Tuesday 12 March 2013

၊ငြိမ်းချမ်းရေးစကားတစ်ခွန်းလောက်ပြေားဖို့အတွက် ၀န်လေးနေတဲ့ ဒီလိုအဆိုးရတွေက တိုင်းပြည်အတွက် ဘယ်နေရာမျာသုံးစားလို့ရမှာလဲဆိုတာ စဉ်းစားဖို့လိုပါတယ်။


အခုတလေားမှာခေတ်စားနေတာက (၉၆၉)ဆိုတဲ့ အကြမ်းဖက်သမားများအဖွဲ့ပါ။ ထိုအဖွဲ့ကို ရက်သမားများနဲ့ အကြမ်းဖက်သမားတွေကဖွဲ့စည်းထားတာပါ အဓိကလုပ်ဆောင်ချက်ကတော့ အစ္စလာမ်ဘာသာကိုးကွယ်သူမှန်သမျှ မြန်မာ့မြေပေါ်မှအပြီးအပိုင်ထွက်ခွာသွားရေပင်ဖြစ်ပါသည်။ အခုလက်ရှိတွင်ဆောင်ရွက်နေသေားအချက်များမှာ ကုလားဆိုင်ဈေးမ၀ယ်ရ၊ ကုလားနှင့်စကားမပြေားရ၊ ကုလားများနှင့်မဆက်သွယ်ရလို့လိုက်လံစည်းရုံးလှုံဆော်နေပါတယ်။(၉၆၉)ဆိုပြီးအမည်တပ်ပြီး အကြမ်းဖက်သမားများအုပ်စုဟာ ရရင်ရသလို လစ်ရင်လစ်သလို မွတ်စလင်မ်တွေအပေါ်မှာ နည်းမျိုးစုံနဲ့ဒုက္ခပေးနေခြင်းကို မည်သည့်အစိုးရ၊ မည်သည့်နိုင်ငံရေးပါတီ၊ မည်သည့်အဖွဲ့အစည်းကမှ ၀င်ရောက်မတားဆီးတဲ့အပြင် တစ်ချို့အဖွဲ့အစည်းများက နောက်ကွယ်ကနေ ပံပိုးကူညီနေတယ်လို့သိရပါတယ်။
အဆိုပါမတရားမှုကို အားပေးအားမြှောက်လုပ်နေသူများ၊ မဆိုင်သလိုလက်ပိုက်ကြည့်နေသူများ၊ နောက်ကွယ်ကကျော်ထောက်နောက်ခံပံပိုးကူညီနေသူများ အစရှိသောအဖွဲ့အစည်းအသီးသီးတို့သည် မည်သည့်အတွက်ကြောင့် ဒီလိုပြုလုပ်နေသည်ကို အလေးထားစဉ်းစားဖို့လိုအပ်လာပါသည်။မည်သည့်အတွက်ကြောင့် ဒီလိုပြုမှုနေခြင်းကိုမည်သူမျှဝင်ရောက်စွတ်ဖက်ခြင်းမရှိပဲ ရှောင်ဖယ်နေရပါသနည်း။ ပြသနာဖြစ်မှုသည့် ပေါ့တန်ရာကိစ္စပင်မဟုတ်ပါသလေား။ ဒီလိုပြသနာသည် နှစ်ဖက်ပြည်သူအားလုံးနစ်နာရမည့်ကိစ္စမဟုတ်ပါသလား။ လူထုကိုပလင်ပေါ်တက်(မတရားဟေားပြီး)စည်းရုံးနေခြင်းဟာ သူတော်မွန်တို့၏လုပ်ရပ်ဖြစ်ပါသလား အီသို့ဆိုလျှင် ဗုဓ္ဒဘာသာရဲ့အနှစ်သာရတရားသည်အဘယ်နည်း။အဘယ်အရာသည် ဗုဓ္ဒဘာသာ တရားဟုထုတ်ဖော်ပြသမည်နည်း။ စဉ်းစားကြည့်ကြပါ ဥာဏ်ကြီးရှင်တို့ မိမိတို့၏ဘာသာတရားကို မိမိလက်ဖြင့်ပျက်စီးရာ ပျက်စီးကြောင်းကို လုပ်နေခြင်းသည်။အခြားဘာသာတိုးတက်မှုကို အားပေးထောက်ခံသလိုမဖြစ်နေဘူးလား၊ တကယ်ပဲ ဒီပြနာအရ မွတ်စလင်တွေ ဒီနိုင်ငံကထွက်သွားဖို့ဖြစ်နိုင်သလား အမျိုးပျောက်မှာ ဆိုးကြောက်သူတို့ သေချာစဉ်းစားပြီးမှလည်းလုပ်ပါ။ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်လို့ပြေားနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကကော ဒီပြသနာအပေါ်ဘယ်လိုသဘေားထားလဲဆိုတာအခုအချိန်အထိမသိရသေးပါဘူး။ အခုအချိန်အထိငြိမ်းချမ်းစွာနေထိုင်ဖို့ နှစ်ဖက်ပြည်သူတွေကို ဘာတစ်ခွန်းမှမပြေားခဲပါဘူး။ ထိုနည်းတူစွာသမ္မတဦးသိန်းစိန်ကလည်း ပြည်သူတွေအပေါ် ဘယ်လိုသဘေားထားထုတ်ပြန်မှုမှမရှိသေပါ၊ငြိမ်းချမ်းရေးစကားတစ်ခွန်းလောက်ပြေားဖို့အတွက် ၀န်လေးနေတဲ့ ဒီလိုအဆိုးရတွေက တိုင်းပြည်အတွက် ဘယ်နေရာမျာသုံးစားလို့ရမှာလဲဆိုတာ စဉ်းစားဖို့လိုပါတယ်။ ငြိမ်းချမ်းရေးအတွက်တစ်စုံတစ် ခုပြေားခဲ့မယ်ဆိုရင် ဖြစ်နေတဲ့ပြသနာတွေတော်တော် လည်းကြေအေးသွားစရာ အကြောင်းရှိပါတယ်။

No comments:

Post a Comment