ပန်းဘဲထုရာမှာ- သံတစ်တုံးကို လိုချင်တဲ့ ပုံစံ ဖြစ်အောင် ပြုလုပ်ဘို့-
အဲ့ဒီ သံတုံးကို မီးဖုတ်ပြီး အပေါ်က ထုတဲ့တူနဲ့ မီးဖုတ်ထားတဲ့ သံတုံးရဲ့
အောက်က ခံရတဲ့ ပေတုံး ဆိုတာ ရှိတယ်။- အမှန်တော့ ထုတဲ့ တူလည်း သံ ဖြစ်သလို၊
အောက်က ထုစရာအဖြစ်ခံထားရတဲ့ “ပေ”ကလည်း သံတုံးပါပဲ။ သံချင်းတူပေမယ့်-
ပေဖြစ်တော့ အထုခံနေရပါတော့တယ်။- ဒါကြောင့် ဗမာစကားပုံတစ်ခု အဖြစ် “တူ
ဖြစ်တုံး ထုထားပေါ့-” ပေါ့-၊ ဆိုတာ လူတိုင်းနီးပါး ကြားဘူးမှာပါ။ ဆိုလိုတာက
သံချင်း အတူတူ- တစ်နေ့တစ်ချိန် ငါ “အထုခံနေရတဲ့ ပေတုံး”က တူ
ပြန်ဖြစ်ပြီး- ထုနေတဲ့ “တူ”ကလည်း ပေ ပြန်ဖြစ်နိုင်တယ် ဆိုတဲ့ သဘောပါ။
ကမ္ဘာ့နိုင်ငံကြီးများရဲ့ ပေါ်လစီနဲ့ နိုင်ငံရေး အားပြိုင်မှုများအရ-၊
မွတ်ဆလင်တွေကို အကြမ်းဖက်တွေ၊ စစ်သွေး ကြွတွေ၊ အတင်းအဓမ္မ သာသနာပြုသူတွေ၊
မိန်းမဗလပွယူသူတွေ၊ လူသတ်ကောင်တွေ-ရယ်လို့ နှစ်ပေါင်း ၅၀ လောက် နာမည်ဖျက်
ဝါဒဖြန့်ခဲ့ကြတယ်။- ဒါကိုအခွင့်ကောင်းယူပြီး မွတ်ဆလင် လူနည်းစုနေထိုင်ရာ
တိုင်းပြည် များက တစ်ချို့နိုင်ငံတွေမှာ သက်ဆိုင်ရာ အစိုးရများကိုယ်တိုင်က
မွတ်ဆလင်တွေကို “ပေတုံး”သဖွယ် သဘော ထားက ထုချင်တိုင်း ထုခဲ့ကြတယ်။-
မြောက်ကိုးရီးယား၊ ဗီယက်နာမ်၊ ကမ်ဘောဒီးယား၊ မြန်မာ၊ သီရီလင်္ကာ၊
ဘူတန်နိုင်ငံတို့က အဆိုးဝါးဆုံးထဲမှာ ပါခဲ့တယ်။
ဒီနေ့ ခေတ်ပြောင်းသွားခဲ့ပါပြီ။ မွတ်ဆလင် မုန်းတီးရေး
ဦးဆောင်ဝါဒဖြန့်ခဲ့တဲ့ နိုင်ငံကြီးများကိုယ်တိုင်က သူတို့ရဲ့ မူဝါဒများကို
ပြောင်းပြန်လှန်ပစ်ခဲ့တာ- ဆယ်နှစ်နီးပါး ရှိခဲ့ပါပြီ။ ဒါကို ဗဟုသုတမဲ့နေတဲ့
မြန်မာနိုင်ငံနဲ့ သီရိ လင်္ကာတို့လို ဗုဒ္ဓဘာသာ အမည်ခံ လူသတ်ဘုန်းကြီး ဂိုဏ်း
ကြီးစိုးနေတဲ့ အယူသည်းနိုင်ငံများက မသိခဲ့ရှာဘူး။
မိုးလွန်မှ ထွန်ချ- ဆိုသလို၊ အခုမှ ထပြီး မွတ်ဆလင်များကို
မျိုးပြုတ်သတ်ဖြတ်ဘို့ ကြိုးစားလိုက်တော့-၊ နောက် ကျ သွားခဲ့ပါပြီ။ “လူဆိုး
လူမိုက်တို့ရဲ့ အကြံအစည်များကို- ဘယ်တော့မှ အထမြောက်စေမှာ မဟုတ်ဘူး”လို့
ပြောထားတဲ့ ကုရ်အံကျမ်းစာလာ စကားဟာ လုံးဝမှန်ကန်ကြောင်း- လူဆိုးလူမိုက်များ
မျက်ဝါးထင်ထင် မြင် သွားစေရမှာပါ။
အစ္စလာမ်သာသနာကိုး သက်ဝင်ယုံကြည်လိုက်တာနဲ့- အဲ့ဒီ လူတစ်ဦးကို နှိမ့်ချတဲ့
သဘောနဲ့ “ကုလား” ဆိုပြီး ဆိုင်းဘုတ်တွဲ၊ ဟိုက ၀င်လာသလိုလို၊
ဒီက၀င်လာသလိုလို- မြန်မာပြည်မှာ မမွေးဘဲ မိုးပေါ်က ကျလာသလိုလို တွေ
စွပ်စွဲ-၊ မွတ်ဆလင်ကို ဆန့်ကျင်တဲ့ ဥပဒေတွေ ပေါ်လစီတွေချမှတ်-၊ မျိုးစုံတွေ
လျှောက်လုပ်နေခဲ့တာ လည်း နောက်ကျသွားခဲ့ပါပြီ။- ငါတို့ကို မြန်မာနိုင်ငံသား
အဖြစ် မသတ်မှတ်ရင်လည်း အရေးမကြီးဘူး-၊ အခု အချိန်မှာ ငါတို့က ကမ္ဘာ့
အသိအမှတ်ပြု ကမ္ဘာရဲ့ သားသမီးတွေ ဖြစ်နေခဲ့ပြီ။ ငါတို့နဲ့
ကမ္ဘာ့နိုင်ငံကြီးတွေ ကြားမှာ၊ ငါတို့နဲ့ ချမ်းသာကြွယ်ဝတဲ့
နိုင်ငံတွေကြားမှာ ကတိက၀တ်တွေလည်း ခိုင်ခိုင်မာမာ ရှိနေခဲ့ပြီ။
ဒီအခြေမျိုးထိ တွန်းပို့ခဲ့တဲ့- မြန်မာမျိုးချစ် အမျိုးဖျက်များကို
ကျေးဇူးတင်ရမှာပါ။
ဥပဒေမဲ့နေတဲ့ အခိုက်အခန့်၊ လူဆိုးလူမိုက်တစ်သိုက်က- မတရားသဖြင့်
အနိုင်ကျင့်နိုင်ရင် ခဏပါ။ မကြာမှီ အဲ့ဒီဒေသများထိ ဥပေဒတွေ
ထိုးဖေါက်စိမ့်ဝင်လာတော့မှာပါ။ တရားခံတွေက ဘယ်ကိုမှ ပြေးလို့ မလွတ်ပါဘူး။
ရာသက်ပန် ရှာခဲ့သမျှ ဥစ္စာစီးပွား ပျက်စီးသွားရမယ့်နေ့၊ မျိုးဆက်လိုက်
မျက်နှာသိမ်ငယ် သွားရမယ့်နေ့ရက်များ ခင်ဗျားတို့ဆီကို ရောက်လာပါလိမ့်မယ်။
ငါတို့က ဘက်က ကမ္ဘာတစ်ခုလုံး ရပ်တည်နေတယ်၊ နှိပ်ကွပ်လေ အမှု ကြီးလေသာ
ဖြစ်ရပါမယ်။- ကမ္ဘာခုံရုံးမှာ- နအဖ လက်ထက်က အလုပ်သမားကိစ္စ ရှုံးနိမ့်ခဲ့ရပြီ။
နအဖနဲ့ ဦးသိန်း စိန် စပ်ကူးမတ်ကူးကာလ- ဘင်္ဂလားနယ်စပ်က ပင်လယ်- ရေနံပိုင်နက်
ရှုံးနိမ့်ခဲ့ရပြီ။- အဲ့ဒီအမှုတွေ ရှုံးနိမ့်ခဲ့ရ စဉ် တစ်သီးပုဂ္ဂလ
တရားခံအဖြစ် ခံရတာ မရှိဘဲ-၊ အစိုးရတစ်ရပ်အနေနဲ့သာ ထိခိုက်ခဲ့ရတယ်။
တိုင်းပြည်တစ်ခု အနေနဲ့သာ ထိခိုက်ခဲ့ရတယ်။ အဲ့ဒီက ထွက်လာတဲ့ ဆိုးကျိုးတွေက
တိုင်းသူပြည်သားများကိုသာ နစ်နာစေခဲ့ တယ်။ အခုတစ်ခေါက် ရင်ဆိုင်ရမယ့်
နိုင်ငံတစ်ကာ ခုံရုံးကတော့- မျိုးပြုတ်သတ်ဖြတ်မှု ခေါင်းစဉ်ဖြစ်ပါတော့ တယ်။
ရင်ဆိုင်ရမှာကလည်း သက်ဆိုင်ရာ ရာဇ၀တ်ကောင်များသာ ဖြစ်ပြီး တစ်သီးပုဂ္ဂလ
တစ်ရားခံကိုယ်စီ ဖြစ် နေပါတယ်။- ဒီအတွက်လည်း သက်ဆိုင်ရာ ပုဂ္ဂိုလ်များ
အနေနဲ့ ကမ္ဘာ့ရှေ့နေရှေ့ရပ်များ ငှားယမ်းပြီး ပြင်ဆင် ထားစေလိုတယ်။
(ပြည်သူ့ဘဏ္ဍာကို ကိုယ်ရေးကိုယ်တာအတွက် မသုံးဘို့ ပြောတာပါ။) တူ ဖြစ်စဉ်
ထုထောင်း ခဲ့သမျှ-၊ ဒီတစ်ခါ မိမိ ထုခဲ့တဲ့ ဒဏ်ကို မိမိသာ ခံရမှာပါ။
သေချာတာက--၊ ငါ တို့ကတော့ ပေ မဟုတ်တော့ဘူး ဆိုတာပါပဲ။
ဌေးလွင်ဦး
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
မြန်မာမွတ်ဆလင် တန်းတူညီမျှ အခွင့်အရေး လှုပ်ရှားဆောင်ရွက်မှု အဖွဲ့
အမေရိကန် ပြည်ထောင်စု
No comments:
Post a Comment