မန္တလေးတိုင်း၊ မိတ္ထီလာမြို့မှာ မွတ်စလင်မ်များ အကြမ်းဖက်တိုက်ခိုက်ခံရ။ လူ(၂၀၀)ကျော်သေဆုံးသွားပြီလို့လဲသိရပါတယ်။
Thursday, 21 March 2013
ပြင်းပြင်းထန်ထန် လူသတ်မှုကို အားပေးနေသော အစိုးရရဲ့လုပ်ရပ်ဆိုးတွေကို ပြည်သူများသိစေရန်။
မိတ္ထီလာမြို့၊ မင်္ဂလာဇေယျုံရပ်ကွက်ရှိ ဟေမာယသွလ်အစ္စလာမ် ကျောင်းမှ ရှဟီဒီများ စာရင်း အတည်ပြု
မင်္ဂလာဇေယျုံရပ်ကွက်ရှိ ဟေမာယသွလ်အစ္စလာမ် အရဗီကျောင်းမှ အာလင်မ်တန်း ကျောင်းသား ဟာဖီးဇ် မိုဟမ္မဒ် အိဟ်သိရှာမ်း (ဘ) ဟဇရသ် မောင်ဝ်လာနာ ဟာဖီးဇ် နူးရွလ်ဟာက် အပါအ၀င် ကျောင်းသား (၂၈)ယောက် ရှဟီဒီ ဖြစ်ပါကြောင်း...
ဆရာများဖြစ်သော
(၁) မောင်ဝ်လာနာ မိုဟမ္မဒ် ရှဖီး (၄၅)နှစ် ၀န်းကျင်
(၂) မောင်ဝ်လာနာ ဇက္ကရီယာ (၄၀)နှစ် ၀န်းကျင်
(၃) မွတ်ဖ်သီ ၀ါဂျစ်ဗ် (၃၀)နှစ် ၀န်းကျင်နှင့် အခြား(၁)
စုစုပေါင်း ဆရာ (၄)ပါးနှင့် ကျောင်းသား (၂၈)ယောက်မှာ ယနေ့ မတ်လ (၂၁)ရက်နေ့ မြန်မာစံတော်ချိန် နေ့လယ် (၁၁)နာရီအချိန်က ရှဟီးဒ်ဖြစ် ကွယ်လွန်သွားပါတယ်။
မင်္ဂလာဇေယျုံရပ်ကွက်မှ ယင်းစာသင်ကျောင်းအား ယမန်နေ့ကတည်းက မီးရှို့ဖျက်ဆီးခံရတဲ့အဆောက်အဦမ
မနက် (၄)နာရီကျော်မှာ ကျောင်းမှာ မီးလောင်ပြာကျသွားပြီးနောက် အကြမ်းဖက်သမားများ အလျှိုအလျှို ပျောက်ကွယ်သွားကြပါတယ်။
မနက်ခင်း (၆)နာရီခွဲလောက်မှာတော့ ကယ်ဆယ်ထားသည့် အိမ်တွင် ကျောင်းသားများနဲ့ ဆရာများ နှစ်ခြိုက်စွာ အိပ်မောကျနေစဉ် အကြမ်းဖက်သမားများ ပြန်လည်စုရုံးရောက်ရှိလာခဲ့ပြီး
ထိုအချိန် (၇)နာရီအချိန်တွင် ကျောင်းသား ဟာဖီးဇ် မိုဟမ္မဒ် အိဟ်သိရှာမ်းနှင့် ဖုန်းပြောခဲ့ရကြောင်း သတင်းပေးပို့သူမှ ပြောပါတယ်။ ဒိုအာလုပ်ကြဖို့၊ မိမိတို့မှာ ထွက်မရကြောင်း၊ အိမ်ရှေ့တွင် စစ်တပ်များနောက်မှ လူထုက အော်ဟစ်နေကြောင်း၊ လက်တွင် မီးကွင်းများ ကိုင်၍ ပစ်မယ်လို့ အော်နေကြောင်း၊ တုတ်၊ ဓား၊ လေးခွများဖြင့် ကြိမ်းမောင်းနေကြောင်း၊ အိမ်နောက်တွင်လည်း တုတ်၊ ဓား၊ လှံချွန် လက်နက် ကိုင်ဆောင်ထားသူများ စုပြုံ၍ စောင့်စိုင်းနေကြောင်းများကို ဖုန်းမှတဆင့် ပြောပြခဲ့ကြောင်း သတင်းပေးပို့သူက ပြောပါတယ်။
ထိုသို့ အခြေအနေအား စောင့်စိုင်းနေစဉ်မှာပင် အိမ်ခေါင်မိုးပေါ်သို့ မီးကွင်းများဖြင့် လှမ်းပစ်ကြပြီး စစ်တပ်နဲ့ လုံခြုံရေးများမှ တားဆီးမှုမရှိဘဲ ရပ်ကြည့်နေကြခြင်းကြောင့် အိမ်မှာ တခဏအတွင်းမှာပင် မီးလောင်ကျွမ်းသွားခဲ့ရပြီး အိမ်တွင်းမှ ကျောင်းသားများကို ဆရာများမှ အသုတ်ခွဲ၍ အရဲစွန့်ကာ ထွက်ပြေးကြပါတယ်။
ပုရွက်ဆိတ်အုံမီးတိုက်သလိုဖြစ်ြ
အနီးကပ် လက်နက်များဖြစ်တဲ့ လှံထိုး၊ ဓားခုတ်၊ တုတ်ရိုက်ခြင်းတို့အား မရှောင်နိုင်ဘဲ ထိခိုက်သွားသူတွေကိုတော့ မီးလောင်နေတဲ့ အိမ်တွင်းသို့ အဝေးမှ လွှဲမ၍ ပစ်ထည့်ခံကြရသလို၊ အပြင်မထွက်ရဲ၍ အိမ်တွင်းမှာပင် မီးသတ်က မီးအများကြီး မလောင်အောင် ငြိမ်းမှာပဲလို့ တွေးထင်အားကိုယ်းမိကာ မျှော်လင့်ရင်း မီးလောင်ခံ၍ သေဆုံးသွားသူများလည်း ရှိပါတယ်။
စုစုပေါင်း ဆရာ (၄)ပါးနှင့် ကျောင်းသား (၂၈)ယောက်မှာ ယနေ့ မတ်လ (၂၁)ရက်နေ့ မြန်မာစံတော်ချိန် နေ့လယ် (၁၁)နာရီအချိန်က ရှဟီးဒ်ဖြစ် ကွယ်လွန်သွားခြင်းအား အတည်ပြုနိုင်ပြီဖြစ်ကြောင်း သတင်းပေးပို့လာပါတယ်။
အကြမ်းဖက်သမားများ၏ မွတ်စလင်မ်များအပေါ်ရက်စက်မှု့
Subscribe to:
Posts (Atom)