Tuesday 5 March 2013

ကမ္ဘာအရပ်ရပ်မှာမှီတင်းနေထိုင်သော မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ကြပါစေ လူမျိုးစွဲ၊ ဘာသာစွဲ၊ ပုဂ္ဂိုလ်စွဲ၊ မာနစွဲ၊ အတ္တစွဲ၊ ဒီအစွဲးတွေဖယ်ရှားပြီးတစ်ဦးကိုတစ်ဦး ကာကွယ်စောင့်လျှောက်နိုင်ကြပါစေ လူသားမှန်သမျှ လူသားအချင်းချင်းကို မည်သည့်အသွေးအရောင်မှ မခွဲးခြားဘဲ ချစ်ခင် ရင်နှီးစွာ ပေါင်းသင်းဆက်ဆံ၊ ဆက်သွယ်ဆောင်ရွက်နိုင်ကြပါစေဗျာ



လူဆိုသည်မှာ
          လူဆိုတာ ဘာသာတရားကိုးကွယ်တဲ့သူရှိသလို မကိုးကွယ်တဲ့သူလည်းရှိတယ်။ဘာသာတရား ကိုင်းရှိုင်းသလိုလေး စားလိုက်နာခြင်းမရှိတဲ့သူလဲရှိတယ်။ လူတစ်ယောက်ကို လေးစားစွာဆက်ဆံပေးဖို့ လက်ခံပေးဖို့အတွက် သာသနာ တစ်ခုကို ယုံကြည်ကိုးကွယ်ဖို့ လိုသလား၊ ဘာသာရေးရှိမှ ဆက်ဆံမယ် ဘာသာတူမှဆက်ဆံမယ်လို့သတ်မှတ် လို့ရသလား ဘာသာမဲ့လူတန်းစားကိုကော ဆက်ဆံလို့မရဘူးလား။ လူတစ်ယောက်လို့ လက်ခံဖို့၊ အသိအမှတ်ပြုဖို့ ဆိုရာတွင် ဘာသာ တစ်ခုနှင့် နောက်တစ်ခု တူညီမှရမယ်တဲ့လား။လူတိုင်းဟာ မိမိဘာသာရေးအပေါ်မှာ လေးစားချစ်ခင်သလောက် တစ်ပါးသူ တွေကိုးကွယ်တဲ့ ဘာသာဆိုရင် အမြဲတမ်းမကောင်းထင်တက်ကြတယ်။ဒါတွေဟာ ဘာကြောင့်ဖြစ်တာလဲ ဘယ်ကစဖြစ်တာ လဲ၊ အိုကေ ဒီအဆင့်အထိသဘေားပေါက်ရင် ဆက်သွားကြည့်မယ်။

အစ္စလာမ်ဘာသာကပြေားတယ် သူတပါးတို့ကိုးကွယ်သေား ဘားသာတရား ဘုရားများအား မကောင်းမပြေားရ မဆဲရ ဆိုပြီး ရှိပါတယ်။ဟုတ်ပြီ ဘယ်သာသနာကကော သူတစ်ပါတို့ကိုးကွယ်ရာ ဘာသာတရားကို မကောင်းပြေားခိုင်း အပုတ်ချစော်ကား ခိုင်းတာရှိလို့လဲ။ ဘာသာမတူလို့ ရန်ဖြစ်ခိုင်းတာရှိလား၊ ဘာသာမတူလို့လူသတ်ခိုင်းတာရှိလား။ ဒါကဘယ်ဘာသာတရားရဲ့ သွန်သင်မှုလဲ။ရှင်းပါတယ် ဘယ်ဘာသာတစ်ရားရဲ့ သွန်သင်မှုမှမဟုတ်ပါ။ မကောင်းသော အကုသိုလ်များကသာ ဘာသာတ ရားအချင်းချင်း ရန်တိုက်ပေး၊ လူမျိုးစုအချင်းချင်း သွေးကွဲးအောင်လှုံစော်ပေးနေကြတာဖြစ်ပါတယ်။ဒါကဘယ်သူတွေလဲး……
          ရှင်းပါတယ် ဘယ်ဘာသာဝင်တွေမှမဟုတ်ပါဘူး ဘာသာမဲ့များရဲ့လှုံဆော်ပေးမှုတွေသာ ဖြစ်ပါတယ်။ ဘာသာမဲ့တွေ ဟာ မိမိတို့ကိုးကွယ်ရာဘာသာမရှိတိုင်း တစ်ခြားဘာသာတရားတွေကိုစော်ကား၊ အချင်းချင်းကြားမှာ သွေးထိုးရန်စ ဒါတွေက ဘာသာမဲ့တွေရဲ့လုပ်ရပ်။ကောင်းပြီ ဘာသာမဲ့တွေက ဘယ်သူတွေလဲး………………။
ဘာသာမဲ့တွေဆိုတာ စစ်အာဏာရှင်တွေလေ ဒီလူတွေက ဘာသာမဲ့တွေပေါ့။မဟုတ်ဘူးလား ပြည်သူတွေကို နည်းပေါင်စုံနဲ့ဒုက္ခတွေပေး၊ သူတို့ကိုးကွယ်ပါတယ်ဆိုတဲ့ ဘုန်းကြီးတွေကို ရိုက်သတ်၊ မွတ်စလင်မ်ဆိုသူတွေကို မကြာမကြာ ပြသနာရှာနေတာ အဲဒီသူတွေက ဘာသာမဲ့တွေပေါ့။တစ်ကယ်ဘာသာရေး လေးစားတဲ့သူတွေက ဒီလိုဘယ်လုပ်ပါ့မလဲဗျာ…
ဒီအဆင့်အထိလက်ခံပြီဆိုရင် ကျွန်တော်တို့ ကျွန်တော်တို့ဘာလုပ်ရမလဲး ဗုဒ္ဓဘာသာညီအစ်ကိုအပေါင်းတို့ အစ္စလာမ် ဘာသာ ညီအစ်ကိုအပေါင်းတို့ ခင်ဗျားတို့ သွေးမကွဲးကြနဲ့။ ခင်ဗျားတို့ဟာ ဘာသာတရားရှိတဲ့သူတွေပါ ဘယ်ဘာသာကမှ ဘယ်ဘာသာကို စော်ကားနိမ့်ချတယ်ဆိုတာ မရှိဘူး၊ ဘာသာတရားအချင်းချင်း အပြန်အလှန်လေးစားမှုရှိကြတယ်။ ဟိုငယ်စဉ် သောင်ကျေးကလေးဘ၀မှအစ ငါတိုဟာ နင်တို့ရဲ့လက်ပေါ်မှာ ကြီးပြင်ခဲ့တယ်။ နင်တို့ရဲ့မြေပေါ်မှာ နေထိုင်ခဲ့ တယ်။နင်တို့နဲ့အတူစားကျက်တစ်ခုတည်းမှာ အတူစားသောက်ခဲ့တယ်။ဒါကြောင့် နင်တို့ရဲ့ကျေးဇူးတရားတွေငါတို့မှာရှိ တယ်။ ငါတိုဟာနင်တို့ရဲ့ကျေးဇူးတရားတွေကို သိပြီး နင်တို့ကို ကာကွယ်စောင့်လျှောက်ဖို့ အသင့်ရှိကြတယ်။ ဒီမြေ၊ ဒီရေ ဒီလူမျိုးကို ကာကွယ်စောင့်ရှောက်ဖို့ရာ ငါတို့ရဲ့အသက်ကို အဓိကမထားပါဘူး။………………….
အိုဗုဒ္ဓဘာသာညီအစ်ကိုအပေါင်းတို့ နင်တို့မယုံကြပါနဲ့ တိုင်းပြည်ကို နည်းမျိုးစုံနဲ့သိမ်းပိုက်ချင်သူတွေဟာ ငါတို့ညီအစ် ကိုတွေကို သွေးကွဲးအောင်၊ တစ်ဦးကိုတစ်ဦးမတည့်အောင် အမျိုးမျိုးကျဉ်ဆောင်နေကြတယ်။ငါတို့အချင်းချင်းတစ်ဦးကို တစ်ဦး သတ်ဖြတ် သေကျေအောင်သူတို့လုပ်နေကြပြီ၊ ဒီလိုစတင်မှုတွေကို ငါတို့သဘေားပေါက်ကြပါ၊ ငါတို့အချင်းချင်းမှာ ဘာပြနာရှိနေလို့လဲ၊ နင်တို့ထင်နေသလား အမျိုးပြောက်မှာဆိုးကြောက်စရာတို့ ၀ါဒဖြန့်နေတဲ့အတိုင်း ငါတို့လုပ်လိမ့်မယ်လို့ ထင်နေသလား။ ငါတို့မှာမေတ္တာရှိတယ်၊ သစ္စာရှိတယ်၊ အကျင်နာရှိတယ်။ ငါတို့ကိုယ်တိုင် မြန်မာလို့ခံယူထားတယ် အဲဒါမြန်မာကိုချစ်လို့ဆိုတာ ငါတို့သက်သေပြလိုက်တယ်။ မြန်မာကိုမချစ်ပဲ ငါတို့မြန်မာလို့ခံယူပါ့မလား။ သူငယ်ချင်းနင်တို့ စဉ်းစား ကြည့်ပါအုန်း။ငါတို့ကမြန်မာနိုင်ငံသားတွေပါ ဒီမြေမှာမွေး၊ ဒီမြေမှာကြီးပြင်းခဲ့၊ ဒီမြေမှာပဲ ငါတို့ရဲ့အသက်တွေကုန် ဆုံးကြမှာပါ။နင်တို့ကျေနပ်လို့ပဲဖြစ်ဖြစ် မကြေနပ်တာတွေရှိရှိ ငါတို့မှာတခြားသွားစရာနိုင်ငံဆိုတာမရှိဘူး၊ ဘယ်အာရဗ် နိုင်ငံကမှ ငါတို့နိုင်ငံမဟုတ်သလို၊ မြန်မာမြေမှအပ ကျံတာအားလုံးက ငါတို့နယ်မြေအဟုတ်ဘူး။ငါတို့ကို ဘယ်နိုင်ငံမှ မှတ်ပုံတင်၊ သန်းခေါင်စာရင်း၊ ပါစ်ပိုစ်၊ အစရှိတာတွေ ထုပ်ပေးမှာမဟုတ်သလို့ ငါတို့ဘက်ကလည်း လက်ခံဖို့အစီအစဉ်မရှိ ဘူး၊ ငါတို့စားရသည်ဖြစ်စေ ငတ်နေသည်ဖြစ်စေ၊ ၀တ်စရာရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ ဆင်းရဲး သည်ဖြစ်စေ၊ပညာရသည်ဖြစ်စေ ပညာမရသည်ဖြစ်စေ၊ငါတို့ဒီနိုင်ငံကိုစွန်ပြီးဘယ်ကိုမှ မသွားဘူး။ နင်တို့နဲကအတူ ဒီနိုင် ငံမှာနေပြီး ၀တ်ကျွေးအကုန်ဆပ်ပါရစေ။
          အိုမိတ်ဆွေတို့ လက်ရှိအစိုးရဟာ ငါတို့အပေါ်မှာသစ္စာမဲ့တယ်၊ ကတိမတည်ဘူး၊ ငါတို့ကိုကာကွယ်စောင့်ရှောက် ရမယ့်အစား ငါတို့ရဲ့အသက်အိုးအိမ် ကိုပါထိပါးစော်ကားလာတယ်၊ နိုင်ငံရေးဇာတ်ကောင်ကို အကောင်အထည်ဖော်ဖို့အ တွက်ငါတို့ကို အသုံးချခံလူတန်းစားသဖွယ် သဘေားထားလုပ်ဆောင်ခဲ့တယ်။ ဒီစကားတွေကို ငါပြေားနိုင်တယ်ဆိုတာ သမတအိမ်ဘေးချင်းကပ်မှာ ငါနေလို့မဟုတ်ဘူး။ဒီအချက်တွေကို သိဖို့နင်တို့ကိုတိုင် နိုင်ငံရေးမျက်မှန်တပ်ကြည့်လိုက်ပါ။ ငါတို့ဟာလူသားတွေဖြစ်သည်နှင့်အညီ လူလူချင်းကိုချင်းစာနာဖို့၊ လူအချင်းချင်းတန်ဖိုးထားဖို့၊ လူကိုလူလို့မြင်တက်ဖို့ သိပ်အရေးကြီးပါတယ်။အချိုကိစ္စတွေမှာ ဘာသာတရားအချင်းချင်းအမြင်မတူတာတွေ ကွဲးပြားခြားနားမှုတွေရှိပါတယ်။ ဒါတွေကညှိလို့မရဘူး ညှိစရာလည်းမလိုအပ်ဘူး၊ ဒါတွေကို တူညီအောင်လုပ်ဖို့လည်းအရေးမကြီးဘူး။ ဒါတွေက ငါတို့နင် တို့လက်ထပ်မှာ ဖြစ်ခဲ့တဲ့ကိစ္စတွေလည်းမဟုတ်ဘူး။ဒါတွေကို ငါတို့ဘက်ကသဘေားပေါက်ဗေမယ့် အဏာနဲ့ငွေကို အသုံးချနေတဲ့သူတွေက အဘေားမပေါက်ပဲ၊ ၀ါဒဖြန့်မှိုင်းတိုက်ပေးနေတာတွေက ငါတို့အတွက် ဆိုးရိမ်စရားတွေပဲ၊ ဒါတွေကို ဘယ်လိုနည်းလမ်းတွေနဲ့ ကာကွယ်မလဲဆိုတာ ငါတို့ပြင်ဆင်ဖို့အချိန်ရောက်လာပြီ။
အိုမိတ်ဆွေတို့ ဖြစ်နေတဲ့ပြသနာတွေကို ကိုခဏလောက်ရပ် သမိုင်းကိုနောက်ပြန်ကြည် တစ်ခေတ်တစ်ခါက ငါတို့ခေါင်း ဆောင်တွေ တိုင်းပြည်အပေါ်ဘက်လို သစ္စာစောင့်ခဲ့သလဲ၊ တိုင်းပြည်အတွက် ဘယ်လိုအနစ်နာခံခဲ့သလဲ၊ ဘယ်လို အသတ်ပေးကာကွယ်ခဲ့သလဲ ဆိုတာ ပြန်စဉ်းစားကြပါ။ငါတို့ခေါင်းဆောင်တွေ ညီညွှတ်ခဲ့သလို့ ငါတို့ဘက်ကညီညွှတ်ဖို့လို တယ်။ သူများမြှောက်ပေးတိုင်း လုပ်ဖို့ သူများခိုင်းတိုင်းလုပ်ဖို့ ငါတို့ပြည်သူတွေရဲ့ အလုပ်မဟုတ်ဘူး၊ တိုင်းပြည်မှာငါတို့ပြည် သူတွေဟာ အမိ၊ အဖဖြစ်တယ်။တိုင်ပြည်ရဲ့အရှင်သခင်တွေဖြစ်ကြပါတယ်။ ဒါတွေကငါတို့ သိနားလည်ရင် တိုင်းပြည်ရဲ့ ပြသနာအရပ်ရပ်ကိုဖြေရှင်းလို့ရမယ်။တိုင်းပြည်မှာ ပြသနာတက်တိုင်း အာဏာရှင်တွေက ငါတို့ပြည်သူတွေကို လူမဆန်စွာ သက်ဖြတ်တဲ့နည်းနဲ့ဖြေရှင်းကြတယ်။ တကယ်တော့ဒါဟာငါတို့ရဲ့အားနည်းချက်ကြောင့်ဖြစ်ရတာ၊ ငါတို့မညီညွတ် လို့ဖြစ်ရ တာပါ၊ ……………………………………………………………………….
မိတ်ဆွေတို့ ငါတို့ပြသနာမတက်ကြနဲ့ ငါတို့အချင်းချင်းမှာ မူလဘူဒကထဲးက သနားတဲ့စိတ်တွေ ကျင်နာတဲ့စိတ်တွေ ကရုဏာ သတ်တဲ့စိတ်တွေ၊ အချင်းချင်းကူညီချင်တဲ့စိတ်တွေ ဒါတွေဟာ ငါတို့လူသားတိုင်းမှာရှိကြတယ်။ငါတို့မှာအသိဥာဏ်လည်းရှိ တယ်။ အတွေးအခေါ်လည်းရှိတယ်၊ ဆုံးဖြတ်နိုင်တဲ့အရည်အချင်းလည်းရှိတယ်၊ ငါတို့အရာရာကိုဖြတ်ကျော်လွှားနိုင်တဲ့ သတ္တိလည်းရှိတယ်။ငါတို့မှာ အားလုံးပြည့်စုံတဲ့အတွက် ငါတို့ဘယ်သူကိုမှမကြောက်နဲ့။ လက်ရှိအခြေအနေမှာ မြန်မာပြည် ဟာ အာဏာရလိုသူများရဲ့ဆက်လက်သြဇာလွှမ်းမိုးချင်မှုကြောင့် နိုင်ငံရေးဝဲဂရက်တစ်ခု ဖန်တီးလှုံဆော်နေပြီးဆိုတာ မိတ်ဆွေတို့အားလုံးအသိပါ။ဒါတွေကို သိနားလည်တဲ့တို့တွေဟာ ဒီအခြေအနေကို ဘယ်လိုကျော်လွှားရမလဲဆိုတာပြင် ဆင်ဖို့အချိန်ရောက်လာပါပြီ။
ငါတို့မြန်မာမွတ်စလင်လူငယ်တွေက ယဉ်ကျေးသောဗုဒ္ဓဘာသာညီအစ်ကိုတွေကိုကြိုဆိုပါတယ်။ ငါတို့တွေပူးပေါင်းပြီ မြန်မာနိုင်ငံရဲ့ လူမျိုးရေးပဋီပက္ခတွေ၊ ဘာသာရေးမဋီပက္ခတွေကို ဖြေရှင်းကြမယ်။မတရားပြုသူတွေကို တော်လှန်ကြမယ်၊ မြန်မာနိုင်ငံရဲ့
အကျိုးစီးပွားကိုလိုလားသူ မည်သူ့ကိုမဆို ငါတို့ပူးပေါင်းကြမယ်။ငါတို့ရဲ့ခိုင်မာတဲ့တွဲးလက်တွေကို ဘယ်တော့မှ ပြုတ်ကျမသွားအောင်၊ ပြတ်ကျမသွားအောင် ငါတို့တစ်ဦးကိုတစ်ဦးအသိတရားနဲ့ သတိထားကြဖို့လိုတယ်။ ညီအရင်းအစ်ကို၊ မောင်အရင်းနှမတွေလို့ အပြန်အလှန်ရင်းနှီးချစ်ခင်စွာ နေထိုင်ရင်း ကမ္ဘာတည်သရ်ျ မြန်မာဟူသည် စံပြုစရာလူမျိုးတစ်မျိုး အဖြစ်ပေါ်ထွန်းလာအောင် ငါတို့စွမ်းဆောင်မယ်။
ခရစ်ရှာန်ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာ ဘာသာတရားအသီးသီးမှငြိမ်းချမ်းရေးကို ဖော်ဆောင်ချင် ကြလိမ့်မည်ဟု မျော်မှန်းမိပါသည်။ ထို့အတွက်ကြောင့် လက်ရှိဖြစ်ပေါ်နေသော ပြနနာအရပ်ရပ်ကို ၀ိုင်းဝန်းဖြေရှင်းပေးကြ ပါရန်။ လေးစားစွာမေတ္တာရပ်ခံအပ်ပါတယ်။

No comments:

Post a Comment