Saturday 26 January 2013

ငြိမ်းချမ်းစွာအတူရှင်တွဲနေထိုင်စေချင်သည်။

 ရခိုင်ပြည်နယ်အတွင်း မတရားအကြမ်းဖက် သတ်ဖြတ်ခဲ့မှုများကို ကြည့်ပြီး ကမ္ဘာ့လူခတ်သိမ်းတို့က အမျိုးမျိုးဝေဖန်ခဲ့ကြ ပါတယ်။မြန်မာသမိုးင်းတွင် တစ်ခါမျှမဖြစ်ခဲ့ဖူးတဲ့အဖြစ်တစ်ခုဆိုတာ အားလုံးက မှတ်ချက်ပေးခဲ့ကြပါတယ်။ ကောင်းပြီ ဒီပြသနာအရပ်ရပ်ကို ဘယ်သူက ဦးဆောင်လုပ်သလဲဆိုတာကမေးခွန်းတစ်ခုပါ။ ဒါရည်ရွယ်ချက်ရှိရှိလုပ်တယ်ဆိုတာက အခိုင်အမာပြေားရဲးတဲ့ ကိစ္စတစ်ခုဘဲ။ဘယ်သူ့အပေါ်မှာတာဝန်အရှိဆုံးလဲ၊ ဘယ်သူကဒီပြသနာကို ကိုင်တွယ်ဖြေရှင်းရမလဲ၊ ဒီပြသနာအတွက် ဘယ်သူကတာဝန်ခံမှာလဲဆိုတာက ရှိလာပြန်တယ်။အဲတော့ ကျွန်တော်အနေနဲ့လည်း ပြန်စဉ်းစာကြည့် တော့ ဟုတ်ပါတယ် ဒီပြသနာအတွက် မြန်မာနိုင်ငံတွင် ဦးဆောင်ဖြေရှင်းပေးမယ့်သူ တစ်ဦးတစ်ယောက်မျှ မရှိဘူးဆိုတဲ့ကိစ္စ အပေါ်ကျွန်တော် တော်တော်အစာမကြေဖြစ်ခဲ့တယ်။ကောင်းပြီး ဆက်ပြေားပါမယ် ကျွန်တော်တစ်ခုသွားသတိရမိတယ် တစ်ချိန်တုန်းက အမေရိကန်ပြည်ထောင်စုမှာလည်း ဒီလိုအဖြစ်အပျက်လေးတစ်ခုဖြစ်ခဲ့ဘူးတယ်။
အဲဒါလေးကို ကျွန်တော် အရင်ရှင်းပြပါမယ်။တစ်ချိန်က ငွေဝယ်ကျွန်အဖြစ်အသုံးပြုခြင်းခံခဲ့ရသော နီဂရိုးလူမည်းများကို အမေရိကန် သမ္မတ အီဗရာဟင်မ် လင်ကွန်းလက်ထက်မှာ ကျွန်အဖြစ်မှ လွပ်လပ်ခွင့်ပေးခဲ့ပါတယ်။ထိုကစ္စကိုမကြေနပ်တဲ့ လူဖြူတစ်ဦးက သမ္မတအီဗရာဟင်မ် လင်ကွန်းကို လုပ်ကြံသတ်ဖြတ်ခဲ့ပါတယ်။ နောင်တွင် (Ku Klux Klan) ဆိုတဲ့ ကေသုံးလုံး ကိုဏ်းကိုထူထောင်ပြီး လူမည်းတွေ ကို သတ်ဖြတ်ခဲ့ပါတယ်။လူမည်းထောင်ပေါင်းများစွာဟာ လူငါးသိန်ကျော်လောက်နဲ့ ဖွဲ့စည်းထားတဲ့ ကေသုံးလုံးကိုဏ်မှ မတရာသတ်ဖြတ်ခြင်းကို ခံခဲ့ကြရပါတယ်။ထိုကေသုံးလုံးကိုဏ်းကို အမေရိကန် ကွန်ဂရက် လွှတ်တော်က ဥပဒေဖြင့် (မတရားအသင်းဟု) ကြေငြာခဲ့ပါတယ်။လူဖြူတွေရဲ့အဓိက ရည်ရွယ်ချက်ကတော့ လူမည်မှန်သမျှဟာ ငွေဝယ်ကျွန်အဖြစ်နဲ့ ဘဲနေထိုင်ဖို့ပါ။
(၁)လူမဲများသည် လူဖြူများအသုံးပြုသော အိမ်သာကို မတက်ရ။
(၂)ဘစ်ကားပေါ်တွင် လူဖြူများဝင်လာပါက လူမဲမှထပေးရမည်။
(၃)လူဖြူကလေးငယ် တက်သောကျောင်းတွင် လူမဲကလေးမတက်ရ။
(၄)လူဖြူစားသောင်ဆိုင်အတွင် လူမဲမ၀င်ရ။
(၅)လူဖြူကြိုက်သောနေရာတွင် လူမဲများ အိမ်ငှားနေခွင့်မရှိ။
(၆)လမ်းမကြီးပလက်ဖောင်းပေါ်တွင် လူဖြူက လမ်းလျှောက်လာပါက လူမဲမှပလက်ဖောင်အောက်ကို ဆင်းပေးရသည်။
(၇)(၁၄)နှစ်သားလူမဲမှ မျက်နှာဖြူမလေးကို ရည်းစားစကားလိုက်ပြေားသဖြင့် ကေသုံးမှ လိုက်လံရှာဖွေသတ်ဖြတ်ခဲ့သည်။ (၈)လူမဲများ မဲပေးပိုင်ခွင့်မရှိ။
ဒီလိုမျိုးတွေခွဲးခြားကန်သတ်လာခဲ့ကြတာ နှစ်ပေါင်းတော်တော်များများပေါ့။ နောက်တော့လူမဲတွေကို ဦးဆောင်မှု့ပေးနိုင်တဲ့ ပုဂ္ဂိုလ်တစ်ဦးပေါ်ထွန်းလာခဲ့ပါတယ် သူ့နာမည်က Malcolm X တဲ့ သူဟာလူမဲတွေ အနှိမ်ခံဘ၀မှာနေရတဲ့အတွက် များစွာဝမ်းနဲးခဲ့ပါတယ်။ နောက်တော့သူထောင်ကျတယ် ထောင်ထဲမှာ တကယ်နိုင်ငံခေါင်းဆောင်တွေနဲ့သူတွေ့ခဲ့တယ် စာအုပ်စာပေတွေကို သူလေ့လာတယ်။ အဲဒီမှာသူတကယ်လိုချင်တဲ့ လူဖြူလူမဲခွဲးခြားတဲ့ပြသနာကို သူသွားတွေ့တယ် အစ္စလာမ်သာသနာမှာ လူဖြူလူမဲခွဲးခြားမှူ မရှိတာကို သူသွားတွေ့တယ် ထောင်ထဲမှာအစ္စလာမ်ကိုလက်ခံလိုက်တယ် ကမ္ဘာကြီးတိုးတက် ပြောင်းလဲ လာသည်နှင့် တစ်ပြေးညီ ဒီမိုကရေစီဆောင်ရွက်ချက်တွေဟာလည်း တစ်ဖြေးဖြေးနဲ့ ရှင်သန်လာခဲ့ပါတယ်။ သူထောင်ကနေထွက်လာတော့ လူမဲတွေကို မိန်ခွန်တွေခဏခဏပြေားခွင့်ရတယ်။ လူမဲတွေလဲသူ လက်ခံတဲ့ အစ္စလာမ်ကို လက်ခံလာခဲ့ကြတယ်။ နောက်ဆုံးမှာတော့ Malcolm X မိန့်ခွန်းပြေားနေစဉ်မှာဘဲ လူဖြူ ကေသုံးလုံဂိုဏ်မှ လူသတ်သမားသုံဦးရဲ အကြမ်းဖက် ၀င်ရောက်ခါ တရစက်ပြစ်ခတ်ခြင်းကို ခံလိုက်ရရှာပါတယ်။ အဲဒီမှာဘဲ သတ်နပ် ဆယ်နှစ်ချက်ထိမှန်ပြီး အလ္လာဟ်သျှင်မြတ်အမိန့်တော်ခံယူခဲ့ပါတယ်။ ကျွန်တော်ဒီအကြောင်းကို ဘာကြောင့်အခုလို Malcolm X နဲ့ လူမဲအကြောင်းကိုမှ ရွေးချယ်ပြီး ပြေားခဲ့ရသလဲဆိုတာ ပြန်ရှင်းပြပါ့မယ်။ လက်ရှိကျွန်တော်တို နိုင်ငံတွင် ဖြစ်ပွားခဲ့တဲ့ ပြသနာများကို ပြန်သုံးသတ်မိလို့ပါ။ သေချာလေ့လာကြည့်ပါ။ နောက်ဆုံးမှာအချက်နှစ်ခုဘဲကွားခြားနေတာကို တွေရမှာဖြစ်ပြီး အကုန်တူညီနေတာကိုတွေ့ရမှာပါ။
(၁)ကုလား ကုလားဟုခေါ်ပြီး လူကို အနိမ်ခံဘ၀မှာထားခြင်း
(၂)ရခိုင်တွေဘဲ မြန်မာပြည်အနှံ မည်သည့်နေရာမဆိုသွားခွင့်ရှိပြီး ကုလားဆိုတဲ့ အနှိမ်ခံတွေက တောင်ကုပ်လောက်ထိလာ လို့ လူဆယ်ဦးကိုသတ်ပြစ်ခြင်း။
(၃)ဒီရပ်ကွက်၊ ဒီလမ်း၊ ဒီမြေ၊ ဒီနေရာဟာ ငါတို့နေရာ ကုလားတွေလာနေပိုင်ခွင့်မရှိဟု ခွဲးခြားထားခြင်း။
(၄)ခေတ်အဆက်ဆက်ကနေမှ စရ်ျ ကုလားမျာကို သုတ်သင်ရှင်လင်းလာခဲ့တာ သမ္မတဦးသိန်းစိန်အလှည့်တွင် ကုလားများ မျိုးတုန်းသတ်ဖြတ်ခံလိုက်ရခြင်း။
(၅) ကုလားများကို လွှတ်တော်ဆိုတဲ့နေရာတွင် မထိုက်တန်ပါဟုဆိုကာ ဖယ်ထုတ်ပေးရန်တောင်ဆိုနေကြခြင်း။
(၆)ကုလားများဆိုင်တွင်ဈေးမ၀ယ်ရ၊ ကုလားများနှင့်အိမ်ထောင်မပြုရ၊ ကုလားဆိုသူနှင့်လုံးဝ ပတ်သတ်မှူမရှိစေရလို့ တောင်း ဆိုနေခြင်း။
(၇)မည်သည့်ဥပဒေနှင့်မျှ ကုလားများကို နိုင်ငံသား/တိုင်းရင်းသားထဲသို့ မ၀င်လာအောင် အာဏာပိုင်းများမှ အစပြုရ်ျဖန်တီးနေခြင်းတို့သည်။ လူသားချင်းခွဲးခြား ဆက်စံမှူသာဖြစ်ပြီး။မြန်မာပြည်၏ ဒီမိုကရေစီပင်လျှင် ကုလားများအား ငရဲးတွင်းသို့တွန်းချခံလိုက်ရခြင်းပင်ဖြစ်သည်။ အဲတော့ကျွန်တော်တို့ ဒီမိုကရေစီဘက်တော်သား ညီနောင်မွတ်စလင် အပေါင်းတို့ ကျွန်တော်တို့၏ ဒီမိုကရေစီသည် ကျွန်တော်တို့ညီနောင်များအား အရှင်လတ်လတ် အရေခွန်စုတ်သလို ဖြစ်နေ ပါသဖြင့် ဒီမိုကရစီလှုတ်လျှားဆောင်ရွက်သူ ညီနောင်မွတ်စလင်များအနေဖြင့် မိမိတို့လှုတ်လျှားဆောင်ရွက်နေသော ဒီမိုကရေစီသည် မည်သည့် ဒီမိုကရေစီဖြစ်နေသည်ကို အထူးသတိပေးအပ်ပါသည်။
ကောင်းပါပြီ အထက်တွင်ဖော်ပြခဲ့သေား လူမဲများအကြောင်းနှင့် ကုလားများအကြောင်းကို ကောင်းမွန်စွာသိရှိပြီးဖြစ်သည်ဟု မျော်လင့်မိပါသည်။ ဆက်လက်တင်ပြရန်အနည်းငယ်သာကျန်ပါတော့သည်။ အခုလိုစိတ်ရှည်သည်းခံစွာ ဖက်ကြားပေး သူတိုင်းအား ကျွန်တော် အောင်ကျော်မိုး ကျေးဇူးတင်မဆုံးဖြစ်မိပါသည်။နိဂရိုးလူမျိုးများဟု လူဖြူများမှ လူမဲများအား ခေါ် ဝေါ်ခြင်းကို လူမဲများအလွန်စိတ်ဆိုးသည် ဒီလိုခေါ်ဝေါ်နေခြင်းမျိုးကို မကြိုက်ပါ။သို့သော်လည်း လူဖြူများက ခေါ်သည်။ မကြိုက်မှန်သိသည်။ သို့သော်ခေါ်သည်။ အဲဒီလိုဘဲကုလားများဟုခေါ်ဝေါ်ခံနေကြသူများသည် အစ္စလာမ်ဘာသာ ကိုးကွယ် ပြီး မွတ်စလင်ဟု တကမ္ဘာလုံးက အသိအမှတ်ပြုခေါ်ဝေါ်နေကြသော်လည်း မြန်မာပြည်ရှိ စာတက်ပေတက်ပုဂ္ဂိုလ်ကြီးများက ကုလားဟုပင်ခေါ်ဝေါ်နေကြသည်။ ကုလားဟုခေါ်သော် မကြိုက်ပါ၊သို့သော် မကြိုက်မှန်းသိသည် ခေါ်သည်။မည်သို့ပင်ဖြစ် ပါစေ လူတစ်ဦးတစ်ယောက်က မကြိုက်သည်ကို ပြုမူခြင်း၊ ပြေားဆိုခြင်း၊ ပြုလုပ်ခြင်း အစရှိသည်တို့သည် မည်သည့် တရာတော်နှင့်မျှ မကိုက်ညီပါသဖြင့် ဒီစာကိုဖက်ပြီး ပြုပြင်မည်ဆိုပါက များစွာဝမ်းသာမိပါသည်။ အမေရိကန်နိုင်ငံတွင် လူဖြူ/လူမဲ ပြသနာသည် တစ်ဖြေးဖြေးနှင့် လျှော့သွားပြီး လက်ရှိအချိန်တွင် လူမဲဘက်မှ သမ္မတအဆင့်ထိ ဖြစ်ခွင့်ရရှိခဲ့ပြီး မိမိတို့နိုင်ငံမက တစ်ခြားသော နိုင်ငံများအပေါ်သို့ပါလွှမ်းမိုးနိုင်ခဲ့ပြီးဖြစ်သည်။ လက်ရှိ အမေရိကန်သမ္မတ အိုဘားမားသည် လူမဲထဲမှ ပေါက်ဖွားလာသော်လည်း အမေရိကန် တစ်မျိုးသားလုံးက လေးစားကြည်ညိုကြသည်။ အားကိုးကြသည်။ မိမိတို့သည် မိမိတို့နိုင်ငံတွင် လူဖြူ/လူမဲ မခွဲးခြားဘဲ ရှေ့ဆက်သွားမည် မူဝါဒလမ်းစဉ်းများကို မှန်မှန်ကန်ကန် သိမြင်ပြီး ဒီမိုကရေစီ၏ အနှစ်သာရကိုရင်ဝယ်ပိုက်ခါ မိမိတို့၏ တိုတောင်းသော ဘ၀ကို ပေါ့ပေါ့ပါးပါးဖြတ်သန်း နေကြသည်။ထိုကဲ့သို ပင်ကျွုန်ုပ်တို့ နိုင်ငံသည်ပင် အီကဲ့သို့ဖြစ်လာစေချင်သည် ငြိမ်းချမ်းစွာအတူရှင်တွဲနေထိုင်စေချင်သည်။ မိမိတို့ဘ၀မှာ အသက်အိုးအိမ် အတွက် ဘစ၏အာမခံချက်လိုချင်သည်။ မည်သည့်ဘာသာဝင်မဆို ခွဲးခြားဆက်စံခြင်းမပြုဘဲ တစ်ဦးကို တစ်ဦး လူ့ဂုဏ်သိက္ခာရှိခြင်းကို သိရှိပြီး အပြန်အလှန်လေးစားစွာ အတူယှဉ်တွဲနေထိုင်ချင်သည်။ ဖွံဖြိုးတိုးတက်သောနိုင်ငံ တစ်ခုအဖြစ် ရပ်တည်လာနိုင်သည့် အချိန်တွင် မိမိတို့၏ အတူတစ်ကွ ကြိုးစားအားထုတ်မှူကို ပုံဖော်ကာ ကြည်နူးဝမ်း သာရခြင်းဟူသော အရသာကို ခံစားချင်သည်။လက်ရှိအစိုးရတစ်ရပ်သည် နောက်နှစ်ပေါင်းများစွာ ပြည်သူဆန္ဒနှင့်အညီ အုပ်ချုပ်မည်ဆိုပါက များစွာဂုဏ်ပြုဝမ်းသာမိပါသည်။ သို့သော်လည်း လက်ရှိအခြေနေတွင် ဖြစ်ပွားခဲ့သော်ပြသနာများအား တာဝန်ယူရန် အထက်ပါစာကြောင်းများမှာ ဖော်ပြခဲ့ခြင်းဖြစ်သည်။နိုင်ငံတစ်နိုင်ငံဟု မဆိုထားနှင့် မည်သည့်ကိစ္စအသေးအဖွဲး ပင်ဖြစ်နေပါစေ တာဝန်ယူမှု၊ တာဝန်ခံမှုဆိုတာ ရှိစမြဲပင်၊ ဒါကြောင့် နိုင်ငံတော်သမ္မကြီးနှင့် ပြည်သူလူထုတစ်ရပ်လုံးအား ကျွန်တော်၏ အားနည်းချက်ကြောင့် ပုံဖော်ပြေားဆိုနိုင်ခြင်း မရှိသော အကြောင်အရာကိစ္စတစ်ချိုကိ အမေရိကန် နိုင်ငံ၏ လူမဲပြသနာတစ်ရပ်ဖြင့် ပုံဖော်ပြခြင်းဖြစ်ပါသည်။ ဒီစာကိုဖက်နေစဉ်အချိန်အတွင် အောင်ကျော်မိုး၏ ရင်တွင်စိတ်စေတနာ အမှန်ကို သိရှိနိုင်မည်ဟု မျော်လင့်မိပါသည်။တစ်ခါတစ်ရံ လူ့သဘာဝနှင့် အညီ ဒေါးသဖြစ်မှူများကိုလည်း ပွင့်လင်းစွာ ပုံဖော်ပြသလျှက်ရှိပါသည်။သိုသော် အောင်ကျော်မိုး၏ မည်သည့် ပုံဖော်မှူကိုမဆို နိုင်ငံတော်အစိုးရနှင့် ပြည်သူတစ်ရပ်လုံးကို ကောင်းစားစေလိုသော ကြောင့်ဖြစ်သည်ကို မိမိရင်ဝယ်အတွင် မှတ်သားပေးပါရန်တောင်ဆိုအပ်ပါသည်။ ဆက်လက် ရ်ျလည်း တိုင်ပြည်ကောင်းကျိုးအတွက် ဆောင်ရွက်သွားမည်ဟု အဆုံးအဖြတ်ပြုပါသည်။ နိုင်ငံတစ်ဝှမ်း ချစ်ခင် လေးစားစွာဖြင့် နိုင်ငံအကျိုး ပြည်သူ့အကျိုးကို အပြန်အလှန်ဆက်သွယ် ဆောင်ရွက်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း
အောင်ကျော်မိုး
ဗမာ့တိုင်းရင်းသားမွတ်စလင်
E-mail : burmanativemuslim@gmail.com,

No comments:

Post a Comment