ သည်းခံ စိတ်ရှည် ကြတယ်။ အသုံးအဖြုန်း နည်းပါးတယ်။ ကြွားကြွားဝါးဝါး မနေတတ်ဘူး။ အမိနိုင် ငံတော်ကို အကြွင်းမဲ့ သစ္စာစောင့်သူ များဖြစ်တယ်။ ဧည့်ဝတ်ကျေပွန် တတ်သူများ ဖြစ်တယ်။ အကျွေး အမွေးရက်ရော တယ်။ ပြုစုစောင့်ရှောက် မှုကောင်းသူ များဖြစ်တယ်။ နိုင်ငံတော်ခေါင်း ဆောင်ကြီး ကိုလည်းကောင်း၊ နိုင်ငံတော်အစိုးရကိုလည်းကောင်း၊ အကြီးအကဲ ဆရာသမား လူကြီးမိဘ များကို အကြွင်းမဲ့ ရိုသေလေးစားသူ များဖြစ်တယ်။ သစ္စာစောင့်သူများ ဖြစ်တယ်။ ဒါကြောင့် ရိုဟင်ဂျာတို့ဟာ ရခိုင်ပြည်နယ်မိသားစုထဲမှာစံပြလူမျိုးသာဖြစ်တယ်။
လေးစားအပ်ပါသောဧည့်သည်တော်ကြီးများခင်ဗျား -
ရိုဟင်ဂျာ လူမျိုးဟာ ဒီလောက်ထိပြည်ထောင်စု အတွက် တန်ဖိုးကြီးမားသော လူမျိုးဖြစ်နေပေမယ့်၊ ဒီ လူမျိုး အပေါ်ရခိုင်ပြည်ပါတီများက သဘောထားတဲ့ အခါ အုပ်စု (၃) စု ကွဲပြားနေတာတွေ့ရပါတယ်။
အုပ်စု (၁) - ဒီအုပ်စုကတော့ ရိုဟင်ဂျာတို့ အပေါ်စိမ်းစိမ်းကားကား သဘောထားတယ်။ ရိုဟင်ဂျာ တို့ကို ရခိုင်ပြည်မှာ ဇတ်နိမ့် အဖြစ်ထားလိုကြတယ်။ ဗုဒ္ဓဘာသာဝင် ရခိုင်များကိုသာ အဓိက အရေးထားလိုကြ တယ်။
အုပ်စု (၂) - ဒီအုပ်စုကတော့ ရခိုင်ပြည်မှာရိုဟင်ဂျာကိုသီးသန့်ထားလိုတယ်။ အစ္စလာမ်ဘာသာဝင်တစ်ဦး (သို့မဟုတ်) အစ္စလာမ်ပါတီတစ်ခုကထိုအုပ်စုကိုအုပ်ချုပ်ထားလိုတယ်။
အုပ်စု (၃) - ဒီအုပ်စု ကတော့ရခိုင်နဲ့ ရိုဟင်ဂျာကို အမွှာညီအစ်ကို အဖြစ်သဘောထားတယ်။ ရိုဟင်ဂျာ တို့ကို ရခိုင်မြေဖွားသား ကောင်းများ အဖြစ်ခံယူတယ်။ ဒီအုပ်စု (၃) ရဲ့သဘောထားမှာ ရခိုင်ကို ချစ်ရင် ရိုဟင်ဂျာကို လည်းချစ်ပါ၊ ရခိုင်ကိုမုန်းရင် ရိုဟင်ဂျာကိုလည်းမုန်းပါ၊ ရခိုင်နဲ့ ရိုဟင်ဂျာတို့ဟာသေတူ ရှင်မကွာနေလိုပါ တယ်။ အုပ်စု (၃) ဟာဒီလိုပဲသဘောထားပါတယ်။
လေးစားအပ်ပါသောဧည့်သည်တော်ကြီးများခင်ဗျား -
ဒီနေ့ဟာ ရိုဟင်ဂျာအမျိုးသားနေ့လည်းဖြစ်တဲ့အတွက် ဒီမင်္ဂလာရှိတဲ့နေ့မြတ်မှာ ရိုဟင်ဂျာတို့ဘ၀အေးချမ်း ပါစေ၊ အမိမြန်မာနိုင်ငံအေးချမ်းသာယာပါစေ၊ တိုးတက်ပါစေလို့ ဆုမွန်ကောင်းတောင်း လိုက်ပါတယ်။ ကျွန်တော်တို့ရဲ့ ညီအစ်ကို ရိုဟင်ဂျာလူမျိုးဟာ ပြည်ထောင်စုမြန်မာနိုင်ငံတော် တစ်ခုလုံးမှာရှိတဲ့ တိုင်း ရင်း သား လူမျိုးအပေါင်းရဲ့မေတ္တာကို ခံယူရရှိပါစေလို့ ဆုမွန်ကောင်းတောင်းရင်း နိဂုံးချုပ် လိုက်ပါ တယ်ခင်ဗျား။

****************************************
ဗိုလ်မှူးဟောင်း ထွန်းကျော်ဦး သည် ရခိုင်အမျိုးသား တစ်ဦးဖြစ်ပြီး ၁၉၈၈ ခုနှစ်လူထုအုံ့ကြွမှုကြီးနောက် ပိုင်း တွင် အမျိုးသားပါတီကို တည်ထောင်၍ ဥက္ကဌ တာဝန်ယူခဲ့သူဖြစ်သည်။
ဗိုလ်မှူးဟောင်း ထွန်းကျော်ဦး သည် ရခိုင်အမျိုးသား တစ်ဦးဖြစ်ပြီး ၁၉၈၈ ခုနှစ်လူထုအုံ့ကြွမှုကြီးနောက် ပိုင်း တွင် အမျိုးသားပါတီကို တည်ထောင်၍ ဥက္ကဌ တာဝန်ယူခဲ့သူဖြစ်သည်။
Tuesday, 1 January 2013
ခေါင်းမော့ရင်ကော့ဖို့ အချိန်တန်ပြီ
နိုဝင်ဘာ၊ ၅ ၊ ၂၀၁၂
M-Media
ပေးစာ ရေးသူ – ကုလား
ကျုပ်နာမည်ကုလား။ အရင်ကတော့ ကုလားလို့ အခေါ်ခံရရင် သေလောက်အောင်မုန်းတယ်။ ခုတော့ ကျုပ်ကို ကျူပ် ကုလားလို့ ပဲခံယူတယ်။ နာမည်ရှေ့ မှာတောင် မောင် ဆိုပြီးတောင်မထည့်တော့ဘူး။ ဗမာအသုံးအနှုန်းပါ ပြီး ကုလားမစစ်မှာစိုးလို့ ။ ကုလားဆိုပြီး ဗမာလိုပေါင်းတာ၊ ဒီစာကို ဗမာလိုရေးတာတောင် ရွေးစရာမရှိလို့  ဗမာ လိုရေးတာ။ ကုလားစာ ကုလားစကားတတ်ရင် ကုလားလိုပဲရေးတယ်။
ဒီစာရေးရတဲ့အကြောင်းရင်းကတော့ မြန်မာပြည်က မွတ်စလင်မ်တွေအားလုံး ကိုယ့်အတွက်ကို မားမားမတ်မတ် ရဲရဲဝံ့ဝံ့ ရပ်တည်ဖို့ ပဲ။
ကျူပ်ကလည်း ဗမာပြည်မှာမွေး၊ ဗမာပြည်မှာကြီးတဲ့ ကုလား မလို့  ခင်ဗျားတို့ နဲ့  ဖြတ်သန်းလာရတာတွေ ခံစား ချက်တွေတူတယ်။ အခုခင်ဗျားတို့  စိတ်ထဲရင် ရင်ထဲမှာ ဘာတွေဖြစ်နေတယ်ဆိုတာ ကျူပ်သိတယ်။ ကျုပ်ခံစား ချက်က ခင်ဗျားတို့ အားလုံးရဲ့ ခံစားချက်နဲ့ တန်းတူပဲ။
ပထမဆုံးခံစားချက်က သိမ်ငယ်မှုပဲ။ ဘယ်နားသွားသွား စိတ်ထဲကနေ အလိုလို အပြင်လူလို ခံစားရတယ်။ ကိုယ့် ထက်ပညာမတတ်တဲ့ဗမာ၊ သူတို့ အသိုင်းအ၀ိုင်း၊ သူတို့ နဲ့  အလုပ်တူလုပ်ရင် အလိုလို အားငယ်သလို၊ နိမ့်ကျသ လို့ ၊ အလကားနေရင်း မှားနေသလိုလို ခံစားရတယ်။
အစိုးရရုံးတွေရောက်ရင် ၀န်ထမ်းတွေနဲ့  တွေ့ တာနဲ့  အလကားနေရင်း အပြစ်ရှိသလို၊ သူတို့ အလိုကျ ရိုကျိုးရမ လိုဖြစ်မိတယ်။
ကုလားမလို့  အနှိမ်ခံရတယ်ဆိုတဲ့အသိနဲ့ တင် ကျုပ်တို့ ကိုယ်တိုင်ကိုယ်က အားငယ်နေတယ်။ သူတို့ အပေါ်စီးက ဆက်ဆံတာကို သာမန်လိုစိတ်ထဲထင်တယ်။ ကိုယ့်စိတ်ကိုယ်က နောက်ကိုဆုတ်ပေးထားတယ်။ စိတ်ထဲမှာကိုက သြော်— သူတို့ က မြန်မာ၊ ငါတို့ က မွတ်စလင်မ်လေဆိုပြီး အရှုံးပေးကြတယ်။ ရပ်ကွက်ထဲမှာ ဗမာစာဖြောင့် အောင်မရေးတတ်တဲ့ ဧည့်စာရင်းရေးတဲ့ ငမူးကောင်တွေကအစ ကုလားဆိုပြီး နှိမ်ချင်ကြတယ်။ တချို့ နေရာတွေ များလူကို ငေါက်လားငမ်းလား။ ငေါက်တဲ့ကောင်တွေကို ကြည့်ရင် အလုပ်လက်ကြော မတင်းတဲ့ကောင်တွေ၊ ရပ်ကွက်ထဲမှာ ဟိုယောင်ယောင် ဒီယောင်ယောင် ငမူးတွေ၊ ၁၀ အိမ်မှူးလိုလို ရပ်ကွက်ခေါင်းလိုလို ပြာတာတွေ ကအစ အလကားလည်း စားသေးတယ် လူကို ဟောက်လားငမ်းလားနဲ့  နေ့ခင်းကြောင်တောင် အသံနဲ့  ဓားပြ တိုက်တဲ့ လ၀ကကကောင်တွေ၊ ဌာန၀န်ထမ်းတွေ။
ဒီကိစ္စရဲ့ အရင်းခံကိုကြည့်ရင် ကျုပ်တို့ ကိုယ်တိုင်ကိုက အနှိမ်ခံရတာကို လက်ခံထားလို့ ။ သူတို့ က ဗမာ ငါတို့ က ကုလားဆိုတော့ ရမှာမဟုတ်ဘူးဆိုပြီး သူတို့ အလိုကျ နေပေးလို့ ။ သွေးနှောဆိုပြီး သတ်မှတ်ထားတာကို လက်ခံ ထားလို့ ။ နိုင်ငံခြားသားဆိုပြီး ရိုးစွပ်တာကို လက်ခံစားလို့ ။ ပါးစပ်ပိတ်ပြီး သူတို့ ပြောတာ အဟုတ်မှတ်ထားလို့ ။ စကားနောက်တရားပါ၊ အပြောများတော့ အဟုတ် ဆိုတဲ့ စကားပုံတွေလိုပဲ သူတို့ တောက်လျောက်ပြောတာလို့  ကျုပ်တို့ ကိုယ်တိုင်ကိုယ်က အဟုတ်မှတ်ပြီး လက်ခံနေတယ်။
ကျူပ်တို့ ကို သွေးနှောလို့ ပြောတယ်ဆိုရင် အဲ့ဒီ လ၀က ရုံးကလူတွေကရော ဘာသွေးမှ မနှောဘူးလား။ တရုတ် သွေးတွေမပါကြဘူးလား။ တိုင်းရင်းသားနဲ့  ဗမာ သွေးတွေမနှောဘူးလား။ သူတို့  ဖိုးဖွားတွေထဲမှာ ကုလားသွေးမ ပါဘူးလား။ ဗမာဆိုတာ တိဘက်က ဆင်းလာတာ။ ဗမာယဉ်ကျေးမှုဆိုတာ အနောက်ဖက်က ၀င်လာတာ။ သွေး မနှောဘူးဆိုတဲ့ လူတွေ သတ္ထိရှိရင် ဒီအန်အေ စစ်ရဲလား။
၁၉၈၂ နိုင်ငံသားဥပဒေအရ ၁၈၂၄ အရင်က မြန်မာနိုင်ငံနယ်နိမိတ် မှာ ရှိခဲ့တဲ့ လူမျိုးစုတွေကနေ မွေးဖွားလာတဲ့လူတွေကိုမှ မြန်မာပြည်သားလို့ သတ်မှတ်မယ်ဆိုရင် ၁၈၂၄ ခုနှစ်တုန်းက မြန်မာနိုင်ငံဆိုတာ မရှိသေးဘူး။ မြန်မာပြည် နယ်နိမိတတ်ကလည်း ဟိုရွှေ့ဒီရွှေ့လိုက်။ ၁၈၂၄ အတိုင်းဆိုရင် တချိန်က မြန်မာနယ်နိမိတ်အခု ထိုင်းဖက် တချို့ ရောက်တယ်။ အိန္ဒိယ ဘက်ရောက်တဲ့ခါလည်းရှိတယ်။ သူတို့ ကိုလည်း နိုင်ငံသား သွားပေးပါလား။ ဂျပန်ခေတ်တုန်းက ရှမ်းပြည်နယ်ထဲမှာ ရှမ်းမြေတချို့ ကို ဂျပန်တွေက ထိုင်းကိုပေးလိုက်တယ်။ ခုမြန်မာပြည်နယ် ထဲပြန်ရောက်လာပေမဲ့ သူတို့ က တချိန်က ဂျပန်ခေတ်က ထိုင်းပိုင်ခဲ့လို့ ဆိုပြီး သူတို့ ကို နိုင်ငံသားမပေးဘဲ ချန်ထားပါလား။
သတ္ထိရှိ ရင် လ၀က ၀န်ကြီးခင်ရီကိုယ်တိုင် သူ့ မိသားစု ဆင်းသက်လာပုံကို ၁၈၂၄ အထိလိုက်ပြီး လူသိရှင်ကြား ချပြလေ။ ၁၉၈၂ နိုင်ငံသား ဥပဒေကိုထောက်ခံတဲ့ လူတွေအားလုံး ၁၈၂၄ ကနေ မိသားစုစာရင်းလိုက်ပြီး သက် သေပြကြလေ၊ အဖိုးတွေ အဖွားတွေ နိုင်ငံခြားကလာတာ မဟုတ်ဘူးဆိုတာ သက်သေပြကြလေ။ စိမ်ခေါ်တယ်၊ သတ္ထိရှိရင် ရဲရဲ ချပြလိုက်။ ကျုပ်တို့ က သွေးနှောတယ်ဆိုရင် သွေးမနှောတဲ့လူတွေ ထွက်လာကြလေ။ သက်သေပြကြလေ။
မြန်မာပြည်က ကုလားတွေကို ပြောချင်တယ်။ ခင်ဗျားတို့ ကျူပ်တို့ က မနေ့ တနေ့ ကမှ နိုင်ငံခြားက ခိုးဝင်လာ တာမဟုတ်ဘူး။ မိဘ၊ အဖိုးအဖွား၊ သူတို့ မိဘတွေကိုယ်က မြန်မာပြည်မှာနေခဲ့တဲ့ လူတွေ။ ကိုလိုနီခေတ်ကမှ တိုးဝှေ့ ဝင်လာတာမဟုတ်ဘူး။ ကျုပ်တို့  အဖိုးအဖွားတွေ အဲ့ဒီတုန်းက ၀င်လာတယ်ဆိုရင်တောင် ခုကျုပ်တို့  မြန်မာပြည်မှာ တခြားလူတွေနည်းတူ ရုန်းကန်တယ်၊ အခွန်ပေးတယ်၊ ကိုယ့်ထမင်း ကိုယ်စား ကိုယ့်အလုပ်ကိုယ် လုပ်တယ်။ ဘယ်သူ့ ကိုမှ ဓားပြတိုက်စား၊ ခိုးစား ၀ှက်စား ဟောက်စား ငေါက်စားနေတာမဟုတ်ဘူး။ ကိုယ့်ဝမ်း စား ကိုယ်ရှာစားနေတဲ့လူချည်းပဲ။
ကျုပ်တို့ ကို စိတ်ဓာတ်ရေးရာအရ သိမ်ငယ်အောင်လုပ်ထားတယ်။ ကုလားဖြစ်နေတာနဲ့  အပြစ်ရှိသလိုဖြစ်အောင် လုပ်ထားတယ်။ ကျုပ်တို့ သားသမီးတွေကို သူငယ်တန်းကလေးတွေကအစ ခွဲခြားတတ်အောင်လုပ်ထားတယ်။ စာဆိုပြိုင်ပွဲတွေမှာ ကုလားမလို့ ဆိုပြီးဖယ်ထားတယ်။ နိုင်ငံခြားပညာသင်ဖို့  ခရစ်ယာန်နဲ့  မွတ်စလင်မ်ကို ဖယ်ပြီး ကျန်တဲ့လူတွေခေါ်သွားတယ်။ ကျုပ်တို့ ကို နှိမ်တာကို ကျုပ်တို့ ကိုယ်တိုင် လက်ခံအောင်လုပ်ထားတယ်။ ကျုပ်တို့ သားသမီးတွေကိုလည်း သိမ်ငယ်အောင် ကျောင်းကတည်းက ရိုက်သွင်းထားတယ်။
ကျုပ်တို့ က ဘာမှ မပြစ်မလုပ်ပဲ၊ ဘာရာဇ၀တ်မှုမှ မကျူးလွန်ဘဲ ကျုပ်တို့ ကို တရားခံလိုလို၊ အောက်ကျနောက် ကျလိုလို၊ အဆင့်နှိမ့်သလိုလိုလုပ်ထားတာကို ကျူပ်တို့  နှစ်ပေါင်း လေးငါးဆယ် လက်ခံလာပြီးပြီ။ ကျုပ်တို့ ကို ငမူးလောက်ကောင်တွေ၊ ဌာနဆိုင်ရာက ဟောက်စားငေါက်စား နေ့ ခင်းကြောင်တောင် ဓားပြတွေက ဆက်ဆံချင်တိုင်း ဆက်ဆံတာ ကျုပ်တို့ ကိုယ်တိုင်ကိုယ်က လက်ခံနေလို့ ဖြစ်တယ်။
ကျုပ်တို့ ဟာ အစ္စလာမ်ဘာသာဝင် မွတ်စလင်မ်တွေဖြစ်တယ်။ သွေးနှောချင်နှောမယ် မနှောချင်မနှောဘူး။ နှော ချင်တဲ့သွေးနှောမယ်။ မြန်မာပြည်သမိုင်းအတွက် သွေးနှောတဲ့ မွတ်စလင်မ်ခေါင်းဆောင်တွေ သွေးချွေးအသက် တွေပေးခဲ့ တယ်။ ကျုပ်တို့ ဟာ မြန်မာပြည်မှမွေး မြန်မာပြည်မှာကြီးတဲ့လူတွေ။ ဒီမှာပဲမွေးတယ် ဒီမှာပဲသေ မယ်။ ဘယ်သူကြိုက်ကြိုက်မကြိုက်ကြိုက် ဒါအမှန်တရားပဲ။ ကျုပ်တို့ က ရာဇ၀တ်ကောင်တွေမဟုတ်ဘူး။ ကျုပ်တို့  ဘာအပြစ်မှမ ကျူးလွန်ထားဘူး။ အများတကာ ကိုယ့်ဝမ်းစာ ကိုယ်ရှာနေတဲ့လူတွေ။ ဒါကြောင့် အားငယ်စရာ၊ သိမ်ငယ်စရာမလိုဘူး။ ကျုပ်တို့ ကို နှိမ်ချပြီး ဆက်ဆံတာ၊ ချိုးနှိမ်တာကို လက်ခံစရာမလိုဘူး။ အပြစ်မလုပ်ဘဲ တရားခံလိုဆက်ဆံတာ ခေါင်းငုံခံစရာမလိုဘူး။ မွတ်စလင်မ်ဖြစ်တာ ကျုပ်တို့  အမှားမဟုတ်ဘူး။ ကျုပ်တို့ ဟာ မြန်မာပြည်သားတွေဖြစ်တဲ့အတွက် မြန်မာပြည်သားတိုင်းနဲ့  တန်းတူအခွင့်အရေးရှိတယ်။
ကျုပ်တို့ ကို ကုလားဆိုတဲ့ခေါင်းစဉ်နဲ့  နှိမ်ပြီးဆက်ဆံတဲ့လူတွေကို ရဲရဲဝံ့ဝံ့ ပြန်ပြောရမယ်။ အပြစ်မကျူးလွန်ထား တဲ့အတွက် ခေါင်းမော့ရင်ကော့ပြီး ကျူပ်တို့ ကို ချိုးနှိမ်ထားတာတွေအတွက် ပြန်ခုခံရမယ်။ ကျူပ်တို့ ပေးဆပ် လိုက်ရတဲ့ ဂုဏ်သိက္ခာ၊ ပိုးဆိုးပက်စက် အစော်ကားခံလိုက်ရတဲ့ ကျုပ်တို့  ဘာသာအတွက် ပြန်တောင်းရမယ်။ ကုလားဆိုတဲ့ ခေါင်းစဉ်သုံးပြီး ဦးနှောက်တွေ ဗိုက်တွေ ပေါက်ထွက်ကွဲစင်သွားအောင် ရက်ရက်စက်စက် အရိုက် သတ်ခံရတဲ့ ရှဟီဒီ ၁၀ ဦးအတွက် ကျုပ်တို့  ပြန်တောင်းရမယ်။ ကျုပ်တို့  အခွင့်အရေး၊ ရှဟီဒီ ၁၀ ဦးအတွက် တရားမျှတရေးက ကျုပ်တို့ တာဝန်ပဲ။ ဦးရာဇတ်နဲ့ ရဲဘော် ကိုထွေး အသက်ပေးသွားတာ ကျုပ်တို့  ဒီလိုခံစားရ ဖို့ မဟုတ်ဘူး။ ဦးရာရှစ် ဗိုလ်ချုပ်အောင်ဆန်းကို နောက်ဆုံးအချိန်ထိ သစ္စာခံ ကျောထောက် လက်ကမ်းတာ၂၀၁၂ မှာ အပြစ်မရှိတဲ့ ဂျမအတ်သား ၁၀ ဦး ခေါင်းပွင့်အောင် ရိုက်သတ်ခံရဖို့ မဟုတ်ဘူး။
ကိုယ့်အခွင့်အရေး၊ ကိုယ့်ဂုဏ်သိက္ခာအတွက် ခေါင်းမော့ရင်ကော့ဖို့  အချိန်တန်ပြီ။ ချိုးနှိမ်တာကို ခေါင်းငုံခံတဲ့ အတိုင်းအတာကျော်သွားပြီ။ ခေါင်းမော့ရင်ကော့ပြီး မတရားတဲ့ဆက်ဆံမှုမှန်သမျှ မတရားတဲ့လူမှန်မမျှ ခေါင်း မော့ရင်ကော့ခုခံဖို့ အချိန်တန်ပြီ။
(ဆောင်းပါးရှင်၏ အမြင်နှင့် အာဘော်သာဖြစ်ပါသည်။)

သပြေချောင်းကျေးရွာသူ မသီတာထွေး အသတ်ခံရမှုဖြစ်ရပ်မှန်
ဦးညီပုဟာမသီတာထွေးအသတ်ခံ၇မှု.ကိုအခွင့်ကောင်းယူပြီး
၇ခိုင်ပြည်နယ်အတွင်းနေထိုင်ကြ သောမွတ်စလင်အားလုံးကိုမောင်းထုတ်၇န်ဆိုတဲ.
RNDP ပါတီ၇ဲ.မဟာဗျူဟာကိုအကောင်အထည် ဖေါ်နိုင်၇န် ငွေအား၊လူအား စိုက်ထုတ်ပြီး
ကျောက်နီမော်၇ွာမှစတင်ပြီးဦးဆောင်ပါဝင်ခဲ.တယ်ဆို
တာကိုကျွန်တော်ေ၇းခဲ.ပြီးပြီ။ညီပုဟာပညာတတ်တစ်ယောက်မဟုတ်ပါ။သူ.၇ဲ.အဓိက၇ည်၇ယ်ချက်က
ကျောက်နီမော်၇ွာကမွတ်စလင်တွေကို မောင်းထုတ်ချင်တာဖြစ်ပါတယ်။ RNDP
၇ဲ.မဟာစီမံကိန်းနဲ. သူ.၇ဲ.ကိုယ်ပိုင်စီမံကိန်းတို.ပေါင်းပြီး
ဒီပြသနာကိုဖန်တီးပေးလိုက်တာဖြစ်ပါတယ်။
ညီပုဟာ၇ခိုင်အမျိုးသားအစွန်းေ၇ာက်တစ်ဦးဖြစ်သလို၊ငွေတိုးပေးစား.တဲ.စီးပွားေ၇းသ္မားတစ်ဦးလဲဖြစ်တယ်။သူ.အဖေဟာ၇ွာမှာလူသတ်ပြီးအထက်ဗမာပြည်ကိုထွက်ပြေးသွားတယ်။အဲဒီမှဘုန်းကြီးဝတ်တယ်။အောင်လံမြို.မှာဘုန်းကြီးလူထွက်ပြီးမိန်းမယူတယ်။အခုအောင်လံမြို.မှာေ၇ွှဆိုင်ဖွင်.ထားတယ်။
ကျောက်နီမော်၇ွာအတွင်းညီပု၇ဲ.လူမဆန်တဲ.လုပ်၇ပ်တချို.ကိုဖေါ်ပြ၇၇င်.........
၁။မသီတာထွေးအလောင်းကိုဆေး၇ုံမှာ(၃)၇က်တိတိပြသထားပြီးကျောက်နီမော်ကျေး၇ွာအုပ်စုနဲ.
တခြားပတ်ဝန်းကျင်၇ွာများမှဗုဒ္ဓဘာသာဝင်အားလုံးကိုလာကြည့်စေပြီးလူမျိုးေ၇းမုန်းတီးမှု.တ၇ား
တွေကိုဟောပြောတယ်။ဆ၇ာဝန်ကသင်္ဂျိုခိုင်တာကိုခြိမ်းခြောက်ပြောဆိုပြီးညီပုတို.အဖွဲ.ကဆေး၇ုံ
ကိုသိမ်းပြစ်ခဲ.တယ်။
၂။ ဆ၇ာဝန်၇ဲ.ဆေးစစ်ချက်အ၇မသီတာထွေဟာဓါးဒဏ်၇ာသုံးချက်နဲချက်ချင်းသေဆုံးသွားတယ် ပစ္စည်းလုယက်ခံထား၇တဲ.လက်ခဏာတွေ.၇တယ်။
(မဒိမ်းမှု.မပါဝင်ဘူးလို.ေ၇းထားတယ်။)ဆ၇ာဝန်ကမွတ်စလင်တွေနေတဲ၇ပ်ကွက်ထဲမှာဆေးခန်းဖွင့်ထားတာ။ညီပုတို.အဖွဲ.ကဆ၇ာဝန်အား၊ဆေးစစ်ချက်နဲ.ပတ်သက်ပြီးလုံးဝမပြော၇န်မွတ်စလင်၇ပ်ကွက်အတွင်းဆေးခန်းသွားမဖွင့်၇န်ခြိမ်းခြောက်ပြောဆိုထားတဲ.အတွက်
ဒီနေ.အချိန်ထိဆေးခန်းကိုပိတ်ထား၇တယ်။
၃။ညီပုအဖွဲ.မှ၇ခိုင်စု၇ပ်ကွက်ဘုန်းကြီးကျောင်းမှကျောင်းထိုင်ဘုန်းကြီးနဲ.ပူးပေါင်းပြီး
မွတ်စလင်
များအားစားနပ်၇ိက္ခာေ၇ာင်းဝယ်ခြင်းမပြုလုပ်၇န်၊ပြုလုပ်ပါကဘုန်းကြီးကျောင်းမှထုတ်ပယ်ပြစ်၇န်
အမိန်.ချမှတ်ထားတယ်။အခုအချိန်ထိဘုန်းကြီးကျောင်းမှသာေ၇း၊နာေ၇း အပယ်ခံ၇သူ
အယောက် ၇ခိုင်ဗုဒ္ဓဘာသာဝင်(၃၀)ကျော်၇ှိနေပြီ။သူ.အဖွဲ.သားများအဖမ်းခံ၇ပါက
ဘုန်းကြီးမှတဆင်.အာမခံဖြင့်သွားထုတ်ယူပါတယ်။
၎။မသီတာထွေးဓါတ်ပုံအား
ဓါတ်ပုံဆ၇ာခိုင်မြင့်အောင်နဲ.မောင်မောင်ဦးအားငွေပေးပြီးပြုပြင်ခိုင်းပြီး
သူ.၇ဲ.အဖွဲ.၀င်အောင်ဇံဝေအားတောင်ကုတ်တွင်ဖြန်.ဝေခိုင်းခဲ.တယ်။တောင်ကုတ်ကမြန်မာမွတ်စလင်(၁၀)ယောက်အသတ်ခံ၇တာမှာအဓိကတ၇ားခံအောင်ဇံဝေဘဲ။ဒီလူတွေကိုသတ်ဖို.စည်း၇ုံးပြီး
လူခေါ်သွားတာ
အောင်ဇံဝေ။သူ.ကိုဖမ်းနိုင်၇င်တခြားလူအားလုံးကိုလွယ်လွယ်နဲ.ဖမ်းမိမယ်။
၅။၇ခိုင်ပြည်နယ်ဝန်ကြီးချုပ်နဲ.အဖွဲ.ကျောက်နီမော်၇ွာကိုေ၇ာက်လာတဲ.အချိန်
၇ပ်ကွက်တစ်ခုကလူ ကြီး ၎
ယောက်စီခေါ်တယ်။ညီပုက...ဒီမွတ်စလင်တွေအားလုံးဟာတခြားနိုင်ငံကခိုးဝင်လာတဲ.ဘင်္ဂါ
လီတွေ၊သူတို.ကိုမောင်းထုတ်လိုက်ပါလို.၀န်ကြီးကိုတောင်းဆိုတယ်။ဝန်ကြီးကတော်တော်ဒေါသထွက်သွားပြီး....အဲဒါမင်းအလုပ်မဟုတ်ဘူး
လ၀က
ကအမှန်တကယ်ခိုဝင်လာတယ်ဆို၇င်စစ်ဆေးပြီးအေ၇းယူလိမ်.မယ်ဆိုပြီးပြောခဲ.တယ်။နောက်နေ.ကျောက်နီမော်မဲဆန္ဒနယ်ကအေ၇ွးခံခဲ.၇တဲ.
ဗိုလ်မှုကျော်ခင်က“ ဟေ.ကောင်ညီပု
ငါကဒီ၇ွာမှာနှစ်ဘက်ငြိမ်းငြိမ်းချမ်းချမ်းနဲ.အ၇င်အတိုင်းနေလို.၇အောင်ကြိုးစားပေးနေတယ်၊မင်းက
အခုအချိန်ထိလူမျိုးေ၇းမုန်းတီးမှု.တွေဖန်တီးနေမယ်ဆို၇င်မင်းတို.အဖွဲ.ဖန်တီးခဲ.တဲ.ပြသနာတွေကို
ငါအားလုံးဖွင့်ချမယ်လို.သတိသွားပေးခဲ.တယ် „။
၆။၂၀.၀၈.၂၀၁၂
နေ.မွတ်စလင်တွေ အိဒ်နမာဇ်ဖတ်နေတဲ.အချိန်ညီပုတို.အဖွဲကလူတွေ
မီးကွင်းတွေေ၇နံဆီးပုလင်းတွေကိုင်ပြီး
မွတ်စလင်၇ွာကိုမီး၇ှိုးဖို.၀င်လာတယ်။ဗုဒ္ဓဘာသာဝင်
၇ခိုင်လူမျိုးတချို.ကစစ်တပ်ကိုအကြောင်းကြားတော.စစ်တပ်ကချက်ချင်းလိုက်လာတော.မီးလာ၇ှိုး
တဲ.လူတွေမီးမ၇ှိုးလိုက်၇ဘဲပြေးသွားကြတယ်။စစ်တပ်ဗိုလ်မှု.ကချက်ချင်းညီပုဆီကိုလိုက်သွားပြီး....
ခင်ဗျားလုပ်နေတာတွေကိုချက်ချင်း၇ပ်ပါ၊
မ၇ပ်ဘူးဆို၇င်ခင်ဗျားနဲ.ခင်ဗျားလူတွေအားလုံးကိုကျုပ်ဖမ်း၇လိမ်.မယ်လို.ပြောတော.
ညီပုက...ဗိုလ်မှု
လဲဗုဒ္ဓဘာသာဝင်ကျွန်တော်လဲဗုဒ္ဓဘာသာဝင်။ကျွန်တော်တို.လုပ်နေတာဟာ
အမျိုး၊ဘာသာ၊သာသနာအတွက်လုပ်နေတာဖြစ်တယ်။
ဘုန်းတော်ကြီးတွေကိုယ်တိုင်လမ်းညွှန်ချက်နဲ.ကျွန်တော်လုပ်နေ၇တာပါလို.ပြောတော.
ဗိုလ်မှုက နိုင်ငံတော်ကဖေါ်ဆောင်နေတဲ.ငြိမ်းချမ်းေ၇း
ကိုဖျက်လိုဖျက်ဆီးလုပ်မယ်ဆို၇င်
ခင်ဗျားတို.ဘုန်းကြီးကိုပါဖမ်း၇လိမ်.မယ်လို.ပြောခဲတယ်။
ကျောက်နီမော်၇ွာသားတယောက်အနေနဲ.ဒီအဖြစ်မှန်တွေကိုေ၇းနေ၇တဲ.အဓိက၇ည်၇ွယ်ချက်
က ...အပြစ်မဲ.သာသနာ.ခ၇ီးသယ်မြန်မာမွတ်စလင် ၈
ဦးနဲ.သံတွဲမြို.မှမွတ်စလင်နှစ်ဦးတို.၇က်၇က် စက်စက်အသတ်ခံ၇တဲ.တ၇ားခံဟာ
ကျောက်နီမော်၇ွာမှာအိမ်ထောင်ကျနေတဲ.ပေါက်တောမြို. သား
အောင်ဇံဝေဖြစ်တယ်ဆိုတာကိုမွတ်စလင်ညီနောင်တွေသိ၇ှိပြီးစုံစမ်းေ၇းကော်မ၇ှင်ထဲကမွတ်
စလင်လူကြီးတွေကိုအမြန်အသိပေးနိုင်၇န်။သံသ၇နဲ.စွပ်စွဲခံ၇တဲ.ကျောက်နီမော်၇ွာမှမွတ်စလင်လူ
ငယ်သုံးဦးဟာပြစ်မှု.နဲ.မည်သို.မှဆက်စပ်ပတ်သက်မှုမ၇ှိဘူးဆိုတာကိုသိ၇ှိစေပြီး
၎င်းလူငယ်သုံးဦး
၇ဲ.မိသားစုဝင်များအားစာနာနားလည်ပေကြစေ၇န်၇ည်၇ွယ်ပါသည်။(ဆက်လက်ဖေါ်ပြပါမည်)
အမေရီကန်နှင့် အနောက်အုပ်စုကိုသုံးရ်ျ မြန်မာမွတ်စလင်တို့အား သုတ်သင်ရှင်းလင်းမှု၊ ဌေးလွင်ဦး
“ရိုဟင်ဂျာတို့သည်လည်း ခင်ဗျားတို့ ကျွန်တော်တို့လိုပဲ သူတို့ကိုယ်တိုင်
ကိုယ့်ဂုဏ်သိက္ခာနဲ့ ကိုယ်ရှိပါတယ်။” “အပြစ်မဲ့ လူသားတွေအပေါ် ကျူးလွန်တဲ့
အကြမ်းဖက်မှု အတွက် ကင်းလွတ်ခွင့် မရှိဘူး” လို့- ရန်ကုန်တက္ကသိုလ်မှာ
အမိုင်းဝင် မိန့်ကြားတဲ့ အမေရိကန် သမ္မတကြီး အိုဘားမားရဲ့ မိန့် ခွန်းပါ
အပိုဒ်ကို အမေရိကန် အခြေစိုက် ဗွီအိုအေ နဲ့ အာအက်အေ မြန်မာပိုင်း
အစီအစဉ်များမှာ လုံးဝ ဖေါ်ပြခြင်း မရှိဘဲ တည်းဖြတ်ခဲ့ပါတယ်။ သူတို့
ဘာကြောင့် တည်းဖြတ်ခဲ့သလဲ။ သတင်းကျင့်ဝတ်က ဘယ်ကို ရောက်သွားခဲ့ ပါသလဲ။
၁၉၆၂ နှစ် တိုင်းပြည်အာဏာကို ဗိုလ်ချုပ်နေ၀င်း ကတည်းက ကွန်မြူနစ်
တရုတ်ပြည်ဟာ တာတေလန် စနေသား နေ၀င်းကို အကြီးအကျယ်
ကြောထောက်နောက်ခံပြုပေးမှုခဲ့ပါတယ်။ အဲ့ဒီကတည်းက မြန်မာပြည်သူ တွေဟာ
“ငါတို့ရဲ့ တိုင်းပြည်ကို တရုတ်က မြိုနေပြီ”လို့ ခံစားနေခဲ့ရပါတယ်။
စစ်အာဏာရှင် အဆက်ဆက်ကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေ၊ တော်လှန်မှုတွေ ဖြစ်တိုင်း
ကုလသမဂ္ဂမှာထိ တရုတ်ကြီးကလည်း မြန်မာအစိုးရဖက် က မားမားမတ်ရပ်တည်ခဲ့ပါတယ်။
မြန်မာပြည်သူများ အနေနဲ့ ဒီလို နှစ်ရှည်လများ အသက်ရှုကြပ်နေရတဲ့ ဘ၀ မျိုးက
လွတ်မြောက်နိုင်ဘို့- အမေရိကန်ပြည်ထောင်စုနဲ့ အနောက်နိုင်ငံများကို
အားကိုးကြီးမှု၊ ထက်သန်စွာ တမ်းတမှုတွေထက် ပိုပြီး သူတို့အတွက်
ကယ်တင်ရှင်ကြီးများ ပမာ ကြိတ်မှိတ်တမ်းတ ခံစားရတဲ့ အထိ ဖြစ်
တည်လာပေါတော့တယ်။
အမေရိကန်ပြည်ထောင်စုနဲ့ အနောက်နိုင်ငံများရဲ့ စီးပွားရေး
ပြစ်ဒဏ်ခတ်မှုအောက်မှ လုံးဝပြိုလဲ ပျက်ကျသွား တဲ့ မြန်မာနိုင်ငံအနေနဲ့
အုပ်ချုပ်ရေးအုပ်စုဟာ တရုတ်ကြီးကို တိုင်းပြည်ရဲ့ သယံဇာတများ ဆက်သရင်း
တရုတ် အားကိုးပေါ်လစီနဲ့ ဆက်လက် ရပ်တည်ဘို့ လုံးဝ မဖြစ်နိုင်တော့တဲ့ အခြေကို
ဆိုက်သွားပါတော့တယ်။ ဒါကြောင့် သူတို့အနေနဲ့ အမေရိကန်နဲ့
အနောက်နိုင်ငံများဆီမှာ မျက်နှာရစေဘို့ စတင်ကြံဆရပါတော့တယ်။ ဒါကြောင့်
စစ်အာဏာရှင်တို့ဟာ သူတို့ကိုယ်သူတို့ ၀တ်စုံကို လဲလိုက်ပြီး
အရပ်သားအစိုးရပုံစံ ရုပ်ပြောင်းဖန် ဆင်းခဲ့ပါတယ်။ စစ်ဌာနချုပ်
ယန္တရားကိုလည်း လွှတ်တော်အသွင် ပုံဆောင်လိုက်ပါတယ်။ သူတို့ရဲ့ ပကတိ
ပုံပြောင်းဟန်ဆောင်မှုကို လက်စသတ်နိုင်တာနဲ့ ပြည်သူတွေရဲ့ ဆန္ဒကို
လိုက်လျှောသလိုလို ပြုပြီး “ပြုပြင် ပြောင်းလဲရေး လုပ်မယ်” ဆိုတဲ့ ပြည်သူ့
သည်းခြေကြိုက်စကားလုံးနဲ့ ကမ္ဘာကို ပတ်လိမ်ပါတော့တယ်။ ပြည်သူ တွေ အတွက်
ဆိုတဲ့ အကြောင်းပြချက်နဲ့ အမေရိကန်နဲ့ အနောက်နိုင်ငံများကိုလည်း
အကူအညီတောင်းခံတဲ့ လက် စတင်ထိုးဆန့်ပါတော့တယ်။
အသွင်းပြောင်း သမ္မတ သိန်းစိန်ရဲ့ အစိုးရဟာ စကားလုံးလှလှတွေကို သုံးပြီး
အမေရိကန်နဲ့ အနောက်နိုင်ငံများ အတွက် ၀င်ထွက်လမ်းစကို
ဖန်တီးပေးပြီးချင်းပဲ-၊ ဗုဒ္ဓဘာသာ အယူသည်းများ၊ ကြိုတင် ဖန်တီးပြီးသား
လျှို့ ၀ှက်ဘုန်းကြီး ဂိုဏ်းများ၊ အမျိုးသားရေးဝါဒီများ
သိန်းစိန်အစိုးရအတွင်းက သဘောထားတင်းမာတဲ့ အုပ်စုများ က မြန်မာနိုင်ငံအတွင်း
မွတ်ဆလင်များကို စနစ်တကျ ဖြိုခွင်းသုတ်သင်ပစ်ပြီး သူတို့ရဲ့ အဓိပတိ
နာယကကြီး ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ ဆန္ဒအိပ်မက် “ဗုဒ္ဓဘာသာ
နိုင်ငံတော်” ထူထောင်ဘို့ စိုင်းပြင်းပါတော့တယ်။ ဒီဗျူဟာမှာ
ဒီအကြမ်းဖက်ခေါင်းဆောင်တွေဟာ သူတို့ရဲ့ သမန်လူထုကို- မွတ်ဆလင်တွေဟာ
ကမ္ဘာ့ဘုံရန်သူ ဖြစ်တယ်။ ငါတို့က မွတ်ဆလင်များကို သုတ်သင်ရှင်းလင်းပြနိုင်မှ
အမေရိကန်နဲ့ အနောက်နိုင်ငံများက ငါတို့ အပေါ်မှာ ယုံကြည်လာမယ်၊ ကူညီမှုတွေ
ရလာမယ်လို့ တစ်စိုက်မတ်မတ် မှိုင်းတိုက်ပေးခဲ့တယ်- နောက်ဆုံး -
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးကိုယ်တိုင်က ငါတို့ကို
ထောက်ခံတယ်၊ သူလည်း မကြာမှီ ဗုဒ္ဓ ဘာသာထဲကို ကူးပြောင်းတော့မယ်” ဆိုတဲ့ အထိ
ကြွားလုံးထုတ် ၀ါဒဖြန့်ခဲ့ပါတော့တယ်။ အမေရိကန်ကို ကယ်တင်ရှင်၊
ကူညီပေးမယ့်သူ လို့ ခံစားနေတဲ့ သာမန်ကျေးလက်ဒေသနေ မြန်မာနိုင်ငံသားတွေက
အမေရိ ကန် ကြိုက်ရင် ဘာမဆို လုပ်ပေးရ လုပ်ပေးရ ဆိုတဲ့
စိတ်နေကိန်းဝပ်နေမှုကို အမျိုးသားရေးဝါဒီ အကြမ်းဖက် ခေါင်းဆောင်များက
အမြတ်ထုတ်ခဲ့ခြင်း ဖြစ်တော့တယ်။
ဒုတိယ အနေနဲ့- ဗုဒ္ဓဘာသာ အစွန်းရောက်တွေနဲ့ အမျိုးသားရေးဝါဒီတွေဟာ သူတို့ရဲ့
အစဉ်အလာ သုံးနေကျ နည်းဟောင်း အတိုင်း မွတ်ဆလင် လူငယ်များက ဗုဒ္ဓဘာသာ
အမျိုးသမီးငယ်ကို မုဒိန်းကျင့် သတ်ဖြတ်ခဲ့တယ် လို့- ဖန်တီးလုပ်ကြံ
ဝါဒဖြန့်လိုက်တယ်။ (အမှန်မှာ အမျိုးသမီးငယ်ဟာ အခြား ရာဇ၀တ်ကောင်တစ်ဦးရဲ့
ဓါးပြ တိုက် သတ်ဖြတ်မှုကြောင့် သေဆုံးခြင်းသာ ဖြစ်တယ်။) ဒီလုပ်ကြံ
ဖန်တီးမှုဟာ မြန်မာနိုင်ငံအတွင်းရှိ မွတ်ဆ လင် အားလုံးကို
သုတ်သင်ရှင်းလင်းဘို့ သူတို့ရဲ့ အိုးအိမ်တွေကို အဓမ္မသိမ်းပိုက်ဘို့၊
သူတို့ရဲ့ အိမ်ယာတွေက မီးရှို့မောင်းထုတ်ဘို့- ပညာရည် ပြတ်လပ်နေပြီး
မွတ်ဆလင်တွေကို ဆန့်ကျင်တိုက်ခိုက်မှ အမေရိကန်က ငါတို့ကို ကြိုက်မယ်လို့
ခံစားနေတဲ့ လူထု အတွက် လုံလောက်တဲ့ အကြောင်းပြချက် ဖြစ်သွားခဲ့တယ်။
ဒါကြောင့် ဗုဒ္ဓဘာသာ အစွန်းရောက်များနဲ့ အမျိုးသားရေးဝါဒီတို့ရဲ့ ကြံစည်မှုဟာ
အထမြောက် အောင်မြင်သွားပြီး- ထောင် ပေါင်းများစွာသော မွတ်ဆလင်များ
အိုးအိမ်စွန့်ထွက်ပြေးခဲ့ရတယ်၊ ရာပေါင်းများစွာသော မွတ်ဆလင်များ သေ
ကြေပျက်စီးခဲ့ရတယ်။
နိုင်ငံတစ်ကာ အသိုင်းအ၀ိုင်းကြားမှာ ဆူပွက်ကုန်ပြီး ဒီကိစ္စကို ရပ်တန်းက
ရပ်ဘို့ တောင်းဆိုကြတဲ့အခါ- အစွန်း ရောက် အကြမ်းဖက်ဝါဒီတွေဟာ သူတို့ရဲ့
လှုပ်ရှားမှုကို အပေါ်ယံမှာ ရပ်တန့်ခဲ့ပြီး- သူတို့ရဲ့ လက်သပ်မွေး ဘုန်း
ကြီးများမှာတစ်ဆင့် ဘုန်းကြီး ကွန်ယက်များနဲ့ မွတ်ဆလင်
ဆန့်ကျင်မုန်းတီးရေးကို အဆက်မပြတ် လှုပ်ရှားနေ ခဲ့ပါတယ်။ ဒီအထဲမှာ
နာမည်ကျော် အလိုတော်ပြည့်ဆရာတော်၊ ရွှေည၀ါနဲ့ ၀ီရသူတို့က သူတို့ရဲ့
နောက်လိုက် ဗုဒ္ဓဘာသာဝင်များကို မွတ်ဆလင်မုန်းတီးစေဘို့ လူသိရှင်ကြား
ဆက်လက်လှုပ်ရှားနေခဲ့ပါတယ်။ ဘုန်းကြီး ရွှေည၀ါရဲ့ ၂၀၁၂ အောက်တိုဘာ ၂၈ နေ့တင်
youtube လှုံ့ဆော်မှုထဲမှာ- သူတို့ရဲ့ ဆရာတော်ကြီး အလိုတော် ပြည့်က သူတို့ရဲ့
မွတ်ဆလင်ဆန့်ကျင်ရေး လှုပ်ရှားမှုများနဲ့ စပ်လျှဉ်းပြီး အမေရိကန် အကြီးတန်း
ပုဂ္ဂိုလ်များနဲ့ ဆွေးနွေးခဲ့ကြောင်း- အမေရိကန်အကြီးတန်း
ပုဂ္ဂိုလ်များကိုယ်တိုင်က သူတို့ဘက်က ရပ်တည်နေကြောင်း- လူထုကို
လှည့်စားလိုက်ပြန်ပါတယ်။ ဒါဟာ ပညာလစ်လပ် မြန်မာလူထုအတွက် မွတ်ဆလင်ကို
သတ်ဖြတ်ဘို့ ထပ်ဆင့် အားဆေး တစ်ခွက် ပေးလိုက်ခြင်း ဖြစ်ပါတယ်။
နောက်တစ်ဘက်မှာ သူတို့အနေနဲ့ ပြည်တွင်း ပြည်ပ မီဒီယာ- မြန်မာဌာန များကို
စည်းရုံးသိမ်းသွင်းထားပြီး (သို့မဟုတ်) ဌာနမှာ လုပ်ကိုင်နေတဲ့
သူများကိုယ်တိုင်က သူတို့ အုပ်စုထဲဝင် ဖြစ်နေပြီး- မွတ်ဆလင်အပေါ်
အထင်အမြင်လွဲမှားစေမယ့် စကားလုံးမျာကိုသာ ရွေးချယ် ထုတ်လွှင့်ခဲ့ပြန်တယ်။
သူတို့ မီဒီယာတွေရဲ့ လေသံ အရ မြန်မာနိုင်ငံရှိ မွတ်ဆလင် အားလုံးဟာ
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ကျူးကျော်ဝင်ရောက်လာသူများ အဖြစ် လူထု ကြီးကို
ထင်ယောင်ထင်မှားတွေ ဖြစ်စေခဲ့တယ်။ ရခိုင်နယ်ရှိ မွတ်ဆလင်များကို
“ရိုဟင်ဂျာ” ဆိုတဲ့ စကားလုံးနဲ့ ထုတ်လွှင့်ဘို့ လုံးဝ ငြင်းဆန်ခဲ့တယ်။
နောက်ဆုံး မတတ်သာတော့မှ အလုပ်ပြုတ်မှာ စိုးလို့ “ရိုဟင်ဂျာ” ဆိုတဲ့
စကားလုံးကို သုံးနေရပေမယ့်- ရခိုင်နယ်မှာ ဖြစ်ခဲ့သမျှ အကြမ်းဖက်မှုများဟာ
မွတ်ဆလင်များကြောင့်လို့ စကား လုံးပေါင်းများစွာနဲ့ လှည့်ပတ် စွပ်စွဲ
ပြောဆိုခဲ့တယ်။ ဗွီအိုအေ၊ အာအက်ဖ်အေ၊ ဒီဗွီဘီ၊ ဘီဘီစီ များကိုသာ
အားကိုးအားထားပြု နားထောင်နေရတဲ့ မြန်မာလူထု အထင်မှာ မွတ်ဆလင်များက
ကျူးကျော်နယ်ချဲ့သူများ၊ အကြမ်းဖက်များ၊ ရာဇ၀တ်ကောင်များ၊ မိစ္ဆာဒိဌိများ-
အဖြစ် ပုံပေါ်စေဘို့ နည်းမျိုးစုံနဲ့ ထုတ်လွှင့်ခဲ့ကြတယ်။ မြန်မာနိုင်ငံ ရှိ
လူအများစုကြီးက အင်တာနက် လူမှုကွန်ယက်နဲ့ ပြတ်လပ်နေပြီး တစ်ဆင့်စကားနဲ့
ကမ္ဘာ့ အကြောင်း နားထောင်နေရတဲ့ ဘ၀ကို အကြီးအကျယ် အသုံးချခဲ့တဲ့ အပြင်-
မြန်မာလူထုအနေနဲ့ အမေရိကန် နိုင်ငံက ထုတ်လွှင့်တဲ့ မြန်မာဘာသာစကား
အသံလွှင့်မှုအားလုံးဟာ အမေရိကန်ရဲ့ သဘောထား ဖြစ်တယ်လို့ ထင်မြင်နေတဲ့ အပေါ်
မီဒီယာ အမြတ်ထုတ်ပြီး မွတ်ဆလင် ဆန့်ကျင်းရေး တိုက်ပွဲမှာ တစ်ဘက်တစ်လမ်းက
ပါဝင်နေခြင်းသာ ဖြစ်ခဲ့တယ်။
နောက်ဆုံး အမေရိကန် သမ္မတကြီးကိုယ်တိုင် မြန်မာပြည်ကို သွားပြီး ရိုဟင်ဂျာ
တွေကို လူ လိုဆက်ဆံဘို့ သတိပေးလိုက်တာကို မြန်မာသတင်းထုတ်လွှင့်သူများက
ပေါ်တင်ကြီး တည်းဖြတ် ဖယ်ထုတ်လိုက်ပါတော့ တယ်။ တစ်ကယ်လို့ အမေရိကန်
သမ္မတကြီးရဲ့ ပြောစကား အစအဆုံးကို မြန်မာပြည်သူများ သိသွားခဲ့ရင်-
မြန်မာပြည်သူများက ဒီလူယုတ်မာ အမျိုးသားရေး ၀ါဒီတွေ၊ သတင်းသမားတွေ
ငါတို့ကို လိမ်နေပါကလား- တစ်ကယ်တော့ မွတ်ဆလင်ကို ဖြစ်စေ၊ ဘယ်သူ့ကို ဖြစ်စေ
မတရား အနိုင်ကျင့် သတ်ဖြတ်နေမှုကို နိုင်ငံကြီး တွေက မကြိုက်ပါကလား” လို့
သတိရသွားမှာကို စိုးကြောက်နေတယ်- ဆိုတာ ပေါ်လွင်သွားပါတော့တယ်။
(မီဒီယာကျင့်ဝတ်ကို စော်ကားသူတွေ၊ အမေရိကန်နာမည်ကို သုံးပြီး မွတ်ဆလင်
သတ်ဖြတ်ဘို့ အားပေးခဲ့သူ တွေ၊ မိမိတို့ရဲ့ အကျင့်ကို မပြင်- မွတ်ဆလင်တွေကို
မတောင်းပန်ဘဲ- ဒီအတိုင်း ဆက်လက်ရပ်တည်နေရင် တစ် လ အတွင်း
အလုပ်ပြုတ်သွားရမှာပါ။)
ဌေးလွင်ဦး
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
မြန်မာမွတ်ဆလင် တန်းတူညီမျှ လှုပ်ရှားဆောင်ရွက်မှု အဖွဲ့
(အမေရိကန်ပြည်ထောင်စု)
ရိုဟင်ဂျာ၊ ဌေးလွင်ဦး
မြန်မာ ဗုဒ္ဓဘာသာ အစွန်းရောက်များနဲ့ မျက်ကန်း အမျိုးသားရေးဝါဒီများ
ဇွတ်ခံငြင်းနေတဲ့ အမည်နာမ “ရိုဟင်ဂျာ” ကတော့- ကမ္ဘာ့ဇာတ်ခုံပေါ်မှာ
မင်းသားနေရာက ဖြစ်နေပါပြီ။ “ရိုဟင်ဂျာ” ဆိုတဲ့ အမည် နာမကို ငြင်း
ဆန်သူတိုင်း- ကမ္ဘာအလယ်မှာ
လူယုတ်မာ အဖြစ်၊ အကြမ်းဖက် လူသတ်တရားခံအဖြစ်၊ ကမ္ဘာ့လူသားတို့ရဲ့
အော့နှလုံးနာစရာ လူသား အဖြစ်- ထင်ထင်ရှားရှား အရောင်ပေါ်လာပါတော့တယ်။
တစ်ကယ်လည်း ရိုဟင်ဂျာက ရိုဟင်ဂျာပါပဲ။ ရိုဟင်ဂျာတွေဟာ-
ကမ္ဘာ့နိုင်ငံတိုင်းမှာ ပျံ့နှံ့နေ သလို- မြန်မာနိုင်ငံရဲ့
လူမျိုးတိုင်းကြားမှာလည်း အနည်းနဲ့အများ ရှိနေပြီးသား ဖြစ်နေပါပြီ။
ဒါဟာလည်း ရိုဟင်ဂျာတို့အား မတော် မတရား ဖိနှိပ်ညှင်းပန်း သတ်ဖြတ်
မောင်းထုတ်ခဲ့တဲ့ အမျိုးသားရေးဝါဒီ စစ်အာဏာရှင် အဆက်ဆက်တို့ရဲ့ ကျေး
ဇူးကြောင့်လို့ ပြောရမှာပါ။
ရိုဟင်ဂျာတွေဟာ ဘယ်ဆီကိုရောက်ရောက်- သူတို့ကိုယ်သူတို့ “ရိုဟင်ဂျာ”
လူမျိုးဆိုတဲ့ နာမည်ကို ခုံခုံမင်မင်နဲ့ ဖက်တွယ်ပြီး ရပ်တည်နေပါတယ်။
သူတို့ရဲ့ သားသမီးတွေက ပြင်သစ်စကား၊ ဂျာမဏီစကား၊ စပိန်စကား၊ နော် ဝေးစကား၊
အင်္ဂလိပ်စကား၊ အူရ်ဒူစကား၊ ဟင်ဒီစကား၊ ဘန်ဂါလီစကား၊ မလေးစကား၊ ထိုင်းစကား၊
အာရဗ် စကား- စတဲ့ ကမ္ဘာ့နိုင်ငံတိုင်းရဲ့ ဘာသာစကားများနဲ့
ကြီးပြင်းခဲ့ရပေမယ့်- သူတို့ ကိုယ်သူတို့ “ရိုဟင်ဂျာ” ဆိုတဲ့ ဂုဏ်နဲ့ပဲ
ရပ်တည်နေပါတယ်။ နိုင်ငံကြီး အတော်များများမှာ ပညာတတ်တွေ၊ ပညာရှင်တွေ၊
ကြေးရည်တတ် တွေ၊ ငွေရှင်ကြေးရှင်တွေ- လူရာဝင်သူတွေ အများကြီး
ရှိနေခဲ့ပါပြီ။ ဒါပေမယ့် သူတို့ကိုယ် သူတို့ “ရိုဟင်ဂျာ” လူမျိုး ဆိုတဲ့
ဂုဏ်နာမနဲ့ပဲ ရပ်တည်နေကြပါတယ်။
အကယ်၍ သူတို့ဟာ မြန်မာ အယူသည်း မျက်ကန်းများ စွပ်စွဲသလို ဘင်္ဂလီ လူမျိုး
ဖြစ်ခဲ့မယ် ဆိုရင်- သူတို့ ရောက်ရာ နိုင်ငံတိုင်းမှာ သူတို့ကိုယ်သူတို့
ဘန်ဂါလီလို့ ခံယူပြီး အခြားသော ဘင်္ဂလားဒေ့ရှ် လူမျိုးများနဲ့ ရော နှော
ပျောက်ကွယ်သွားခဲ့မှာ သေချာတယ်။ အနီးစပ်ဆုံး ထိုင်းနိုင်ငံကို ကြည့်ပါ။-
ထိုင်းမြန် မာနယ်စပ် မြို့ မဲဆောက်မှာ ဘင်္ဂလားဒေ့ရှ်တန်းလျှား ဆိုတဲ့
မွတ်ဆလင်အများစု နေထိုင်ရာ ရပ်ကွက် တစ်ခုရှိတယ်။ ဒါပေမယ့် အဲ့ဒီရပ်ကွက်မှာ
နေထိုင်တဲ့ လူတွေက ရခိုင်နယ်က လာတဲ့ ရိုဟင်ဂျာတွေ မဟုတ်ဘူး။ မဲဆောက်မှာ
ရှိနေတဲ့ ရိုဟင်ဂျာတွေက သူတို့ကိုယ်သူတို့ ဘင်္ဂလီလို့ မခံယူဘဲ ရိုဟင်ဂျာ
ဆိုပြီး သီးခြားရပ်တည်နေတယ်။ သူတို့ကို တစ်ခြားသူတွေက အာရ်ကန် လို့
ခေါ်ကြတယ်။ (အာရ်ကန် Arakan ဆိုတာ ရခိုင်နယ်ရဲ့ သမိုင်းစဉ်ဆက် အမည်နာမ
ဖြစ်ပါတယ်။ Rakhine လို့ စတင်ခေါ်လာခဲ့တာ- ၁၉၉၀ နောက်ပိုင်း
စစ်အစိုးရလက်ထက်မှ အမည် ပြောင်းလိုက်ခြင်းပါ။ မြန်မာလို ရခိုင် ပြည်နယ်
ဆိုတာ ကတော့ ဦးနေ၀င်းလက်ထက် ၁၉၇၅ ခုနှစ်မှ စတင်ခေါ် ခဲ့တာပါ။)
မလေးနိုင်ငံမှာလည်း “ရိုဟင်ဂျာ”တွေက ဘင်္ဂလီနဲ့ သီးခြား ရပ်တည်ပါတယ်။
အမေရိကန်နိုင်ငံမှာလည်း သီးခြား ရပ်တည်ပါတယ်။ တစ်ကယ်လို့ ရိုဟင်ဂျာ တွေသာ
ဘင်္ဂလီ ဖြစ်နေရင်- နိုင်ငံရပ်ခြား လွတ်လပ် ရာ နိုင်ငံတွေမှာ ရောသွားလောက်ပြီ
ဖြစ်ပါတယ်။
ဒီနေ့ မြန်မာနိုင်ငံမှာ “ရိုဟင်ဂျာ” ဆိုတာ အမည်နာမအားဖြင့် ထိန်ချန်
ဖျောက်ဖျက်ခံထားရတဲ့ အမည်နာမ သာ ဖြစ်ပါတယ်။ လူတွေကိုတော့ ဘယ်လိုမှ
ဖျောက်ဖျက်လို့ မရသေးလို့ ကျန်နေတာ သေချာပါတယ်။ အဲ့ဒီ ရိုဟင်ဂျာ လိုတဲ့
လူသားတွေက အစ္စလာမ်သာသနာကို ကိုးကွယ်လို့ ဘာသာရေး အရ နှိပ် ကွပ်နေခြင်းသာ
ဖြစ်ပါတယ်။ ဒါကို မြန်မာအစိုးရက ဘယ်လိုလိမ်လိမ် ကမ္ဘာက သိနေပါတယ်။
ရိုဟင်ဂျာများက ရခိုင်နယ်မှာ သမိုင်းမှတ်တမ်းအရ ရှေးအကျဆုံး လူမျိုးနွယ်စု
ဖြစ်ပါတယ်။ (သမိုင်းမတွင်မှီ လွန်ခဲ့တဲ့ နှစ်ပေါင်း လေးထောင်ကျော်ကို
မသိပါ။) ဒီအတွက် ကျွန်တော်ရေး တဲ့ ဆောင်းပါး တိုင်းမှာ လို ဖေါ်ပြ ပြီး၊
သက်သေပြပြီးလည်း ဖြစ်ခဲ့ပါတယ်။
ဒီရှေးကျတဲ့ လူမျိုးစုဟာ- မာဂဓ အင်ပါယာတွင်းမှာ သူတို့ကိုလွှမ်းမိုးရာ
ဟိန္ဒူဘာသာ၊ ဗုဒ္ဓဘာသာများကို ကူး ပြောင်းခဲ့ပါတယ်။ သူတို့ကို လွှမ်းမိုးရာ
ရှေးဟောင်း မာဂဓခေတ်သုံး ဘင်္ဂလီစကားနဲ့ စာပေကို သုံးစွဲခဲ့ပါတယ်။
နောက်ပိုင်း အစ္စလာမ်သာသနာ ရောက်လာတော့ သူတို့ထဲက လူများစုကြီးက အစ္စလာမ်
သာသနာကို ကူး ပြောင်းခဲ့ပါတယ်။ အစ္စလာမ်သာသနာကို မကူးပြောင်းဘဲ
ကျန်နေခဲ့သူများကို မြန်မာကြီး လူမျိုးလို့ ခေါ်နေပါ တယ်။
(ရခိုင်ဘာသာစကားနဲ့ မာရ်မာကီး- ဆိုတာ မြန်မာကြီး ဆိုတဲ့ စကားလုံးဖြစ်
ပါတယ်။) အဲ့ဒီ မြန်မာကြီး ဆိုတဲ့ စကားက မြန်မာတို့ ထက် ရှေ့ကျသော၊ ရှေ့အကျ
ဆုံးသော မြန်မာလူမျိုး လို့ အဓိပ္ပါယ်ကို ပေးကြောင်း-
ရခိုင်သမိုင်းပညာရှင်တိုင်း လက်ခံထားပြီးလည်း ဖြစ်ပါတယ်။
ဒီလို ရှေးဟောင်း မာဂဓ အင်ပါယာသုံး ဘန်ဂါလီ စကားကို ပြောဆိုတဲ့ လူမျိုးထဲက
ဗုဒ္ဓဘာသာ အဖြစ်ကျန်နေ သူကို မြန်မာကြီး (မြန်မာတို့ထက် ရှေ့ကျသော
လူမျိုး)လို့ အသိအမှတ်ပြုထားပြီး-၊ အဲ့ဒီ ဘာသာစကား၊ အဲ့ဒီ ရုပ်ရည်၊ အဲ့ဒီ
ယဉ်ကျေးမှုအတိုင်း လုံးဝမလွဲတဲ့ လူတစ်မျိုးတည်း လူမျိုးစုက အစ္စလာမ်ကိုး
ကွယ်လိုက်တော့မှ မြန်မာတို့ထက် အလွန့်အလွန် နောက်ကျပြီး- ဟိုတစ်နေ့ ကမှ
မြန် မာနိုင်ငံ ထဲကို ရောက်လာသလို စွပ်စွဲနေခြင်း ဟာ လူမျိုးနဲ့ ဘာသာ
မှားယွင်းနေခြင်း သို့မဟုတ် ဘာ သာရေး အ ရ ခွဲခြားခြင်းသာ ဖြစ်ကြောင်း
ထင်ရှားနေပါ တယ်။
အခုအချိန်မှာ ဘယ်လိုမှ လိမ်လို့ မရနိုင်တော့ပါ။ လိမ်လေ အရှက်ကွဲလေ
ဖြေရှင်းရခက်လေ ဘ၀ ကို မြန် မာ ပညာ ရှင်ခံယူထားသူတွေ ကြုံလာရပါတော့မယ်။
မျက်ကန်း အမျိုးသားရေးဝါဒီတွေ ဘာသာရေး အစွန်းရောက် တွေ ဘေးကြုံရမယ့် ကာလကို
ရောက်လာပါတယ်။
မြန်မာကြီးနဲ့ ရိုဟင်ဂျာ- အပြန်အလှန် ဆင်ခြင်ကြည့်ပါ။ အကယ်၍ ရိုဟင်ဂျာ
တစ်ဦးက ဒီနေ့ ဗုဒ္ဓဘာသာကို ကူး ပြောင်း သွားမယ် ဆိုရင်- သူဟာ ဒီနေ့ချင်းပဲ
မြန်မာတို့ထက် ရှေးကျတဲ့ “မြန်မာကြီး” လူမျိုး ဖြစ် သွားမယ်။ အဲ့ဒီ
မြန်မာတို့ထက် ရှေ့ကျတဲ့ မြန်မာကြီး (မာရ်မာကီး) လူမျိုးတစ်ဦးက ဒီနေ့ပဲ
အစ္စလာမ်သာ သနာကို ကူးပြောင်း လိုက်မယ် ဆိုရင် သူဟာ မနေ့ကမှ ဘင်္ဂလားဒေ့ရှ်က
ရောက်လာတဲ့ ကျူးကျော်သူ တစ်ဦး အဖြစ် ဖြစ်သွားမယ်။ ဒီလိုခံယူနေမှု-
ခံစားနေမှုဟာ ပကတိ အမှန်တရား ဖြစ်ပါသလား။ လူတစ်ဦး တည်း မှာကိုယ် ဗုဒ္ဓဘာသာ
နဲ့ အစ္စလာမ်ဘာသာ ဆိုတဲ့ ခံယူမှု တစ်ခုအရ- သူဟာ ဗုဒ္ဓဘာသာကို ကိုးကွယ် ရင်
သူ့ကို အသက် ၁၀၀၀ ကျော် (မြန်မာ နိုင်ငံ မထူထောင်မှီကာလ) လို့ သတ်မှတ်ပြီး၊
အစ္စ လာမ် ကို ကိုးကွယ်ရင် သူဟာ မနေ့ကမှ မွေးတဲ့ ပုခက်ထဲက ကလေးလို့
သတ်မှတ်လိုက် သလို ဖြစ်နေ ပါတော့တယ်။
ဒါဆိုရင် ဒီနေ့ ရိုဟင်ဂျာတွေကို ဘင်္ဂလီ လို့ စွပ်စွဲနေတာ၊ လူကြောင့်လား၊
ကိုးကွယ်ရာ ဘာသာကြောင့် လား- ဆိုတာ ပညာရှင်များ ဆင်ခြင်တတ်မှာပါ။---။
ဘယ်လိုဆင်ခြင် ဆင်ခြင်၊ ဘယ်လိုငြင်းငြင်း--“ရိုဟင်ဂျာ”ကတော့ ရိုဟင်ဂျာပါပဲ။
ရိုဟင်ဂျာ ဆိုတဲ့ ဝေါဟာ ရကို မုန်းတီး လွန်းတယ် ဆိုရင်လည်း---၊
“ရှေးဟောင်းမြန်မာ” လူမျိုးလို့သာ အမည်ပေးဘို့ ဖြစ်နေပြီ။
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
မြန်မာမွတ်ဆလင် တန်းတူညီမျှ လှုပ်ရှားဆောင်ရွက်မှု အဖွဲ့
အမေရိကန်
မွတ်စလင်မ်များ ပါးပါးနပ်နပ်နေပါ၊ ဌေးလွင်ဦး
မြန်မာသမိုင်း အဆက်ဆက် ငါတို့တွေ တာဝန်ကျေခဲ့ပြီ။ နိုင်ငံအတွက်
တာဝန်ကျေခဲ့တဲ့ ငါတို့ကို ဘယ်စဉ်ကမှ ကျေးဇူးမသိတတ်ခဲ့၊ မျက်နှာမထောက်ခဲ့၊
ငါ တို့ကို မနာလို ရန်ရှာ မုန်တီးကြတဲ့အခါ- ဒုက္ခအတွင်းမှာ ငါတို့ကို ရဲ
ဘော်ရဲဘက်တွေပါလို့ ပြောခဲ့သူတွေကိုယ်တိုင် ငါတို့ကို
သတ်ဖြတ်မောင်းထုတ်ဘို့ ပြန်လည် ဦးဆောင်ခဲ့ကြ တယ်။ ဒါတွေကို ငါ တို့ အစဉ်
သတိရနေဘို့ လိုပါတယ်။
အခုကာလမှာ မြန်မာနိုင်ငံဟာ လွန်ဆွဲပွဲ ကြီးမားနေတယ်။ နိုင်ငံတစ်ခု
တိုးတက်ပြောင်းလည်းစေဘို့ နိုင်ငံရေး ၀ါဒ နိုင်ငံရေး စနစ်အတွက်
လွန်ဆွဲနေခြင်း မဟုတ်ဘဲ အာဏာအတွက် လွန်ဆွဲနေခြင်းသာ ဖြစ်နေတယ်။ ဒါ တွေကို
ငါတို့ သတိထားမိဘို့ လိုပါတယ်။ အာဏာလွန်ဆွဲပွဲ နှစ်ဘက်လုံးက လူထုကို
သုံးတယ်၊ သင်္ကန်းဝတ် များကို သုံးတယ်၊ ပြုပြင်ပြောင်းလဲရေး ဆိုတဲ့
စကားလုံးကို ငယ်သံပါအောင် အော်ဟစ်သုံးစွဲတယ်။ ဒါတွေကို ငါတို့
ဆင်ခြင်တတ်ဘို့ လိုတယ်။
ပြုပြင်ပြောင်းလဲရေးကို စတင် လုပ်ဆောင်တော့မယ် ဆိုတဲ့ စကားတစ်ခွန်း
စပြောကတည်းက အခုထိ တစ်နှစ် တောင် မပြည့်သေးဘူး- မြန်မာနိုင်ငံအတွင်းမှာ
ဆန္ဒပြပွဲ အကြိမ်ပေါင်း ရာနဲ့ချီ ဖြစ်ခဲ့ပြီ။ တရုတ်စီးပွား မောင်း
ထုတ်ပွဲကြီး ဖြစ်ခဲ့ပြီ။ မွတ်ဆလင် မျိုးဖြုတ်ကြံစည်မှုကြီး ပေါ်ခဲ့ပြီ။
ဒါတွေအားလုံးကို နိုင်ငံရေး အာဏာလု အဖွဲ့ အစည်းများအားလုံးက လှလှပပ
သုံးခဲ့ကြတယ်။ ပါဝင်ပတ်သက်ခဲ့ကြတယ်။
သာမန်စက်ရုံ အလုပ်ရုံ ဆန္ဒပြပွဲလေးများမှာ- အာဏာရ အစိုးရဘက်က- “ငါတို့
ခေတ်မှာ လွတ်လပ်စွာ ဆန္ဒပြ ခွင့်ရှိတယ်၊” လို့ သက်သေပြပြီး နိုင်ငံရေး
အမြတ်ထုတ်ဘို့ ကြိုးစားခဲ့သလို၊- အတိုက်အခံများဘက်ကလည်း ဒီ ဆန္ဒပြပွဲသေးသေး
လေးများမှ တစ်ဆင့် ပြည်လုံးကျွတ်ဆန္ဒပြပွဲကြီး တည်ဆောက်ပြီး- လွှတ်တော်ထဲက
စစ်တပ် နေရာ ၂၅ % ကို မောင်းထုတ်ဘို့ နည်းမျိုးစုံ ကြံစည်ပတ်သက်ခဲ့တယ်။
တရုတ်စီးပွား မောင်းထုတ်ဘို့ ဆန္ဒပြပွဲကြီးနှစ်ခုမှာ မြစ်ဆုံ ကိစ္စကို အာဏာရ
အစိုးရက နာမည်ယူဘို့ အချိန်မှီ သွားခဲ့တယ်။ အတိုက်အခံဘက်က
ခြေတစ်လှမ်းနောက်ကျသွားခဲ့တယ် ဆိုရပါမယ်။ အခု လက်ပန်တန်းတောင်
ကြေးနီမိုင်းကိစ္စ-၊ ဒီကိစ္စ လိပ်ခဲတင်းတင်း ဖြစ်နေချိန်မှာ ရခိုင်နယ်က
မွတ်ဆလင် မျိုးပြုတ်သုတ်သင် မောင်း ထုတ်ပွဲကြီး ဖြစ်သွားခဲ့တယ်။ ဒီအထဲမှာ
ထဲထဲဝင်ဝင် ပတ်သက်သူများက အမျိုးသားရေးဝါဒီများ ဖြစ်ခဲ့တယ်။ ဒီကိစ္စမှာ
အမျိုးသားရေးဝါဒီများ ဘက်က အာဏာရ အစိုးရနဲ့ အတိုက်အခံအားလုံး အမှန်အမှား
မရှိ တစ်သံ တည်း ပြိုင်တူ ရပ်တည်ခဲ့တယ်။ ပါဝင်ပတ်သက်ခဲ့တယ်။ “ဘာသာရေး
ပဋိပက္ခ မဟုတ်ရပါ၊ ကျွန်ုပ်တို့ ပါဝင် ပတ်သက်ခြင်း မရှိရပါ”လို့ ကမ္ဘာကို
ပတ်လိမ်နေခဲ့တဲ့ အာဏာရ အစိုးရနဲ့ အတိုက်အခံ အားလုံးဟာ အမှန် တရားထက်
တိုင်းပြည်ရဲ့ လူများစု ဖြစ်တဲ့ ဗုဒ္ဓဘာသာများက - ၂၀၁၅ ရွေးကောက်ပွဲမှာ
ငါတို့ကို မဲမပေးတော့မှာ ကြောက်တယ်ဆိုတဲ့ စိတ်နဲ့ ကြားဝင်ဖြေရှင်းပေးမယ့်သူ
မရှိ တစ်ဘက်သတ် သတ်ဖြတ်မီးရှို့မောင်းထုတ်နိုင် အောင် အားပေးခဲ့တယ်။
တစ်ကယ်လို့ ဘာသာရေး ပဋိပက္ခမဟုတ်ခဲ့ဘူး ဆိုရင် သင်္ကန်းဝတ်တွေက
မြို့တိုင်းလမ်းတိုင်းမှာ ပြောင်ပြောင် လက်လက်၊ ရဲရဲတွတ်တွတ် ဖြစ်သွားအောင်
“No Rohingya” “Muslims Terrorists” ဆိုပြီး ဆန္ဒပြကြခဲ့ကြ တာလဲ။
အတိုက်အခံခေါင်းဆောင်တွေက ဒီကိစ္စမှာ ကျွန်ုပ်တို့ ကြားဝင်
ဖြန်ဖြေပေးပါမယ်လို့ ဘာဖြစ်လို့ ၀င် မပြောခဲ့တာလဲ။ အဖြေက ရှင်းလင်းလှပါတယ်။
သင်္ကန်းဝတ်တွေ ငြိုငြင်မှာကို ကြောက်လို့၊ ဗုဒ္ဓဘာသာထုကြီး ငြိုငြင်မှာကို
ကြောက်လို့- ဖြစ်ပါတယ်။ တစ်ကယ်လို့ ဘာသာရေး နှိပ်ကွပ်မှုကြီး မဟုတ်ဘဲ
လူမျိုးစု နှစ်စု ဖြစ်တဲ့ ကိစ္စ ဆိုရင်- (အဲ့ဒီ လူမျိုးစု နှစ်စုနဲ့
မသက်ဆိုင်တဲ့) ဘယ်သင်္ကန်းဝတ်၊ ဘာသာကိုမှ မျက်နှာထောက်နေစရာ မလိုဘဲ-
ဝင်ဖြေရှင်းရဲမှာ သေချာနေပါတယ်။-
လက်ပန်းတောင် ကြေးနီမိုင်း ကိစ္စ- ဆန္ဒပြသူများက ကြီးထွားလာတယ်၊ ကိုယ့်တရား
ကိုယ်မကျင့် အလုပ် အားနေတဲ့ ပါလေရာ သင်္ကန်းဝတ် တွေကလည်း ပါဝင်ပတ်သက်လာတယ်။
အတိုက်အခံများဘက်ကလည်း ဒီ ကိစ္စကို အမိအရ ကိုင်တွယ်ပြီး ပြည်လုံးကျွတ်
ဆန္ဒပြပွဲကြီး ဖန်တီးဘို့ ကြိုးစားနေတယ်။ မွတ်ဆလင်များကို သတ်ဖြတ်
မောင်းထုတ်စဉ် အမှန်အမှား မကြည့် ဗုဒ္ဓဘာသာများ ဘက်က ရပ်တည်ပေးခဲ့လို့
သူတို့ကို လူထုက ခိုင်မာစွာ ထောက်ခံမယ်လို့လည်း ဘ၀င်လေဟပ်နေကြတယ်။
သူတို့လုပ်သမျှ ကမ္ဘာက ထောက်ခံမယ်လို့ လည်း စိတ်ကူးယဉ်နေကြတယ်။ (ကမ္ဘာ့ ဥပဒေ
အရ မောင်းထုတ်ခွင့် မရှိပါ၊ ပြေလည်အောင်သာ ညှိနှိုင်းရပါ မယ်။ ဒါကြောင့်
ကမ္ဘာက ပါဝင်ပတ်သက်စရာ အကြောင်းမရှိဘူး)- ပြည်လုံးကျွတ်ဆန္ဒပြပွဲကြီးနဲ့ အတူ
၂၀၀၈ ဖွဲ့စည်းပုံကို ပြင်မယ်၊ စစ်တပ်ကို လွှတ်တော်ထဲက အပြီး
မောင်းထုတ်ပစ်မယ်လို့ စီမံချက်တွေ ချနေကြတယ်။
၂၀၀၈ ဖွဲ့စည်းပုံကို ငါလည်း မထောက်ခံဘူး။ ဒါပေမယ့်- ၂၀၀၈ ဖွဲ့စည်းပုံကို
ပြင်မယ့် ကိစ္စက နိုင်ငံရေးအရ တစ်ဆင့်ချင်း သွားရမယ့် ကိစ္စသာ ဖြစ်တယ်။
ဒီလိုမှ မဟုတ်ဘဲ လူထုကို သုံးလိုက်၊ အလုပ်အားနေတဲ့ လပ်ယားလပ်ယား
သင်္ကန်းဝတ်များကို ပွဲထုတ်လိုက်၊ မွတ်ဆလင်များကို မုန်းပြလိုက်-၊
မျောက်ဇတ်ခင်းနေခြင်း ဟာ တိုင်းပြည် အတွက် အကျိုးမရှိဘူး။
(မြန်မာနိုင်ငံရေးသမားတွေ- အာဏာသာ မက်ပြီး- ဗဟုသုတ မရှိ ကြောင်း
သက်သေပြသလို ဖြစ်နေတယ်။)
အဓိက အချက်က- သူတို့ဟာ သူတို့ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ပြင်၊ ၇၄
ဖွဲ့စည်းပုံကိုပဲ ပြင်ပြင်- မွတ်ဆလင်တွေ အတွက် ဘာဆို ဘာမှ အကျိုးမပေးဘူး။
သူတို့ပါးစပ်က ဒီမိုကရေစီ လို့ အော်နေပေမယ့်- နှလုံးသားထဲမှာ နာဇီ ၀ါဒ
အကြီးအကျယ် အမြစ်တွယ်နေတယ်။ အမြစ်တွယ်နေတဲ့ နာဇီ ၀ါဒကို ပြုပြင်မယ်ဆိုတဲ့
စိတ် သူတို့မှာ ရှိ မနေခဲ့ဘူး။ ပြည်တွင်းပြည်ပ နိုင်ငံရေး မျိုးဆက်ထဲက
အများစုကြီးလည်း ဒီမိုကရေစီ ဆိုတာကို သေချာအောင် ဘယ်တုံးကမှ မလေ့လာခဲ့ဘူး။
၈၈ က ထွက်လာခဲ့တဲ့ ကျောင်းသား အများစုကြီးကိုယ်တိုင်- စစ်အစိုးရကို မုန်း
တီးနေတဲ့ အမုန်းတရားစိတ်သက်သက်ကို သက်ဆိုးရှည်အောင် လေ့ကျင့်နေရင်းသာ
သူတို့ရဲ့ အချိန်တွေကို ကုန်ဆုံးသွားစေခဲ့တယ်။ ဘာဗဟုသုတမှ လေ့လာခြင်း-
စိတ်ဓါတ်ပြုပြင်ခြင်း မရှိခဲ့ဘူး။ (အမုန်းတရားနဲ့ ဖြစ် သင့်တာကို ခွဲခြား
သိမြင်နိုင်အောင် လေ့လာခဲ့သူ ရာနှုန်း အလွန့်အလွန်နည်းပါးလှပါတယ်။)
ခေတ်အဆက်ဆက် အာဏာရှင် တော်လှန်ပွဲတိုင်းမှာ မွတ်ဆလင်တွေကို
ညီအစ်ကိုတွေရယ်လို့ မြှူဆွယ်ခဲ့ တယ်၊ စည်းရုံးခဲ့တယ်၊
မျက်နှာချိုသွေးခဲ့တယ်။- ဒီအကြိမ်မှာလည်း သူတို့မနိုင်ရင် မွတ်ဆလင်တွေကို
စည်းရုံးဦး မှာ သေချာနေတယ်။ မွတ်ဆလင်တွေ လိမ်မာပါးနပ်ဘို့ လိုပါတယ်။
ဘယ်အာဏာလုပွဲမှာမှ ၀င်ရောက် မပတ် သက်ဘို့ လိုပါတယ်။ ဘယ်စနစ်နဲ့
တိုင်းပြည်တည်တည်- မွတ်ဆလင်များ အနေနဲ့ မိမိရဲ့ နိုင်ငံသား အခွင့်အရေး၊
တန်းတူညီမျှ အခွင့်အရေး အတွက်ပဲ စဉ်းစားစေလိုတယ်။ ဒီမိုကရေစီ စနစ်နဲ့
ဒီမိုကရေစီက ပေးထားတဲ့ စီးပွား ရေး လုပ်ပိုင်ခွင့်၊ နိုင်ငံရေး
လုပ်ပိုင်ခွင့်၊ လူမှုရေး လုပ်ပိုင်ခွင့်၊ တရားရေး လုပ်ပိုင်ခွင့် တွေကို
တတ်နိုင်သမျှ လေ့ လာနေဘို့ လိုပါတယ်။ ဆန္ဒပြနေခြင်းနဲ့ အချိန်တွေကို
မဖြုန်းတီးပစ်ဘို့လည်း လိုပါတယ်။
နောက်ဆုံး ပြောလိုတာက မတရားမှုကို တော်လှန်လိုရင်- မတရားမှု ဆိုတာဘာလဲလို့
သိအောင် အရင် လေ့ လာပါ။ နေရာတိုင်းမှာ ဆန္ဒပြနေခြင်းဟာ တရားမှု မဟုတ်ပါ။ ငါ-
မကျေနပ်တဲ့ သူက ဘာလုပ်လုပ် အဲ့ဒါဟာ မတရားမှုပဲလို့ မြင်နေခြင်းဟာလည်း တရားမှု
မဟုတ်ပါ။ “ဒီတစ်ကြိမ် ပွဲကြီးမှာ ငါ ၀င်နွှဲလိုက်ရင်၊ ငါ့ကို သူတို့
ကြည်ဖြူလာမလား” ဆိုတဲ့ မှားတဲ့ စိတ်ကူး လုံးဝ မမွေးမိပါစေနဲ့၊
မုတ်ဆိတ်တစ်ဖုတ်ကြီးထားပြီး၊ မိမိ မုတ်ဆိတ် မိမိ အားမနာဘဲ-
သင်္ကန်းဝတ်တစ်ယောက်ယောက်ကို လက်ချင်းချိတ်- ပါလေရာ လိုက်လုပ်နေခြင်းဟာ- ဘာ
သာရေး မဟုတ်သလို၊ နိုင်ငံရေးလည်း မဟုတ်ပါ။ မြန်မာ မီဒီယာတွေမှာ ဓါတ်ပုံ
တစ်ပုံလောက် ပါကောင်း ပါနိုင်ပါတယ်။ ဒါပေမယ့် ကမ္ဘာက ဘယ်သူမှ
အသိအမှတ်မပြုပါ။ (မုန်းတောင် မုန်းလိုက်သေးတယ်။)
မွတ်ဆလင်များ ရေရှည်ကို တွေးပါ။ ရှေးဟောင်းနောက်ဖြစ်များကို ဆင်ခြင်ပြီး-
လိမ္မာပါးနပ်စွာ နေထိုင်တတ် အောင် ကြိုးစားပါ။ လာမယ့် အာဏာလုပွဲများမှာ
မပါဝင်လို့- မွတ်ဆလင်တွေ မြန်မာ့သမိုင်းမှာ တာဝန်မကျေခဲ့ ဘူးလို့
ပြောနိုင်မယ့်သူ မရှိဘူး။ ငါတို့-- တာဝန်ကျေခဲ့ပြီးပြီ။
ဌေးလွင်ဦး
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
မြန်မာမွတ်ဆလင် တန်းတူညီမျှ အခွင့်အရေး လှုပ်ရှားဆောင်ရွက်မှု အဖွဲ့
အမေရိကန် ပြည်ထောင်စု
မေတ္တာရှင်ဘွဲ့ကြီး၊ ဌေးလွင်ဦး
ကမ္ဘာမှာ ဘယ်လူမျိုးစုဟာ နှိပ်စက်ညှင်းပန်းအခံရဆုံးလဲလို့- The Most Persecuted People In The World
လို့ Google Search မှာ ရိုက်ကြည့်လိုက်တော့- “ရိုဟင်ဂျာ” လူမျိုး
ဖြစ်တယ်လို့ ကမ္ဘာ့ ကုလသမဂ္ဂက တရားဝင် ပြောထားကြောင်းကို သွားတွေ့ရတယ်။ ဒီမှာ
ကုလသမဂ္ဂက ရိုဟင်ဂျာတွေကို One of the most persecuted people of the world
လို့ သုံးထားတော့- One of ဆိုတဲ့ စကားအရ အခြားအုပ်စုများလည်း
ရှိနိုင်သေးတယ်၊ ဒီတော့ အခြားဘယ်သူတွေများ ဖြစ်သလဲ ဆက်ရှာကြည့်မိတယ်။
အဲ့ဒီလူမျိုးစုများက ဘယ်သူ တွေလဲ၊ ဘယ်နိုင်ငံမှာလဲ- ထပ်ပြန်တစ်လဲလဲ
ရှာမိပြန်ပါတယ်။ မတွေ့ရတော့ပါ။ ဒီတော့မှ- One of ဆိုတဲ့ စကားလုံး သံတမန်
စကားလုံးအားဖြင့် ပြေပြစ်မှု ရှိအောင် အခြားသူများလည်း အရင်ခေတ်ကာလများက
ရှိခဲ့ တဲ့ပုံစံမျိုး ပြောခြင်းသာ ဖြစ်ပြီး- ဒီခေတ်ဒီကာလကြီးမှာတော့
အညှင်းပန်း၊ အနှိပ်စက် အခံရဆုံး လူမျိုးစုက “ရိုဟင်ဂျာ” တစ်မျိုးတည်းပဲ
ဖြစ်နေတာကို တွေ့လိုက်ရပါတယ်။ ရှေးနှစ်ပေါင်းများစွာက အတိတ်ရာဇ၀င်မှာ တော့
ဂျာမဏီမှာ ဂျူးလူမျိုးတွေကို နှိပ်စက်ညှင်းပန်းခဲ့တယ်၊ ဥရောပမှာ
အိန္ဒိယမြောက်ပိုင်းက ပြောင်းရွှေ့သွား တဲ့ ရောမ ပန်ဂျာပီ မျိုးနွယ်တွေ
နှိပ်စက်ညှင်းပန်းခံခဲ့ရပါတယ်။
ဘာသာတရားအားဖြင့် အညှင်းပန်းခံရဆုံးက နံပါတ်တစ် ခရစ်ယာန်၊ နံပါတ်နှစ် မွတ်ဆလင်၊ နံပါတ်သုံး ဂျူး တို့ ဖြစ်ပြီး- အဲ့ဒီ ဘာသာတရားတွေကို ညှင်းပန်းနှိပ်စက်တဲ့ နိုင်ငံများထဲမှာ တရုတ်၊ မြောက်ကိုးရီးယား၊ အိန္ဒိယနဲ့ သီရီလင်္ကာတို့က ရှေ့ဆုံးက ပြေးနေတာကို တွေ့လိုက်ရပြန်ပါတယ်။ သီရီလင်္ကာမှာ ခရစ်ယာန် ဘုရားကျောင်း ပေါင်းများစွာကို မီးရှို့ဖျက်ဆီးခဲ့တဲ့ စရင်းဟာလည်း ကမ္ဘာ့ ဘာသာရေးနှိပ်ကွပ်မှုထဲမှာ ထည့်သွင်းဖေါ်ပြရတဲ့ အဆင့်ထိ ရောက်နေပါတယ်။ ခရစ်ယာန်များ နှိပ်စက်ခံရခြင်း စာရင်းကို ရေတွက်တဲ့အခါမှာ- ခရစ်ယာန်- ခရစ်ယာန်ချင်း အသင်းတော်မတူ လို့ နှိပ်စက်ဖိနှိပ်ခံရတာများကိုလည်း ထည့်သွင်းဖေါ်ပြထားပါတယ်။
အစ္စလာမ်ဘာသာဝင်များ ကြီးစိုးရာ နိုင်ငံများမှာ အီရန်နိုင်ငံ အနေနဲ့ ဘဟာအီ ဂိုဏ်းဝင်တွေကို နှိပ်စက်ညှင်း ပန်းတယ်လို့ ဖေါ်ပြထားပါတယ်။ အီရန်နိုင်ငံမှာ အယူမတူတဲ့ ဆွန်နီမွတ်ဆလင်တွေ၊ ဂျူးဘာသာဝင်တွေ၊ ဒူစီ ဘာသာဝင်တွေ၊ ဇိုရိုအက်စတာ ဘာသာဝင်တွေနဲ့ ခရစ်ယာန်ဘာသာဝင်တွေ လူနည်းစု အဖြစ်တည်ရှိနေပါ တယ်။ ဒါပေမယ့် အီရန်သမိုင်းမှာ ဘာဟာအီဂိုဏ်းကိုသာ သီးသန့်နှိပ်ကွပ်ခဲ့ပါတယ်။ ဒါ- ဘာကြောင့်ပါလဲ- အစ္စလာမ်သာသနာဝင်တွေမှာ ဆွန်နီ ဖြစ်စေ၊ ရှီယာ ဖြစ်စေ- ယုံကြည်မှုက ကိုယ်တော်မုဟမ္မဒ်ဟာ နောက်ဆုံး ပွင့် ဉာဏ်စဉ်ဆောင် (အလ္လာဟ်အရှင်ရဲ့ တမန်တော်) ဖြစ်တယ် ဆိုတဲ့ အချက်ပါ။ အဲ့ဒီ အချက်ကို လက်မခံသူ များကို ဒုက္ခပေးခြင်း၊ နှိပ်စက်ခြင်း မရှိဘူး- သို့သော် လက်မခံသူဟာ သူ့ကိုယ်သူ မွတ်ဆလင်ရယ်လို့ ခံယူခွင့် မရှိသလို၊ မွတ်ဆလင်ဆိုတဲ့ ခေါင်းစဉ်အောက်မှာလည်း နေထိုင်ခွင့် မရှိဘူး။ ဂျူးဖြစ်နိုင်တယ်၊ ခရစ်ယာန် ဖြစ်နိုင် တယ်၊ အခြား ကြိုက်နှစ်သက်ရာ ဘာသာတစ်ခုခု ဖြစ်နိုင်ပါတယ်။
ဘဟာအီတွေဟာ သူတို့ကိုယ်သူတို့ မွတ်ဆလင်လို့ ခံယူတယ်၊ ပြီးမှ- သူ့တို့ရဲ့ခေါင်းဆောင် ဘာ့ဘ် (ဘဟာအိုလ္လာဟ်) အလ္လာဟ်အရှင်ရဲ့ တမန်တော်တစ်ပါး ဖြစ်တယ်လို့ ကြေငြာခဲ့တယ်၊ လူထုကို စည်းရုံးခဲ့တယ်။ ပညာအင်အားနည်းတဲ့ ကျေးလက်ဒေသနေ မွတ်ဆလင်လူထုကို ပုံမှားရိုက်ပြီး သူ့ဂိုဏ်းထဲကို ဆွဲထည့်ခဲ့တယ်။ ဒါ ကို အနောက်နိုင်ငံတွေက အကြီးအကျယ် ကြောထောက်နောက်ခံပြုပေးခဲ့တယ်။ အထူးသဖြင့် အီရန်ရဲ့ ရန် ဘက်နိုင်ငံ အစ္စရေးလ်က နိုင်ငံရေးအရ အကြီးအကျယ်ကူညီပေးခဲ့တယ်။ ဘဟာအီတွေရဲ့ ဗဟိုပင်မဌာနကို အစ္စရေးလ်နိုင်ငံမြို့တော် တဲလ်အဗစ်မှာ တရားဝင်ထူထောင်ထားပေးတယ်။- ဒါကြောင့် အီရန်က ဘဟာအီများ ဂိုဏ်းကို သာသနာသန့်ရှင်းရေး လုပ်ရမယ်လို့ ခံစားခဲ့ပြီး၊ သူ့နိုင်ငံအတွင်းမှာ သာသနာသန့်ရှင်းရေး လုပ်ခဲ့ခြင်း ဖြစ်တယ်။ ဘဟာအီတွေဟာ အီရန်ရဲ့ လူမျိုးခြား ဘာသာခြား မဟုတ်ခဲ့ဘူး၊ ဒါကြောင့် အီရန်ကို လူမျိုးခြား ဘာသာခြားတွေကို နှိပ်ကွပ်တဲ့ နိုင်ငံအဖြစ် သတ်မှတ်လို့ မရနိုင်ဘူး။ သူ့နိုင်ငံမှာ လူမျိုးခြား ဘာသာခြင်း အာမေးနီးယန်းတွေ အများကြီးရှိသလို၊ သူ့လူမျိုးနဲ့ သူ့ဘာသာ လွတ်လပ်ခွင့်လည်း အပြည့်အ၀ အာမခံထား တာကို တွေ့နေရတယ်။ ဂျူးများကြီးစိုးရာ အစ္စရေးလ်နဲ့ ရန်ဘက် ဖြစ်နေတဲ့ အီရန်မှာ အီရန် ဂျူးများသည် ပင်လျှင် လွတ်လပ်ခွင့် အပြည့်အ၀ အာမခံချက်နဲ့ အတူ လူဦးရေ ရာနှုန်းအလိုက် လွှတ်တော်မှာ နေရာရထား ပါတယ်။
ပြီးတော့- ဆော်ဒီအာရေဗီယား-၊ အဲ့ဒီနိုင်ငံမှာ ရာနှုန်းပြည့် မွတ်ဆလင်များပဲ နေထိုင်ကြတယ်။ ဆွန်နီလူများစု ဖြစ်ပြီး- ရှီယာက လူနည်းစု ဖြစ်တယ်။ ဆော်ဒီနိုင်ငံမှာ သာသနာသန့်ရှင်းမှု မကြာခဏပြုလုပ်တယ်။ အစ္စလာမ် တို့ရဲ့ ဗဟိုချက်မ ကအ်ဘာကျောင်းတော်ကြီးကို စောင့်ရှောက်နေရတဲ့ နိုင်ငံ ဖြစ်တော့- တရားဘာဝနာမကျင့်ကြံ ဘဲ လပ်ယားလပ်ယား ဘာသာရေးဝန်ဆောင်တွေက စင်ပြိုင်ထူထောင်ပြီး ဘာသာရေး ပဋိပက္ခတွေ ဖြစ်လာမှာ စိုးလို့ သာသနာသန့်ရှင်းရေး မကြာခဏလုပ်နေခြင်း ဖြစ်တယ်။ ဘာသာရေး သမားနာမည်ခံထားသူများက နိုင်ငံရေးထဲကို ပါဝင်ပတ်သက်မှု မရှိရအောင် ကာကွယ်ထားခြင်းလည်း ဖြစ်တယ်။
အနောက်အုပ်စု သာသနာပြု ခရစ်ယာန်များက ခရစ်ယာန်များ လုံးဝ မရှိရာ အရပ်ဒေသများမှာ ခရစ်ယာန် ဘုရားကျောင်း ဆောက်လုပ်ခွင့် သာသနာပြုခွင့်လည်း မကြာခဏတောင်းဆိုတယ်၊ ဒါကို ဆော်ဒီအစိုးရက ခွင့်မပြုဘူး- ဒီတော့ အနောက်အုပ်စုက ဆော်ဒီနိုင်ငံကို ဘာသာရေး ညှင်းပန်းမှု ရှိတဲ့ အုပ်စုထဲမှာ ထည့်သွင်း ဖေါ်ပြထားတယ်။ ဆော်ဒီ အစိုးရကလည်း- ခရစ်ယာန် သာသနာအစစ် ဖြစ်တဲ့- မူလလက်ဟောင်း ရှေးကျတဲ့ သမ္မာကျမ်းထဲမှာ နောက်ဆုံးပွင့်မယ့် သန့်ရှင်းတော်ဝိညာဉ်တော်ကို အမည်နာမအားဖြင့် မုဟမ္မဒ်လို့ တိုက်ရိုက် ပြောထားတာ ရှိတယ်။ တစ်ကယ်လို့ ခရစ်ယာန် ပုပ်ရဟန်းမင်းကြီးက အဲ့ဒီ သာသနာ အစစ်ကို လက်ခံမယ်- ကိုယ်တော်မုဟမ္မဒ်ကို နောက်ဆုံးပွင့် သန့်ရှင်းသော ၀ိညာဉ်တော် (နောက်ဆုံးပွင့် နဗီ) လို့ လက်ခံမယ်ဆိုရင်- ခရစ်ယာန်ဘုရား ကျောင်း ဆောက်လုပ်ခွင့်ပြုမယ်လို့ ပြန်လည်ကမ်းလှမ်းခဲ့တယ်။ ဒီနောက်ပိုင်းမှာ ဆော်ဒီကို လည်း ဘာသာရေး ညှင်းပန်းတဲ့ အုပ်စုထဲမှာ ဖေါ်ပြခြင်းကို မှေးမှိန်စေခဲ့တယ်။
ဘယ်လိုဖြစ်ဖြစ်- ဆော်ဒီနဲ့ အီရန်ကို လူမျိုးမတူလို့- ဘာသာမတူလို့ မျိုးဖြုတ်သတ်ခဲ့တဲ့စာရင်း၊ နှိပ်ကွပ်ညှင်းပန်း ခဲ့တဲ့ စာရင်းထဲ မှာ ထည့်ထားတာ မရှိခဲ့ပါ။
လူမျိုးမတူလို့ ဆိုပြီး မျိုးပြုတ်သတ်ဖြတ်ခဲ့တဲ့ ကမ္ဘာ့သမိုင်းမှာ အထင်ရှားဆုံးက တွတ်စီ လူမျိုးနဲ့ ရ၀မ်ဒါ လူမျိုးတို့ ဖြစ်တယ်။ အဲ့ဒီမှာ တွတ်စီ လူမျိုးစုက မျိုးပြုတ်လုမတတ် ဖြစ်သွားခဲ့တယ်။ လူမျိုးနှစ်မျိုးလုံးက ခရစ်ယာန် ဘာသာဝင်များ ဖြစ်ကြတယ်။ လူမျိုးမတူလို့ သတ်ကြဖြတ်ကြခြင်း ဖြစ်ခဲ့တယ်။
နိုင်ငံရေး အာဏာလုရင်း- ဘာသာမတူလို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ မျိုးပြုတ်သတ်ဖြတ်ခံခဲ့ရတာ- ဘော့စ်နီး ယား လူမျိုးများ ဖြစ်ခဲ့တယ်။ နောက်ဆုံးမှာ ခရစ်ယာန်အမျိုးသားရေးဝါဒီ ကာရာဇစ်နဲ့ မီလိုစီဗစ်တို့ကို ကမ္ဘာ့ခုံ ရုံးတင်ခံလိုက်ရပြီး ဘော့စ်စနီးယားတွေလည်း သီးသန့်လွတ်လပ်တဲ့ အချုပ်အခြာ တစ်ခု ရသွားခဲ့တယ်။
ဒါတွေ အားလုံး အတိတ်သမိုင်းက ဖြစ်ရပ်များပါ။ သို့သော်-- ဒီခေတ်ကာလကြီးမှာ-၊ ကမ္ဘာ့ အညှင်းပန်း အနှိပ်စက် အခံရဆုံး လူမျိုးစုကတော့ “ရိုဟင်ဂျာ” တစ်မျိုးတည်း ဖြစ်နေပြီး- ကမ္ဘာမှာ ဖိနှိပ်ခံရဆုံး လူမျိုးစု အဖြစ် နံပါတ်တစ် ဖြစ်နေပါတော့တယ်။
ထူးဆန်းတာက- အဲ့ဒီ အညှင်းပန်း အနှိပ်စက် ခံရဆုံး ဆိုတဲ့ လူမျိုးစုကို နည်းမျိုးစုံနဲ့ ဖိနှိပ်ချုပ်ချယ်၊ ညှင်းပန်းနှိပ် စက်၊ သတ်ဖြတ် မောင်းထုတ်- အစာရေစာဖြတ်ထားတဲ့ လူများက- မိမိကိုယ်မိမိ ကမ္ဘာမှာ အယဉ်ကျေးဆုံး လူမျိုး၊ အလိမ္မာဆုံးလူမျိုး၊ မေတ္တာတရား အရှိဆုံး ဘာသာတရားကို နှလုံးလှိုက်လှဲ ကိုးကွယ်တဲ့ လူမျိုး၊ အပျူငှာ ဆုံးလူမျိုး၊ စိတ်ကောင်းအရှိဆုံး လူမျိုး၊ သနားကြင်နာတတ်ဆုံး လူမျိုး-ရယ်လို့ ဂုဏ်ယူဝံ့ကြွားနေတဲ့ လူမျိုးသာ ဖြစ်ပါတော့တယ်။ သူတို့ရဲ့ မေတ္တာတရား ပြည့်လျှံနေရာ ဘာသာကို အကြည်ညိုဆုံးနဲ့ နှလုံးလှိုက်လှဲ ယုံကြည်မှု မှာလည်း ပြင်းထန်းလှတဲ့- ထိုမေတ္တာရှင်ကြီးများက တစ်တိုင်းပြည်ထဲအနေ လူနည်းစု လူမျိုးလေးတစ်မျိုးကို “ကမ္ဘာ့အညှင်းပန်း အနှိပ်စက်ခံရဆုံး လူမျိုး” အဖြစ် ကမ္ဘာက အသိအမှတ်ပြုရလောက်အောင်- နှစ်ပေါင်း ၆၀ တိုင် ဆက်တိုက် ပြုမူနေပုံကိုတော့-၊ ကမ္ဘာသူ ကမ္ဘာသားများ မအံ့သြဘဲ မနေနိုင်တော့ပါ။
ထိုမေတ္တာရှင် ခေါင်းဆောင်ကြီးတို့အား ဂုဏ်ပြုသော အားဖြင့် ကမ္ဘာသိ “မဟာမေတ္တာရှင်” ဘွဲ့ ဆွတ်ခူးဘို့ရာ ကမ္ဘာ့ခုံရုံးပေါ်သို့ ကြွခဲ့ပါ ဆိုတဲ့ ဖိတ်ခေါ်သံကို ကြားရပါတော့မယ်။ ဂုဏ်ပြုစာရင်းမှာ မေတ္တာရှင်ကြီးတို့ရဲ့ အမည် နာမ စာရင်း ထည့်သွင်းတင်ပေးထားပါပြီ။

ကျေးဇူးရှင်ဘယ်သူလဲ
ကျေးဇူးပြုဘူးသူကို ကျေးဇူးသိတတ်ခြင်းဟာ မင်္ဂလာရှိပါတယ်၊ ဂုဏ်ရှိပါတယ်၊
သိက္ခာရှိပါတယ်၊ ကမ္ဘာ့အလယ် မှာ တင့်တယ်ပါတယ်။ ကျေးဇူးပြုဘူးသူကို
ကျေးဇူးသိတတ်ခြင်း အတွက် အပြစ်ဆိုဘွယ် မရှိပါ။ ဝေဖန် ပုတ် ခတ်ဘွယ် မရှိပါ။
မနှစ်မြို့ဘွယ် မဖြစ်ပါ။
လက်ရှိအာဏာပိုင်များရဲ့ ကျေးဇူးသိတတ်မှု ခံစားချက်များကို အမတ်ကြီး
ဦးအောင်မင်းက ကမ္ဘာသိအောင် ထုတ်ဖေါ်ပြောဆိုသွားခဲ့ပုံမှာ “ကျွန်တော်တို့ကို
နှစ်ပေါင်း ၂၀ ကျော် စီးပွားရေး ပိတ်ဆို့ ထား စဉ်၊ ကျောထောက် နောက်ခံ
ကူညီခဲ့တဲ့ တရုတ်ကြီးကို ကျွန်တော်တို့ ကျေးဇူးသိတတ်ရမယ်” ဆိုတာပါပဲ။
အစိုးရ တစ်ခု ဆိုတာ တိုင်းပြည်တစ်ခုလုံးရဲ့ ဦးဆောင်ဖြစ်တယ်၊ မိဘဖြစ်တယ်၊
အစိုးရတစ်ခုက ပြောတဲ့ စ ကား က တိုင်းပြည်တစ်ခုလုံးက ပြောတဲ့
စကားဖြစ်ပါတယ်။- စကားတစ်ခွန်းကို တိုင်းပြည်တစ်ခုလုံး ကိုယ် စား
ပြောတဲ့အခါမှာ ကျေးဇူးပြုခဲ့သူဟာ တိုင်းပြည်တစ်ခုလုံးကို
ကျေးဇူးပြုခဲ့သလား--၊ ဆို တာတော့ မြန် မာတစ်ပြည် လုံးသာမက- ကမ္ဘာတစ်ခုလုံးက
သိနေတဲ့ ကိစ္စပါ။
တရုတ်တို့ ပြုခဲ့တဲ့ ကျေးဇူးက- (၁) မြန်မာပြည်သူ ပြည်သားအပေါင်းကို
ကမ္ဘာ့အဆင်းရဲဆုံး လူသား များ ဖြစ် အောင် ကျေးဇူးပြုခဲ့တယ်။ (၂) တရုတ်ပြည်က
စွယ်တော် ဆိုပြီး တစ်ခုယူ လာပြီး- မြန်မာလူထုကို စွယ်တော် အတု၊
ဘာသာတရားအတုတွေ စူးနစ် သွားအောင် ကျေးဇူးပြုခဲ့တယ်။ (၃) စစ်အာဏာ
ရှင်များကို ကျွေးမွေး ထောက်ပံ့ပြီး မြန်မာစစ်သားတို့အား မိဘပြည်
သူများများကို ထုထောင်း သတ်ဖြတ်စေ ဘို့ ကျေးဇူးပြုခဲ့တယ်။ (၄)
မြန်မာသမီးပျိုလေးများအား ဆင်းရဲတွင်းမှ ကယ်တင်သောအနေနဲ့ တရုတ်ပြည်ကြီးမှာ
အငှားမယားလုပ်စား ခွင့်၊ မြန်မာပြည်ရောက် တရုတ်ကြီးများရဲ့ မယားငယ် လုပ်စား
ခွင့်များပေးခြင်းဖြင့် ကျေးဇူးပြုခဲ့တယ်။ (၅) မြန်မာ လူငယ်များ
ခေတ်မှီတိုးတက်စေဘို့ မူးယစ်ဆေး၊ အရက်၊ ဘိန်းများ သုံးဆောင်တတ်အောင်
ကျေးဇူးပြုခဲ့တယ်။ (၆) မြန်မာ လူ မျိုးတွေ နောက်ဆုံးပေါ် ဆေးဝါး၊
အစားအသောက်၊ အသုံးအဆောင်တွေကို သုံးစွဲနိုင်အောင် နောက် ဆုံးပေါ် ဆေးဝါး
အတု၊ အစားအသောက်အတု၊အသုံးအဆောင်အတုတွေကို စောပေါပေါရောင်းပေးခြင်း ဖြင့်
ကျေး ဇူးပြုခဲ့တယ်။ (၇) အမျိုးပျောက်မှာ စိုးကြောက်နေတဲ့ မြန်မာ များကို
လူမျိုးမပျောက် ရလေအောင် ၀၊ ကိုးကန့် တို့ကို မြန်မာပြည်ထဲကို လူအင်အား
ဖြည့် ဘို့ ပို့ပေးခဲ့တဲ့အပြင် မြန်မာတစ်ပြည်လုံးနီးပါး လူမျိုး မပျောက်
ရေး ကျောထောက်နောက်ခံ အဖြစ် သန်းနဲ့ချီတဲ့ မြန်မာ ဟန်ဆောင် တရုတ်တွေကို
မြို့တိုင်းမှာ အားဖြည့် ကျေး ဇူးပြုခဲ့တယ်။--- သူ တို့ ပြု တဲ့ ကျေးဇူး
များက ပြောလို့ ရေးလို့ ကုန်တော့မှာ မဟုတ်ပါ။ အဲ့ဒီလောက် ကြီးကျယ် တဲ့ ကျေး
ဇူးပြုမှုများ အတွက်- သူတို့ဘက်က ကုန်ကျစားရိတ် အဖြစ် တစ်ခုတည်းပဲ
ပြန်ယူခဲ့တာပါ။ အ များကြီး မဟုတ်ပါ- “မြန်မာပြည် ဆိုတဲ့ မြေကွက်လေး တစ်
ကွက်”မျှသာ ဖြစ်ပါတယ်။ ဘယ် လိုလုပ် ကျေးဇူးဆပ်လို့ ကုန် ဦးမှာလဲ၊ အမတ်ကြီး
ဦးအောင် မင်း ပြောတာ မှန်ပါ တယ်။ ကျေးဇူးတွေက ဆပ်မကုန်ဘူး-၊ နောင်ဘ၀ အဆက်
ဆက် ထိ ကျေး ဇူး ဆပ်ကြရဦးမှာပါ။
တရုတ်တို့ ပြုထားတဲ့ ကျေးဇူးထဲမှာ အကြီးကျယ်ဆုံး ကျေးဇူးက-၊
မြန်မာပြည်သားတွေအားလုံး စဉ်း စားခြင် ဆင် ဉာဏ် ဘိန်းစွဲထုံထိုင်းသွားစေတဲ့
အသိတရားပါပဲ။
မြန်မာခေါင်းဆောင်တွေနဲ့- မြန်မာလူထုဟာ
(၁) ရာနဲ့ချီတဲ့ ကျေးကျွန် ကိုလိုနီ ဘ၀က လွတ်မြောက်စေဘို့
တစ်စိုက်မတ်မတ်ကူညီခဲ့တဲ့ အိန္ဒိယ (ထိုစဉ်က အိန္ဒိယမှာ ပါကစ္စတန်၊
ဘင်္ဂလားဒေ့ရှ် ပါဝင်ခဲ့တယ်)ကို ကျေးဇူး တင်ရမှန်း မသိဘဲ-၊
လွတ်လပ်ရေးရပြီးကမှ ယခင်ကိုလိုနီထက် ဆိုးတဲ့ ပြည်တွင်း ကိုလိုနီဘ၀ကို
ပြန်လည် ရောက်သွားအောင် ကူညီ ခဲ့တဲ့ တရုတ်ကိုသာ လူကြီးလူကောင်း ကျေးဇူးရှင်
အဖြစ် အထင်ကြီးနေစေခဲ့တဲ့၊ ဆင်ခြင် အသိ သွန်သင်ပေးထားတဲ့ ကျေးဇူး။
(၂) မြန်မာတစ်ပြည်လုံးမှာ ဘင်္ဂလီစာနဲ့ ဆိုင်ဆိုင်းဘုတ် လုံးဝ မရှိ၊
ဘင်္ဂလီစာပေကို သင်ကြားခြင်း လုံးဝ မရှိ၊ ဘင်္ဂလီလူမျိုးဆိုတာ
ရေတွက်နိုင်လောက်တဲ့ အစုအဝေးမရှိ- ဘဲ ဘင်္ဂလီ တစ္ဆေခြောက်ပေး ခဲ့ပြီး-
ပြည်သူတွေကို လည်း စစ်တပ်ပဲဟင်းထဲ ပဲတစ်စေ့ လိုက်ရှာ ခိုင်းသလို
ကျူးကျော်သူ ဘင်္ဂလီကို ရှာဘို့ခိုင်း၊ ဘင်္ဂလီ မတွေ့ တော့၊ ဘိုးစဉ်ဘောင်ဆက်
မြန်မာပြည်တွင်းနေ ရိုဟင်ဂျာများကို ကျူးကျော်သူ ဘင်္ဂလီလို့ လူထုကို
စွပ်စွဲ- လူထုမျက်လုံးကိုလှည့်ထားပြီး-
မြို့တိုင်းနယ်တိုင်းမှာ တရုတ်ဆိုင်းဘုတ်ကြီးများ၊ တရုတ် လောင်းကစား
ရုံကြီးများ၊ တရုတ် အရက်ဆိုင်ကြီးများ၊ တရုတ်အပေါင်ဆိုင်ကြီးများနဲ့
မြို့ကြီးတွေမှာ မြန်မာ များကို မောင်း ထုတ် မြန် မာမြေ များကို
မောင်ပိုင်စီးထားတဲ့သန်းနဲ့ချီတဲ့တရုတ်ပေါက်ဖေါ်ကြီးများကိုမမြင်နိုင်အောင်
ကြောင်တောင်ကန်းနေစေ ဘို့--၊ ဆင်ခြင်အသိ သွန် သင်ပေးထားတဲ့ ကျေးဇူး။
ဒီလို ကျေးဇူးတွေကို ကျေးဇူးသိတတ်လှတဲ့ မြန်မာ လူကြီးလူကောင်းများ ဆက်လက်
ပေးဆပ်ရပါဦးမယ်။ လူထု ကျေးဇူးတစ်ကယ် ဆပ်လာရင်--၊ ဘိုးစဉ်ဘောင်ဆက်
မြန်မာနွယ်ဘွား တရုတ်တွေလည်း အနေရ ခက်ဦး မှာ ရင်လေးလှပါတယ်။
မြန်မာပြည်သားများ မှန်မှန်ကန်ကန် ဆင်ခြင်ဘို့ လိုပါပြီ။
ဌေးလွင်ဦး
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
မြန်မာမွတ်ဆလင် တန်းတူညီမျှ လှုပ်ရှားဆောင်ရွက်မှု အဖွဲ့
အမေရိကန် ပြည်ထောင်စု
ပထွေးနဲ့ မယားပါသားများရိုက်ပွဲ၊ ဌေးလွင်ဦး
ကွန်ပြူတာ မျက်နှာပြင်မှာ window တွေ အများကြီး ဖွင့်ထားပြီး- ကိုယ်
လိုချင်တဲ့ window ကို ကြည့်မယ်၊ အခြားလူ တစ်ဦးက ကြည့်မယ်ကြံရင်-
ညာဘက်ဒေါင့်လေးက minimize (-)နဲ့ widow မျက်နှာ ပြောင်းလိုက် မယ်၊ ဆိုတဲ့
အကွက်မျိုးက နိုင်ငံရေးလောကမှ ရိုးနေပါပြီ။ ဒါကို နိုင်ငံရေး စကားလုံးအရ
window changed လို့ ခေါ်ပါတယ်။
ရိုဟင်ဂျာနဲ့ ရခိုင်နယ်က မွတ်ဆလင်များကို မျိုးပြုတ်သတ်ဖြတ်မှုကြီး၊ ထိုသို့
မျိုးပြုတ်သတ်ဖြတ်ရန် ကြိုတင်ကြံ စည်မှုကြီး ဖုံးဖိမရ ပေါ်ကျလာတဲ့အခါ-
မျက်ကန်းမျိုးချစ်များနဲ့ လူသတ်ဘုန်းကြီးများက “ပထွေးနဲ့ မယားပါသား များ
ရိုက်ပွဲ” ဖန်တီးကာ ကြည့်နေသူများ မျက်လုံးလည်သွားအောင် Window Changed
ဗျူဟာကို သုံးဘို့ ကြိုး စားတော့တယ်။ Window Changed ဘယ်လောက် လုပ်လုပ်-၊
Changed လိုက်တဲ့ စာမျက်နှာကို ကမ္ဘာက စိတ်မ၀င်စားဘူး ဆိုတာတော့
ကာယကံရှင်များ သိနေလောက်ပါပြီ။
မွတ်ဆလင် မျိုးပြုတ်သတ်ဖြတ်မှုကြီးကို ဘယ်အရာနဲ့ ဖုံးဖိကွယ်ဖျက်လို့
မရတော့ပါ။ တရားခံများစာရင်းနဲ့ လုပ် ရပ်များ အားလုံး ကမ္ဘာ့ခုံရုံးပေါ်ကို
ရောက်သွားခဲ့ပါပြီ။ ဒီအတွက် ဖုံးဖိရှောင်ထွက်လို့ မရနိုင်တဲ့ သက်သေသက်
ကန်များ အတွက်လည်း ကမ္ဘာ့အဖွဲ့ကြီး အားလုံးနဲ့ ငါတို့
ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ ဆက်လက်ပြီး ပူးပေါင်း ဆောင်ရွက်နေပါတယ်။
ကမ္ဘာလုံးဆိုင်ရာ “မျိုးပြုတ်သတ်ဖြတ်မှုဆိုင်ရာ အထူးကျွမ်းကျင်သူများ”
ကိုယ်တိုင်က ငါတို့ဘက်က ရှိနေပါတယ်။ သူတို့က ကမ္ဘာ့ခုံရုံးအတွက် တိကျတဲ့
သက်သေများ ထွက်ဆိုပေးလိုက်ပါပြီ။
ပထမအချီ၊ ပထမ အရစ် သတ်ဖြတ်မှုကြီးရဲ့ တရားခံများအား ဖမ်းပွဲကြီးကို မကြာမှီ
မြန်မာနိုင်ငံသားတွေ တွေ့ရ တော့မှာပါ။ ပြီးရင် ဒုတိယ အချီ သတ်ပွဲကြီးရဲ့
တရားခံများ ဆက်တိုက်လာပါမယ်။- ရပ်နားသွားမှာ မဟုတ်ပါ။- ဒီအမှုကို
တမင်ရည်ရွယ်ချက်နဲ့ ကြံစည်ခဲ့တဲ့- လူကြီးလူကောင်းတွေလည်း တရားခံတွေထဲမှာ
ပါဝင်လာပါမယ်။ အမှန်တကယ် ရာဇ၀တ်ကောင်များကို မဖမ်းဘဲ-၊ နောက်ကွယ်က
လှုပ်ရှားနေသူတွေဟာ မွတ်ဆလင်တွေသာ ဖြစ်တယ်လို့ မတရားစွပ်စွဲပြီး- အပြစ်မဲ့
မွတ်ဆလင်များကိုသာ ဖမ်းဆီးနှိပ်ကွပ်နေတဲ့ အာဏာလက်ကို ရာဇ၀တ် ကောင်များ၊
ဒုက္ခရောက်နေတဲ့ ဒုက္ခသည်တွေကို စားရေရိက္ခာပြတ်လပ်ပြီး၊ ဆေးဝါးပြတ်လပ်ပြီး-
သေစေဘို့ ရည်ရွယ်ချက်နဲ့ သွေးအေးအေး အရစ်ကျ သတ်ဖြတ်နေတဲ့ ရာဇ၀တ်ကောင်များ
အားလုံး ပါသွားစေရပါမယ်။
အပြစ်မဲ့ ပြည်သူများကို အရစ်ကျ သေနေစေဘို့ ကျင့်ကြံခဲ့သူ အားလုံး၊
ဆက်လက်ကျင့်ကြံနေသူအားလုံး၊ တာဝန် ရှိသူ အားလုံး- ကမ္ဘာ့ခုံရုံးကို
တန်းစီတက်ဘို့ ပြင်ဆင်ထားပါ။ ဘယ်ကိုပြေးပြေး လွတ်မှာ မဟုတ်တော့ ပါ။ window
တွေ ဘယ်လို change, change မျက်လုံးလည်သွားမှာလည်း မဟုတ်ပါ။ တစ်ကမ္ဘာလုံးက
ရာဇ၀တ်ကောင်များ အနေနဲ့ window changed မှာကို ကြိုတင်သိနှင့်ပြီး
ဖြစ်နေလို့ အဲ့ဒီဘက်ကို အာရုံ မရှိ တော့ပါ။ အမှုတင်ပြီးသား ကိစ္စကိုပဲ- သက်သေ
အထောက်အထား ဆက်လက်ဖေါ်ထုတ်နေတာပဲ ရှိပါတယ်။
နိုင်ငံတစ်ကာက “ပြုပြင်ပြောင်းလဲရေး လုပ်ပေးမယ်” ဆိုတဲ့ စကားကို
စောင့်ကြည့်ပြီး မြန်မာထိပ်သီး ခေါင်း ဆောင်များ အတွက် “ရှည့်လည်းလျှောက်သာ
ပျားလဲစွဲသာ”ဗျူဟာကို ကျင့်သုံးပေးနေချိန်မှာ အမှုတွဲထဲမှာ ချန်
ထားပေးနေတဲ့ မြန်မာထိပ်သီးခေါင်းဆောင်ပိုင်းက ၂ ပတ် အတွင်း အမြန်ဆုံး
ပြုပြင်ဘို့ လိုပါမယ်။ (အချို့သော ပါတီခေါင်းဆောင်များ၊
လူသတ်ဘုန်းကြီးများနဲ့ အချို့ရခိုင်နယ်နဲ့ သက်ဆိုင်တဲ့ အာဏာပိုင်များ
တင်ထားတဲ့ အမှု တွဲထဲမှာ ပါသွားခဲ့ပါပြီ။ မယုံကြည်ရင် သက်ဆိုင်ရာ ရှေ့နေများ
ငှားယမ်းပြီး ကမ္ဘာ့ခုံရုံး ICC မှာ စုံစမ်းကြည့် လိုက်ပါ။)
တရားရေးကာလ ဆိုတာ အစီအစဉ် စနစ်ဇယားနဲ့ အဆင့်ဆင့် သွားနေရလို့-၊ ရုံးတော်က
ဝရမ်းမထုတ်မှီကာလ မှာ ငါတို့ ရမ်းနိုင်သမျှ ရမ်းမယ်၊ သတ်နိုင်သမျှ
ဆက်သတ်မယ်လို့ လူမိုက်ဆန်ဆန် ဆက်တွေးမယ်၊ အာဏာပိုင် ထိပ်သီးများကလည်း
အရေးမယူဘဲ ရူးချင်ယောင် ဆောင်နေမယ် ဆိုရင်လည်း-၊ သံတမန် ဗျူဟာတွေ မဟုတ် တဲ့
နည်းလမ်းတွေနဲ့ ကမ္ဘာက စွက်ဖက်လာပါလိမ့်မယ်။
တစ်ပြိုင်နက်ထဲမှာ ထိပ်သီးအာဏာပိုင်များကို သတိပေးလိုပါတယ်။ (၁)
အပြစ်ရှိသူကိုသာ ဖမ်းဆီးပါ၊ ရုံးတင်ပါ၊ အပြစ်မဲ့သူများကို
လုပ်ကြံဖန်တီးပြီး ဖမ်းဆီးခြင်း၊ ချုပ်နှောင်ထားခြင်း၊ ထောင်ချခြင်း များ
ဆက်လက်မကျူးလွန် ပါနဲ့-၊ အမှုကို ပြောင်းပြန်လုပ်ပြီး မတရားသဖြင့်
ဖမ်းဆီးထားသူများ အားလုံးကို ချက်ချင်း လွှတ်ပေးပါ။ (၂) ဒုက္ခ
ရောက်နေသူများအား ကူညီလိုသူများကို ချက်ချင်းခွင့်ပြုပေးပါ။ သဘာဝ
အန္တရာယ်ကြောင့် ဒုက္ခရောက်ရတဲ့ ဒုက္ခသည်များနဲ့ မျိုးပြုတ်သတ်ဖြတ်ခံရလို့
အသက်ဘေးလု ထွက်ပြေးရတဲ့ ဒုက္ခသည်များကို ရောနှောစာရင်းပြု ပြီး-
မျိုးပြုတ်သတ်ဖြတ်ခံ ဒုက္ခသည်များကို စာရင်းဖျောက်ဘို့ မကြိုးစားပါနဲ့-။
ဒီနေ့ ဒီအချိန်ကစ အတတ်နိုင်ဆုံး ရိုသားပေးပါလို့ သတိပေးလိုပါတယ်။
ဘက်လိုက်ဖုံးဖိပေးခြင်း ကာကွယ်ပေးခြင်းနဲ့ window changed လှည့် ကွက်များ
တစ်ခုဆို တစ်ခုမှ အသုံးမ၀င်တော့ပါ။
ကျွန်ုပ်တို့ ဘက်မှ ရန်မလို၊ ရန်မပို- လိုပါ။ ယုတ်မာကောက်ကျစ်သူများ၊
လူသားချင်း မတရားသဖြင့် မျိုးဖြုတ် သတ်ဖြတ်လိုသူများနဲ့
ပါဝင်ပတ်သက်သူများကိုသာ ကမ္ဘာ့အလယ်မှာ တရားခံဖြစ်စေပြီး နောင်လာနောက်သား
များ ဆင်ခြင်စေဘို့ကိုပဲ ဆန္ဒရှိပါတယ်။
ဌေးလွင်ဦး
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
မြန်မာမွတ်ဆလင် တန်းတူညီမျှ အခွင့်အရေး လှုပ်ရှားဆောင်ရွက်မှု အဖွဲ့
အမေရိကန်ပြည်ထောင်စု
UN ကိုလည်းမောင်းထုတ်လိုက်ပါ၊ ဌေးလွင်းဦး
မြန်မာပြည်က မျက်ကန်း အမျိုးသားရေး ၀ါဒီတွေ၊ ပညာမဲ့ ခေါင်းဆောင်တွေ၊ အာဏာမက် နိုင်ငံရေးသမားတွေ၊ မေတ္တာတရားကို သံကုန်ဟစ်နေတဲ့ လူသတ်ဂိုဏ်းဘုန်းကြီးတွေ၊ ဗုဒ္ဓဘာသာနိုင်ငံတော် ထူထောင်ဘို့ စိတ်ကူး ယဉ်နေသူတွေ--၊ မွတ်ဆလင်များကို ဆက်လက်မုန်းတီးလိုက်ပါ၊ ခရစ်ယာန်များကို ဆက်လက်မုန်းတီးလိုက်ပါ၊ တိုင်းရင်းသားများကို ဆက်လက် ဖိနှိပ်လိုက်ပါ။- ကျုပ်တို့ မတရား အနိုင်ကျင့်ခံ လူတွေဘက်က ဒီထက်ခံရစရာ အကြောင်း မရှိတော့ဘူး-၊ ဂိတ်ဆုံးနေခဲ့ပြီ။ ဒီတစ်ခါ ခင်ဗျားတို့ အလှည့်ကို ပြန်ရောက်လာပါမယ်။
ငါတို့ ဗုဒ္ဓဘာသာများသာ မြန်မာမြေ၊ မြန်မာရေကို ပိုင်ဆိုင်တဲ့ အရှင်သခင်များ ဖြစ်တယ်လို့ အယူသည်း ဘ၀င် မြင့်နေသှုများအားလုံး- အရူးမီးဝိုင်း ဖြစ်ရပါတော့မယ်။ ခေတ်ကာလနဲ့ ကမ္ဘာ့ဗဟုသုတ ဘာဆိုဘာမှ မရှိဘဲ ကိုယ့်ကိုယ်ကို အထင်ကြီး ဘ၀င်လှိုင်းစီးနေခဲ့သမျှ- ဗြောင်လိမ်နေခဲ့သမျှ၊ ခင်ဗျားတို့ဘ၀များ ထုံးဘူး အ၀ကျဉ်း သလို ကျဉ်းလာစေရပါမယ်။-- ခင်ဗျားတို့က လိမ်နေတယ်- ပတ်နေတယ်၊ ကျုပ်တို့က ဖေါ်နေတယ်၊ ဖြောင့်နေ တယ်-၊ ကမ္ဘာအလယ်မှာ ဘယ်သူတွေ အရှက်ကွဲ သိမ်ငယ်ရမယ် ဆိုတာ၊ ကိုယ်တိုင် ဆားမြည်းကြည့်လိုက်ပါ။ ကျုပ်တို့ရဲ့ သစ္စာတရား စစ်ပွဲကို စတင်လိုက်ပါပြီ။- ပြင်ဆင်လိုသူတွေ ပြင်ဆင်ဘို့ အချိန်ရအောင် ကျုပ်တို့ဘက် က စည်းထားပါမယ်။ လူသား ဆန်ဆန် ကမ္ဘာ့ဥပဒေနဲ့ အညီ လုပ်ဆောင်သွားပါမယ်။
ခင်ဗျားတို့ လုပ်ခဲ့သမျှ၊ ညီမျှစွာ ပြန်လည်ခံစားစေရပါမယ်။ လူ့မျိုးဆက် နှစ်ဆက်လောက်- မွတ်ဆလင်ရွာတွေ၊ နယ်တွေကို အကျဉ်းစခန်း သဖွယ် ဖြစ်အောင် လုပ်ခဲ့တယ်။ ဆက်သွယ်ရေး၊ ကျမ္မာရေး၊ ပညာရေး၊ လူမှုရေး အဘက်ဘက်က ပိတ်ဆို့ပြီး သေးသိမ်ပိန်လှီသွားအောင် ဖန်တီးခဲ့တယ်။ ရက်စက်ကြမ်းကြုတ်တဲ့ နာဇီစခန်းထဲ က ဘ၀မျိုး ဖြစ်အောင် စီရင်ခဲ့တယ်။ နယ်လိုက် ရွာလိုက် ပိတ်ဆို့ ကွပ်မျက်လို့ မရနိုင်တဲ့ နေရာဒေသတွေက မွတ်ဆလင်တွေကို ခရီးသွား၊ ခရီးထွက်လို့ မရအောင်- နိုင်ငံသား စီစစ်ရေးကဒ်ပြား၊ အမျိုးသားမှတ်ပုံတင် ကဒ်ပြား ထုတ်မပေးခြင်း နည်းပညာများ၊ ခရီးလမ်းမှာ စစ်ဆေး ဖမ်းဆီးမယ့် ပေါ်လစီများနဲ့ ခေါင်မိုးမဲ့ တစ်သီး ပုဂ္ဂလထောင်သားဘ၀မျိုး ဖြစ်အောင် စီစဉ်ခဲ့တယ်။
ဒီအတွက် အခု ခင်ဗျားတို့ အလှည့်ကို ရောက်လာပါပြီ။ လောလောဆယ်မှာ- ခင်ဗျားတို့ ရာဇ၀တ်ကောင်များ ကမ္ဘာ့နိုင်ငံကြီးတွေကို ခြေချကြည့်လိုက်ပါ။ အနည်းဆုံး အမှုတစ်ခုမဟုတ် တစ်ခုကို မဖြေရှင်းဘဲ အိမ်ပြန်လို့ မရဘူးဆိုတာ သိသွားရပါလိမ့်မယ်။ ခင်ဗျားတို့ ရာဇ၀တ်ကောင်များ အတွက် ပထမ အဆင့် အနေနဲ့ နိုင်ငံကြီး တိုင်းမှာ တရားခံဖြစ်အောင် ကျုပ်တို့ ဆောင်ရွက်ထားပါပြီ။- ဒုတိယ အဆင့် နောက်ထပ် သုံးလ ဆိုရင် ထိုင်းနိုင် ငံ အပါအ၀င်- ကမ္ဘာ့ Interpol ရှိတဲ့ ဘယ်နိုင်ငံကိုမှ ခြေချလို့ မရအောင် ဖြစ်သွားစေရပါမယ်။ ခင်ဗျားတို့ စိတ် ကူးယဉ်ပြီး ကမ္ဘာနဲ့ချီ အလုပ်လုပ်မယ်၊ အလည်အပတ်သွားမယ်၊ ပညာသင်မယ်-၊ စတာတွေအားလုံး မိမိစိတ် ကူးများကို မိမိ ပြန်လည်ရုပ်သိမ်းပြီး မိမိရွာထဲမှာ အကျဉ်းသားဘ၀မျိုးနဲ့သာ နေထိုင်လိုက်ပါ။ ဒါနဲ့မရသေးဘူး။
တတိယ အဆင့်-၊ ကမ္ဘာ့ဝရမ်းပြေးဘ၀နဲ့ ကြွက်တွင်းထဲ ၀င်ပုန်းနေဘို့သာ ပြင်ဆင်ထားလိုက်ပါ။ မကြာတော့ သော ကာလမှာ ကမ္ဘာ့ ဥပဒေက မြန်မာနိုင်ငံထဲထိ စိမ့်ဝင်လာပါလိမ့်မယ်။- အဲ့ဒီအခါ လူဆိုးလူမိုက်တစ်သိုက် အချင်းချင်း ဘယ်လောက်များ သစ္စာရှိသလဲ- ကိုယ်တွေ့သိရပါလိမ့်မယ်။ ရုပ်ဖျက် ဘုန်းကြီးဝတ်လိုက်လို့လည်း လွတ်မှာ မဟုတ်ဘူး၊ ခင်ဗျားတို့ မသေမှီ ကမ္ဘာ့ အကျဉ်းထောင်ထဲမှာ ထောင်သားဘ၀ကို တစ်ယောက်ချင်း ရောက် သွားရပါမယ်။ ပီနိုချေး၊ မီလိုစီဗစ်၊ ကာရာဇစ် တို့လို ကမ္ဘာမှာ နာမည်ကျော်မှာတော့ မဟုတ်ပါ။ (သက်ဆိုင်ရာနိုင်ငံကသာ သိတဲ့) လူမသိ ရှင်မကြားနဲ့ ကမ္ဘာ့အချုပ်ထဲမှာ တရားရုံးတက်ဘို့ စောင့်နေရတဲ့ ရာဇ၀တ်ကောင်များ ထုနဲ့ဒေးထဲက တစ်ယောက်သော သူ ဘ၀မျိုး ဖြစ်အောင် ခင်ဗျားတို့ကို စီစဉ်ပေးပါမယ်။
စတုတ္ထအဆင့်၊ ပဉ္စမအဆင့်---၊ အများကြီး ရှိနေသေးတယ်။ ကျုပ်တို့ဘက်က တစ်ဆင့်ချင်း လုပ်သွားနိုင် ပါတယ်။ ခင်ဗျားတို့ရဲ့ မျက်ကန်းတစ္ဆေမကြောက်မူကို ပြန်မပြင်ရင်-၊ အဲ့ဒီ တစ်ဆင့်ချင်းကို ခင်ဗျားတို့ ပြန်ခံရစေ မယ်။ ကျုပ်ပြောခဲ့သမျှ သတိပေးချက်တွေချည်းပါပဲ။ ခင်ဗျားတို့ စဉ်းစားတတ်ရင်၊ တိုင်းပြည်ကိုချစ်ရင်- ပြန်ပြင် သင့်ခဲ့တာ ကြာပါပြီ။
ခင်ဗျားတို့က ရာဇ၀တ်ကောင်တွေ၊ လူဆိုးလူမိုက်တွေ အစား အပြစ်မဲ့ မွတ်ဆလင်တွေကိုသာ ဖမ်းဆီးခဲ့တယ်၊ နှိပ်စက်ခဲ့တယ်၊ လက်နက်အားကိုးထား မိုက်ကြေးခွဲခဲ့တယ်။ မွတ်ဆလင် ဒုက္ခသည်တွေကို ငတ်ပြတ်သေကြေ ကုန်အောင် ဖန်တီးခဲ့တယ်။ ကြောက်ရွံတုန်လှုပ်သွားအောင် စိတ်ဓါတ်စစ်ဆင်ရေးတွေ လုပ်ခဲ့တယ်။ ဒီတင် မက ခင်ဗျားတို့ ဗဟုသုတလောက်နဲ့ မွတ်ဆလင်တွေကို အကြမ်းဖက်လို့ စွပ်စွဲနိုင်အောင် လက်နက်တော်လှန်ရေး ဘ၀ကို အတင်းတွန်းခဲ့တယ်။- အဲ့ဒါတွေက ကလေးကွက်တွေပါ။
ရာဇ၀တ်ကောင်တွေကို တစ်ကယ်ဖမ်းဆီး အရေးယူဘို့၊ အပြစ်မယ့် အဖမ်းခံရသူများကို လွှတ်ပေးဘို့၊ ဒုက္ခ သည်တွေကို ချက်ချင်းကြည့်ရှုဘို့- ရာဇ၀တ်မှုတွေမှာ ဗဟိုအစိုးရက လျှို့ဝှက်ပေါ်လစီများနဲ့ ထောက်ပံ့ခြင်းမှ ရှောင်ကြဉ်ဘို့ ကျုပ်တို့ အချိန် ၂ ပတ်ပေးခဲ့တယ်။ အခု နောက်ထပ် ၁ ပတ် (၇ ရက်)ပဲ ကျန်ပါတော့တယ်။ ဒီ အချိန်အတွင်းမှာ မပြုပြင်ရင်၊ သမ္မတ ဆိုသူ ကိုယ်တိုင် တရားခံထဲမှာ ပါသွားစေရပါမယ်။ လူဆိုးလူမိုက်များကို ပညာပေးဘို့ မြန်မာတစ်ပြည်လုံးကို ကတိပေးပါတယ်။ ကျုပ်တို့ လုပ်နိုင်ပါတယ်။
ဒီနေ့ကစ-၊ မသေသင့်ဘဲ ဒုက္ခသည် တစ်ဦးစီ သေရတိုင်း ခင်ဗျားတို့အတွက် ရာဇ၀တ်မှု တစ်ခုစီ ထပ်တိုးသွားပါ မယ်။- ရခိုင်နယ်က ရိုဟင်ဂျာ၊ ကမန်၊ ရခိုင် ဒုက္ခသည်တွေ၊ ကချင်နယ်က ကချင်လူမျိုးနွယ် အားလုံးရဲ့ ဒုက္ခ သည်တွေအတွက် ကူညီမဲ့ အကူအညီများကို အာသာငမ်းငမ်းတက်ပြီး ကျွန်တော်တို့ပဲ ကူညီပါမယ်၊ ကျွန်တော် တို့ လက်ကို အပ်ပါလို့- အရှက်မရှိ ဆက်တောင်းမနေပါနဲ့၊ သမ္မတကစ သူတောင်းစားစိတ်ပေါက်နေတဲ့ ခင်ဗျားတို့ လက်ထဲကို ကျုပ်တို့ တစ်ပြားတစ်ချပ်မှ မထည့်ဘူး ဆိုတာတော့ သိဘို့ သင့်ပါပြီ။
ကျူပ်တို့ဘက်က ကမ္ဘာ့ ဥပဒေနဲ့ အညီ၊ UN ကို အကူအညီတောင်းပြီး ကြားဝင် ကူညီဘို့ မေတ္တာရပ်ခံ ထား တယ်။ ဒီတစ်ခေါက်- UN ကိုလည်း အကြောင်းမျိုးစုံပြပြီး မောင်းထုတ်ကြည့်လိုက်ပါ။ အတင်းဝင်ကူညီမယ့် အခြေအနေကို ရောက်လာပါလိမ့်မယ်။-
ဌေးလွင်ဦး
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
မြန်မာမွတ်ဆလင် တန်းတူညီမျှ အခွင့်အရေး လှုပ်ရှားဆောင်ရွက်မှု အဖွဲ့
အမေရိကန်ပြည်ထောင်စု
Subscribe to:
Posts (Atom)