Friday 28 December 2012

ဒီမိုကရေစီဘက်တော်သား ညီနောင်မွတ်စလင် အပေါင်းတို့ ကျွန်တော်တို့၏ ဒီမိုကရေစီသည် ကျွန်တော်တို့ညီနောင်များအား အရှင်လတ်လတ် အရေခွန်စုတ်သလို ဖြစ်နေ ပါသဖြင့် ဒီမိုကရစီလှုတ်လျှားဆောင်ရွက်သူ ညီနောင်မွတ်စလင်များအနေဖြင့် မိမိတို့လှုတ်လျှားဆောင်ရွက်နေသော ဒီမိုကရေစီသည် မည်သည့် ဒီမိုကရေစီဖြစ်နေသည်ကို အထူးသတိပေးအပ်ပါသည်။

ရခိုင်ပြည်နယ်အတွင်း မတရားအကြမ်းဖက် သတ်ဖြတ်ခဲ့မှုများကို ကြည့်ပြီး ကမ္ဘာ့လူခတ်သိမ်းတို့က အမျိုးမျိုးဝေဖန်ခဲ့ကြ ပါတယ်။မြန်မာသမိုးင်းတွင် တစ်ခါမျှမဖြစ်ခဲ့ဖူးတဲ့အဖြစ်တစ်ခုဆိုတာ အားလုံးက မှတ်ချက်ပေးခဲ့ကြပါတယ်။ ကောင်းပြီ ဒီပြသနာအရပ်ရပ်ကို ဘယ်သူက ဦးဆောင်လုပ်သလဲဆိုတာကမေးခွန်းတစ်ခုပါ။ ဒါရည်ရွယ်ချက်ရှိရှိလုပ်တယ်ဆိုတာက အခိုင်အမာပြေားရဲးတဲ့ ကိစ္စတစ်ခုဘဲ။ဘယ်သူ့အပေါ်မှာတာဝန်အရှိဆုံးလဲ၊ ဘယ်သူကဒီပြသနာကို ကိုင်တွယ်ဖြေရှင်းရမလဲ၊ ဒီပြသနာအတွက် ဘယ်သူကတာဝန်ခံမှာလဲဆိုတာက ရှိလာပြန်တယ်။အဲတော့ ကျွန်တော်အနေနဲ့လည်း ပြန်စဉ်းစာကြည့် တော့ ဟုတ်ပါတယ် ဒီပြသနာအတွက် မြန်မာနိုင်ငံတွင် ဦးဆောင်ဖြေရှင်းပေးမယ့်သူ တစ်ဦးတစ်ယောက်မျှ မရှိဘူးဆိုတဲ့ကိစ္စ အပေါ်ကျွန်တော် တော်တော်အစာမကြေဖြစ်ခဲ့တယ်။ကောင်းပြီး ဆက်ပြေားပါမယ် ကျွန်တော်တစ်ခုသွားသတိရမိတယ် တစ်ချိန်တုန်းက အမေရိကန်ပြည်ထောင်စုမှာလည်း ဒီလိုအဖြစ်အပျက်လေးတစ်ခုဖြစ်ခဲ့ဘူးတယ်။ အဲဒါလေးကို ကျွန်တော် အရင်ရှင်းပြပါမယ်။တစ်ချိန်က ငွေဝယ်ကျွန်အဖြစ်အသုံးပြုခြင်းခံခဲ့ရသော နီဂရိုးလူမည်းများကို အမေရိကန် သမ္မတ အီဗရာဟင်မ် လင်ကွန်းလက်ထက်မှာ ကျွန်အဖြစ်မှ လွပ်လပ်ခွင့်ပေးခဲ့ပါတယ်။ထိုကစ္စကိုမကြေနပ်တဲ့ လူဖြူတစ်ဦးက သမ္မတအီဗရာဟင်မ် လင်ကွန်းကို လုပ်ကြံသတ်ဖြတ်ခဲ့ပါတယ်။ နောင်တွင် (Ku Klux Klan) ဆိုတဲ့ ကေသုံးလုံး ကိုဏ်းကိုထူထောင်ပြီး လူမည်းတွေ ကို သတ်ဖြတ်ခဲ့ပါတယ်။လူမည်းထောင်ပေါင်းများစွာဟာ လူငါးသိန်ကျော်လောက်နဲ့ ဖွဲ့စည်းထားတဲ့ ကေသုံးလုံးကိုဏ်မှ မတရာသတ်ဖြတ်ခြင်းကို ခံခဲ့ကြရပါတယ်။ထိုကေသုံးလုံးကိုဏ်းကို အမေရိကန် ကွန်ဂရက် လွှတ်တော်က ဥပဒေဖြင့် (မတရားအသင်းဟု) ကြေငြာခဲ့ပါတယ်။လူဖြူတွေရဲ့အဓိက ရည်ရွယ်ချက်ကတော့ လူမည်မှန်သမျှဟာ ငွေဝယ်ကျွန်အဖြစ်နဲ့ ဘဲနေထိုင်ဖို့ပါ။
(၁)လူမဲများသည် လူဖြူများအသုံးပြုသော အိမ်သာကို မတက်ရ။
(၂)ဘစ်ကားပေါ်တွင် လူဖြူများဝင်လာပါက လူမဲမှထပေးရမည်။
(၃)လူဖြူကလေးငယ် တက်သောကျောင်းတွင် လူမဲကလေးမတက်ရ။
(၄)လူဖြူစားသောင်ဆိုင်အတွင် လူမဲမ၀င်ရ။
(၅)လူဖြူကြိုက်သောနေရာတွင် လူမဲများ အိမ်ငှားနေခွင့်မရှိ။
(၆)လမ်းမကြီးပလက်ဖောင်းပေါ်တွင် လူဖြူက လမ်းလျှောက်လာပါက လူမဲမှပလက်ဖောင်အောက်ကို ဆင်းပေးရသည်။
(၇)(၁၄)နှစ်သားလူမဲမှ မျက်နှာဖြူမလေးကို ရည်းစားစကားလိုက်ပြေားသဖြင့် ကေသုံးမှ လိုက်လံရှာဖွေသတ်ဖြတ်ခဲ့သည်။ (၈)လူမဲများ မဲပေးပိုင်ခွင့်မရှိ။
ဒီလိုမျိုးတွေခွဲးခြားကန်သတ်လာခဲ့ကြတာ နှစ်ပေါင်းတော်တော်များများပေါ့။ နောက်တော့လူမဲတွေကို ဦးဆောင်မှု့ပေးနိုင်တဲ့ ပုဂ္ဂိုလ်တစ်ဦးပေါ်ထွန်းလာခဲ့ပါတယ် သူ့နာမည်က Malcolm X တဲ့ သူဟာလူမဲတွေ အနှိမ်ခံဘ၀မှာနေရတဲ့အတွက် များစွာဝမ်းနဲးခဲ့ပါတယ်။ နောက်တော့သူထောင်ကျတယ် ထောင်ထဲမှာ တကယ်နိုင်ငံခေါင်းဆောင်တွေနဲ့သူတွေ့ခဲ့တယ် စာအုပ်စာပေတွေကို သူလေ့လာတယ်။ အဲဒီမှာသူတကယ်လိုချင်တဲ့ လူဖြူလူမဲခွဲးခြားတဲ့ပြသနာကို သူသွားတွေ့တယ် အစ္စလာမ်သာသနာမှာ လူဖြူလူမဲခွဲးခြားမှူ မရှိတာကို သူသွားတွေ့တယ် ထောင်ထဲမှာအစ္စလာမ်ကိုလက်ခံလိုက်တယ် ကမ္ဘာကြီးတိုးတက် ပြောင်းလဲ လာသည်နှင့် တစ်ပြေးညီ ဒီမိုကရေစီဆောင်ရွက်ချက်တွေဟာလည်း တစ်ဖြေးဖြေးနဲ့ ရှင်သန်လာခဲ့ပါတယ်။ သူထောင်ကနေထွက်လာတော့ လူမဲတွေကို မိန်ခွန်တွေခဏခဏပြေားခွင့်ရတယ်။ လူမဲတွေလဲသူ လက်ခံတဲ့ အစ္စလာမ်ကို လက်ခံလာခဲ့ကြတယ်။ နောက်ဆုံးမှာတော့ Malcolm X မိန့်ခွန်းပြေားနေစဉ်မှာဘဲ လူဖြူ ကေသုံးလုံဂိုဏ်မှ လူသတ်သမားသုံဦးရဲ အကြမ်းဖက် ၀င်ရောက်ခါ တရစက်ပြစ်ခတ်ခြင်းကို ခံလိုက်ရရှာပါတယ်။ အဲဒီမှာဘဲ သတ်နပ် ဆယ်နှစ်ချက်ထိမှန်ပြီး အလ္လာဟ်သျှင်မြတ်အမိန့်တော်ခံယူခဲ့ပါတယ်။ ကျွန်တော်ဒီအကြောင်းကို ဘာကြောင့်အခုလို Malcolm X နဲ့ လူမဲအကြောင်းကိုမှ ရွေးချယ်ပြီး ပြေားခဲ့ရသလဲဆိုတာ ပြန်ရှင်းပြပါ့မယ်။ လက်ရှိကျွန်တော်တို နိုင်ငံတွင် ဖြစ်ပွားခဲ့တဲ့ ပြသနာများကို ပြန်သုံးသတ်မိလို့ပါ။ သေချာလေ့လာကြည့်ပါ။ နောက်ဆုံးမှာအချက်နှစ်ခုဘဲကွားခြားနေတာကို တွေရမှာဖြစ်ပြီး အကုန်တူညီနေတာကိုတွေ့ရမှာပါ။
(၁)ကုလား ကုလားဟုခေါ်ပြီး လူကို အနိမ်ခံဘ၀မှာထားခြင်း
(၂)ရခိုင်တွေဘဲ မြန်မာပြည်အနှံ မည်သည့်နေရာမဆိုသွားခွင့်ရှိပြီး ကုလားဆိုတဲ့ အနှိမ်ခံတွေက တောင်ကုပ်လောက်ထိလာ လို့ လူဆယ်ဦးကိုသတ်ပြစ်ခြင်း။
(၃)ဒီရပ်ကွက်၊ ဒီလမ်း၊ ဒီမြေ၊ ဒီနေရာဟာ ငါတို့နေရာ ကုလားတွေလာနေပိုင်ခွင့်မရှိဟု ခွဲးခြားထားခြင်း။
(၄)ခေတ်အဆက်ဆက်ကနေမှ စရ်ျ ကုလားမျာကို သုတ်သင်ရှင်လင်းလာခဲ့တာ သမ္မတဦးသိန်းစိန်အလှည့်တွင် ကုလားများ မျိုးတုန်းသတ်ဖြတ်ခံလိုက်ရခြင်း။
(၅) ကုလားများကို လွှတ်တော်ဆိုတဲ့နေရာတွင် မထိုက်တန်ပါဟုဆိုကာ ဖယ်ထုတ်ပေးရန်တောင်ဆိုနေကြခြင်း။
(၆)ကုလားများဆိုင်တွင်ဈေးမ၀ယ်ရ၊ ကုလားများနှင့်အိမ်ထောင်မပြုရ၊ ကုလားဆိုသူနှင့်လုံးဝ ပတ်သတ်မှူမရှိစေရလို့ တောင်း ဆိုနေခြင်း။
(၇)မည်သည့်ဥပဒေနှင့်မျှ ကုလားများကို နိုင်ငံသား/တိုင်းရင်းသားထဲသို့ မ၀င်လာအောင် အာဏာပိုင်းများမှ အစပြုရ်ျဖန်တီးနေခြင်းတို့သည်။ လူသားချင်းခွဲးခြား ဆက်စံမှူသာဖြစ်ပြီး။မြန်မာပြည်၏ ဒီမိုကရေစီပင်လျှင် ကုလားများအား ငရဲးတွင်းသို့တွန်းချခံလိုက်ရခြင်းပင်ဖြစ်သည်။ အဲတော့ကျွန်တော်တို့ ဒီမိုကရေစီဘက်တော်သား ညီနောင်မွတ်စလင် အပေါင်းတို့ ကျွန်တော်တို့၏ ဒီမိုကရေစီသည် ကျွန်တော်တို့ညီနောင်များအား အရှင်လတ်လတ် အရေခွန်စုတ်သလို ဖြစ်နေ ပါသဖြင့် ဒီမိုကရစီလှုတ်လျှားဆောင်ရွက်သူ ညီနောင်မွတ်စလင်များအနေဖြင့် မိမိတို့လှုတ်လျှားဆောင်ရွက်နေသော ဒီမိုကရေစီသည် မည်သည့် ဒီမိုကရေစီဖြစ်နေသည်ကို အထူးသတိပေးအပ်ပါသည်။
ကောင်းပါပြီ အထက်တွင်ဖော်ပြခဲ့သေား လူမဲများအကြောင်းနှင့် ကုလားများအကြောင်းကို ကောင်းမွန်စွာသိရှိပြီးဖြစ်သည်ဟု မျော်လင့်မိပါသည်။ ဆက်လက်တင်ပြရန်အနည်းငယ်သာကျန်ပါတော့သည်။ အခုလိုစိတ်ရှည်သည်းခံစွာ ဖက်ကြားပေး သူတိုင်းအား ကျွန်တော် အောင်ကျော်မိုး ကျေးဇူးတင်မဆုံးဖြစ်မိပါသည်။နိဂရိုးလူမျိုးများဟု လူဖြူများမှ လူမဲများအား ခေါ် ဝေါ်ခြင်းကို လူမဲများအလွန်စိတ်ဆိုးသည် ဒီလိုခေါ်ဝေါ်နေခြင်းမျိုးကို မကြိုက်ပါ။သို့သော်လည်း လူဖြူများက ခေါ်သည်။ မကြိုက်မှန်သိသည်။ သို့သော်ခေါ်သည်။ အဲဒီလိုဘဲကုလားများဟုခေါ်ဝေါ်ခံနေကြသူများသည် အစ္စလာမ်ဘာသာ ကိုးကွယ် ပြီး မွတ်စလင်ဟု တကမ္ဘာလုံးက အသိအမှတ်ပြုခေါ်ဝေါ်နေကြသော်လည်း မြန်မာပြည်ရှိ စာတက်ပေတက်ပုဂ္ဂိုလ်ကြီးများက ကုလားဟုပင်ခေါ်ဝေါ်နေကြသည်။ ကုလားဟုခေါ်သော် မကြိုက်ပါ၊သို့သော် မကြိုက်မှန်းသိသည် ခေါ်သည်။မည်သို့ပင်ဖြစ် ပါစေ လူတစ်ဦးတစ်ယောက်က မကြိုက်သည်ကို ပြုမူခြင်း၊ ပြေားဆိုခြင်း၊ ပြုလုပ်ခြင်း အစရှိသည်တို့သည် မည်သည့် တရာတော်နှင့်မျှ မကိုက်ညီပါသဖြင့် ဒီစာကိုဖက်ပြီး ပြုပြင်မည်ဆိုပါက များစွာဝမ်းသာမိပါသည်။ အမေရိကန်နိုင်ငံတွင် လူဖြူ/လူမဲ ပြသနာသည် တစ်ဖြေးဖြေးနှင့် လျှော့သွားပြီး လက်ရှိအချိန်တွင် လူမဲဘက်မှ သမ္မတအဆင့်ထိ ဖြစ်ခွင့်ရရှိခဲ့ပြီး မိမိတို့နိုင်ငံမက တစ်ခြားသော နိုင်ငံများအပေါ်သို့ပါလွှမ်းမိုးနိုင်ခဲ့ပြီးဖြစ်သည်။ လက်ရှိ အမေရိကန်သမ္မတ အိုဘားမားသည် လူမဲထဲမှ ပေါက်ဖွားလာသော်လည်း အမေရိကန် တစ်မျိုးသားလုံးက လေးစားကြည်ညိုကြသည်။ အားကိုးကြသည်။ မိမိတို့သည် မိမိတို့နိုင်ငံတွင် လူဖြူ/လူမဲ မခွဲးခြားဘဲ ရှေ့ဆက်သွားမည် မူဝါဒလမ်းစဉ်းများကို မှန်မှန်ကန်ကန် သိမြင်ပြီး ဒီမိုကရေစီ၏ အနှစ်သာရကိုရင်ဝယ်ပိုက်ခါ မိမိတို့၏ တိုတောင်းသော ဘ၀ကို ပေါ့ပေါ့ပါးပါးဖြတ်သန်း နေကြသည်။ထိုကဲ့သို ပင်ကျွုန်ုပ်တို့ နိုင်ငံသည်ပင် အီကဲ့သို့ဖြစ်လာစေချင်သည် ငြိမ်းချမ်းစွာအတူရှင်တွဲနေထိုင်စေချင်သည်။ မိမိတို့ဘ၀မှာ အသက်အိုးအိမ် အတွက် ဘစ၏အာမခံချက်လိုချင်သည်။ မည်သည့်ဘာသာဝင်မဆို ခွဲးခြားဆက်စံခြင်းမပြုဘဲ တစ်ဦးကို တစ်ဦး လူ့ဂုဏ်သိက္ခာရှိခြင်းကို သိရှိပြီး အပြန်အလှန်လေးစားစွာ အတူယှဉ်တွဲနေထိုင်ချင်သည်။ ဖွံဖြိုးတိုးတက်သောနိုင်ငံ တစ်ခုအဖြစ် ရပ်တည်လာနိုင်သည့် အချိန်တွင် မိမိတို့၏ အတူတစ်ကွ ကြိုးစားအားထုတ်မှူကို ပုံဖော်ကာ ကြည်နူးဝမ်း သာရခြင်းဟူသော အရသာကို ခံစားချင်သည်။လက်ရှိအစိုးရတစ်ရပ်သည် နောက်နှစ်ပေါင်းများစွာ ပြည်သူဆန္ဒနှင့်အညီ အုပ်ချုပ်မည်ဆိုပါက များစွာဂုဏ်ပြုဝမ်းသာမိပါသည်။ သို့သော်လည်း လက်ရှိအခြေနေတွင် ဖြစ်ပွားခဲ့သော်ပြသနာများအား တာဝန်ယူရန် အထက်ပါစာကြောင်းများမှာ ဖော်ပြခဲ့ခြင်းဖြစ်သည်။နိုင်ငံတစ်နိုင်ငံဟု မဆိုထားနှင့် မည်သည့်ကိစ္စအသေးအဖွဲး ပင်ဖြစ်နေပါစေ တာဝန်ယူမှု၊ တာဝန်ခံမှုဆိုတာ ရှိစမြဲပင်၊ ဒါကြောင့် နိုင်ငံတော်သမ္မကြီးနှင့် ပြည်သူလူထုတစ်ရပ်လုံးအား ကျွန်တော်၏ အားနည်းချက်ကြောင့် ပုံဖော်ပြေားဆိုနိုင်ခြင်း မရှိသော အကြောင်အရာကိစ္စတစ်ချိုကိ အမေရိကန် နိုင်ငံ၏ လူမဲပြသနာတစ်ရပ်ဖြင့် ပုံဖော်ပြခြင်းဖြစ်ပါသည်။ ဒီစာကိုဖက်နေစဉ်အချိန်အတွင် အောင်ကျော်မိုး၏ ရင်တွင်စိတ်စေတနာ အမှန်ကို သိရှိနိုင်မည်ဟု မျော်လင့်မိပါသည်။တစ်ခါတစ်ရံ လူ့သဘာဝနှင့် အညီ ဒေါးသဖြစ်မှူများကိုလည်း ပွင့်လင်းစွာ ပုံဖော်ပြသလျှက်ရှိပါသည်။သိုသော် အောင်ကျော်မိုး၏ မည်သည့် ပုံဖော်မှူကိုမဆို နိုင်ငံတော်အစိုးရနှင့် ပြည်သူတစ်ရပ်လုံးကို ကောင်းစားစေလိုသော ကြောင့်ဖြစ်သည်ကို မိမိရင်ဝယ်အတွင် မှတ်သားပေးပါရန်တောင်ဆိုအပ်ပါသည်။ ဆက်လက် ရ်ျလည်း တိုင်ပြည်ကောင်းကျိုးအတွက် ဆောင်ရွက်သွားမည်ဟု အဆုံးအဖြတ်ပြုပါသည်။ နိုင်ငံတစ်ဝှမ်း ချစ်ခင် လေးစားစွာဖြင့် နိုင်ငံအကျိုး ပြည်သူ့အကျိုးကို အပြန်အလှန်ဆက်သွယ် ဆောင်ရွက်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း
အောင်ကျော်မိုး
ဗမာ့တိုင်းရင်းသားမွတ်စလင်
E-mail : burmanativemuslim@gmail.com,

အခု မွတ်စလင်တွေကို ဧည့်သည် ဆိုပြီး ခေါင်းစီးတပ်၊ အနိုင်ကျင့်တဲ့ အချိန်မှ လူ့အခွင့်အရေး ဆိုတာလည်း မလိုချင်တဲ့ ဧည့်သည် ဖြစ်သွားရော့လား။-- သမိုင်းကို လိုက်ရင် အစအဆုံး လိုက်သင့်ပါတယ်။ ကက်ဆက်က သီးချင်းဖွင့်သလို ကိုယ်လိုချင်တဲ့ သီချင်းကိုပဲ နောက်ပြန်လှည့် ပြန်ဖွင့်နေတာ သမိုင်း မဟုတ်ပါ

အခုတစ်လော ရေပန်းစားလာတဲ့ စကားတစ်ခွန်းက “မွတ်စလင်တွေကလည်း လိမ်လိမ်မာမာ (ပါးပါးနပ်နပ်) နေ ပေါ့၊ အိမ်ရှင်နဲ့ သင့်မြတ်အောင်ပေါင်းပေါ့၊” ဆိုတဲ့ စကားပါပဲ။ ဒီစကားကို အသည်းယားနေတာ ကြာပါပြီ။ ပြောရမှာ များလွန်းလို့ စကားမကြုံနိုင် အလှည့်မရောက်နိုင် ဖြစ်နေတယ်။ တိုက်တိုက်ဆိုင်ဆိုင် မနေ့က ကျွန် တော့ မိတ်ဆွေ ဘုန်းကြီးတစ်ပါး ဖုံးဆက်လာတယ်၊ “ဒကာလည်း အတော်လှုပ်ရှားနေတယ် ဆို၊- အေး ဒါတွေ က အစိုးရလှည့်ကွက်တွေပါ၊ ဒီကောင်တွေကတော့ ဒီလိုပဲ အကွက်မျိုးစုံ လုပ်နေမှာပဲ၊ ကိုယ်တွေက သိနေဘို့ လိုတယ်။ မွတ်စလင်တွေကလည်း လိမ်လိမ်မာမာနဲ့ အိမ်ရှင်နဲ့ သင့်မြတ်အောင် အလိုက်သင့်နေတတ်ဘို့ လိုတယ်၊” ဆိုပြီး ပြောလာပြန်ပါတယ်။” ဦဇင်းနဲ့ ကျွန်တော် ပုဂ္ဂိုလ်ရေး အလွန်ရင်းနှီးနေတဲ့ အတွက် ရည်ရွယ် ချက် အဆိုးနဲ့ ပြောတာမဟုတ်ဘူး ဆိုတာ ကျွန်တော်သိနေပါတယ်။ သူ့ခမြာ သူအတွေးရှိသလောက်၊ သူ့ဗဟု သုတ အလျှောက် ကောင်းရာကောင်းကြောင်း ပြောမှန်းလည်း ကျွန်တော် သိနေပါတယ်။ ဒါပေမယ့်-- ဒီစကား က အတော်လေး မှားယွင်းနေတဲ့ စကားဖြစ်နေတော့- ကျွန်တော်လည်း ရေရှည် မြုံမနေသင့်ဘူး ထင်တာနဲ့--

“နေဦး နေဦး ဦးဇင်း၊ ဦးဇင်းပြောတာက မွတ်စလင်တွေက ဧည့်သည်သဘောလား၊ ဒါမှမဟုတ် ကုလားတွေက ဧည့်သည်တွေလား၊” ဆိုတော့ သူနားထောင်နေပါတယ်။ “ကုလားနဲ့ ဗမာ မြန်မာပြည်ကို ဘယ်သူက အရင် ရောက် တာလဲ။ ဦးဇင်း လေ့လာသင့်တယ်။ လက်ရှိမြန်မာစာအဖြစ် ရေးသား ပြောဆိုနေတဲ့ မြန်မာစာ ကိုယ်က ကုလားစာ (ဗြမီ)က ဆင့်ပွားထားတာ ဖြစ်တယ်။ ဗြမီ၊ ပျူ၊ မွန်၊ မြန်မာ အဆင့်ဆင့် ဖြစ်လာတဲ့စာပါ။ မြန်မာရဲ့ အစလူမျိုးတွေဟာ ဗြမီ စာပေကို သုံးတဲ့ (အိန္ဒိယ)သားတွေ ဖြစ်တယ် ဆိုတာ ဖုံးကွယ်ထားလို့ မရနိုင်ဘူး။ ပျူ တွေက အိန္ဒိယပြည်မှာ ပညာတော်သင်တွေလွှတ်ပြီး ဗြမီစာပေ အက္ခရာကို မြန်မာထဲ ယူခဲ့တာ မဟုတ်ဘူး။ ဒါ ကြောင့် မြန်မာပြည်ထဲကို ၀င်လာတဲ့ အိန္ဒိယ မျိုးနွယ်နဲ့ တရုတ်မျိုးနွယ် နှစ်ခုမှာ အိန္ဒိယမျိုးနွယ်တွေက အရင် အဦး ဖြစ်တယ်-- ဆိုတာ သေချာအောင် လေ့လာပါ။

အင်္ဂလိပ်ခေတ်က ရောက်လာတဲ့ အိန္ဒိယတိုက်သား နှစ်ယောက် တစ်ပိုင်းကို အကြောင်းပြပြီး ကုလားတွေက အခုမှ ရောက်လာတာ ဘာညာ လျှောက်ပြောမနေပါနဲ့၊ ကုလားထက် နောက်ကျပြီး တရုတ်တွေ ဒီနေ့ထိ လာ နေဆဲ ဖြစ်တယ် ဗမာထဲကို ၀င်ရောနေဆဲ ဖြစ်တယ် ဆိုတာကိုလည်း မမေ့ထားသင့်ဘူး။ မြန်မာပြည် ဆိုတဲ့ နေရာဒေသကို အိန္ဒိယမျိုးနွယ်နဲ့ တရုတ်မျိုးနွယ်တွေဟာ ခေတ်အဆက်ဆက် ၀င်လာနေလာနေခဲ့တယ်။ အစဉ် အဆက် တွက်ကြည့်ရင် ကုလားက ရှေ့ကျတာချည်းပဲ။ ဒီလိုဆိုရင် ဘယ်သူက ဧည့်သည်လဲ၊ ဘယ်သူက အိမ်ရှင်လည်း သိနိုင်ပါတယ်။

ဘာသာတရား အရကြည့်ရင်လည်း-- ဘာသာတရား ဆိုတာ အယူဝါဒ ဖြစ်တယ်။ အရည်းကြီး-၀ါဒကို မကြိုက် လို့ မြန်မာဘုရင်တွေက ထေရ၀ါဒ ဗုဒ္ဓ၀ါဒနဲ့ အစားထိုးခဲ့တယ်။ ဒါဟာ အယူဝါဒပါ။ အစ္စလာမ်၊ ခရစ်ယာန် ဆိုတာ လည်း ဒီအတိုင်းပဲ အယူဝါဒများ ဖြစ်တယ်။ အယူဝါဒမှ အိမ်ရှင် ဧည့်သည် ဆိုတာ မရှိဘူး။ အဲ့လို ပြောကြစတမ်း ဆို အစ္စလာမ်ဝါဒ ထက်နောက်အများကြီးကျတဲ့ ဆိုရှယ်လစ် ကွန်မြူနစ်ဝါဒ မြန်မာကို ရောက်လာတယ်၊ ဧည့် သည် ဆိုပြီး မောင်းမထုတ်ခဲ့ဘူး။ အခု ဒီမိုကရေစီ ၀ါဒရယ်လို့ ရောက်လာတယ်- ဧည့်သည် ဆိုပြီး မောင်းမ ထုတ်ခဲ့ဘူး။- လူ့အခွင့်အရေး ဆိုတဲ့ ခေါင်းစီး ရောက်လာတယ်၊ မြန်မာနိုင်ငံရေးသမားတွေ ထောင်ကျနေစဉ် ကတော့ မြန်မာပြည်မှာ အလွန်နားဝင်ချိုတဲ့ ၀ါဒဖြစ်ပြီး- စစ်အစိုးရကလွဲ ကျန်သူအားလုံး မြတ်မြတ်နိုးနိုး လက်ခံ ခဲ့တယ်- ဧည့်သည်ဆိုပြီး မောင်းမထုတ်ခဲ့ဘူး။

အခု မွတ်စလင်တွေကို ဧည့်သည် ဆိုပြီး ခေါင်းစီးတပ်၊ အနိုင်ကျင့်တဲ့ အချိန်မှ လူ့အခွင့်အရေး ဆိုတာလည်း မလိုချင်တဲ့ ဧည့်သည် ဖြစ်သွားရော့လား။-- သမိုင်းကို လိုက်ရင် အစအဆုံး လိုက်သင့်ပါတယ်။ ကက်ဆက်က သီးချင်းဖွင့်သလို ကိုယ်လိုချင်တဲ့ သီချင်းကိုပဲ နောက်ပြန်လှည့် ပြန်ဖွင့်နေတာ သမိုင်း မဟုတ်ပါ။ ရခိုင်သမိုင်း၊ မြန်မာ သမိုင်း ဟိုးအစ-ထိ လိုက်နိုင်သမျှ လိုက်ပါ။ အဲ့တော့မှ အိမ်ရှင် ဧည့်သည် ကွဲပြားသွားပါမယ်။--- အစိုးရ က အကွက်ဆင် လှည့်ပတ်နေတယ် ဆိုတာကိုယ်လည်း ကျွန်တော် မငြင်းဘူး၊ ဒါပေမယ့် ဦးဇင်းတို့လို သာသနာ့ ၀န်ဆောင် လူထုရှေ့ဆောင် ပုဂ္ဂိုလ်တွေမှာလည်း သိသင့်တာကို အမှန်သိထားသင့်ပါတယ်။” ဆိုပြီး ဆက်တိုက် ပြောချလိုက်ပါတယ်။

ဦးဇင်းကလည်း-- “အေးပါ။ အေးပါ။ ဘာဖြစ်ဖြစ် ဒီအထဲမှာတော့ ဒို့ မပါဘူး၊ ဒို့ကတော့ အေးအေးပဲ နေလိုတယ်၊ လူဟာ လူပဲ လို့ မြင်တယ်၊- အားလုံး အေးသွားရင် ပိုကောင်းတာပေါ့၊” ဆိုပြီး စကားပြတ်သွားပါတော့တယ်။

ဌေးလွင်ဦး

Thursday 27 December 2012

၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေသည် နိုင်ငံတကာစံနှုန်းများနှင့် ကိုက်ညီမှုမရှိသည်ကို ပြည်သူလူထုသို့တင်ပြခြင်း

နိုင်ငံတစ်ခုကို တည်ဆောက်တာဟာ အလွန်အရေးကြီးပါတယ်။ အုပ်ချုပ်ရေးမဏ္ဏိုင်၊ ဥပေဒေပြု ရေးမဏ္ဏိုင်၊ တရားစီရင်ရေးမဏ္ဏိုင်၊ ဆိုပြီး အရေးကြီးရင်ကြီးသလို ခွဲခြားဆောင်ရွက်ရာမှာ နိုင်ငံတစ်ခုနဲ့တခု ဆောင်ရွက်ပုံချင်း မတူကြပါဘူး။ အခြေခံကျကျ ခြားနားတာကတော့ နိုင်ငံတခုဟာ နိုင်ငံတော်ဖွဲ့စည်းအုပ် ချုပ်ပုံ အခြေခံဥပဒေ ကျင့်သုံးလား၊ မကျင့်သုံးလား ဆိုတာဘဲ ဖြစ်ပါတယ်။နိုင်ငံတစ်ခုလုံးကို တရားနည်း လမ်းတွေနဲ့ ဘယ်လိုအုပ်ချုပ်မလဲဆိုတာတွေကို စာနဲ့ ရေးသားမှတ်တမ်းတင်ထားတာ ဖြစ်ပါတယ်။
ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဆိုတာ နိုင်ငံသူ၊ နိုင်ငံသားတွေနဲ့ အဲဒီဥပဒေအရ ဖွဲ့စည်းထားတဲ့ အစိုးရတို့ ကြားမှာ ပြည်သူဆန္ဒနဲ့အညီ ပြည်သူတွေက ရေးဆွဲထားတဲ့ပဋိဥာဉ်ဖြစ်တယ်။အဲဒီဥပဒေထဲမှာ နိုင်ငံသား တိုင်းလိုက်နာရမည့်တာဝန် ရရှိခံစားရမည့်အခွင့်အရေး၊ ဒီဥပဒေအရပေါ်ပေါက်လာတဲ့ အစိုးရတိုင်းလိုက်နာ ရမည့်တာဝန် ရရှိခံစားရမည့်အခွင့်အရေးတွေကို ပြည်သူတွေက ပြည်သူ့ဆန္ဒနဲ့အညီ သတ်မှတ်ပြဌာန်း ရပါမယ်။ အဲဒါကိုအခြေခံဥပဒေလို့ခေါ်ပါတယ်။ လက်ရှိမြန်မာနိုင်ငံသား ဥပဒေဟာ ပြည်သူ့ဆန္ဒမပါဘဲ ၁၉၈၂ ဦးနေ၀င်ရဲ့ တစ်ပါတီအာဏာရှင်စနစ်ကို လွှမ်းမိုးနေစဉ်ကာလ၊ အချို့သောနိုင်ငံသားများအား မြန်မာနိုင်ငံမှ အပြီးအပြတ်မောင်းထုတ်လိုသောအချိန်ကာလ၊ ဦးနေ၀င်ကိုယ်တိုင် မျက်ကန်းမျိုးချစ်အရှိန် တက်နေစဉ်ကာလ ထိုအချိန်မှာ အရေးပေါ်သတ်မှတ်လိုက်သော ဥပဒေတစ်ရပ်ကို နှစ်ပေါင်းသုံးဆယ်ကြာ မြင့်သည့်တိုင်းအောင် အတွန်ရှည်စွာ လက်ခံအတည်ပြုထားနိုင်သည်ကို များစွားအံသြမိပါသည်။ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေသည် ၁၉၈၂ခုနှစ်ဥပဒေဖြစ်နေသည့်အတွက် မည်သည့်အချက်လက်များအား ပြင်ဆင်ခြင်း၊ ဖြည့်စွပ်ခြင်း၊ ပျယ်ဖြတ်ခြင်း အစရှိသည်တို့ကို ပြုလုပ်ဆောင်ရွက်ခြင်းမရှိဘဲ ဦးနေ၀င်းရဲ့ ဥပဒေအာဏာဟာ ယနေ့ဒီမိုကရေစီ ကာလအချိန်အခါထိ လာရောက်အသက် ၀င်နေသည်ကို များစွာအံသြ မိပါသည်။
အဆိုပါအချက်သည် မြန်မာပြည်၏ အဓိကပြုပြင်ပြောင်းလဲရေးကို အနှောက်ယှက်ဖြစ်နေပါသည်။ မည် သည့်နိုင်ငံတကာ စံနှုန်းသတ်မှတ်ချက်နှင့်မှ မကိုက်ညီပါ။အဲဒီအတွက် ပြည်သူလူထု၏ လိုလားတောင်းတမှု များဟာ အချိန်ကြာမြင့်သည်ထက် ကြာမြင့်နေပါသည်။များစွာသော လူထုအတွင်း ဆင်းရဲးမွေတေမှုနှင့် ရင် ဆိုင်နေရသည်၊ မိမိတို့၏အခွင့်အရေးများဆုံးရှုံးနေကြရသည်၊ ကိုယ်ပိုင်ပြဌာန်းခွင့် ဆိုသည်မှာ အိမ်မက်ပမာ ဖြစ်နေပါသည်။ မည်သည့်နေ့ မည်သည့်အချိန် ဒီအခွင့်အရေးများ ရရှိလာမည့်ကိုပင် မျော်လင့် စောင့်ဆိုင်းနေခဲ့ ကြသည်။သို့သော်လည်း ယနေ့အချိန်အထိ ဖြစ်မလာခဲ့ပါ။ ထိုကြောင့် ပြည်သူလူထုကြီးရဲ့ မျော်လင့်တောင်း တမှုများ အမြန်ဆုံးဖြစ်ပေါ်လာအောင် မိမိတို့ရဲ့အခွင့်အရေးများကို တောင်ဆိုခြင်းနှင့် မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေကို နိုင်ငံတစ်ကာ စံချိန်စံညွှန်းနဲ့ ကိုက်ညီမှုရှိသော ဥပဒေတစ်ရပ် အမြန်ဆုံး ပေါ်ထွန်းလာနိုင် အောင် ပြည်သူလူထုသို့ အစီရင်တင်ပြအပ်ပါသည်။
အထက်တွင်ဖော်ပြခဲ့သည်များကို ဖက်ရှူပြီဖြစ်သည်။ မိမိတို့အနေဖြင့် နိုင်ငံတကာစံနှုန်းများဖြင့် ရေးဆွဲသင့် သည့်အကြောင်းအရင်းကို ဆက်လက်ပြီဖက်ရှူပေးပါရန် တောင်ဆိုအပ်ပါသည်။ မြန်မာနိုင်ငံနှင့် လက်ရှိဖွံဖြိုး  တိုးတက်နေသော နိုင်ငံများ မည်သို့ကွာနေသည်ကို စဉ်းစားတွေးခေါ်ခြင်းဖြင့် မည်သည့်အချက်က မြန်မာနိုင်ငံ၏ ဖွံဖြိုးတိုးတက်မှုကို ဟန့်တားနှောက်ယှက်နေသည်ကို သတိပြုမိမည် ဖြစ်သည်။ အီနေရာတွင် အတွေအကြုံတစ်ခုကို တင်ပြပါအံ စင်ကာပူနိုင်သို့ ထွက်ခွာလာသောလေယျာဉ်သည် လေယျာဉ်ဆင်း သက်ရန် မိနစ်အနည်းငယ်မျှသာ လိုတော့သည့်အချိန်တွင် လေယျာဉ်မောင်မယ်များက စင်ကာပူနိုင်ငံ၏ ဥပဒေအချိုကိုကြေငြာပေး လျှက်ရှိသည်။ ထိုကြောင့် စင်ကာပူနိုင်ငံသို့ အကြောင်းအမျိုးမျိုးကြောင့် သွားရောက်လိုသော သူများမှာ စင်ကာပူနိုင်ငံ ဥပဒေကို လေးစားလိုက်နာပါမည်ဟု သံန္ဓိဌာန်ချပြီးမှ စင်ကာပူနိုင်ငံ လေယျာဉ်ကွင်းသို့ ၀င်ရောက်လျှက် ရှိပါသည်။သဘောက စင်ကာပူနိုင်ငံ ဥပဒေသည် မိမိတို့နိုင်ငံသားများပင်မဆိုထားနှင့် နိုင်ငံခြားသားများပင် လေးစားလိုက်နာကြသည်။ အဲဒီလိုလေးစားလိုက် နာအောင် ဖန်တီးရေးဆွဲထားကြသည်။ ဒါကဥပမာလေးတစ်ခုပင်ဖြစ်သည်။ အခြားသောနိုင်ငံများ၏ ဥပဒေများလည်းရှိနေသည်အတွက် မြန်မာနိုင်ငံ၏ အခြေခံဥပဒေကို ရေးဆွဲသတ်မှတ်တဲ့နေရမှာ များစွာ အထောက်အကူပြုမည်ဟု ယုံကြည်ပါသည်။ ကျွန်တော်ဆိုလိုသည်မှာ မိမိတိုနိုင်ငံ မိမိတို့လူမျိုးအတွက် ဥပဒေတစ်ခုရေးဆွဲတဲ့နေရာမှာ သူများနိုင်ငံတွေ အတိုင်းရေးဆွဲရန်ဆိုလိုခြင်းမဟုတ် မိမိတို့နိုင်ငံနှင့် ပထ၀ီ အနေအထားအပေါ်ကြည့်ပြီး ရေဆွဲရမည်။ သို့သော်လည်း ကမ္ဘာကုလသမ္မဂမှ ထုတ်ပြန်ထားသော အချက်သုံးဆယ်ပါ ကြေငြာစာတမ်း များကိုလည်း ထည့်သွင်းစဉ်စားခြင်းဖြင့် မိမိတို့နိုင်ငံ၏ ခိုင်မာသော ဥပဒေတစ်ရပ် ဖြစ်တည်လာမည်ကို ရည်မှန်းပြေားဆိုခြင်း ဖြစ်သည်။ နိုင်တော်အစိုးရတစ်ရပ်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲ သတ်မှတ်တော့မည်ဆိုရင် တိုင်းရင်းသားခေါင်းဆောင်များ၊ ပါတီနိုင်ငံရေးအထူးကိုယ်စားလှယ်များ၊ မတူညီသော ဘာသာရေးခေါင်းဆောင်များ၊ လူမှုရေးအသင်း အဖွဲ့များမှကိုယ်စားလှယ်များ၊ အတွေအကြုံရင်ကျက်သော သမိုင်းပညာရှင်များအားလုံး လူစုံတက်စုံ ဆွေးနွေးရန်အထူးလိုအပ်ပါသည်။  အဲဒီလိုမှမဟုတ်ဘဲ မိမိတိုအချင်းချင်းမှ ထုတ်ပြန်ထားသော စာအုပ်သည် စာအုပ်တစ်အုတ်မျှသာ ဖြစ်ပြီး အခြေခံဥပဒေလိုမည်သို့မျှ သတ်မှတ်လို့မရပါ။ နိုင်ငံတော် အဆိုးရမှ မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်ပြထမ်း ရေးဆွဲတော့မည်ဆိုပါက လူစုံတက်စုံ စားပွဲဝိုင်းသို့ ခေါ်ယူဆွေးနွေး သင့်ပါကြောင်းအကြံပြု တင်ပြအပ်ပါသည်။ အဲဒီလိုမှမဟုတ်ဘဲ အားလုံးကို အသိမပေး၊ မျက်ကွယ်ပြုခါ မိမိတို့သဘေားအတိုင်း ဆက်လက်ဆောင်ရွက်မယ်ဆိုခဲ့မယ်ဆိုရင် အဲဒီအဖွဲ့စည်းပုံအခြေခံဥပဒေဟာ အခြေခံဥပဒေမဟုတ်တော့ဘဲ စာအုပ်တစ်အုတ်သာဖြစ်ကြောင်းနှင့် အဲဒီစာအုပ်ဟာ တစ်နေ့တွင် စက္ကူစုတ်သာ ဖြစ်သွားနိုင်ပါကြောင်း လက်ရှိမြန်မာနိုင်ငံ သမ္မတနှင့် အထက်လွှတ်တော် အောက်လွှတ်တော်မှာ ပြည်သူ့ကိုစား ဆောင်ရွက်ပေးနေကြသော တာဝန်သိ လူကြီးမင်းများအား ပြည်သူလူထုကိုယ်စား ပြည်သူ့ဆန္ဒနဲ့အညီ တောင်းဆို အကြံပြုတင်ပြအပ်ပါကြောင်း ရိုသေလေစွားစွာဖြင့်
အောင်ကျော်မိုး
ဗမာ့တိုင်းရင်းသားမွတ်စလင်

Tuesday 25 December 2012

"အကြင် မည်သူမဆို ကရုဏာထားတတ်သော စိတ်ထားရှိအံ့၊ ထိုသူအား ကိုးကွယ်ရာအရှင်က ကရုဏာထားတော်မူအံ့။ ဒါကြောင့် ကမ္ဘာဂြိုလ်ရှိ လူသားများအား ကရုဏာထားကြလော့။ အသင်တို့အား မိုးကောင်းကင်ပေါ်ရှိ ကိုးကွယ်ရာအရှင်က ကရုဏာထားတော်မူအံ့။" မြတ်တမန်တော်မုဟမ္မဒ်


(ဂျူးလူမျိုး Michael H Hart ပြုစုခဲ့ပြီး၊ ဗုဒ်ဓဘာသာဝင် သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်း မြန်မာဘာသာပြန်ဆိုထားတဲ့ ကျော်စွာ (၁၀၀) ရဲ့ နံပါတ်တစ်)
ကျော်စွာ ၁၀၀ ဆိုတော့ ကြားဖူးသူရှိနိုင်သလို၊မသိသေးသူ၊မဖတ်ရသေးသူများလဲရှိနိုင်ပါတယ်။မြန်မာလိုပြန်တော့ကျော်စွာ ၁၀၀ ပေါ့။မူရင်းစာအုပ်နာမည်က “A Ranking of the Most Influential Persons in the History”ပါ။ မူရင်းစာရေးသူက Michael H.Hart ပါ။ ဘာသာပြန်ဆိုသူက ဒေါက်တာသန်းထွန်း ဖြစ်ပါတယ်။

ကျော်စွာ ၁၀၀ ကိုစတင်ပုံနှိပ်ခဲ့တာက ၁၉၈၀ မှာပထမအကြိမ်၊၁၉၉၂ မှာ ဆရာကပြန်လည်ပြင်ဆင်ဖြည့်စွက်ခဲ့ပါတယ်။အဲဒီထဲက ဆရာ့လက်ရေးမူစာ တစ်ချို ကိုပြန်တင်ပြပေါ့မယ်။“လူပုဂ္ဂိုလ်မျိုးစုံ ထဲကလောကီ၊လောကုတ္တရာပုရိသတ် အစုအစည်းများတဲ့ လူကိုရှေ့ တန်းထားတယ်။အဲဒါအပြင် လူတွေကိုအကျိုးပြုတဲ့ အတွေးအခေါ်(စိတ်ပိုင်း)အောင်မြင်သူကိုထိပ်တန်းထားတယ်။နိုင်ငံရေးသမားက နောက်ကနေရတယ်။ကမ္ဘာ့ ကိုးကွယ် ယုံကြည်မှုမှာ ဗုဒ္ဓ၊ခရစ်ယန်၊ဟင်ဒီ၊မုဟမ္မဒ် ဆိုသလို တန်းစီ တဲ့အခါ ယုံကြည်သူလူဦးရေ နဲ့ ပြောရ ရင် ခရစ်ယန်ကများတယ်။လူတွေအပေါ်မှာ (နေ့ စဉ်နေထိုင်ရေး၊ဘဝလမ်းကြောင်း)အပါအဝင် သြဇာရှိဆုံးက မုဟမ္မဒ်ဖြစ်လို့ သူ့ ကိုဘဲနံပါတ်တစ်ပေး ထားလိုက်ရတယ်။အဲဒါကို မြန်မာဗုဒ္ဓဘာသာဝင်များက လက်ခံကြမည်မထင်ပါ။ ဒါပေမယ့် သူ့ စာအုပ်ကိုဘာသာပြန်မယ့်သူက သူ့ အစီအစဉ်ကို ပြင်ဆင်ခွင့်မရှိကြောင်းကို”ဆရာက ဝန်ခံသွားပါတယ်။
မူရင်းစာရေးသူက လူကျော် တစ်ရာကိုတန်းစီးဖို့ ဆုံးဖြတ်ရာမှာ ပေတံ သုံးခု နဲ့ ဆုံးဖြတ်တာပါတဲ့…..အဲဒါတွေက

(၁)ဘယ်အခြေခံနဲ့ ဒီပုဂ္ဂိုလ်ဟာကြီးမြင့်လာရသလဲ။
(၂)ဒီလူရဲ့ အစွမ်းနဲ့ လူတွေဘယ်လောက်များများ အကျိုးခံစားရပါသလဲ။
(၃)ဒီလူ့ ကျေးဇူးကို လူတွေ ဘယ်လောက်ကြာကြာ ခံစားရသလဲ။

အဲဒီ မေးခွန်းပေတံ သုံးခုနဲ့ ဘဲ လူတွေကို ပထမ၊ဒုတိယဆိုပြီးတန်းစီလိုက်တယ်။အဲဒီလို ရွေးချယ်တာကို ဆရာသန်းထွန်းက ကြိုက်ပါတယ်တဲ့။ဒါဟာ သမိုင်းနည်းလမ်းကျတော့ သူဘာသာပြန်ဖြစ်သွားတာပါတဲ့။

အသေးစိတ်တော့ မပြောတော့ပါဘူး။ဒါပေမယ့် လူကျော် ၁၀၀ ကိုစီပေးလိုက်ပါတယ်။



(၁) တမန်တော် မိုဟမ္မဒ်
(၂) အိုက်ဆက်နယူတန်
(၃)သခင်ယေရှု
(၄) ဗုဒ္ဓဂေါတမ
(၅)ကွန်ဖြူးရှပ်
(၆)ရှင်ပေါလု(စိန့် ပေါလ်)
(၇)ဆိုင်လန်
(၈)ဂျိုဟန်ဂူတင်ဘတ်
(၉)ကိုလံဘတ်စ်
(၁၀)အိုင်စတိုင်း
(၁၁)လူဝီပေါ့စချာ
(၁၂)ဂယ်လီလီယိုဂယ်လီလေး
(၁၃)အရစ္စတိုတယ်
(၁၄)ယူကလစ်
(၁၅)မိုးဇက်
(၁၆)ချားလ်စ်ဒါဝင်
(၁၇)ရှီဟွန်ဂ်တိ
(၁၈)သြဂတ်စ်တပ်ဆီဇာ
(၁၉) နိကိုးလပ်စ်ကော့ပါးနိကပ်စ်
(၂၀)အန်တွိုင်းလောရင့်လဗွိုင်ဆာ
(၂၁)မဟာကွန်စတဲန်တင်း
(၂၂)ဂျိမ်းစ်ဝပ်
(၂၃)မိုက်ကယ်ဖာရာဒေး
(၂၄)ဂျိမ်းစ်ကလပ်စ်မက်ဝဲလ်
(၂၅)မာတင်လူသာ
(၂၆)ဂျော့ဝါရှင်တန်
(၂၇)ကားလ်မာ့က်စ်
(၂၈)အောဗီလ်ရိုက်၊ဝီဗာရိုက်
(၂၉)ဂျဲန်ဂျစ်ခန်
(၃၀)အဒမ်စမစ်
(၃၁)အက်ဒွပ် ဒေဗရာ
(၃၂)ဂျွန်ဒဲလ်တန်
(၃၃)မဟာအလက်ဇန္ဒား
(၃၄)နပိုလီယန်
(၃၅)သောမတ်စ်အက်ဒီဆင်
(၃၆)အန်တိုနီ ဗန် လီဥဝဲန်ဟောက်
(၃၇)ဝီလီယံ တီဂျီ မော်တင်
(၃၈)ဂဂလီယယ်မို မာကိုနီ
(၃၉)အဒေါ့ ဟစ်တလာ
(၄၀)ပလေတို
(၄၁)အော်လီဗာ ကရွမ်းဝဲလ်
(၄၂)ဂရေဟမ်ဘဲလ်
(၄၃)အလက်ဇန္ဒား ဖလဲမင်း
(၄၄)ဂျွန်လော့ခ်
(၄၅)လုဒ်ဝစ် ဗန် ဗင်သိုဗင်
(၄၆)ဝါနာ ဟေဆဲန်ဘာ့ဂ်
(၄၇)လွီစ် ဒဂွဲယာ
(၄၈)ဆီမွန် ဘိုလီဗား
(၄၉)ရီနီဒေး ကား
(၅၀)မိုကကယ် အိန်ဂျယ်လို
(၅၁)ပုပ်ရဟန်းမင်းကြီး ဒုတိယအာဗင်
(၅၂)ဥမာ အိဗအယ် ခတ္တဗ်
(၅၃)အသောက
(၅၄)စိန့် သြဂတ်စတင်း
(၅၅)ဝီလီယံ ဟာဗေး
(၅၆)အားနက်စ်ရုသာဖို့ ဒ်
(၅၇)ဂျွန်ကာဗင်
(၅၈)ဂရီဂေါ် မဲန်ဒဲလ်
(၅၉)မက်စ် ပလင့်ခ်
(၆၀)ဂျိုးဆက် လစ္စတာ
(၆၁)နစ်ကိုလပ်စ် သြဂတ်စိသြတို
(၆၂)ဖရန်စစ်စကို ပီဇာရို
(၆၃)ဟာနန်ဒို ကောတေ့စ်
(၆၄)သောမတ်စ်ဂျက်ဖာဆင်
(၆၅)မိဖုရား အစ္စဘဲလာ (၁)
(၆၆)ဂျိုးဆက် စတာလင်
(၆၇)ဂျူးလီးယပ်စ်ဆီဇာ
(၆၈)အောင်နိုင်သူဝီလီယံ
(၆၉)ဆစ်ဂမန်ဖရိုဒ်
(၇၀)အက်ဒဝဒ် ဂျဲန်နာ
(၇၁)ဝေလ်ဟဲမ် ကွန်ရက် ရောင့်တ်ဂျဲန်
(၇၂)ဂျိုဟန်ဆေဗစတိယန်ဘာ့ခ်ျ
(၇၃)လောင်ဇု
(၇၄)ဗောလ်တဲ
(၇၅)ဂျိုဟန်နက်စ်ကက်ပလာ
(၇၆)အဲန်ရိကို ဖာမိ
(၇၇)လီယိုနဒ်ယူလာ
(၇၈)ဇန်ဂျက်ကွိ ရူးဆိုး
(၇၉)နစ်ကိုလို မက်ခီယာဗယ်လီ
(၈၀)သောမတ်စ် မေးလ်သပ်စ်
(၈၁)ဂျွန်ဖစ်ဂျရယ် ကနေဒီ
(၈၂)ဂရယ်ဂေါ်ရီ ပင်ကပ်စ်
(၈၃)မနိ
(၈၄)လီနင်
(၈၅)ဆွိဝဲန်တ
(၈၆)ဗာစကိုဒဂါးမား
(၈၇)မဟာဆိုင်ရပ်စ်
(၈၈)မဟာပီတာ
(၈၉)မော်စီတုန်း
(၉၀)ဖရန်စစ် ဘေကွန်
(၉၁)ဟင်နရီဖို့ ဒ်
(၉၂)မဲန်စိယပ်စ်
(၉၃)ဇော်ရော့ အက်စတာ
(၉၄)ဘုရင်မ ပထမ အယ်လီဇဘက်
(၉၅)မိခေးဂေါ်ဘာချော့
(၉၆)မဲန်နက်စ်
(၉၇)သျှာလမိန်း
(၉၈)ဟိုမာ
(၉၉)ပထမ ဂျပ်စတိနိယဲန်
(၁၀၀)မဟာဝိဟာရ

Monday 24 December 2012

ဗမာမွတ်စလင်မ် နိုးကြားရေးအဖွဲ့ဘာလဲးဆိုတာ ဖဆပလအဖွဲ့ချုပ်ကြီးကိုမေးလိုက်ပါ။

အောက်တိုဘာ၂၃ရက်နေ့က မင်းကိုကိုဆိုသူဟာ ကျွန်တော်၏ဖေစ်ဘုတ်ပေါ်တွင် ဆရာကြီးဦးရာဇတ်နှင့် ရဲးဘော်ကိုထွေးတို့၏ မကောင်းကြောင်းကို အပုတ်ချဆော်ကားထားသောဆာင်းပါလိမ်တစ်ခုကိုရေးသားရ်ျ ကျွန်တော်၏ဖေစ်ဘုတ်အမည် ဗမာ့တိုင်းရင်းသားမွတ်စလင်ခေါင်းစဉ် လိုလို ထင်ယောင်ထင်မှားဖြစ်အောင် ပိုစ်အသစ်တစ်ခုတင်ထားခဲ့ပါသည်။လည်းကောင်းပိုစ်ကို အောက်တွင်ဖေါ်ပြထားမည်ဖြစ်ပါသည်။
မင်းကိုကို၏ပြေားကြားချက်ကို အောက်တွင်ကြည့်ပြီး ကျွန်တော်ရေးသားထားသေား အမှတ်စဉ်စားတမ်း များဖြင့် တိုက်ကြည့်သင့်ပါကြောင့်ဦးစွာ အကြံပြုလိုက်ရပါသည်။

၁။ဆရာကြီးဦးရာဇာတ်နှင့် ရဲးဘော်ကိုထွေတို့ နှစ်ဦးအား ရန်ကုန်မြို့ အာဇာနည်ဗိမ္မာန်ကြီးတွင် ရုပ်ကလာပ်မျာ အားမထားရှိခြင်းမှာ လုံးဝမှန်ကန်ပါသည်။ မည်သည့်အတွက်ကြောင့်မထားရှိရပါသနည်း။ ဆရာကြီးဦးရာဇာတ်နှင့် ရဲဘော်ကိုထွေးမှ မဟုပ်ပါ အစ္စလာမ်သာသနာ၏ထုံးတမ်းစဉ်လာအရ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ဘာသာခြား၏ သင်္ချိုင်းတော်တွင် မြုတ်နှံခြင်းမရှိပါ။ သို့သော်လဲ အာဇာနည်စာရင်းတွင် ထိုပုဂ္ဂိုလ်ကြီးနှစ်ဦးအစားရုပ်ကလာပ်တော်များ မထားရှိသော်လည်း အာဇာနည်ကိုးဦးရှိကြသည်ကို မြန်မာတစ်မျိုးသားလုံးက လက်ခံအတည်ပြုရ်ျ အာဇာနည်ကုန်းတွင် ဘိမ္မာန်တော်အား ကိုးခုတည်ဆောက်ခဲ့ပြီး အာဇာနည်ကိုးဦးအားယနေ့တိုင် မြန်မာတစ်မျိုးက အလေးပြုလျှက်ရှိပါသည်။

၂။နိုင်ငံနှင့်လူမျိုးအတွက်အသက်ကိုစတေးမှအာဇာနည်လို့ ခေါ်ရမည်ကိုကျွန်တော်ကောင်းစွာသဘော
 ပေါက်ပါသည်။အာဇာနည်ကိုးဦးထဲးတွင် အသက်ပေးလှူသွားခဲ့သူတွေထဲးတွင် ဦးရာဇာတ်နှင့် ရဲဘော်ကိုထွေး တို့လည်းမပါဝင်ခဲပါသလေား။ဦးရာဇာတ်ဒဏ်ရာခြောက်ချက်ထိမှန်ခဲ့ဒါကို ခင်ဗျားမသိပါသလော ရဲဘော်ကိုထွေအသက်ပျောက်သွားတာကိုကော ခင်ဗျားမသိလိုက်ပါသလေား။ဆရာကြီးဦးရာဇာတ်က လမ်းပေါ်ထွက်ဆန္ဒပြလိုက်အော်နေစရာမလိုပါဘူး။ သူကအမျိုးသားကျောင်အုပ်ဆရာ ကျောင်မှာကျောင်သူ/ကျောင်သားတွေကို နိုင်ငံရေးအသိပညာပေးပြီး
 ဗြိတိသျှအစိုးရကို တော်လှန်ရေးတွေ အမျိုးမျိုးဖြစ်အောင်နောက်ကနေစီစဉ်ပေးနေသူတစ်ယောက်ပါ။ရဲဘော်သုံးချိန်ဖြစ်လာအောင်နောက်ကနေ ဘယ်သူကူညီနေတာလဲ။ ဗီဒီအေ၊ဗီအိုင်အေ ကျောင်သားတပ်မတော်တွေဖြစ်လာအောင် ဘယ်သူကဦးဆောင်ပြီး ဆောင်ရွက်ပေးခဲ့တာလဲ ခင်ဗျားကိုသက်သေပြစရာစာအုပ်တွေတစ်ပုံကြီးရှိတယ်။ ဒါဗေမယ့် ခင်ဗျားနဲ့မထိုက်တန်လို့မပြတာ ဖေစ်ဘုတ်နဲ့သာတန်အောင်ရေးပေးလိုက်ပါတယ်မင်းကိုကို။ ကျောင်သားတွေ
ကိုအင်္ဂလိပ်စာတက်အောင်သင်ပေးတာကို အင်္ဂလိပ်ကိုဖားတယ်တဲ့ ဟုပ်လားမင်းအုန်း နှောက်ကတော်တော်ရွှေချထားရမယ်။အင်္ဂလိပ်ကို တိုက်ထုတ်ဖို့အတွက် အင်္ဂလိပ်စာတက်ရမယ်။ဗိုလ်ချုပ်အောင်ဆန်းဒေါင်နင်လမ်းကိုသွားပြီး လွတ်လပ်ရေးအတွက အက်တလီနဲ့တွေ့တုန်းက အင်္ဂလိပ်စကားဘဲပြေားခဲ့တာမဟုတ်ဘူးလား။မြန်မာနိုင်ငံလွတ်လပ်ရေးရခဲ့တာ ဗိုလ်ချုပ်အောင်ဆန်းအင်္ဂလိပ်စာတော်လို့မဟုပ်ဘူးလား။တကယ်လို့သာ သူသည် အင်္ဂလိပ်စကားမပြေားတက်ဘူးဆိုရင် အက်တလီကိုဆက်သွယ်ဖို့တော်တော်ခတ်သွားလိမ့်မယ်။ဘာကြောင့်လဲဆိုတော့ ဂဠုံဦးစောက အင်္ဂလိပ်လိုမဟုပ်ကဟုပ်ကတွေလျှောက်ပြေားပြီး အကုန်တလွှဲလုပ်သွားနိုင်တယ်။ဗိုလ်ချုပ်အင်္ဂလိပ်စကားပြေား ကျွမ်းကျင်တာ မြန်မာပြည်အတွက် အကောင်းဆုံးရင်နှီးမှု့တခုဘဲ။အဲလိုဘဲ ဦးရာဇာတ်က အင်္ဂလိပ်စာမှာကော ပါလိစာပေကော ကျွမ်းကျင်တယ်။ သူကျွမ်းကျင်တာကို သူ့တပည့်တွေကို အမွေပေးခဲ့တာပါ။အဲဒါမင်းအတွက်ဘယ်လို့ဒုက္ခမျိုးဖြစ်စေပါသလဲ။မင်းကိုကိုရဲ့အုန်နှောက်ကိုရွှေချထားချင်
တယယ်။ဦးရာဇာတ်က ပညာရေးဝန်ကြီးအဖြစ်တောင်းခံခဲ့တာမဟုပ်ဘူးမင်းကိုကို မင်းစာမတက်ဘူးကွာ မင်းကျောင်းတက်ခဲ့ဘူးသလား။ ဘာကြောင့်ညံရတာလဲ။ ဦးရာဇာတ်ကို ပညာရေးဝန်ကြီးအဆင့်ရောက်အောင်ပို့ ပေးခဲ့တာမန္တလေးကဆရာတော်သံဃာတော်တွေနဲ့မလေးမြို့
သူ/မြို့သား တွေငတုန်းရဲ့ဘုမသိဘမသိနဲ့ လျှောက်ရေးချင် တာရေးပြီးလူတွေကို နလဲပလဲလုပ်နေတယ်။ဦးရာဇာတ်လို့အမည်ကျော်ကြားခဲ့ဗေမယ့် သူအမည်က မောင်မောင်ကြီးဆိုတာမင်းမသိဘူးလား။မင်းအဲလောက်ညံရင်လဲး ကိုယ်ဟာသာကိုယ်အေးအေးဆေးဆေးနေပါလားကွာ။ ဘာလို့လက်ကမြင်ကြေားထနေတာလဲ။

၃။ဗမာမွတ်စလင်နိုးကြားရေးအဖွဲ့ဘာလဲးဆိုတာ ဖဆပလအဖွဲ့ချုပ်ကြီးကိုမေးလိုက်ပါ အုန်း မင်းကိုကို မင်းစာကိုငါပြန်ရေးရတာ လက်တောင်ညောင်းတယ် မင်းလိုအသုံးမကျတဲ့သူတွေဖက်မိလို့ တလွဲးထင်မျင်ယူစသွားမှာကို စိုးရိမ်လို့ပြန်ရေးတာ။ဗမာမွတ်စလင်နိုးကြားရေးအဖွဲ့ဆိုတာ မြန်မာနိုင်ငံလွတ်လပ်ရေးရရှိဖို့ အများကြီးအလုပ်လုပ်ခဲ့တယ်ဆိုတာ ခင်ဗျားစာဖက်ရင်သိနိုင်ပါတယ်။

အစ္စလာမ် သာသနာရေးရာ ကောင်စီ ပေါ်ပေါက်လာပုံ မြန်မာမွတ်စ်လင်မ်သမိုင်း


(၁) မြန်မာနိုင်ငံသို့ လွန်ခဲ့သော နှစ်ပေါင်းများစွာကပင် အစ္စလာမ်သာသနာရောက်ရှိ ထွန်းကားခဲ့ပါသည်။ ရှေးမြန်မာမင်းများ လက်ထက်က အစ္စလာမ်သာသနာ သက်ဝင်ယုံကြည်သူ နိုင်ငံသားများကို ပသီများဟု ခေါ်ဝေါ်ခဲ့ကြပါသည်။ ၄င်းအစ္စလာမ်သာသနာဝင် ပသီများသည် အစ္စလာမ့်အဆုံးအမနှင့်အညီ ဘာသာတရားကိုင်းရှိုင်းကြ၍သစ္စာရှိစွာ အမူ့ထမ်းခဲ့ကြသဖြင့် မြန်မာမင်းများက လုပ်မြေ၊နေမြေများ ချီးမြင့်ခြင်း၊၀တ်ပြုကိုးကွယ်ရန် အတွက်၊ ဗလီဝတ်ကျောင်းတော်များနှင့်သာသနိက အဆောက်အအုံများ လှူဒါန်းခြင်းတို့ ဖြင့် မြှောက်စား ချီးမြှင့်ခြင်းခံခဲ့ကြရပါသည်။

(၂) (၁၈၂၄)ခုနစ်တွင်ပထမအကြိမ်၊ (၁၈၅၂)ခုနစ်တွင် ဒုတိယအကြိမ်၊ (၁၈၈၅)ခုနစ်တွင် တတိယအကြိမ်၊ အင်္ဂလိပ်မြန်မာ စစ်ပွဲများဖြစ်ကြပြီးနောက် အင်္ဂလိပ်တို့ကမြန်မာနိုင်ငံ တစ်ဝန်းလုံးအား သိမ်းပိုက် အုပ်စိုးခဲ့ပါသည်။

ထိုစစ်ပွဲများတွင်လည်းကောင်း၊ ထိုစစ်ပွဲများပြီးနောက် မြန်မာမျိုးချစ်တို့၏ နယ်ချဲ့ ဆန့်ကျင်ရေး တိုက်ပွဲများတွင် လည်းကောင်း၊ အခြားတိုင်းရင်းသား ညီနောင်များနည်းတူ အစ္စလာမ်သာသနာဝင်များ ပါဝင်ခဲ့ကြပါသည်။-

(၃) ၎င်းနောက် အင်္ဂလိပ်တို့ မြန်မာတစ်နိုင်ငံလုံးအား ကျွန်ပြုအုပ်ချုပ်ရာတွင် ၄င်းတို့၏ စီမံကိန်းများကို အကောင်အထည်ဖော်နိုင်ရန်အတွက် တိုင်းတစ်ပါးမှ အခြေချလိုသူ အမြောက်အမြားကို မြန်မာနိုင်ငံတွင်း ၀င်ရောက်ခွင့်ပြုခဲ့ရာ ၀င်ရောက်လာသူတိုင်းတစ်ပါးသားများအနက် အိန္ဒိယနိုင်ငံဖွား အစ္စလာမ် သာသနာဝင်များလည်း ပါရှိခဲ့ပါသည်။

(၄) ၂၀-ရာစု အစပိုင်းတွင် မြန်မာနိုင်ငံရှိ တိုင်းရင်းသားများသည် အမျိုးသားရေး စိတ်ဓာတ်များနိုး ကြားလာစပြုကာ ဘာသာရေးအဖွဲ့ အစည်းများ ထူထောင်ဖွဲ့စည်းကြရာတွင် အစ္စလာမ်သာသနာဝင်တို့ သည်လည်း(၁၉၀၉)ခုတွင် အစ္စလာမ်ဘာသာဝင် ဗမာ မွတ်စ်လင်မ် များအတွက်ဟူသောကြွေးကြော်သံဖြင့် အေရဟင်နှင့် ဟာဂျီဦးဘအို (KIH)တို့ ဦးဆောင်၍ ဘားမားမွတ်စ်လင်မ်ဆိုစိုက်တီ (BURMA MUSLIM SOCIETY)အဖွဲ့ကို ဖွဲ့စည်း တည်ထောင်ခဲ့ပါသည်။

(၅) (၁၉၁၅)ခုနစ်တွင် မြန်မာနိုင်ငံရှိ အစ္စလာမ်သာသနာဝင်တို့၏ ပညာရေးမြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် မြန်မာမွတ်စ်လင်မ် ပညာရေး အဖွဲ့ချုပ်ကို ဖွဲ့စည်းကာ မြန်မာနိုင်ငံ တစ်ဝန်းမြို့များတွင်အလှည့်ကျ ပညာရေးကွန်ဖရင့်များ နှစ်စဉ်ကျင်းပခဲ့ပါသည်။

(၆) မြန်မာနိုင်ငံရှိတိုင်းရင်းသားများ အစ္စလာမ်သာသနာဝင်တို့က အစ္စလာမ် ဘာသာရေး ကျောင်းများတွင် မြန်မာဘာသာ စာပေဖြင့် သင်ကြားလိုကြခြင်းကို အစ္စလာမ်သာသနာနှင့် အိန္ဒိယယဉ်ကျေးမူ့ကို ကွဲပြားစွာ သုံးသပ်နိုင်စွမ်းမရှိသူ အစ္စလာမ်သာသနာဝင် အချို့တို့က ဆန့်ကျင် ကန့်ကွတ်၍ အိန္ဒိယစာပေ(အူရ်ဒူစာ)၊ယဉ်ကျေးမူဓလေ့ ထုံးတမ်းများကို အတင်းအကြပ်သင်ကြားစေမူကြောင့် လည်းကောင်း၊ သန်းခေါင်စာရင်းကောက်ရာ မြန်မာနိုင်ငံတိုင်းရင်းသားအစ္စလာမ် ဘာသာဝင်များကို အိန္ဒိယနိုင်ငံဖွားစာရင်းထည့်သွင်းသည့်ကိစ္စနှင့်ပတ်သက်၍ လည်းကောင်း၊မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံ တွဲရေးခွဲရေး ကိစ္စတွင်မြန်မာနိုင်ငံတိုင်းရင်းသားအစ္စလာမ်သာသနာဝင်များက ခွဲရေးဘက်ကထောက်ခံပြီး အိန္ဒိယနွယ်ဖွား အစ္စလာမ်သာသနာဝင် များကတွဲရေးဘက်က ထောက်ခံခဲ့သဖြင့်လည်းကောင်း၊ (၁၉၂၉) ခုနစ်တွင် မြန်မာမွတ်စ်လင်မ်ပညာရေးအဖွဲ့ချုပ်အတွင်း သဘောထားကွဲမူများအထွတ်အထိပ်ရောက်ရှိကာ (၁၉၃၀)ခုတွင် တိုင်းရင်းသားအစ္စလာမ်သာသနာဝင်များခွဲထွက်ပြီးဂျီစီင်္ဘီအမ်အေ (THE GENERAL COUNIL OF BURMA MUSLIM ASSOCIATION) ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။

(၇) (၁၉၃၈)ခုနစ် ဖေဖော်ဝါရီလ(၁၃)ရက်တွင် တိုင်းတစ်ပါးသားတို့၏တိုင်းရင်းသားများအပေါ် နိုင်ငံရေး၊ဘာသာရေး၊ လူမူရေး ၊ယဉ်ကျေးမူနယ်ပယ်များတွင် လွှမ်းမိုးချယ်လှယ်နေခြင်းကို ရင်ဆိုင်အံတု၍ အမျိုးသားရေးဘာသာရေးများကိုဆောင်ရွက်ရန်အတွက် ဗမာမွတ်စ်လင်မ်နိုးကြားရေးအဖွဲ့ချုပ်အား မန္တလေးမြို့ ဥက္ကဋ္ဌ ဦးသိန်းမောင်(စကြာနွယ်စဉ်)၊ အတွင်းရေးမူး၊ဦးသန်းရွှေတို့ဦးဆောင်ဖွဲ့စည်းခဲ့ပါသည်။

(၁၉၄၁)ခုနှစ်တွင်ကျင်းပသော ညီလာခံ၌ မန္တလေးမြို့ ဗဟိုအမျိုးသားကျောင်းအုပ်ဆရာကြီး ဦးရာဇတ် (အာဇာနည်ခေါင်းဆောင်ကြီး)ကို ဥက္ကဋ္ဌတင်မြှောက်ခဲ့ပါသည်။

(၈) ဒုတိယစစ်ကြီးပြီးသည့် (၁၉၄၅)ခုနစ်တွင် (ဂျီဘီအမ်အေ)အဖွဲ့ကို ပြန်လည်ဖွဲ့စည်းခဲ့ပြီး ဗမာမွတ်စ်လင်မ်လူငယ်များအစည်းအရုံး (ဗ မ လ)ကို ဖွဲ့စည်းခဲ့ပါသည်။ထိုနှစ်တွင်အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက ယနေ့တိုင်းပြည်အခြေအနေသည် တစ်မျိုးသားလုံး သွေးစည်း ညီညွတ်ရန် အလွန်လိုအပ် နေသဖြင့် ဗမာမွတ်စ်လင်မ်များညီင်္ညီညွတ်ညွတ်နှင့်အဖွဲ့ အစည်းကြီးတရပ်ဖွဲ့စည်းကာ (ဖ-တ-ပ-လ)အဖွဲ့ကြီးတွင် တပ်ပေါင်းစုအဖြစ်ပါဝင်ရန် တိုက်တွန်းချက်အရ ဆရာကြီးဦးရာဇတ်က ဦးဆောင်ဆော်သြ၍ (၁၉၄၅)ခုနစ်၊ ဒီဇင်ဘာ(၂၄)ရက် (၂၅)ရက်နှင့်(၂၆)ရက်တို့တွင် ပျဉ်းမနားမြို့၌ ညီလာခံကြီးတရပ်ခေါ်ယူ ကျင်းပခဲ့ပါသည်။

(၉) ၎င်းညီလာခံကြီးသို့ မြန်မာနိုင်ငံတစ်ဝန်းမှ တစ်သီးပုဂ္ဂလ မွတ်စ်လင်မ်ခေါင်းဆောင်များ၊ ဖွဲ့စည်းပြီးသော (ဂျီစီဘီအမ်အေ)နှင့်(ဗ-မ-လ) အဖွဲ့တို့မှ ခေါင်းဆောင်များ ပါဝင်တက်ရောက်စေ၍ အဖွဲ့ဟောင်းအားလုံးကိုဖျက်သိမ်းကာ ဗမာနိုင်ငံလုံးဆိုင်ရာဗမာမွတ်စ်လင်မ်ကွန်ဂရက် (ဗ-မ-က) အဖွဲ့ကြီးကို ဆရာကြီးဦးရာဇတ်အား ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ဦးခင်မောင်လတ် ( နောင်တရားရေးဝန်ကြီးဌာန ၀န်ကြီးနှင့် အစ္စလာမ်ကောင်စီ ဌာနချုပ်ဥက္ကဋ္ဌ) အား အထွေထွေအတွင်းရေးမှုးချုပ် အဖြစ် လည်းကောင်း၊ တင်မြှောက်ဖွဲ့စည်းခဲ့ပါသည်။

( ဗ-မ-က ) အဖွဲ့ကြီး သည် ညီညွတ်သော တိုင်းရင်းသား သာသနာ့ပညာရှင်များ အဖွဲ့အစည်း တစ်ရပ်ဖြစ်ပေါ်လာရေးအတွက် (ဗ-မ-က)၏ဘာသာရေးမှူး မောင်လာနာဃာဇီ မုဟမ္မဒ်ဟာရှင်မ် (နောင်-အိုလမာ ဥက္ကဋ္ဌ ၊ အစ္စလာမ်ကောင်စီဥက္ကဋ္ဌ)ကို လည်းကောင်း၊ စုစည်းညီညွတ်သော မွ တ်စလင်မ် အမျိုးသမီး အဖွဲ့ချုပ်ဖြစ်မြောက်ရေးအတွက် ဒေါ်စောရွှေ ၊ ဒေါ်သက်မေ၊ ဒေါ်မြမြတင်တို့အား လည်းကောင်း တာဝန်ပေးခဲ့ပါသည်။

(၁၀) ထိုသို့ (ဗ-မ-က) အဖွဲ့ကြီး၏တာဝန်ပေးချက်အရ (၁၉၄၆) ခုနှစ်ဖေဖော်ဝါရီလ(၃)ရက်နေ့တွင် ရန်ကုန်မြို့၌ အမျိုးသမီးထု အစည်အဝေးကျင်းပပြီး ဗမာနိုင်ငံလုံးဆိုင်ရာ ဗမာမွတ်စ်လင်မ်အမျိုးသမီးအဖွဲ့ချုပ်(ဗမအ)ကိုဥက္ကဋ္ဌ ဒေါ်စောရွှေအား တင်မြေုာက်၍လည်းကောင်း၊ (၁၉၄၆)ခုနှစ်၊ စက်တင်ဘာလ(၂၃)ရက်တွင် သာစည်မြို့၌ သာသနာ့ပညာရှင်များ အစည်းအဝေးကြီး ကျင်းပ၍ ဥက္ကဋ္ဌဃာဇီမုဟမ္မဒ်ဟာရှင်မ်အား တင်မြှောက်၍ လည်းကောင်းဖွဲ့စည်းခဲ့ပါသည်၊ (အိုလမာအဖွဲ့ချုပ်သည် ၁၉၅၁ခုမေလတွင် ကျင်းပသော အိုလမာညီလာခံ၌ ရန်ကုန်မြို့ရှိ ဂျမီအသ်အဖွဲ့နှင့ပူးပေါင်းလိုက်ပါသည်။)



(၁၁) (ဗ-မ-က)အဖွဲ့ကြီးသည် (၁၉၄၆)ခုနှစ် ဇန်န၀ါရီလတွင် ရွှေတိဂုံ အလယ်ပစ္စယံ၌ကျင်းပသည့် ဖ-ဆ-ပ-လ ညီလာခံ၌စတင်ကာ လူမျိုးရေးအဖွဲ့အစည်းတစ်ရပ်အဖြစ် (ဖ-ဆ-ပ-လ)တွင် တပ်ပေါင်းစုပါဝင်၍ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုတွင်ပါဝင်ဆောင်ရွက်ခဲ့ပါသည်။ (၁၂) (၁၉၄၈) ခုတွင် မြန်မာ့နိုင်ငံလွတ်လပ်ရေရရှိပြီးနောက် နိုင်ငံတော်အစိုးရက ဘာသာသာသနာအသီးသီးအား နှစ်စဉ် သာသနာ့ထောက်ပံ့ကြေးငွေ ချီးမြှင့်ရာတွင် (ဗ-မ-က) သည် အစ္စလာမ်သာသနာဝင် တစ်မျိုးသားလုံးအား ကိုယ်စားပြုသော်လည်း အမျုးသားရေးဆောင်ရွက်နေသော အဖွဲ့ဖြစ်သဖြင့် သာသနာ့ထောက်ပံကြေး ငွေလက်ခံနိုင်ခဲ့ခြင်းမရှိပါ။

ကျန် ဘာသာရေးအဖွဲ့များ သည်လည်း အစ္စလာမ်သာသနာဝင် တစ်မျိုးသားလုံးကို ကိုယ်စားပြု၍ ထောက်ပံကြေး လက်ခံနိုင်ခဲ့ခြင်းမရှိပါ။ အိုလမာအဖွဲ့သည် သာသနာ့ပညာရှင်များကိုသာ ကိုယ်စားပြုခြင်း၊ အမျိုးသမီးအဖွဲ့သည် အမျိုးသမီးများကိုသာ ကိုယ်စားပြုခြင်း၊ လူငယ်အဖွဲ့သည် လူငယ်များကိုသာကိုယ်စားပြုခြင်းကြောင့်ဖြစ်သည်။

ထို့အတွက် အစ္စလာမ်သာသနာတော်အတွက် နိုင်ငံတော်က ချီးမြှင့်သောသာသနာ့ ထောက်ပံကြေးငွေကို (ဗ-မ-က)အဖွဲ့မှ အောက်ပါပုဂ္ဂိုလ်များအမည်ဖြင့်သာ ဘဏ်၌ ယာယီအပ်နှံ ငွေစာရင်းဖွင့်ထားခဲ့ရပါသည်။

(က) ဦးခင်မောင်လတ် (ထိုစဉ်က- ၀န်ကြီးတရားဝန်ကြီးဌာန)

(ခ) မစ္စတာ စူလတန် အဟ်မဒ် (ထိုစဉ်က- ပါလီမန်အမတ်)

(ဂ) ဒေါ်ခင်ခင် (ဆရာကြီးဦးရာဇတ်၏ဇနီး) (ထိုစဉ်က-ပါလီမန်အမတ်)

(ဃ) ဟာဂျီမ ဒေါ်စောရွှေ (ထိုစဉ်က-လူမျိုးစုလွှတ်တော်အမတ်)

(င) ဦးသန်ညွန့် (ထိုစဉ်က-ပါလီမန်အမတ်)

(၁၃) (၁၉၅၄)ခုနှစ်တွင် ဖ-ဆ-ပ-လအစိုးရက (ဗ-မ-က) အဖွဲသည် ဘာသာရေးနှင့် နိုင်ငံရေးရောထွေးနေသည်ဟုအကြောင်းပြကာ (ဗ-မ-က)အဖွဲ့ကြီးအား ဖျက်သိမ်းရန် အရေးဆိုလားပါသည်။-

ထို့အပြင် အစ္စလာမ်သာသနာဝင်အားလုံးတို့ကို ကိုယ်စားပြု၍ အစ္စလာမ့်သာသနာရေးရာများကို ဆောင်ရွက်သော နိုင်ငံလုံးဆိုင်ရာ အစ္စလာမ့်အဖွဲ့အစည်းတစ်ရပ်ကိုဖွဲ့စည်းရန်လည်း တိုက်တွန်းလာသည် ။ ထိုသို့သောခြေအနေများကြောင့် (ဗ-မ-က)ဌနချုပ်မှ ဥက္ကဋ္ဌ- ဦးခင်မောင်လတ်၊ အထွေထွေအတွင်းရေးမှူး-ဆရာဦးဘိုးချယ်၊ ဒေါက်တာဦးကျော်ညိမ်း၊ ဗမာမွတ်စ်လင်မ်အိုလမာအဖွဲ့ချုပ်မှ ဥက္ကဋ္ဌ-မောင်လာနာအိဗ်ရာဟီမ် အဟ်မဒ် (မဇွာဟီရီ)၊ အထွေထွေ အတွင်းရေးမှူး-မောင်လာနာဃာဇီမုဟမ္မဒ်ဟာရှင်မ်၊ မောင်လာနာ မုဖ်သီ မဟ်မူဒ်ဒါဝုဒ်ယူစွဖ်၊ ဗမာမွတ်စ်လင်မ် အမျိုးသမီးအဖွဲ့ချုပ်မှ ဥက္ကဋ္ဌ ဟာဂျီမ ဒေါ်စောရွှေ ၊ဒေါ်စိန်စိန်၊ ဒေါ်သက်မေတို့ (၁၉၅၄)ခုနှစ်၊ နိုဝင်ဘာလ(၂)ရက်နေ့တွင်(ဗ-မ-က) ဌာနချုပ်ရုံးခန်း၌တွေ့ဆုံစည်းအဝေး၍ ပြည်ထောင်စုမြန်မာနိုင်ငံတော်အစ္စလာမ် သာသနာရေးရာကောင်စီအား ဖွဲ့စည်းရန်ဆုံ ဖြတ်ခဲ့ပါသည်။

၎င်းအစည်းအဝေးကို အိုလမာအဖွဲ့ချုပ်က ဖိတ်ကြားခေါ်ယုရန်ညှိနှိုင်းသဘောတူဆုံးဖြတ်ခဲ့ပါသည်။

(၁၄) ထိုသို့ ညှိနှိုင်းဆုံးဖြတ်ချက်အရ ၁၉၅၄ခုနှစ်၊ ဒီဇင်ဘာလ၊ (၅)ရက်နေ့တွင် ရန်ကုန်မြို့၊ကနေဒီလမ်း ( ကန်ရိပ်သာလမ်း၊ မင်္ဂလာတောင်ညွန်မြို့နယ်) ရှိ ဇိနယ်စ္စလာမ်ယောကျာ်းလေးများဂေဟာ၌ အောက်ပါ ဗဟိုအမှုဆောင်များပါဝင်သော ပြည်ထောင်စုမြန်မာနိုင်ငံအစ္စလာမ်သာသနာရေးရာကောင်စီအား စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။

(၁၉၅၄)ခုနစ်၊ဒီဇင်ဘာလ (၅) ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သော ပြည်ထောင်စုမြန်မာနိုင်ငံတော်အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ် ဗဟိုအမှုဆောင်အဖွဲ့

၁။ ဦးခင်မောင်လတ် (ထိုစဉ်-တရားရေးဝန်ကြီးဌာန၊၀န်ကြီး) - ဥက္ကဋ္ဌ

၂။ မောင်လာနာအိဗ်ရာဟီမ်အဟ်မဒ် -မဇွာဟိရီ - ဒုတိယဥက္ကဋ္ဌ

၃။ (သီရိပျံချီ အလ်ဟာဂ်ျ) မောင်လာနာ ဃာဇီ မုဟမ္မဒ်ဟာရှင်မ် - အတွင်းရေးမှူးချုပ်

၎။ အလ်ဟာဂ်ျဆရာကြီးအဗ်ဒုလ္လာဟ် - တွဲဖက်အတွင်းရေးမှူးချုပ်

၅။ ၀ဏကျော်ထင် ဦးဘအေး - ဘဏ္ဍရေးမှူး

၆။ ပါမောက္ခ ဆရာကြီးဦးကာ(ရန်ကုန်တက္ကသိုလ်-သင်္ချာဌာန) - စာရင်းစစ်

ရ။ (အလ်ဟာဂ်ျ) မောင်လာနာ မုဖ်တီ မဟ်မူဒ် ဒါဝုဒ် ယူစွပ် - ဗဟိုအမှု့ဆောင်

၈။ ဦးရာရှစ်(ထိုစဉ်-ကုန်သွယ်မူ-တိုးတက်ရေးဝန်ကြီဌာန၊၀န်ကြီး) - ဗဟိုအမှု့ဆောင်

၉။ (ဇေယျကျော်ထင်) ဗိုလ်မူကြီးဘရှင် - ဗဟို အမှု့ဆောင်

၁၀။သီရိပျံချီ ဦဘစိန် (တိုင်းမင်းကြီး) - ဗဟိုအမှု့ဆောင်

၁၁။ဆရာဦးဘိုချယ် (ပါလီမန်အမက်) (နိုင်ငံဂုဏ်ရည်ပထမအဆင့်) - ဗဟိုအမှု့ဆောင်

၁၂။ဒေါက်တာ ဦးကျော်ညိမ်း (မော်ကွန်ဝင်ဒုတိယအဆင့်) - ဗဟိုအမှု့ဆောင်

၁၃။ဦးကိုကိုလေး (ထိုစဉ်က-စာရင်းစစ်ချုပ်) - ဗဟိုအမှု့ဆောင်

၁၄။(၀ဏကျော်ထင်) (ဟာဂျီမ) ဒေါ်စောရွှေ (ပါလီမန်အမတ်) - ဗဟိုအမှု့ဆောင်

၁၅။ဆရာမ ဒေါ်သက်မေ - ဗဟိုအမှု့ဆောင်

၁၆။ဆရာမ ဒေါ်စိန်စိန် - ဗဟိုအမှု့ဆောင်

၁၇။မစ္စတာ စုလ်တွာန် အဟ်မအ်(ပါင်္လီမန်အမတ်) - ဗဟိုအမှု့ဆောင်

၁၈။(အလ်ဟာဂ်ျ) မောင်လာနာ မက္ကဆူဒ် အဟ်မဒ်ခန်း - ဗဟိုအမှု့ဆောင်

၁၉။မောင်လာနာ ဘရှီရုလ္လာဟ် (တာမွေဒါရုလ်အုလူမ်ကျောင်းအုပ်) - ဗဟိုအမှု့ဆောင်

၂၀ ။စည်သူ ဦးဘကြွယ်(မန္တလေး) - ဗဟိုအမှု့ဆောင်

၂၁။ဦးဘိုခိုင်(စစ်တွေ)(ပါလီမန်အမဟ်) - ဗဟိုအမှု့ဆောင်

၂၂။ ဆရာကြီးပုံ (ရွှေဘို) (ဆားကုန်းအရဗီသိပ္ပံကျောင်းအုပ်) -ဗဟိုအမှု့ဆောင်

၂၃။မောင်လာနာဂျမာလုဒ်ဒီန်(မန္မလေး) - ဗဟိုအမှု့ဆောင်

၂၄။ဆရာကြီးဦးဂိုလာမ် (မော်လမြိုင်) - ဗဟိုအမှု့ဆောင်

၂၅။မော်လာနာအိဗာဒုလ္လာဟ်(ကျောက်မဲ) - ဗဟိုအမှု့ဆောင်

၂၆။ဆရာဦးသန်းဖေ(ပျဉ်းမနား-ကျောင်းအုပ်ဆရာကြီး) - (တိုးချဲ့ခန့်) ဗဟိုအမှု့ဆောင်

၂၇။ဆရာကြီးခင်(မီတ္ထီလာ) ) - (တိုးချဲ့ခန့်) ဗဟိုအမှု့ဆောင်

(၁၅) ထိုသို့အစ္စလာမ်ရေးရာကောင်စီ ဖွဲ့စည်းပြီးနောက် (၁၉၅၅)ခုနစ် ဒီဇင်ဘာ(၂၆)ရက်နေ့တွင်ကျင်းပသော(ဗ မ က)အဖွဲ့ကြီး၏(၈)ကြိမ်မြောက်ညီလာခံကြီး၌ ကိုယ်စားလှယ် ၀န်ကြီး ဦးကျော်ငြိမ်းတက်ရောက်၍ အစ္စလာမ်ရေးရာကောင်စီ ဖွဲ့စည်းပြီးဖြစ်သဖြင့် သာသနာထောက်ပံ့ငွေများကို ယင်းကောင်စီသို့ လွှဲအပ်ပေးပြီး ဖြစ်ကြောင်းနှင့် (ဗ-မ-က)အဖွဲ့ကြီးကို ဖျက်သိမ်းရန် (ဖ-ဆ-ပ-လ)အဖွဲ့ချုပ်၏ သဘောထားကို တင်ပြခဲ့ပါသည်။

(၁၆) ၎င်းညီလာခံသို့ တက်ရောက်လာသူ ဗ-မ-က ကိုယ်စားလှယ်များက (ဗ-မ-က)အဖွဲ့ကြီးအား ချက်ချင်းဖျက်သိမ်းခြင်းကို သဘောမတူဘဲ တဖြည်းဖြည်းနှင့်သာ ဖျက်သိမ်းသွားရန် ဆုံးဖြတ်ခဲ့သဖြင့် (၂၉-၁၂-၁၉၅၅)ရက်တွင် ၀န်င်္ကြီးချုပ် ဦးနု ကိုယ်တိုင် ညီလာခံလူထု ရှင်းလင်းပွဲ ကျင်းပရာ ရန်ကုန်မြို့တော် ခန်းမသို့လာရောက်၍ (၁၉၅၆)ခုနစ် (၃၀) ရက်ကိုနောက်ဆုံးထား၍ (ဗ-မ-က)အဖွဲ့အား ဖျက်သိမ်းရန်နှင့် နိုင်ငံရေးလုပ်လိုလျှင်(ဖ-ဆ-ပ-လ)အထဲကို ၀င်ပါ သာသနာရေး လုပ်ချင်ရင် ကောင်စီကိုဝင်ပါ၊ဟု ပြောဆိုကာ အပြီးသတ်ရက်သတ်မှတ်ညွန်ကြားခဲ့သဖြင့် (ဗ-မ-က)၏ ငွေစာရင်းများအားလုံးကို အစ္စလာမ်သာသနာရေးရာကောင်စီသို့ လွှဲပြောင်းပေးအပ်၍ (ဗ-မ-က)အဖွဲ့ကြီးအား ဖျက်သိမ်းပေးခဲ့ရပေသည်။


ဒီဇင်ဘာ ၄ ၊ ၂၀၁၂ (M-Mediaမှပြန်လည်ဖော်ပြပါသည်)