Wednesday 23 January 2013

အစ္စလာမ်သာသနာသည် ဓါးမိုး၍ဖြန့်ချီခဲ့သလော


အစ္စလာမ်သာသနာသည် ဓါးမိုး၍ဖြန့်ချီခဲ့သလော(၁)"
အစ္စလာမ်သာသနာသည် ဓါးမိုး၍ဖြန့်ချီခဲ့သော သာသနာဖြစ်သည်ဟု များစွာသောမွတ်စလင်မ်မဟုတ်သူ များက ပြောဆိုရေးသားလျှက်ရှိကြသည်။ ဤသည်မှားယွင်းသော ပြောဆိုရေးသား ချက်များသာဖြစ်သည်။အဘယ် ကြောင့်ဆိုသော်- - အစ္စလာမ့်အခြေခံဥပဒေဖြစ်သော ကျမ်းမြတ်ကုရ်အာန်(၂း၂၅၆)တွင်-
(ဖြောင့်မတ်မှန်ကန်သော (အစ္စလာမ်သာသနာတော်၏) တရားလမ်းစဉ်သည် မမှန်ကန်သောလမ်းစဉ် နှင့် (သိသိ သာသာ) ရှင်းလင်းထင်ရှားစွာ ကွဲပြားခြားနားလျက်ရှိနေပြီဖြစ်ပေရာ (မည် သူတစ်ဦးတစ် ယောက်ကိုမျှ အစ္စလာမ်) သာသနာတော်တွင်း၌ (ဝင်ရောက်ရန်အတွက်) အတင်းအဓမ္မအနိုင်အထက်အ လျင်းမပြုရ။
သို့ဖြစ်၍ အကြင်သူ တစ်ဦးတစ်ယောက်သည် (အလ္လာဟ် အရှင်မြတ်မှအပလူသားတို့မှတ်ယူ ထားသော မမှန်ကန်သည့်ကိုး ကွယ်ရာများ ကို) သွေဖည်ငြင်းဆန် (စွန့်လွှတ်ပယ်ရှား)ကာ (တစ်ဆူတည်း သော)အလ္လာဟ်အရှင်မြတ်ကိုသာလျှင်ယုံကြည် ကိုး ကွယ်ပါမူ ဧကန်အမှန်ထိုသူသည် အလွန်ခိုင် မြဲ၍ယုံ ကြည်အားကိုးဖွယ်ရာဖြစ်သည့်ပြင် မည်သည့်အခါမျှ ကျိုးပျက် ခြင်းအလျင်းမရှိသောကြိုးကွင်း ကို မြဲမြံ စွာဆွဲကိုင်ထားသူဖြစ် ချေပြီ။)

ထိုဗျာဒိတ်တစ်ခုတည်းကို ဆင်ခြင်ခြင်းအားဖြင့်ပင် တုနှိုင်းမဲ့ကိုးကွယ်ရာအရှင်သည် အမှန်တရားနှင့်အမှားကိုခွဲခြား သိရှိနှိုင်သော အသိတရားကို လူသားအားချီးမြှင့်ထားပြီးဖြစ်သည်။ လူ သားသည်မိမိစိတ် ကြိုက် အကောင်းနှင့် အ ဆိုး၊အမှန်နှင့်အမှား၊အစစ်နှင့်အတုကို လွတ်လပ်စွာရွေးချယ်ပိုင်ခွင့် ရှိသူများဖြစ် သည်။ ဘာသာရေးဟူသည် သက် ၀င်ယုံကြည်မှုကို အခြေခံတည် ဆောက်ထားသော လမ်းစဉ်ဖြစ်သည်။ တစ်ဦးတစ်ယောက်ကို အခြားတစ်ဦး တစ် ယောက်က အတင်းအဓမ္မတိုက်တွန်း၍ ဘာသာသာသနာတစ် ခုကို လက်ခံယုံကြည်ရပါသည်ဆိုခြင်းသည်မဖြစ်နှိုင် သောကိစ္စရပ်သာဖြစ်ပေသည်။

မွတ်စလင်မ်ဟူသည် မိမိတို့၏အခြေခံဥပဒေဖြစ်သော ကျမ်းမြတ်ကုရ်အာန်ပါအမိန့်ပညတ်ချက်များနှင့် ဆံခြည်မျှင် တစ်မျှင်မျှပင်လွဲမှားချွတ်ချော်ခွင့် မရှိသူများဖြစ်သည်။ ကျမ်းမြတ်ကုရ် အာန်က အမိန့်ပေးတားမြစ်ထားသော(တစ် ဦးတစ်ယောက်ကို အစ္စလာမ်သာသနာသို့ ၀င်ရောက်လာရန် အဓမ္မမတိုက်တွန်း ရဟူသော) ပညတ်ချက်တစ်ခုကို မည်သည့်မွတ်စလင်မ် တစ်ဦး တစ်ယောက်ကမျှ ကျူးလွန်ရဲကြမည်မ ဟုတ်ပေ။ တမန်တော်မြတ်ပင်လျှင် အဓမ္မ သာသနာပြုခွင့်မရှိကြောင်းကို ကျမ်းမြတ်ကုရ်အာန်၁၀း၉၉ကို လေ့လာရုံ ဖြင့်သိရှိ နှိုင်သည်။

(စင်စစ်သော်ကားအကယ်၍ အသင့်အားဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည်အလိုရှိတော်မူခဲ့ ပါလျှင် ကမ္ဘာမြေ၀ယ်ရှိရှိသမျှသော သူခပ်သိမ်းတို့သည် တစ်ပြိုင်နက် "အီမာန်"သက် ၀င်ယုံကြမည်သာ ဖြစ်ကြကုန်၏။ သို့ဖြစ်ပေရာအသင်သည် လူတို့အား မုအ်မင်န်သက်ဝင်ယုံကြည်သူများ ဖြစ်လာကြရန် အ တင်းအကျပ် ပြုလုပ်နိုင် ပါသလော။ ၁၀း၉၉)

ထိုဗျာဒိတ်အရလည်း သာမန်လူတစ်ဦးမဆိုထားနှင့် တမန်တော်မြတ်သည်ပင်လျှင် အတင်းအဓမ္မသာသ နာပြုပိုင် ခွင့်မရှိကြောင်းကို ရှင်းလင်းထင်ရှားစွာ မြင်တွေ့နှိုင်ပေသည်။ ထိုနည်းတူစွာ ကျမ်းမြတ်ကုရ်အာန် တွင် မွတ်စလင်မ် များက လူအများကို အစ္စလာမ်သာသနာသို့ မည်ကဲ့သို့ဖိတ်ခေါ်ရမည်ကို ၁၆း၁၂၅တွင် ညွှန်ကြားထားသည်မှာ--(အို-နဗီတမန်တော်) အသင်သည် မိမိ အားဖန်ဆင်းမွေးမြူတော်မူသော အရှင် မြတ်၏ လမ်းတော်သို့(လူတို့အား) ဥာဏ်ပညာနှင့်လည်းကောင်း၊ကောင်းမြတ်သော ဆုံးမသြ၀ါဒနှင့်လည်း ကောင်း၊ ဖိတ် ခေါ်ပါလေ။၁၆း၁၂၅) ထို နည်းတူစွာ ကျမ်းမြတ်ကုရ်အာန်၁၂း၁၀၈ တွင်-

(အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အားဤသို့) ပြောကြားပါလေ။ ဤသည်သာလျှင် ငါ၏လမ်းစဉ် ဖြစ်ပေ သည်။ ငါသည် (လူခပ်သိမ်းတို့အား) အလ္လာဟ်အရှင်မြတ်ဘက်သို့ ဖိတ်ခေါ် သည်။ ငါနှင့်တကွ၊ငါ ၏နောက်လိုက် တို့သည်လည်း အလွန်ထင်ရှား ခိုင်လုံသော သက်သေသာဓကအပေါ်၌ တည်ရှိနေကြ ပေသည်။ ထို့ပြင် အလ္လာဟ် အရှင်မြတ်သည် (ချို့တဲ့မှု အပေါင်း တို့မှ)သန့်ရှင်းစင်ကြယ်တော်မူသောအရှင် ဖြစ်တော်မူပေသည်။ ထိုမှတစ်ပါး ငါသည်တစ်စုံတစ်ရာကို အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်နှိုင်းယှဉ်ကိုး ကွယ်သောသူတို့အနက်မှ မဟုတ်ချေ။)

ဖေါ်ပြပါဗျာဒိတ်အချို့ကို ဆင်ခြင်ခြင်းအားဖြင့် မွတ်စလင်မ်များမဆိုထားနှင့် တမန်တော်မြတ်ပင်လျှင် မည်သည့် လူသားတစ်ဦးတစ်ယောက်ကိုမျှ အတင်းအဓမ္မအစ္စလာမ်သာသသနာသို့ သွတ်သွင်းပိုင်ခွင့်မရှိ ပေ။ အစ္စလာမ်သာသနာသို့ဖိတ်ခေါ်ရာတွင်အစ္စလာမ်သာသနာ၏ ခိုင်လုံသောအထောက်အထားများအားဖြင့်အသိဥာဏ် ကိုအခြေခံ၍ အသိဥာဏ်ရှိသူများကိုဖိတ်ခေါ် ရန်သာ ပြဌာန်းထားသည်။

မွတ်စလင်မ်မဟုတ်သောစာရေးသူများ၏အမြင်

(The Junior Encyclopedia of Canada. Hurtig Publishers, Canada, 1990, Vol. 2, p. 396). တွင်- အစ္စလာမ် သာသနာသည် ကမ္ဘာတစ်ဝှမ်းတွင် အမြန်ဆုံးကြီးထွားလာ သော သာသနာဖြစ် သည်ဟုဖေါ်ပြ ထားသည်ကို တွေ့ရ ပေသည်။ ဤသည်ကိုမည်သို့ ဆိုမည်နည်း။ ယနေ့ခေတ်တွင် အစ္စ လာမ်သာသနာသို့ ၀င်ရောက်လာရန် မည်သူက အတင်း အဓမ္မ တိုက်တွန်း၍ အစ္စလာမ်သာသနာဝင် ဖြစ်နှုံးတိုးပွားလာသ နည်း။ မွတ်စ လင်မ်များသည် အစ္စလာမ် သာသနာသို့ ၀င်ရောက်လာရန်အတွက် မည်သူ တစ်ဦးတစ် ယောက်ကိုမျှ နိုင်ထက်စီးနင်း တစ်ဘက်သတ် ဟော ပြောဝါဒဖြန့်ချီမှုမျှမရှိပါဘဲလျှက် အစ္စလာမ်သာသ နာသို့ ဆက်တိုက်ဝင်ရောက်လာကြခြင်းမှာ မိမိတို့ဆန္ဒအ လျှောက် အစ္စလာမ်ကိုရှာဖွေ တွေ့ရှိ သွားခြင်း သာဖြစ် သည်။

Huston Smith ၏ The World's Religions, အမည်ရှိစာအုပ်၏ စာမျက်နှာ၂၅၆ တွင်စာရေးသူက ဆွေးနွေးထား သည်မှာ- တမန်တော်မုဟမ္မဒ်(အရှင်၏ငြိမ်းအေးမှုအပေါင်းခညောင်းပါ စေ)သည်အစ္စလာမ့် အုပ်ချုပ်ရေး အောက် တွင်(ဂျူး)နှင့်(ခရီယံ)တို့ကို ဘာသာရေးလွတ်လပ်ခွင့် အပြည့်အ၀ပေးထား ကြောင်း ဖေါ်ပြထားပေသည်။ ထိုနည်း တူစွာ အစ္စလာမ်သာသနာဝင် မ ဟုတ်သော (ဂျူး)နှင့်(ခရိယံ)များကိုအ နှောက်အယှက်ပေးခြင်း၊ စိတ်ဒုက္ခရောက် စေသော အပြုအမူများမှကာကွယ်ရေးကို စီးကမ်းများသတ် မှတ်ခဲ့သောမှတ်တမ်းမှတ်ရာများ ရှိခဲ့ကြောင်း ရေး သားဖေါ်ပြထားသည်ကို တွေ့ရှိရပေသည်။ ထိုကဲ့ သို့ပင် ထိုသူများအားလုံးသည် မွတ်စလင်မ်များနည်းတူ နေရာ ဌာနတိုင်းတွင် တန်းတူအခွင့်အရေးများ ရရှိခဲ့ကြောင်းရေးသားထားပေ သည်။ ၄င်းတို့အားလုံးသည်၎င်းတို့၏ဘာ သာသာသနာကို လွတ်လတ် စွာပြုလုပ်ပိုင်ခွင့် အပြည့်အ၀ရရှိခဲ့ကြောင်း ရေးသားထားပေသည်။

စမစ်တ်က၄င်းစာအုပ်တွင် ဆက်လက်ဖေါ်ပြရာတွင် အစ္စလာမ်သာသနာ၏ အခြေခံဥပဒေတွင် မွတ်စ လင်မ်မဟုတ် သူများသည်လည်း မွတ်စလင်မ်များနည်းတူ တူညီသောအခွင့် အ ရေးကို တစ်ပြေးညီခံစား ခွင့်ရရှိခြင်း စနစ်သည် တမန်တော်ခေတ်မှစတင်ခဲ့ပြီှး နောက်ပိုင်းပေါ်ပေါက်လာသော မွတ်စလင်မ်အုပ် ချုပ်ရေးနယ်ပယ်များတွင်လည်း ထိုစနစ်ကို ဦးစားပေးဆောင်ရွက် ခဲ့ကြောင်း သမိုင်းမှတ်တမ်းများအရ သိ ရှိခဲ့ရသည်ဟုဖေါ်ပြထားသည်။ သို့ဆိုလျှင် အစ္စလာမ်သာသနာသည် ဓါးမိုး၍ဖြန့်ချီခဲ့သောသာသနာ မည်ကဲ့သို့ဖြစ်နှိုင်မည်နည်း။

အထက်တွင်ဖေါ်ပြခဲ့သော မွတ်စလင်မ်မဟုတ်သည့် စာရေးသူကဲ့သို့ပင် Ira Zepp Jr .,ကလည်း၎င်း၏ A Muslim Primer: မည်သောစာအုပ်တွင်-အစ္စလာမ်သာသနာအား (ဓါးသသနာ ဟူ၍လည်းကောင်း၊ ဓါးမိုး၍ ခြန့်ချီခဲ့သောသာ သနာ) ဟူ၍လည်းကောင်း မပြောင်းမလဲမူသေ စွတ်စွဲချက်များကို ခေတ်အ ဆက်ဆက် မြင်တွေ့ နေရပေသည်။ အစ္စလာမ်သာသနာ၏ ကျယ် ပြန့်လာရသောအရင်းအမြစ်သမိုင်းဖြစ် ရပ်မှန်မှာ--မွတ်စလင်မ်များသည် အခြားမွတ် စလင်မ်မဟုတ်သူများကို အစ္စလာမ်သာသနာနှင့်စပ်လျင်းပြီး သာမန် ဟောကြားခြင်းမျိုးသက်သက် မ ဟုတ်ဘဲကုရ် အာန်ပြစနစ်ဇယားအတိုင်း လက်တွေ့ဘ၀တည်ဆောက်ခဲ့ သော မွတ်စလင်မ်တို့ ၏လူမှုရေး၊လူသားတိုင်း တရား မျှ တမှု တစ်ပြေးညီ ရရှိခဲ့ကြခြင်းအပေါ် အစ္စလာမ် သာသနာကို မွတ်စလင်မ်မဟုတ် သူများက စိတ်ညွှတ်လာခြင်းမှ အစ္စလာမ်သာသနာကျယ်ပြန့်လာခြင်း ဖြစ်သည်ဟု ၄င်းကမိမိစာအုပ်တွင်ဖေါ်ပြ ထားသည်ကိုတွေ့ရှိရပေသည်။

၎င်းကဆက်လက်၍ မီးမောင်းထိုးပြခဲ့သော အချက်တစ်ချက်မှာ-အစ္စလာမ်သာသနာသည် ယုံကြည်မှု ကိုအခြေ ခံသောသာသနာဖြစ်သည်။ မွတ်စလင်မ်တစ်ဦးဖြစ်ခြင်း၏ ပဏာမလိုအပ် ချက်မှာ- -သက်ရှိ သက်မဲ့အရာအားလုံး နှင့်စကြာဝဠာအနန္ဒကို မရှိရာမှရှိရာသို့ ဖန်ဆင်းပြုစုပျိုးထောင်သော နိစ္စထာဝရဘု ရားသခင်ကိုနှလုံးသည်းပွတ် ထဲမှသက်ဝင်ယုံကြည်ခြင်းကို စတင် အခြေခံထားသည်။(A Muslim Primer by Ira Zepp, Jr ., 1992, Wakefield Editions, US, p. 134).

အစ္စလာမ်သာသနာသို့ဝင်ရောက်လာရသောအကြောင်းရင်းများ

အစ္စလာမ်သာသနာ၏အခြေခံမူဝါဒများ

အစ္စလာမ်ဟူသည် အရဗီဝေါဟာရဖြစ်၍ ငြိမ်းချမ်းရေးမူဝါဒလမ်းစဉ်ဟု အဓိပ္ပါယ်ရ၏။ ထိုအစ္စလာမ်ဟူ သည့် ငြိမ်း ချမ်းရေးမူဝါဒလမ်းစဉ်ကို လက်ခံယုံကြည်သူကို မွတ်စလင်မ်(ခေါ်) ငြိမ်း ချမ်းရေးဝါဒီ ဟုခေါ် သည်။ ထိုသို့ အစ္စလာမ်သာသနာဝင် မွတ်စလင်မ်များဖြစ်လာရန် မိမိ၏ဘ၀သက်တမ်းကို တုနှိုင်းမဲ့ကိုး ကွယ်ရာအရှင်၏ ပြ ဋ္ဌာန်းချက်နိယာမဖြစ်သော ကျမ်းမြတ် ကုရ် အာန်၏ညွှန်ကြားချက်နှင့်အညီ စည်းဝါး ကိုက်ညီစွာအံဝင်ဂွင်ကျ လိုက် နာကျင့်သုံးသူဖြစ်၏။ မွတ်စလင်မ်ဟူသော စကားလုံး၏အခြား အဓိပ္ပါယ် တစ်မျိုးမှာ မိမိ၏အတ္တစိတ်ရိုင်းကိုချိုးနှိမ် ၍ တုနှိုင်းမဲ့ကိုးကွယ်ရာအရှင်ထံ၌ မိမိ၏ကိုယ်စိတ်၊နှလုံး သုံးပါး လုံးကို ပုံအပ်နာခံသူဖြစ်၏။

မွတ်စလင်မ်ဟူသည် မိမိပတ်ဝန်းကျင်ရှိ လူသားအားလုံးနှင့် သက်ရှိများအားလုံးအပေါ် မေတ္တာထားရ မည်၊ စာနာရ မည်၊ သနားရမည်၊ ညှာတာရမည် တရားမျှတခြင်းများကို မိမိကိုယ်တိုင် ကျင့်ကြံလျက် သူ တစ်ပါးအားလည်း ဆင့် ဆိုရမည် ဖြစ်၏။ ထို့ကြောင့် မွတ်စလင်မ်ဟူသည် မိမိ၏နှုတ် လျှာအမူအရာ ကျင့် ကြံမှုများအားလုံးဖြင့် သက်ရှိ၊ အားလုံးပေါ်၌ ငြိမ်း အေးစေသူ ဖြစ် စေရမည်ဟု တမန်တော်မုဟမ္မဒ်(အရှင် ၏အေးငြိမ်းမှုအပေါင်းခညောင်းပါစေ) က ဖွင့်ဆို ခဲ့ပေသည်။

ထိုမူဝါဒလမ်းစဉ်ကို မွတ်စလင်မ်တို့က မိမိတို့၏အုပ်ချုပ်ရေး၊ မိမိတို့၏ပါတ်ဝန်းကျင်တွင် လက်တွေ့ဘ၀က ကျင့် ကြံအားထုတ်ခဲ့ကြခြင်းဖြင့် အစ္စလာမ်သာသနာသည် ကမ္ဘာတစ်ဝှမ်းတွင် လူ အများကိုဆွဲဆောင်နှိုင် ခဲ့သောအ ကြောင်းရင်းများဖြစ်လာရပေသည်။

မွတ်စလင်မ်တို့၏ဆွလာသ်တည်ဆောက်ခြင်း

ဆွလာသ်တည်ဆောက်ခြင်းကို ယေဘုယျအားဖြင့် ဘုရားဝတ်ပြုခြင်းဟုနားလည်ထားကြ၍ မြန်မာမွတ် စလင်မ် များက (နမာ့ဇ်)ဖတ်ခြင်းဟု (ပါးရှန်း)ဝေါဟာရဖြင့် ခေါ်ဆိုကြပေသည်။ ဘာ သာတရားတိုင်း၏ဘု ရားရှိခိုးအမျိုးမျိုး တွင် မတ်တတ်ရပ်၍၊ ဦးညွှတ်၍၊ ထိုင်၍၊ ဦးချ၍ ဝတ်ပြုရန် ပြဌာန်းထားသကဲ့သို့ အစ္စ လာမ်သာသနာ၏ ဆွလာသ် ဝတ်ပြုမှုတွင်လည်း ထိုအင်္ဂါ ရပ်များ အားလုံးကို ပါဝင်စေလျက် ပြဌာန်းထား ပေသည်။ သို့သော် မွတ်စလင်မ်များ အတွက် ဆွလာသ်ဝတ်ပြုရာတွင် ရည်စူးတည်ဆောက်စေသည့် အဓိဌာန်မှာ ရုပ်ခန္ဓာနှင့်စိတ်ခန္ဓာပိုင်းဆိုင်ရာ စွမ်း အားများကို မိမိ၏ဖန်ဆင်းသောအရှင်၏ရှေ့မှောက် တွင် နာခံပုံအပ်နေကြောင်းကို ရုပ်ပိုင်းဆိုင်ရာအားဖြင့် ဖော် ကျူးလျက်၊စိတ်၌မူ ဖန်ဆင်းရှင်၏ပညတ်နိ ယာမများအတိုင်း မိမိ၏ ရုပ် နာမ်နှစ်ပါးစလုံးက တစ်သဝေမတိမ်း လိုက်နာမည်ဟူသော ကတိဝန်ခံချက် များအား အဓိဌာန်ပြုနေခြင်းဖြစ်၏။ (ဘုရားဆိုသောအရာကြီးအား ကြောက် ရွံ့၍(သို့မဟုတ်) ချစ်လွန်း၍ ‘ဒူး တုတ်ရှိခိုးနေခြင်း၊ အရိုအသေပြုနေခြင်းမျိုး မဟုတ်ပေ။)

ထို့ကြောင့် ရှေးအရဗ်တို့၏ အစဉ်အလာဝတ်ပြုခဲ့သောဆွလာသ်နှင့် ကျမ်းမြတ်ကုရ်အာန်အား ကိန်းဝပ်ချ မှတ်ပေး ပြီးနောက် ဝတ်ပြုသောဆွလာသ်တို့မှာ မတူတော့ပေ။ အစ္စလာမ်သာသနာ ဝင်တို့ပြုရသော ဆွ လာသ်တည် ဆောက်ခြင်းဟူသည် ကုရ်အာန်ပါနိယာမအတိုင်း ကျင့်ကြံဆောင်ရွက်ပါမည်ဟု ကျမ်းမြတ် ကုရ်အာန်ပါ ပညတ်နိ ယာမများကို အနုလုံပဋိလုံ ရွတ်အံရှုမှတ်ရ ပေသည်။ ထိုရွတ်အံရှုမှတ်သည့်အတိုင်း လက်တွေ့ဘဝ တည်ဆောက် ရာတွင်လည်း ကုရ်အာန်ပြစနစ် ဇယားအတိုင်း အကောင်အထည်ဖေါ် ဆောင် ခြင်းဖြစ်သည်။

ထို့ပြင် ဆွလာသ်တည်ဆောက်ခြင်းဟူသည် ဖန်ဆင်းရှင်နှင့်ဖန်ဆင်းခံတို့၏စပ်ကြားဆက်သွယ်ခြင်းတစ်ရပ်လည်း ဖြစ်၍ ထိုကဲ့သို့ဆက်သွယ်ရာ၌ ဖန်ဆင်းရှင်၏ ရှေ့မှောက်တွင် ဖန်ဆင်း ခံက မိမိ၏နှုတ်လျှာ အမူအရာများကို ထိန်း ကျောင်းလျက် စိတ်ကိုတည်ငြိမ်စေကာ စိတ်အာရုံဖြင့်ဆက်သွယ်ခြင်း ဖြစ် သည်။ မေ့မှား၍သော်လည်းကောင်း၊ အတ္တစိတ်ရိုင်းကို တွန်းလှန်နိုင် မှု မရှိ၍သော်လည်းကောင်း မိမိကျူးလွန်မိ သော ကိုယ်၊စိတ်၊နှလုံး သုံးပါးလုံး၏ အမိုက်မှောင်အဝိဇ္ဇာများကို မိမိကိုယ်မိမိခဝါချခြင်းလည်း ဖြစ်ပေ သည်။

ထိုသို့သောအကုသိုလ်များကို နောက်နောင်မကျူးလွန်မိရန် ဖန်ဆင်းရှင်အား ကတိကဝတ်ပြု၍မိမိကိုယ် မိမိအကြိမ် ကြိမ် သံဓိဌာန်ပြု သတိဖေါ်ပေးနေခြင်းလည်း ဖြစ်ပေသည်။ ထိုသို့ ဖန် ဆင်းရှင်အားတိုင် တည်လျက် မိမိကိုယ်မိမိ အကြိမ်ကြိမ်သံဓိဌာန်ပြု သတိဖေါ်ပေးနေခြင်းဖြင့် လက်တွေ့ဘဝတည်ဆောက် မှုအတွင်း သတိမူဆင်ခြင်လာ နိုင်ရန်လည်းဖြစ်သည်။ ဤသည် ကို ကုရ်အာန်က(မွတ်သကီ) တုနှိုင်းမဲ့ကိုး ကွယ်ရာ အရှင့်သိစိတ် ဖြင့် ဘဝရှင် သန်သူဖြစ်ရမည်ဟု မိန့်ဆိုထားသည်။



လူသားတိုင်းသည် တူညီသူများအဖြစ်ခံယူခြင်း

မွတ်စလင်မ်များ ဆွလာသ်တည်ဆောက်ရာ၌ ဖန်ဆင်းရှင်၏ရှေ့မှောက်တွင် ဆင်းရဲချမ်းသားမရွေး၊ လူ တန်းစား မရွေး၊ အသားအရောင်မရွေး၊ မျိုးရိုးဇာတိမရွေး၊ ရာထူးအနိမ့်အမြင့်မရွေး တစ်ပြေးညီရင်ပေါင် တန်း၍ အတူတစ်ကွ ဝတ်ပြုရသကဲ့သို့ အပြင်လောကတွင်လည်း လူသားအားလုံးသည် တူညီသူများ ဖြစ်ကြောင်း ခံယူရသည်မှာ အစ္စလာမ်သာသနာ၏ အဆုံးအမ တစ်ခုပင် ဖြစ်သည်။ ထို့ပြင် အသွင်မတူ သော လူသားပေါင်းများစွာ ဆွလာသ် တည်ဆောက်ရန်အတွက် ဝတ်ကျောင်းများတွင် အတူစုရုံးဝတ်ပြု ရသောအလေ့အထများမှာ ကျမ်းမြတ်ကုရ် အာန် ၏ ပြဌာန်းချက်တစ်ရပ် ဖြစ်သည်။

ထိုသို့နေ့စဉ်လူအများ တစ်နေရာတည်းတွင် စုရုံးခြင်းအားဖြင့် အခြားသူများ၏ စားဝတ်နေရေး အခက် အခဲများ ကိုပါ သိကျွမ်းနားလည် ခံစားလာနိုင်မည်ဖြစ်သည်။ ထိုအခါ- မိမိနှင့်ရင်းနှီး ပတ်သက်လာသော ဆင်းရဲသားများ နှင့် အကူအညီလိုအပ်သူများအတွက် ပေးကမ်းထောက်ပံ့ရမည် ဟူသောအသိနှင့်ဆင်း ရဲသားထောက်ပံ့ကြေး ရံပုံငွေအကြောင်းကို ပိုမိုနားလည်လာ နိုင်ပေသည်။

ထိုသို့သောအကြောင်းများကြောင့် အစ္စလာမ်သာသနာ၏သက်တန်းတစ်ထောင့်ငါးရာနီးပါးအတွင်းကမ္ဘာ့ လူမျိုး ပေါင်းစုံအတွင်းမှ အစ္စလာမ်သာသနာအတွင်းသို့ မ၀င်ရောက်ဘူးသေး သော လူမျိုးဟူ၍ပင်ရှိနှိုင် တော့မည်မဟုတ် ဟုပြောဆိုနှိုင်ပေသည်။ အဘယ်ကြောင့်ဆိုသော အစ္စလာမ်သာသနာ စတင်ခဲ့ချိန်က များစွာသော လူမျိုးစုများအ တွင်း အသားရောင်ခွဲခြားမှု၊ အဆင့်တန်းခွဲခြားမှုအမျိုးမျိုးနှင့်ရင်ဆိုင်ကြုံတွေ့ နေရသောကာလဖြစ်သည်။ ထိုအချိန် တွင် အစ္စလာမ်သာသနာ၏အခြေခံမူဝါဒဖြစ်သော (လူသားတိုင်း သည်တူညီသောအခွင့်အရေးများကို တစ် ပြေးညီ ခံစားခွင့်ရှိရမည်) ဟူသောမူဝါဒကို မွတ်စလင်မ်များက လက်တွေ့လိုက်နာကျင့်သုံးပြနှိုင်ခဲ့သည့်အတွက် အစ္စလာမ် သာသနာသည် ကမ္ဘာတစ်ဝှမ်းရှိလူမျိုးပေါင်း စုံ၏စိတ်နှလုံးကို စွဲမက်စေခဲ့သော သာသနာတစ်ရပ်ဖြစ်လာ ခဲ့သည်။

မွတ်စလင်မ်တို့၏ ဇကားသ်(ခေါ်) ဆင်းရဲသားများ၏ ဘ၀လုံခြုံရေးခွန်

ဇကားသ်ဟူသည့် အရဗီဝေါဟာရမှာ တိုးပွားခြင်းဖြစ်သည်။ ငြိမ်းချမ်းရေးဝ်ါဒီ မွတ်စလင်မ်ဟူသည် မိမိ ၏ရုပ်ခန္ဓာ နှင့်စိတ်ခန္ဓာကို တုနှိုင်းမဲ့အရှင်၏ပြဌာန်းချမှတ်သည့် စံချိန်စံညွှန်းနှင့်ကိုက် ညီစွာနေထိုင်ရသကဲ့ သို့ မိမိတို့ပိုင်ဆိုင် သော ဥစ္စာပစ္စည်းများအနက် အချိုးအစားအလိုက် ဆင်းရဲသားများနှင့် (အရေးပေါ်လို အပ်သူများ) အတွက်ရံပုံငွေ ပေးဆောင်ရသည်မှာလည်း တာ ၀န်တစ်ရပ်ဖြစ်သည်။ ထို့ကြောင့် အစ္စလာမ် သာသနာတွင် (ဇကားသ်)ကို ဆင်းရဲ သားများအတွက် ရံပုံငွေပေးဆောင်ရခြင်းဟု ဖွင့်ဆိုပေသည်။လူ့ အဖွဲ့ကြီးအစည်းအတွင်း ဆင်းရဲလွန်းခြင်း၊ ချမ်း သာလွန်းခြင်းဟူသော ဆင်းရဲချမ်းသာကွာဟချက်ကိုညှိ ပေးသောစနစ်တစ်ရပ်ဖြစ်၍ (ဇကားသ်) ဆင်းရဲသား များ အတွက် ရံပုံငွေသည် စားရမဲ့သောက်ရမဲ့ ဆင်း ရဲသားများကို တစ်လုပ် တစ်ဖဲ့ကျွေးမွေး ရန်သက်သက် မဟုတ်ပေ။ ထိုဆင်းရဲသားများအား ဆင်းရဲသည့် ဘ၀သံသရာမှ လွတ်မြောက်ရန်အတွက် အရင်းအနှီးမတည်၍ ချမ်းသာကြွယ် ၀နိုင်သောဘ၀လမ်း ကြောင်း ပေါ်သို့ တွန်းပို့ပေးခြင်းဖြစ်သည်။

ဆင်းရဲသားများကို ကျွေးမွေးစောင့်ရှောက်ရမည့်တာဝန်မှာ အမြဲမပြတ် ဖြစ်သည်။အချိန်ကန့်သတ်၍ မထားပေ (ကုရ်အာန်၂း၁၇၇)။

လူတစ်ဦးချင်းသည်လည်းကောင်းမိသားစုတစ်စုသည်လည်းကောင်းလူ့အဖွဲ့အစည်းကြီးအတွင်းရှိလူ တိုင်း လူတိုင်း၊ မိသားစုတိုင်းမိသားစုတိုင်း စားဝတ်နေရေးနှင့် လိုအပ်ချက်အားလုံးကို ဖြည့်ဆည်းပေးရမည့် တာဝန်မှာ မွတ်စလင်မ် တိုင်းအပေါ်တွင် တာဝန်တစ်ရပ်ဖြစ်သည်။ မိမိပိုင်ပစ္စည်းတိုးပွားမှုမှအခြားဆင်း ရဲသားမိသားစုများ၏ ဥစ္စာပစ္စည်း များကိုပါ တိုးပွားစေခြင်းသည် မွတ်စလင်မ်တို့၏ ဘ၀ပေးတာဝန် တစ်ရပ်ဖြစ်သည်။ ထိုသို့သောအကြောင်းများ ကြောင့် (ဇကားသ်)ခေါ် ဆင်းရဲသားများ၏ဘ၀ကို မြှင့်တင် ပေးသောရံပုံငွေသည် မွတ် စလင်မ်များအ တွက် မပြုမနေရတာဝန်အဖြစ် ပြဋ္ဌာန်းထားခြင်းဖြစ်သည်။

ထိုကဲ့သို့ လူ့ပါတ်ဝန်းကျင် လူ့အသိုင်းအ၀န်းအတွင်း မရှိမဖြစ်လိုအပ်ချက်များကို ဥပဒေပြုပြဌာန်း၍ လော ကအလှကို တံဆာဆင်မြန်းပေးသော အစ္စလာမ်သာသနာသည် ကမ္ဘာ့လူသားတစ် ရပ်လုံး၏ စွဲမက်ဖွယ် ရာ အကြောင်းရင်း များဖြစ်ခဲ့ရသည်။



မွတ်စလင်မ်တို့၏ ဆွီယာမ်(ခေါ်)ဥပုသ်လီလ စောင့်တည်ခြင်း

ဘာသာတရားတိုင်းတွင် ဥပုသ်သီလစောင့်ထိန်းရခြင်းကို ပြဌာန်းထားသကဲ့သို့ အစ္စလာမ်သာသနာဝင် ဖြစ်သော ငြိမ်းချမ်းရေးဝါဒီ မွတ်စလင်မ်များအတွက်လည်း ဥပုသ်သီလစောင့်ထိန်း ခြင်းကိုတာဝန်တစ်ရပ် အဖြစ်ပြဌာန်း ထား ပေသည်။ အစ္စလာမ်သာသနာဝင်တို့၏ ဥပုသ်သီလစောင့်ထိန်းခြင်းတွင် စိတ်ပိုင်းဆိုင် ရာခံနိုင်ရည်ရှိမှုကို လေ့ကျင့် ပေးသကဲ့သို့ ရုပ်ပိုင်းဆိုင်ရာအား ဖြင့် ဆင်းရဲသားများ၏ စားရမဲ့သောက်ရမဲ့ ဘ၀ကို လက်တွေ့ခံစားရစေ၍ ကိုယ် ချင်းစာနာစိတ်များ ဖြစ်ပေါ်စေရန်အတွက်လည်းဖြစ်ပေသည်။

သို့မှသာ အထက်မှဖေါ်ပြခဲ့သော (ဇကားသ်)ဖေါ် ဆင်းရဲသားများအတွက် ဘ၀လုံခြုံရေးအခွန်ငွေဆို သည်ကို ပိုမို နားလည်လာစေရန် ဖြစ်ပေသည်။ သို့ဖြစ်၍ အစ္စလာမ်သာသနာဝင်တို့အား တစ်နှစ်တွင်တစ် လဥပုသ်သီလစောင့် ထိန်းရန် ပြဌာန်းထားပေသည်။ ဆွီယာမ် (ခေါ်) ဥပုသ်သီလ စောင့်တည်ခြင်းသည် လူသား၏စိတ်စွမ်းအင်ကို ဖွံ့ ဖြိုးတိုးတက်စေသောကျင့်စဉ် တစ် ရပ်လည်းဖြစ်သည်။ လူသား၏သဘော သည် အတ္တစိတ်ရိုင်း၏ လွှမ်းမိုးမှုကိုခံရ သော သဘာဝရှိသည်။

ဥပမာ- လူသတ်မှုတစ်ခုကို ကျူးလွန်မိသူသည် မိမိဒေါသစိတ်ရိုင်းကို အချိန်မီထိန်းချုပ်နိုင်ခြင်း မရှိသော ကြောင့် လူသတ်မိခြင်းဖြစ်သည်။ ထိုကဲ့သို့ပင် ကာမေသုမိစ္ဆာစာရကံ ကျူးလွန်မိသူ သည် မိမိ၏ရာဂစိတ် ရိုင်းကို အချိန်မီ မထိန်းချုပ်နိုင်ခြင်းကြောင့်ဖြစ်သည်။

(ဆွီယမ်)ဥပုဒ်သီလ စောင့်ထိန်းခြင်းဖြင့် မကောင်းမှုဒုစရိုက်များမှ ရှောင်ကျဉ်နှိုင်ရန်အတွက်ဖြစ်သည်။ စားခြင်း သောက်ခြင်းနှင့် တရားဝင်အကြင်လင်မယားတို့၏ မေထုံမှီဝဲခြင်းသည် သာ မန်အချိန်များတွင်ပြု ခွင့်ရှိသော်ငြား လည်း ဥပုဒ်သီလစောင့်ထိန်းချိန်တွင်ထိုအမှုများကို ရှောင်ကျဉ်ခြင်းအလေ့အကျင့်မှ မိမိ၏ စိတ်စွမ်းအင်ကို ချုပ် တည်းနှိုင်ရန်လေ့ကျင့်ပေးခြင်းဖြစ်သည်။

လူသားသည် စားရမဲ့သောက်ရမဲ့သော အချိန်များနှင့်ဆုံဆည်းနှိုင်ခွင့် ရှိနှိုင်သည့်နည်းတူ ခင်ပွန်းသည် က ဇနီး မယားနှင့်လည်းကောင်း၊ ဇနီးသည်ကလည်း ခင်ပွန်းသည်နှင့်လည်းကောင်း ကင်းကွာ၍နေရ တတ်သောအချိန် များလည်း ရှိနှိုင်ပေသည်။ ထိုသို့သောအချိန်များတွင် (ဆွီယမ်)ဥပုဒ်သီလစောင့်ထိန်း ခြင်းသည် စာလောင်ငတ် မွတ်ခြင်းနှင့် လိုလားတတ်မက်ခြင်းတို့၏ နောက်ဆက်တွဲဆိုးကျိုးများနှင့်မ ကောင်း မှုဒုစရိုက်များမှ လွယ်ကူစွာ တွန်းလှန် ရှောင်ကျဉ်နှိုင်ရန် ပြုစုပြိုးထောင်ပေးသော ကျင့်စဉ်တစ် ရပ်လည်း ဖြစ်သည်။

များသောအားဖြင့် ခိုးဆိုးလုယက် တိုက်ခိုက် သတ်ဖြတ်ခြင်းများမှာ ဆာလောင်ငတ်မွတ်၊ လိုလားတောင့် တရာမှ တစ်ဆင့်၊ ဆင်းရဲလွန်းခြင်း၏ဒဏ်၊ လူရာမ၀င်လွန်းဟု ခံစားရခြင်းဒဏ်၊ အ နှိမ်ခံရသည်ဟုထင် မြင်စွဲမှတ်လာသည့် ဒဏ် စသည့်စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာဒဏ်ချက်ပေါင်းများစွာမှ အခြေခံလာခြင်းဖြစ် ပေသည်။ ထို့အတွက်ကြောင့် ဆာလောင်ငတ်မွတ်ခြင်းဒဏ်၊ လို လားတောင့်တခြင်းဒဏ်များကို ကျင့်သား ရစေရန်၊ဆာလောင်ငတ်မွတ် လာလျှင် လည်းသည်းခံပါရမီတည်ဆောက်နိုင်စေရန် ဥပုသ်သီလကို စောင့် ထိန်းစေခြင်းနည်းဖြင့် လေ့ကျင့်စေခြင်းဖြစ်ပေ သည်။

ထိုကဲ့သို့ လူ့အသိုက်အမြုံကြီးအတွင်းလူသားတစ်ရပ်လုံးအတွက်မရှိမဖြစ်လိုအပ်ချက်လူ့ကျင့်ဝတ်များကို နည်းမျိုး စုံဖြင့် ဓမ္မဒိဌာန်ကျကျပြုစုပျိုးထောင်ပေးသော အစ္စလာမ်သာသနာ၏ကျင့် စဉ်များသည်ကမ္ဘာ့လူ သားတစ်ရပ်လုံး အတွက် စွဲမက်ဖွယ်ရာ အကြောင်းရင်းများဖြစ်သည်။



လူသားလမ်းညွှန်ကုရ်အာန်ဟူသည်

တမန်တော်မုဟမ္မဒ် (အရှင်၏အေးငြိမ်းမှုအပေါင်းခညောင်းပါစေ) ထံသို့တုနှိုင်းမဲ့ကိုးကွယ်ရာအရှင်က ဗျာဒိတ်အဖြစ် ချပေးခဲ့သောကျမ်းအမည်မှာ ကုရ်အာန်(တုနှိုင်းမဲ့အရှင်၏ဥာဏ်စဉ်ဗျာ ဒိတ်အားတမန်တော် မုဟမ္မဒ်၏ နှုတ်မှ ရွတ် အံစေသောကျမ်း) ဖြစ်သည်။ သို့ရာတွင် သူကိုယ်တိုင်ပင်လျှင် စာပေပါရဂူစာသမား ပေသမားမဟုတ်ခဲ့ချေ။ တ မန်တော်မုဟမ္မဒ်၏ ဥာဏ်စဉ်အတွင်းသဏ္ဍာန်၌ ထွန်းညှိပေးခြင်းခံရသော တုနှိုင်းမဲ့ကိုးကွယ်ရာအရှင် ၏ အလင်းဗျာ ဒိတ်များသည် အလွန်အင်အားကောင်း၍ လက်ရာမြောက်သော စာ ပေအသွင်ဖြင့် ကုရ် အာန်ကျမ်းအဖြစ် ပေါ်ထွန်း လာခဲ့သည်။ ကုရ်အာန်ကကမ္ဘာ့စာပေလောကတစ်ခုလုံးကို ယနေ့တိုင်စိန်ခေါ် လျက်ရှိခဲ့သည်သာမက သမိုင်းတစ် လျှောက်တွင် မည်သည့်စာ ပေကမျှ ယှဉ်ပြိုင်နိုင်ခဲ့ခြင်း လုံးဝမရှိခဲ့ သေးပေ။

ကဗျာလင်္ကာအရာ၌ သူမတူအောင် ကျွမ်းကျင်ဝါသနာထုံသော အရဗ်များသည်မှများစွာသည်ပင် စာသ မား ပေသ မားမဟုတ်သော တမန်တော်မုဟမ္မဒ်၏ နှုတ်လျှာမှထွက်အံလာသည့် ဗျာ ဒိတ်များသည်ကဗျာ လင်္ကာအရာ၌ သူမ တူအောင်လှပသော စာသားများအဖြစ် မြင်တွေ့ခဲ့ကြရသည့်အပြင်၊ အတွေးအခေါ် ‘ဒဿနအရာ၌ အလွန် စူးရှနက် ရှိုင်းသော ဘ၀လမ်းညွှန်မှုလည်း ဖြစ်သည်ဟူ၍ ယုံကြည်သက်ဝင်ခဲ့ကြပေ သည်။

ထိုကျမ်းသည် ရုပ်လောကနှင့် နာမ်လောကဆိုင်ရာ တည်ရှိနေမှုများကို မျက်ဝါးထင်ထင်မြင်တွေ့နိုင် သည့် ဥပမာ ဥပမေယျများအားဖြင့် တန်ဆာဆင်မြန်းထားသော ကျမ်းဖြစ်သည်။ လူ သားသဘာဝ၊ မလွဲ မသွေ ကြုံတွေ့ရလေ့ရှိ သော ဘ၀တိုက်ပွဲမျိုးစုံကို လွယ်ကူစွာတွန်းလှန်အောင်နိုင်သော နည်းဗျူဟာများ ဖြင့် ဖွဲ့စည်းထားသည်။

သာမန်နွားကျောင်းသားလေးတစ်ဦးမှဒဿနပညာရှင်ကြီးတစ်ဦးအထိတူညီစွာသဘောပေါက်နားလည် စေနိုင် သော ဝေါဟာရများဖြင့်သီကုံးစီရင်အပ်သော စကြ၀ဠာဆိုင်ရာစွယ်စုံကျမ်း ကြီးလည်းဖြစ်သည်။ နေ့စဉ်နှင့်အမျှ ခေတ်မီတိုးတက်လျက်ရှိသော ခေတ်သစ်စနစ်သစ်များနှင့် လိုက်လျောညီထွေသဟဇာတ ဖြစ်သော လမ်းညွှန် မှုများဖြင့် သီကုံးထားသော တုနှိုင်းမဲ့ ဘု ရားရှင်၏ မတုပနိုင်သည့် လက်ရာပင်ဖြစ် သည်။

ရှေးအရဗ်ရိုးရာအယူဝါဒကို လက်ကိုင်ထားသော အွမ္မရ်အိဗ်နုအလ်ခတားဗ်သည် တမန်တော်မုဟမ္မဒ် ယူဆောင် လာသော သာသနာကိုအပြင်းအထန်ဆန့်ကျင်ခဲ့သူ တစ်ဦးဖြစ်၍၊အစ္စလာမ် သာသနာကိုအမြစ် ပြတ်ချေမှုန်းရန် ဆုံးဖြတ်ချက်ချထားသူလည်းဖြစ်သည်။ ထိုသို့သောသူသည်ပင်ကုရ်အာန်ပါဗျာဒိတ် အ ချို့ကိုကြားလိုက်ရုံဖြင့် လေးနက်စူးရှသော ကုရ်အာန်၏ဖမ်းစား မှုသည်သူ၏နှလုံးသည်းပွတ်ကို ပျော့ ပြောင်းနူးညံ့စေရုံမျှမက မျက်ရည် များပင် ယိုစီးလာခဲ့ရသည်အထိ ကုရ်အာန်၏လွှမ်းမိုးမှုကို ခံခဲ့ရသူဖြစ် သည်။ (ဤသည်အစ္စလာမ်ဟူသော ငြိမ်း အေး မှုကကျွန်ုပ်၏နှလုံးသည်းပွတ်ဆီမှ ရိုးတွင်းချဉ်ဆီထိစွဲကပ် ငြိတွယ်ခဲ့ခြင်း ဖြစ်သည်ဟုသူကိုယ်တိုင် ၀န်ခံချက် ပေတည်း၊) ဤသို့အားဖြင့်-အစ္စလာမ်သာသနာသည် အရေးဗီးယားကျွန်းဆွယ် လေးမှ စတင်ထွန်းလင်းခဲ့ခြင်းဖြစ် သည်။

ထိုသို့လူသား၏စိတ်နှလုံမှ စိမ့်ဝင်၍ရိုးတွင်းချဉ်ဆီထဲအထိ စွဲကပ်ငြိတွယ်ပြီးမှ ရရှိသောယုံကြည်မှုဆိုင်ရာ သာသနာ တစ်ရပ်ကို ဓါးမိုး၍ဖြန့်ခဲ့သည်ဟု လွယ်လွယ်ပြောဆိုဝါဒဖြန့်ချီခြင်းသည် နက်နဲသိမ်မွေ့သော အစ္စလာမ်သာသနာ၏ အရှိတရားများနှင့် အလွန်ဝေးကွာနေသောသူတို့၏ ပြောဆိုချက်များသာဖြစ် သည်။

အစ္စလာမ်သာသနာကျယ်ပြန့်ထွန်းကားလာပုံနောက်ခံသမိုင်း(၂)

ဟစ်ဂျရသ်(ခေါ်) မွတ်စလင်မ်တို့၏လွတ်မြောက်ရာနယ်မြေသို့

အေဒီ-၆၂၂မှ စတင်၍ မက္ကာဟ်မြို့ရှိ မွတ်စလင်(မ်)မိသားစုများသည် တိတ်ဆိတ်စွာဖြင့် မဒီနာမြို့သို့ရွှေ့ ပြောင်း နေ ထိုင်ကြသည်။ ထိုအချိန်တွင် တမန်တော်မုဟမ္မဒ်အား စောင့်ရှောက်သော ဦးရီးတော်အဘူတွာ လစ်(က်)လည်း ကွယ်လွန်ခဲ့ပြီးဖြစ်သည်။ တမန်တော်နှင့်အဆွေတော် အဘူဘကရ်တို့မှာလည်း မဒီနာ သို့်အခြေချနေထိုင်ရန် တိတ်တဆိတ်ထွက်ခွာခဲ့လေသည်။ ထို ရက်ထိုအချိန်မှစတင်၍ မွတ်စလင်မ်တို့၏ ဟစ်ဂျရီသက္ကရာဇ်သမိုင်းကို အစပြုရေတွက်ခဲ့ခြင်းဖြစ်သည်။

တမန်တော်မုဟမ္မဒ်အပါအ၀င် မွတ်စလင်မ်များသည် မဒီနာမြို့သို့အခြေချနေထိုင်ရန် ရွှေ့ပြောင်းရခြင်း မှာ လူနည်း စုမွတ်စလင်မ်များသည် မက္ကာအရဗ်တို့၏ ဒုက္ခပေးမှုအမျိုးမျိုးကို မခံနှိုင် သောကြောင့်ပင်ဖြစ် သည်။ တမန် တော် မုဟမ္မဒ်သည် မဒီနာ၌ကုရ်အာန်၏လမ်းညွှန်မှုအတိုင်း လွတ်လပ်စွာအပြည့်အ၀ ဆောင်ရွက် နိုင်ခဲ့ သည့်အတွက် အစ္စလာမ်သာသနာအတွင်းသို့ ၀င်ရောက်လာသူများ များပြား လာခဲ့သည်။ထိုအချိန် သည် မွတ်စ လင်(မ်)များအဖို့ အစ္စလာမ်သာသနာကို ကမ္ဘာတစ်ဝှမ်းသို့ တင်ပြနိုင်ရန်အတွက် ပထမခြေ လှမ်းဖြစ်သည်။

ရှေးအရဗ်များ၏ အယူအဆမှာ အရေးကြီးလျှင် သွေးနီးရမည်ဟူသော စကားအတိုင်း မိမိတို့၏မျိုးနွယ် စုများက ညီညွတ်စွာဖြင့် အခြားမျိုးနွယ်ယ်များကို တိုက်ခိုက်ချေမှုန်းသော ဓလေ့များ ရှိခဲ့သည်။

သို့ရာတွင်မဒီနာ၌ တမန်တော်မုဟမ္မဒ်သည် မျိုးနွယ်ပေါင်းစုံ၏ ခေါင်းဆောင်ဖြစ်သည်။ ထိုမျိုးနွယ်စုများမှာ မက္ကာဟ် မြို့သားအရဗ်များကဲ့သို့ သွေးသားတော်စပ်သူအချင်းချင်း ဖွဲ့စည်းထား သော မျိုးနွယ်စုများ မဟုတ်ပေ။ ဘာသာအယူဝါဒ မတူသော်ငြားလည်း လူ့အလွှာစုံပါဝင်သော လူ့အဖွဲ့အစည်းကြီး တစ်ခုဖြစ် သည်။ကုရ်အာန် တွင် မည်သူတစ်ဦးတစ်ယောက်ကိုမျှ အစ္စလာမ် သာသနာသို့ ၀င်ရောက်လာရန်အတင်း အကြပ်တိုက်တွန်းခြင်း မပြုရဟု လက်ဦးမဆွကပင် တားမြစ်ထားပြီးဖြစ်သည်။ (၂း၂၅၆)

တမန်တော်ဖွဲ့စည်းထားသည့် လူ့အဖွဲ့အစည်းကြီးသည် မဒီနာမြိုတွင်ရှိကြသောမွတ်စလင်(မ်)များနှင့်မွတ် စလင်(မ်) မဟုတ်သော အရဗ်များ၊ ဂျုးများနှင့်ခရစ်ယာန်တို့ ဖြစ်ကြသည်။ ထိုလူ့အ ဖွဲ့အစည်းကြီးအတွင်း အချင်းချင်းစစ် မက် ပြိုင်ဆိုင်တိုက်ခိုက်မှု မပြုရေး၊ တစ်ဖွဲ့ကိုတစ်ဖွဲ့က အရေးကြုံလာလျှင်ဝိုင်းဝန်းကူညီရေး ဟူသော ကတိက၀တ် များ ဖြင့် ချည်နှောင်ထားသည့် ခိုင် မာသောအဖွဲ့အစည်းကြီး တစ်ခုအဖြစ်ရပ်တည် နိုင်ခဲ့သည်။ ဘာသာအယူဝါဒမတူသူများနှင့် မွတ်စလင်(မ်)များစပ်ကြား ဤနည်းအားဖြင့် အေဒီ ၆၃၂ တမန်တော်မုဟမ္မဒ် မ ကွယ်လွန်မီ အလျင် အာရေးဗီးယားကျွန်းဆွယ်တစ်ခုလုံးကို ငြိမ်းချမ်းသာယာဝ ပြောသောနယ်မြေကြီးအဖြစ် တည်ဆောက်ပေးနိုင်ခဲ့လေသည်။ အစ္စလာမ့်သမိုင်းတွင်မဒီနာသည် အ လွန်ကျစ်လစ်ခိုင် မာ တောင့်တင်းသော လူ့အသိုက်အမြုံကြီးကို တည်ဆောက်နိုင်ခဲ့သည့်သမိုင်းဝင်အ ထိမ်း အမှတ် မြို့ကြီးတစ်မြို့ဖြစ်သည်။

တမန်တော်မရှိတော့သည့် နောက်ပိုင်းတွင်လည်း မွတ်စလင်မ်များက ထိုစနစ်ကိုဆက်လက် အကောင်အ ထည် ဖေါ်ဆောင်နှိုင်သည်။ အစ္စလာမ်သာသနာသို့ ကူးပြောင်းပူးပေါင်းလာသူ များ ပြားလာခဲ့သည်။

အစ္စလာမ်သာသနာသည်(မဇ္ဈိမပဋိပဒါ)အလယ်အလတ်လမ်းစဉ်

အစ္စလာမ်သာသနာ၏ ထူးခြားချက်မှာ လောကီရေးနှင့် လောကုတ္တရာရေးဟူ၍ ခွဲခြားထားခြင်းမရှိပေ။ လောကီနှင့် လောကုတ္တရာဟူသည် ဒင်္ဂါးပြားတစ်စေ့၏ ခေါင်းနှင့်ပန်းကဲ့သို့ ‘ဒွန်တွဲ နေပေသည်။ တမန် တော်မုဟမ္မဒ် ကိုယ်တိုင် လူသားထုတစ်ရပ်လုံးအတွက် စံပြခေါင်းဆောင်တစ်ဦးဖြစ်ခဲ့သည်။ မွတ်စလင်(မ်) များအတွက် ဘာသာရေး၊ နိုင်ငံ ရေး၊ လူမှုရေးနှင့် အိမ်ထောင် သားမွေး ကိစ္စရပ်အားလုံးအသည် နိမ့်ကျ သောအရာများမဟုတ်ဟု လောက နိယာ မကို စံပြထူထောင်ပြခဲ့ပေသည်။ ထိုအချက်ကို ကုရ်အာန် ၂း၁၄၃တွင်-

(ထို့ပြင်ဤနည်းနှင်နှင် ငါအသျှင်မြတ်သည်အသင်တို့ကို (မဇ္ဈိမပဋိပဒါ) အလယ်အလတ်လမ်းစဉ်သာသနာ ၀င်များ အဖြစ် ပြုတော်မူခဲ့လေပြီ၊ (ယင်းကဲ့သို့ပြုတော်မူခြင်းမှာ) အသင်တို့သည် လူခပ်သိမ်းတို့အဘို့ အ သိသက်သေများ ဖြစ်စေ အံ့သောငှာလည်းကောင်း၊ ထို့ပြင်ရစူလ်တမန်တော် (မုဟမ္မဒ်)သည်လည်းအသင် တို့အဘို့ အသိသက်သေ ဖြစ်စိမ့်သောငှာလည်းကောင်း၊ ဖြစ်လေသည်။)

ထိုအချိန်ထိုအခါက လောကီရေးတခုတည်းစွန်း ဘာသာရေးဝါဒီများနှင့် လောကုတ္တရာတစ်ခုတည်းစွန်း ဘာသာ ရေးဝါဒီများကသာ လွှမ်းမိုးခဲ့သောကာလဖြစ်သည်။ ထိုသို့သောအချိန်တွင် လူသားတစ်ရပ်လုံးအ ဖို့ လောကီရေး နှင့်လောကုတ္တရာ နှစ်ခုစလုံးအတွက် များစွာအကျိုးဖြစ်ထွန်းသော အစ္စလာမ်သာသနာ သည် ကမ္ဘာ့လူသားတစ် ရပ်လုံး၏ စွဲမက်နှစ်သက်ဖွယ်ရာ ဖြစ်ခဲ့ သည်။ ထိုသို့သောအကြောင်းများကြောင့် မည်သူတစ်ဦးတစ်ယောက်၏ အတင်းအကြပ်တိုင်းတွန်းမှုမျှမပါဘဲလျှက် အစ္စလာမ်သာသနာသို့ ၀င် ရောက်သူများလာခြင်းဖြစ်သည်။

အစ္စလာမ်နှင့်အမျိုးသမီးများအခွင့်အရေး

အစ္စလာမ်မတိုင်မီ အရဗ်ကမ္ဘာတွင်အမျိုးသမီးများမှာ ငွေဝယ်ကျွန်များနှင့်မခြား အခွင့်အရေးများ ဆုံးရှုံး ခဲ့ကြ ရသည်။ အစ္စလာမ်သာသနာက အမျိုးသမီးများ၏ အခွင့်အရေးများကို အမျိုး သားများနည်းတူ ပြ ဋ္ဌာန်းထားပေ သည်။ အမွေဆက်ခံပိုင်ခွင့်၊ ပညာသင်ပိုင်ခွင့်၊ လူမှုရေး၊ ဘာသာရေးဆောင်ရွက်ခွင့်၊ အိမ် ထောင်ပြု အိမ်ထောင်ကွာ ကိစ္စများ၌ အမျိုးသားနှင့်တန်းတူ အ ခွင့်အရေးရှိခွင့်စသည်ဖြင့် လူသားတည်း ဟူသည့် အမျိုးသမီး များ၏ဘ၀ကို ပီပီပြင်ပြင် လမ်းဖွင့်ပေးနိုင်ခဲ့သည်။ နောက်ဆုံးအနေဖြင့် အမျိုးသမီး သည် တုနှိုင်းမဲ့ကိုးကွယ် ရာအရှင့်ထံမှ အ လွန်မြင့်မြတ်သည့် နဗီ၊ရစူလ်များရရှိသည့် ဗျာဒိတ်ဥာဏ်စဉ် ကိန်းဝပ်ခံရသော ဥာဏ်စဉ် အ ဆင့်များကို တမန် တော်မူဆာနှင့် တမန်တော်အီဆာတို့၏ မိခင်များကိုချီး မြှင့်ခဲ့သည့် အထောက် အထားများ ကုရ်အာန်တွင် တည်ရှိ နေခဲ့သည်။

အစ္စလာမ်သာသနာ မတိုင်မီအလျှင် အမျိုးသမီးများ၏ဘ၀သည်--

မိမိတို့၏ဘာသာ သာသနာဆိုင်ရာ ၀တ်ကျောင်းများသို့ အမျိုးသားများနည်းတူ တက်ရောက်ဝတ်ပြုခွင့်မ ရှိကြပေ။ အမျိုးသမီးဟူသည် မွေးရာပါနိမ့် ကျမှုအဆင့်တွင် တည်ရှိနေသူများဟု ခံ ယူသောခေတ်ကာလ ဖြစ်သည်။ အမျိုး သမီးများသည် ဘုရားကျောင်းကန် တက်ရောက်သော မိမိတို့၏ခင်ပွန်းသည်များ၏ တာဝန်ကိုသာကျေပြွန်ရ မည်။ ဘုရားကျောင်းကန်များသို့ တက် ရောက်ပိုင်ခွင့်မရှိကြပေ။ ထိုအချိန်ထိုကာ လတွင် ကျမ်းမြတ်ကုရ်အာန်က အမျိုး သမီးများကိုအမျိုးသားများနည်းတူ ဘာသာ သာသနာဆိုင်ရာ ကိုးကွယ်မှုပိုင်းတွင် တန်းတူအခွင့်ရေးပေး ထားလေ သည်။

ကျမ်းမြတ်ကုရ်အာန်တွင် လိင်ခွဲခြားမှုမရှိဘဲ ပြဌာန်းထားသောဥပဒေများတွင် (ယာအိုက်ယိုဟလ်လဇီးန အားမနု) ဟူသည် (အိုသက်ဝင်ယုံကြည်သူအပေါင်းတို့)ဟုအဓိပ္ပါရပေသည်။ ထိုဝေါ ဟာရဖြင့် ပြဌာန်းချက် အားလုံးသည် ကျားမဟူ၍လိင်ခွဲခြားမှုမရှိဘဲ အမျိုးသားရောအမျိုးသမီးကိုပါ တွဲသုံးသည်။ ဥပမာအား ဖြင့်--

ကျမ်းမြတ်ကုရ်အာန်၂း၁၈၃တွင် (အိုသက်ဝင်ယုံကြည်သူအပေါင်းတို့) ဟူ၍ကျားမခွဲခြားမှုမရှိဘဲ (ဆွီယမ်) ဥပုဒ် တည်ဆောက်ရန် အမျိုးသားရောအမျိုးသမီးများကိုပါ အမိန့်ပေးပြဌာန်းထား သည်။

ကျမ်းမြတ်ကုရ်အာန်၅း၆တွင်(အိုသက်ဝင်ယုံကြည်သူအပေါင်းတို့) ဟူ၍ကျားမခွဲခြားမှုမရှိဘဲ(၀ိုဇူ)ရေသန့် စင်ရန် အမျိုးသားရောအမျိုးသမီးများကိုပါ အမိန့်ပေးပြဌာန်းထားသည်။

ကျမ်းမြတ်ကုရ်အာန်၎း၄၃တွင်(အိုသက်ဝင်ယုံကြည်သူအပေါင်းတို့)ဟူ၍ကျားမခွဲခြားမှုမရှိဘဲ(ဆွလာသ်) တည် ဆောက်ရာတွင်မိမိတို့၏နှုတ်မှထွက်ဆိုသောစကားကို သိရှိနားလည်သဘော ပေါက်၍ဆွလာသ် တည်ဆောက်ရန် အမျိုးသားရောအမျိုးသမီးများကိုပါ အမိန့်ပေးပြဌာန်းထားသည်။

ကျမ်းမြတ်ကုရ်အာန်၆၂း၉တွင် (အိုသက်ဝင်ယုံကြည်သူအပေါင်းတို့) ဟူ၍ကျားမခွဲခြားမှုမရှိဘဲ (ဂျွမ္မအ် ဆွလာသ်) တည်ဆောက်ရန် ဗလီဝတ်ကျောင်းများသို့ အမျိုးသားရော အမျိုးသမီးများ ပါ အပြေးအလွှား တက်ရောက်ရန် အ မိန့်ပေးပြဌာန်းထားသည်။

ထိုသို့သောကြောင့် လူသားတစ်ရပ်လုံးကို လိင်ခွဲခြားမှုမရှိဘဲ အဖက်ဖက်တွင်လူ့အခွင့်အရေး အပြည့် အ၀ပေးထား သောအစ္စလာမ်သာသနာသို့ မည်သူတစ်ဦးတစ် ယောက်၏ အဓမ္မတိုက် တွန်းချက်မပါဘဲ မိမိတို့၏ဆန္ဒအလျှောက် ၀င်ရောက်လာခြင်းသာဖြစ်သည်။

သမိုင်းကသက်သေခံနေခြင်း

ကမ္ဘာတစ်ဝှမ်းတွင်ဖြစ်ပျက်ခဲ့သော အကြာင်းအရာဟူသ၍တို့သည် သမိုင်းကသက်သေခံလျှက်ရှိနေပေ သည်။ ဥပ မာပြရမည်ဆိုပါက ပဌမကမ္ဘာစစ်၊ဒုတိယကမ္ဘာစစ်၊ ဖြစ်ခဲ့သည့်အကြောင်း ကို ကျောင်းများ၊ ကောလိပ်များနှင့် တက္က သိုလ်များတွင် အစဉ်တစ်စိုက်ပြဌာန်း သင်ကြားပေးလျှက်ရှိနေသည့်အတွက် ထိုအဖြစ်အပျက်များကို လူတိုင်းသိရှိ နေပေသည်။ လူတိုင်းသည် ထို အဖြစ်အပျက်များနှင့် ကြုံကြိုက်မှု မရှိခဲ့သော်ငြားလည်းသမိုင်း တွင်အထင်အရှားရှိ နေပြီးသော အကြောင်းအရာတစ်ခုဖြစ်နေသည့်အတွက် ထိုဖြစ်ရပ်သည် မှန်ကန်မှုမရှိပါဟု မည်သူကမျှ ငြင်းပယ်၍ မရနှိုင်သော အမှန် တရားများဖြစ် သည်။

ထိုကဲ့သို့ပင် ဟစ်တလာသည် ဂျူးလူမျိုးများကို သန်းချီ၍သတ်ခဲ့ကြောင်း သမိုင်းကသက်သေခံလျှက် ရှိ နေပေ သည်။ သို့ရာတွင်သမိုင်းဟူသည် မိမိတို့၏မျက်ကွယ်တွင် ဖြစ်ပျက်ခဲ့သော အ ကြောင်းအရာဖြစ် သောကြောင့် ရေးသားဖေါ်ပြချက်များတွင် ကွဲလွဲမှုအနည်းနှင့် အများတော့ရှိနေပေသည်။ သို့ရာတွင်ထို ဖြစ်ရပ်သည် လုံးဝ မဟုတ်ပါဟူ၍ ငြင်းကွယ်၍မရနှိုင်ပေ။

တမန်တော်အပါအ၀င် မွတ်စလင်မ်များသည် မွတ်စလင်မ်မဟုတ်သူများကို အတင်းအဓမ္မ အစ္စလာမ်သာ သနာသို့ သွတ်သွင်းခဲ့ပါကလည်း နေရာဒေသနှင့်အတင်းအဓမ္မ သွတ်သွင်းခံရသော လူမျိုးများသည် သ မိုင်းတွင်ထင်ကျန် လျှက် ရှိနေမည်သာဖြစ်သည်။ ထိုအဖြစ်အပျက်များကို မည် သည့်လူသားတစ်ဦးတစ် ယောက်ကမျှ ဖျောက်ဖျက် ထိန်ချန်၍ ရနှိုင်မည်မဟုတ်ပေ။

အစ္စလာမ်သာသနာကို မလိုမုန်းတည်းသူများသည် တမန်တော်ခေတ်မှစတင်၍ ယနေ့တိုင်ဆက်လက်၍ ပုတ်ခတ် စော်ကားမှုများသည် ဆက်တိုက်ရှိနေခဲ့သည်။ ရပ်တန့်သွားမည်မဟုတ်ဘဲ ဆက်လက်ရှိနေဦး မည်သာဖြစ်သည်။ ဤသည်ကို ကျမ်းမြတ်ကုရ်အာန်(၆၁း၈)တွင်အဖြေပေးထားသည်မှာ- -

(၎င်းတို့သည် အလ္လာဟ်အရှင်မြတ်၏ရောင်ခြည်(အစ္စလာမ်သာသနာ)ကို မိမိတို့၏ပါးစပ်ဖြင့် ငြိမ်းသတ်လို ကြကုန် ၏။ သို့ရာတွင်ကာဖိရ် သွေဖည်ငြင်းပယ်သောသူများ မနှစ်မြို့ကြငြားသော် ငြားလည်းအလ္လာဟ် အရှင်မြတ်မှာမူ ကား မိမိရောင်ခြည်(အစ္စလာမ်သာသနာ)ကို ပြည့်ဝစုံလင်အောင် ပြုတော်မူမည့်အရှင် မြတ်ပင် ဖြစ်တော်မူ၏။)

အင်ရှာအလ္လာဟ်ဆက်လက်တင်ပြပါဦးမည်

ဦးစိုးလွင်(ငြိမ်းချမ်းလျှပ်စစ်)

Armstrong,Karen, Mohammed; A Biography of the Prophet (London 1991)

Gabrieli Francesco, Mohammed and the Conquests of Islam.(trans. Virginia Luling and Rosamund Linell (London 168)

Hourani, Albert, A History of the Arab people. (London 1991)

Afshar, Haleh, Islam and Feminisms; An Iranian Case Study.(London 1996)

Ahmed, Leila; Women and Gender in Islam; Historical Roots of Modern Debate.(London 1992)

www.quraninburmese.com မှကူးယူဖေါ်ပြသည်။

http://www.quraninburmese.com/blog/2011/10/islam-by-sword/

No comments:

Post a Comment