Saturday 16 March 2013

ဒီမိုကရေစီကျင့်ဝတ်များ

လူတွေဟာ သူတို့ကြိုက်ရာကို လွတ်လွတ်လပ်လပ် ရွေးချယ် ပြုမူနိုင်ပြီး လူတို့လုပ်သမျှ တာဝန်ယူနိုင်ကြတယ်ဆိုရင် ဒါဟာဒီမိုကရေစီ ကျင့်ဝတ်တွေ ရှိနေပြီလို့ပြေားနိုင်ပါပြီ။
ဒီမိုကရေစီမှာ မတူကွဲးပြားမှုတွေရှိကြပါတယ်။ လူတဦးနဲ့တစ်ဦး၊ တဖွဲ့နဲ့တဖွဲ့၊ ယဉ်ကျေးမှုတခု၊ လုပ်ငန်းသဘာဝ တခုနဲ့တခုတို့ ဟာ မတူပဲ ရှိနေမှာဖြစ်ပါတယ်။ မတူပေမယ့်လည်း လေးစားရပါတယ်။ ဖျက်ဆီးပိတ်ပင်တာတွေမလုပ်ပဲ ထိန်းသိမ်းပေးရပါ တယ်။ မတူကွဲပြားတဲ့စနစ်ကို ပြုစုပျိုးထောင်ပေးရပါတယ်။ ဒါဟာသာမန်အားဖြင့် ရှိနေရတဲ့ ဒီမိုကရေစီ စိတ်ဓါတ်ဖြစ်ပါတယ်။လူတွေဟာ သူတို့ရဲ့ နေ့စဉ်အလုပ်တွေကို ဆောင်ရွက်ကြရာမှာ ဒီစိတ်ဓါတ်အတိုင်း ဆုံးဖြတ်နိုင်တဲ့ အခြေခံတခု ရှိနေပါမယ်။ အဲဒီအခြေခံကတော့ ဒီမိုကရေစီကျင့်ဝတ်တွေဘဲ ဖြစ်ပါတယ်။ ကျင့်ဝတ်ဆိုတာ အပြုအမူတွေပါဘဲ။

လူတွေဟာ လူ့အသိုင်းအ၀ိုင်းထဲးမှာ မှန်မှန်ကန်ကန် ပြုမူနိုင်စေဖို့ ထိန်းကျောင်းလမ်းညွှန် ကြပ်မက်ထားတဲ့ စည်းမျဉ်းတွေပါဘဲ။ လူအားလုံးက အနည်းဆုံး လိုက်နာနိုင်ဖို့သတ်မှတ်ထားတာကြောင့် အခြေခံမူဖြစ်ပါတယ်။
ကိစ္စတခုကို စမလုပ်မီကတည်းက ဒီကိစ္စဟာ ဘယ်လိုကောင်းကျိုးဆိုးကျိုးတွေ ရှိသွားနိုင်တယ်ဆိုတာကို ဆန်းစစ်သုံးသပ်နိုင်မှသာ ကျင့်ဝတ်တွေကို လိုက်နာနိုင်ပါမယ်။ အပြုအမူတခုဟာ အခြားသူတွေကို ထိခိုက်သွားစေနိုင်သ လား၊ပတ်ဝန်းကျင်ကို ထိခိုက်သွားနိုင်သလား၊ ယဉ်ကျေးမှုဓလေ့စရိုက်၊ ဒါမှမဟုတ် နိုင်ငံကို ထိခိုက်သွားစေနိုင်သလား ဆိုင်္ပြီး မြဲတမ်းမိမိကိုယ်ကို ပြန်မေးအပ်ပါတယ်။ လူတဦးချင်းအနေနဲ့ ကိုယ်ပိုင်ဘ၀ရပ်တည်ရေးမှာ စောင့်ထိန်းရတဲ့ကျင့်ဝတ်တွေ တကယ်ဘဲရှိပါတယ်။ ဒါပေမယ့် အများနဲ့ပတ်သက် လာနိုင်မယ့်ကိစ္စတွေကို ပြုမူရာမှာတော့ ပုဂ္ဂိုလ်ရေး ကျေနပ်နှစ်သိမ့်တာကို အမြဲတမ်း တကိုယ်ကောင်းဆန်ဆန် ဦးစားပေးလို့ မသင့်တော်ပါဘူး။
ကျင့်ဝတ်တွေဟာ ပြုမူသူရဲ့ မွေးရာပါ တကိုယ်ကောင်းဆန်းတာကို ကြိုတင်သတိပေး တားမြစ်ပါတယ်။အဲဒီလိုဘဲ လူလောကကြီးအတွက်လည်း အကာအကွယ်တရပ် ဖြစ်စေပါတယ်။ ဒီအချက်က အခြားသူတွေအပေါ် ထိခိုက်အနာတရ၊ ပျက်စီးအောင် မလုပ်ကြဖို့တားမြစ်ထားရာ ရောက်ပါတယ်။ ကျင့်ဝတ်တွေဟာ ယဉ်ကျေးတဲ့ လူ့အသိုင်းအ၀ိုင်းအတွက် အမှန်တကယ် ရှိသင့်ရှိထိုက်ပါတယ်။
နိုင်ငံရေးခေါင်းဆောင်တချို့ဟာ ကျင့်ဝတ်စည်းမျဉ်းတွေကို လိုက်နာဖို့ ပျက်ကွက်လေ့ရှိပါတယ်။ သူတို့ဟာ လူအမြောက်အမြား ထိခိုက်အနာတရဖြစ်စေမယ့် ဒါမှမဟုတ် သေကြေပျက်စီးစေမယ့် နိုင်ငံရေးမူဝါဒတွေကို ချမှတ်လေ့ရှိကြပါတယ်။ သူတို့ကို ကျင့်ဝတ်ဖောက်ပြန်တဲ့ ခေါင်းဆောင်တွေလို့ ဆိုရပါလိမ့်မယ်။
လူတွေဟာ လောကကြီးအကြောင်းကို စူးစမ်းလေ့လာရာကနေ တဖြည်းဖြည်း သဘေားပေါက်လာကြပါတယ် လေားကကြီး နဲ့ ပတ်သက်လို့ ကြုံတွေရတဲ့ပြသနာတွေကို ဖြေရှင်းလာနိုင်ကြတယ်။ လူတွေဟာ ဒီလိုအရည်အသွေးတွေ ရှိနေရတာကတော့ ကျင့်ဝတ်တွေကိုလိုက်နာနိုင်လို့ပါဘဲ။ ဒီအချက်က တချို့ဘာသာရေးကိုင်းရှိုင်းသူတွေမှာ ဒီမိုကရေစီကျင့်ဝတ်မဟုတ်တဲ့ အပြုအမူတွေရှိလာကြရပါတယ်။
ဘာသာတရားမှာ အမှန်တရားတွေရှိနေပါတယ်။ လိုက်နာကျင့်ကြံဖို့ ကျင့်ဝတ်(၀ိနည်း) တွေရှိနေကြပါတယ်။အလ္လာဟ်အရှင်မြန်သခင်မိန့်ကြားထားတဲ့အတိုင်း လိုက်နာကျင့်သုံးဖိုပ ယုံကြည်လွယ်တာကြောင့် ဒီအမှန်တရားတွေရှိနေတာပါ၊ ဘာသာတရားတချို့မှာ ဒီမိုကရေစီမကျနဲ့နည်းလမ်းနဲ့ တက်လာတဲ့ ဘာသာရေးခေါင်းဆောင် တွေကိုသူတို့စိတ်ကြိုက် လွှမ်းမိုးပြီး အမှန်တရား အဖြစ် ပြန်ပြောင်းပညတ်လိုရနေကြတာပါဘဲ။
လူတွေမှာပင်ကိုအရည်အသွေးနဲ့ အမှားအမှန် အတော်များများကို ရွေးချယ်ဆုံးဖြတ်နိုင်စွမ်း ရှိကြပြီးဖြစ်တာကြောင့်၊ ဒါကြောင်အရာရာတိုင်းကို ဆောင်ရန်ရှောင်ရန် လိုက်ပြေားနေလို့မရဘူး။ ဒါပေမယ့် လူ့ကျင့်ဝတ် ရှိဖို့တော့ လိုအပ်ပါတယ်။
လူအချင်းချင်း၊ ဆက်ဆံကြရာမှာ အပြန်အလှန် အပေးအယူ လိုတိုးပိုလျှော့ ရှိရပါတယ်။ လိုချင်တိုင်းလည်း ရနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် အပေးအယူလုပ်ကြရာမှာ ဘယ်လိုရှိသင့်သလဲဆိုတဲ့ လမ်းညွှန်ချက်တွေ လိုအပ်ပါတယ်။ လူမှုရေးကိစ္စတွေမှာလည်း လမ်းညွန်ချက်တွေကို ပိုပြီး သုံးသင့်လှပါတယ်။
ကျင့်ဝတ်မစောင့်ထိန်းသူဟာ တောရိုင်းဥပဒေအတိုင်း ကျင့်ကြံသူဖြစ်ပါတယ်။ တေားရိုင်းဥပဒေ ဆိုတာအင်အားသာသူက အင်းအားနည်းသူအပေါ် လွတ်လွတ်လပ်လပ် စိတ်တိုင်းကျ အနိုင်ကျင့် လွှမ်းမိုးနိုင်ပါတယ်။ အင်းအားသာသာသူက မှန်တယ်(Might is Right) ဆိုတဲ့ အယူအဆဖြစ်ပါတယ်။ တေားရိုင်းဥပဒေကို ကျင့်ကြံသူဟာ အင်းအားရှိနေတာနဲ့အမျှ သူ့ကိုယ်ကျိုးအတ္တအတွက် အတားအဆီးမရှိ လုပ်ချင်းတိုင်းလုပ်နိုင်ကြောင်း ပြန်လည်ရှင်းလင်း တုန်းပြန်နိုင်ပါတယ်။
ဒီရှု့ထောင့်ကကြည့်ရင် လူမှာ အခြေခံကျင့်ဝတ် ရှိလာဖို့ တေားရိုင်းဥပဒေကို ဖယ်ရှားရမှာ ဖြစ်ပါတယ်။ ကြီါ်နိုင်ငယ်ညှင်း စိတ်ဓါတ်နဲ့ အပြုအမူကို ဖယ်ရှားရပါမယ်။ အင်းအားသာသူကမှန်တယ် တိုတဲ့ အယူအဆကို ဖယ်ရှားရပါမယ်။အင်အားရှိနေရုံ နဲ့ လုပ်ပိုင်ခွင့် ရှိတယ်လို့ မယူဆနိုင်ကြောင်း ပြန်လည်ရှင်းပြနိုင်ပါတယ်။
ကမ္ဘာတလွှာကြည့်လိုက်ရင် လူရဲ့ အခြေခံကျင့်ဝတ်ကို စံနှုန်းတခုအနေနဲ့ လူတိုင်းက လိုက်နာကျင့်သုံးလို့ မရသေးတာကို တွေ့နေရပါတယ်။ တနိုင်ငံမဟုတ် အခြားတနိုင်ငံမှာ အင်းအားသာရင် သာသလို သူတို့ဖြစ်ချင်တဲ့အတိုင်း နည်းအမျိုးမျိုးနဲ့ စိတ်တိုင်းကျ ချယ်လှယ် လွှမ်းမိုးထားကြပါတယ်။ အဲဒီနိုင်ငံတွေမှာ အင်အားတိုးပွားလာဖို့၊ သူတို့ ဂုဏ်ဒြဗ်ကို ထိန်းသိမ်းထား နိုင်ဖို့ကိုဘဲ ကြိုးပမ်းကြပါတယ် ဒါဟာ ဒီမိုကရေစီ ဖြစ်ထွန်းစေဖို့ အကြီးမားဆုံးအဟန်အတားပါဘဲ။
မှန်တဲ့အရာကိုလုပ်ဖို့မလွယ်ကူတာကြောင့်၊ ပြီးတော့ အမှန်တရားဘက်ကနေ ရပ်တည်ဖို့ မလွယ်ကူတာကြောင့် လူ့ကျင့်ဝတ် တွေကိုကျင့်ကြံအားထုတ်နိုင်ဖို့ ခတ်ခဲးနေပါတယ်။ ဘယ်ဟာက မှန်တယ်ဆိုတာ တကယ်တမ်း၊ ရှင်းရှင်းလင်းလင်း ရှိမနေ ပါဘူး။အမှားအမှန်ကို ကိုယ်တိုင်ဘဲ ခွဲးခြားရပါတယ်၊ မှန်တယ်လို့ ရှင်းရှင်းလင်းလင်း၊ သိလာတာတောင် မှန်တဲ့အတိုင်းလုပ်ဖို့ ခတ်နေပြန်ပါသေးတယ်။
အပြုအမူတွေဟာ ဘယ်လို ဖြစ်နေရမယ်လို့ တိတိကျကျ ထိန်းကျောင်းလမ်းညွှန်ထားတာတွေရှပါတယ်။ လမ်းညွှန်သြ၀ါဒ တွေဖြစ်ပါတယ်။ တဦးအပေါ်တဦး လေးစားကြရပါမယ်။ လူအချင်းချင်း တန်းတူညီတူ ဖြစ်နေကြရင် လူအားလုံး လေးစားခံရမှာဖြစ်ပါတယ်။ ယဉ်ကျေးမှုရော ဘာသာရေးမှာပါ လေးစားခံရမှာဖြစ်ပါတယ်။အဲဒီအချက်ကိုက ဘယ်သူ့ကိုမဆို၊ ဘယ်ဟာကိုမဆို မထိခိုက်စေရ ဆိုတဲ့ ကျင့်ဝတ်ပေါ်လာစေပါတယ်။အဲဒီအချက်ကိုက ဘယ်သူ့ကိုဆို၊ ဘယ်ဟာကိုမဆို မထိခိုက်စေရ ဆိုတဲ့ ကျင့်ဝတ်ကို ဖြစ်ပေါ်လာစေပါတယ်။ ဒီကျင့်ဝတ်ရှိလားလို့ မိမိလေးစားသူ၊ လေးစားတာကို ထိခိုက် ပျက်စီး နာကျင်အောင် လုပ်လိုစိတ် မရှိတော့ပါဘူး။
လေးလေးစားစား ဆက်ဆံတဲ့ကျင့်ဝတ်ရှိရင် စိတ်ရှည်သီးခံတက်တဲ့ အပြုအမူတွေ၊ အဆင့်အတန်းမခွဲးတက်တဲ့ အပြုအမူ တွေရှိလာမှာ ဖြစ်ပါတယ်။ မှားနေတာကို တွေ့နေတာတောင် ဒီအမှားကို ခွင့်ပြုဖို့ မသင့်ပါဘူး။ အခြားသူတွေက ထိခိုက်ပျက် စီးနာကျင်အောင် လုပ်တာတွေရှိရင် ၀င်ရောက်တားဆီး စွက်ဖက်ပေးရပါမယ်။
နောက်ကျင့်ဝတ်တခုကတော့ မှီခိုအားထားနိုင်လောက်အောင် နေပေးရတာဖြစ်ပါတယ်။အခြားသူတွေ မှီခိုအားကိုးရလောက် အောင် ပြေားဆိုကြွားဝါထားရင် ပြေားတဲ့အတိုင်း လုပ်သင့်ပါတယ်။ လုပ်င်္ပြီဆိုရင် ပြီးအောင်လုပ်ရပါမယ်။ လူတချို့ဟာ လက်တွေ့လုပ်ဖို့ အလွန့်အလွန် မဖြစ်နိုင်တဲ့ကိစ္စတွေကို မဖြစ်ဖြစ်အောင် လုပ်ပေးမယ်လို့ ကတိပေးလွယ်တတ်ကြပါတယ်။ မမျော်လင့်ပဲကြုံရတဲ့ အဖြစ်ဆိုးတွေရှိလာရင် တားဆီးဟန့်တားပေးမယ်လို့ ကြီုပြေားထားမျိုးလည်း ရှိတက်ကြပါတယ်။အမှန် မှာတော့တကယ်တမ်း မလုပ်ပေးနိုင်ဘူးဆိုရင် ကြိုပြီးကတိပေးသလိုမျိုးမပြေားသင့်ပါဘူး။
မှီခိုအားထားနိုင်လောင်အောင် နေပေးရတဲ့ သဘေားမျိုး မရှိတာကို ဒီမိုကေရေစီနိုင်ငံတွေက ရွေးကောက်ပွဲတွေမှာ ခဏခဏ တွေ့ရတက်ပါတယ်။ ရွေးကောက်ပွဲဝင်ပြိုင်တဲ့ နိုင်ငံရေးသမားတချို့က လူထုကို ကတိတွေပေးပြီး မဲဆွယ်တရားဟောကြ ပါတယ်။အမက်ဖြစ်သွားတဲ့အခါ ဘားမှမလုပ်ပေးပဲ နေတတ်ကြပါတယ်။ ဒါဟာ မှီခိုအားထားနိုင်လောက်အောင်နေပေးရမယ့် ကျင့်ဝတ်ကို ဖောက်ဖျက်တတ်တာပါဘဲ။ နိုင်ငံရေးသမားတွေတောင် မကပါဘူး၊ နိုင်ငံရေးနဲ့ မပတ်သက်သူတွေလည်း ဒီလိုကျင့်ဝတ်တွေကို ဖောက်ဖျက်လေ့ရှိပါတယ်။ဆက်ဆွေးနွေးသွားပါမယ်။.....................

No comments:

Post a Comment