Tuesday 5 March 2013

ပြည်ထောင်စုသမ္မတမြန်မာနိုင်တော် နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်ခင်ဗျာ လက်ရှိမြန်မာနိုင်ငံ၏ ပြသနာဟူသမျှကို မြန်မာနိုင်ရဲ့ သမ္မတစ်ဦးဖြစ်နေတဲ့သမ္မကြီးဦးသိန်းစိန်ကိုယ်တိုင် သိလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။



သို့
        သမ္မကြီးခင်ဗျာ မြန်မာနိုင်ငံသူ နိုင်ငံသားတိုင်းဟာ ရှေးဘုရင်များခေတ်အဆက်ဆက်မှ နအဖအဆိုးရ အုပ်ချုပ်သေား ကာလတခုအထိ မည်သည့်ပြသနာတစ်စုံတစ်ရာမှမရှိ ခဲ့ပါ။ မြန်မာနိုင်ငံသားမှန်သမျှ တစ်ဦးကိုတစ်ဦး အပြန်အလှန်လေးစားချစ်ခင်စွာ နေထိုင်ခဲ့ပါတယ်။  တဦးကိုတဦး မည်သည့်အသွေးအရောင်မှမခွဲးခြားဘဲ ညီအရင်း အစ်ကို မောင်အရင်းနှမများသဖွယ် အတူယှဉ်တွဲနေထိုင်လာခဲ့ကြပါတယ်။အဲဒီလိုနေထိုင်လာခဲ့ကြတာ အခုသမ္မတကြီးလက် ထက်ကျမှ ပြသနာပေါင်းစုံ ဖြစ်ပေါ်လာတာကိုတွေ့မြင်ကြရပါတယ်။ရခိုင်ပြည်နယ် အကြမ်းဖက်သတ်ဖြတ်မှုတွေ၊ ကချင်တိုင်းရင်းသားတွေကို မတရားစစ်တိုက်ပြီး တုန်ပြန်ခဲ့တာတွေ၊ ကြေးနီတောင်စီမံကိန်းမှာ သံဃာတော်တွေကိုရက်ရက် စက်စက်မီးလောင်ဗုံးဖြင့် တိုက်ခိုက်ခဲ့တာတွေ၊ သာကေတမြို့နယ်မှ အစ္စလာမ်ဘာသာရေး ကလေးများစာသင်ကျောင်းကို မတရားဝင်ရောက်ဖျက်ဆီးတာတွေ၊မအူပင်မှာ လယ်သမားအခွင့်အရေးတောင်ဆိုနေတဲ့ လယ်သမားတွေကို မတရားတဲ့ နည်းနဲ့ ကိုထိလက်ရောက်ဆော်ကားခဲ့တာတွေ၊ လှိုင်သာယာမှာ မွတ်စလင်အိမ်တွေကိုဝင်ရောက်ဖျက်ဆီးခဲ့တာတွေအား လုံးကိုသမ္မတကြီးမသိပါသလေား။သမ္မတကြီးမှာ တာဝန်မရှိပါသလေား၊ ဒီကိစ္စတွေအတွက် သမ္မတကြီးမှာ ဘားမှဖြေရှင်းမှု မရှိပါသလေား။

          စဉ်းစားကြည့်ပါသမ္မကြီးရယ် ပြည်သူတွေအမျိုးမျိုးသွေးကွဲးပြီး စည်းလုံးညီညွတ်မှုတွေပျက်ပြားပြီး၊ အားလုံးတစ်ဦးကို တစ်ဦး သတ်ဖြတ်နေတဲ့အချိန်ရောက်လာတဲ့အထိ သမ္မတကြီးက ကိုယ်နဲ့မဆိုင်သလို့လှစ်လစ်လှူရှု့ခဲ့တယ်။ ရခိုင်ပြည်နယ် အကြမ်းဖက်လူသတ်ပွဲကိစ္စမှာလည်းမသိသလိုနေခဲ့တယ်၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးလို့ပြေားပြီး ကချင်တိုင်းရင်း သားတွေကို အနိုင်ကျင့် လက်နပ်ကြီးတွေသုံးပြီး အပြတ်အသတ်ချေမှုန်းခဲ့တယ်။ကြေနီတောင်ကစ္စ တရုတ်တွေရဲ့ ဖော်ကောင်းလုပ်မှာကို ကြောက်လို့ ဆရာတော်သံဃာတော် တွေကို ရက်စက်စွာ အကြမ်းဖက် မီးလောင်ဗုံးတွေခွဲးပြီး လူမဆန်စွာတိုက်ခိုက်တားမြစ်ခဲ့တယ်။ဒါတင်မကသေဘူး သာကေတမြို့နယ်က အစ္စလာမ်ဘာသာရေးစာသင်ကျောင်းကို ရုံးပိတ်ရက်မှာ စည်ပင်ဝန်ထမ်းတွေသုံးပြီး ရပ်ကွက်နေပြည်သူတွေကို ခေါ်ပြီးမတရားဖျက်စီးခဲ့တယ်။သမ္မကြီးခင်ဗျာ အဲဒီဘာသာရေးစာသင်ကျောင်း ပြုပြင်မှုမှားယွင်းနေခြင်းကို ကော်မတီအုပ်ချုပ်ရေးအဖွဲ့ကိုခေါ်ယူပြီး အမြန်ဆုံးဖျတ်သိမ်းဖို့ အမိန့်ပေးနိုင်ပါတယ်။လိုအပ်သလောက်အရေးယူလို့ရပါလျှက် ရပ်ကွက်နေ အကြမ်းဖက်ပြည်သူတစ်ချို့ကိုသုံးပြီး လူမျိုးရေး ရန်တိုက်ပေးတာဟာ သမ္မတကြီးရဲ့ ရည်ရွယ်ချက်တစ်ခုဆိုတာ ပေါ်လွင်နေပါတယ်။မအူပင်လယ်သမားတွေအပေါ်မှာကော လှိုင်သာယာက မွတ်စလင်အိမ်တွေဖျက်ဆီးတဲ့ပြသနာတွေကို ဥပဒေအရအရေးယူဆောင်ရွက်ကမဲ့အစား တစ်ခါးမှမသွားခဲ့ဖူး သောဥရေားပ ခရီးစဉ်ကို သမ္မတကြီးထွက်ခွာသွားခဲ့ပါတယ်။…………
          သမ္မတကြီးခင်ဗျာ ဥရေားပခရီးစဉ်မှာ စိတ်ချမ်းသာရဲ့လား။ သွားခဲ့တဲ့ငါးနိုင်ငံလုံးမှာ ပြည်ပရောက်မြန်မာတွေ သမ္မတကြီးကို ဘယ်လိုဆက်ဆံခဲ့သလဲးဆိုတာ သမ္မတကြီးသိခဲ့ပြီးပါပြီ။ဥရေားပခရီးစဉ်က ပြန်လာပြီး သမ္မကြီးအနေဖြင့် တိုင်ပြည်ကို ဘယ်လိုနစ်နာဆုံးရှုံးမှုမျိုးကို ဆက်လုပ်မလဲဆိုတာကော ပြင်စဉ်ပြီးပြီလား။သမ္မတကြီးခင်ဗျာ သမ္မတကြီးရဲ့နိုင်ငံ တော်အပေါ်ထားတဲ့စိတ်ထားဟာ သမ္မတကြီးအပေါ်မှာတစ်နေ့ရောင်ပြန်ဟတ်လာမှာပါ၊ အရှေ့ကဦးနေ၀င်တို့ ဦးသန်ရွှတို့ ကိုကြည့်ပါ သူတို့ကိုပြည်သူတွေ ဘယ်လိုသဘေားထားခဲ့သလဲ၊ ပြည်သူတွေ သူတို့ကို ဘယ်လိုဆက်ဆံခဲ့သလဲ။ ယနေ့အချိန် အထိ သူတို့ကို ပြည်သူတွေမုန်းတီး၊ ဆက်စုပ်၊ ရွံရှာနေတယ်ဆိုတာ သမ္မတကြီးသိမှာပါ။သမ္မတကြီးကော ပြည်သူတွေရဲ့ ချစ်ခင်မြတ်နိုးမှုတွေကို ခံယူချင်သလား သူတို့လိုပဲ လူတကာတံတွေခွက်မှာမြေားချင်သလား။ သမ္မကြီးရဲ့သက်တမ်း နောက်(၂)နှစ်ကျံပါသေတယ်၊ သမ္မတကြီးအနေဖြင့် ကျံတဲ့သမ္မတသက်တမ်းမှာ ပြုပြင်ဖို့အချိန်တန်ပြီလို့အကြံပြုချင်ပါတယ်။
သမ္မတကြီးခင်ဗျာ နိုင်ငံတော်သမ္မတဆိုတာ တိုင်းပြည်တစ်ခုလုံးရဲ့အရေးကိစ္စကော ပြည်ပနေမြန်မာပြည်သူတွေ ရဲ့အရေးကိစ္စတွေကိုပါ ဆောင်ရွက်နိုင်ရပါမယ်။ လက်ရှိတိုင်းပြည်မှာ ပြသနာများစုဝေးလျှက် ဖြေရှင်းရမယ့်ပြသနာ အကြွေး များ များစွာကျံရှိနေပါတယ်။၁.၃.၂၀၁၃နေ့က စိုင်းနော်ခမ်းရဲ့ ဖြစ်ရပ်ဟာ ကျွန်တော်တို့ မြန်မာနိုင်ငံသားများအတွက် အတော်ကိုစိတ်မကောင်းစရာဖြစ်ပါတယ်။သမ္မတကြီးကော ၀မ်းမနည်းမိဘူးလား၊ကိုယ့်နိုင်ငံသားတစ်ယောက်ကို သူများနိုင်ငံ ကတရားစီရင်တာလေ။စိုင်းနော်ခမ်းဟာ သေဒဏ်ပေးရမယ့် ပြစ်မှုကိုကျူးလွန်သူဆိုရင်လည်း အဲဒီသေဒဏ်ကို မြန်မာ အဆိုးရဘက်ကနေ ဆောင်ရွက်ပေးလို့မရပေဘူးလား။၂၀၀၈ဖွဲ့စည်းပုံအရ နိုင်ငံခြားသား တစ်ယောက်က ဥပဒေချိုး ဖောက်လို့ သေဒဏ်အထိချမှတ်ဖို့လိုလာရင် ၎င်းနိုင်ငံကို လွှဲပြောင်းပေးအပ်မယ်လို့ပါရှိပါတယ်။အဲဒီအတွက်ကြောင့် ကိုယ်နိုင်ငံသားတစ်ယောက်ကို ဘာကြောင့်မတောင်းဆိုခဲ့သနည်း။ဆိုင်းနော်ခမ်းအတွက် တရုတ်အာဏာပိုင်တွေထံမှ မည်သည့်လိုအပ်ချက်များ တောင်ခံပေးခဲ့ပါသနည်း။သမ္မတကြီးခင်ဗျာ မိမိနိုင်ငံသားဟာ သူခိုးဖြစ်စေ၊ ဓါးပြဖြစ်စေ၊ ဘိန်းစားဖြစ်စေ၊ ပြည့်တန်ဆာမဖြစ်စေ၊ မည်သည့်ပြစ်မှုကိုပဲကျူးလွန် ကျူးလွန် မိမိနိုင်ငံသားဘက်ကနေ အကာအကွယ် ပြုရမယ်ဆိုတာ သမ္မတကြီးမသိဘူးလား။ သမ္မတကြီးခင်ဗျာ တိုင်းပြည်ကပေးအပ်ထားတဲ့ ယုံကြည်မှုကိုအလွဲသုံးစား မပြုလုပ်ပါရန်ရိုသေစွာအသိပေးလိုက်ပါတယ်။သမ္မတကြီးရဲ့ ပေါ့လျှော့မှုတွေ၊ လစ်လှူရှူမှုတွေ၊ မသိကျိုးကျွံပြုမှုတွေကို ယနေ့စရ်ျ ပြုပြင်ပါရန်၊ ပြည်သူတွေက ပေးအပ်ထားတဲ့တာဝန်တွေကို ကြေပွန်စွာထမ်းဆောင်ပါရန်လေးစားစွာထပ်မံ အသိပေးလိုက်ပါတယ်။အကယ်ရ်ျ ပြည်သူလခစားပြီး ပြည်သူတွေကိုကျွန်ပြုချင်တယ်ဆိုရင်တော့ သမ္မကြီးခင်ဗျာ ၂၀၁၅မှာကိုယ်ဘ၀ကိုးတွေပေတော့၊ အထက်ပါကြောင်းအချက်များအား ဥရေားပခရီးစဉ်မှ ပြန်ရောက်ရောက် ချင်း အစီရင်ခံစာတင်ပြပေးပါရန်နှင့် ဖြစ်ပွားခဲ့သောပြသနာများ၊ လူမျိုးပြသနာများအား မည်သို့မည်ပုံဖြစ်ခဲ့သည်ဆိုသည်ကို အကျိုးအကြောင်းခိုင်လှုံစွာ တင်ပြအစီရင်ခံပေးပါရန်ရိုသေလေးစားစွာ တင်ပြအပ်ပါသည်။
                                                           ပြည်သူ့ကိုယ်စား
                                                            အောင်ကျော်မိုး

No comments:

Post a Comment