Tuesday 12 March 2013

သမိုင်းရေးတဲ့နေ့

၂၀၁၃၊ မေလ၊ ၉ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မဟီဓော တက္ကသိုလ်မှာ ရခိုင်သမိုင်းဆိုင်ဆွေးနွေးပွဲတစ်ရပ်ကိုကျင်းပပြုလုပ်ခဲ့ပါတယ်။ အဆိုပါဆွေးနွေးပွဲကို ရခိုင်အမျိုးသားများ စီစဉ်ခဲ့ပေမယ့်-၊ ရိုဟင်ဂျာများကိုတော့ ဖိတ်ကြားခြင်းမရှိဘူးလို့သိရပါတယ်။အဲဒီဆွေးနွေပွဲမှာတော့ ကိုကျော်သောင်းက ဦးဆောင်ကျင်းတဲ့ သူဖြစ်ပြီး ဖိတ်ကြားထားတဲ့ဧည့်သည်တော်များစွာပါဝင်ခဲ့တယ်လို့သိရပါတယ်။အဆိုပါအခမ်းအနားကို ဖိတ်ကြားထားခြင်းမရှိတဲ့ ဧည့်သည်တော် မြန်မာမွတ်ဆလင် တန်းတူညီမျှ လှုပ်ရှားဆောင်ရွက်မှု အဖွဲ့ အမေရိကန် ပြည်ထောင်စုမှ သမိုင်းသုတေသနပညာရှင်ကိုဌေးလွင်ဦးမှ အခမ်းအနာသို့တက်ရောက် ဆွေးနွေးလိုကြောင်း
ကမ်းလှမ်းခဲ့ရာ အစည်းအဝေဆုံးဖြတ်ချက်အရ သမိုင်းသုတေသနပညာရှင် ကိုဌေးလွင်ဦးအပါအ၀င် ရိုဟင်ဂျာသုံးဦးလည်းတက်ရောက်ခွင့်ပြုခဲ့ပါတယ်။အဲဒီနောက်

မှာတော့ အခမ်းအနားကိုစတင်ပါတယ် အခမ်အနားမှာ ပထမဆုံး စကား ပြောသူက ဂျက်လိုင်ဒါ ဆိုတဲ့ ပုဂ္ဂိုလ်ဖြစ်ပြီး- သူ့ဘက်က ပဋိပက္ခသဘောတရားများ ကို ရှောင်ကြဉ်ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။ဒုတိယမြောက် ဆွေးနွေးတဲ့သူက စတီဗင် ဆိုတဲ့ စကော် လာ တစ်ဦးဖြစ်ပြီး သူ့ဘက်ကလည်း ပဋိပက္ခ ဖြစ်စေမယ့် အရာများကို ရှောင်ဖယ်ပြောဆိုခဲ့တယ်လိုသိရပါတယ်။
အခုနောက်ဆုံးဆွေးနွေးတင်ပြတဲ့သူက ဆရာဒေါက်တာအေးချမ်း ဖြစ်ပါတယ်။ဆရာဒေါက်တာအေးချမ်းဟာ ရခိုင်သမိုင်းပညာရှင်တစ်ဦးဖြစ်ပြီး၊ PHD ဘွဲ့ရထားသူတစ်ဦးဖြစ်တယ်လို့လည်းသိရပါတယ်။ဆရာဒေါက်တာအေးချမ်းကို သုံးလကျော်ကြာခဲ့သည့်တိုင်အောင် သမိုင်းပညာရှင် ကိုဌေးလွင်ဦးနဲ့ ဒေါက်တာ အဗီဘီဟားတို့မှ ရခိုင်သမိုင်းဆိုင်ရာဆွေးနွေးဖို့ ဖိတ်ခေါ်ခဲ့ဗေမယ့် ဒေါက်တာအေးချမ်းက မိမိကိုယ်မိမိ ယုံကြည်မှုမရှိ့တဲ့အတွက် လာရောက်ဆွေးနွေးခဲ့ခြင်း မရှိခဲ့ပါဘူး။ဒီနေ့မှာတော့ သမိုင်းပညာရှင်ကိုဌေးလွင်ဦးမှ ဖိတ်ကြားခြင်းမရှိသည့်တိုင်အောင် မိမိကိုယ်မိမိယုံကြည့်မှုအပြည့်နဲ့ လာရောက်ဆွေးနွေးသွားခဲ့တယ် ဆိုတာ သမိုင်းခိုင်လုံမှုရှိခြင်းရဲ့သတ်သေပါပဲ၊ သမိုင်းပညာရှင်ကိုဌေးလွင်ဦးနဲ့ အဖွဲ့တွေ ဆွေးနွေးခမ်းမဆောင်ထဲးကို ၀င်ရောက်လာတဲ့အခါမှာတော့ သမိုင်းပညာရှင်ဒေါက်တာအေးချမ်းက မ၀ံမရဲးပြုံးပြလာပါတယ်။ နှစ်ဦးနှစ်ဖက် အဆင်ပြေသင့်မြတ်စွာ ဆွေးနွေးတဲ့သမိုင်းရှင်းလင်တဲ့ပွဲတော့မဟုတ်ပေမယ်၊ သမိုင်းပညာရှင် ကိုဌေးလွင်ဦးတို့ကတော့ ရဲးရဲးတောက်ဆွေးနွေးခဲ့ပါတယ်။တတိယဆွေနွေမယ့်အလှည့်ကျသူကတော့ သမိုင်းပညာရှင်ဒေါက်တာအေးချမ်းပဲဖြစ်ပါတယ်၊ ဒေါက်တာအေးချမ်းဟာ အစပထမပိုင်မှာ ရိုဟင်ဂျာဆိုတာမရှိကြောင်၊“ရိုဟင်ဂျာ” ဆိုတဲ့ စကားလုံးကို ၁၉၅၁ ခုနောက်ပိုင်းမှ မစ္စတာ ဂဖားရ်က ဖန်တီးခဲ့တာ ဖြစ်ကြောင်း ရှင်းလင်းပါတယ်။အဲဒီနောက်ပိုင်းမှာတော ပညာရှိပြီပြီ မေးခွန်းတွေကို လက်ခံဖြေကြားခဲ့ပါတယ်။ သမိုင်းပညာရှင် ကိုဌေးလွင်ဦးရဲ့မေးခွန်းတွေကို မဖြေကြားခင်မှာပဲ ရဟန်း တစ်ပါးက ကုလားတန်မြစ် ဆိုတာ ဘယ်လို အမည်တွင်လာသလဲဆိုတဲ့မေးခွန်း မျိုးကိုမေးပါတယ် အဲဒီမှာစတင်ပြီး သမိုင်းပညာရှင်ဒေါက်တာအေးချမ်းတစ်ယောက်စတင်ဒိုက်ပတ်ပါတော့တယ်။အနည်းငယ်စဉ်းစားပြီး နောက်တော့ မသိဘူးလို့သာဖြေသွားခဲ့ပါတယ်။အဲဒီနောက်မှာတော့ သမိုင်းပညာရှင် ကိုဌေးလွင်ဦးမှ မေးမြန်တဲ့မေးခွန်းကိုဆက်လက်ဖြေကြားပါတယ်။ ကိုဌေးလွင်ဦးမေးခဲ့သေားမေးခွန်းက ဒီလိုပါ၊ ဆရာဟာ သမိုင်းပညာရှင်တစ်ဦးဖြစ်ပြီး ရခိုင်နယ်မှာ ၁၈၀၀ မတိုင်မှီကတည်းက “ရိုဟင်ဂျာ”ဆိုတဲ့ အမည်နာမ ရှိခဲ့တာကို မသိပါသလား။ မသိခဲ့ရင် “--- စာမျက်နှာ၊ စာအုပ် အမည်ကို ကြည့်ပါ။”လို့ မေးထားတာပါ။အခုလို သမိုင်းပညာရှင်ကြီး ကိုဌေးလွင်ဦးရဲ့ရဲးရဲး တောက်မေးခွန်းမျိုးဆိုတော့ ဒေါက်တာအေးချမ်းတစ်ယောက်ဝှေလည်ဝှေလည်ဖြစ်သွားပါတယ် တော်တော်ရပ်တန့်သွားမတက်ခံစားလိုက်ရတဲ့
အမူအရာကို ဟန်မဆောင်နိုင်အောင်ဖြစ်သွားပုံက သမိုင်းပညာရှင်တစ်ယောက်ရဲ့ဂုဏ်သိက္ခာကိုတောင် မစောင့်ထိန်နိုင်လောက်အောင်ပါ၊ အဲတော့ဒေါက်တာအေးချမ်းဘယ်လိုပြန်ဖြေခဲ့ရသလဲဆိုတာသေချာလေ့လာကြည့်ကြပါခင်ဗျာ “ရိုဟင်ဂျာ” ဆိုတာ ကျွန်တော် တို့ ရခိုင်တွေကို ခေါ်တဲ့ အမည်ပါတဲ့။ ဟာဘယ်နယ့်ဖြစ်ရတာတုန်းဗျ အရပ်ကတို့ရေ လူကြားမှကောင်းသေးရဲ့လားဗျ (ဒီနေရာမှာစာရေးဆရာနည်းနည်ကွန့်မယ်နော်) စိတ်မဆိုးကြပါနဲ့ဗျာ ရိုဟင်ဂျာဆိုတာ မရှိပါဘူးလို့ ဘယ်သူပါစပ်ကပြေားခဲ့တာလဲး၊ ရိုဟင်ဂျာဆိုတာ လုပ်ကျံဖန်တီးထားတဲ့ လူမျိုးတစ်ခုလို့ ဘယ်သူပါစပ်တွေ ကပြေားခဲ့တာလဲ၊ ရိုဟင်ဂျာဆိုတာ ခိုးဝင်လာတဲ့ဘင်္ဂလီကုလားတွေပါလို့ ဘယ်သူတွေကပြေားခဲ့တာလဲ။ ရိုဟင်ဂျာဟာ မြန်မာတိုင်းရင်းသားမဟုတ်ဘူးလို့ ဘယ်သူတွေက ငြင်းခဲ့တာလဲ၊ အိုဘာမားက ရန်ကုန်တက္ကသိုလ်မှာ ရိုဟင်ဂျာလို့ခေါ်ခဲ့လို့ ရခိုင်တိုင်းရင်းသားဖွံဖြိုးတိုးတက်ရေးပါတီ ဥက္ကဌ ဦးမောင်အေးက အိုဘားမားပြေားတဲစကားကို အိုဘားမားတာဝန်ယူရမယ်လို့ ပြေားခဲ့ဖူးတာမှတ်မိသလား၊ အခုဘယ်သူပါစပ်က ရခိုဟင်ဂျာရှိကြောင်းပြေားနေတာလဲ၊ အဲတော့သမိုင်းပညာရှင် ကိုဌေးလွင်ဦးက ဘယ်လိုဆက်ခြေပသလဲဆိုတာကြည့်ကြရအောင်
အဲ့ဒီ ရိုဟင်ဂျာ ဆိုတာ ရခိုင်ကို ခေါ်တာ မဟုတ်ကြောင်း- သူတို့ရဲ့ “ရိုဟင်ဂျာ” တို့ရဲ့ ဘာသာစကားကို ဒီမှာ အတိအကျ ဖေါ်ပြထားကြောင်း- နေ၊ လ၊ ကမ္ဘာ တို့ကို ရိုဟင်ဂျာလို့ ဘယ်လိုခေါ်တယ် ဆိုတာကို ဖေါ်ပြထားကြောင်း ဒီစကားလုံးတွေဟာ ရခိုင်စကားလုံးတွေ မဟုတ်ကြောင်း ဆက်တိုက် ထောက်ပြ လိုက်ပါတယ်။ကဲပရိတ်သတ်တို့ရေး ရိုဟင်ဂျာကိစ္စဆွေးနွေးပွဲလေးက ဒီလောက်လေးပဲရှိသေးတယ် သမိုင်ပညာရှင်ကြီးဒေါက်တာအေးချမ်းတစ်ယောက် စမ်းတ၀ါးဝါးဖြစ်သွားရှာပုံကတော ကုန်းကုန်အောင်ပါပဲ၊ သမိုင်းပညာရှင်ကိုဌေးလွင်ဦးက နောက်တစ်အုပ်ကို ဆက်တိုက် ထုတ်ပြီး သက်သေပြမယ် လုပ်တော့-၊ တော်ပြီ တော်ပြီ-၊ ကျွန်တော်တို့ အချိန်လောက်မှာ မဟုတ်ဘူးဆိုပြီး ပွဲကို ရပ်လိုက်ပါတယ်။ကဲပရိတ်သတ်တို့ရေ ဒါနှစ်ကိုယ်ကြားဆွေးနွေးတာမဟုတ်သေဘူးနော် အစကထဲးကရှောင်ဖယ်ပြီး လာခဲ့တာပါ။ ကံဆိုးတော့ မြွေပွေးနဲ့သွားတိုးသလိုပေါ့။ အနည်ငယ်တောင်အဆွေအနွေးမခံနိုင်တာ ဘယ်လိုသမိုင်းပညာရှင်မျိုးလဲဗျ၊ဒေါက်တာအေးချမ်းတစ်ယောက် သမိုးပညာရှင် ကိုဌေးလွင်ဦးနဲ့မဆွေးနွေးနိုင်ခဲ့တာ ဒေါက်တာအဗီဘီဟားနဲ့ဆွေးနွေဖို့ ဘယ်လိုဖြစ်နိုင်မလဲဆိုတာ စဉ်းစားကြည့်ပါ။ တကယ်တော့ သမိုးလိမ်ကိုပြေားသူတွေဟာ ရှောင်ဖယ်ရှောင်ဖယ်လုပ်နေယုံသာမကဘူး၊ ထိတ်တိုက်တိုးတဲ့အခါမှာတော့ မျက်နှာမှာဇီးရွက်လောက်လေးနဲ့ သနားစရားလေးများသဖွယ်ဖြစ်သွားရှာပါတယ်။ ဒါကြောင့်အောင်ကျော်မိုးပြေားခဲ့တာ သမိုင်းပညာရှင်ကိုဌေးလွင်ဦးက ဒေါက်တာအေးချမ်းကို မဆွေးနွေးနိုင်ဘူးဆိုရင် လည်ဆင်းပေးလိုက်ပါ့မယ်လို့ပြေားခဲ့တာ။ ရခိုင်တမျိုးသားလုံးမှတ်ထားလိုက်ပါ အရှက်ကွဲးခဲ့သေားနေ့ကို။

No comments:

Post a Comment