Tuesday 12 March 2013

အစ္စလာမ်ဇာတိမာန် မြန်မာမွတ်စလင်မ်ဆိုတာ မြန်မာပြည်လွတ်လပ်ရေးရပြီးနောက်ပိုင်းမှ လူများစုဖြစ်လာသည်မဟုတ် အင်္ဂလိပ်အဆိုးရမအုပ်ချုပ်ခင်အချိန်အရင်ကထဲးက အင်အားကြီးမားသော လူဦးရေကိုပိုင်ဆိုင်ခဲ့တာဖြစ်တယ်။ တိုင်းရင်းသား ရာနဲ့ချီပြီး တစ်မျိုးစီ စီတန်းလိုက်ရင် ငါတို့မြန်မာမွတ်စလင်သည် မြန်မာနိုင်ငံ၏ ဒုတိယလူဦးရေပိုင်ဆိုင်ထားခြင်းဖြစ်တယ်။


 မြန်မာအဆိုးရသည် တိုင်းရင်းသားမျိုးနွယ်စု တစ်စုအတွင်း တစ်ဦးတစ်ယောက်တည်းကျံတဲ့တိုင်းရင်းသားတွေကို လိုက်လံထိန်းသိမ်းနေတယ်ဆိုရင် ငါတို့သည် အမိမြန်မာနိုင်ငံ၏ ဒုတိယလူဦးရေအများဆုံးဖြစ်နေတဲ့ မြန်မာမွတ်စလင်မ်တွေကို အဘယ်ကြောင့်မထိန်သိမ်းဘဲရှိနေသနည်း။ငါတို့သည် အဖဘက်မှသော်၎င်း အမိဘက်မှသော်၎င်း အမိအဖနှစ်ပါးစလုံးဘက်မှသော်၎င်း တိုင်းရင်းသားများအမှန်စဉ်စစ် ဖြစ်ခဲ့ကြသည် ကို ခေတ်အဆက်ဆက်က မြန်မာသမိုင်းပညာရှင်းများမသိလေသလေား။ သို့မဟုတ် မသိကျိုးကျွန်ပြုခဲ့လေသလေား၊ အီကဲ့သို့ အဘယ်ကြောင့်ဖြစ်ရသနည်း ဆိုသည်ကိုငါတို့စဉ်းစားကြရပေမည်။ငါတို့၏ ဘိုးဘေဘီဘင် မြန်မာများသည် အစ္စလာမ်သာသနာကိုသက်ဝင်ယုံကြည်ခဲ့ပြီး ယခုအချိန်အထိအစ္စလာမ် သာသနာကိုတည်တံခိုင်မြဲးအောင်ယုံကြည်ကိုးကွယ်နေခြင်းကြောင့်ဖြစ်သည်။ လက်ရှိခေတ်သမ္မရတွင် မြန်မာမွတ်စလင်အမျိုးသားများသည် ကုရ်သာအင်္ကျိအရှည်များဝတ်ဆင်ခြင်း၊ ဗလီဦးထုတ်ဆောင်းခြင်း၊ မုတ်ဆိတ်ထားခြင်း စသည်တို့သည် မြန်မာ့ယဉ်ကျေးမှုနှင့်မသက်ဆိုင်ဟုပြေားဆိုနေကြသည်။
မည်သို့ပင်ဆိုစေ ငါတို့သည် မည်သည့်အ၀တ်အစားကိုဝတ်ဆင်ကြသည်ဖြစ်စေ၊ မုတ်ဆိတ်ထားသည်ဖြစ်စေ၊ မထားသည်ဖြစ်စေ ဗလီဥိးထုတ်ဆောင်းသည်ဖြစ်စေ မဆောင်းသည်ဖြစ်စေ မည်သူကကြည်ဖြူလက်ခံသည်ဖြစ်စေ လက်မခံဘဲရှိသည်ဖြစ်စေ၊ ငါတို့သည် မြန်မာမှပေါက်ဖွားလာသေား သူများဖြစ်ကြသည်ကို သတိမူသင့်ဗေသည်။ ၀တ်စားဆင်ယင်မှုကမြန်မာနှင့်တူညီမှ မြန်မာဟုခေါ်တွင်ရမည်မဟုတ်၊ လူတိုင်းသည် မိမိစိတ်တိုင်းကျ ၀တ်စားဆင်ယင်ခွင့်ရှိသည်၊ အစ္စလာမ်တရားတော်အရဆိုရင် လုံခြုံဖို့သာလိုအပ်သည်။ အစ္စလာမ်အမျိုးသမီးများ ဘုရ်ခါ ၀တ်ရုံရှည်ကို ၀တ်ဆင်ခြင်းကြောင့် မြန်မာမဟုတ်တော့ဟုမဆိုနိုင် ငါတို့ကိုးကွယ်သေား ဘာသာတရားက ပြဆိုထားသော မည်သည့်အ၀တ်အစားကို ၀တ်ဆင်သည်ဆိုသည်မှာ ဘာသာတရားပြထမ်းချက်ကြောင့်သာဖြစပြီး၊ မြန်မာယဉ်ကျေးမှုကို ငြင်းပယ်နေသည်မဟုတ်ပေ၊ထို့ကြောင့်ငါတို့သည် မည်သည့်အ၀တ်အစားကိုဝတ်ဆင်မြန်းသည်ဖြစ်စေ၊ ငါတို့၏ရုပ်ရည်သည် မည်သူတို့နှင်ပိုတူသည်ဖြစ်စေ အမှန်စဉ်စစ်ငါတို့သည် မူလဇစ်မြစ်မြန်မာများသာဖြစ်ကြပေသည်။

No comments:

Post a Comment