
ထို့ကြောင့် အဆိုပါကြေညာစာတမ်းပါအချက်အလက်များကို အောက်ပါအတိုင် ဖော်ပြလိုက်ပါသည်။
ကြေညာစာတမ်း
အပိုဒ်(၁) ။လူတိုင်း တန်းတူ ညီမျှသော
အခွင့်အရေးခံစားခွင့်ရှိရမည်။
ကြေညာစာတမ်း
အပိုဒ်(၂) ။လူသားတိုင်းသည် တန်းတူညီမျှသော
ဆက်ဆံမှုကို ခံစားပိုင်ခွင့်ရှိသည်။
ကြေညာစာတမ်း
အပိုဒ်(၃) ။လူသားတိုင်းသည် လွတ်လပ်ပြီး
လုံခြုံစွာ အသက်ရှင်ရပ်တည် နေထိုင်ခွင့်ရှိသည်။
ကြေညာစာတမ်း
အပိုဒ်(၄) ။လူသားတိုင်းသည် တိုက်ရိုက်ဖြစ်စေ၊
သွယ်ဝိုက်ရ်ျဖြစ်စေ၊ နည်းမျိုးစုံဖြင့် ကျွန်ပြုခံရခြင်းမှ လုံးဝကင်းလွတ်ရမည်။
ကြေညာစာတမ်း
အပိုဒ်(၅) ။လူသားတိုင်းသည် မည်သူ့ကိုမဆို
ညှင်းပမ်းနှိပ်စက်ခြင်း အလျဉ်းမပြုရ။
ကြေညာစာတမ်း
အပိုဒ်(၆) ။လူသားတိုင်းသည် တရားဥပဒေရှေ့မှောက်တွင်
တန်းတူညီမျှ ရှိရမည်။
ကြေညာစာတမ်း
အပိုဒ်(၇) ။လူသားတိုင်းအတွက် တရားဥပဒေသည်
တပြေးညီရှိရမည်။
ကြေညာစာတမ်း
အပိုဒ်(၈) ။လူသားတိုင်းသည် တရားဥပဒေ၏
အကာအကွယ်ကို ခံစားပိုင်ခွင့်ရှိရမည်။
ကြေညာစာတမ်း
အပိုဒ်(၉) ။မည်သူ့ကိုမျှ မတရားဖမ်းဆီးခြင်း၊
နိုင်ငံမှ နှင်ထုတ်ခြင်း လုံးဝမရှိစေရ။
ကြေညာစာတမ်း
အပိုဒ်(၁၀) ။လူတိုင်းလူတိုင်းသည် မျှတမှုရှိသော
တရားစီရင်မှုကို ခံစားပိုင်ခွင့်ရှိရမည်။
ကြေညာစာတမ်း
အပိုဒ်(၁၁) ။တရားရုံးမှခိုင်လုံသော ပြစ်ချက်ရှိသည်ဟု
မစီရင်မချင်း တိုသူတွင် အပြစ်ရှိသည်ဟု လုံးဝမယူစရ။
ကြေညာစာတမ်း
အပိုဒ်(၁၂) ။လူတစ်ယောက်၏ အိမ်အတွင်းသို့
မကောင်းသေားရည်ရွယ်ချက်ဖြင့် ၀င်ရောက်ခြင်း၊အနှောက်အယှက်ပေးခြင်း၊ စာများဖောက်ဖက်ခြင်း၊
လုံးဝမပြုလုပ်ရ။
ကြေညာစာတမ်း
အပိုဒ်(၁၃) ။လူတိုင်းသည် မိမိနိုင်ငံအတွင်း
လုံဝ လွတ်လပ်စွာ သွားလာနေထိုင် လုပ်ကိုင်စားသောက်ခွင့် ရှိရမည်။သွားလာနေထိုင်ခွင့်ရှိသည်။
ကြေညာစာတမ်း
အပိုဒ်(၁၄) ။မတရားသော ဖိနှိပ်အုပ်ချုပ်သူများ၏
အန္တရာယ်မှ လွတ်ကင်းရန် အခြားနိုင်ငံတွင် ခိုလှုံမှုကိုတောင်းခံခွင့်ရှိသည်။
ကြေညာစာတမ်း
အပိုဒ်(၁၅) ။လူတိုင်းသည် မိမိ၏ မွေးဖွားရာနိုင်ငံတွင်
နိုင်ငံသားအဖြစ် ခံယူခွင့် လုံးဝရှိရမည်။ ၎င်းအပြင် မိမိ၏ဆန္ဒအရ အခြာငံနှိုက်လည်း နိုင်ငံသားခံယူခွင့်
ရှိသည်။
ကြေညာစာတမ်း
အပိုဒ်(၁၆) ။လူတိုင်းတွင် မိမိ၏ဆန္ဒအရ လွတ်လပ်စွာ
လက်ထပ် ထိမ်းမြားခြင်းနှင့် မိသားစုထူထောင်ပိုင်ခွင့်ရှိရမည်။
ကြေညာစာတမ်း
အပိုဒ်(၁၇) ။လူတိုင်းလူတိုင်းသည် မိမိ၏ပစ္စည်းကို
ပိုင်ဆိုင်ခွင့် အာမခံချက် အပြည့်အ၀ရှိရမည်။
ကြေညာစာတမ်း
အပိုဒ်(၁၈) ။လူတိုင်းလူတိုင်းသည် မိမိကြိုက်နှစ်သက်ရာ
ဘာသာအား လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ဝတ်ပြုပိုင်ခွင့် အပြည့်အ၀ခံစားခွင့်ရှိရမည်။
ကြေညာစာတမ်း
အပိုဒ်(၁၉) ။လူတိုင်းသည် မိမိခံယူထင်မြင်
ယူစချက်ကိုလွတ်လပ်စွာ ထုတ်ဖော်ပိုင်ခွင့် ရှိသည်။
ကြေညာစာတမ်း
အပိုဒ်(၂၀) ။လူတိုင်းသည် လွတ်လပ်စွာ အဖွဲ့အစည်း
ဖွဲ့ပိုင်ခွင့်နှင့် မိမိနှစ်သက်ရာ အဖွဲ့အစည်းတွင် လွတ်လပ်စွာ ပါဝင်လှုပ်ရှားပိုင်ခွင့်
ရှိသည်။
ကြေညာစာတမ်း
အပိုဒ်(၂၁) ။လူတိုင်းသည် လွတ်လပ်စွာ နိုင်ငံရေးလှုပ်ရှားမှုကို
လွတ်လပ်စွာ ပြုလုပ်ပိုင်ခွင့်ရှိသည်။
ကြေညာစာတမ်း
အပိုဒ်(၂၂) ။လူတိုင်းသည် လူမှုဘ၀ လုံခြုံမှုရှိပြီး
ဂုဏ်သိက္ခာရှိစွာ မိမိတို့၏ ဘ၀ကိုတည်ဆောက်ပိုင်ခွင့်ရရှိ ရမည်။
ကြေညာစာတမ်း
အပိုဒ်(၂၃) ။လူသားတိုင်းသည် စိတ်ချယုံကြည်သော
လုပ်ငန်းခွင်တွင် သင့်တင့်လျောက်ပတ်သော လစာဖြင့် အလုပ်လုပ်ပိုင်ခွင့် ရှိသည်။
ကြေညာစာတမ်း
အပိုဒ်(၂၄) ။လူတိုင်းသည် အနားယူအပန်းဖြေခွင့်
ရှိသည်။
ကြေညာစာတမ်း
အပိုဒ်(၂၅) ။လူတိုင်းသည် သင့်လျော်သော လူနေမှုအဆင့်နှင့်
နေထိုင်ရ်ျမကျန်မာပါက ဆေးဝါးကုသ ခံပိုင်ခွင့်ရှိရမည်။
ကြေညာစာတမ်း
အပိုဒ်(၂၆) ။လူတိုင်းလူတိုင်းသည် လွတ်လပ်စွာ
ပညာသင်ကြားပိုင်ခွင့် အပြည့်အ၀ ခံစားမှုရှိရမည်။
ကြေညာစာတမ်း
အပိုဒ်(၂၇) ။လူသားတိုင်းသည် လူ့အဖွဲ့အစည်း၏
ယဉ်ကျေးမှု အနုပညာနှင့် သိပ္ပံပညာတိုးတက်မှု၏ အကျိုးဖြစ်ထွန်းမှုကို အပြည့်အ၀ခံစားခွင့်ရှိသည်။
ကြေညာစာတမ်း
အပိုဒ်(၂၈) ။လူတိုင်းသည် ဖော်ပြပါ အခွင့်အရေးများကို
အပြည်အ၀ခံစားနိုင်ရန်အတွက် ကာကွယ်မှု အပြည့်အ၀ပေးရမည်။
ကြေညာစာတမ်း
အပိုဒ်(၂၉) ။လူသားတိုင်းသည် မိမိ၏အခွင့်အရေးနှင့်
လွတ်လပ်မှုကို ရယူသကဲ့သို့ အခြားသူများ၏ အခွင့်အရေးကိုလည်း ရိုသေလေးစားလိုက်နာရမည်။
ကြေညာစာတမ်း
အပိုဒ်(၃၀) ။အီကြေညာစာတမ်းပါ အခွင့်အရေးများကို
မည်သည့်နိုင်ငံ၊ မည်သသည့်အစိုးရ၊ မည်သည့်အဖွဲ့အစည်း၊ မည်သည့်လူမျိုးကမှ ရိုက်ချိုးဖော်ကဖျက်ခြင်း
လုံးဝမပြုလုပ်ရ။
ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ချုပ်
အပြည်ပြည်ဆိုင်ရာ
လူ့အခွင့်ရေး ကြေညာစာတမ်း
လူမှန်သမျှတဦးကိုတဦး
မည်သူ့ကိုမဆို အပြန်အလှန် ချစ်ခင်လေးစားနိုင်ကြပါစေဗျာ။
အောင်ကျော်မိုး
No comments:
Post a Comment