မန္တလေးတိုင်း၊ မိတ္ထီလာမြို့မှာ မွတ်စလင်မ်များ အကြမ်းဖက်တိုက်ခိုက်ခံရ။ လူ(၂၀၀)ကျော်သေဆုံးသွားပြီလို့လဲသိရပါတယ်။
Saturday, 16 February 2013
Sami Yusuf - You Came To Me (Feat. Dato' Siti Nurhaliza) @SamiYusuf @Arteffec
ဗလီကို ချစ်သူများ၏ နေ.တနေ. / မွတ်စလင်မ်တို.နှင့် ဗလီဧည့်လမ်းညွှန်လုပ်ငန်း ( အပိုင်း၂၃) “မြန်မာပြည်မှ ဗလီများသို. အလည်ခရီး အပိုင်း (၃)”
اَلْسَلَامُعَلَيْكُمْ
သင်တို.အပေါ်၌ ငြိမ်းချမ်းသာယာမှုအပေါင်း အလ္လာဟ့်ထံမှ ရရှိပါစေ။
အလ္လာဟ်အရှင်မြတ်နာမတော်ဖြင့် အစပြုပါ၏
“မြန်မာပြည်မှ ဗလီများသို. အလည်ခရီး အပိုင်း (၃)” ကို မွတ်စလင်မ်တို.နှင့် ဗလီဧည့်လမ်းညွှန်လုပ်ငန်း ( အပိုင်း၂၃) အဖြစ် ဆက်လက်ဖော်ပြပါတော.မည်။
Muslims and the program of Mosque Tour Guide - Part 23
ယခုအပါတ်တွင်မြန်မာပြည်အလည်ပြန်ခရီး- ၂၀၁၃
ဇန္နဝါရီ ၂၄ ရက်နေ.မှ ဖေဖော်ဝါရီ ၁ရက် - ၉ ရက်အကြာ မြို.ကြီး ၅
မြို.ခရီးစဉ်၌ ၂၈.၀၁.၂၀၁၃ တွင် မန္တလေးမြို.မှာ ဗလီ ချစ်သူများ၏နေ. နေ.တနေ. အဖြစ် မှတ်တမ်းတင်ထိုက်ဖွယ်ရာ ခေတ္တ အလည်သွားရောက်နိုင်ခဲ့ဖွယ် အကြောင်းကို ဖော်ပြပါမည်။
မြို.ခံ ဦးလေးသားချင်းများဆီမှာ
တစ်ညအိပ်ပြီးမနက် သူ.သမီးနှင်.သားတို.ရဲ. မန္တလေးတခွင်
ဘယ်လိုက်ပို.ပေးရမလဲမေးစဉ် ဗလီဧည်.လမ်းညွှန်လုပ်ငန်းလုပ်အားပေးပီသစွာ
မြန်မာမွတ်စလင်မ်သမိုင်း အထောက်အထားခိုင်မာ ဗလီများဆီ အမှတ်တရ လည်ချင်ပါသည်
တောင်းဆိုခဲ့၍ အလ္လာဟ်အရှင်သဘောတူညီမှုဖြင့် ရောက်ခဲ့သမျှ
ဤမှတ်တမ်းပြုခဲ့နိုင်ပါပြီ။
တည်းအိမ်မှာ
မနက်စာ မန်းလေးစားဖွယ်ရာစုံ စားသောက်အပြီး ဦးစွာ မေမေဘက်မှ အဒေါ်များ၊
ညီမဝမ်းကွဲများနှင်. မျိုးဆက်သစ်
တူ/တူမများထံခေတ္တသာစုံတွေ.နိုင်ခဲ့သော်လည်း အနားရှိ မန္တလေးမြို.၏ ကျောက်ဗလီ
ရှေ. လိုက်ပို.ကား ခဏရပ်ထားခိုင်းပြီး ဝင်လည်ကြည့်ဖြစ်စဉ်က
မှတ်တမ်းပုံများပါ။
ဗလီကြီးရှေ. အမှတ်တရနှင်. ဗလီအတွင်းဝင်းထဲက မှတ်တမ်းပုံများပါ။
ကျောက်ဗလီက
အထွက် လမ်းတွင် ဖြတ်သန်းခဲ့စဉ် ရှေးလက်ရာ မိုနာရာစင်ဖြင်. ပေါ်လွင်လှပနေသော
ဗလီတစ်လုံး၏ အပြင်ရှု.ခင်း၊ အတွင်း အမြင်များဖြင်. ပကတိ
မန်းလေးသားမွတ်စလင်မ်တို.ဘဝ ဆွလာသ်ဝတ်ပြုရာဌာန၏ မှတ်တမ်းတချို.ပါ။
မန်းလေးမြို. ပန်းသေး (တရုတ်မြန်မာမွတ်စလင်မ်) ဗလီကြီးဆီ အလည်ရောက်ခဲ့စဉ် မှတ်တမ်းများ
၁၈၆၈
ခုနှစ် (တနည်း) ပြီးခဲ့သော နှစ်ပေါင်း ၁၄၅ နှစ်ကတည်းက တည်ဆောက်ခဲ.သော
မြန်မာမွတ်စလင်မ် သမိုင်းဝင် ပန်းသေးဗလီကြီး ကျောက်စာ နှင်. အမှတ်တရ
ကျွန်တော်တို. ဇနီးမောင်နှံ။
ဤခရီးစဉ်အစအဆုံး ကြည်ဖြူစွာ လိုက်ပါပို.ဆောင်ပေးခဲ.သူ ညီမ၊ မောင်လေးတို.နှင်. အတူ ပီတိဖြစ်နေသူ မလေးရှားခေတ္တရောက် အမတို. အမှတ်တရ။
မှတ်ချက်။ ကျန်ရှိပုံများကို မကြာမီ တင်ဆက်ပေးပါဦးမည်၊ ဗလီချစ်သူများ၏ နေ.တနေ.ကို အများသူငှာတို.လည်း အလားတူ ရကြပါစေ။
ဤသမိုင်းဝင် ရှေး မန်းလေးဗလီကြီးများသို. ဗလီချစ်သူများ၏ နေ.တစ်နေ. ဟု ဆိုစမှတ်ပြုလောက်အောင် အလည်ပတ်ပြုလေ.လာခဲ့ခြင်းအား
“မြန်မာပြည်မှ ဗလီများသို. အလည်ခရီး အပိုင်း (၃)” ခေါင်းစဉ်အနေဖြင့် အမှတ်တရ ဓါတ်ပုံမှတ်တမ်းများတင်ပြပေးလိုက်ခြင်းဖြစ်ပါသည်။
မြန်မာပြည်တလွှား
မွတ်စလင်မ်မိတ်ဆွေများနှင့် နိုင်ငံတကာရောက် မြန်မာမွတ်စလင်မ်များလည်း
အခုလို ဗလီဧည့်လမ်းညွှန်လုပ်ငန်း၊ ဗလီများနှင့် ဆက်စပ်ပတ်သက်ရာ
သမိုင်းဝင်အဆောက်အဦး၊ နေရာဌာနများသို. ကိုယ်တိုင်ကိုယ်ကျ လေ.လာခြင်း
အခန်းကဏ္ဍများမှာ ပါဝင်လေ.လာစေလို့ပါ၍ မျှဝေဖော်ပြပေးလိုက်ပါသည်။
ဤအမှတ်တရ အစီအစဉ်ကို
အောင်အောင်မြင်မြင်အစအဆုံးသွားရောက်ပါဝင်လျက် သမိုင်းဝင်
မှတ်တမ်းတင်ခွင်.ရခဲ့ပါ၍ အလ္လာဟ်အရှင်အား များစွာကျေးဇူးတင်အပ်ပါ၏။
ဒေါက်တာ အွရ်မာန်မြတ်မင်း
မှတ်ချက်
ဆက်လက်ပြီး ဤလုပ်ငန်းအကြောင်းဗဟုသုတများ
မျှဝေပေးနိုင်ခွင့်ရပါစေ။ ဖတ်ကြည့်သူ၊ တင်ပြသူ၊ လာရောက်လေ.လာသူများအား
အလ္လာဟ်အရှင် နှစ်သက်လက်ခံသဘောတော်မူကာ အခက်အခဲများမှ ဝေးလျက်
အကူအညီများရပါစေ။
အပိုင်း (၂၁) သိနိုင်ရန် အောက်ပါ ပူးတွဲ အွန်လိုင်းလိပ်စာကို ကလစ်နှိပ်ပြီး သွားကြည့်၊ အသေးစိတ်သိနိုင်ပါသည်။
ဒေါက်တာအွန်မာရ်ခံစားတင်ပြသည်။
မွတ်စလင်မ်တို.နှင့် ဗလီဧည့်လမ်းညွှန်လုပ်ငန်း ( အပိုင်း၂၂) “မြန်မာပြည်မှ ဗလီများသို. အလည်ခရီး အပိုင်း (၂)”
اَلْسَلَامُعَلَيْكُمْ
သင်တို.အပေါ်၌ ငြိမ်းချမ်းသာယာမှုအပေါင်း အလ္လာဟ့်ထံမှ ရရှိပါစေ။
အလ္လာဟ်အရှင်မြတ်နာမတော်ဖြင့် အစပြုပါ၏
“မြန်မာပြည်မှ ဗလီများသို. အလည်ခရီး အပိုင်း (၂)” ကို မွတ်စလင်မ်တို.နှင့် ဗလီဧည့်လမ်းညွှန်လုပ်ငန်း ( အပိုင်း၂၂) အဖြစ် ဆက်လက်ဖော်ပြပါတော.မည်။
Muslims and the program of Mosque Tour Guide - Part 22
ယခုအပါတ်တွင်မြန်မာပြည်အလည်ပြန်ခရီး- ၂၀၁၃
ဇန္နဝါရီ ၂၄ ရက်နေ.မှ ဖေဖော်ဝါရီ ၁ရက် - ၉ ရက်အကြာ မြို.ကြီး ၅
မြို.ခရီးစဉ်၌ မန္တလေးမြို.မှ စစ်ကိုင်းမြို.သို.အသွား
လမ်းခရီးတစ်ထောက်ဖြစ်သည့် ဦ့းပိန်တံတားကြီးရှိရာ တောင်သမံအင်း
ပတ်လည်လမ်းမကြီးမှ ကားဖြင့်ဝင်ကာ အမရပူရ ရပ်ကွက်များသို.ဖြတ်လျက်
လင်းဇင်ကုန်းကဘာန်စတန်ဝင်းသို. သွားရောက်ခဲ.ကြသည်ကို ဖော်ပြပါမည်။
မစဂျဒ်ဟိုစိုင်နီ
ဘိုးတော်ဗလီကြီးကို ၁၉၆၈ ခုနှစ်ဟု ရေးထိုးထားသော်လည်း ဤသည်မှာ
ပြန်လည်မွမ်းမံသည့်နှစ်သာဖြစ်နိုင်ပြီး တည်ဆောက်ထားခဲ့
အုတ်ခဲ့ချပ်တို.ကြည့်ခြင်းအားဖြင့် ရှင်ဘုရင်လက်ထပ်ကတည်းက ရှိနေပြီးသားဟု
ခန်.မှန်းရပါသည်။
ဗလီကြီး၏
အရှေ.မြောက်ဘက်ဒေါင့်က အညာဒေသ
သဘာဝသောက်သုံးရေတွင်းနောက်ခံရှု.ခင်းဖြင်.မြင်ရသည်.အဆိုပါ ရှေးဗလီမှာ
လွမ်းဖွယ်ရာ အငွေ.အသက်များရစ်ပတ်ဝိုင်းနေသလိုများဟု ထင်စရာပင်ဖြစ်ပါသည်။
အနီးအနားဝန်းကျင်မှ မွတ်စလင်မ်အချို.က လာရောက်ပြီး
ငါးကြိမ်ဆွလာသ်မှန်မှန်ဝတ်ပြုသူရှိဖို.အားဖြည့်နေရသည်ဟု
အနားအိမ်မှတဆင့်သိခဲ့ရပါသည်။ နမားဇ်ဖတ်သူမလာလို.
ပိတ်ထားရသည့်အခါလည်းရှိကြောင်းသိခဲ့ပါသဖြင့်
အတော်စိတ်မကောင်းဖြစ်မိလိုက်ခဲ့ပါသေးသည်။
မစဂျဒ်ဟိုစိုင်နီ ဘိုးတော်ဗလီကြီး ရောက်ရှိခဲ့ပြီး တဆက်တည်းလမ်းလျှောက်ဝင်သွားကာ
သခင်ကြီးဦးနု၊ မြို.ဝန်ဘိုင်ဆပ်၊ ဦးပိန်တို.နှင့်တကွ အာရဝါဟ်များအတွက် ကဘာန်မြေပုံတို.မှာ ဇေယာဒသ်ပြုခဲ့ပါသည်။
ရမ္မာဝတီမြို.ဝန် ရွှေတောင်သာဂသူဘွဲ.ရ ကျမ်းပြုစာဆိုတော်ဆရာကြီးဦးနု ဂူဗိမာန်တွင် အမှတ်တရ။
နှစ်ပေါင်း ၂၀၀ ကျော်ကတည်းက မြန်မာမွတ်စလင်မ် (အစ္စလာမ့်ရေးရာ) ကျမ်းပြုစာဆိုတော်ပေါ်ပေါက်ခဲ့သည်ကို သမိုင်းမှတ်တိုင်တည်ခဲ့ပါပြီ။
ဤခရီးစဉ်တွင်အတူလိုက်ပါရင်း အလှည့်ကျ ဓါတ်ပုံမှတ်တမ်းယူပေးခဲ့သူ ညီမောင်တစ်ဦးနှင့် တူတော်မောင်တစ်ယောက်လည်းအမှတ်တရပါ။
နောက်ဆုံးမှာ မြန်မာရှင်ဘုရင်ကိုယ်တိုင်က
အစ္စလာမ်သာသနာပိုင်ခံအပ်ခြင်းခံခဲ့ရသော အာဗစ်ရှားဟိုစိုင်နီ သခင်ကြီး၏
အောက်ပါ သချိင်္ုင်းတော်ဗိမာန်သို. ဝင်ခဲ့ကာ ဆုတောင်းဒိုအာများပြုခဲ့ကြပါသည်။
သူတောင်စဉ်သခင်ကြီး၏ အထုပတ္တိကျောက်စာချပ်လည်း ဖတ်မှတ်လေ.လာနိုင်ပါသည်။
သူတော်စဉ်ကြီး ဂူဗိမာန်တော်
ဇေယာရသ်ဖွာတေယာ ဖတ်ရွတ်ခဲ့ကြစဉ်
မြန်မာရှင်ဘုရင် ဘိုးတော်ဘုရား၏ အစ္စလာမ်ဘာသာဝင်တို.အတွက် သခင်ကြီးအား သာသနာပိုင်အဖြစ်ခန်.အပ်သည့် အမိန်.တော်။

သူတော်စဉ်ဗိမာန်တော်ကြီးကို
ထိန်းသိမ်းစောင့်ရှောက်သည့် ကုသိုလ်အလုပ်ပြုပေးနေသူ လူကြီးအချို.နှင့်
စုံခဲ့စဉ် အာဗစ်ရှားဟိုစိုင်နီသခင်၏ ဂူရှေ.အမှတ်တရ။
အဆိုပါ သူတော်စသ်တို. ကိန်းဝတ်ခိုနားရာ
ဂူဗိမာန်တော်တွေ တစုတစည်းတည်းရှိပြီး ရှေးဟောင်းဗလီကြီးလည်းရှိသော ဤ
လင်းဇင်ကုန်းကဘာရ်စတာန်ကြီးအား အဓိက စောင့်ရှောက်ထိန်းသိမ်းပေးကာ
အမြဲမပြတ်ဆိုသလို သူငါအများသွားရောက် ဇေယာရသ်ပြု ဖွာတရာဖတ်
ဒိုအာဆုတောင်းပွဲများ ဦးဆောင်ကျင်းပသော ဃရာနာ အစ္စလာမ်သာသနာ
ပရမတ္တမိသားစုဝင် လူကြီးများ၏ ဓါတ်ပုံတချို.ကိုပါ တပါတည်း
မှတ်တင်ယူခဲ.ပါကြောင်းတင်ပြရင်း
ဤသမိုင်းဝင်ရှေးဗလီကြီးနှင့်
ဘိုးတော်ဘုရားလက်ထက်က မြန်မာမွတ်စလင်မ် သူတော်စဉ်ကြီးတို.
အနားယူကိန်းအောင်းခဲ့ရာ ဗိမာန်နေရာကို အလည်ပတ်ပြုလေ.လာခဲ့ခြင်းအား
“မြန်မာပြည်မှ ဗလီများသို. အလည်ခရီး အပိုင်း (၂)” ခေါင်းစဉ်အနေဖြင့် အမှတ်တရ ဓါတ်ပုံမှတ်တမ်းများတင်ပြပေးလိုက်ပါတယ်။
မြန်မာပြည်တလွှား
မွတ်စလင်မ်မိတ်ဆွေများနှင့် နိုင်ငံတကာရောက် မြန်မာမွတ်စလင်မ်များလည်း
အခုလို ဗလီဧည့်လမ်းညွှန်လုပ်ငန်း၊ ဗလီများနှင့် ဆက်စပ်ပတ်သက်ရာ
သမိုင်းဝင်အဆောက်အဦး၊ နေရာဌာနများသို. ကိုယ်တိုင်ကိုယ်ကျ လေ.လာခြင်း
အခန်းကဏ္ဍများမှာ ပါဝင်လေ.လာစေလို့ပါ၍ မျှဝေဖော်ပြပေးလိုက်ပါသည်။
ဤအမှတ်တရ အစီအစဉ်ကို
အောင်အောင်မြင်မြင်အစအဆုံးသွားရောက်ပါဝင်လျက် သမိုင်းဝင်
မှတ်တမ်းတင်ခွင်.ရခဲ့ပါ၍ အလ္လာဟ်အရှင်အား များစွာကျေးဇူးတင်အပ်ပါ၏။
ဒေါက်တာ အွရ်မာန်မြတ်မင်း
မှတ်ချက်
ဆက်လက်ပြီး ဤလုပ်ငန်းအကြောင်းဗဟုသုတများ
မျှဝေပေးနိုင်ခွင့်ရပါစေ။ ဖတ်ကြည့်သူ၊ တင်ပြသူ၊ လာရောက်လေ.လာသူများအား
အလ္လာဟ်အရှင် နှစ်သက်လက်ခံသဘောတော်မူကာ အခက်အခဲများမှ ဝေးလျက်
အကူအညီများရပါစေ။
အပိုင်း (၂၁) သိနိုင်ရန် အောက်ပါ ပူးတွဲ အွန်လိုင်းလိပ်စာကို ကလစ်နှိပ်ပြီး သွားကြည့်၊ အသေးစိတ်သိနိုင်ပါသည်။
ဒေါက်တာအွန်မာရ်ခံစားတင်ပြသည်။
Thursday, 14 February 2013
ဒေါက်တာ မောင်မောင်ကြီးရဲ့ မြန်မာ့နိုင်ငံရေး အတွေးအခေါ် စာအုပ်ကို ဒေါက်တာ အောင်ခင် ကောက်နုတ်တင်ပြသည်။
Wednesday, 13 February 2013
ရခိုင်မှတ်တမ်းကပြေားတဲ့ ရိုဟင်ဂျာတိုင်းရင်းသား
Sunday, 10 February 2013
စောဒကနှင့် အဖြေ ဆရာဝါးခယ်မမောင်မင်းနိုင်
Subscribe to:
Posts (Atom)