Tuesday, 1 January 2013

ရခိုင်သမိုင်း(၁) ဌေးလွင်ဦး

မာဂဓ၊ မောရိယ အင်ပါယာနှင့် ရခိုင်ဒေသ


အိန္ဒိယ အင်ပါယာ ပြည့်ရှင်များ အနက် မြန်မာတို့ အထင်ကရ တလေးတစား အထင်ကြီးသော မင်းကြီးမှာ အာသောက (Ashoka) မင်းကြီး ဖြစ်၍-၊ သူသည် ဘင်္ဂလီ လူမျိုးတစ်ဦး ဖြစ်သည်။ ဘန်ဂေါပြည် မာဂဓ နေ ပြည်တော်၌ အခြေစိုက်လျှက် အရှေ့၊ အနောက်၊ တောင်၊ မြောက် လေးဘက်လေးတန်သို့ ဗုဒ္ဓသာသနာအား ဖြန့်ချီခဲ့သူလည်း ဖြစ်သည်။ ထိုအင်ပါယာအား စန္ဒြဂုတ မောရိယ မင်းကြီးမှ စတင်ထူထောင်ခဲ့သောကြောင့် မောရိယ အင်ပါယာဟု ထင်ရှားခြင်း ဖြစ်ပြီး မောရိယာ အင်ပါယာမင်းဆက်များ အနက် ထူထောင်သူ စန္ဒြ မင်းကြီးနှင့် အာသောကမင်းကြီးတို့မှာ ထင်ရှားသူများ ဖြစ်ခဲ့သည်။ 
မောရိယ အင်ပါယာသည် ဘီစီ ၃၂၂ မှ ဘီစီ ၁၈၅ ထိ ဘုန်းမီးနေလ တောက်ပချိန် ဖြစ်ခဲ့သည်။ အထူး သဖြင့် မောရိယပြည့်ရှင် အာသောကမင်းကြီး၏ လက်ထက်သည် ရခိုင်နယ်သမိုင်းမှ ဓည၀တီ (ဒန်န၀တီ) ခေတ် နှစ် ပေါင်း ၁၆၀၀ ခရီး၏ နောက်ဆုံး ခေတ်ကာလများ ဖြစ်လေသည်။ 
ထိုအချိန်ကာလတွင် ယခု မြန်မာနိုင်ငံထဲသို့ ပါဝင်နေသော ရခိုင်နယ်၏ မြောက်ပိုင်း (လက်ရှိ ရခိုင်ပြည်နယ်၏ ထက်ဝက်)သည် ဘင်္ဂလီပြည့်ရှင်များ ဖြစ်သည့် မောရိအင်ပါယာ အင်ပါယာ ပိုင်နက်၏ တောင်တန်းဒေသသား များ အဖြစ် သတ်မှတ်ခံခဲ့ရသည်။ (အပေါ်၌ ဖေါ်ပြသော ပုံတွင်ကြည့်ပါ။) ဗုဒ္ဓဘာသာသည်လည်း ထိုဒေသများ သို့ ထိုးဖေါက်ရောက်ရှိလာခဲ့သည်။ (ဤနေရာ၌ ဆင်ခြင်ရန်မှာ ဒါန်န၀တီ (ဓည၀တီ) တိုင်းပြည်အတွင်း၌ နေ ထိုင်ကြကုန်သော လူအပေါင်းအား သတ်ဖြတ်သုတ်သင်ပစ်လျှက် မောရိယအင်ပါယာထဲမှ ဗုဒ္ဓဘာသာများက အစားထိုးလိုက်ခြင်း မဟုတ်သကဲ့သို့၊ ဒါန်န၀တီ (ဓည၀တီ)မှ လူသားများသည်လည်း ဗုဒ္ဓ ဂေါတမ မပွင့်မှီ သို့မဟုတ် အာသောကမင်းကြီး သာသနာမပြုမှီ ကမ္ဘာဦးကတည်းက မိုးကျရွှေကိုယ် ဗုဒ္ဓဘာသာများ မဟုတ်ခဲ့ ပေ။ ဗုဒ္ဓသာသနာပြုများ ရောက်ရှိလာ၍ သာသနာပြုရာမှ ယခင်ရှိရင်းစွဲ ဘာသာဟောင်းမှ ဘာသာပြောင်းခဲ့ ခြင်းသာ ဖြစ်ပြီး လူမျိုးပြောင်းသွားခဲ့ခြင်း မဟုတ်ပေ။) သို့သော် မောရိယအင်ပါထဲမှ လူများ ဒါန်န၀တီ (ဓည၀တီ) ထဲသို့ သွားလာကူးသန်းလျှက်- လူတစ်ချို့ ကပြားများ ဖြစ်သွားနိုင်ခဲ့သည်။ ၎င်းမှာ ဘာသာတရားနှင့် မသက်ဆိုင်ပေ။ တိုင်းပြည်ရှိ လူအားလုံး ကပြားဖြစ်သွားနိုင်မည် မဟုတ်ဘဲ- မူလဘူတ လူမျိုးစု အကြွင်းအကျန် များ ရှိနေခဲ့မည်လည်း ဖြစ်သည်။ 
မောရိအင်ပါယာမှ အာသောကမင်းကြီး၏ လက်ထက်တွင် စာပေ၊ ကျောက်စာ အကြီးအကျယ်ထွန်းကား ပြန့်နှံ့ ခဲ့သည့် လှိုင်းဂယက်အတွင်း၌ ဒါန်န၀ဒီ (ဓည၀တီ)သည်လည်း ရှောင်ဖယ်နိုင်ခဲ့သည် မဟုတ်ကြောင်း- ဓည ၀တီ၏ ရှေးအကျဆုံး ကျောက်စာရေးထိုးသည့် စာပေအက္ခရာများမှ သက်သေတည်လျှက် ရှိနေပေသည်။ ထို စာပေ အက္ခရာအသုံးများမှာ ၁၁ ရာစု ဗမာအင်ပါယာ ဒါန်န၀ဒီ (ဓည၀တီ)သို့ မလွှမ်းမိုးမှီအထိ ရခိုင်နယ်၌ နှစ် ပေါင်း ၁၀၀၀ ကျော် တည်ရှိနေခဲ့သည်။ ဤနေရာ၌ သတိမူရန်မှာ-၊ ထိုရခိုင်ရှေးဟောင်းကျောက်စာများသည် ရှေးဟောင်း မာဂဓအင်ပါယာ (ဘင်္ဂလီမောရိယ အင်ပါယာ)မှ အက္ခရာများအား နမူနာယူ၍ ရခိုင်စာပေအဖြစ် တည်ထွင်ခဲ့ခြင်း မဟုတ်ပေ။ ဆိုလိုသည်မှာ လက်တင်အက္ခရာတို့အား နမူနာယူ၍ (အသုံးပြု၍) မလေရှား၊ အင်ဒိုနီးယား၊ ဗီယက်နာမ် နိုင်ငံများ စာပေတီထွင်ခဲ့သော်လည်း ရေးသည့် အသံထွက်များ၊ ဖတ်ပြလျှင် နား လည်မှုများမှာ သက်ဆိုင်ရာ လူမျိုးတို့သာ ဖြစ်ပေသည်။ ဥပမာ ဗီယက်နာမ်စာတစ်ပိုဒ်အား လက်တင် အက္ခရာ များဖြင့် ရေးထားသော်လည်း- ထိုစာပိုဒ်အား အင်္ဂလိပ်တို့အား သော်လည်းကောင်း ပြင်သစ်တို့အားသော်လည်း ကောင်း ဖတ်ခိုင်းသော် ဖတ်နိုင်မည် မဟုတ်သကဲ့သို့ ဖတ်ပြ၍ နားထောင်ခိုင်းလျှင်လည်း နားလည်မည် မဟုတ် ပေ။ 
သို့သော် ရှေးဟောင်း ရခိုင်ကျောက်စာတို့အား ဖတ်ခိုင်းလျှင် သို့မဟုတ် ဖတ်ပြ၍ နားထောင်ခိုင်းလျှင် ရိုဟင်ဂျာ ရှေးဟောင်းပူတီ ဆရာများ ဖတ်နိုင်သည်၊ နားလည်နေသည်မှာ အံ့သြလောက်မည် မဟုတ်ပေ။ ထို ကျောက်စာ တို့အား ဖတ်ပြလျှင် ယခုခေတ် ရိုဟင်ဂျာများပင် အနည်းဆုံး ထက်ဝက်ခန့်နားလည်နေပေသည်။ ယခုအခါ ရခိုင်စစ်စစ်ဟု ခံယူထားသူများမှာ ထိုကျောက်စာတို့အား မဖတ်နိုင်ယုံမျှမက ဖတ်ပြလျှင်လည်း တစ်လုံးတစ်ပါဒ မျှနားလည်ခြင်း မရှိပေ။- သို့ဖြစ်လျှင် ထိုဒါန်န၀ဒီ (ဓည၀တီ)ခေတ်မှ အုပ်ချုပ်သူများသည်- မိမိတို့၏ သမိုင်း မော်ကွန်းတို့အား ရေးထိုးရန် မိမိတိုင်းပြည်မှ မဟုတ်သော တိုင်းတစ်ပါးသား စာပေပညာရှင်တို့အား ပင့်ဆောင် လျှက်- မိမိနှင့် မိမိ၏ တိုင်းသူပြည်သား တစ်ဦးတစ်ယောက်မှ မတတ်သည့် ဘာသာစကား၊ ဖတ်ပြလျှင်လည်း နားမလည်သည့် ဘာသာစကားဖြင့် ရေးထိုးခဲ့ပါသလား၊- သို့မဟုတ် ဘုရင်မင်းများ အပါအ၀င် တိုင်းပြည်မှ စာ တတ်ပေတတ်များ တတ်သော၊ နားလည်သော ဘာသာစကားဖြင့်သာ ရေးထိုးခဲ့ပါသလား- ဆိုသည်မှာ ကမ္ဘာ့ ပညာရှင်များရှေ့မှောက်၌ အထူးအထွေ အဖြေထုတ်ပေးရန် လိုမည် မထင်ပါ။ 
(လက်ရှိမြန်မာနိုင်ငံဟု သတ်မှတ်သည့် ဧရိယာ၏ ထိပ်ပိုင်းဖြစ်သည့် ချင်းတွင်းမြစ်ဖျားဒေသသည်လည်း မောရိ ယ အင်ပါယာအတွင်းသို့ အနည်းငယ် ပါဝင်ခဲ့သည်။ ဗုဒ္ဓဂေါတမသည် မောရိယ အင်ပါယာအတွင်း ဖွားမြင်ပွင့် ပေါ်သည့်အပြင် မောရိယအင်ပါယာ၏ သြဇာတက္ကိမကြီးသော အာသောကမင်းကြီးက ဗုဒ္ဓဂေါတမ၏ သာသနာ အား ဖြန့်ချီ အားပေးခြင်းများကြောင့် ဗုဒ္ဓဘာသာသည် မြန်မာနိုင်ငံအတွင်းသို့ အနောက်ဖက်တစ်ပိုင်းလုံးမှ ဖြန့်လျှက် ၀င်ရောက်လာခဲ့ပေသည်။) 
ဒါန်န၀ဒီ (ဓည၀တီ)မှ ခေတ်နောက်ပိုင်းမှ စတင်ဝင်ရောက်လာသော ဗုဒ္ဓသာသနာသည် ယခု ရခိုင်နယ်ဟု သတ်မှတ်ထားသည့် ဒေသ၏ အနောက်ပိုင်းမှ ၀င်လာခဲ့ပြီး- ဒါန်န၀ဒီ (ဓည၀တီ) ဗလ်ဆာလီ (ဝေသာလီ)ထိ ထိုဒေသများတွင် ရှေးဟောင်းလူမျိုးနှင့် မာဂဓအင်ပါယာမှ ကပြားများ- သာ ကြီးစိုးနေထိုင်ခဲ့သည်။ သို့ဖြစ်၍ ထို ဘာသာစကားသည် မာရ်မာကီး၊ ရိုဟင်ဂျာ၊ ဒိုင်းနက် လူမျိုးတို့၏ ဘာသာစကားဖြစ် နေခြင်းပင်။ ဗယ်ဆာလီ (ဝေသာလီ) ခေတ်နှောင်းပိုင်းတွင် လက်ရှိရခိုင်နယ်၏ တောင်ပိုင်းဒေသများမှ (ဗမာဖြစ်လာမည့်- ကမ်းယံ၊ သက်) လူမျိုးစုများ (ထိုလူမျိုးစုများမှာ မြန်မာနိုင်ငံဘက်မှ တောင်ကုတ်တောင်ကြားလမ်း၊ အမ်းတောင်ကြား လမ်း၊ ဂွတောင်ကြား လမ်းများကို ဖြတ် ကျော်လျှက် ရောက်ရှိလာသော လူမျိုးများ ဖြစ်သည်။- ( ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတမြန်မာနိုင်ငံ- အခြေပြု မြန်မာ့သမိုင်း အတွဲ ၁) ယခင် ဓည၀တီ၊ ဝေသာလီ လူမျိုးတို့မှာ ယခု ရခိုင်နယ်၏ တောင်ပိုင်းဒေသများသို့ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် ပြောင်းရွှေ့နေထိုင် နိုင်ခြင်းများ မများခဲ့ပေ။)- ဗယ်ဆာလီ (ဝေသာလီ)နယ်ထဲသို့ စိမ့်ဝင်လာခဲ့သည်။ 
ထိုလူမျိုးတို့အား ဒါန်န၀တီမှ မူလလူမျိုးများက တောင်ပိုင်းမှ စိမ့်ဝင်လာသူများကို တောသားလူမျိုးစုသဘော၊ ကျေးလက်ဒေသသား လူမျိုးစု သဘောကို ဆောင်၍ “ရက္ခု”ဟု ခေါ်သည်။ (ရိုဟင်ဂျာ စကားအရ ရက္ခု ဆို သည်မှာ tribe (လူမျိုးနွယ်စု တစ်ခု)”ဟူ၍ ဖြစ်သည်။ ထိုလူမျိုးစုမှာ မာဂဓီ ဘာသာစကားကို ပြောဆိုခြင်း ကြောင့် နောင်တွက် မော့ဂ် (မာဂဓီ)ဟု ခေါ်ဆိုလာခဲ့သည်။ သို့သော် ထိုမော့ဂ် များမှာလည်း ဗုဒ္ဓဘာသာ ဇစ် ဖြစ်ဖြစ်၍ (အယူအနည်းငယ်ကွဲခဲ့ဟန်ရှိသော်လည်း)- ဗယ်ဆာလီ (ဝေသာလီ)မှ လူမျိုးများနှင့် ဘာသာယုံကြည် မှု တူညီနေခဲ့၍ ပြသနာ မရှိခဲ့ပေ။ (ဤနေရာ၌ ဆင်ခြင်ရန်မှာ မောရိယ အင်ပါယာသည်လည်း မဂဓ အင်ပါယာ ဖြစ်၍ မာဂဓ အင်ပါယာသုံး ရှေးဟောင်း ဘင်္ဂလီစကားနှင့် မာဂဓ အင်ပါယာသုံး မာဂဓီစကား မတူညီပေ။ မာဂဓီ စကားသည် မာဂဓအင်ပါယာ၏ မြောက်ပိုင်းတစ်ကြော၌ ပြောဆိုသော စကားဖြစ်ခဲ့ပြီး- မြန်မာနိုင်ငံသို့ ချင်းတွင်း မြစ်ဖျားဘက်မှ ဆင်းသက်လာခဲ့ခြင်း ဖြစ်သည်။) 
ဗယ်ဆာလီ (ဝေသာလီ) ခေတ်နောက်ပိုင်းတွင်း မောဂ် (ရက္ခု)များ အင်အားထွားလာပြီး အုပ်ချုပ်ရေးပိုင်းတွင် ပါဝင်လာခဲ့ကြောင်း- အုပ်ချုပ်ရေးဆိုင်ရာ ဘာသာစကား၊ ဘာသာစာပေ အပြောင်းအလည်း ကျောက်စာများ အားဖြင့် သိနိုင်ပေသည်။ ထိုမှစ မူလဘူတလူမျိုးတို့အနေဖြင့် အုပ်ချုပ်ရေးပိုင်းတွင် မှေးမှိန်လာပြီး မောဂ် (ရက္ခု) တို့ အင်အားထွားလာကာ- အေဒီ ၉ ရာစုဆန်းတွင် လေးမြို့မင်းဆက်အား ထူထောင်ခဲ့သည်။ အခြားတစ်ဘက် တွင် အေဒီ ၁၁ ရာစု ဆန်းစ၌ မြို့နိုင်ငံလေးများဖြင့် ကွဲပြဲနေသည့် ဗမာများသည်လည်း အနော်ရထာမင်း၏ လက်အောက်၌ စုစည်းသွားခဲ့ပြီး ဗမာအင်ပါယာ အဖြစ် ထွန်းကားလာခဲ့သည်။ ယခုရခိုင်နယ်၏ တောင်ပိုင်းဒေ သ များမှာ ယခင်မှစ၍ ဗမာမျိုးနွယ်များ ပြန့်ပွားပြီး ဒေသဖြစ်သဖြင့် အင်အားထွားလာသော ဗမာများက လေးမြို့ မင်းဆက်အား လက်အောက်ခံနိုင်ငံငယ် အဖြစ် သိမ်းပိုက်သတ်မှတ်ခဲ့ပေသည်။ 
ထိုအခါ လေးမြို့ခေတ် နှောင်းပိုင်း ရက္ခု (ရခိုင်) ဘုရင်များ သြဇာ မှေးမှိန်ခဲ့ရသော်လည်း- ရက္ခု ဟုခေါ်သည့် လူမျိုးမှာ ယခင်ကပင် ဗမာမျိုးနွယ်မှ ဖြစ်ခြင်းကြောင့် ဗမာအင်ပါယာ၏ လက်အောက်၌ တောင်ပိုင်းမြောက်ပိုင်း ပေါင်းစပ်လျှက် ယခုရခိုင်ဟု ခေါ်သော ဒေသ၌ ဗမာစကား (ရှေးဟောင်းဗမာစကား)ပြော လူဦးရေမှာ များပြား ခဲ့ပြီး ဓည၀တီ၊ ဝေသာလီမှ မူလဘူတ လူမျိုးစုတို့ လူနည်းစု ဖြစ်ခဲ့ရသည်။ သို့သော် ဗမာလက်အောက်ခံ အောက်၌ ရက္ခုရော- မူလလူမျိုးပါ အာဏာရှိသူများ မဟုတ်သဖြင့် အာဏာလုရန် အကြောင်းမရှိ-၊ ဘာသာတူ နေသဖြင့် ဘာသာရေးအရ ရန်ဖြစ်ရန် အကြောင်းမရှိဘဲလျှက် ပြသနာကြီးကျယ်ခြင်းများ မတွေ့ရသည့်အပြင်- ရံဖန်ရံခါ- ဗမာတို့အား တော်လှန်ရန်အတွက် ပူးပေါင်းညီညွတ်ခဲ့သည့် အခြေအနေများကိုလည်း တွေ့ရသည်။ 
ဤခေတ်ကာလများသည်- ယခု ရခိုင်ဟု ခေါ်တွင်သော နယ်ထဲ၌ ရခိုင်၏ မြောက်ဘက်မှ ၀င်ရောက်လာခဲ့သော မူလဘူတလူမျိုး သို့မဟုတ် တိဘက်မြန်မာများထက် လွန်စွာ ရှေးကျသောလူမျိုး Negrito (အသားမဲသည့် လူ မျိုးနွယ်)များနှင့် နောက်ပိုင်းဝင်လာသော တိဘက်မြန်မာလူမျိုးတို့ လူမျိုးကြီးနှစ်ခု ထိပ်တိုက်တိုးသော ကာလ လည်း ဖြစ်ခဲ့သည်။ 
ဆက်လက်ဖေါ်ပြပါမည်။ 
ဌေးလွင်ဦး

No comments:

Post a Comment