![]() |
နှစ်တစ်ရာပြည့်အခမ်းအနား |
အခမ်းအနားသို့ အာလင်မ်သာသနာ့ပညာရှင်များ၊ ဘာသာရေးအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ၊ စာရေးဆရာများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ကျောင်းသူကျောင်းသားဟောင်းများ၊ မြို့မိမြို့ဖများနှင့် သတင်းမီဒီယာများ စုံညီစွာ တက်ရောက်ခဲ့ကြသည်။
ထိုအခမ်းအနားတွင် အခမ်းအနားမှူးအဖြစ် ဦးတင်လင်းက ဆောင်ရွက်ခဲ့ပြီး သဘာပတိ အဖြစ် အလ်ဟဂ်ျ အက်စ်အမ် ဦးခင်မောင်ကိုမှ မိန့်ခွန်းပြောကြားခဲ့သည်။
အခမ်းအနားကို ကျမ်းမြတ်ကုရ်အာန် အာယတ်ဖတ်ရွတ်၍ အခမ်းအနားကို စတင်ပြီး သဘာပတိဦးခင်မောင်ကိုမှ သဘာပတိ အဖွင့်အမှာစကားပြောကြားခြင်း၊ ကျောင်းဆရာများအား ဂုဏ်ပြုသော တေးသီချင်းများကို စုပေါင်းသီဆိုခြင်း၊ ဦးမောင်ကို ဂဖါရီ (ကမ္ဘာအလင်း-အယ်ဒီတာချုပ်)မှ ပညာရေး နှင့်ပတ်သက်၍ ဟောပြောခြင်း၊ ကျောင်းသူကျောင်းသားများ ကိုယ်စား ဟာဂျီဦးခင်မောင်သိန်း မှ ကျေးဇူးတင်စကား ပြောကြားခြင်း၊ သဘာပတိမှ နိဂုံးချုပ် အမှာစကားပြောကြားပြီးနောက်၊ ဆရာဦးမောင်ကို ဂဖာရီ မှ ဆုမွန် ဒိုအာ တောင်း၍ အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
သဘာပတိ
အလ်ဟဂ်ျ အက်စ်အမ်ဦးခင်မောင်ကို မှ “စိုင်ယဒ်မဂ်ဘုလ်အဟ်မဒ် သည် အမှတ်(၁၇)
လမ်းမတော်လမ်း၊ (ယခုအမှတ်-၅) တွင် နေထိုင်ပြီး (Burma Oil Co) (B.O.C) တွင်
(Labour Supply) ကန်ထရိုက်တာအဖြစ် ဆောင်ရွက်နေသူဖြစ်ပါသည်။ ၁၉၁၁ခုနှစ်
ဗြိတိသျှအစိုးရ၏ ပညာရေးဆိုင်ရာ မူဝါဒကြေငြာချက်အရ ပညာသင်ကြားရေးကိုခွင့်ပြုခဲ့ရာ
သန်လျှင်မြို့ တွင်မွတ်စလင် ကလေးများ ဘာသာရေးပညာ သင်ကြားရန် ကျောင်းမရှိသဖြင့် ကျောင်းတည်ထောင်ရန်
ကြိုးပမ်းခဲ့သည်။ ၁၉၁၉ ခုနှစ်တွင် သန်လျှင် မွတ်စလင် အသင်း (Syria Muslim
Association) ဖွဲ့စည်းခဲ့ပြီး Anjuman Muslim (Muslim Association) and Madressa
Nizamiah ဟူ၍ဖြစ်ပေါ်လာသည်။ အတွင်းရေးမှူးမှာ စိုင်ယဒ်မ်ဘုလ်အဟ်မဒ် ဖြစ်သည်။
သန်လျှင်မြို့ပေါ်ရှိ မွတ်စလင် တို့ ၏ သာရေးနာရေး ကိစ္စအ၀၀ကို ဆောင်ရွက်ပေးသော
အသင်းဖြစ်သည်။ ဤကျောင်းခန်းမ တွင် လူမှုရေး၊ ဘာသာရေး၊ နိုင်ငံရေး၊ အလုပ်သမားရေး
အစည်းအဝေးများကို ထိုအချိန်မှ စ၍ ယနေ့တိုင် ကျင်းပလေ့ရှိသော ကျောင်းခန်းမ ဖြစ်သည်။
အပတ်စဉ် မော်လူးဒ်ရာသစ် ဖတ်လေ့ရှိသည်။ တမန်တော်နေ့အခမ်းအနားကို ဤကျောင်းမှ
ဦးဆောင်၍ မြို့ထဲစီတန်းလှည့်လည်ပွဲများကို ကျင်းပလာခဲ့သည်။ စိုင်ယဒ်မဂ်ဘုလ်အဟ်မဒ်
သည် မိမိ၏သားဖြစ်သူ SM ရှဖီးအား ၁၉၄၆ ခုနှစ်တွင် ကျောင်းအုပ်
အုပ်ချုပ်မှုတာဝန်များကို ကျောင်းအုပ်အဖြစ်မိမိ နှင့် အတူပူးတွဲပြီး
တာဝန်ပေးဆောင်ရွက်စေခဲ့သည်။
၁၉၆၅
ခုနှစ် အောက်တိုဘာလ (၇) ရက်နေ့တွင် ကျောင်းအုပ်ချုပ်ရေးအဖွဲ့
တစ်ရပ်ကိုဖွဲ့စည်းခဲ့သည်။ ဖွဲ့စည်းပေးပြီးနောက် ၁၉၅၇ခုနှစ် ဒီဇင်ဘလ (၁၃) ရက်နေ့
သောကြာနေ့၊ ၁၁နာရီ အချိန်တွင် အလ္လာဟ်အရှင်မြတ် အမိန့်ကို ခံယူခဲ့သည်။
ဒါရ်ဂါဝင်းအတွင်းရှိ ဥယျာဉ်တွင် အစရ်အပြီး ညနေ ၅နာရီတွင် ဒဖနာပြုလိုက်သည်။
စိုင်ယဒ်မ်ဘုလ်အဟ်မဒ်သည် ၁၉၁၂ခုမှ ၁၉၅၇ခုအထိ နှစ်ပေါင်း၄၅နှစ် သာသနာ့ပညာ
ပြန့်ပွားရေး ကို ကိုယ်ကျိုးစွန့်ပြီး ဆောင်ရွက်ခဲ့ပြီး ၎င်း၏ သားကြီးဖြစ်သူ ဟာဂျီ SM
ရှဖီးမှာလည်း ၁၉၄၆ခုနှစ်မှ ၂၀၀၆ ခုနှစ်ထိ နှစ်ပေါင်း ၆၀ခန့် သာသနာ့ပညာ ပြန့်ပွားရေးကို
ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ ဟာဂျီ SM ရှဖီးမှ ၃၁-၅-၂၀၀၆ နေ့တွင် အလ္လာဟ်အရှင်မြတ်
အမိန့်တော်ခံယူသွားသည်။ ၁၉၇၁-၇၂ ခုနှစ်တွင် ကျောင်းသူ၊ကျောင်းသား ဟောင်းများနှင့်
စိတ်ဝင်စားသူ မွတ်စလင် လူငယ်များပါဝင်သည့် “နေဇာမွလ်အစ္စလာမ်” ကျောင်းနှစ်၆၀
အထိမ်းအမှတ်အဖြစ် သန်လျှင်မွတ်စလင် သမိုင်းပဏာမ စာတမ်းကို ၂၃-၁၂-၇၂ နေ့တွင်
ထုတ်ဝေခဲ့သည်။ ယခု ၂၃-၁၂-၁၂ နေ့တွင် ကျွန်တော်တို့ကျောင်းသူ၊
ကျောင်းသားဟောင်းများက နေဇာမွလ် အစ္စလာမ်ကျောင်းနှစ် ၁၀၀ပြည့် အထိမ်းအမှတ်
အခမ်းအနားကို ကျင်းပရခြင်းဖြစ်ပါတယ် ” ဟု သူ၏ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
“ဒီကျောင်းကြီးဟာ
သမိုင်းအစဉ်အလာအရ အင်မတန်ကြီးမားတယ်။ သမိုင်း အစဉ်အလာကြီးတဲ့ ကျောင်းကြီးကို
ကျောင်းသူကျောင်းသားတွေက အခုလို အထိမ်းအမှတ်ပွဲကြီးတွေ ကျင်းပတာကို
အရမ်းဝမ်းသာတယ်။ အခုနှစ် ၁၀၀ တိုင်မှ သည် နောင်နှစ်ပေါင်းများစွာလည်း
အဓွန့်ရှည်အောင် ဆက်လက်ထိန်းသိမ်းသွားပါ။ ဒီကျောင်းကြီးမှာ ဆရာလုပ်သွားတဲ့
ဆရာတွေကိုပါတွဲဖက်ပြီး ဂုဏ်ပြုပွဲလေး လုပ်ပေးသွားပါလို့ အကြံပြုအပ်ပါတယ်” ဟု
ဝါးခယ်မမောင်မင်းနိုင်မှ M-Media သို့ပြောကြားခဲ့သည်။
သန်လျင်မြို့ အန်ဂျူမန်နေဇာမွလ် အစ္စလာမ်အခမဲ့ဘာသာရေးကျေုာင်းကို ကွယ်လွန်သူ စိုင်ယမ် မဂ်ဘုလ် အဟ်မဒ် အစ္စလာမ် အာလာဒီက သာသနာ့မျိုးချစ် ပုဂ္ဂိုလ်များ၏ အကူအညီဖြင့် ၁၉၁၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ကြောင်း သိရသည်။ အဆိုပါ ကျောင်းကြီးမှ သန်လျှင်မြို့နေ ခလေးသူငယ်များ ထောင်ပေါင်းများစွာကို သာသနာ့ အခြေခံပညာ ပညာရပ်နို့ချို တိုက်ကျွေးခဲ့သည်။
နေဇာမွလ် အစ္စလာမ် အခမဲ့ဘာသာရေးကျောင်း သန်လျင်မြို့ အုတ်မြစ်ချပွဲ အခမ်းအနားကို ဟစ်ဂျရီ ၁၄၀၀ ပြည့်၊ ဂျဟဒီအူလာ (၁၀) ရက်၊ ကြာသာပတေးနေ့ (၂၇-၃-၁၉၈၀) တော်လှန်ရေးနေ့တွင် နေဇာမွလ်ကျောင်းမြေနေရာမှာ ကျင်းပခဲ့သည်။ ထိုအချိန်က သဘာပတိအဖြစ် ဦးအေးမောင် (ဥက္ကဌ) ၊ ဦးသန်းတင် (ဗဟို တရားရုံးချုပ်ရှေ့နေကြီး) ၊ ဧည့်သည်တော်များအဖြစ် ဦးတင်စိုး (ဗိုလ်မှူးကြီး တင်စိုး) ၊ အုတ်မြစ်ချသူ သာသနာ့ အာဇာနည် ဟာဂျီမ ဒေါ်ပု (ပျဉ်းမနား) ၊ ရတုရေး-ဆို ချီးမြှင့်သူ သီရိ-ကိုလေး ၊ မှတ်တမ်းတင်သူ ဦးခင်မောင်ကို (သန်လျင်) တို့ဖြစ်ကြောင်း သမိုင်း မှတ်တမ်းများအရ သိရှိရသည်။
ထိုအခမ်းအနားသို့
တက်ရောက်လာသူများအား နှစ်၁၀၀ပြည့် အထိမ်းအမှတ် အမှတ်တရ လက်ဆောင်အဖြစ် ၂၀၁၃ခုနှစ်
စားပွဲတင်ပြက္ခဒိန် ပေးအပ်ကြောင်းသိရသည်။ ဆက်လက်၍ နေဇာမွလ် အစ္စလာမ်ကျောင်း၊
ရာပြည့်စာစောင်ကို ၂၀၁၃ခုနှစ်၊ မေလအတွင်းထုတ်ဝေသွားမည် ဖြစ်ကြောင်းသိရသည်။
ကျောင်းသူကျောင်းသားဟောင်းများ နှင့်မွတ်စလင်များ ထံမှ ဆောင်းပါး၊ ကဗျာ၊
စာမူများကို ရေးသားပေးပို့ကြရန် ဖိတ်ခေါ် ထားကြောင်းသိရသည်။ အဆိုပါ စာမူများကို
၂၀၁၃ ခုနှစ် ၊မေလ (၃)ရက်နေ့နောက်ဆုံးထား၍ ပေးပို့ကြပါရန် မေတ္တာရပ်ခံထားသည်ကို
သိရသည်။
No comments:
Post a Comment