Monday 29 April 2013

တစ်ခါတစ်ရံသင်စဉ်းစားမိသလား။

ခရစ်ယာန်သီလရှင်တွေဟာ တစ်ကိုယ်လုံး ဖုံးအုပ်ထားကြတယ်ဆိုရင် အာလုံးက လေးစားကြတယ် ၊ ဒါပေမဲ့ မူစလင်အမျိုးသမီးတွေ အဲဒီလို ဖုံးအုပ်ဝတ်ဆင်ထားကြမယ်ဆိုရင် အမျိုးသမီးတွေကို မတရားဖိနှိပ်ထားတယ်လို့ နာမည်ဖျက်ကြတယ်၊ ယဟူဒီတို့ ဆစ်ခ်ဘာသာဝင်တို့် မုတ်ဆိတ်အရှည် ထားကြတယ်ဆိုရင် မိမိအမျိုးဘာသာကို ထိန်းသိမ်းတယ်လို့ ပြောကြတယ် မူစလင်တွေ မုတ်ဆိတ်ထားတာကိုကျတော့ အယူသီးတယ်လို့ ပြောကြတယ် အိမ်ထဲမှာပဲနေပီး သားသမီးကို ပြုစုစောင့်ရှောက်တဲ့ အမျိုးသမီးကို အလွန်မြင့်မြတ်တဲ့ အိမ်ရှင်မကောင်းလို့ ချီးမွမ်းကြတယ် ဒါပေမဲ့ မူစလင်အမျိုးသမီးတစ်ယောက် အဲဒီလို တာဝန်ကျေပွန်တယ်ဆိုရင် နံရံလေးဘက်အတွင်းမှာ အကျဉ်းချခြင်းခံထားရတယ် သူတို့အတွက် လူ့အခွင့်အရေး ပေးဖို့လိုအပ်တယ်လို့ ပြောကြတယ် ဘာသာရေးပညာမှာ ထူးချွန်တဲ့ ကလေးတွေကို အောင်မြင်တဲ့ ပညာရေးလို့ အားပေးကြတယ် ဒါပေမဲ့ မူစလင်ခလေးငယ်က ဘာသာရေးပညာမှာ ထူးချွန်တယ်ဆိုရင် အကျိုးမဲ့ပညာရေးလို့ သမုတ်ကြတယ် ယဟူဒီ၊ခရစ်ယာန်တို့က အပြစ်မဲ့လူတွေကို သတ်ဖြစ်တယ်ဆိုရင် ကိုးကွယ်တဲ့ဘာသာနဲ့တွဲပြီး အပြစ်မဖော်ပြကြပါ အကယ်လို့ မူစလင်တစ်ယောက်က ပြစ်မှုတစ်ခုနဲ့ အဖမ်းခံရတယ်ဆိုရင် ဘာသာနဲ့တွဲဖော်ပြပီး အစ္စလာမ်မ်ကိုပါ နာမည်ဖျက်ကြတယ် မိန်းခလေးတိုင်း ဘယ်လိုအ၀တ်အစားပဲမဆို ၀တ်စားပြီး တက္ကသိုယ်ကောလိပ်ကျောင်းကိုသွားနိုင်တယ် မူစလင်မိန်းခလေးတစ်ယောက် လုံခြုံအောင်ဝတ်ပြီး တက္ကသိုယ်ကျောင်းတက်မယ်ဆိုရင် ဂိတ်ပေါက်မှာတင် တားမြစ်ခံရပါတယ် လူအများအသက်ဆုံးရှုံးမှုကို ကာကွယ်ဖို့ မိမိအသက်ကိုရင်းပီး စွန့်စားသူကို သူရဲကောင်းလို့ ဂုဏ်ပြုကြတယ် ပါလက်စတိုင်းခလေးငယ်တွေ အသက်ခံရမှာ ကို ကာကွယ်ဖို့ မိမိညီအစ်ကိုများ မတရားအသတ်ခံရမှာကို ကာကွယ်ဖို့ မိမိရဲ့ မိခင်၊ညီမတွေကို မတရားစော်ကားခံရမှာကို ကာကွယ်ဖို့ မိမိအိမ်များ မီးရှို့ဖျက်ဆီးခံရမှာကို ကာကွယ်ဖို့ မိမိဗလီဝတ်ကျောင်းတော်များ ဖျက်ဆီးခံရမှာကို ကာကွယ်ဖို့ မိမိအသက်ကို ရင်းပီး စွန့်စားတိုက်ခိုကသူကို အကြမ်းဖက်သမားလို့ သမုတ်ကြတယ် ခေါင်းဆောင်အကြီးအကဲရဲ့ စကားကို နာခံတတ်ကြတယ် အဲဒီလိုမျိုး အစ္စလာမ်မှာ တွေ့ရင်ငြင်းဆန်ကြတယ်၊ တစ်ဦးတစ်ယောက်က စည်းကမ်းမဲ့ ကားမောင်းရင် အဲဒီလောက်အပြစ်မကြီးပါ ဒါပေမဲ့ မူစလင်တွေ စည်းကမ်းမဲ့ပြုလုပ်ကြရင် အစ္စလာမ်ကို ကြီးလေးတဲ့တရားခံလို့ သတ်မှတ်ကြတယ် သတင်းစာနဲ့ မီဒီယာမှာပါတဲ့ အကြောင်းအရာတွေကို တထစ်ချယုံကြည်ကြတယ် ဒါပေမဲ့ ကုရ်အာန်မှာပါတဲ့ အကြောင်းအရာများအပေါ် စောဒကတက်ကြတယ် အဲဒီလို တဖက်သက် အနှိမ်ခံနေရသော်လည်း ယနေ့ကမ္ဘာပေါ်မှာ အလျင်မြန်ဆုံးတိုးတက် ပြန့်ပွားနေတဲ့ သာသနာဟာ အစ္စလာမ်သာသနာပဲဖြစ်ပါတယ်

ဗမာ့တိုင်းရင်းသားမွတ်စလင်မ်-အောင်ကျော်မိုး။

No comments:

Post a Comment