Wednesday 6 February 2013

ရခိုင်နှင့် ရိုဟင်ဂျာ သမိုင်းဆိုင်ရာ ဆွေးနွေးပွဲကို ရခိုင်ပညာရှင်များ စိုးရိမ်နေသလား

by Aung Tin on Wednesday, January 9, 2013
၁။ ဒေါက်တာဦးအေးချမ်းက ရိုဟင်ဂျာနှင့် ပတ်သက်ပြီး အချိန်မရွေး နေရာမရွေး မည်သူနှင့် မဆို ဆွေးနွေးနိုင်တယ်လို့ လူသိရှင်ကြား ပြောကြားခဲ့သူဖြစ်တယ်။ သို့သော် ဆရာဦးအေးချမ်းက ကမ္ဘာသိ ပညာရှင်နှစ်ဦးဖြစ်တဲ့ Dr. Abid Bahar နှင့် Dr. Habib Sidiqui တို့ရဲ့ တန်ပြန်စိန်ခေါ်ချက်ကို ပထမပိုင်းက လက်ခံခဲ့ပြီး နောက်မှ အကြောင်းပြ ရှောင်လွှဲခဲ့တယ်။ ဂျပန်မှာ ဂျပန်ပညာရှင် တစ်ဦးရဲ့ ဆွေးနွေးပွဲမှ ရှောင်ထွက်ခဲ့သူတစ်ဦးလည်းဖြစ်တယ်။ အခု ဦးဌေးလွင်ဦးရဲ့ စိန်ခေါ်ချက်ကိုလည်း ပထမပိုင်းက လက်ခံခဲ့ပြီး နောက် တန်းမတူဘူးဆိုပြီး နောက်ကဝိုင်းလှော်နေသံတွေ ကြားရပြန်တယ်။ တန်းတူရင်လဲ အကြောင်းပြ၊ တန်းမတူရင်လဲ အကြောင်းပြ ရှောင်လွှဲနေမယ်ဆိုရင် ဘယ်သူနှင့် ဘယ်နေရာ မှာဆို ဆွေးနွေးနိုင်တယ်ဆိုတဲ့စကားကို ပြန်ရုပ်သိမ်းသင့်ပါတယ်။ ဆရာဦးအေးချမ်း အနေနှင့် ဘယ်တော့မှ ဆွေးနွေးနိုင်မယ် မထင်ပါဘူး။

၂။ တစ်ကယ်တော့ ရခိုင်တစ်ပြည်လုံးမှာ သွေးနှင့် မျက်ရည်ချောင်းစီးစေခဲ့တဲ့ ရခိုင်ပြည်အရေးသည် မြန်မာပြည်အရေးဖြစ်ပါတယ်။ ဒီပြသနာကို အပြီးအပြတ်ဖြေရှင်းဖို့ နိုင်ငံတာကာနှင့် ပြည်တွင်းက ပညာရှင်များပါ ပါဝင်သော ကွန်ဖရင့်ကြီးတစ်ရပ်ကျင်းပဖို့ RNDP အတွင်းရေးမှူး ဦးလှစောက သမ္မတကြီးနှင့် ပထမဆုံးအကြိမ် တွေ့ဆုံပွဲမှာ တင်ပြခဲ့တယ်။ နောက်တော့ ဦးလှစောလည်း သမိုင်းမှန်သိလာရင် သူတို့အလိမ်တွေ ပေါ်ရကုန်ရဲ့ဆိုပြီး အမြင်မှန်ရလာတယ်ထင်တယ်။ အသံပိတ်သွားတယ်။ သမိုင်းမှန်ပါဆိုပြီး သမိုင်းလိမ်ကို တစ်ဖက်သတ် ကြုံးအော်နေတဲ့အလုပ်ကိုဘဲ ရခိုင်ခေါင်းဆောင်ဆိုသူတွေက လုပ်နေကြတယ်။ သမိုင်းမှန်ပေါ်ရေးဆိုတဲ့ အသံတိတ်သွားခဲ့တယ်။တစ်ကယ်တန်းကျတော့ သမိုင်းဖြစ်ရပ်မှန်ကို ပညာရှင်များနှင့် ဆွေးနွေးဖေါ်ထုတ်
လာမှာကို သူတို့ကြောက်လာကြတာကို အထင်အရှားတွေ့နေရတယ်။
၃။ ရခိုင်ပြသနာကို အပြီးပြတ်ဖြေရှင်းနိုင်ဖို့ ပြည်တွင်းမှာ ကွန်ဖရင်တစ်ခုကျင်းပရေးကို ရခိုင်ခေါင်းဆောင်များ သဘောထားကြီးစွာ လက်ခံပေးသင့်ပါတယ်။ အကြောင်းအမျိုးမျိုးပြ ရှောင်လွှဲနေလို့ ပြသနာက ပျောက်သွားမှာ မဟုတ်ပါဘူး။ ဒီနေ့ မရှင်း မနက်ဖန် ရှင်းရမှာမို့ အမြင်ကျယ်ကြစေချင်ပါတယ်။

No comments:

Post a Comment