နိုင်ငံတစ်ခုကို
တည်ဆောက်တာဟာ အလွန်အရေးကြီးပါတယ်။ အုပ်ချုပ်ရေးမဏ္ဏိုင်၊ ဥပေဒေပြု ရေးမဏ္ဏိုင်၊ တရားစီရင်ရေးမဏ္ဏိုင်၊
ဆိုပြီး အရေးကြီးရင်ကြီးသလို ခွဲခြားဆောင်ရွက်ရာမှာ နိုင်ငံတစ်ခုနဲ့တခု ဆောင်ရွက်ပုံချင်း
မတူကြပါဘူး။ အခြေခံကျကျ ခြားနားတာကတော့ နိုင်ငံတခုဟာ နိုင်ငံတော်ဖွဲ့စည်းအုပ် ချုပ်ပုံ
အခြေခံဥပဒေ ကျင့်သုံးလား၊ မကျင့်သုံးလား ဆိုတာဘဲ ဖြစ်ပါတယ်။နိုင်ငံတစ်ခုလုံးကို တရားနည်း
လမ်းတွေနဲ့ ဘယ်လိုအုပ်ချုပ်မလဲဆိုတာတွေကို စာနဲ့ ရေးသားမှတ်တမ်းတင်ထားတာ ဖြစ်ပါတယ်။
ဖွဲ့စည်းအုပ်ချုပ်ပုံ
အခြေခံဥပဒေဆိုတာ နိုင်ငံသူ၊ နိုင်ငံသားတွေနဲ့ အဲဒီဥပဒေအရ ဖွဲ့စည်းထားတဲ့ အစိုးရတို့
ကြားမှာ ပြည်သူဆန္ဒနဲ့အညီ ပြည်သူတွေက ရေးဆွဲထားတဲ့ပဋိဥာဉ်ဖြစ်တယ်။အဲဒီဥပဒေထဲမှာ နိုင်ငံသား
တိုင်းလိုက်နာရမည့်တာဝန် ရရှိခံစားရမည့်အခွင့်အရေး၊ ဒီဥပဒေအရပေါ်ပေါက်လာတဲ့ အစိုးရတိုင်းလိုက်နာ
ရမည့်တာဝန် ရရှိခံစားရမည့်အခွင့်အရေးတွေကို ပြည်သူတွေက ပြည်သူ့ဆန္ဒနဲ့အညီ သတ်မှတ်ပြဌာန်း
ရပါမယ်။ အဲဒါကိုအခြေခံဥပဒေလို့ခေါ်ပါတယ်။ လက်ရှိမြန်မာနိုင်ငံသား ဥပဒေဟာ ပြည်သူ့ဆန္ဒမပါဘဲ
၁၉၈၂ ဦးနေ၀င်ရဲ့ တစ်ပါတီအာဏာရှင်စနစ်ကို လွှမ်းမိုးနေစဉ်ကာလ၊ အချို့သောနိုင်ငံသားများအား
မြန်မာနိုင်ငံမှ အပြီးအပြတ်မောင်းထုတ်လိုသောအချိန်ကာလ၊ ဦးနေ၀င်ကိုယ်တိုင် မျက်ကန်းမျိုးချစ်အရှိန်
တက်နေစဉ်ကာလ ထိုအချိန်မှာ အရေးပေါ်သတ်မှတ်လိုက်သော ဥပဒေတစ်ရပ်ကို နှစ်ပေါင်းသုံးဆယ်ကြာ
မြင့်သည့်တိုင်းအောင် အတွန်ရှည်စွာ လက်ခံအတည်ပြုထားနိုင်သည်ကို များစွားအံသြမိပါသည်။
၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေသည် ၁၉၈၂ခုနှစ်ဥပဒေဖြစ်နေသည့်အတွက် မည်သည့်အချက်လက်များအား
ပြင်ဆင်ခြင်း၊ ဖြည့်စွပ်ခြင်း၊ ပျယ်ဖြတ်ခြင်း အစရှိသည်တို့ကို ပြုလုပ်ဆောင်ရွက်ခြင်းမရှိဘဲ
ဦးနေ၀င်းရဲ့ ဥပဒေအာဏာဟာ ယနေ့ဒီမိုကရေစီ ကာလအချိန်အခါထိ လာရောက်အသက် ၀င်နေသည်ကို များစွာအံသြ
မိပါသည်။
အဆိုပါအချက်သည်
မြန်မာပြည်၏ အဓိကပြုပြင်ပြောင်းလဲရေးကို အနှောက်ယှက်ဖြစ်နေပါသည်။ မည် သည့်နိုင်ငံတကာ
စံနှုန်းသတ်မှတ်ချက်နှင့်မှ မကိုက်ညီပါ။အဲဒီအတွက် ပြည်သူလူထု၏ လိုလားတောင်းတမှု များဟာ
အချိန်ကြာမြင့်သည်ထက် ကြာမြင့်နေပါသည်။များစွာသော လူထုအတွင်း ဆင်းရဲးမွေတေမှုနှင့်
ရင် ဆိုင်နေရသည်၊ မိမိတို့၏အခွင့်အရေးများဆုံးရှုံးနေကြရသည်၊ ကိုယ်ပိုင်ပြဌာန်းခွင့်
ဆိုသည်မှာ အိမ်မက်ပမာ ဖြစ်နေပါသည်။ မည်သည့်နေ့ မည်သည့်အချိန် ဒီအခွင့်အရေးများ ရရှိလာမည့်ကိုပင်
မျော်လင့် စောင့်ဆိုင်းနေခဲ့ ကြသည်။သို့သော်လည်း ယနေ့အချိန်အထိ ဖြစ်မလာခဲ့ပါ။ ထိုကြောင့်
ပြည်သူလူထုကြီးရဲ့ မျော်လင့်တောင်း တမှုများ အမြန်ဆုံးဖြစ်ပေါ်လာအောင် မိမိတို့ရဲ့အခွင့်အရေးများကို
တောင်ဆိုခြင်းနှင့် မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေကို နိုင်ငံတစ်ကာ စံချိန်စံညွှန်းနဲ့
ကိုက်ညီမှုရှိသော ဥပဒေတစ်ရပ် အမြန်ဆုံး ပေါ်ထွန်းလာနိုင် အောင် ပြည်သူလူထုသို့ အစီရင်တင်ပြအပ်ပါသည်။
အထက်တွင်ဖော်ပြခဲ့သည်များကို
ဖက်ရှူပြီဖြစ်သည်။ မိမိတို့အနေဖြင့် နိုင်ငံတကာစံနှုန်းများဖြင့် ရေးဆွဲသင့် သည့်အကြောင်းအရင်းကို
ဆက်လက်ပြီဖက်ရှူပေးပါရန် တောင်ဆိုအပ်ပါသည်။ မြန်မာနိုင်ငံနှင့် လက်ရှိဖွံဖြိုး တိုးတက်နေသော နိုင်ငံများ မည်သို့ကွာနေသည်ကို စဉ်းစားတွေးခေါ်ခြင်းဖြင့်
မည်သည့်အချက်က မြန်မာနိုင်ငံ၏ ဖွံဖြိုးတိုးတက်မှုကို ဟန့်တားနှောက်ယှက်နေသည်ကို သတိပြုမိမည်
ဖြစ်သည်။ အီနေရာတွင် အတွေအကြုံတစ်ခုကို တင်ပြပါအံ စင်ကာပူနိုင်သို့ ထွက်ခွာလာသောလေယျာဉ်သည်
လေယျာဉ်ဆင်း သက်ရန် မိနစ်အနည်းငယ်မျှသာ လိုတော့သည့်အချိန်တွင် လေယျာဉ်မောင်မယ်များက
စင်ကာပူနိုင်ငံ၏ ဥပဒေအချိုကိုကြေငြာပေး လျှက်ရှိသည်။ ထိုကြောင့် စင်ကာပူနိုင်ငံသို့
အကြောင်းအမျိုးမျိုးကြောင့် သွားရောက်လိုသော သူများမှာ စင်ကာပူနိုင်ငံ ဥပဒေကို လေးစားလိုက်နာပါမည်ဟု
သံန္ဓိဌာန်ချပြီးမှ စင်ကာပူနိုင်ငံ လေယျာဉ်ကွင်းသို့ ၀င်ရောက်လျှက် ရှိပါသည်။သဘောက စင်ကာပူနိုင်ငံ
ဥပဒေသည် မိမိတို့နိုင်ငံသားများပင်မဆိုထားနှင့် နိုင်ငံခြားသားများပင် လေးစားလိုက်နာကြသည်။
အဲဒီလိုလေးစားလိုက် နာအောင် ဖန်တီးရေးဆွဲထားကြသည်။ ဒါကဥပမာလေးတစ်ခုပင်ဖြစ်သည်။ အခြားသောနိုင်ငံများ၏
ဥပဒေများလည်းရှိနေသည်အတွက် မြန်မာနိုင်ငံ၏ အခြေခံဥပဒေကို ရေးဆွဲသတ်မှတ်တဲ့နေရမှာ များစွာ
အထောက်အကူပြုမည်ဟု ယုံကြည်ပါသည်။ ကျွန်တော်ဆိုလိုသည်မှာ မိမိတိုနိုင်ငံ မိမိတို့လူမျိုးအတွက်
ဥပဒေတစ်ခုရေးဆွဲတဲ့နေရာမှာ သူများနိုင်ငံတွေ အတိုင်းရေးဆွဲရန်ဆိုလိုခြင်းမဟုတ် မိမိတို့နိုင်ငံနှင့်
ပထ၀ီ အနေအထားအပေါ်ကြည့်ပြီး ရေဆွဲရမည်။ သို့သော်လည်း ကမ္ဘာကုလသမ္မဂမှ ထုတ်ပြန်ထားသော အချက်သုံးဆယ်ပါ
ကြေငြာစာတမ်း များကိုလည်း ထည့်သွင်းစဉ်စားခြင်းဖြင့် မိမိတို့နိုင်ငံ၏ ခိုင်မာသော ဥပဒေတစ်ရပ်
ဖြစ်တည်လာမည်ကို ရည်မှန်းပြေားဆိုခြင်း ဖြစ်သည်။ နိုင်တော်အစိုးရတစ်ရပ်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို
ရေးဆွဲ သတ်မှတ်တော့မည်ဆိုရင် တိုင်းရင်းသားခေါင်းဆောင်များ၊ ပါတီနိုင်ငံရေးအထူးကိုယ်စားလှယ်များ၊
မတူညီသော ဘာသာရေးခေါင်းဆောင်များ၊ လူမှုရေးအသင်း အဖွဲ့များမှကိုယ်စားလှယ်များ၊ အတွေအကြုံရင်ကျက်သော
သမိုင်းပညာရှင်များအားလုံး လူစုံတက်စုံ ဆွေးနွေးရန်အထူးလိုအပ်ပါသည်။ အဲဒီလိုမှမဟုတ်ဘဲ မိမိတိုအချင်းချင်းမှ ထုတ်ပြန်ထားသော
စာအုပ်သည် စာအုပ်တစ်အုတ်မျှသာ ဖြစ်ပြီး အခြေခံဥပဒေလိုမည်သို့မျှ သတ်မှတ်လို့မရပါ။ နိုင်ငံတော်
အဆိုးရမှ မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်ပြထမ်း ရေးဆွဲတော့မည်ဆိုပါက လူစုံတက်စုံ
စားပွဲဝိုင်းသို့ ခေါ်ယူဆွေးနွေး သင့်ပါကြောင်းအကြံပြု တင်ပြအပ်ပါသည်။ အဲဒီလိုမှမဟုတ်ဘဲ
အားလုံးကို အသိမပေး၊ မျက်ကွယ်ပြုခါ မိမိတို့သဘေားအတိုင်း ဆက်လက်ဆောင်ရွက်မယ်ဆိုခဲ့မယ်ဆိုရင်
အဲဒီအဖွဲ့စည်းပုံအခြေခံဥပဒေဟာ အခြေခံဥပဒေမဟုတ်တော့ဘဲ စာအုပ်တစ်အုတ်သာဖြစ်ကြောင်းနှင့်
အဲဒီစာအုပ်ဟာ တစ်နေ့တွင် စက္ကူစုတ်သာ ဖြစ်သွားနိုင်ပါကြောင်း လက်ရှိမြန်မာနိုင်ငံ သမ္မတနှင့်
အထက်လွှတ်တော် အောက်လွှတ်တော်မှာ ပြည်သူ့ကိုစား ဆောင်ရွက်ပေးနေကြသော တာဝန်သိ လူကြီးမင်းများအား
ပြည်သူလူထုကိုယ်စား ပြည်သူ့ဆန္ဒနဲ့အညီ တောင်းဆို အကြံပြုတင်ပြအပ်ပါကြောင်း ရိုသေလေစွားစွာဖြင့်
အောင်ကျော်မိုး
ဗမာ့တိုင်းရင်းသားမွတ်စလင်
No comments:
Post a Comment