Thursday 7 February 2013

သမိုင်းဟူသည် ဤသို့တည်-၄ [မင်းကြီးအသောက နှင့် ယောနက-အာဖဂန် နှင့် အစ္စလာမ်- အာဖဂန်မင်းနှင့် ဗုဒ္ဓဘာသာ]

 ယခုဆောင်းပါးမှာ အစ္စလာမ်သာသနာ နှင့်ပတ်သတ်ပြီး သမိုင်းအလွဲများစွာ ထည့်သွင်းေ၇းသားထားတဲ့ ဗုဒ္ဓဘာသာမြစ်ဖျား နှင့် သမိုင်းရှုထောင့် မူ၇င်းစာအုပ်လင်ခ့် စာအုပ်ကိုဤ ကျမ်းငယ်ပြုစုသူ ရဲရင့်သစ္စာမှ သမိုင်းအမှန်များ ဖြင့် ပြန်လည်ဖြေရှင်းရေးသားသာ စာအုပ်မှ အခန်းဆက်ဖော်ပြချက်ဖြစ်ပါသည်။
တဆက်ထဲမှာ ယခု ရက်ပိုင်းအတွင်း News Watch ဂျာနယ်တွင် သမိုင်းဆိုင်ရာ အချက်အလက် အမှားများစွာနှင့် အစ္စလာမ်သာသနာအား တဖက်သက်တိုက်ခိုက် ရေးသားထားသည့် ရေးသားသူ သရ၀ဏ် (ပြည်) ဆိုသူရဲ့ အာဖဂန်နစ္စတန်တွင် ဗုဒ္ဓဘာသာပျောက်ကွယ်သွားခြင်းအကြောင်း -  ပါ အကြောင်းအရာများကို ယှဉ်တွဲဖတ်ရှု့ကြပါရန်။


မင်းကြီးအသောက နှင့် ယောနက
စာမျက်နှာ ၄၄၊ ၄၅ မှာ စာရေးသူက “ဂန္ဓာရတိုင်း ၊ ယောနကတိုင်း ဟုခေါ်သော (ယခု အာဖဂန်နစ္စတန်၊ တဂတ်မင် နစ္စတန်၊အီရန် ၊ အီရတ်၊ တူရကီ၊ ဆီးရီးယားနှင့် ဂျော်ဒန်) ဒေသတို့မှာ အသောက မင်းကြီး နှင့် မိလိန္ဒ မင်းကြီး တို့ စိုးစံ ခဲ့သော (ဘီစီ-၂၄၄) မှ (ဘီစီ-၁၄၀) အတွင်းနှစ်ပေါင်း (၁၀၄) နှစ်ကျော်မျှ ထေရ ဝါဒဗုဒ္ဓသာသနာ ထွန်းလင်းရာ ဒေသဖြစ်ခဲ့သည်။ ထိုဒေသအားလုံး မှာ ယခု အခါအစ္စလမ်ထီးရိပ်အောက် သို့ဝင်ရောက် ခိုလှုံသွားခဲ့ကြပြီဖြစ်သည်။”
အဲဒီလိုရေးသားထားတဲ့အတွက် ဆိုလိုရင်းကဘယ်လိုပုံပေါက်နေသလဲဆို တော့ အဲဒီနေရာတွေမှာ ထေရဝါဒဗုဒ္ဓသာသနာထွန်းလင်းခဲ့ပေမဲ့၊ မွတ်စ်လင်မ် တွေကတိုက်ခိုက်ပြီး သိမ်းသွင်းလိုက်လို့အစ္စလာမ် ထီးရိပ်အောက်ကိုရောက်သွား သလိုလို။
ဂန္ဓာရတိုင်း ဆိုတာက “အာဖဂန်နစ္စတန်၊ တဂတ်မင် နစ္စတန်တို့ကို ခေါ် တယ်” ဆိုတဲ့အချက်ဟာ အငြင်းပွါးစရာမရှိပါ။ သို့သော်ယောနကတိုင်းဆိုတာ အီရန် ၊ အီရတ်၊ တူရကီ၊ ဆီးရီးယား နှင့်ဂျော်ဒန် တို့ကို ဆိုလိုတာ ဖြစ်ကြောင်း စာရေးသူ ဆရာတော် အပါအဝင် အချို့ဗုဒ္ဓဘာသာပညာရှင်တွေ က ရေးထားပေမဲ့ ယောနက တိုင်းဆိုတာ ဇင်းမယ်ခရိုင်ကိုဆိုလိုတာဖြစ်ကြောင်း၊ ယိုးဒယားမြောက်ပိုင်း ဖြစ်သော ဇင်းမယ် (ချင်းမိုင်) ၊ ကျိုက်ခေါင်စတဲ့ မြို့တွေရဲ့ တည်နေရာဖြစ်ကြောင်း၊  ရာဇဂုရု-ရာဇာဓိ ရာဇ ဂုရု တံဆိပ်တော်နှစ်တန် အပူဇော်ခံရသော မောင်းထောင်ဆရာတော် ဘုရားကြီး ရေးသားထား တဲ့ ပါဠှိ ဘာသာသာသနာဝင်ကျမ်း၏ မြန်မာဘာသာပြန်မှာ အတည့်အလင်း ပါရှိလို့နေပါတယ်။
စာရေးသူ ရဲ့ အရေးအသားနဲ့အဲဒီကျမ်းရဲ့ အလို နဲ့ယှဉ်ရင်အရှေ့ အနောက်ဆန့်ကျင်ဖက်ကြီး ကို ကွာခြားလို့နေပါတော့တယ် ခင်ဗျာ ။ ဘယ်အဆိုအမှန်လဲ ဆိုတာကိုတော့ ပညာရှင်အချင်းချင်း ညှိ ယူကြစေချင်ပါတယ်။
အသောကမင်းကြီး ဟာ ကိုးတိုင်းကိုးဌာန ကို ဗုဒ္ဓသာသနာပြုတွေ စေလွှတ်ခဲ့ တယ်လို့ဗုဒ္ဓဘာသာ သမိုင်းတွေမှာရေးသားထားကြတာအမှန်ပါဘဲ။ အဲဒီလိုစေလွှတ်ခဲ့ ပေမဲ့ အဲဒီတိုင်းဒေသကြီးတွေမှာ  ထေရဝါဒဗုဒ္ဓသာသနာ ဘယ်လောက် ကြာကြာ ထွန်းလင်းခဲ့သလဲ? ထေရဝါဒကိုဝါးမျိုပြီး အခြားဂိုဏ်းအယူဝါဒတွေဘယ်လိုထွန်း လင်းလာသလဲဆိုတာအကျယ်တဝင့်မရေးပြတော့ပါဘူး။ စိတ်ဝင်စားသူ များအနေ နဲ့ ဦးစိန်ထွန်း (မာမက-သုတေသီ) ရဲ့ “ကမ္ဘာပတ် ၍ ဘုရားရှာခြင်း” နဲ့ မောင်အံ့ မဟာဝိဇ္ဇာ (ဘုံဘေ) ရဲ့ “ဗုဒ္ဓသာသနာတော် ၂၅၀၀ ခရီး” တို့ကို လေ့လာကြည့်ကြပါ။
အာဖဂန် နှင့် အစ္စလာမ်
အာဖဂန်နစ္စတန်မှာ အစ္စလာမ်ဘာသာပြန့်ပွါးခဲ့တာ ဟာ တိုက်ခိုက်သိမ်းပိုက် လို့မဟုတ်ပါဘူး။ ဘာသာတရားတစ်ခုကအခြားဘာသာကိုလွှမ်းမိုးဖို့ဆိုတာတိုက်ခိုက် သိမ်းပိုက်လိုက်ရုံနဲ့မဖြစ်နိုင်ပါဘူး။ ဘာသာတရားတစ်ခုအပေါ် ကြံ့ကြံ့ခံ ရပ်တည်နိုင် ခြင်းဟာ အဲဒီဘာသာအပေါ်မှာ ထားတဲ့ ယုံကြည်မှု နဲ့ဘဲဆိုင်ပါတယ်။ မွန်ဂိုတွေဟာ အစ္စလာမ်ဘာသာ ထွန်းကားတဲ့ နိုင်ငံတွေကို ပြင်းပြင်းထန်ထန်တိုက် ခိုက်ခဲ့တဲ့အပြင် အစ္စလာမ်ဘာသာကိုလည်းအကြမ်းဖက်တိုက်ခိုက်ခဲ့ပါတယ်။ တိုက်ခိုက်သိမ်းပိုက်ခံရတဲ့ နယ်မြေတွေမှာ အစ္စလာမ်ဘာသာ ဟာ မပျောက်ပျက်သွားရုံမကပိုပြီးတိုးပွါးလာတဲ့ အပြင် နောက်ပိုင်း မွန်ဂိုမင်းဆက်တွေ ပါ မွတ်စ်လင်မ်တွေ ဖြစ်ကုန်ပါတယ်။ အဲဒီ အကြောင်း ကို ဗုဒ္ဓဘာသာ မြစ်ဖျားနှင့်သမိုင်းရှုထောင့်စာအုပ် စာရေးသူ ကိုယ်တိုင်က စာမျက်နှာ (၄၉) မှာရေး ထားပါတယ်။ အစ္စလာမ် ဘာသာ ဟာ တိုက်ခိုက်သိမ်းပိုက်ပြီး ပြန့်ပွါးစေခဲ့တဲ့ ဘာသာမဟုတ်ကြောင်း မွန်ဂိုတွေမွတ်စ်လင်မ်ဖြစ်ခဲ့ခြင်း က အကောင်း ဆုံး သက်သေပါဘဲ။
အာဖဂန်နစ္စတန်ကိုအစ္စလာမ်ဘာသာစတင် ရောက်ရှိကတည်းကအာဖဂန် သား အများစုကြီး ဟာ စွန်နီ မွတ်စ်လင်မ် တွေပါ။ အာဖဂန်နစ္စတန်သားတွေဟာ ရှီအာ (ရှိအိုက်) တွေ ဖြစ်တယ် လို့ ဗုဒ္ဓ ဘာသာမြစ်ဖျားနှင့်သမိုင်းရှုထောင့်စာအုပ် စာမျက်နှာ (၄၅) မှာရေးထားတဲ့ အတွက် ဆိုးရွားစွာကိုမှားယွင်းနေကြောင်းပါ။
အာဖဂန်မင်းနှင့် ဗုဒ္ဓဘာသာ
အာဖဂါနစ္စတန် ဘုရင်တွေထဲမှာ စူလ်တန်မဟ်မူဒ်ဂဇ်နီ (အေဒီ ၉၇၁-၁၀၃၀) ဟာ မူလက အာဖဂန်အိန္ဒိယ နယ်စပ်မှာရှိတဲ့ ရှိအိုက် တွေကို စစ်ပြုခဲ့ရုံ မက၊ အိန္ဒိယ မှာ ရှိတဲ့ ဟိန္ဒူ ဘုရင်တွေကို လည်း ကျူးကျော် တိုက်ခိုက်ခဲ့သူဖြစ်ပါ တယ်။သူ့ရဲ့မူလစစ်ဆင်ရေးဟာအိစ်မာအိလီရှိအိုက်တွေကိုဦးတည်ခဲ့ပြီးနောက်ပိုင်းမှာတော့ အိန္ဒိယက ဟိန္ဒူရှာဟီဘုရင်တွေနဲ့ နယ်ပယ်တွေကို တိုက်ခိုက်ခဲ့ပါတယ်။
သူဟာဟိန္ဒူဘုရားကျောင်းတွေကိုလည်းတိုက်ခိုက်လုယက်ဖျက်ဆီးခဲ့ပါသေးတယ်။မဟာယနဗုဒ္ဓဘာသာ ကျောင်းတိုက်တစ်ချို့ကိုဖျက်ဆီးခဲ့တာလည်း ဟုတ်ပါတယ်။ ဒါဟာ သမိုင်း အမှန်ပါ။ ရိုးသားဖြူစင်တဲ့ လူသားမှန်ရင် သမိုင်းအမှန်ကို လက်ခံရဲ ရုံမက၊ ကျန်လူသားတွေ ရှေ့လည်း မှန်မှန်ကန်ကန်ချပြတတ်ရပါတယ်။ သို့သော် စူလ်တန် မဟ်မူဒ် တိုက်ခိုက်ခဲ့တဲ့ ဥဒ္ဒိယန (ဩရစ္စ) ဟာတော့ တန္တရ ဝါဒ ဖြန့်ချီ ရာဗဟိုဌာနဖြစ်ခဲ့ပြီး စည်ပင်ထွန်းကားတဲ့ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်းများ မရှိခဲ့ကြောင်း Harvard University က ဒေါက်တာဘွဲ့ရထား တဲ့မဟာယနဗုဒ္ဓ ဘာသာပညာရှင် ဒေါက်တာ အလက်ဇန္ဒား ဘာဇင်န် က သူ့ရဲ့ The Historical Interaction between the Buddhist and Islamic Cultures before the Mongol Empire, (၂၀၀၆)၊ The Ghaznavid Campaign in Gandhara and Northwestern India ခေါင်းစဉ် အောက်မှာ ရေးသားထားပါတယ်။
အဲဒီဘုရင်ဟာ ရှိအိုက်နဲ့ဘူယစ်ဒ်တွေ (Buyid) အပေါ် အဓိကထား တိုက်ခိုက်ခဲ့ပြီး၊ အစပိုင်း မှာ ဟိန္ဒူတွေကိုလည်းတိုက်ခိုက်ခဲ့ပေမဲ့၊ ဗုဒ္ဓဘာသာအပေါ်မှာရည်ရွယ်ချက်နဲ့ ကျူး လွန်ခဲ့ခြင်းမရှိပါဘူး။ ဒါ့အပြင်သူ့ခေတ်မှာလူအချို့ကဂေါတမဗုဒ္ဓကိုတမန်တော် တစ် ပါးအဖြစ် မှတ်ယူခဲ့ကြ ကြောင်း၊ ပါရှန်း မွတ်စ်လင်မ် သမိုင်းပညာရှင်ကြီး အလ်ဗိရူနီ ကဗုဒ္ဓဘာသာကိုအကောင်းမြင်ရေးသားမှတ်တမ်း တင်ခဲ့ကြောင်း ဗုဒ္ဓဘာသာ ပညာ ရှင် ဒေါက်တာအလက်ဇန္ဒား ဘာဇင်န် ရဲ့ အထက်ဖော်ပြပါ သုတေ သနမှာရေးသား ထားပါသေးတယ်။
အဲဒီအချိန်က အာဖဂန်ဘုရင်စူလ်တန်မဟ်မူဒ် ရဲ့မင်းဆက်တွေဟာ ဗုဒ္ဓဘာ သာ အပေါ်ဖိနှိပ်မှုတွေ မရှိခဲ့ကြောင်း၊ Nava Vihara (နောင်ဝ်ဗဟာရ်) မှာရှိတဲ့ ဗုဒ္ဓ ဘာသာနံရံ ဆေးရေးပန်းချီ အနုပညာ လက်ရာတွေ နဲ့ အာဖဂန်အလယ်ပိုင်းမှာရှိ တဲ့ ဗာမီယန်ဗုဒ္ဓ ရုပ်ပွါးတော်ကြီးတွေ ကို လုံးဝထိခိုက်မှုမရှိခဲ့ကြောင်း၊ Sogdia တောင်ပိုင်းမှာရှိတဲ့ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းတွေဟာလည်းလှုပ်ရှား အသက်ဝင်စည်ပင်ထွန်းကားလျှက်ရှိခဲ့ကြောင်း၊ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း တွေနဲ့မွတ်စ် လင်မ် ဗလီဝတ်ကျောင်းတွေဟာ ဘေးချင်းယှဉ်လျှက် ငြိမ်းချမ်းစွာ တည်ရှိခဲ့ကြောင်းအထက်ပါဗုဒ္ဓဘာသာ ပညာရှင် ဒေါက်တာအလက်ဇန္ဒားဘာဇင်န် ကရေးသားထားပါတယ်။
အာရှအလယ်ပိုင်းမှာ အစ္စလာမ်ဘာသာ ပြန့်ပွါးစည်ပင်ခဲ့ ရခြင်းဟာဓားမိုး သာသနာကူးပြောင်းစေခဲ့ခြင်းကြောင့်မဟုတ်ဘဲ၊မွတ်စ်လင်မ်သူတော်စင်ဆူဖီ (Sufi) ကြီး များရဲ့ ဟောပြောပို့ချ သာသနာပြုမှုကြောင့်သာ ဖြစ်ပါတယ်။ အဲဒီ အချက်ကို ကမ္ဘာ့ သမိုင်းပညာရှင်ကြီး အတော်များများက ဖွင့်ဟဝန်ခံထားပါတယ်။ အဲဒီ ပညာရှင်တွေ ထဲမှာ ဗုဒ္ဓ ဘာသာသမိုင်းရေးရာကျွမ်းကျင်သူပညာရှင်ကြီး များလည်း ပါပါတယ်။ နမူနာ အနေနဲ့….ဒေါက်တာ Alexander Berzin က သူ့ရဲ့ အထက်ပါသုတေသန ရဲ့ The Spread of Islam among and by the Turkic Peoples (840 – 1206 CE)ခေါင်းစဉ်အောက်မှာ ဝေဝါးခြင်းမရှိဘဲ၊ အတိအလင်းဖွင့်ဟရေး သား ထားတာကို လေ့လာကြည့်စေလိုပါတယ်။

ဆက်ရန်- သမိုင်းဟူသည် ဤသို့တည် အပိုင်း(၅) [အိန္ဒိယ နှင့် ထေရဝါဒ- တန္တရ မန္တရ အယူဝါဒ]

အစ္စလာမ်သာသနာ နှင့်ပတ်သတ်ပြီး သမိုင်းအလွဲများစွာ ထည့်သွင်းေ၇းသားထားတဲ့
ဗုဒ္ဓဘာသာမြစ်ဖျား နှင့် သမိုင်းရှုထောင့် မူ၇င်းစာအုပ်လင်ခ့်

No comments:

Post a Comment