Monday 29 April 2013

ရိုဟင်ဂျာသည်ဘင်္ဂါလီမဟုတ် မြန်မာ့မြေပုံအတွင်းမှ တိုင်းရင်းသားအစစ်အမှန်ဖြစ်သည်။





ပထ၀ီရှုထောင့်၊ သမိုင်းအမြင်နှင့်ကြည့်ရှုလေ့လာလျှင် ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံ၏ ပြည်နယ်ဟု 

ဆိုသော်လည်း အိန္ဒိယနိုင်ငံ၏အရှေ့ဘက် နယ်စပ်ပြည်နယ်များနှင့် နယ်ချင်းထိစပ်နေသော ပြည်နယ် 

တစ်ခုဖြစ်သည်။ ရခိုင်ပြည်နယ်သည် အာရိယန်တို့ အခြေစိုက်နေထိုင်ရာ အိန္ဒိယပိုင်သည့် ဘင်္ဂလား နယ်ရှိ 

ဘင်္ဂါလီလူမျိုးနှင့် မျိုးနွယ်တူများ ဖြစ်ကြသည်။ ထိုကာလများကတည်းကပင် အစ္စလာမ်ဘာသာ သည် 

ရခိုင်ပြည်နယ်တွင် အမြစ်တွယ်၊ ပျံ့နှံနေပြီဖြစ်သည်။

သမိုင်းကြောင်းရဆိုလျှင် အေဒီ(၇၈၈)ခုနှစ်လောက်မတိုင်မီကတည်းကပင် ရခိုင်ပြည်နယ်သို့ အစ္စ 

လာမ်ဘာသာရောက်ရှိလာခဲ့ပြီး၊ လူအများစုမှာ အစ္စလာမ်ဘာသာဝင်များဖြစ်ခဲ့ကြပြီးဖြစ်သည်။ ထိုစဉ် 

ကတည်းကပင် ရခိုင်ပြည်နယ်တွင် အစ္စလာမ်ဘာသာသည် အရေးပါသည့်အခန်းမှရှိနေခဲ့ခြင်းဖြစ်သည်

(၁၄၃၀ခုမှ-၁၆၃၈) ခုနှစ်အတွင်း နှစ်ပေါင်း(၂၀၀)ကျော်တိုင် ရခိုင်ပြည်နယ်ကို မွတ်စလင်မ်ဘုရင်များ 

ထီးနန်းစိုးစံခဲ့သည်။ ၁၄ရာစု ၁၅ရာစုတွင် ရခိုင်ပြည်နယ်သည် သီးခြားလွတ်လပ်သော 

အစ္စလာမ်နိုင်ငံအဖြစ်ရပ်တည်နေခဲ့ သည်။
(၁၅၈၂ခုနှစ်မှ ၁၆၆၆ခုနှစ်အထိ)နှစ်ပေါင်း(၁၀၀)နီးပါတိုင်အောင်


ထိုအချိန်က မွတ်စလင်မ်တို့သည် ရခိုင်ပြည်၏ အစိုးရအုပ်ချုပ်ရေးအဖွဲ့တွင်အဆင့်မြင့်ရာထူးနေရာ 

ကိုယ်စီဖြင့် အလုပ်လုပ်ကိုင်ခဲ့ကြသည်။ရခိုင်ပြည်နယ်သည် အဲဒီအချိန် အဲဒီအခါက 

မွတ်စလင်မ် နိုင်ငံဖြစ်သော်လည်း ဘင်္ဂါလီ နိုင်ငံဟုမကြေငြာခဲ့ပါ။ ကြေငြာစရာလည်း 

အကြောင်းတစ်စုံတစ်ရာမရှိပါ။ သူတို့သည် အမှန်စဉ်စစ် ရခိုင်-ရိုဟင်ဂျာ များဖြစ်ကြ သည့်နည်းတူ 

သူတို့သည် ရခိုင်ဟုသာခေါ်ဝေါ်သုံးစွဲလေ့ရှိခဲ့သည်။အစ္စလာမ်ဘာသာကို သက်ဝင်ယုံ ကြည်ခဲ့ကြသော 

ရခိုင်မွတ်စလင်မ်များမှာ အစ္စလာမ်မပေါ်ပေါက်ခင်အရင်က ဗုဓ္ဒဘာသာနှင့် အခြားကိုးကွယ်ရာများကို 

သက်ဝင်ယုံကြည့်လေ့ရှိခဲ့ကြသည်။

မြောက်ဦးအင်ပါယာ ဘုန်းမီးနေလထွန်းကားစဉ်အခါက ရခိုင်မွတ်စလင်မ်တို့၏ အနေအထားမှာ 

ဝင့်ကြွားထည်ဝါမြင့် မားခဲ့ကြသော်လည်း၊ (၁၇၈၅ခုမှ-၁၈၂၅ခုကာလများတွင်)မြန်မာနှင့် အင်္ဂလိပ်တို့ 

သြဇာလွှမ်းမိုးလာခဲ့ပြီး ရခိုင်မွတ်စ လင်မ်များမှာ 

တဖြည်းဖြည်း မှေးမှိန်ကျဆင်းလာခဲ့သည်။ထို့နောက်ပိုင်းတွင် အင်္ဂလိပ်တို့၏အမျိုးမျိုးနှိပ်စက်မှုဒဏ်ကို 

မခံနိုင်တော့အဆုံးမှာ ရခိုင်မွတ်စလင်မ်တို့က အိန္ဒိယနိုင်ငံ ဘင်္ဂလားနယ်မြေဖက်သို့ 

ထွက်ပြေးတိန်းရှောင်နေခဲ့ကြရ သည်။

 ထိုစဉ်က ရိုဟင်ဂျာ(ခ) ရခိုင်မွတ်စလင်မ်တို့သည် ဘင်္ဂလားဒေရှ်နိုင်ငံအတွင်း အုပ်အုပ် ကြပ်ကြပ် 

သွားလာနေခြင်းမှာ အဆန်း အပြားမဟုတ်ပါ။ 

ယနေ့ဘင်္ဂလာဒေရှ်အစိုးရသည် မြန်မာအစိုးရအပေါ်အယုံအကြည် ကင်းမဲ့မှုကြောင့် ရခိုင် မွတ်စလင်မ် 

များကို နိုင်ငံအတွင်းသို့ ၀င်ရောက်မလာနိုင်အောင် တားဆီးပိတ်ပင်ခဲ့ခြင်းဖြစ်သည်။

ဘိုးတော်ဘုရားလက်ထက် (၁၇၈၅)ခုနှစ် ရခိုင်ပြည်နယ်ကိုတိုက်ခိုက်ရာ လူပေါင်းများစွာ 

ဘင်္ဂလားဒေရှ်နယ်မြေ အတွင်း သို့ ထွက်ပြေးတိန်းရှောင်နေခဲ့ကြပြန်သည်။ 

ထွက်ပြေးတိန်းရှောင်နေခဲ့ကြသော ရခိုင်များအနက် အချို့သူ 

များမှာ နောင်အနှစ်(၄၀)ကြာမြင့်တဲ့အချိန်တွင် ပြန်လည်ရောက်ရှိခဲ့ပြီး အချို့မှာ ယနေ့တိုင် စစ်တကောင်း 

တွင်ရှိနေ ခဲ့ကြသည်။

 ထို့ကြောင့် ဘင်္ဂလားဒေရှ်နိုင်ငံအတွင် လူဦးရေ(၈၀၀၀၀၀)ရှစ်သိန်းကျော်ဟာ ယနေ့တိုင် 

ဗုဓ္ဒဘာသာယုံကြည်ကိုး ကွယ်သေားရခိုင်များဖြစ်နေကြပါသည်။စစ်မှန်သော သမိုင်းကြောင်းအရ 

ခိုးဝင်လာသူရခိုင်နှင့် ထွက်ပြေးတိန်းရှောင် လာသူရခိုင်ဟူရ်ျသာ ဘင်္ဂလီတို့က 

ဆိုစမှတ်ပြုနေကြသည်။ရိုဟင်ဂျာတို့မှာက ခိုးဝင်လာသော ဘင်္ဂါလီမဟုတ်ဘိသကဲ့ သို့ ရခိုင်ပြည်နယ်တွင် 

အစဉ်တစိုက် ဘေး၊ ဘိုးစဉ်ဆက် အခြေချနေထိုင်ခဲ့သော 

ဌာနေတိုင်းရင်းသားအစစ်အမှန်များ ဖြစ်ကြပါသည်။

                                                                  ဗမာ့တိုင်းရင်းသားမွတ်စလင်မ်-အောင်ကျော်မိုး 

No comments:

Post a Comment