Tuesday, 1 January 2013

ငါတို့က ပေ မဟုတ်တော့ဘူး၊ ဌေးလွင်ဦး

ပန်းဘဲထုရာမှာ- သံတစ်တုံးကို လိုချင်တဲ့ ပုံစံ ဖြစ်အောင် ပြုလုပ်ဘို့- အဲ့ဒီ သံတုံးကို မီးဖုတ်ပြီး အပေါ်က ထုတဲ့တူနဲ့ မီးဖုတ်ထားတဲ့ သံတုံးရဲ့ အောက်က ခံရတဲ့ ပေတုံး ဆိုတာ ရှိတယ်။- အမှန်တော့ ထုတဲ့ တူလည်း သံ ဖြစ်သလို၊ အောက်က ထုစရာအဖြစ်ခံထားရတဲ့ “ပေ”ကလည်း သံတုံးပါပဲ။ သံချင်းတူပေမယ့်- ပေဖြစ်တော့ အထုခံနေရပါတော့တယ်။- ဒါကြောင့် ဗမာစကားပုံတစ်ခု အဖြစ် “တူ ဖြစ်တုံး ထုထားပေါ့-” ပေါ့-၊ ဆိုတာ လူတိုင်းနီးပါး ကြားဘူးမှာပါ။ ဆိုလိုတာက သံချင်း အတူတူ- တစ်နေ့တစ်ချိန် ငါ “အထုခံနေရတဲ့ ပေတုံး”က တူ ပြန်ဖြစ်ပြီး- ထုနေတဲ့ “တူ”ကလည်း ပေ ပြန်ဖြစ်နိုင်တယ် ဆိုတဲ့ သဘောပါ။
ကမ္ဘာ့နိုင်ငံကြီးများရဲ့ ပေါ်လစီနဲ့ နိုင်ငံရေး အားပြိုင်မှုများအရ-၊ မွတ်ဆလင်တွေကို အကြမ်းဖက်တွေ၊ စစ်သွေး ကြွတွေ၊ အတင်းအဓမ္မ သာသနာပြုသူတွေ၊ မိန်းမဗလပွယူသူတွေ၊ လူသတ်ကောင်တွေ-ရယ်လို့ နှစ်ပေါင်း ၅၀ လောက် နာမည်ဖျက် ၀ါဒဖြန့်ခဲ့ကြတယ်။- ဒါကိုအခွင့်ကောင်းယူပြီး မွတ်ဆလင် လူနည်းစုနေထိုင်ရာ တိုင်းပြည် များက တစ်ချို့နိုင်ငံတွေမှာ သက်ဆိုင်ရာ အစိုးရများကိုယ်တိုင်က မွတ်ဆလင်တွေကို “ပေတုံး”သဖွယ် သဘော ထားက ထုချင်တိုင်း ထုခဲ့ကြတယ်။- မြောက်ကိုးရီးယား၊ ဗီယက်နာမ်၊ ကမ်ဘောဒီးယား၊ မြန်မာ၊ သီရီလင်္ကာ၊ ဘူတန်နိုင်ငံတို့က အဆိုးဝါးဆုံးထဲမှာ ပါခဲ့တယ်။
ဒီနေ့ ခေတ်ပြောင်းသွားခဲ့ပါပြီ။ မွတ်ဆလင် မုန်းတီးရေး ဦးဆောင်ဝါဒဖြန့်ခဲ့တဲ့ နိုင်ငံကြီးများကိုယ်တိုင်က သူတို့ရဲ့ မူဝါဒများကို ပြောင်းပြန်လှန်ပစ်ခဲ့တာ- ဆယ်နှစ်နီးပါး ရှိခဲ့ပါပြီ။ ဒါကို ဗဟုသုတမဲ့နေတဲ့ မြန်မာနိုင်ငံနဲ့ သီရိ လင်္ကာတို့လို ဗုဒ္ဓဘာသာ အမည်ခံ လူသတ်ဘုန်းကြီး ဂိုဏ်း ကြီးစိုးနေတဲ့ အယူသည်းနိုင်ငံများက မသိခဲ့ရှာဘူး။ 
မိုးလွန်မှ ထွန်ချ- ဆိုသလို၊ အခုမှ ထပြီး မွတ်ဆလင်များကို မျိုးပြုတ်သတ်ဖြတ်ဘို့ ကြိုးစားလိုက်တော့-၊ နောက် ကျ သွားခဲ့ပါပြီ။ “လူဆိုး လူမိုက်တို့ရဲ့ အကြံအစည်များကို- ဘယ်တော့မှ အထမြောက်စေမှာ မဟုတ်ဘူး”လို့ ပြောထားတဲ့ ကုရ်အံကျမ်းစာလာ စကားဟာ လုံးဝမှန်ကန်ကြောင်း- လူဆိုးလူမိုက်များ မျက်ဝါးထင်ထင် မြင် သွားစေရမှာပါ။
အစ္စလာမ်သာသနာကိုး သက်ဝင်ယုံကြည်လိုက်တာနဲ့- အဲ့ဒီ လူတစ်ဦးကို နှိမ့်ချတဲ့ သဘောနဲ့ “ကုလား” ဆိုပြီး ဆိုင်းဘုတ်တွဲ၊ ဟိုက ၀င်လာသလိုလို၊ ဒီက၀င်လာသလိုလို- မြန်မာပြည်မှာ မမွေးဘဲ မိုးပေါ်က ကျလာသလိုလို တွေ စွပ်စွဲ-၊ မွတ်ဆလင်ကို ဆန့်ကျင်တဲ့ ဥပဒေတွေ ပေါ်လစီတွေချမှတ်-၊ မျိုးစုံတွေ လျှောက်လုပ်နေခဲ့တာ လည်း နောက်ကျသွားခဲ့ပါပြီ။- ငါတို့ကို မြန်မာနိုင်ငံသား အဖြစ် မသတ်မှတ်ရင်လည်း အရေးမကြီးဘူး-၊ အခု အချိန်မှာ ငါတို့က ကမ္ဘာ့ အသိအမှတ်ပြု ကမ္ဘာရဲ့ သားသမီးတွေ ဖြစ်နေခဲ့ပြီ။ ငါတို့နဲ့ ကမ္ဘာ့နိုင်ငံကြီးတွေ ကြားမှာ၊ ငါတို့နဲ့ ချမ်းသာကြွယ်ဝတဲ့ နိုင်ငံတွေကြားမှာ ကတိက၀တ်တွေလည်း ခိုင်ခိုင်မာမာ ရှိနေခဲ့ပြီ။ ဒီအခြေမျိုးထိ တွန်းပို့ခဲ့တဲ့- မြန်မာမျိုးချစ် အမျိုးဖျက်များကို ကျေးဇူးတင်ရမှာပါ။
ဥပဒေမဲ့နေတဲ့ အခိုက်အခန့်၊ လူဆိုးလူမိုက်တစ်သိုက်က- မတရားသဖြင့် အနိုင်ကျင့်နိုင်ရင် ခဏပါ။ မကြာမှီ အဲ့ဒီဒေသများထိ ဥပေဒတွေ ထိုးဖေါက်စိမ့်ဝင်လာတော့မှာပါ။ တရားခံတွေက ဘယ်ကိုမှ ပြေးလို့ မလွတ်ပါဘူး။ ရာသက်ပန် ရှာခဲ့သမျှ ဥစ္စာစီးပွား ပျက်စီးသွားရမယ့်နေ့၊ မျိုးဆက်လိုက် မျက်နှာသိမ်ငယ် သွားရမယ့်နေ့ရက်များ ခင်ဗျားတို့ဆီကို ရောက်လာပါလိမ့်မယ်။ ငါတို့က ဘက်က ကမ္ဘာတစ်ခုလုံး ရပ်တည်နေတယ်၊ နှိပ်ကွပ်လေ အမှု ကြီးလေသာ ဖြစ်ရပါမယ်။- ကမ္ဘာခုံရုံးမှာ- နအဖ လက်ထက်က အလုပ်သမားကိစ္စ ရှုံးနိမ့်ခဲ့ရပြီ။ နအဖနဲ့ ဦးသိန်း စိန် စပ်ကူးမတ်ကူးကာလ- ဘင်္ဂလားနယ်စပ်က ပင်လယ်- ရေနံပိုင်နက် ရှုံးနိမ့်ခဲ့ရပြီ။- အဲ့ဒီအမှုတွေ ရှုံးနိမ့်ခဲ့ရ စဉ် တစ်သီးပုဂ္ဂလ တရားခံအဖြစ် ခံရတာ မရှိဘဲ-၊ အစိုးရတစ်ရပ်အနေနဲ့သာ ထိခိုက်ခဲ့ရတယ်။ တိုင်းပြည်တစ်ခု အနေနဲ့သာ ထိခိုက်ခဲ့ရတယ်။ အဲ့ဒီက ထွက်လာတဲ့ ဆိုးကျိုးတွေက တိုင်းသူပြည်သားများကိုသာ နစ်နာစေခဲ့ တယ်။ အခုတစ်ခေါက် ရင်ဆိုင်ရမယ့် နိုင်ငံတစ်ကာ ခုံရုံးကတော့- မျိုးပြုတ်သတ်ဖြတ်မှု ခေါင်းစဉ်ဖြစ်ပါတော့ တယ်။ ရင်ဆိုင်ရမှာကလည်း သက်ဆိုင်ရာ ရာဇ၀တ်ကောင်များသာ ဖြစ်ပြီး တစ်သီးပုဂ္ဂလ တစ်ရားခံကိုယ်စီ ဖြစ် နေပါတယ်။- ဒီအတွက်လည်း သက်ဆိုင်ရာ ပုဂ္ဂိုလ်များ အနေနဲ့ ကမ္ဘာ့ရှေ့နေရှေ့ရပ်များ ငှားယမ်းပြီး ပြင်ဆင် ထားစေလိုတယ်။ (ပြည်သူ့ဘဏ္ဍာကို ကိုယ်ရေးကိုယ်တာအတွက် မသုံးဘို့ ပြောတာပါ။) တူ ဖြစ်စဉ် ထုထောင်း ခဲ့သမျှ-၊ ဒီတစ်ခါ မိမိ ထုခဲ့တဲ့ ဒဏ်ကို မိမိသာ ခံရမှာပါ။
သေချာတာက--၊ ငါ တို့ကတော့ ပေ မဟုတ်တော့ဘူး ဆိုတာပါပဲ။


ဌေးလွင်ဦး
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
မြန်မာမွတ်ဆလင် တန်းတူညီမျှ အခွင့်အရေး လှုပ်ရှားဆောင်ရွက်မှု အဖွဲ့
အမေရိကန် ပြည်ထောင်စု

ရခိုင်သမိုင်းပညာရှင်တို့အား စိန်ခေါ်ခြင်း ဌေးလွင်ဦး

၂၀၁၂- ဒီဇင်ဘာ ၁၆ ရက်

ရခိုင်နယ်သည် ကိုယ့်ထီးကိုယ့်နန်းဖြင့် နှစ်ပေါင်း လေးထောင်သော သမိုင်းဖြင့် တည်ရှိခဲ့၏။ ထိုကာလသည် ဗမာအင်ပါယာ (ပုဂံအင်ပါယာ) မပေါ်ပေါက်မှီ နှစ်ပေါင်း သုံးထောင်ကျော် ပိုမိုရှေးကျ၍ ဖြစ်၏။ ရခိုင်၏ နှစ်ပေါင်း လေးထောင်ကျော်သော သမိုင်းတွင်- ရခိုင်နယ်၌ ရှိနေသော မည်သည့်လူမျိုးစုက မူလဇစ်မြစ် လူမျိုး ဖြစ်သနည်း။ မည်သည့်လူမျိုးက နှောင်းပိုင်းမှ ၀င်ရောက်လာသော လူမျိုးဖြစ်သနည်း-၊ ဆိုသည်တို့အား ပထ၀ီ သဘာဝအရလည်းကောင်း၊ သမိုင်းလက်ရာ အထောက်အထားများအရ လည်းကောင်း၊ ရခိုင်စာပေဇစ်မြစ် အရ လည်းကောင်း၊ ရခိုင်တို့၏ ရုပ်ရည်ဟန်ပန်အရလည်းကောင်း၊ သမိုင်းစာပေအထောက်အထားအရ လည်း ကောင်း- ရခိုင်သမိုင်းပညာရှင်ဟု ခံယူထားသော ဒေါက်တာအေးချမ်းအပါအ၀င်- အခြားမည်သည့် သမိုင်းပညာ ရှင်များနှင့် မဆို ကမ္ဘာသိ မီဒီယာများ ရှေ့မှောက်၌ နေရာမရွေး၊ အချိန်မရွေး Debate လုပ်ဆွေးနွေးလျှက် အဖြေဖေါ်ထုတ်လိုပါသည်။

ကျွန်ုပ်အနေဖြင့် ရခိုင်နယ်၏ ရှေးဦးမူလ လူမျိုးမှာ ယခုအခါ မိမိကိုယ်မိမိ “ရိုဟင်ဂျာလူမျိုး”ဟု ခံယူထားသူများ သာ ဖြစ်ကြောင်း-၊ ကမ္ဘာ့မီဒီယာများရှေ့တွင် သက်သေသက်ကန် အတိအကျ ဖေါ်ထုတ်ပြသွား ဖြစ်သည်။ မျိုးဆက် သုံးဆက်ခန့် သမိုင်းကို လိမ်လည်၍ တင်ပြခဲ့ခြင်းကြောင့် အထင်မှား အမြင်မှား- သမိုင်းမှားများ၏ ၀ဲသြဃအတွင်း ရောက်နေရသည့် မြန်မာနိုင်ငံသူ နိုင်ငံသား အပေါင်းတို့အားလည်း သမိုင်း၏မှန်၏ တန်ဘိုး၊ သမိုင်းမှန်၏ ဇစ်မြစ်တို့အား ပြန်လည်ဖေါ်ထုတ်ပေးရာ ရောက်မည်ဟု ယုံကြည်သည်။

“ရိုဟင်ဂျာ” ဆိုသည်မှာ နောက်ပိုင်းတွင်မှ လုပ်ကြံဖန်တီးခြင်း ဖြစ်၏၊ ထိုရိုဟင်ဂျာ ဆိုသူများမှာ ကိုလိုနီခေတ် အတွင်း ဘင်္ဂလားဒေ့ရှ်မှ ခေါ်ယူလာသော လယ်လုပ်ကျေးကျွန်များသာ ဖြစ်၍၊ ၁၈၂၄ ခုနှစ် နောက်ပိုင်းတွင်မှ ရခိုင်နယ်ထဲသို့ ရောက်လာသူများ ဖြစ်၏- ဟု ရခိုင်သမိုင်းအား လိမ်လည်တင်ပြထားသော၊ သို့မဟုတ် မိမိ လက်လှမ်းမှီသလောက်ကို အခြေခံကာ အမှန်ဟု ခံယူ တင်ပြထားသော- သမိုင်းပညာရှင်ခံထားသော ပညာရှင် တို့ အနေဖြင့်-၊ မိမိဘ၀တာ မကုန်ဆုံးမှီ-၊ ပညာရှင်ပီပီ၊ ယောကျားပီပီ၊ သူရဲကောင်းပီပီ၊ ရခိုင်နယ်အား ချစ်မြတ် နိုးသူ ပီပီ ပြန်လည်ပြင်ဆင်လိုက ပြင်ဆင်နိုင်ရန်လည်း ကျွန်ုပ်ဘက်မှ ရည်ရွယ်သည်။

အထူးသဖြင့် ခေတ်သစ် ရခိုင်သမိုင်းပညာရှင် ဟု ခံယူထားသော၊ ဒေါက်တာ အေးချမ်း ဖြင့် အဓိက ဆွေးနွေး လိုသည်။ ဒေါက်တာ အေးချမ်းအနေဖြင့် သွားရေးလာရေး ခက်ခဲသော်-၊ ကျွန်ုပ်မှ ဒေါက်တာအေးချမ်း နေထိုင် သည့် ဂျပန်နိုင်ငံတွင် လာရောက် ဆွေးနွေးနိုင်ကြောင်းလည်း ကမ်းလှမ်းလိုသည်။ ကျွန်ုပ်ကိုယ်တိုင် ရခိုင်လူမျိုး စစ်စစ်ဖြစ်၍ (ဆွေးနွေးရန် တောင်းဆိုမှုအား လက်ခံလျှင် ရခိုင်လူမျိုး စစ်စစ်ဖြစ်ကြောင်း အထောက်အထား ပြ ပေးပါမည်၊)- ရခိုင်နယ်မှ ညီအစ်ကို တိုင်းရင်းသားချင်းကြား- အိုးမဲသုတ် ခွပ်ခိုင်းထားသည့် သမိုင်းမှားအား ချေ ဖျက်လိုသော ဆန္ဒသန့်သန့်ဖြင့် ယခုကဲ့သို့ ကမ်းလှမ်းလိုက်ခြင်းလည်း ဖြစ်သည်။

ဌေးလွင်ဦး

ကုရ်အံကျမ်းတော် ဘာသာပြန်ဆရာ၊
BA (မြန်မာစာ- ရန်ကုန်)၊ AA (Media Marketing, NY USA),
Scholar of Buddhism, Christianity & Islam

ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
မြန်မာမွတ်ဆလင် တန်းတူညီမျှ အခွင့်အရေး လှုပ်ရှားဆောင်ရွက်မှု အဖွဲ့
အမေရိကန် ပြည်ထောင်စု

မြန်မာမှုပြု သမိုင်းဖျောက်ခြင်း (၂) ဌေးလွင်ဦး

ဝတီ လေးရပ် 

ဗမာ စကားဖြင့် ရခိုင်ဟု ခေါ်သော နယ်သည်- စစ်စစ်အားဖြင့် Arakan အာရ်ကန်ဟု မည်တွင်သော ဒေသသာ ဖြစ်၏။ ထိုဒေသ၌ ၀တီ လေးရပ် ပါဝင်သည်ဟု ဆိုသည်။ 
ဓည၀တီ၊ မေဃ၀တီ၊ ရာမာဝတီ၊ ဒွါရာဝတီ- ဟူ၍ ဖြစ်သည်။ ထိုအမည်လေးခုအား လက်ရှိ ရခိုင်စကားဖြင့် အဓိပ္ပါယ် ဖွင့်ဆို၍ မရခြေ-၊ အမည်နာမများ အဖြစ်ဖြင့်သာ ရှိနေပေသည်။ 
သို့သော် ရိုဟင်ဂျာ ဘာသာစကားနှင့်မူ-- 
(၁) ဓည၀တီ မူရင်းအမည် ဒါန်န၀တီ (Wikipedia အရ) = ဒါန်နဟော (အလှုဒါနကြီးပြုနိုင်သည်) + ဒီးယာဟ် (ကျွန်း သို့မဟုတ် ကျွန်းဆွယ်)= ဟု ဖြစ်သည်။ ထို နှစ်ခုအား ပေါင်း၍ ပြောသောခါ ရှေ့ ဝေါဟာရမှ “ဟ” နှင့် နောက်ဝေါဟာရမှ “ဟ” တို့သည် “၀” အသံသို့ ပြောင်းသွားသည်။ ထို့ကြောင့် ဒါန်နဟော + ဒီးယာဟ် မှာ ဒါန်န၀ဒီးဝ် ဟု အသံထွက်သည်။) ထိုစကားလုံး၏ အဓိပ္ပါယ်မှာ “အလှုကြီး အဒါန်းကြီး ပြုနိုင် လောက်အောင် ပေါများ ကြွယ်ဝ သည့် ကျွန်း သို့မဟုတ် ကျွန်းဆွယ်” ဟု ဖြစ်သည်။ Wikipedia ၌လည်း ဓည၀တီ၏ မူရင်း အမည်မှာ Dhannavati, which means "Blessed with grain" ဟု ဖေါ်ပြထားသည်ကို ယနေ့ မျက်မြင် လေ့လာကြည့်ရှုနိုင် သည်။ (စင်စစ် ဓည၀တီ ဟု ရေးသားခေါ်ဆိုခြင်းမှာ ဗမာတို့၏ အသံထွက်ဖြင့် ခေါ်ဆိုခြင်းသာ ဖြစ်ပေသည်။ 
(၂) မေဃ၀တီ = မာဃီဟ်ဒီယားဟ် -- မာဃီဟ် = မိမိ၏ အလှအား ဖွင့်ပြသော မိန်းမ + ဒီယားဟ် = ကျွန်း သို့မဟုတ် ကျွန်းဆွယ် ဟု ဖြစ်သည်။ ထိုဒေသသည် မာန်အောင်ကျွန်းနယ်ဒေသကို ခေါ်ဆိုခြင်း ဖြစ်ပြီး-၊ ရခိုင်အများ လက် ခံထားသည်မှာလည်း မာန်အောင်ကျွန်းစုအား “မိန်းမလှ”ကျွန်းစုဟူ၍ ဖြစ်ပေသည်။ (ဟ မှ ၀ အသံပြောင်းခြင်း အား နံပါတ် (၁) ဓည၀တီ ရှင်းချက်တွင် ပြန်ကြည့်စေလိုသည်။ 
(၃) ရာမာဝတီ = ရာမ်ဟ်ဒီယားဟ်- ရာဟမ်ဟ်= မင်္ဂလာကျက်သရေ ရှိသော၊ ကောင်းကြီးမင်္ဂလာရှိသော + ဒီးယ် = ကျွန်း သို့မဟုတ် ကျွန်းဆွယ် ဟု ဖြစ်သည်။ ထိုဒေသသည် ကျောက်ဖြူမှ ရမ်းဗြဲ (ကျောက်နီမော်) အထိ ကြီးမားကျယ်ပြန့်သော စားရေရိက္ခာပေါများသည့် ဒေသကြီး ဖြစ်ခဲ့သည်။ 
(၄) ဒွါရာဝတီ = ဒူဝါးရ်ဟ် ဒီယားဟ်- ဒူဝါးရာဟ် = ၀င်ပေါက် ထွက်ပေါက်ရှိသော အရာ၊ တံခါး + ဒီယားဟ် = ကျွန်းသို့မဟုတ် ကျွန်းဆွယ် ဟု ဖြစ်သည်။ ဒေသခံလူမျိုးနှင့် ရခိုင်ရိုးမကြီးတစ်ဘက်ရှိ (နောက်ပိုင်း မြန်မာနိုင် ငံ ဖြစ်လာသည့်) ဒေသနှင့်လည်းကောင်း၊ ရွက်လှေများဖြင့် ခရီးဆက်၍ အခြားသော တိုင်းနိုင်ငံများသို့ လည်း ကောင်း သွားလာနိုင်သည့် “တံခါးပေါက်ကျွန်းဆွယ်” ဟု လည်းကောင်း ဖြစ်ပေသည်။ 
အကယ်၍ ဤအမည်နာမများသည် လက်ရှိ ရခိုင်ဟု ခံယူနေသော လူမျိုးတို့၏ ဘာသာစကားဖြင့် ဖြစ်ခဲ့သော်- ထိုရခိုင်စစ်စစ်ဖြင့် ထိုအမည်နာမတို့၏ အမည်များအား အဓိပ္ပါယ် ဖွင့်ဆိုနိုင်သော အထောက်အထားများအား ပြ နိုင်ရမည်ပင်-။ ယခုပြောဆိုနေသော ရခိုင်စကား စစ်စစ်ဖြင့် မည်သို့မှ သက်သေပြနိုင်မည် မဟုတ်ချေ။ ထို အမည်နာမတို့အား ပါဠိ ဘာသာမှ ယူ၍ ကင်ပွန်းတပ်ခဲ့သည်ဟု ဆိုလျှင်--၊ လွန်ခဲ့သော နှစ်ပေါင်း ၄၀၀၀ ဒါန်န၀တီ- (ဓည၀တီ) ထူထောင်သည့် ခေတ်ကာလ၌ ဤကမ္ဘာ၌ ဗုဒ္ဓဘာသာဟူ၍ မရှိခဲ့သေးပါချေ။ 
ရခိုင်အပါအ၀င် မြန်မာနိုင်ငံထဲသို့ ပါဠိဘာသာ ရောက်လာစေရန် အကြောင်းခံ ဖြစ်သည့် ဗုဒ္ဓဘာသာ သည်ပင် လျှင်- အများဆုံး နှစ်ပေါင်း ၂၅၀၀ (ရခိုင်ပညာရှင်တို့ အဆိုအရ ဗုဒ္ဓပွင့်စဉ် ရခိုင်ဒေသအား ရောက်ခဲ့သည် ဆို၍) ထက် မစောနိုင်ခဲ့ပေ။ သို့သော် ဒါန်န၀တီ၊ မေဃ၀တီ၊ ရာမ၀တီ၊ ဒွါရာဝတီ တည်းဟူသည့် ၀တီ လေးရပ်၏ သမိုင်း သည်ကား အနည်းဆုံး နှစ်ပေါင်း ၃၀၀၀ ကျော်ခဲ့လေပြီ။ ပညာရှင်များ စဉ်းစားကြပါကုန်--။ 
Arakan ၊ နှင့် မြန်မာများ ခေါ်သော ရခိုင်- ဆိုသည်တို့အား 
ဆက်လက် ဖေါ်ပြပါမည်။- 
ဌေးလွင်ဦး

ရခိုင်သမိုင်း(၁) ဌေးလွင်ဦး

မာဂဓ၊ မောရိယ အင်ပါယာနှင့် ရခိုင်ဒေသ


အိန္ဒိယ အင်ပါယာ ပြည့်ရှင်များ အနက် မြန်မာတို့ အထင်ကရ တလေးတစား အထင်ကြီးသော မင်းကြီးမှာ အာသောက (Ashoka) မင်းကြီး ဖြစ်၍-၊ သူသည် ဘင်္ဂလီ လူမျိုးတစ်ဦး ဖြစ်သည်။ ဘန်ဂေါပြည် မာဂဓ နေ ပြည်တော်၌ အခြေစိုက်လျှက် အရှေ့၊ အနောက်၊ တောင်၊ မြောက် လေးဘက်လေးတန်သို့ ဗုဒ္ဓသာသနာအား ဖြန့်ချီခဲ့သူလည်း ဖြစ်သည်။ ထိုအင်ပါယာအား စန္ဒြဂုတ မောရိယ မင်းကြီးမှ စတင်ထူထောင်ခဲ့သောကြောင့် မောရိယ အင်ပါယာဟု ထင်ရှားခြင်း ဖြစ်ပြီး မောရိယာ အင်ပါယာမင်းဆက်များ အနက် ထူထောင်သူ စန္ဒြ မင်းကြီးနှင့် အာသောကမင်းကြီးတို့မှာ ထင်ရှားသူများ ဖြစ်ခဲ့သည်။ 
မောရိယ အင်ပါယာသည် ဘီစီ ၃၂၂ မှ ဘီစီ ၁၈၅ ထိ ဘုန်းမီးနေလ တောက်ပချိန် ဖြစ်ခဲ့သည်။ အထူး သဖြင့် မောရိယပြည့်ရှင် အာသောကမင်းကြီး၏ လက်ထက်သည် ရခိုင်နယ်သမိုင်းမှ ဓည၀တီ (ဒန်န၀တီ) ခေတ် နှစ် ပေါင်း ၁၆၀၀ ခရီး၏ နောက်ဆုံး ခေတ်ကာလများ ဖြစ်လေသည်။ 
ထိုအချိန်ကာလတွင် ယခု မြန်မာနိုင်ငံထဲသို့ ပါဝင်နေသော ရခိုင်နယ်၏ မြောက်ပိုင်း (လက်ရှိ ရခိုင်ပြည်နယ်၏ ထက်ဝက်)သည် ဘင်္ဂလီပြည့်ရှင်များ ဖြစ်သည့် မောရိအင်ပါယာ အင်ပါယာ ပိုင်နက်၏ တောင်တန်းဒေသသား များ အဖြစ် သတ်မှတ်ခံခဲ့ရသည်။ (အပေါ်၌ ဖေါ်ပြသော ပုံတွင်ကြည့်ပါ။) ဗုဒ္ဓဘာသာသည်လည်း ထိုဒေသများ သို့ ထိုးဖေါက်ရောက်ရှိလာခဲ့သည်။ (ဤနေရာ၌ ဆင်ခြင်ရန်မှာ ဒါန်န၀တီ (ဓည၀တီ) တိုင်းပြည်အတွင်း၌ နေ ထိုင်ကြကုန်သော လူအပေါင်းအား သတ်ဖြတ်သုတ်သင်ပစ်လျှက် မောရိယအင်ပါယာထဲမှ ဗုဒ္ဓဘာသာများက အစားထိုးလိုက်ခြင်း မဟုတ်သကဲ့သို့၊ ဒါန်န၀တီ (ဓည၀တီ)မှ လူသားများသည်လည်း ဗုဒ္ဓ ဂေါတမ မပွင့်မှီ သို့မဟုတ် အာသောကမင်းကြီး သာသနာမပြုမှီ ကမ္ဘာဦးကတည်းက မိုးကျရွှေကိုယ် ဗုဒ္ဓဘာသာများ မဟုတ်ခဲ့ ပေ။ ဗုဒ္ဓသာသနာပြုများ ရောက်ရှိလာ၍ သာသနာပြုရာမှ ယခင်ရှိရင်းစွဲ ဘာသာဟောင်းမှ ဘာသာပြောင်းခဲ့ ခြင်းသာ ဖြစ်ပြီး လူမျိုးပြောင်းသွားခဲ့ခြင်း မဟုတ်ပေ။) သို့သော် မောရိယအင်ပါထဲမှ လူများ ဒါန်န၀တီ (ဓည၀တီ) ထဲသို့ သွားလာကူးသန်းလျှက်- လူတစ်ချို့ ကပြားများ ဖြစ်သွားနိုင်ခဲ့သည်။ ၎င်းမှာ ဘာသာတရားနှင့် မသက်ဆိုင်ပေ။ တိုင်းပြည်ရှိ လူအားလုံး ကပြားဖြစ်သွားနိုင်မည် မဟုတ်ဘဲ- မူလဘူတ လူမျိုးစု အကြွင်းအကျန် များ ရှိနေခဲ့မည်လည်း ဖြစ်သည်။ 
မောရိအင်ပါယာမှ အာသောကမင်းကြီး၏ လက်ထက်တွင် စာပေ၊ ကျောက်စာ အကြီးအကျယ်ထွန်းကား ပြန့်နှံ့ ခဲ့သည့် လှိုင်းဂယက်အတွင်း၌ ဒါန်န၀ဒီ (ဓည၀တီ)သည်လည်း ရှောင်ဖယ်နိုင်ခဲ့သည် မဟုတ်ကြောင်း- ဓည ၀တီ၏ ရှေးအကျဆုံး ကျောက်စာရေးထိုးသည့် စာပေအက္ခရာများမှ သက်သေတည်လျှက် ရှိနေပေသည်။ ထို စာပေ အက္ခရာအသုံးများမှာ ၁၁ ရာစု ဗမာအင်ပါယာ ဒါန်န၀ဒီ (ဓည၀တီ)သို့ မလွှမ်းမိုးမှီအထိ ရခိုင်နယ်၌ နှစ် ပေါင်း ၁၀၀၀ ကျော် တည်ရှိနေခဲ့သည်။ ဤနေရာ၌ သတိမူရန်မှာ-၊ ထိုရခိုင်ရှေးဟောင်းကျောက်စာများသည် ရှေးဟောင်း မာဂဓအင်ပါယာ (ဘင်္ဂလီမောရိယ အင်ပါယာ)မှ အက္ခရာများအား နမူနာယူ၍ ရခိုင်စာပေအဖြစ် တည်ထွင်ခဲ့ခြင်း မဟုတ်ပေ။ ဆိုလိုသည်မှာ လက်တင်အက္ခရာတို့အား နမူနာယူ၍ (အသုံးပြု၍) မလေရှား၊ အင်ဒိုနီးယား၊ ဗီယက်နာမ် နိုင်ငံများ စာပေတီထွင်ခဲ့သော်လည်း ရေးသည့် အသံထွက်များ၊ ဖတ်ပြလျှင် နား လည်မှုများမှာ သက်ဆိုင်ရာ လူမျိုးတို့သာ ဖြစ်ပေသည်။ ဥပမာ ဗီယက်နာမ်စာတစ်ပိုဒ်အား လက်တင် အက္ခရာ များဖြင့် ရေးထားသော်လည်း- ထိုစာပိုဒ်အား အင်္ဂလိပ်တို့အား သော်လည်းကောင်း ပြင်သစ်တို့အားသော်လည်း ကောင်း ဖတ်ခိုင်းသော် ဖတ်နိုင်မည် မဟုတ်သကဲ့သို့ ဖတ်ပြ၍ နားထောင်ခိုင်းလျှင်လည်း နားလည်မည် မဟုတ် ပေ။ 
သို့သော် ရှေးဟောင်း ရခိုင်ကျောက်စာတို့အား ဖတ်ခိုင်းလျှင် သို့မဟုတ် ဖတ်ပြ၍ နားထောင်ခိုင်းလျှင် ရိုဟင်ဂျာ ရှေးဟောင်းပူတီ ဆရာများ ဖတ်နိုင်သည်၊ နားလည်နေသည်မှာ အံ့သြလောက်မည် မဟုတ်ပေ။ ထို ကျောက်စာ တို့အား ဖတ်ပြလျှင် ယခုခေတ် ရိုဟင်ဂျာများပင် အနည်းဆုံး ထက်ဝက်ခန့်နားလည်နေပေသည်။ ယခုအခါ ရခိုင်စစ်စစ်ဟု ခံယူထားသူများမှာ ထိုကျောက်စာတို့အား မဖတ်နိုင်ယုံမျှမက ဖတ်ပြလျှင်လည်း တစ်လုံးတစ်ပါဒ မျှနားလည်ခြင်း မရှိပေ။- သို့ဖြစ်လျှင် ထိုဒါန်န၀ဒီ (ဓည၀တီ)ခေတ်မှ အုပ်ချုပ်သူများသည်- မိမိတို့၏ သမိုင်း မော်ကွန်းတို့အား ရေးထိုးရန် မိမိတိုင်းပြည်မှ မဟုတ်သော တိုင်းတစ်ပါးသား စာပေပညာရှင်တို့အား ပင့်ဆောင် လျှက်- မိမိနှင့် မိမိ၏ တိုင်းသူပြည်သား တစ်ဦးတစ်ယောက်မှ မတတ်သည့် ဘာသာစကား၊ ဖတ်ပြလျှင်လည်း နားမလည်သည့် ဘာသာစကားဖြင့် ရေးထိုးခဲ့ပါသလား၊- သို့မဟုတ် ဘုရင်မင်းများ အပါအ၀င် တိုင်းပြည်မှ စာ တတ်ပေတတ်များ တတ်သော၊ နားလည်သော ဘာသာစကားဖြင့်သာ ရေးထိုးခဲ့ပါသလား- ဆိုသည်မှာ ကမ္ဘာ့ ပညာရှင်များရှေ့မှောက်၌ အထူးအထွေ အဖြေထုတ်ပေးရန် လိုမည် မထင်ပါ။ 
(လက်ရှိမြန်မာနိုင်ငံဟု သတ်မှတ်သည့် ဧရိယာ၏ ထိပ်ပိုင်းဖြစ်သည့် ချင်းတွင်းမြစ်ဖျားဒေသသည်လည်း မောရိ ယ အင်ပါယာအတွင်းသို့ အနည်းငယ် ပါဝင်ခဲ့သည်။ ဗုဒ္ဓဂေါတမသည် မောရိယ အင်ပါယာအတွင်း ဖွားမြင်ပွင့် ပေါ်သည့်အပြင် မောရိယအင်ပါယာ၏ သြဇာတက္ကိမကြီးသော အာသောကမင်းကြီးက ဗုဒ္ဓဂေါတမ၏ သာသနာ အား ဖြန့်ချီ အားပေးခြင်းများကြောင့် ဗုဒ္ဓဘာသာသည် မြန်မာနိုင်ငံအတွင်းသို့ အနောက်ဖက်တစ်ပိုင်းလုံးမှ ဖြန့်လျှက် ၀င်ရောက်လာခဲ့ပေသည်။) 
ဒါန်န၀ဒီ (ဓည၀တီ)မှ ခေတ်နောက်ပိုင်းမှ စတင်ဝင်ရောက်လာသော ဗုဒ္ဓသာသနာသည် ယခု ရခိုင်နယ်ဟု သတ်မှတ်ထားသည့် ဒေသ၏ အနောက်ပိုင်းမှ ၀င်လာခဲ့ပြီး- ဒါန်န၀ဒီ (ဓည၀တီ) ဗလ်ဆာလီ (ဝေသာလီ)ထိ ထိုဒေသများတွင် ရှေးဟောင်းလူမျိုးနှင့် မာဂဓအင်ပါယာမှ ကပြားများ- သာ ကြီးစိုးနေထိုင်ခဲ့သည်။ သို့ဖြစ်၍ ထို ဘာသာစကားသည် မာရ်မာကီး၊ ရိုဟင်ဂျာ၊ ဒိုင်းနက် လူမျိုးတို့၏ ဘာသာစကားဖြစ် နေခြင်းပင်။ ဗယ်ဆာလီ (ဝေသာလီ) ခေတ်နှောင်းပိုင်းတွင် လက်ရှိရခိုင်နယ်၏ တောင်ပိုင်းဒေသများမှ (ဗမာဖြစ်လာမည့်- ကမ်းယံ၊ သက်) လူမျိုးစုများ (ထိုလူမျိုးစုများမှာ မြန်မာနိုင်ငံဘက်မှ တောင်ကုတ်တောင်ကြားလမ်း၊ အမ်းတောင်ကြား လမ်း၊ ဂွတောင်ကြား လမ်းများကို ဖြတ် ကျော်လျှက် ရောက်ရှိလာသော လူမျိုးများ ဖြစ်သည်။- ( ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတမြန်မာနိုင်ငံ- အခြေပြု မြန်မာ့သမိုင်း အတွဲ ၁) ယခင် ဓည၀တီ၊ ဝေသာလီ လူမျိုးတို့မှာ ယခု ရခိုင်နယ်၏ တောင်ပိုင်းဒေသများသို့ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် ပြောင်းရွှေ့နေထိုင် နိုင်ခြင်းများ မများခဲ့ပေ။)- ဗယ်ဆာလီ (ဝေသာလီ)နယ်ထဲသို့ စိမ့်ဝင်လာခဲ့သည်။ 
ထိုလူမျိုးတို့အား ဒါန်န၀တီမှ မူလလူမျိုးများက တောင်ပိုင်းမှ စိမ့်ဝင်လာသူများကို တောသားလူမျိုးစုသဘော၊ ကျေးလက်ဒေသသား လူမျိုးစု သဘောကို ဆောင်၍ “ရက္ခု”ဟု ခေါ်သည်။ (ရိုဟင်ဂျာ စကားအရ ရက္ခု ဆို သည်မှာ tribe (လူမျိုးနွယ်စု တစ်ခု)”ဟူ၍ ဖြစ်သည်။ ထိုလူမျိုးစုမှာ မာဂဓီ ဘာသာစကားကို ပြောဆိုခြင်း ကြောင့် နောင်တွက် မော့ဂ် (မာဂဓီ)ဟု ခေါ်ဆိုလာခဲ့သည်။ သို့သော် ထိုမော့ဂ် များမှာလည်း ဗုဒ္ဓဘာသာ ဇစ် ဖြစ်ဖြစ်၍ (အယူအနည်းငယ်ကွဲခဲ့ဟန်ရှိသော်လည်း)- ဗယ်ဆာလီ (ဝေသာလီ)မှ လူမျိုးများနှင့် ဘာသာယုံကြည် မှု တူညီနေခဲ့၍ ပြသနာ မရှိခဲ့ပေ။ (ဤနေရာ၌ ဆင်ခြင်ရန်မှာ မောရိယ အင်ပါယာသည်လည်း မဂဓ အင်ပါယာ ဖြစ်၍ မာဂဓ အင်ပါယာသုံး ရှေးဟောင်း ဘင်္ဂလီစကားနှင့် မာဂဓ အင်ပါယာသုံး မာဂဓီစကား မတူညီပေ။ မာဂဓီ စကားသည် မာဂဓအင်ပါယာ၏ မြောက်ပိုင်းတစ်ကြော၌ ပြောဆိုသော စကားဖြစ်ခဲ့ပြီး- မြန်မာနိုင်ငံသို့ ချင်းတွင်း မြစ်ဖျားဘက်မှ ဆင်းသက်လာခဲ့ခြင်း ဖြစ်သည်။) 
ဗယ်ဆာလီ (ဝေသာလီ) ခေတ်နောက်ပိုင်းတွင်း မောဂ် (ရက္ခု)များ အင်အားထွားလာပြီး အုပ်ချုပ်ရေးပိုင်းတွင် ပါဝင်လာခဲ့ကြောင်း- အုပ်ချုပ်ရေးဆိုင်ရာ ဘာသာစကား၊ ဘာသာစာပေ အပြောင်းအလည်း ကျောက်စာများ အားဖြင့် သိနိုင်ပေသည်။ ထိုမှစ မူလဘူတလူမျိုးတို့အနေဖြင့် အုပ်ချုပ်ရေးပိုင်းတွင် မှေးမှိန်လာပြီး မောဂ် (ရက္ခု) တို့ အင်အားထွားလာကာ- အေဒီ ၉ ရာစုဆန်းတွင် လေးမြို့မင်းဆက်အား ထူထောင်ခဲ့သည်။ အခြားတစ်ဘက် တွင် အေဒီ ၁၁ ရာစု ဆန်းစ၌ မြို့နိုင်ငံလေးများဖြင့် ကွဲပြဲနေသည့် ဗမာများသည်လည်း အနော်ရထာမင်း၏ လက်အောက်၌ စုစည်းသွားခဲ့ပြီး ဗမာအင်ပါယာ အဖြစ် ထွန်းကားလာခဲ့သည်။ ယခုရခိုင်နယ်၏ တောင်ပိုင်းဒေ သ များမှာ ယခင်မှစ၍ ဗမာမျိုးနွယ်များ ပြန့်ပွားပြီး ဒေသဖြစ်သဖြင့် အင်အားထွားလာသော ဗမာများက လေးမြို့ မင်းဆက်အား လက်အောက်ခံနိုင်ငံငယ် အဖြစ် သိမ်းပိုက်သတ်မှတ်ခဲ့ပေသည်။ 
ထိုအခါ လေးမြို့ခေတ် နှောင်းပိုင်း ရက္ခု (ရခိုင်) ဘုရင်များ သြဇာ မှေးမှိန်ခဲ့ရသော်လည်း- ရက္ခု ဟုခေါ်သည့် လူမျိုးမှာ ယခင်ကပင် ဗမာမျိုးနွယ်မှ ဖြစ်ခြင်းကြောင့် ဗမာအင်ပါယာ၏ လက်အောက်၌ တောင်ပိုင်းမြောက်ပိုင်း ပေါင်းစပ်လျှက် ယခုရခိုင်ဟု ခေါ်သော ဒေသ၌ ဗမာစကား (ရှေးဟောင်းဗမာစကား)ပြော လူဦးရေမှာ များပြား ခဲ့ပြီး ဓည၀တီ၊ ဝေသာလီမှ မူလဘူတ လူမျိုးစုတို့ လူနည်းစု ဖြစ်ခဲ့ရသည်။ သို့သော် ဗမာလက်အောက်ခံ အောက်၌ ရက္ခုရော- မူလလူမျိုးပါ အာဏာရှိသူများ မဟုတ်သဖြင့် အာဏာလုရန် အကြောင်းမရှိ-၊ ဘာသာတူ နေသဖြင့် ဘာသာရေးအရ ရန်ဖြစ်ရန် အကြောင်းမရှိဘဲလျှက် ပြသနာကြီးကျယ်ခြင်းများ မတွေ့ရသည့်အပြင်- ရံဖန်ရံခါ- ဗမာတို့အား တော်လှန်ရန်အတွက် ပူးပေါင်းညီညွတ်ခဲ့သည့် အခြေအနေများကိုလည်း တွေ့ရသည်။ 
ဤခေတ်ကာလများသည်- ယခု ရခိုင်ဟု ခေါ်တွင်သော နယ်ထဲ၌ ရခိုင်၏ မြောက်ဘက်မှ ၀င်ရောက်လာခဲ့သော မူလဘူတလူမျိုး သို့မဟုတ် တိဘက်မြန်မာများထက် လွန်စွာ ရှေးကျသောလူမျိုး Negrito (အသားမဲသည့် လူ မျိုးနွယ်)များနှင့် နောက်ပိုင်းဝင်လာသော တိဘက်မြန်မာလူမျိုးတို့ လူမျိုးကြီးနှစ်ခု ထိပ်တိုက်တိုးသော ကာလ လည်း ဖြစ်ခဲ့သည်။ 
ဆက်လက်ဖေါ်ပြပါမည်။ 
ဌေးလွင်ဦး

ရခိုင်သမိုင်း(၂) ဌေးလွင်ဦး

စစ်တကောင်းဒေသ- လေးမြို့ခေတ်၊ မြောက်ဦးခေတ်နှင့် မြန်မာအင်ပါယာ 
စစ်တကောင်း ဒေသသည် သမိုင်းဇစ်မြစ်မှစ၍ ယနေ့တိုင် ဘင်္ဂလီလူမျိုးတို့၏ ဒေသမဟုတ်ပေ။ စစ်တကောင်း တောင်တန်းဒေသခံများ နေထိုင်ရာ ဒေသသာ ဖြစ်ခဲ့သည်။ သို့သော် ၎င်းဒေသအား ဘင်္ဂလားနှင့် ဒါန်န၀ဒီ (ဓည၀တီ) တို့ သူတစ်ပြန် ကိုယ်တစ်ပြန် သိမ်းပိုက်အုပ်ချုပ်ရာ ဒေသအဖြစ် တည်ရှိခဲ့သည်။ ထိုဒေသမှ လူမျိုးစုနွယ်အားလုံးမှာ ဒါန်န၀တီ (ဓည၀တီ)မှ လူမျိုးစုနွယ် အားလုံးနှင့် ဆက်စပ်လျှက် ရှိခဲ့သည်။ ထို့ပြင် သမိုင်းစဉ်ဆက်ကပင် စစ်တကောင်းမြို့သည် ပင်လယ်ဆိပ်ကမ်းမြို့ ဖြစ်ခဲ့သည်။ ၎င်းဒေသမှာ ဗယ်ဆာလီ (ဝေသာလီ) မင်းတို့၏ လက်အောက်၌ စစ်တကောင်းဒေသသည် အေဒီ ၆ ရာစု ၇ ရာစု- ထိုစဉ်က ၎င်းဒေသ တစ်ခုလုံး ဗုဒ္ဓဘာသာ ထွန်းကားခဲ့သည်။
အေဒီ ၉ ရာစုမှ စ၍ အာရဗ်ကုန်သည်များမှာ စစ်တကောင်းဆိပ်ကမ်းသို့ စတင်ကူးသန်းခဲ့သည်။ ထိုမှစ၍ အစ္စလာမ် သာသနာမှာ စစ်တကောင်းနယ်သို့ စတင်မျိုးစေ့ရောက်လာပြီး- အစ္စလာမ်သာသနာ ကျယ်ပြန့် လာခဲ့ သည်။ အေဒီ ၁၄၃၀ ခုနှစ်မှ စ၍ ဘင်္ဂလားပြည်မှ မွတ်ဆလင် အုပ်ချုပ်ရေးနယ်စား ဆူလ်တန် ဖာခ်ရွတ်ဒင် မူဘာရာက် ရှားက စစ်တကောင်းဒေသအား အောင်နိုင်အုပ်ချုပ်ခဲ့သည်။ ထိုကာလမှာ နှစ်ပေါင်း ၁၀၈ နှစ်သာ ဖြစ်ခဲ့၍၊ ၁၅၃၈ ခုနှစ်တွင် မြောက်ဦးမင်းဆက် များက ပြန်လည်သိမ်းပိုက်က ၁၂၈ နှစ် အုပ်ချုပ်ခဲ့ပြန်သည်။ ထို့ နောက် ၁၆၆၆ ခုနှစ်တွင် မွန်ဂိုမင်းများက သိမ်းပိုက်အုပ်ချုပ်ခဲ့ပြန်သည်။
စစ်တကောင်းနယ်သည် ဓည၀တီ၊ ဝေသာလီ၊ လေးမြို့၊ မြောက်ဦး တို့၏ ပိုင်မြေ သို့မဟုတ် အုပ်ချုပ်ခံနယ်မြေ အဖြစ် နှစ်ပေါင်း ထောင်နှင့်ချီ ရှိခဲ့ပြီး- ထိုစစ်တကောင်းဘက်မှ ၀င်လာခဲ့သမျှသော ဘာသာတရားတိုင်းသည် ဓည၀တီ၊ ဝေသာလီ၊ လေးမြို့၊ မြောက်ဦး ပိုင်မြေ ဒေသများသို့ ခေတ်တိုင်း၌ လွှမ်းမိုးခဲ့ကြောင်း ရခိုင်ရှေးဟောင်း ကျောက်စာများက တိကျသော အထောက်အထားများကို ပေးလျှက် ရှိနေသည်။ စစ်တကောင်းဒေသတွင် ဟိန္ဒူ ဘာသာထွန်းကားစဉ်- ဓည၀တီ၊ ဝေသာလီများ၌ ဟိန္ဒူဘာသာ ထွန်းကားခဲ့သည်၊ သို့မဟုတ် လွှမ်းမိုးခဲ့သည်။ စစ်တကောင်းဒေသ၌ ဗုဒ္ဓဘာသာ ထွန်းကားစဉ် ထိုဓည၀တီ၊ ဝေသာလီ၊ လေးမြို့နယ်များသို့ ဗုဒ္ဓဘာသာ သက် ရောက်လွှမ်းမိုးလာခဲ့သည်။ နောက်ဆုံး စစ်တကောင်းဒေသ၌ အစ္စလာမ်သာသနာ ထွန်းကားလာသော အခါ- ဓည၀တီ၊ ဝေသာလီ၊ လေးမြို့- တို့အား အမွေဆက်ခံခဲ့သည့် မြောက်ဦး ခေတ်တွင်လည်း မြောက်ဦးနေပြည် တော် ပိုင်မြေထဲ၌ အစ္စလာမ်သာသနာ ထွန်းကားပြန့်ဝင်လာခဲ့သည်။- ၎င်းမှာ ရှေးဘာသာဝင်နှင့် ရှေးလူဟောင်း များအား မျိုးပြုတ်သတ်ဖြတ်၍- နောက်ဘာသာဝင် လူသားများဖြင့် အစားထိုးခဲ့ခြင်း မဟုတ်ပေ။ နဂိုရှိရင်းစွဲ လူများကသာ မိမိစိတ်သဘောအလျှောက် သာသနာတစ်ခုခုအား ရွေးချယ်ကိုးကွယ်ခဲ့ခြင်း ဖြစ်သည်။
မြောက်ဦးခေတ်တွင် အစ္စလာမ်သာသနာသည် မြောက်ဦးအင်ပါယာထဲသို့ ပြန့်နှံ့လာသည့် ပမာဏမှာ ထုတည် တစ်ရပ် ရှိနေသဖြင့် မြောက်ဦးမင်းဆက် ဘုရင်များကိုယ်တိုင်ပင် မွတ်ဆလင်ဘွဲ့တို့အား ခံယူခဲ့ကြောင်း မည်သူ မျှ မငြင်းနိုင်ပေ။ သို့သော် အစ္စလာမ်သာသနာထဲသို့ ၀င်ခဲ့သူများမှာ စစ်တကောင်းဘက်နှင့် နီးစပ်သော မူလဘူတ လူမျိုးစုများ ဖြစ်၍- ယခု ရခိုင်ဟု ခေါ်တွင်သည့် ဒေသ၏ တောင်ဘက်ပိုင်းမှဝင်လာသော ရက္ခု (ရက္ခိုင်) လူမျိုးတို့မှာ အစ္စလာမ်သာသနာသို့ ၀င်ရောက်မှု နှုန်း နည်းပါးခဲ့သည်။
ထိုသို့ဖြစ်ရသည်မှာ- ယခု ရခိုင်နယ်ဟု ခေါ်တွင်သည့် ဒေသ၏ တောင်ပိုင်းဒေသသည် အစ္စလာမ်သာသနာ ထွန်ကားလာသည့် စစ်တကောင်းနယ်နှင့် ဆက်စပ်မှုမရှိခြင်း- ထိုစစ်တကောင်းနယ်မှ ပြောဆိုသည့် ဘာသာ စကား စာပေတို့မှာ ရခိုင်အာပါယာများ ဖြစ်သည့် ဓည၀တီ၊ ဝေသာလီ၊ လေးမြို့၊ မြောက်ဦး နေပြည်တော်များနှင့် ထိုမှ တောင်ဘက်သို့ အနည်းငယ်လွန်၍သာ လွှမ်းမိုးခဲ့ခြင်းတို့ ကြောင့် ဖြစ်သည်။
ထိုထက်ပို၍ အရေးကြီးသော အချက်မှာ- လေးမြို့ခေတ်နှောင်းပိုင်းမှစ၍- မူလဘူတ လူမျိုးတို့၏ နိုင်ငံရေး သြဇာ မှာ မှေးမှိန်သွားခဲ့ပြီး တောင်ပိုင်းမှ ၀င်ရောက်သွားသည့် ရက္ခု (ရက္ခိုင်) လူမျိုးတို့နှင့် ၎င်းတို့၏ ကပြားများက နိုင်ငံရေး သြဇာလွှမ်းမိုးသွားခဲ့ခြင်း ဖြစ်သည်။ ထိုအခါ မူလဘူတ လူမျိုးတို့မှာ အုပ်ချုပ်ခံများသာ ဖြစ်၍ ထိုခေတ် ထိုအခါမှစ လက်အောက်ခံလူမျိုးများ ဖြစ်သွားခဲ့ရသည်။
သို့သော် မြောက်ဦးအင်ပါယာ၏ လက်ထက်တွင် ရခိုင်နယ်၏ အလယ်ပိုင်းနှင့် တောင်ပိုင်းသို့- ပင်လည်ရေ ကြောင်းဖြင့် ရောက်ရှိလာသော ပါရှန်း၊ အာရဗ်တို့၏ သာသနာပြုမှုများ အနည်းငယ် ရှိခဲ့သည်။ ထိုမှစ၍ အစ္စလာမ် သာသနာသို့ ၀င်ရောက်သူများ ရာနှုန်းအနည်းငယ် ရှိခဲ့သည်။ ထို့ပြင် မြောက်ဦး တပ်မတော်၏ အတွင်း၌ လေးတပ်မတော်မှာ သြဇာရှိခဲ့၍- ထိုလေးတပ်မတော်အား ဘင်္ဂလားပြည်မှာ မွန်ဂိုမင်းတို့၏ စစ်ကူများ ဖြင့် ဖွဲ့စည်းပေးခဲ့သည်။ သို့ဖြစ်၍- လေးတပ်မတော်သားတို့ အစ္စလာမ်သာသနာထဲသို့ ကူးပြောင်းခဲ့သည်။ သူတို့ အား လေးတပ်မတော် (ပါရှန်းစကားဖြင့် ကမန်)ဟု ခေါ်တွင်ခဲ့သည်။ ကမန်များမှာ ရက္ခု (ရက္ခိုင်)များသာ ဖြစ် ပေသည်။ ထို့ကြောင့် ထိုကမန်များသည် ပါရှန်းစကား၊ ဓလေ့၊ ယဉ်ကျေးမှုများ မရှိခဲ့ပေ။
အခြားတစ်ဘက်တွင် အုပ်ချုပ်ခံ မူလဘူတ လူမျိုးအထဲ၌လည်း လူအားလုံး အစ္စလာမ်ထဲသို့ ၀င်ခဲ့ခြင်း မဟုတ် ချေ။ လူ့သဘာဝအလျှောက် မိမိနှစ်သက်ရာ မိမိကိုးကွယ်ခဲ့ခြင်းသာ ဖြစ်သည်။ ထိုခေတ်တွင် မိမိနှစ်သက်ရာ အား ကိုးကွယ်ခြင်းသည် ပြသနာ မဟုတ်ဘဲလျှက် ညီညွတ်နေခြင်းကြောင့် ထိုခေတ်ကာလအား ရခိုင်တို့၏ “ရွှေ ခေတ်” တင်စားခေါ်ဆိုနိုင်သည်။-
ထိုသို့ ညီညွတ်ခြင်းများကြောင့် ရခိုင်တို့မှာ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသများထိ သြဇာလွှမ်းမိုးမှုများ ရှိခဲ့သည်၊ ရွှေ့ပြောင်းနေထိုင်မှုများ ရှိခဲ့သည်။ ယနေ့တိုင် ဧရာဝတီတိုင်းထဲ၌ မိမိကိုယ်မိမိ “ရခိုင်” ဟု ခံယူသည့် လူမျိုးများ အား ပင်လယ်ကမ်းရိုးတန်း တစ်လျှောက်၌ တွေ့မြင်နိုင်ပေသည်။
သို့သော် မြောက်ဦးခေတ်၏ နှောင်းပိုင်းတွင်- ရခိုင်နယ်၌ ဘာသာရေးခွဲခြားမှု စတင် လာခဲ့တော့သည်။ အစ္စလာမ် သာသနာပြုမှုတို့အား ပိတ်ပင်ရန်၊ ဗုဒ္ဓဘာသာအား ကာကွယ်ရန်ဟူ၍ ဘုန်းကြီးများအတွင်း မျိုးစေ့ချ လာတော့သည်။ “ရွှေမျဉ်းဓမ္မသတ်” စာအုပ်ကဲ့သို့ ဗုဒ္ဓဘာသာကာကွယ်ရေး စာအုပ်များ ထုတ်ဝေလာတော့ သည်။ ဗုဒ္ဓဘာသာအားကိုး အဖြစ် ဗမာဘက်သို့ စိတ်ယိုင်လာသည့် မျိုးဆက်များ ပေါ်ထွန်းလာတော့သည်။ (ဤအချက်သည်လည်း ရိုးသားဟန် မရှိပါ။ ထိုခေတ်ကာလသည် ဗုဒ္ဓဘာသာမင်းများ အုပ်ချုပ်နေသာ ကာလ ဖြစ်၍ အစ္စလာမ်သာသနာမှာလည်း ရခိုင်နယ်အတွင်း အတင်းအဓမ္မသာသနာ ပြုခြင်းများ မရှိခဲ့ဘဲလျှက်- ဗုဒ္ဓ ဘာသာအား ကာကွယ်ရမည်ဟု အကြောင်းပြချက်မှာ ခိုင်လုံမှု မရှိပါ။ ရခိုင်အင်ပါယာအား သွေးကွဲအားနည်း သွားရန် ဗမာတို့ဘက်မှ လုပ်ဆောင်ခဲ့သော အချက်သာ ဖြစ်နိုင်သည်။- သို့သော် ဤသည် ကျွန်ုပ်၏ သုံးသပ် ချက်သာ ဖြစ်၍- ထိုအတွက် အချက်အလက်များ ကျွန်ုပ်၌ မရှိသေးပါ။)
ထိုမြောက်ဦးခေတ်၏ နှောင်းပိုင်းတွင် ရခိုင်များ ဗမာဘက်သို့ မည်မျှ စိတ်ပါခဲ့သနည်း ဟူမူ-၊ မူလဘူတလူမျိုးထဲ မှ ဗုဒ္ဓဘာသာအား ကိုးကွယ်သည့် သူများအား “မြန်မာကြီး” (မြန်မာတို့ထက် ရှေ့ကျသော မြန်မာ လူမျိုးကြီး) ဟု စတင် ခေါ်ဆိုခဲ့ပြီး- ထိုလူမျိုးထဲမှ အစ္စလာမ်သာသနာသို့ ကူးပြောင်းသူတို့ကိုမူ ကုလားများဟု စတင်ခေါ် လေတော့သည်။ ထိုအခေါ်မှာ မြောက်ဦးဘုရင်များ စစ်တကောင်းသို့ သိမ်းပိုက်စဉ် ဖမ်းဆီးခေါ်ဆောင်လာခဲ့ သော စစ်သုံ့ပန်းတို့အား ခေါ်သော အမည်ဖြစ်သာ ဖြစ်သည်။ (အမှန်တစ်ကယ်တွင် ထိုစစ်သုံ့ပန်းတို့၌လည်း အစ္စလာမ်၊ ဟိန္ဒူ၊ ဗုဒ္ဓဘာသာများ ပါဝင်ခဲ့သည်။) သို့သော် မူလဘူတ လူမျိုးများမှ အစ္စလာမ်ဘာသာအား ကိုး ကွယ်သူများက ထို ကုလား များနှင့် ကွဲပြားစေရန် သူတို့ကိုယ်သူတို့ “ရိုဟင်ဂျာ” လူမျိုးဟု ခေါ်တွင်ခဲ့တော့ သည်။
ထိုကာလသည် မြောက်ဦးနေပြည်တော် ပိုင်ဆိုင်သည့် ရခိုင်ဒေသအတွင်း တိုင်းရေးပြည်ရေး ရှုပ်ထွေးလာပြီး ၁၇၇၄ မှ ၁၇၈၅ ခုနှစ်များအတွင်း ဗမာအင်ပါယာနှင့် အကြီးအကျယ် စစ်ဖြစ်ရတော့သည်။ ထို့နောက် ဗမာတို့က မြောက်ဦး အင်ပါယာအား သိမ်းပိုက်လျှက် ဗမာအင်ပါယာထဲသို့ အပြီးအပိုင် သွတ်သွင်းလိုက်တော့သည်။
ရခိုင်သည် ဗမာအင်ပါယာထဲသို့ ပါသွားခဲ့သည်နှင့် တစ်ပြိုင်နက်- အခြားတစ်ဘက်တွင် အင်္ဂလိပ်တို့၏ အင်ပါ ယာအတွင်းသို့ ပါသွားပြီး ဖြစ်သော အိန္ဒိယ ဘင်္ဂလားပြည်နယ်နှင့် မြန်မာအင်ပါယာ နယ်စပ်ချင်းထိစပ်သွားခဲ့ သည်။ နောင် ၃၉ နှစ်အကြာ ၁၈၂၄ ခုနှစ်တွင် အင်္ဂလိပ်နှင့် မြန်မာ ပထစစ်ပွဲ စတင်ဖြစ်ခဲ့ရလေသည်။
အင်္ဂလိပ်တို့ အနေဖြင့် မြန်မာနိုင်ငံသို့ အင်ပါယာမချဲ့မှီ မြန်မာအင်ပါယာ အတွင်းမှ လူမျိုးတို့အား သုတေသနပြု ခဲ့သည်။ ထိုသို့ သုတေသနပြုရာတွင် ရခိုင်ဒေသအတွင်းမှ မူရင်းဇာတိ လူမျိုးများ- ထိုလူမျိုးတို့၏ ပြောဆိုသော ဘာသာစကား အခေါ်အဝေါ်များကို ၁၈၀၁ ခုနှစ်ထုတ် ASIATICK RESEARCHS OR, TRANSACTIONS OF THE SOCIETY INSTITUDE IN BANGAL, FOR INQUIRING INTO THE HISTORY AND INTIQUITIES, THE ART, SCIENCE AND LITERATURE OF ASIA (VOLUME THE FIFTH) စာအုပ်တွင် Rooinga (ရိုအင်ဂျာ) ဟု ထင်ရှားစွာ တွေ့နိုင်ပြီး ထိုသုတေသနအား ၁၇၉၉ ခုနှစ်တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် ၁၈၁၁ ခုနှစ်ထုတ် THE CLASSICAL JOURNAL FOR SEPTEMBER AND DECEMBRE 1811 VOL. IV, LONDON PRITHED စာအုပ်များတွင် Rooinga ဟူသော စာလုံးဖြင့် မြောက်များစွာ တွေ့ရမည် ဖြစ်သည်။ ထိုလူမျိုးများ ဘာသာစကားဖြင့် နေကို ဘယ်လိုခေါ်သည်၊ လကို ဘယ်လိုခေါ်သည်၊ မိုးကို ဘယ်လိုခေါ်သည်၊ ကြယ်ကို ဘယ်လိုခေါ်သည် စသည့်ဖြင့် ဘာသာဗေဒ ဝေါဟာရပေါင်းလည်း များစွာကိုလည်း ရခိုင်ပြည်ရှိ အခြားသော တိုင်းရင်းသားများ၏ ဘာသာစကားများဖြင့် ယှဉ်တွဲဖေါ်ပြထားသည်ကို မျက်ဝါးထင်ထင် မြင်ရ မည် ဖြစ်သည်။ ၎င်း စာအုပ်များသည် ကမ္ဘာ့နိုင်ငံကြီးတိုင်း၏ စာကြည့်တိုက်တိုင်းတွင် ရှိနေ၍- မြန်မာ အင်ပါယာအတွင်း အင်္ဂလိပ် များ မရောက်မှီကတည်းက ရှိနေသည့် မူလဘူတ ဇစ်မြစ်လူမျိုးများ အကြောင်း လေ့လာသူတိုင်း သိနိုင်ပေသည်။ မည်သူမျှ လိမ်ညာဖုံးကွယ်ထား၍ မရနိုင်သကဲ့သို့၊ လွဲမှားသော အမျိုးသား ရေးစိတ်များဖြင့် သမိုင်းတု ဖန်တီး၍လည်း မရနိုင်ပေ။ 
 
ထိုစာအုပ်များမှာ ၁၈၂၄ ခု အင်္ဂလိပ်များ မြန်မာအင်ပါယာထဲသို့ မ၀င်မှီ လေ့လာခဲ့သော စာအုပ်သုတေသနများ ဖြစ်၍- ထိုစာအုပ်များထဲ၌ Rooinga တို့သည် မူလဘူတ လူမျိုးများ ဖြစ်ကြောင်း ဖေါ်ထားသည်ကိုလည်း တွေ့ နိုင်ပေသည်။ 
၁၇၈၅ ခု မြန်မာအင်ပါယာမှ ၎င်းတို့ ဘာသာဖြင့် ခေါ်ဆိုသော ရခိုင်နယ်သို့ သိမ်းပိုက်ပြီးနောက်——၊ ရခိုင်မှ သိမ်းဆည်းယူငင်သွားသည်များမှာ- မဟာမြတ်မုနိ ဆင်းတော်တော်ကြီး တစ်ခုတည်းသာ မဟုတ်ပေ။- မြန်မာ စစ်တပ်၌ စစ်သားအဖြစ် အသုံးပြုရန် စစ်သည်ပေါင်းများစွာအားလည်း ခေါ်ဆောင်သွားခဲ့သည်သာ ဖြစ်သည်။
မြန်မာများ ခေါ်ဆိုသော “ရခိုင်” လူမျိုး—
ဆက်လက်ဖေါ်ပြပါမည်။
ဌေးလွင်ဦး

Very Important ရခိုင်ပြည်ရှိမွတ်ဆလင်များသည်သဘာဝအလျှောက် တိုင်းရင်းသား၊နိုင်ငံသားဖြစ်ကြောင်း၊ပြည်ထောင်စု လွှတ်တော်သို့ တင်ပြသည့်စာတမ်း …

AD ( ၁၈၂၃ ) ခုနှစ် မတိုင်မီကမြန်မာနိုင်ငံ၌ ပင်ရင်းနှိုင်ငံအဖြစ် နေထိုင်ကြခဲ့သောမွတ်ဆလင်များ

 အမှာစာ

မြန်မာနိုင်ငံ၏ သမိုင်းရာဇ၀င်များကိုလေ့လာကြည့်လျှင်မြန်မာနိုင်ငံအရပ်ရပ် ၌နေ ထိုင်ကြသော အစ္စ လာမ် ဘာသာဝင် မြန်မာမွတ်ဆလင်များ သည် လွန်ခဲ့သော နှစ်ပေါင်း (၁၀၀၀) ကျော်၊ (၁၂၀၀) ခန့် လောက်ကစ၍ အစု လိုက်သော် လည်းကောင်း၊အနည်း ငယ် သော် လည်းကောင်း လွန်ခဲ့သော နှစ်ပေါင်း (၃၀၀) ခန့်အထိ ၀င်ရောက်နေ ထိုင်ခဲ့ကြောင်း သမိုင်း တွင် အထောက်အထားခိုင်လုံစွာ တွေ့ရှိ ရသည်။
မြန်မာ့ရာဇ၀င် ၊သမိုင်း များတွင် အခြားသော တိုင်းရင်းသားလူမျိုးများမြန်မာနိုင်ငံ သို့ ၀င်ရောက် နေ ထိုင် ပုံကို လေ့လာလျှင် မြန်မာမွတ်ဆလင်များသည်လည်း ၎င်းတို့ထက်နောက် မကျသေးကြောင်းကို သမိုင်း သမိုင်း အထောက်အထားများအရသိရှိနိုင် ပါ သည်။ ထို့ကြောင်း မြန်မာမွတ်ဆလင်များသည်လည်း ထိုခေတ် ထိုအခါ(နှစ်ပေါင်း ၁၀၀၀)ကျော်  ကပင်  ရောက်  ရှိနေ ကြောင်း လယ်ပြင် မှာ ဆင်သွားသကဲ့သို့ ရာဇ၀င်၊သမိုင်း တွင် ထင်ရှားနေ ပါသည်။

အာဇာနည်ခေါင်းဆောင်ဆရာကြီး ဦးရာဇတ် ၏ အတ္ထုပ္ပတ္တိ အကျဉ်း

မြန်မာအာဇာနည် ဆရာကြီးဦးရာဇတ် (ခ) Mr. Abdur Razak (ခ) ဦးမောင်မောင်ကြီး (၁၈၉၈-၁၉၄၇)
ပညာရေးနှင့် အမျိုးသားစီမံကိန်း ဌာန၀န်ကြီး ဗဟိုအမျိုးသားကျောင်း ကျောင်းအုပ်ဆရာကြီး

ဦးရာဇတ်ကို တိုက်ပိုင်အင်စပတ်တော် မစ္စတာရှိတ်ခ်အဗ္ဗဒူရ်ရဟ်မန်နှင့် ဒေါ်ပလုတ်ခေါ် ဒေါ်ငြိမ်းလှတို့မှ မွေးဖွားသည်။ သားသမီး ၁၃-ယောက် အနက် စတုတ္ထသားဖြစ်သည်။ ဆရာကြီးကို ၁၈၉၈-ခု ဇန်န၀ါရီလ ၂၀ရက်တနင်္လာနေ့၌ မိတ္ထီလာမြို့တွင် ဖွားမြင်သည်။ မောင်မောင်ကြီး ဟူ သော အမည်ရှိသော်လည်း မတွင်ခဲ့ပါ။
မိသားစုသည် အလုပ်တာဝန်ကြောင့် မိတ္ထီလာမြို့မှ မန္တလေးမြို့သို့ ပြောင်းရွှေ့ရသောအခါ ဆရာကြီးသည် မန္တလေးမြို့ ၀က်စလီယန် မိန်းကလေးကျောင်းတွင် သူငယ်တန်းမှစ၍ ပညာသင်ကြားခဲ့သည်။ စတုတ္ထတန်း အောင်မြင်သောအခါ ၀က်စလီယန် ယောကျာ်းလေး ကျောင်းသို့ ပြောင်းရွှေ့သင်ကြားသည်။ ထူးချွန်သဖြင့် အတန်းကျော်၍ တက္ကသိုလ်ဝင်တန်းသို့တင်ပေးရသည်။ ၁၉၁၂-ခု တက္ကသိုလ်ဝင်စာမေးပွဲကို ထိုကျောင်းမှ အောင်မြင်သည်။ ၁၉၁၇-ခုနှစ် ရန်ကုန်မြို့ ကောလိပ်သိပ္ပံကျောင်းတွင် အိုင်အေ အထက်တန်းတက်နေချိန် အင်္ဂလိပ်စာစီစာကုံးပြိုင်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ရာပထမဆုရရှိ၍ ဘိုင်မြား(Bhai Meah)ရွှေတံဆိပ်ဆု ချီးမြှင့်ခြင်း ခံရသည်။ အိန္ဒိယနိုင်ငံထုတ် New Time မဂ္ဂဇင်းတွင် ရှမ်းပြည် နယ်မှ ၃၆-ကောင်ထီ အကြောင်း ဆောင်းပါး ရေးသား ပေးပို့ခဲ့ရာပထမတန်း ဆောင်းပါးဆု ရရှိသည။် ဆရာကြီးသည် စာပေပညာတွင် ထူးချွန်ရုံမျှမက ခရစ်ကက်၊ လက်ဝှေ့၊ တင်းနစ်၊ ဘောလုံး စသည့် အားကစားများတွင် တက္ကသိုလ်က သတ်မှတ်ပေးသည့် Blue အဆင့်ရရှိသည်။ ဘောလုံးတွင် College First Eleven Player တစ်ဦးဖြစ်သည်။

၁၉၂၀-ပြည့်နှစ် ပထမကျောင်းသားသပိတ် အရေးတော်ပုံကြီး ပေါ်ပေါက်သောအခါ အင်္ဂလိပ်စာ ဂုဏ်ထူးတန်းကျောင်းသား ဆရာကြီးသည် ကျောင်းသားခေါင်းဆောင် တစ်ဦးအဖြစ် ပါဝင်သည်။ ၁၉၂၁-ခုနှစ်တွင် မန္တလေး ဗဟိုအမျိုးသားကျောင်း၌ အင်္ဂလိပ်စာနှင့် ပါဠိဘာသာသင်ကြား ပို့ချသောဆရာအဖြစ် တာဝန်ထမ်းဆောင်သည်။ ဆရာကြီးသည် မန္တလေး နန်းထိပ်ရှိ မဟာဝိသုတာရာမကျောင်းတိုက် အတွင်းရှိ ဓမ္မာရုံ၏စာကြည့်တိုက် အသင်းဥက္ကဋ္ဌအဖြစ်လည်း တာဝန်ယူခဲ့သည်။
၁၉၂၁-ခုနှစ်တွင် မန္တလေးဗဟိုအမျိုးသားပညာရေးကောင်စီမှ ကြီးမှူးကျင်းပသော ဘီအေစာမေးပွဲကို ၀င်ရောက်ဖြေဆို အောင်မြင်သည်။ ဆရာကြီးသည် ဗဟိုအမျိုးသားကျောင်း၌ ၁၉၂၃-ခုနှစ်မှစ၍ ကျောင်းဆရာကြီး အဖြစ်လည်းကောင်း၊ ကျောင်းအုပ်ကြီးအဖြစ် လည်းကောင်း ဆောင်ရွက်ခဲ့သည်။ ဗဟိုအမျိုးသား ကျောင်းတံဆိပ်နှင့် ကြွေးကြော်သံကို ဆရာကြီးလက်ထက်တွင် ရွေးချယ်သတ်မှတ် ပြုလုပ်ခဲ့သည်။ တံဆိပ်မှာဆောင့်ကြောင့်ထိုင်နေသော ကေသရာခြင်္သေ့မင်းဖြစ်ပြီး ကြွေးကြော်သံမှာ “အတ္တာဟိအတ္တ္တနော နာထော” ဖြစ်သည်။မန္တလေးဗဟို အမျိုးသားကျောင်းကြီးတွင် (က)အမျိုးသားအပျော်တမ်းရဲတပ် (ခ) အမျိုးသားအပျော်တမ်းရဲဘင်ခရာတပ် (ဂ) အမျိုးသားရဲညွန့်တပ်များ ဖွဲ့စည်းခဲ့သည်။ ဆရာကြီးသည် အပျော်တမ်းရဲတပ်ဗိုလ်ချုပ်ဖြစ်ခဲ့သည်။
ဆရာကြီးသည် အင်္ဂလိပ်စာအရေးကောင်း၍ အသနားခံစာ စသည်တို့ကို တစ်ပါးသူတို့အတွက် ရေးသား ပေးလေ့ရှိသည်။ အကြောင်းသိမိတ်ဆွေများက စေတနာ့ဝန်ထမ်း လျှောက်လွှာစာရေးကြီးဟု ချစ်စနိုး ကျီစယ်တတ်ကြသည်။ ဆရာကြီးသည် အင်္ဂလိပ်စာသာမက အမိဘာသာစကားဖြစ်သည့် မြန်မာဘာသာလည်း ကျွမ်းကျင်နှံ့စပ်သည်။ အဟုတ်အဟတ် တတ်မြောက်သည်။ ဆယ်တန်းကတည်းက ပါဠိဘာသာကိုလည်း ယူခဲ့သည်။ ကျောင်းပိတ်ရက်များတွင် မန္တလေးမြို့နန်းတော်ရှေ့တိုက်တော်ကျောင်းတိုက်၊ ခင်မကန် ကျောင်းတိုက်၊ အတုမရှိ ကျောင်းတိုက်များရှိ တိုက်အုပ်ဆရာတော်များထံသို့သွားကာ မြန်မာနှင့်ပါဠိကို မပြတ် လေ့လာဆည်းပူးသည်။
အပျော်တမ်းရဲတပ် ဗိုလ်ချုပ်ဆရာကြီးဦးရာဇတ်
ဆရာကြီးသည် ရဟန်းလူရှင်များနှင့် ခင်မင်ရင်းနှီးစွာ ပေါင်းသင်းဆက်ဆံလေ့ရှိသည်။ ထို့ကြောင့်လည်း ဗုဒ္ဓအယူဝါဒကို အထူးလေးစားသော မန္တလေးကဲ့သို့မြို့ကြီးတစ်မြို့ရှိ အမျိုးသားအထက်တန်းကျောင်းတွင် ဆရာကြီး အနေနှင့် ကျောင်းအုပ်အဖြစ် ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်သည်။
ဆရာကြီးသည် ကျောင်းသားများအား ပညာကိုသာမက မျိုးချစ်စိတ်ကိုပါ သွတ်သွင်းပေသည်။ အမျိုးသားကျောင်းမှ ကျောင်းသားများ အကျိုးအတွက် သမဂ္ဂဖွဲ့စည်းပေးပြီး ရန်ကုန်မှရောက်လာကြသော ကျောင်းသားခေါင်းဆောင် ကိုနု၊ ကိုအောင်ဆန်း၊ မစ္စတာရာရှစ် စသူတို့နှင့် မိမိကျောင်းမှ ကျောင်းသားများကို တွေ့ဆုံမိတ်ဆက်ဆွေးနွေးစေခဲ့သည်။ ၁၉၃၇-ခုနှစ်တွင် ကိုအောင်ဆန်း ဦးဆောင်သော ကျောင်းသား ခေါင်းဆောင်များမန္တလေးသို့ ဒုတိယအကြိမ် ရောက်ရှိလာသောအခါ ဆရာကြီး ဦးရာဇတ်အမှူးပြုသော အမျိုးသားကျောင်းဆရာများက လက်ဖက်ရည်ပွဲဖြင့် ဧည့်ခံခဲ့သည်။
ဗိုလ်အောင်ကျော် ကျဆုံးသော ၁၉၃၈-ခုနှစ်တွင် မြန်မာ တစ်နိုင်ငံလုံး၌ ကျောင်းသားများ သပိတ်မှောက်ခဲ့ကြသည်။ မန္တလေးမြို့ရှိ ဥရောပတိုက်သားပညာဝန်နှင့် အရေးပိုင်တို့သည် အမျိုးသားကျောင်းသို့ ရောက်ရှိလာကြသည်။ ကျောင်းသားများ သပိတ်မှောက်ခြင်းရှိမရှိ မေးမြန်းရာဆရာကြီးက မိမိကျောင်းသားများ ဘယ်တော့မှသပိတ်မမှောက်ဟု ဖြေလိုက်ရာ ၀မ်းသာအားရပြန်သွားကြသည်။ နာရီဝက်ခန့်အကြာကျောင်းသားများ လူစုသပိတ်မှောက်သွားကြသည်။ ထိုအခါ အရာရှိကြီးနှစ်ဦးပြန်လည်ရောက်ရှိလာပြီး ဆရာကြီး လိမ်သည် ညာသည်ဟု စွပ်စွဲသည်။ ဆရာကြီးက မည်သို့မျှမဖြေဘဲ ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌကိုခေါ်ပြီး ထိုအရာရှိကြီး နှစ်ဦးရှေ့တွင်မေးမြန်းသည်။ ဥက္ကဋ္ဌကမိမိတို့သည် ဆရာကြီးကျောင်းကို ဘယ်တော့မှ သပိတ်မမှောက်ပါ။ ပညာရေးစနစ်ကိုသာ သပိတ်မှောက်ခြင်းဖြစ်ပါသည်ဟု ဖြေသည်။ အရာရှိကြီး နှစ်ဦး သဘောပေါက်ကာပြန်သွားကြရသည်။
၁၉၃၈ ခု ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် မန္တလေးမြို့ရှိ ဗမာမွတ်စလင်လူငယ်များက လူငယ်များ နိုးကြားရေးအဖွဲ့ ကိုဖွဲ့သည်။ ဗမာမွတ်စလင်နိုးကြားရေးအဖွဲ့များသည် တို့ဗမာအစည်းအရုံးသခင်များနှင့် နီးစပ်သော အဖွဲ့များဖြစ်သည်။ သခင်များက အထူးအားပေးခဲ့သည်။ သခင်များက တို့ဗမာဟု သုံးစွဲသည့်အတွက် မြန်မာမွတ်စလင်ဟု ခေါ်နေသူတို့ကဗမာမွတ်စလင်ဟု ပြောင်း၍ ခေါ်တွင်သုံးစွဲခဲ့ကြသည်။
၁၉၄၀-ခု မေလ ၄ ရက်နေ့တွင် မန္တလေးမြို့၌ ဗမာမွတ်စလင်ဗဟိုနိုးကြားရေးအဖွဲ့ချုပ်၏ ဒုတိယအကြိမ် ကွန်ဖရင့်ကို စတင်ကျင်းပသည်။ ထိုမျက်နှာစုံညီ အစည်းအဝေးမှ နိုင်ငံလုံးဆိုင်ရာ ဗမာမွတ်စလင်အဖွဲ့ကြီး တစ်ခုကို ဆရာကြီး ဦးရာဇတ်ကိုဥက္ကဋ္ဌ၊ ဦးကိုကိုလေးကို အတွင်း ရေးမှူးအဖြစ် ရွေးချယ်တင်မြှောက်သည်။ ၁၉၄၁-ခု မေလ ၃ ရက်နေ့တွင် ရမည်းသင်းခရိုင်၊ ယင်းတော်ရွာကြီး၌ကျင်းပခဲ့သော ညီလာခံကြီးက ဦးရာဇတ်ဦးဆောင်သော အမှုဆောင်အဖွဲ့ကို ရွေးချယ်တင်မြှောက်ခဲ့သည်။တိုင်းရင်းသား အစ္စလာမ်ဘာသာဝင်များအား ဗမာမွတ်စလင် အမည်ခေါ်တွင်ရန် ဗမာမွတ်စလင်နိုးကြားရေးအဖွဲ့ချုပ်က သက်ဆိုင်ရာသို့တင်ပြ တောင်းဆိုသည်။ ၁၉၃၀-ခုနှစ်တွင် နန်းရင်းဝန်ဖြစ်လာသောဂဠုန်ဦးစောက နိုးကြားရေးအဖွဲ့၏ တောင်းဆိုချက်အတိုင်း တိုင်းရင်းသားအစ္စလာမ်ဘာသာဝင်တို့အား ဗမာမွတ်စလင်ဟု တစ်မျိုးတည်းခေါ်ရန်အမိန့်ထုတ်ခဲ့သည်။ သန်းခေါင်စာရင်းတွင်လည်း အဆိုပါအမည်တစ်မျိုးတည်းသာ ထည့်သွင်းရန် အမိန့်ထုတ်ပေးခဲ့သည်။
၁၉၄၅-ခု ဒီဇင်ဘာ ၂၄၊ ၂၅၊ ၂၆ ရက်နေ့များတွင် ပျဉ်းမနားမြို့၌ ပြည်လုံးကျွတ် ဗမာမွတ်စလင်မျက်နှာစုံညီ အစည်းအဝေးကြီးကိုစည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။
ပျဉ်းမနားညီလာခံကြီးသို့ ဖဆပလအဖွဲ့ဥက္ကဋ္ဌကြီး ဗိုလ်ချုပ်အောင်ဆန်းသည် အကြောင်းမညီညွတ်၍ မတက်နိုင်ခဲ့သော်လည်း ဖဆပလဌာနချုပ်က ကိုယ်စားလှယ်အဖြစ် သခင်ဝတင်တို့ တက်ရောက်ကြသည်။ ညီလာခံသဘာပတိမှာ အက်စ်အေရာမန်ဖြစ်ပြီး အတွင်းရေးမှူးမှာ မန္တလေးနိုးကြားရေး ဦးသန်းရွှေဖြစ်သည်။ ညီလာခံတွင် ဗိုလ်မှူးဘရှင်နှင့် ဦးသန်းရွှေတို့ ရေးသားတင်ပြသော ”ကျွန်ုပ်တို့ဖြစ်စေ လိုသော ဗမာမွတ်စလင်များ” စာမူကြမ်းကို အတည်ပြုလိုက်သည်။ ဆရာကြီးတင်ပြသည့် ‘ဗမာမွတ်စလင်ကွန်ဂရက်’ အမည်ကို ရွေးချယ်ခဲ့ကြသည်။ ထို ပြည်လုံးကျွတ်ညီလာခံကြီးမှပင် အဆို(၄)ခုကို တင်သွင်းအတည်ပြုပေးခဲ့သည်။ ညီညွတ်ရေးအဆို၊ ပူးပေါင်းရေးအဆို ၊ သာသနာရေးအဆို ၊ လုပ်ငန်းအဆို ဟူသည့် အဆိုများဖြစ်သည။် ဗမာကို ဗမာကသိရေး၊ ဗမာမွတ်စလင်တိုင်းရင်းသားများသည် အစ္စလာမ်ဘာသာကိုးကွယ်ကြသည့် ဗမာအမျိုးသားများဖြစ်ကြသည်ဟူသော ကြွေးကြော်သံနှစ်ခုလည်း ပေါ်ထွက်လာသည်။ ထိုညီလာခံကြီးမှ အဖွဲ့ချုပ်ဥက္ကဋ္ဌအဖြစ် ဦးရာဇတ်၊ အထွေထွေ အတွင်းရေးမှူးအဖြစ် ဦးခင်မောင်လတ်တို့ကို ရွေးချယ်တင်မြှောက်ကြသည်။ ညီလာခံတွင် ဖဆပလဌာနချုပ်သို့ဗမက ကိုယ်စားလှယ်များအဖြစ် ဦးဘစိန်၊ ဦးခင်မောင်လတ်နှင့် ဦးဖေခင်တို့ကို ရွေးချယ်လိုက်ကြသည်။
၁၉၄၆-ခု ဇန်န၀ါရီလ ၂၀ ရက်နေ့ ရွှေတိဂုံအလယ်ပစ္စယံ၌ကျင်းပသော ဖဆပလအဖွဲ့ချုပ်ကြီး၏ နိုင်ငံလုံးဆိုင်ရာ ညီလာခံကြီးတွင်ဗမက ကိုယ်စားလှယ်များသည် တက်တက်ကြွကြွပါဝင်ခဲ့သည်။
ထိုညီလာခံကြီးတွင် ညီလာခံသဘာဝပတိ ဗိုလ်ချုပ်အောင်ဆန်းက -
‘အမျိုးသား ညီညွတ်ရေးဆိုသည်မှာ ခေါင်းဆောင်များသာညီညွတ်ခြင်းကိုမဆိုလို။ လူမျိုးဘာသာ ယောကျာ်း၊ မိန်းမဂိုဏ်းဂဏမရွေး တစ်နိုင်ငံလုံး ပြည်သူပြည်သား၊ လူထု တစ်ခုလုံး၊ အပြောသာမဟုတ် အလုပ်နှင့်တကွ အမျိုးသားတို့၏အလိုဆန္ဒများကို ပြည့်ဝနိုင်ရန် အမျိုးသားတို့၏ လုပ်ငန်းများတွင် သောင်းသောင်းဖြဖြ စိတ်ရောကိုယ်ပါ ညီညွတ်ကြသည်ကို ဆိုလိုသည်’ ဟု လူထု အင်အားအရေးကြီးကြောင်း ညွှန်ပြမိန့်ကြားသည်။
ညီလာခံကြီးတွင် စီစဉ်ထားသော အဆိုများအနက် အဆိုအမှတ်(၁) နိုင်ငံတကာရေးရာအဆိုကို ဗမာမွတ်စလင်အဖွဲ့ချုပ်မှ ဦးကြွယ်ဝကလည်းကောင်း၊ အဆိုအမှတ်(၂) လုံးဝလွတ်လပ်ရေးသို့ အဆိုကို ဗမာမွတ်စလင်အဖွဲ့မှ ဦးအောင်စိန်ကလည်းကောင်း၊ အဆိုအမှတ် (၃)ဘိလပ်သွားရေးအဆိုကို ဗမာမွတ်စလင်အဖွဲ့မှ ကိုညီညီကလည်းကောင်း ပါဝင်ထောက်ခံသည်။ အဆိုအမှတ်(၇) ပယ်ထားသောနယ်များ ပူးပေါင်းရေးအဆိုကို ဗမာမွတ်စလင်အဖွဲ့မှ ဒုတိယဥက္ကဋ္ဌကိုဖေခင်က တင်သွင်းသည်။ အဆိုအမှတ်(၁၈) ညီညွတ်ရေးအဆိုကို ဖဆပလအဖွဲ့ချုပ်၏ ဥက္ကဋ္ဌ ညီလာခံကြီး၏သဘာပတိ ဗိုလ်ချုပ်အောင်ဆန်းက တင်သွင်းရာတွင် -
‘ယခုအခါ ဗြိတိသျှနယ်ချဲ့သမား လက်အောက်မှ လွတ်မြောက်ရေး၌ တူညီသောအကျိုး၊ တူညီသောအလုပ်နှင့် တူညီသော ရည်ရွယ်ချက်များရှိသော အထက်ပါလူတန်းစား အစည်းအရုံးများ တိုင်းရင်းသား လူနည်းစုများနှင့် နိုင်ငံရေးပါတီတိုင်းသည် လွတ်လပ်ရေး အင်အားစု ပေါင်းစုံရာဖြစ်သော ဖဆပလအဖွဲ့ချုပ်ကြီးနှင့် တကယ့်အမျိုးသားညီညွတ်ရေးကို ခိုင်မြဲအောင်တည်ဆောက်ကာ ဗမာပြည်လွတ်လပ်ရေးကို အရယူရန် ဤညီလာခံက ဆုံးဖြတ်ကြောင်း’ဟု ပါရှိသည်။
ညီလာခံကြီးသို့ တက်ရောက်လာသော ဗမကကိုယ်စားလှယ်များအပါအ၀င် လူထုကြီးက တစ်ခဲနက်ထောက်ခံ အတည်ပြုလိုက်သည်။ (သံတော်ဆင့်သတင်းစာ ၂၂၊ ၁၊ ၄၆၊ ဒီးဒုတ်ဂျာနယ် အတွဲ ၁၉၊ နံပါတ် ၂၅၊ ၂၆၊ ၂၇ )
ဆရာကြီးသည် ၁၉၄၆-ခု စက်တင်ဘာ ၂၃ ရက်နေ့ သာစည်မြို့တွင် ကျင်းပသည့် ဗမာနိုင်ငံလုံးဆိုင်ရာ ဗမာမွတ်စလင် အိုလမာအဖွဲ့ချုပ်စတင်ဖွဲ့စည်းမည့် ညီလာခံသို့တက်ရောက်သည်။ တိုင်းပြည် လွတ်လပ်ရေး အတွက် ညီညွတ်ရေး တည်ဆောက်စဉ် နေ့မအားညမအား ဆောင်ရွက်နေချိန်တွင် အလေးထား အချိန်ပေးခဲ့ခြင်းဖြစ်သည်။ ဆရာကြီးသည်တိုင်းရင်းမွတ်စလင်တို့အား ကျမ်းစာများ၏ အမိ ကျမ်းမြတ်ကုရ်အာန်ကို အဓိပ္ပာယ်ယတ္ထနှင့်တကွ သိနားလည်ရန် လိုအပ်ကြောင်း ရှင်းလင်းမိန့်ကြားခဲ့သည်။
၁၉၄၆-ခု ဒီဇင်ဘာ ၆ ရက် မှ ၈ ရက်နေ့အထိ ရန်ကုန်မြို့ဇိနတ်မိန်းကလေးကျောင်း၌ကျင်းပသော ဗမက ပြည်လုံးကျွတ် ညီလာခံကြီးမှ ဗမာမွတ်စလင်တို့သည် လူနည်းစုလော သို့မဟုတ် လူများစုလောဟူ၍ နှစ်ဖက်သဘောကွဲလွဲနေသည်။ ဆရာကြီးမစ္စတာရာဇတ်၏ သဘာပတိမဲသည် အဆုံးအဖြတ်မဲဖြစ်ခဲ့သည်။ ဗမာမွတ်စလင်ကို လူများစုအဖြစ် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။  လန်ဒန်တွင် ရောက်နေသော ဖဆပလဥက္ကဋ္ဌကြီး ဗိုလ်ချုပ်အောင်ဆန်းထံသို့ ဗမာမွတ်စလင် လူများစုအဖြစ်နေရန် ဗမက ပြည်လုံးကျွတ်ညီလာခံမှ ဆုံးဖြတ်ကြောင်းကြေးနန်းပို့ခဲ့သည်။

ဆရာကြီးဦးရာဇတ်သည် ၁၉၄၅-ခုမှစတင်၍ တည်ထောင်ခဲ့သော မန္တလေးခရိုင်ဖက်ဆစ်တော်လှန်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ (ဖဆပလအဖွဲ့)တွင် ပထမဦးစွာ ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခန့်အပ်ခြင်းခံရသည်။ တိုင်းပြုပြည်ပြု လွှတ်တော် ရွေးကောက်ပွဲကို ၁၉၄၇-ခုနှစ် ဧပြီလတွင် ကျင်းပသောအခါ ဦးရာဇတ်သည် မန္တလေးမြို့မအရှေ့ပိုင်း အမတ်အဖြစ် ရွေးကောက် တင်မြှောက်ခြင်းခံရသည်။ ထို့နောက် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင် သာ အစိုး ရအဖွဲ့ တွင် ပညာရေးနှင့် အမျိုးသား စီမံကိန်းဌာန၀န်ကြီးအဖြစ် ထမ်း ဆောင် ခဲ့ သည။် ပြည် လမ်းရှိ ဆိုရန်တိုဗီလာအဆောက်အဦတွင်ကျင်းပသော အမျိုးသားစီမံကိန်း အစည်းအဝေးများ၌ ဦးဆောင်ခဲ့သည်။
ဆရာကြီး ဦးရာဇတ်သည် ၁၉၄၇-ခုနှစ် ဧပြီလတွင် ဦးကိုလေးအားရန်ကုန်သို့ခေါ်ကာ မန္တလေး ဥပစာကောလိပ်ကို အမြန်ဆုံး ပြန်လည်ဖွင့်လှစ်ရန် တာဝန်ပေးပြီး လိုအပ်သော အကူအညီအားလုံးကို ပေးခဲ့သည်။
မန္တလေးတက္ကသိုလ်ကြီးသည် ဆရာကြီး ဦးရာဇတ်နှင့် ဦးကိုလေးတို့နှစ်ဦး ပူးပေါင်းအား ထုတ်မှု၏ရလဒ်ဖြစ်ပါသည်။
ဤကိစ္စနှင့်စပ်လျဉ်း၍ ဆရာမကြီး ပါမောက္ခအမ်အေ ဒေါ်အုန်းကပြောပြဖူးသည်မှာ-
‘မန္တလေးတက္ကသိုလ်ကြီး တည်ထောင်ရာမှာ ဘိုးတော်သိကြားမင်းနှင့် အလားတူတဲ့ ဆရာကြီးဦးရာဇတ်က အမိန့်ပေးလို့ ၀ိသကြုံနတ်သားနဲ့တူတဲ့ ဦးကိုလေးက တာဝန်ယူတည်ဆောက်ခဲ့ရတယ်။ ငါတို့ သူငါ (တည်ထောင်သူ ဆရာကြီးဆရာမကြီး)ကတော့ ၀ိသကြုံ ဦးကိုလေးရဲ့အခြွေအရံတွေပဲ’
ဟူ၍ ဆရာဇေယျာအောင်၏ မန္တလေးတက္ကသိုလ် ရွှေရတုမဂ္ဂဇင်း (၁၉၅၈-၂၀၀၈) မဂ္ဂဇင်းတွင် ဖော်ပြထားပါသည်။ထို့ကြောင့်မန္တလေးတက္ကသိုလ်၏ ပထမဦးဆုံး ဆောက်လုပ်ခဲ့သော အဆောင်ကို နောင်အခါ ဆရာကြီး ဦးရာဇတ်ကို ဂုဏ်ပြုသောအားဖြင့် ရာဇတ် ခန်းမဆောင် (Razak Hall) ဟု အမည်ပေးခဲ့သည်။
ဆရာကြီးဦးရာဇတ်အား ဂုဏ်ပြု အမည်မှည့်ခေါ်ထားသော ရာဇက်ခန်းမဆောင် (မန္တလေးတက္ကသိုလ် စာကြည့်တိုက်)
ဆရာကြီးသည် ၁၉၄၇-ခုနှစ် ဇွန်လတွင် အိန္ဒိယနိုင်ငံ၊ မဒရပ်မြို့၌ ကျင်းပသောအရှေ့တောင်အာရှ ကျောင်းသားများ ညီလာခံသို့ ကျောင်းသားကိုယ်စားလှယ်အဖွဲ့တစ်ခုကို မြန်မာနိုင်ငံ ကိုယ်စားလှယ်ပြုစေလျက် ပို့လွှတ်ခဲ့သည်။ ဆရာကြီးကိုယ်တိုင်လည်း ထိုအစည်းအဝေးကြီးသို့ မြန်မာနိုင်ငံမှပညာရေးဝန်ကြီးအနေဖြင့် ပါဝင်တက်ရောက်ခဲ့သည်။
မန္တလေးတက္ကသိုလ်ကျောင်း တည်ထောင်ပြီးလျှင် ပါဠိ တက္ကသိုလ်ကြီးတစ်ခု တည်ထောင်ရန် ဆရာကြီးဦးရာဇတ် ကြိုးပမ်းခဲ့ပါသည်။ ယနေ့မြင်တွေ့ကြရသော နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ် (မန္တလေး/ရန်ကုန်)တို့၏ရှေ့ပြေးဟု ခေါ်ဆိုနိုင်ပါသည်။
ဆရာကြီးသည် ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့၌ ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် အခြားခေါင်းဆောင်များ နှင့်အတူ လုပ်ကြံခြင်းခံရသည်။ ထိုအခါ ဆရာကြီးအား သွေးအိုင်တွင်းမှပွေ့ပိုက်၍ ထူမပေးသောအခါ မိမိကအရေးမကြီးပါ။ ဗိုလ်ချုပ်နှင့် သခင်မြတို့က ပိုဆိုးပုံရသည်။သူတို့ကိုသာ ဂရုစိုက်ကြပါ ဟု ပြောကြားခဲ့သည်။၁၉၄၇ ခု ဇူလိုင်လ ၂၁ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်အာဇာနည်ခေါင်းဆောင် ကြီးများ၏ အလောင်းများကို ဂျူဗလီဟောသို့သယ်ဆောင်သွားသည်။ ထိုအခါ
ဆရာကြီးရာဇတ်နှင့် ရဲဘော်မောင်ထွေးတို့၏ အလောင်းများလည်း ပါဝင်သည်။ ဂျူဗလီမှ ဆရာကြီးတို့၏အလောင်းကို ၂ မိုင်လောက်ဝေးသော တာမွေမွတ်စလင်သင်္ချိုင်းအရောက်တစ်ယောက်တစ်လက် အဆင့်ဆင့်ထမ်းသယ်သည်။ တာမွေတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အိုလမာအစ္စလာမ်သာသနာပညာရှင်များ အဖွဲ့ချုပ်ဥက္ကဋ္ဌကြီး မွတ်ဖ်တီ မာမွတ်ဒါဝတ်ယူစွတ်က ရှေ့ဆောင်ပြီး ဂျနာဇာနမာဇ်ဖတ်ပေးခဲ့သည်။
ဆရာကြီးဦးရာဇတ် နှင့် ရဲဘော် ကိုထွေး တို့အား မြှုပ်နှံထားရာ တာမွေသုသာန် သို့ ဆရာကြီးဦးရာဇတ်၏သားများလာရောက် ဆု တောင်းစဉ်
ဆရာကြီးသည် အမိမြေကို တန်ဖိုးထားသည်။ ချစ်မြတ်နိုးသည်။ဘာသာသာသနာကို ကြည်ညိုလေးစားသည့် တိုင်းရင်းသား တိုင်းရင်းဖွားများ ညီညွတ်ရေးကို အထူးမျှော်မှန်းခဲ့သော ပုဂ္ဂိုလ်ကြီးဖြစ်သည်။ အားကျ အတုယူဖွယ် ထူးချွန်သော အရည်အချင်းများအနက် တစ်ခုမှာ သံဃာတော် ဆရာတော်ကြီးများ၏ လေးစားချစ်ခင်ခြင်းကို ဒကာကြီး ရာဇတ်ခံယူရရှိခဲ့ခြင်းဖြစ်သည်ဟု ညွှန်းဆိုကြပါသည်။
ဆရာကြီး၏မျိုးချစ်ပြည်ချစ်စိတ်ဓာတ်ခံက တိုက်တွန်းနှိုးဆော်သည့်အတွက် စာများရေးဖြစ်ခဲ့ပုံကိုလည်း လေ့လာတင်ပြပါမည်။
၁၉၃၆-ခုနှစ်တွင် ဆရာကြီး ဦးရာဇတ်သည် အင်္ဂလန်၌ ပညာသင်တက်ရောက်နေကြသော တက္ကသိုလ်ကျောင်းနေဘက် ပညာတော်သင်များကို အကူအညီတောင်း၍ ရရှိလာသော အင်္ဂလိပ် မြန်မာနှစ်နိုင်ငံအရေးကိစ္စများနှင့်ပတ်သက်၍ အထောက်အထားပေါင်း ၁၂၀ကျော်ကို မြန်မာဘာသာပြန်ခဲ့သည်။ ထိုစာမူများကို ရွှေနန်းတွင်း အတ္ထုပ္ပတ္တိ ခေါ်လက်ထက်တော်တွင်းအဖြစ်အပျက် စာတမ်းအမည်ဖြင့် မန္တလေးသူရိယတိုက်မှ ၁၉၃၆-ခု တွင် ရေးသူအမည်မပါဘဲ ထုတ်ဝေခဲ့သည်။ ယင်းစာအုပ်ကို မန္တလေးမြို့တည် နန်းတည်နှစ်တစ်ရာပြည့်အထိမ်း အမှတ် နှင့် ကြုံချိန် ၁၉၅၉ ခုနှစ် တွင် ရွှေနန်းတွင်း အရေးတော်ပုံအမည်ဖြင့် ဒုတိယအကြိမ်ထုတ်ဝေပါသည်။ အမှာစာတွင်  မန္တလေးသူရိယ သတင်းစာ အယ်ဒီတာချုပ် ဦးသန်းမောင်က-‘မူလပထမစာအုပ်တွင် ရေးသားပြုစုသူအမည်နာမ လုံးဝမပါရှိခဲ့ပါ။ အမှန်စင်စစ် ၎င်းစာအုပ်ကို ရေးသားပြုစုသူမှာကျွန်တော်၏ဆရာ အမျိုးသားခေါင်းဆောင်ကြီး (ကွယ်လွန်သူ) ဆရာကြီးရာဇတ်ပင်ဖြစ်ပါသည်။’ ဟု ရေးသားဖော်ပြလိုက်ပါသည်။ ဤသို့သစ္စာရှိစွာ ဖော်ထုတ်လိုက်မှသာ ရွှေနန်းတွင်းအရေးတော်ပုံမှာ ဆရာကြီးဦးရာဇတ်၏ ဘာသာပြန်လက်ရာဟုအများသိခွင့်ရကြပါသည်။ ဒုတိယအကြိမ်ပုံနှိပ်ခြင်းတွင် အမှာစာရေးသူရွှေကိုင်းသားက မိမိအမှာစာတွင်-
‘ရွှေနန်းတွင်းအရေးတော်ပုံ စာအုပ်သည် ရာဇ၀င် အမြင်ကျယ်မှုအတွက် အထောက်အပံ့ပေးမည့် စာအုပ်ကောင်းတစ်အုပ်ပင် ဖြစ်ပါသည်။’ ဟု သုံးသပ်ပြပါသည်။ ဆရာကြီးသည် တစ်သက်မှာတစ်အုပ်ကိုသာရေးခဲ့သော်လည်း ထိုစာအုပ်သည် တစ်အုပ်ဆိုတစ်အုပ် တိုင်းပြည်ကိုအကျိုးပြုနိုင်ခဲ့သော စာအုပ်ဖြစ်သည်ဟု သတ်မှတ်ကြရပါသည်။
ဆရာကြီးသည် အင်္ဂလိပ်ဘာသာနှင့်ရေးသောစာအုပ်များ အဖတ်များသဖြင့် မြန်မာတို့အတွက် အကျိုးရှိမည့်စာအုပ်များတွေ့လျှင် တပည့်များအားလည်း ဘာသာပြန်ရန် တိုက်တွန်းလေ့ရှိပါသည်။ ဆရာကြီးသည်မြန်မာပြည်တွင် အရေးပိုင်လုပ်ဖူးသွားသော မစ္စတာမောရစ်ကောလစ်ရေးသားသည့်  Trials in Burma ထရိုင်အင်ဘားမားစာအုပ်ကို ဘာသာပြန်ပြီး မန္တလေးသူရိယသတင်းစာတွင် ထည့်သွင်းဖော်ပြသည်။ သို့သော်ဘာသာပြန်သူ နာမည် မခံပါ။ အခန်း တစ် ခန်း အပြီး တပညြ့်ဖစ်သူ လူထုဒေါ်အမာအား နာမည်ခြံပီး ဆက်၍ ဘာသာပြန် ရန် တိုက် တွန်း ပါသည။်တပည့်ဖြစ်သူက ဆရာကြီး ဘာသာပြန်ပြီးသွားသည့် အပိုင်းကိုချန်၍ အခန်း၂ ကိုစပြန်ပြီး မန္တလေးသူရိယတွင် ထည့်သွင်းသည်။ ပထမတွဲကို ၁၉၃၈-ခု စက်တင်ဘာတွင် ပုံနှိပ်ထုတ်ဝေပြီး ဒုတိယတွဲကို ၁၉၃၉-ခု ဇန်န၀ါရီလတွင် ကြီးပွားရေးစာအုပ်တိုက်က ထုတ်ဝေသည်။ နှစ်တွဲပေါင်းကို ၁၉၉၉-ခု စက်တင်ဘာလတွင် ရန်ကုန်ခရမ်းရောင်စာစဉ်က ထုတ်ဝေ သည်။
ဆရာကြီးသည် မန္တလေးသူရိယသတင်းစာတတိယအကြိမ်နှစ်လည်အထူးထုတ် စာစောင်တွင် ကမ္ဘာ့သေမင်း၏၀ါဏိဇ္ဇ ခေါင်းစဉ်ဖြင့်ဆောင်းပါးရေးသားသည်။ အဗ္ဗဒွလ်ရာဇတ်(ဘီအေ)အမည်ဖြင့် ရေးသားခဲ့ခြင်းဖြစ်သည်။ ဆရာကြီးသည် ထိုစဉ်က မန္တလေးမြို့ အပျော်ထမ်း ရဲတပ်မတော်ကြီး၏ ဗိုလ်ကြီးအဖြစ် ဆောင်ရွက်နေစဉ်ဖြစ်သည်။ အမျိုးသားကျောင်းမှ ရဲတပ်ဖွဲ့များသည် နောင်အခါ ဘီအိုင်အေ၊ ဘီဒီအေ၊ ဘီပီအက်ဖ် တပ်များတွင် တပ်မှူး၊ အရာရှိအရာခံ အကြပ်တပ်သားများဖြစ်လာခဲ့သည်။ထို့ကြောင့် ပင် ဆရာကြီးကို စစ်မှုမထမ်းဘဲ စစ်သားကောင်းများမွေးထုတ်ခဲ့သည့်် ဘာဘူကြီး ဟု မှတ်တမ်း ပြုကြခြင်း ဖြစ် သည်။
ကမ္ဘာ့သေမင်း၏၀ါဏိဇ္ဇ ဆောင်းပါးတွင် လူတို့၏ဥာဏ်၊ လောကဓာတ်ပညာ၏အစွမ်းဖြင့် ဖန်တီးသည့်  သေမင်း၊ လက်နက်အမျိုးမျိုး၊ ၎င်းသေမင်းများကို ရောင်းဝယ်ဖောက်ကားကြသည့် မရဏ၀ါဏိဇ္ဇတို့ အကြောင်း အသိပေးတင်ပြထားသည်။ နိုင်ငံတကာမှ အချက်အလက်များရယူစုဆောင်းပြီး စာရင်းဇယား ခိုင်လုံစွာတင်ပြထားသည်။ အံ့သြဖွယ်၊တုန်လှုပ်ဖွယ်၊ ဆင်ခြင်ဖွယ် ဖြစ်ပါသည်။ လက်နက်အားကိုး နယ်ချဲ့သူတို့ အပေါ် စာရေးသူ မျိုးချစ်ပုဂ္ဂိုလ်ကြီးသည် မည်မျှစက်ဆုပ်သည်ကို သိရှိနိုင်ပါသည်။
ဆရာကြီးသည် မွတ်စလင်ကျောင်းသားအသင်းက ထုတ်ဝေသော The Cry ဂျာနယ်တွင် The Burman Muslim Organization ( On Account of the Formation of All Burma, Burman Muslim Congress at Pyinmana ) by A. Razak B. A. ဟု ဖော်ပြသည်။ ပျဉ်းမနားတွင်ကျင်းပသည့် ဗမာမွတ်စလင် ညီလာခံကြီးအကြောင်းရေးသားတင်ပြခြင်းဖြစ်သည်။ ဆရာကြီးက ဆောင်းပါးတွင် တင်ပြသည်မှာ-
‘၁၉၄၅-ခု ဒီဇင်ဘာလတွင် ပျဉ်းမနားမြို့၌ ဗမာမွတ်စလင်ညီလာခံကျင်းပခဲ့သည်။ ညီလာခံတွင် အရေးကြီးသော ဆုံးဖြတ်ချက် ၂-ရပ် ဆုံးဖြတ် အတည်ပြုနိုင်ခဲ့သည်။ ဆုံးဖြတ်ချက်တစ်ရပ်မှာ ဗမာမွတ်စလင်နိုင်ငံရေး အသင်းအဖွဲ့ အားလုံးသည်တစ်ခုတည်းသော အသင်းအဖွဲ့အဖြစ် ပူးပေါင်းရမည်ဟူသည့်ဆုံးဖြတ်ချက်ဖြစ်သည်။ အခြားဆုံးဖြတ်ချက်တစ်ရပ်မှာ ယခုဖွဲ့စည်းသော ဗမာမွတ်စလင်ကွန်ဂရက်သည် ဖဆပလ အဖွဲ့ချုပ်ကြီးနှင့် ပူးပေါင်းဆောင်ရွက်သွားရမည်ဟူသော ဆုံးဖြတ်ချက်ဖြစ်သည်။ ညီညွတ်ရေးနှင့် လွတ်လပ်ရေးအုတ်မြစ်ကို ပျဉ်းမနားညီလာခံကြီးက ချမှတ်ပေးသည်ဟု ဆရာကြီးက ဖော်ညွှန်းသည်။ နိဂုံးတွင် ယခု ကျွန်ုပ်တို့သည် အတိတ်၏ အောင်မြင်မှုများနှင့် လျော်ညီစွာ အနာဂတ်၏တိုးတက်ကြီးပွားမှု အဆောက်အဦကြီး ဆက်လက်၍ ဆောက်လုပ်တည်ထောင်ရန်သာ ကျန်တော့သည်’ဟု ယုံကြည်ချက်အပြည့်နှင့် မျှော်လင့်ချက်ကို ဖော်ပြထားသည်။
ဆရာကြီးသည် စကားပြေသာမက ရတုကဗျာ အရေးအသားလည်း ၀ါသနာပါသည်။ သူငယ်ချင်းဖြစ်သူ ရေနံချောင်းတွင်းစားသူဌေးသား ကုန်စည်ဖြန့်ဖြူးရေးမင်းကြီး ဦးခင်မောင်လတ် အတွက် မင်္ဂလာရတုပိုဒ်စုံ ရေးသားပေးပို့ခဲ့သည်။ ဦးခင်မောင်လတ်က မိမိမင်္ဂလာလက်ထပ်ပွဲအခမ်းအနားသို့ တက်ရောက်ရန်ဆရာကြီးကို ဖိတ်ကြားသည်။ ဆရာကြီးက မင်္ဂလာအခမ်းအနားသို့ မသွားနိုင်သည့်အတွက် မင်္ဂလာရတု ပိုဒ်စုံကိုဖွဲ့သီပို့လိုက်သည်။ ဤရတုပိုဒ်စုံကို ဦးခင်မောင်လတ်၏ မင်္ဂလာအခမ်းအနားတွင် ဖတ်ကြားပြသည့်အခါ ကြွရောက်လာသော မင်းပရိသတ်များကအထူးသဘောကျ ချီးကျူးသြဘာပေးကြသည်။ ကာယကံရှင်များကလည်းရတုပိုဒ်စုံကို ဆရာကြီး၏ မင်္ဂလာလက်ဖွဲ့အဖြစ် တမြတ်တနိုးသိမ်းဆည်းခဲ့ကြသည်။
(Please follow the link to see that ဆရာကြီး ဦးရာဇတ်၏ လက်ရာ ရတုပိုဒ်စုံ http://www.facebook.com/note.php?note_id=204764862909648 )
စာရေးဝါသနာပါသူ ဆရာကြီးသည် မိမိတပည့်များကိုလည်းစာရေးရန်တိုက်တွန်းသည်။ စာရေးသူများကိုလည်း အားပေး အားမြှောက်ပြုသည်။ အမှာစာ ရေးသားချီးမြှင့်သည်။
အစ္စလာမ်ပေါင်းချုပ် ကျမ်းပြုဆရာ ဦးထွန်းကြွယ်သည် မြန်မာပြည်လွတ်လပ်ရေး ရလုရဆဲအချိန်တွင် မြန်မာမွတ်စလင်တို့အတွက် အစ္စလာမ့်အဓိကကျင့်စဉ် ‘အာရကနွလ်အစ္စလာမ်ကျမ်း’ကို ပြုစုသည်။ ထိုစာအုပ် အတွက် ထိုစဉ်က ပညာရေးနှင့် အမျိုးသား စီမံကိန်းဝန်ကြီးဌာန ၀န်ကြီးဆရာကြီးရာဇတ်၏ ထောက်ခံချီးကျူးချက်ကို ကျမ်း၏ ကျောဖုံးအတွင်းဘက်တွင် အင်္ဂလိပ်ဘာသာဖြင့် ဖော်ပြထားပါသည်။ ၁၉၄၇ ခု၊ ဇူလိုင်လ၁၅ ရက် ရက်စွဲတပ်ပြီး စာကြောင်းတစ်ဆယ့်တစ်ကြောင်း ပါဝင်သည်။
အာဇာနည်ခေါင်းဆောင်ကြီး၏ သဘောထားအမြင်ကို သိနိုင်ရန်မူရင်းစာခြောက်ကြောင်းမျှ ကောက်နုတ်တင်ပြပါသည်။
“His service to the Community in particular and to the growth of amity between the Muslims and the Non-muslims in general is commendable and I have no hesitation to say that he deserves our whole hearted support and cooperation in the venture.”
ဤတွင် ပြည်ထောင်စုအတွင်းရှိ မှီတင်းနေထိုင်ကြသူတို့ အချင်းချင်း နားလည်ကြစေချင်သည့်၊ ရင်းနှီးချစ်ကြည် ကြစေချင်သည့် သဘောကိုလေ့လာမိပါသည်။
ဆရာကြီးသည် မြန်မာစာ အစီအကုံး အဖွဲ့အနွဲ့ ထူးချွန်သကဲ့သို့အင်္ဂလိပ်လိုရေးသည့် ဆောင်းပါးများသည်လည်း အဆင့်မြင့်လှပါသည်။
ဆရာကြီးသည် ပါဠိဘာသာ ဂုဏ်ထူးရသူဖြစ်၍ ပါဠိတော်သူဖြစ်ကြောင်းလည်း သိသာလှပါသည်။
 
ဆရာကြီးဦးရာဇတ်ပုံတူပန်းချီ- ဟန်လေး
သနပ်ဖက်ဆေးလိပ်ကို ပါးစောင်တွင် ခဲလျက်၊ လက်တစ်ဖက်တွင်လက်ညှိုးပိတ်ထားသော ဖတ်ရှုနေဆဲ အင်္ဂလိပ်ဘာသာစာအုပ်နှင့် တပည့်တပန်း မိတ်ဆွေသင်္ဂဟများနှင့် တွေ့သောအခါ ပြုံးပြလေ့ရှိသည်။ ပြုံးတစ်ဝက် မဲ့တစ်ဝက် အဓိပ္ပာယ်ပါသော မဲ့ပြုံးကလေးသည် မသမာသူတို့လက်ချက်ဖြင့် ယမ်းငွေ့ဖုံးခဲ့ရပါ၏။ သို့သော် ပြည်သူတို့ကို ထာဝစဥ်ညှို့ငင် ဖမ်းစားနေဆဲဖြစ်သည်ဟု ဆိုနိုင်ပါသည်။ ။
Credit : ပါမောက္ခ ဒေါက်တာအောင်ဇော် ၏ တိုင်းရင်း မွတ်စလင်မ် စာပြုစာဆိုပုဂ်္ဂိုလ်ကျော်များ -၂
ကိုကျော်မိုးအောင် FB စာမျက်နှာမှ တဆင့်ကူးယူဖော်ပြပါသည်။

Friday, 28 December 2012

ဒီမိုကရေစီဘက်တော်သား ညီနောင်မွတ်စလင် အပေါင်းတို့ ကျွန်တော်တို့၏ ဒီမိုကရေစီသည် ကျွန်တော်တို့ညီနောင်များအား အရှင်လတ်လတ် အရေခွန်စုတ်သလို ဖြစ်နေ ပါသဖြင့် ဒီမိုကရစီလှုတ်လျှားဆောင်ရွက်သူ ညီနောင်မွတ်စလင်များအနေဖြင့် မိမိတို့လှုတ်လျှားဆောင်ရွက်နေသော ဒီမိုကရေစီသည် မည်သည့် ဒီမိုကရေစီဖြစ်နေသည်ကို အထူးသတိပေးအပ်ပါသည်။

ရခိုင်ပြည်နယ်အတွင်း မတရားအကြမ်းဖက် သတ်ဖြတ်ခဲ့မှုများကို ကြည့်ပြီး ကမ္ဘာ့လူခတ်သိမ်းတို့က အမျိုးမျိုးဝေဖန်ခဲ့ကြ ပါတယ်။မြန်မာသမိုးင်းတွင် တစ်ခါမျှမဖြစ်ခဲ့ဖူးတဲ့အဖြစ်တစ်ခုဆိုတာ အားလုံးက မှတ်ချက်ပေးခဲ့ကြပါတယ်။ ကောင်းပြီ ဒီပြသနာအရပ်ရပ်ကို ဘယ်သူက ဦးဆောင်လုပ်သလဲဆိုတာကမေးခွန်းတစ်ခုပါ။ ဒါရည်ရွယ်ချက်ရှိရှိလုပ်တယ်ဆိုတာက အခိုင်အမာပြေားရဲးတဲ့ ကိစ္စတစ်ခုဘဲ။ဘယ်သူ့အပေါ်မှာတာဝန်အရှိဆုံးလဲ၊ ဘယ်သူကဒီပြသနာကို ကိုင်တွယ်ဖြေရှင်းရမလဲ၊ ဒီပြသနာအတွက် ဘယ်သူကတာဝန်ခံမှာလဲဆိုတာက ရှိလာပြန်တယ်။အဲတော့ ကျွန်တော်အနေနဲ့လည်း ပြန်စဉ်းစာကြည့် တော့ ဟုတ်ပါတယ် ဒီပြသနာအတွက် မြန်မာနိုင်ငံတွင် ဦးဆောင်ဖြေရှင်းပေးမယ့်သူ တစ်ဦးတစ်ယောက်မျှ မရှိဘူးဆိုတဲ့ကိစ္စ အပေါ်ကျွန်တော် တော်တော်အစာမကြေဖြစ်ခဲ့တယ်။ကောင်းပြီး ဆက်ပြေားပါမယ် ကျွန်တော်တစ်ခုသွားသတိရမိတယ် တစ်ချိန်တုန်းက အမေရိကန်ပြည်ထောင်စုမှာလည်း ဒီလိုအဖြစ်အပျက်လေးတစ်ခုဖြစ်ခဲ့ဘူးတယ်။ အဲဒါလေးကို ကျွန်တော် အရင်ရှင်းပြပါမယ်။တစ်ချိန်က ငွေဝယ်ကျွန်အဖြစ်အသုံးပြုခြင်းခံခဲ့ရသော နီဂရိုးလူမည်းများကို အမေရိကန် သမ္မတ အီဗရာဟင်မ် လင်ကွန်းလက်ထက်မှာ ကျွန်အဖြစ်မှ လွပ်လပ်ခွင့်ပေးခဲ့ပါတယ်။ထိုကစ္စကိုမကြေနပ်တဲ့ လူဖြူတစ်ဦးက သမ္မတအီဗရာဟင်မ် လင်ကွန်းကို လုပ်ကြံသတ်ဖြတ်ခဲ့ပါတယ်။ နောင်တွင် (Ku Klux Klan) ဆိုတဲ့ ကေသုံးလုံး ကိုဏ်းကိုထူထောင်ပြီး လူမည်းတွေ ကို သတ်ဖြတ်ခဲ့ပါတယ်။လူမည်းထောင်ပေါင်းများစွာဟာ လူငါးသိန်ကျော်လောက်နဲ့ ဖွဲ့စည်းထားတဲ့ ကေသုံးလုံးကိုဏ်မှ မတရာသတ်ဖြတ်ခြင်းကို ခံခဲ့ကြရပါတယ်။ထိုကေသုံးလုံးကိုဏ်းကို အမေရိကန် ကွန်ဂရက် လွှတ်တော်က ဥပဒေဖြင့် (မတရားအသင်းဟု) ကြေငြာခဲ့ပါတယ်။လူဖြူတွေရဲ့အဓိက ရည်ရွယ်ချက်ကတော့ လူမည်မှန်သမျှဟာ ငွေဝယ်ကျွန်အဖြစ်နဲ့ ဘဲနေထိုင်ဖို့ပါ။
(၁)လူမဲများသည် လူဖြူများအသုံးပြုသော အိမ်သာကို မတက်ရ။
(၂)ဘစ်ကားပေါ်တွင် လူဖြူများဝင်လာပါက လူမဲမှထပေးရမည်။
(၃)လူဖြူကလေးငယ် တက်သောကျောင်းတွင် လူမဲကလေးမတက်ရ။
(၄)လူဖြူစားသောင်ဆိုင်အတွင် လူမဲမ၀င်ရ။
(၅)လူဖြူကြိုက်သောနေရာတွင် လူမဲများ အိမ်ငှားနေခွင့်မရှိ။
(၆)လမ်းမကြီးပလက်ဖောင်းပေါ်တွင် လူဖြူက လမ်းလျှောက်လာပါက လူမဲမှပလက်ဖောင်အောက်ကို ဆင်းပေးရသည်။
(၇)(၁၄)နှစ်သားလူမဲမှ မျက်နှာဖြူမလေးကို ရည်းစားစကားလိုက်ပြေားသဖြင့် ကေသုံးမှ လိုက်လံရှာဖွေသတ်ဖြတ်ခဲ့သည်။ (၈)လူမဲများ မဲပေးပိုင်ခွင့်မရှိ။
ဒီလိုမျိုးတွေခွဲးခြားကန်သတ်လာခဲ့ကြတာ နှစ်ပေါင်းတော်တော်များများပေါ့။ နောက်တော့လူမဲတွေကို ဦးဆောင်မှု့ပေးနိုင်တဲ့ ပုဂ္ဂိုလ်တစ်ဦးပေါ်ထွန်းလာခဲ့ပါတယ် သူ့နာမည်က Malcolm X တဲ့ သူဟာလူမဲတွေ အနှိမ်ခံဘ၀မှာနေရတဲ့အတွက် များစွာဝမ်းနဲးခဲ့ပါတယ်။ နောက်တော့သူထောင်ကျတယ် ထောင်ထဲမှာ တကယ်နိုင်ငံခေါင်းဆောင်တွေနဲ့သူတွေ့ခဲ့တယ် စာအုပ်စာပေတွေကို သူလေ့လာတယ်။ အဲဒီမှာသူတကယ်လိုချင်တဲ့ လူဖြူလူမဲခွဲးခြားတဲ့ပြသနာကို သူသွားတွေ့တယ် အစ္စလာမ်သာသနာမှာ လူဖြူလူမဲခွဲးခြားမှူ မရှိတာကို သူသွားတွေ့တယ် ထောင်ထဲမှာအစ္စလာမ်ကိုလက်ခံလိုက်တယ် ကမ္ဘာကြီးတိုးတက် ပြောင်းလဲ လာသည်နှင့် တစ်ပြေးညီ ဒီမိုကရေစီဆောင်ရွက်ချက်တွေဟာလည်း တစ်ဖြေးဖြေးနဲ့ ရှင်သန်လာခဲ့ပါတယ်။ သူထောင်ကနေထွက်လာတော့ လူမဲတွေကို မိန်ခွန်တွေခဏခဏပြေားခွင့်ရတယ်။ လူမဲတွေလဲသူ လက်ခံတဲ့ အစ္စလာမ်ကို လက်ခံလာခဲ့ကြတယ်။ နောက်ဆုံးမှာတော့ Malcolm X မိန့်ခွန်းပြေားနေစဉ်မှာဘဲ လူဖြူ ကေသုံးလုံဂိုဏ်မှ လူသတ်သမားသုံဦးရဲ အကြမ်းဖက် ၀င်ရောက်ခါ တရစက်ပြစ်ခတ်ခြင်းကို ခံလိုက်ရရှာပါတယ်။ အဲဒီမှာဘဲ သတ်နပ် ဆယ်နှစ်ချက်ထိမှန်ပြီး အလ္လာဟ်သျှင်မြတ်အမိန့်တော်ခံယူခဲ့ပါတယ်။ ကျွန်တော်ဒီအကြောင်းကို ဘာကြောင့်အခုလို Malcolm X နဲ့ လူမဲအကြောင်းကိုမှ ရွေးချယ်ပြီး ပြေားခဲ့ရသလဲဆိုတာ ပြန်ရှင်းပြပါ့မယ်။ လက်ရှိကျွန်တော်တို နိုင်ငံတွင် ဖြစ်ပွားခဲ့တဲ့ ပြသနာများကို ပြန်သုံးသတ်မိလို့ပါ။ သေချာလေ့လာကြည့်ပါ။ နောက်ဆုံးမှာအချက်နှစ်ခုဘဲကွားခြားနေတာကို တွေရမှာဖြစ်ပြီး အကုန်တူညီနေတာကိုတွေ့ရမှာပါ။
(၁)ကုလား ကုလားဟုခေါ်ပြီး လူကို အနိမ်ခံဘ၀မှာထားခြင်း
(၂)ရခိုင်တွေဘဲ မြန်မာပြည်အနှံ မည်သည့်နေရာမဆိုသွားခွင့်ရှိပြီး ကုလားဆိုတဲ့ အနှိမ်ခံတွေက တောင်ကုပ်လောက်ထိလာ လို့ လူဆယ်ဦးကိုသတ်ပြစ်ခြင်း။
(၃)ဒီရပ်ကွက်၊ ဒီလမ်း၊ ဒီမြေ၊ ဒီနေရာဟာ ငါတို့နေရာ ကုလားတွေလာနေပိုင်ခွင့်မရှိဟု ခွဲးခြားထားခြင်း။
(၄)ခေတ်အဆက်ဆက်ကနေမှ စရ်ျ ကုလားမျာကို သုတ်သင်ရှင်လင်းလာခဲ့တာ သမ္မတဦးသိန်းစိန်အလှည့်တွင် ကုလားများ မျိုးတုန်းသတ်ဖြတ်ခံလိုက်ရခြင်း။
(၅) ကုလားများကို လွှတ်တော်ဆိုတဲ့နေရာတွင် မထိုက်တန်ပါဟုဆိုကာ ဖယ်ထုတ်ပေးရန်တောင်ဆိုနေကြခြင်း။
(၆)ကုလားများဆိုင်တွင်ဈေးမ၀ယ်ရ၊ ကုလားများနှင့်အိမ်ထောင်မပြုရ၊ ကုလားဆိုသူနှင့်လုံးဝ ပတ်သတ်မှူမရှိစေရလို့ တောင်း ဆိုနေခြင်း။
(၇)မည်သည့်ဥပဒေနှင့်မျှ ကုလားများကို နိုင်ငံသား/တိုင်းရင်းသားထဲသို့ မ၀င်လာအောင် အာဏာပိုင်းများမှ အစပြုရ်ျဖန်တီးနေခြင်းတို့သည်။ လူသားချင်းခွဲးခြား ဆက်စံမှူသာဖြစ်ပြီး။မြန်မာပြည်၏ ဒီမိုကရေစီပင်လျှင် ကုလားများအား ငရဲးတွင်းသို့တွန်းချခံလိုက်ရခြင်းပင်ဖြစ်သည်။ အဲတော့ကျွန်တော်တို့ ဒီမိုကရေစီဘက်တော်သား ညီနောင်မွတ်စလင် အပေါင်းတို့ ကျွန်တော်တို့၏ ဒီမိုကရေစီသည် ကျွန်တော်တို့ညီနောင်များအား အရှင်လတ်လတ် အရေခွန်စုတ်သလို ဖြစ်နေ ပါသဖြင့် ဒီမိုကရစီလှုတ်လျှားဆောင်ရွက်သူ ညီနောင်မွတ်စလင်များအနေဖြင့် မိမိတို့လှုတ်လျှားဆောင်ရွက်နေသော ဒီမိုကရေစီသည် မည်သည့် ဒီမိုကရေစီဖြစ်နေသည်ကို အထူးသတိပေးအပ်ပါသည်။
ကောင်းပါပြီ အထက်တွင်ဖော်ပြခဲ့သေား လူမဲများအကြောင်းနှင့် ကုလားများအကြောင်းကို ကောင်းမွန်စွာသိရှိပြီးဖြစ်သည်ဟု မျော်လင့်မိပါသည်။ ဆက်လက်တင်ပြရန်အနည်းငယ်သာကျန်ပါတော့သည်။ အခုလိုစိတ်ရှည်သည်းခံစွာ ဖက်ကြားပေး သူတိုင်းအား ကျွန်တော် အောင်ကျော်မိုး ကျေးဇူးတင်မဆုံးဖြစ်မိပါသည်။နိဂရိုးလူမျိုးများဟု လူဖြူများမှ လူမဲများအား ခေါ် ဝေါ်ခြင်းကို လူမဲများအလွန်စိတ်ဆိုးသည် ဒီလိုခေါ်ဝေါ်နေခြင်းမျိုးကို မကြိုက်ပါ။သို့သော်လည်း လူဖြူများက ခေါ်သည်။ မကြိုက်မှန်သိသည်။ သို့သော်ခေါ်သည်။ အဲဒီလိုဘဲကုလားများဟုခေါ်ဝေါ်ခံနေကြသူများသည် အစ္စလာမ်ဘာသာ ကိုးကွယ် ပြီး မွတ်စလင်ဟု တကမ္ဘာလုံးက အသိအမှတ်ပြုခေါ်ဝေါ်နေကြသော်လည်း မြန်မာပြည်ရှိ စာတက်ပေတက်ပုဂ္ဂိုလ်ကြီးများက ကုလားဟုပင်ခေါ်ဝေါ်နေကြသည်။ ကုလားဟုခေါ်သော် မကြိုက်ပါ၊သို့သော် မကြိုက်မှန်းသိသည် ခေါ်သည်။မည်သို့ပင်ဖြစ် ပါစေ လူတစ်ဦးတစ်ယောက်က မကြိုက်သည်ကို ပြုမူခြင်း၊ ပြေားဆိုခြင်း၊ ပြုလုပ်ခြင်း အစရှိသည်တို့သည် မည်သည့် တရာတော်နှင့်မျှ မကိုက်ညီပါသဖြင့် ဒီစာကိုဖက်ပြီး ပြုပြင်မည်ဆိုပါက များစွာဝမ်းသာမိပါသည်။ အမေရိကန်နိုင်ငံတွင် လူဖြူ/လူမဲ ပြသနာသည် တစ်ဖြေးဖြေးနှင့် လျှော့သွားပြီး လက်ရှိအချိန်တွင် လူမဲဘက်မှ သမ္မတအဆင့်ထိ ဖြစ်ခွင့်ရရှိခဲ့ပြီး မိမိတို့နိုင်ငံမက တစ်ခြားသော နိုင်ငံများအပေါ်သို့ပါလွှမ်းမိုးနိုင်ခဲ့ပြီးဖြစ်သည်။ လက်ရှိ အမေရိကန်သမ္မတ အိုဘားမားသည် လူမဲထဲမှ ပေါက်ဖွားလာသော်လည်း အမေရိကန် တစ်မျိုးသားလုံးက လေးစားကြည်ညိုကြသည်။ အားကိုးကြသည်။ မိမိတို့သည် မိမိတို့နိုင်ငံတွင် လူဖြူ/လူမဲ မခွဲးခြားဘဲ ရှေ့ဆက်သွားမည် မူဝါဒလမ်းစဉ်းများကို မှန်မှန်ကန်ကန် သိမြင်ပြီး ဒီမိုကရေစီ၏ အနှစ်သာရကိုရင်ဝယ်ပိုက်ခါ မိမိတို့၏ တိုတောင်းသော ဘ၀ကို ပေါ့ပေါ့ပါးပါးဖြတ်သန်း နေကြသည်။ထိုကဲ့သို ပင်ကျွုန်ုပ်တို့ နိုင်ငံသည်ပင် အီကဲ့သို့ဖြစ်လာစေချင်သည် ငြိမ်းချမ်းစွာအတူရှင်တွဲနေထိုင်စေချင်သည်။ မိမိတို့ဘ၀မှာ အသက်အိုးအိမ် အတွက် ဘစ၏အာမခံချက်လိုချင်သည်။ မည်သည့်ဘာသာဝင်မဆို ခွဲးခြားဆက်စံခြင်းမပြုဘဲ တစ်ဦးကို တစ်ဦး လူ့ဂုဏ်သိက္ခာရှိခြင်းကို သိရှိပြီး အပြန်အလှန်လေးစားစွာ အတူယှဉ်တွဲနေထိုင်ချင်သည်။ ဖွံဖြိုးတိုးတက်သောနိုင်ငံ တစ်ခုအဖြစ် ရပ်တည်လာနိုင်သည့် အချိန်တွင် မိမိတို့၏ အတူတစ်ကွ ကြိုးစားအားထုတ်မှူကို ပုံဖော်ကာ ကြည်နူးဝမ်း သာရခြင်းဟူသော အရသာကို ခံစားချင်သည်။လက်ရှိအစိုးရတစ်ရပ်သည် နောက်နှစ်ပေါင်းများစွာ ပြည်သူဆန္ဒနှင့်အညီ အုပ်ချုပ်မည်ဆိုပါက များစွာဂုဏ်ပြုဝမ်းသာမိပါသည်။ သို့သော်လည်း လက်ရှိအခြေနေတွင် ဖြစ်ပွားခဲ့သော်ပြသနာများအား တာဝန်ယူရန် အထက်ပါစာကြောင်းများမှာ ဖော်ပြခဲ့ခြင်းဖြစ်သည်။နိုင်ငံတစ်နိုင်ငံဟု မဆိုထားနှင့် မည်သည့်ကိစ္စအသေးအဖွဲး ပင်ဖြစ်နေပါစေ တာဝန်ယူမှု၊ တာဝန်ခံမှုဆိုတာ ရှိစမြဲပင်၊ ဒါကြောင့် နိုင်ငံတော်သမ္မကြီးနှင့် ပြည်သူလူထုတစ်ရပ်လုံးအား ကျွန်တော်၏ အားနည်းချက်ကြောင့် ပုံဖော်ပြေားဆိုနိုင်ခြင်း မရှိသော အကြောင်အရာကိစ္စတစ်ချိုကိ အမေရိကန် နိုင်ငံ၏ လူမဲပြသနာတစ်ရပ်ဖြင့် ပုံဖော်ပြခြင်းဖြစ်ပါသည်။ ဒီစာကိုဖက်နေစဉ်အချိန်အတွင် အောင်ကျော်မိုး၏ ရင်တွင်စိတ်စေတနာ အမှန်ကို သိရှိနိုင်မည်ဟု မျော်လင့်မိပါသည်။တစ်ခါတစ်ရံ လူ့သဘာဝနှင့် အညီ ဒေါးသဖြစ်မှူများကိုလည်း ပွင့်လင်းစွာ ပုံဖော်ပြသလျှက်ရှိပါသည်။သိုသော် အောင်ကျော်မိုး၏ မည်သည့် ပုံဖော်မှူကိုမဆို နိုင်ငံတော်အစိုးရနှင့် ပြည်သူတစ်ရပ်လုံးကို ကောင်းစားစေလိုသော ကြောင့်ဖြစ်သည်ကို မိမိရင်ဝယ်အတွင် မှတ်သားပေးပါရန်တောင်ဆိုအပ်ပါသည်။ ဆက်လက် ရ်ျလည်း တိုင်ပြည်ကောင်းကျိုးအတွက် ဆောင်ရွက်သွားမည်ဟု အဆုံးအဖြတ်ပြုပါသည်။ နိုင်ငံတစ်ဝှမ်း ချစ်ခင် လေးစားစွာဖြင့် နိုင်ငံအကျိုး ပြည်သူ့အကျိုးကို အပြန်အလှန်ဆက်သွယ် ဆောင်ရွက်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း
အောင်ကျော်မိုး
ဗမာ့တိုင်းရင်းသားမွတ်စလင်
E-mail : burmanativemuslim@gmail.com,

အခု မွတ်စလင်တွေကို ဧည့်သည် ဆိုပြီး ခေါင်းစီးတပ်၊ အနိုင်ကျင့်တဲ့ အချိန်မှ လူ့အခွင့်အရေး ဆိုတာလည်း မလိုချင်တဲ့ ဧည့်သည် ဖြစ်သွားရော့လား။-- သမိုင်းကို လိုက်ရင် အစအဆုံး လိုက်သင့်ပါတယ်။ ကက်ဆက်က သီးချင်းဖွင့်သလို ကိုယ်လိုချင်တဲ့ သီချင်းကိုပဲ နောက်ပြန်လှည့် ပြန်ဖွင့်နေတာ သမိုင်း မဟုတ်ပါ

အခုတစ်လော ရေပန်းစားလာတဲ့ စကားတစ်ခွန်းက “မွတ်စလင်တွေကလည်း လိမ်လိမ်မာမာ (ပါးပါးနပ်နပ်) နေ ပေါ့၊ အိမ်ရှင်နဲ့ သင့်မြတ်အောင်ပေါင်းပေါ့၊” ဆိုတဲ့ စကားပါပဲ။ ဒီစကားကို အသည်းယားနေတာ ကြာပါပြီ။ ပြောရမှာ များလွန်းလို့ စကားမကြုံနိုင် အလှည့်မရောက်နိုင် ဖြစ်နေတယ်။ တိုက်တိုက်ဆိုင်ဆိုင် မနေ့က ကျွန် တော့ မိတ်ဆွေ ဘုန်းကြီးတစ်ပါး ဖုံးဆက်လာတယ်၊ “ဒကာလည်း အတော်လှုပ်ရှားနေတယ် ဆို၊- အေး ဒါတွေ က အစိုးရလှည့်ကွက်တွေပါ၊ ဒီကောင်တွေကတော့ ဒီလိုပဲ အကွက်မျိုးစုံ လုပ်နေမှာပဲ၊ ကိုယ်တွေက သိနေဘို့ လိုတယ်။ မွတ်စလင်တွေကလည်း လိမ်လိမ်မာမာနဲ့ အိမ်ရှင်နဲ့ သင့်မြတ်အောင် အလိုက်သင့်နေတတ်ဘို့ လိုတယ်၊” ဆိုပြီး ပြောလာပြန်ပါတယ်။” ဦဇင်းနဲ့ ကျွန်တော် ပုဂ္ဂိုလ်ရေး အလွန်ရင်းနှီးနေတဲ့ အတွက် ရည်ရွယ် ချက် အဆိုးနဲ့ ပြောတာမဟုတ်ဘူး ဆိုတာ ကျွန်တော်သိနေပါတယ်။ သူ့ခမြာ သူအတွေးရှိသလောက်၊ သူ့ဗဟု သုတ အလျှောက် ကောင်းရာကောင်းကြောင်း ပြောမှန်းလည်း ကျွန်တော် သိနေပါတယ်။ ဒါပေမယ့်-- ဒီစကား က အတော်လေး မှားယွင်းနေတဲ့ စကားဖြစ်နေတော့- ကျွန်တော်လည်း ရေရှည် မြုံမနေသင့်ဘူး ထင်တာနဲ့--

“နေဦး နေဦး ဦးဇင်း၊ ဦးဇင်းပြောတာက မွတ်စလင်တွေက ဧည့်သည်သဘောလား၊ ဒါမှမဟုတ် ကုလားတွေက ဧည့်သည်တွေလား၊” ဆိုတော့ သူနားထောင်နေပါတယ်။ “ကုလားနဲ့ ဗမာ မြန်မာပြည်ကို ဘယ်သူက အရင် ရောက် တာလဲ။ ဦးဇင်း လေ့လာသင့်တယ်။ လက်ရှိမြန်မာစာအဖြစ် ရေးသား ပြောဆိုနေတဲ့ မြန်မာစာ ကိုယ်က ကုလားစာ (ဗြမီ)က ဆင့်ပွားထားတာ ဖြစ်တယ်။ ဗြမီ၊ ပျူ၊ မွန်၊ မြန်မာ အဆင့်ဆင့် ဖြစ်လာတဲ့စာပါ။ မြန်မာရဲ့ အစလူမျိုးတွေဟာ ဗြမီ စာပေကို သုံးတဲ့ (အိန္ဒိယ)သားတွေ ဖြစ်တယ် ဆိုတာ ဖုံးကွယ်ထားလို့ မရနိုင်ဘူး။ ပျူ တွေက အိန္ဒိယပြည်မှာ ပညာတော်သင်တွေလွှတ်ပြီး ဗြမီစာပေ အက္ခရာကို မြန်မာထဲ ယူခဲ့တာ မဟုတ်ဘူး။ ဒါ ကြောင့် မြန်မာပြည်ထဲကို ၀င်လာတဲ့ အိန္ဒိယ မျိုးနွယ်နဲ့ တရုတ်မျိုးနွယ် နှစ်ခုမှာ အိန္ဒိယမျိုးနွယ်တွေက အရင် အဦး ဖြစ်တယ်-- ဆိုတာ သေချာအောင် လေ့လာပါ။

အင်္ဂလိပ်ခေတ်က ရောက်လာတဲ့ အိန္ဒိယတိုက်သား နှစ်ယောက် တစ်ပိုင်းကို အကြောင်းပြပြီး ကုလားတွေက အခုမှ ရောက်လာတာ ဘာညာ လျှောက်ပြောမနေပါနဲ့၊ ကုလားထက် နောက်ကျပြီး တရုတ်တွေ ဒီနေ့ထိ လာ နေဆဲ ဖြစ်တယ် ဗမာထဲကို ၀င်ရောနေဆဲ ဖြစ်တယ် ဆိုတာကိုလည်း မမေ့ထားသင့်ဘူး။ မြန်မာပြည် ဆိုတဲ့ နေရာဒေသကို အိန္ဒိယမျိုးနွယ်နဲ့ တရုတ်မျိုးနွယ်တွေဟာ ခေတ်အဆက်ဆက် ၀င်လာနေလာနေခဲ့တယ်။ အစဉ် အဆက် တွက်ကြည့်ရင် ကုလားက ရှေ့ကျတာချည်းပဲ။ ဒီလိုဆိုရင် ဘယ်သူက ဧည့်သည်လဲ၊ ဘယ်သူက အိမ်ရှင်လည်း သိနိုင်ပါတယ်။

ဘာသာတရား အရကြည့်ရင်လည်း-- ဘာသာတရား ဆိုတာ အယူဝါဒ ဖြစ်တယ်။ အရည်းကြီး-၀ါဒကို မကြိုက် လို့ မြန်မာဘုရင်တွေက ထေရ၀ါဒ ဗုဒ္ဓ၀ါဒနဲ့ အစားထိုးခဲ့တယ်။ ဒါဟာ အယူဝါဒပါ။ အစ္စလာမ်၊ ခရစ်ယာန် ဆိုတာ လည်း ဒီအတိုင်းပဲ အယူဝါဒများ ဖြစ်တယ်။ အယူဝါဒမှ အိမ်ရှင် ဧည့်သည် ဆိုတာ မရှိဘူး။ အဲ့လို ပြောကြစတမ်း ဆို အစ္စလာမ်ဝါဒ ထက်နောက်အများကြီးကျတဲ့ ဆိုရှယ်လစ် ကွန်မြူနစ်ဝါဒ မြန်မာကို ရောက်လာတယ်၊ ဧည့် သည် ဆိုပြီး မောင်းမထုတ်ခဲ့ဘူး။ အခု ဒီမိုကရေစီ ၀ါဒရယ်လို့ ရောက်လာတယ်- ဧည့်သည် ဆိုပြီး မောင်းမ ထုတ်ခဲ့ဘူး။- လူ့အခွင့်အရေး ဆိုတဲ့ ခေါင်းစီး ရောက်လာတယ်၊ မြန်မာနိုင်ငံရေးသမားတွေ ထောင်ကျနေစဉ် ကတော့ မြန်မာပြည်မှာ အလွန်နားဝင်ချိုတဲ့ ၀ါဒဖြစ်ပြီး- စစ်အစိုးရကလွဲ ကျန်သူအားလုံး မြတ်မြတ်နိုးနိုး လက်ခံ ခဲ့တယ်- ဧည့်သည်ဆိုပြီး မောင်းမထုတ်ခဲ့ဘူး။

အခု မွတ်စလင်တွေကို ဧည့်သည် ဆိုပြီး ခေါင်းစီးတပ်၊ အနိုင်ကျင့်တဲ့ အချိန်မှ လူ့အခွင့်အရေး ဆိုတာလည်း မလိုချင်တဲ့ ဧည့်သည် ဖြစ်သွားရော့လား။-- သမိုင်းကို လိုက်ရင် အစအဆုံး လိုက်သင့်ပါတယ်။ ကက်ဆက်က သီးချင်းဖွင့်သလို ကိုယ်လိုချင်တဲ့ သီချင်းကိုပဲ နောက်ပြန်လှည့် ပြန်ဖွင့်နေတာ သမိုင်း မဟုတ်ပါ။ ရခိုင်သမိုင်း၊ မြန်မာ သမိုင်း ဟိုးအစ-ထိ လိုက်နိုင်သမျှ လိုက်ပါ။ အဲ့တော့မှ အိမ်ရှင် ဧည့်သည် ကွဲပြားသွားပါမယ်။--- အစိုးရ က အကွက်ဆင် လှည့်ပတ်နေတယ် ဆိုတာကိုယ်လည်း ကျွန်တော် မငြင်းဘူး၊ ဒါပေမယ့် ဦးဇင်းတို့လို သာသနာ့ ၀န်ဆောင် လူထုရှေ့ဆောင် ပုဂ္ဂိုလ်တွေမှာလည်း သိသင့်တာကို အမှန်သိထားသင့်ပါတယ်။” ဆိုပြီး ဆက်တိုက် ပြောချလိုက်ပါတယ်။

ဦးဇင်းကလည်း-- “အေးပါ။ အေးပါ။ ဘာဖြစ်ဖြစ် ဒီအထဲမှာတော့ ဒို့ မပါဘူး၊ ဒို့ကတော့ အေးအေးပဲ နေလိုတယ်၊ လူဟာ လူပဲ လို့ မြင်တယ်၊- အားလုံး အေးသွားရင် ပိုကောင်းတာပေါ့၊” ဆိုပြီး စကားပြတ်သွားပါတော့တယ်။

ဌေးလွင်ဦး

Thursday, 27 December 2012

၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေသည် နိုင်ငံတကာစံနှုန်းများနှင့် ကိုက်ညီမှုမရှိသည်ကို ပြည်သူလူထုသို့တင်ပြခြင်း

နိုင်ငံတစ်ခုကို တည်ဆောက်တာဟာ အလွန်အရေးကြီးပါတယ်။ အုပ်ချုပ်ရေးမဏ္ဏိုင်၊ ဥပေဒေပြု ရေးမဏ္ဏိုင်၊ တရားစီရင်ရေးမဏ္ဏိုင်၊ ဆိုပြီး အရေးကြီးရင်ကြီးသလို ခွဲခြားဆောင်ရွက်ရာမှာ နိုင်ငံတစ်ခုနဲ့တခု ဆောင်ရွက်ပုံချင်း မတူကြပါဘူး။ အခြေခံကျကျ ခြားနားတာကတော့ နိုင်ငံတခုဟာ နိုင်ငံတော်ဖွဲ့စည်းအုပ် ချုပ်ပုံ အခြေခံဥပဒေ ကျင့်သုံးလား၊ မကျင့်သုံးလား ဆိုတာဘဲ ဖြစ်ပါတယ်။နိုင်ငံတစ်ခုလုံးကို တရားနည်း လမ်းတွေနဲ့ ဘယ်လိုအုပ်ချုပ်မလဲဆိုတာတွေကို စာနဲ့ ရေးသားမှတ်တမ်းတင်ထားတာ ဖြစ်ပါတယ်။
ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဆိုတာ နိုင်ငံသူ၊ နိုင်ငံသားတွေနဲ့ အဲဒီဥပဒေအရ ဖွဲ့စည်းထားတဲ့ အစိုးရတို့ ကြားမှာ ပြည်သူဆန္ဒနဲ့အညီ ပြည်သူတွေက ရေးဆွဲထားတဲ့ပဋိဥာဉ်ဖြစ်တယ်။အဲဒီဥပဒေထဲမှာ နိုင်ငံသား တိုင်းလိုက်နာရမည့်တာဝန် ရရှိခံစားရမည့်အခွင့်အရေး၊ ဒီဥပဒေအရပေါ်ပေါက်လာတဲ့ အစိုးရတိုင်းလိုက်နာ ရမည့်တာဝန် ရရှိခံစားရမည့်အခွင့်အရေးတွေကို ပြည်သူတွေက ပြည်သူ့ဆန္ဒနဲ့အညီ သတ်မှတ်ပြဌာန်း ရပါမယ်။ အဲဒါကိုအခြေခံဥပဒေလို့ခေါ်ပါတယ်။ လက်ရှိမြန်မာနိုင်ငံသား ဥပဒေဟာ ပြည်သူ့ဆန္ဒမပါဘဲ ၁၉၈၂ ဦးနေ၀င်ရဲ့ တစ်ပါတီအာဏာရှင်စနစ်ကို လွှမ်းမိုးနေစဉ်ကာလ၊ အချို့သောနိုင်ငံသားများအား မြန်မာနိုင်ငံမှ အပြီးအပြတ်မောင်းထုတ်လိုသောအချိန်ကာလ၊ ဦးနေ၀င်ကိုယ်တိုင် မျက်ကန်းမျိုးချစ်အရှိန် တက်နေစဉ်ကာလ ထိုအချိန်မှာ အရေးပေါ်သတ်မှတ်လိုက်သော ဥပဒေတစ်ရပ်ကို နှစ်ပေါင်းသုံးဆယ်ကြာ မြင့်သည့်တိုင်းအောင် အတွန်ရှည်စွာ လက်ခံအတည်ပြုထားနိုင်သည်ကို များစွားအံသြမိပါသည်။ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေသည် ၁၉၈၂ခုနှစ်ဥပဒေဖြစ်နေသည့်အတွက် မည်သည့်အချက်လက်များအား ပြင်ဆင်ခြင်း၊ ဖြည့်စွပ်ခြင်း၊ ပျယ်ဖြတ်ခြင်း အစရှိသည်တို့ကို ပြုလုပ်ဆောင်ရွက်ခြင်းမရှိဘဲ ဦးနေ၀င်းရဲ့ ဥပဒေအာဏာဟာ ယနေ့ဒီမိုကရေစီ ကာလအချိန်အခါထိ လာရောက်အသက် ၀င်နေသည်ကို များစွာအံသြ မိပါသည်။
အဆိုပါအချက်သည် မြန်မာပြည်၏ အဓိကပြုပြင်ပြောင်းလဲရေးကို အနှောက်ယှက်ဖြစ်နေပါသည်။ မည် သည့်နိုင်ငံတကာ စံနှုန်းသတ်မှတ်ချက်နှင့်မှ မကိုက်ညီပါ။အဲဒီအတွက် ပြည်သူလူထု၏ လိုလားတောင်းတမှု များဟာ အချိန်ကြာမြင့်သည်ထက် ကြာမြင့်နေပါသည်။များစွာသော လူထုအတွင်း ဆင်းရဲးမွေတေမှုနှင့် ရင် ဆိုင်နေရသည်၊ မိမိတို့၏အခွင့်အရေးများဆုံးရှုံးနေကြရသည်၊ ကိုယ်ပိုင်ပြဌာန်းခွင့် ဆိုသည်မှာ အိမ်မက်ပမာ ဖြစ်နေပါသည်။ မည်သည့်နေ့ မည်သည့်အချိန် ဒီအခွင့်အရေးများ ရရှိလာမည့်ကိုပင် မျော်လင့် စောင့်ဆိုင်းနေခဲ့ ကြသည်။သို့သော်လည်း ယနေ့အချိန်အထိ ဖြစ်မလာခဲ့ပါ။ ထိုကြောင့် ပြည်သူလူထုကြီးရဲ့ မျော်လင့်တောင်း တမှုများ အမြန်ဆုံးဖြစ်ပေါ်လာအောင် မိမိတို့ရဲ့အခွင့်အရေးများကို တောင်ဆိုခြင်းနှင့် မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေကို နိုင်ငံတစ်ကာ စံချိန်စံညွှန်းနဲ့ ကိုက်ညီမှုရှိသော ဥပဒေတစ်ရပ် အမြန်ဆုံး ပေါ်ထွန်းလာနိုင် အောင် ပြည်သူလူထုသို့ အစီရင်တင်ပြအပ်ပါသည်။
အထက်တွင်ဖော်ပြခဲ့သည်များကို ဖက်ရှူပြီဖြစ်သည်။ မိမိတို့အနေဖြင့် နိုင်ငံတကာစံနှုန်းများဖြင့် ရေးဆွဲသင့် သည့်အကြောင်းအရင်းကို ဆက်လက်ပြီဖက်ရှူပေးပါရန် တောင်ဆိုအပ်ပါသည်။ မြန်မာနိုင်ငံနှင့် လက်ရှိဖွံဖြိုး  တိုးတက်နေသော နိုင်ငံများ မည်သို့ကွာနေသည်ကို စဉ်းစားတွေးခေါ်ခြင်းဖြင့် မည်သည့်အချက်က မြန်မာနိုင်ငံ၏ ဖွံဖြိုးတိုးတက်မှုကို ဟန့်တားနှောက်ယှက်နေသည်ကို သတိပြုမိမည် ဖြစ်သည်။ အီနေရာတွင် အတွေအကြုံတစ်ခုကို တင်ပြပါအံ စင်ကာပူနိုင်သို့ ထွက်ခွာလာသောလေယျာဉ်သည် လေယျာဉ်ဆင်း သက်ရန် မိနစ်အနည်းငယ်မျှသာ လိုတော့သည့်အချိန်တွင် လေယျာဉ်မောင်မယ်များက စင်ကာပူနိုင်ငံ၏ ဥပဒေအချိုကိုကြေငြာပေး လျှက်ရှိသည်။ ထိုကြောင့် စင်ကာပူနိုင်ငံသို့ အကြောင်းအမျိုးမျိုးကြောင့် သွားရောက်လိုသော သူများမှာ စင်ကာပူနိုင်ငံ ဥပဒေကို လေးစားလိုက်နာပါမည်ဟု သံန္ဓိဌာန်ချပြီးမှ စင်ကာပူနိုင်ငံ လေယျာဉ်ကွင်းသို့ ၀င်ရောက်လျှက် ရှိပါသည်။သဘောက စင်ကာပူနိုင်ငံ ဥပဒေသည် မိမိတို့နိုင်ငံသားများပင်မဆိုထားနှင့် နိုင်ငံခြားသားများပင် လေးစားလိုက်နာကြသည်။ အဲဒီလိုလေးစားလိုက် နာအောင် ဖန်တီးရေးဆွဲထားကြသည်။ ဒါကဥပမာလေးတစ်ခုပင်ဖြစ်သည်။ အခြားသောနိုင်ငံများ၏ ဥပဒေများလည်းရှိနေသည်အတွက် မြန်မာနိုင်ငံ၏ အခြေခံဥပဒေကို ရေးဆွဲသတ်မှတ်တဲ့နေရမှာ များစွာ အထောက်အကူပြုမည်ဟု ယုံကြည်ပါသည်။ ကျွန်တော်ဆိုလိုသည်မှာ မိမိတိုနိုင်ငံ မိမိတို့လူမျိုးအတွက် ဥပဒေတစ်ခုရေးဆွဲတဲ့နေရာမှာ သူများနိုင်ငံတွေ အတိုင်းရေးဆွဲရန်ဆိုလိုခြင်းမဟုတ် မိမိတို့နိုင်ငံနှင့် ပထ၀ီ အနေအထားအပေါ်ကြည့်ပြီး ရေဆွဲရမည်။ သို့သော်လည်း ကမ္ဘာကုလသမ္မဂမှ ထုတ်ပြန်ထားသော အချက်သုံးဆယ်ပါ ကြေငြာစာတမ်း များကိုလည်း ထည့်သွင်းစဉ်စားခြင်းဖြင့် မိမိတို့နိုင်ငံ၏ ခိုင်မာသော ဥပဒေတစ်ရပ် ဖြစ်တည်လာမည်ကို ရည်မှန်းပြေားဆိုခြင်း ဖြစ်သည်။ နိုင်တော်အစိုးရတစ်ရပ်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲ သတ်မှတ်တော့မည်ဆိုရင် တိုင်းရင်းသားခေါင်းဆောင်များ၊ ပါတီနိုင်ငံရေးအထူးကိုယ်စားလှယ်များ၊ မတူညီသော ဘာသာရေးခေါင်းဆောင်များ၊ လူမှုရေးအသင်း အဖွဲ့များမှကိုယ်စားလှယ်များ၊ အတွေအကြုံရင်ကျက်သော သမိုင်းပညာရှင်များအားလုံး လူစုံတက်စုံ ဆွေးနွေးရန်အထူးလိုအပ်ပါသည်။  အဲဒီလိုမှမဟုတ်ဘဲ မိမိတိုအချင်းချင်းမှ ထုတ်ပြန်ထားသော စာအုပ်သည် စာအုပ်တစ်အုတ်မျှသာ ဖြစ်ပြီး အခြေခံဥပဒေလိုမည်သို့မျှ သတ်မှတ်လို့မရပါ။ နိုင်ငံတော် အဆိုးရမှ မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်ပြထမ်း ရေးဆွဲတော့မည်ဆိုပါက လူစုံတက်စုံ စားပွဲဝိုင်းသို့ ခေါ်ယူဆွေးနွေး သင့်ပါကြောင်းအကြံပြု တင်ပြအပ်ပါသည်။ အဲဒီလိုမှမဟုတ်ဘဲ အားလုံးကို အသိမပေး၊ မျက်ကွယ်ပြုခါ မိမိတို့သဘေားအတိုင်း ဆက်လက်ဆောင်ရွက်မယ်ဆိုခဲ့မယ်ဆိုရင် အဲဒီအဖွဲ့စည်းပုံအခြေခံဥပဒေဟာ အခြေခံဥပဒေမဟုတ်တော့ဘဲ စာအုပ်တစ်အုတ်သာဖြစ်ကြောင်းနှင့် အဲဒီစာအုပ်ဟာ တစ်နေ့တွင် စက္ကူစုတ်သာ ဖြစ်သွားနိုင်ပါကြောင်း လက်ရှိမြန်မာနိုင်ငံ သမ္မတနှင့် အထက်လွှတ်တော် အောက်လွှတ်တော်မှာ ပြည်သူ့ကိုစား ဆောင်ရွက်ပေးနေကြသော တာဝန်သိ လူကြီးမင်းများအား ပြည်သူလူထုကိုယ်စား ပြည်သူ့ဆန္ဒနဲ့အညီ တောင်းဆို အကြံပြုတင်ပြအပ်ပါကြောင်း ရိုသေလေစွားစွာဖြင့်
အောင်ကျော်မိုး
ဗမာ့တိုင်းရင်းသားမွတ်စလင်

Tuesday, 25 December 2012

"အကြင် မည်သူမဆို ကရုဏာထားတတ်သော စိတ်ထားရှိအံ့၊ ထိုသူအား ကိုးကွယ်ရာအရှင်က ကရုဏာထားတော်မူအံ့။ ဒါကြောင့် ကမ္ဘာဂြိုလ်ရှိ လူသားများအား ကရုဏာထားကြလော့။ အသင်တို့အား မိုးကောင်းကင်ပေါ်ရှိ ကိုးကွယ်ရာအရှင်က ကရုဏာထားတော်မူအံ့။" မြတ်တမန်တော်မုဟမ္မဒ်


(ဂျူးလူမျိုး Michael H Hart ပြုစုခဲ့ပြီး၊ ဗုဒ်ဓဘာသာဝင် သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်း မြန်မာဘာသာပြန်ဆိုထားတဲ့ ကျော်စွာ (၁၀၀) ရဲ့ နံပါတ်တစ်)
ကျော်စွာ ၁၀၀ ဆိုတော့ ကြားဖူးသူရှိနိုင်သလို၊မသိသေးသူ၊မဖတ်ရသေးသူများလဲရှိနိုင်ပါတယ်။မြန်မာလိုပြန်တော့ကျော်စွာ ၁၀၀ ပေါ့။မူရင်းစာအုပ်နာမည်က “A Ranking of the Most Influential Persons in the History”ပါ။ မူရင်းစာရေးသူက Michael H.Hart ပါ။ ဘာသာပြန်ဆိုသူက ဒေါက်တာသန်းထွန်း ဖြစ်ပါတယ်။

ကျော်စွာ ၁၀၀ ကိုစတင်ပုံနှိပ်ခဲ့တာက ၁၉၈၀ မှာပထမအကြိမ်၊၁၉၉၂ မှာ ဆရာကပြန်လည်ပြင်ဆင်ဖြည့်စွက်ခဲ့ပါတယ်။အဲဒီထဲက ဆရာ့လက်ရေးမူစာ တစ်ချို ကိုပြန်တင်ပြပေါ့မယ်။“လူပုဂ္ဂိုလ်မျိုးစုံ ထဲကလောကီ၊လောကုတ္တရာပုရိသတ် အစုအစည်းများတဲ့ လူကိုရှေ့ တန်းထားတယ်။အဲဒါအပြင် လူတွေကိုအကျိုးပြုတဲ့ အတွေးအခေါ်(စိတ်ပိုင်း)အောင်မြင်သူကိုထိပ်တန်းထားတယ်။နိုင်ငံရေးသမားက နောက်ကနေရတယ်။ကမ္ဘာ့ ကိုးကွယ် ယုံကြည်မှုမှာ ဗုဒ္ဓ၊ခရစ်ယန်၊ဟင်ဒီ၊မုဟမ္မဒ် ဆိုသလို တန်းစီ တဲ့အခါ ယုံကြည်သူလူဦးရေ နဲ့ ပြောရ ရင် ခရစ်ယန်ကများတယ်။လူတွေအပေါ်မှာ (နေ့ စဉ်နေထိုင်ရေး၊ဘဝလမ်းကြောင်း)အပါအဝင် သြဇာရှိဆုံးက မုဟမ္မဒ်ဖြစ်လို့ သူ့ ကိုဘဲနံပါတ်တစ်ပေး ထားလိုက်ရတယ်။အဲဒါကို မြန်မာဗုဒ္ဓဘာသာဝင်များက လက်ခံကြမည်မထင်ပါ။ ဒါပေမယ့် သူ့ စာအုပ်ကိုဘာသာပြန်မယ့်သူက သူ့ အစီအစဉ်ကို ပြင်ဆင်ခွင့်မရှိကြောင်းကို”ဆရာက ဝန်ခံသွားပါတယ်။
မူရင်းစာရေးသူက လူကျော် တစ်ရာကိုတန်းစီးဖို့ ဆုံးဖြတ်ရာမှာ ပေတံ သုံးခု နဲ့ ဆုံးဖြတ်တာပါတဲ့…..အဲဒါတွေက

(၁)ဘယ်အခြေခံနဲ့ ဒီပုဂ္ဂိုလ်ဟာကြီးမြင့်လာရသလဲ။
(၂)ဒီလူရဲ့ အစွမ်းနဲ့ လူတွေဘယ်လောက်များများ အကျိုးခံစားရပါသလဲ။
(၃)ဒီလူ့ ကျေးဇူးကို လူတွေ ဘယ်လောက်ကြာကြာ ခံစားရသလဲ။

အဲဒီ မေးခွန်းပေတံ သုံးခုနဲ့ ဘဲ လူတွေကို ပထမ၊ဒုတိယဆိုပြီးတန်းစီလိုက်တယ်။အဲဒီလို ရွေးချယ်တာကို ဆရာသန်းထွန်းက ကြိုက်ပါတယ်တဲ့။ဒါဟာ သမိုင်းနည်းလမ်းကျတော့ သူဘာသာပြန်ဖြစ်သွားတာပါတဲ့။

အသေးစိတ်တော့ မပြောတော့ပါဘူး။ဒါပေမယ့် လူကျော် ၁၀၀ ကိုစီပေးလိုက်ပါတယ်။



(၁) တမန်တော် မိုဟမ္မဒ်
(၂) အိုက်ဆက်နယူတန်
(၃)သခင်ယေရှု
(၄) ဗုဒ္ဓဂေါတမ
(၅)ကွန်ဖြူးရှပ်
(၆)ရှင်ပေါလု(စိန့် ပေါလ်)
(၇)ဆိုင်လန်
(၈)ဂျိုဟန်ဂူတင်ဘတ်
(၉)ကိုလံဘတ်စ်
(၁၀)အိုင်စတိုင်း
(၁၁)လူဝီပေါ့စချာ
(၁၂)ဂယ်လီလီယိုဂယ်လီလေး
(၁၃)အရစ္စတိုတယ်
(၁၄)ယူကလစ်
(၁၅)မိုးဇက်
(၁၆)ချားလ်စ်ဒါဝင်
(၁၇)ရှီဟွန်ဂ်တိ
(၁၈)သြဂတ်စ်တပ်ဆီဇာ
(၁၉) နိကိုးလပ်စ်ကော့ပါးနိကပ်စ်
(၂၀)အန်တွိုင်းလောရင့်လဗွိုင်ဆာ
(၂၁)မဟာကွန်စတဲန်တင်း
(၂၂)ဂျိမ်းစ်ဝပ်
(၂၃)မိုက်ကယ်ဖာရာဒေး
(၂၄)ဂျိမ်းစ်ကလပ်စ်မက်ဝဲလ်
(၂၅)မာတင်လူသာ
(၂၆)ဂျော့ဝါရှင်တန်
(၂၇)ကားလ်မာ့က်စ်
(၂၈)အောဗီလ်ရိုက်၊ဝီဗာရိုက်
(၂၉)ဂျဲန်ဂျစ်ခန်
(၃၀)အဒမ်စမစ်
(၃၁)အက်ဒွပ် ဒေဗရာ
(၃၂)ဂျွန်ဒဲလ်တန်
(၃၃)မဟာအလက်ဇန္ဒား
(၃၄)နပိုလီယန်
(၃၅)သောမတ်စ်အက်ဒီဆင်
(၃၆)အန်တိုနီ ဗန် လီဥဝဲန်ဟောက်
(၃၇)ဝီလီယံ တီဂျီ မော်တင်
(၃၈)ဂဂလီယယ်မို မာကိုနီ
(၃၉)အဒေါ့ ဟစ်တလာ
(၄၀)ပလေတို
(၄၁)အော်လီဗာ ကရွမ်းဝဲလ်
(၄၂)ဂရေဟမ်ဘဲလ်
(၄၃)အလက်ဇန္ဒား ဖလဲမင်း
(၄၄)ဂျွန်လော့ခ်
(၄၅)လုဒ်ဝစ် ဗန် ဗင်သိုဗင်
(၄၆)ဝါနာ ဟေဆဲန်ဘာ့ဂ်
(၄၇)လွီစ် ဒဂွဲယာ
(၄၈)ဆီမွန် ဘိုလီဗား
(၄၉)ရီနီဒေး ကား
(၅၀)မိုကကယ် အိန်ဂျယ်လို
(၅၁)ပုပ်ရဟန်းမင်းကြီး ဒုတိယအာဗင်
(၅၂)ဥမာ အိဗအယ် ခတ္တဗ်
(၅၃)အသောက
(၅၄)စိန့် သြဂတ်စတင်း
(၅၅)ဝီလီယံ ဟာဗေး
(၅၆)အားနက်စ်ရုသာဖို့ ဒ်
(၅၇)ဂျွန်ကာဗင်
(၅၈)ဂရီဂေါ် မဲန်ဒဲလ်
(၅၉)မက်စ် ပလင့်ခ်
(၆၀)ဂျိုးဆက် လစ္စတာ
(၆၁)နစ်ကိုလပ်စ် သြဂတ်စိသြတို
(၆၂)ဖရန်စစ်စကို ပီဇာရို
(၆၃)ဟာနန်ဒို ကောတေ့စ်
(၆၄)သောမတ်စ်ဂျက်ဖာဆင်
(၆၅)မိဖုရား အစ္စဘဲလာ (၁)
(၆၆)ဂျိုးဆက် စတာလင်
(၆၇)ဂျူးလီးယပ်စ်ဆီဇာ
(၆၈)အောင်နိုင်သူဝီလီယံ
(၆၉)ဆစ်ဂမန်ဖရိုဒ်
(၇၀)အက်ဒဝဒ် ဂျဲန်နာ
(၇၁)ဝေလ်ဟဲမ် ကွန်ရက် ရောင့်တ်ဂျဲန်
(၇၂)ဂျိုဟန်ဆေဗစတိယန်ဘာ့ခ်ျ
(၇၃)လောင်ဇု
(၇၄)ဗောလ်တဲ
(၇၅)ဂျိုဟန်နက်စ်ကက်ပလာ
(၇၆)အဲန်ရိကို ဖာမိ
(၇၇)လီယိုနဒ်ယူလာ
(၇၈)ဇန်ဂျက်ကွိ ရူးဆိုး
(၇၉)နစ်ကိုလို မက်ခီယာဗယ်လီ
(၈၀)သောမတ်စ် မေးလ်သပ်စ်
(၈၁)ဂျွန်ဖစ်ဂျရယ် ကနေဒီ
(၈၂)ဂရယ်ဂေါ်ရီ ပင်ကပ်စ်
(၈၃)မနိ
(၈၄)လီနင်
(၈၅)ဆွိဝဲန်တ
(၈၆)ဗာစကိုဒဂါးမား
(၈၇)မဟာဆိုင်ရပ်စ်
(၈၈)မဟာပီတာ
(၈၉)မော်စီတုန်း
(၉၀)ဖရန်စစ် ဘေကွန်
(၉၁)ဟင်နရီဖို့ ဒ်
(၉၂)မဲန်စိယပ်စ်
(၉၃)ဇော်ရော့ အက်စတာ
(၉၄)ဘုရင်မ ပထမ အယ်လီဇဘက်
(၉၅)မိခေးဂေါ်ဘာချော့
(၉၆)မဲန်နက်စ်
(၉၇)သျှာလမိန်း
(၉၈)ဟိုမာ
(၉၉)ပထမ ဂျပ်စတိနိယဲန်
(၁၀၀)မဟာဝိဟာရ