Monday, 25 February 2013

တစ်ခုတော့ပြေားစရာရှိတာက ဟိုးတုန်းက ရခိုင်ပြည်နဲ့ စစ်တကောင်းနယ်ကိုနှစ်ပေါင်းတစ်ရာကျော်အောင် နယ်မြေတစ်ခုတည်း အုပ်ချုပ်ခဲ့သည့်အတွက် ဘင်္ဂါလီစကားပြေားတက်ခြင်း၊ ဘင်္ဂါလီအသွင်မျိုးတွေရှိနေခြင်းမှာ ရခိုင်ပြည်ဖွား အစ္စလာမ်ဘာသာကိုးကွယ်ယုံကြည်သူ မြန်မာမွတ်စလင်တွေအတွက် အထူးအဆန်းမဟုတ်ပါ။ ၎င်းထက်ပိုပြီး ဘင်္ဂါလီလုံးလုံးမဟုတ်သည်ကို သမိုင်းသုတေသီများက အခိုင်အမာပြေားခဲ့ပြီးပြီဆိုတာ လူကြီးမင်းတို့သိရှိခဲ့ကြပြီးဖြစ်ပါသည်။ ထိုကြောင့်မြန်မာမွတ်စလင်မ် ဌာနေဇာတိလူရင်းများကို မြန်မာမွတ်စလင်မ်တစ်မျိုးတည်း ခေါ်ဝေါ်ကြပါရန် ယနေ့မှစရ်ျတိုက်တွန်းနှိုးဆော်လိုက်သည်။

လူတွေကလည်းတော်တော်ခတ်တယ်ဗျ မွတ်စလင်ဆိုရင်ဘင်္ဂါလီလိုထင်နေကြတယ် ကျွန်တော်တို့ ဘင်္ဂါလီဆိုရင် ဘင်္ဂါလီလို့ဂုဏ်ယူပြီးပြေားလိုက်ချင်ပါတယ်။ တကယ်ဘင်္ဂါလီမဟုတ်လို့ မဟုတ်ဘူးလို့ပြေားတော့လည်း စိတ်ဆိုးပြန်တယ်။ ဘင်္ဂလာဒေရှ်က လူဦးရေသန်းပေါင်း(၂၂၀)ရှိတဲ့နိုင်ငံဗျ ကျွန်တော်တို့ဘင်္ဂလာလီခံယူလိုက်ရင်တော်တော်ရှုပ်ကုန်မယ်နော်၊ သေချာစဉ်းစားပြီးမှပြေားကြပါ။ ကျွန်တော်တို့က အခုလက်ရှိမှာ မြန်မာနိုင်အပေါ်ဘာအန္တရာယ်မှ မပေးပဲ သစ္စာရှိစွာနေထိုင်နေပါတယ်။ ကျွန်တော်တို့ကို နိုင်ငံတော်က မြန်မာပြည်မှာရှိတဲ့မွတ်စလင်တွေ အားလုံးဟာ ဘင်္ဂါလီတွေပါလို့ သတ်မှတ်လိုက်ပြီးဆိုရင် မြန်မာ့မြေပုံပျာက်သွားပါလိမ့်မယ်။

ရွှေရိုးအက တီထွင်ခဲ့သူ မြန်မာမွတ်စလင် ကာတွန်းပညာရှင် ဦးဘကလေး

ဦးဘကလေးဆိုတဲ့ ရွှေတလေး အကြောင်းကို သိရှိဖတ်ရှုခဲ့ရပြီးနောက် အခြားလူငယ်တွေကိုလည်း သူ့ အကြောင်းတွေ သိစေချင်ခဲ့ပါတယ်။ အခုနောက်ပိုင်း စာစောင်တွေ မဂ္ဂဇင်းတွေမှာ ဦးဘကလေးအကြောင်းကို ရေးသားတာ မတွေ့ရ တော့ တတ်နိုင်သလောက် လေ့လာဖတ်ရှု မေးမြန်းပြီး ဦးဘကေလေးအကြောင်း အနည်းငယ်ကိုရေးသားလိုက်ခြင်းပါ။
ကာတွန်းဆရာကြီး ရွှေတလေး၊ ရုပ်ရှင်လူရွှင်တော်ကြီး ဦးရွှေရိုးဆိုတာ ဟိုလွန်ခဲ့တဲ့ နှစ်ပေါင်း(၈၀)ကျော် (၁၀၀) အတွင်းက မြန်မာစာနယ်ဇင်းတွေနဲ့ မြန်မာရုပ်ရှင်လောကမှာ လှုပ်ရှားခဲ့တဲ့ မြန်မာ(တိုင်းရင်းသားအစ္စလာမ်သာသနာဝင်) အနုပညာသည်ကြီးဖြစ်ပါတယ်။

ဘာသာတရားတွေကိုသေချာလေ့လာပါက အစွဲကင်းစွာလေ့လာပါမှ အမှန်တရားကိုသိမြင်မည်ဖြစ်ပြီး အွန်လိုင်းပေါ်တွင် ဘာသာတရားမျာကိုဝေဖန်ပြေားဆိုနေသူများအနေဖြင့်လည်း တရားလမ်းမှန်ရရှိစေမည်ဖြစ်ပါသည်။ ဒါကြောင့် အသားငါးစားသောက်ခြင်းကို အသတ်သတ်တယ်လိုယူစပြေားဆိုနေသော ဗုဒ္ဓဘာသာ သက်ဝင်ယုံကြည်သူများကို အကြံပြုလိုတာက ဒီနေ့မှစရ်ျ အသတ်သတ်ခြင်းကိုဗုဒ္ဓဘာသာကခွင့်မပြုထားသည်အတွက် အသားငါးစားသောက်ခြင်းကိုလျှောင်ကျဉ်ကြပါရန် လေးစားစွာမေတ္တာရပ်ခံလိုက်ပါတယ်။ အကယ်ရ်ျ အသားငါးများစားသောက်ချင်ပါက ဗုဒ္ဓဘာသာအဖြစ်ကိုစွန်လွှတ်ပြီး အစ္စလာမ်ဘာသာအဖြစ်လက်ခံလိုက်ပါက လူကြီးမင်းတို့အတွက်အကောင်းဆုံးသေားလမ်းညွှန်ချက်ဖြစ်သည်ကို တင်ပြအပ်သည်။ အဘယ်ကြောင့်ဆိုသော် အစ္စလာမ်က အသား ငါး စားသသောက်ခြင်းကို လူသား၏ အစာအဟာရအဖြစ် လိုအပ်သလောက်စားသုံးရန် ခွင့်ပြုထားခြင်းကြောင့်ဖြစ်ပါသည်။ အားလုံးတရားသဘေားကိုဆောင်နိုင်ကြပါစေ။ လူရဲ့အသိ၊ လူ့ရဲ့အတွေးအခေါ်သည် တခါတစ်ရံတွင် ဘာသာတရားများနှင့်ဆန်ကျင်ဖက်ဖြစ်တက်သည်ကိုအထူသတိပြုစေချင်ပါသည်။

အခုတစ်လော ဖေစ်ဘုတ်ပေါ်မှာ ရေးနေကြတာက မွတ်စလင်တွေ နွားတွေသတ်၊ ကျွဲတွေသတ်၊ ဆိတ်တွေသတ်တယ်လို့ စွတ်ဆွဲပြေားဆိုနေတာတွေ၊ ဝေဖန်နေကြတာတွေရှိလာတာတွေ့နေရပါတယ်။ အဲဒါကလည်းတကယ်တမ်းပြေားရရင် သဘာဝကျတဲ့မေးခွန်းတစ်ခုပါ သို့သော် ဒီလိုမေးတဲ့သူတွေကိုယ်တိုင် မနက်ကဘာဟင်းနဲပထမ်းစားခဲ့သလဲးဆိုတာမေးပါရစေ၊ တကယ်တော့နာမည်ကြီးထမင်းငတ်ဆိုတဲသဘေားပါဘဲ မွတ်စလင်တွေဟာ သူများအသတ် သတ်ပါတယ်လို့နာမည်ကြီးနေဗေမယ့် တကယ်တမ်းကြတော့ သူတို့စားဖို့သတ်ပေးနေသလိုဖြစ်နေပါတယ်။ လူတိုင်ဟာ သူများကိုပြေားရမယ်၊ သူများကိုဝေဖန်ရမယ်ဆိုတာ သိကြဗေမယ့် ကိုယ်ဘာလဲဆိုတာမသိတာတော်တော်ခတ်ပါတယ်။

Saturday, 23 February 2013

သတင်းအမှားတွေဖြန့်ဝေနေသော သစ်ထူးလွင်



သတင်းလိမ်၊သတင်းမှားတွေကိုအမြဲတမ်းပေးနေတဲ့တက်ထူးလွင်တင်တဲ့ပိုစ်တစ်ခုကိုတွေ့လိုက်ရပါတယ် ကျွန်တော်သေချာစုံစမ်ကြည့်လိုက်တော့ဒီဓါတ်ပုံဟာကျွန်တော်မိတ်ဆွေထဲးကသိတဲ့သူတွေတောင်ပါနေ တယ်ဆိုပါတယ်။ကျွန်တော်လည်းသတင်းလိမ်ပေးနေတဲ့တက်ထူးလွင်ရဲ့အမှား၊ကလိမ်ကကျစ် ညာဏ်ကို ပြည်သူလူထုကိုအသိပေးဖို့ တာဝန်ရှိလာပါတော့တယ်။ တက်ထူးလွင်ရဲ့ဝဘ်ဆိုက်ကိုလေ့လာနေတာကြာပါပြီမဟုတ်မမှန်သတင်းတွေရေးထားတာတွေက တအားများနေတယ် ဒါဗေမယ့် ကျွန်တော်မသိတဲ့ကိစ္စဆိုတော့ မသိသလိုဘဲနေလိုက်တာပါ။ အခုတော့ အများပြည်သူကို သူကို လေ့လာဖို့ သူ့ဝဘ်ဆိုက်လင့်ပါတင်ပေးလိုက်ပါတယ်။ တက်ထူးလွင်အနေနဲ့လည်း ဘယ်အရာမဆို လိမ်စဉ်တွေလုပ်တော့မယ်ဆိုရင် ပီပြင်မှလုပ်ပါ မပြီပြင်ပဲလုပ်တဲ့အခါ ကျွန်တော်အနေနဲ့ လက်ပိုက်ကြည်နေမှာမဟုတ်ဘူး၊အထူးသဖြင့်ဘာသာရေးနဲ့ပတ်သက်တဲ့သတင်းအမှားပေးတာတွေကိုရှောင် ပါ။ဒီပုံကိုလေ့လာပါတခြမ်းပဲ့ဗလီကနေဒလဘက်ကဗလီတစ်လုံးကိုသွားဖို့သင်္ဘေားစီးရန်ထွက်လာပြီ
 နောက်ကျံ ခဲ့တဲ့သူတိုအဖွဲ့သားတွေကို စောင့်နေတယ်ဆိုတာထင်ရှားနေပါတယ်။ ဒီပုဂ္ဂိုလ်တွေဟာ မြန်မာနိုင်ငံသားစစ်စစ်
ပါ။ ရေတောင်မရေားပါဘူး။အမှန်တကယ် ဒီပုဂ္ဂိုလ်တွေဟာ ဘင်္ဂါလီပါလို့တက်ထူးလွင်သိရင် ရဲစခန်းကိုအကြောင်းကြားပြီး ဖမ်းထားလိုက်မှာပါ ပြီးမှသူရဲ့ဝဘ်ဆိုက်ထဲးထည့်ပြီး ခိုးဝင်လာသောဘင်္ဂါလီများဟုကြေငြာမှာမလွဲမသွေပါပဲ။ လူကြီးမင်းတို့ယုံလိုက်ပါ ဒါဟာတက်ထူးလွင်ရဲ့အမှန်တကယ်လိမ်စဉ်ဆိုတာ ကျွန်တော်သက်သေခံပါတယ် မဟုတ်ဘူးဆိုရင်တက်ထူးလွင်ရှင်းခြင်းတဲ့နေရာမှာရှင်းနိုင်ပါတယ်။ လက်ရှိအခြေနေမှာ ဘင်္ဂါလီမပြေားနဲ့ မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့တဲ့ အခုလက်ရှိနေထိုင်နေတဲ့ ရိုဟင်ဂျာတွေကိုတောင် စစ်ထွေအထိတောင်မှ လာဖို့မပေးပဲ အပြင်းအထန်တားဆီးပိတ်ပင်နေကြပါတယ်။

စာအုပ်မှာ ပြည်ထောင်စု မြန်မာနိုင်ငံဆိုင်ရာ အစ္စရေးသံအမတ်ကြီး တာဝန်ထမ်းဆောင်ခဲ့သူ သမိုင်းသုတေသီ မိုရှေးယေဂရ်က ၄င်း၏ မဟာဝိဇ္ဖာဘွဲ့ ဟီဗရူးတက္ကသိုလ် သို့ တင်သွင်းခဲ့သည် “The Muslim of Burma” ကျမ်းကို စာရေးဆရာ ဝါးခယ်မ မောင်မင်းနိုင်မှ ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။ muslim from myanmar land

Muslim From Myanmar Land by Mmedia_Doc

ဗမာမွတ်စလင်မ်လူငယ်များမှ ပြင်သစ်ယဉ်ကျေးမှုဓါတ်ပုံပြိုင်ပွဲတက်ရောက်ယှဉ်ပြိုင်။








Thursday, 21 February 2013

Bo Aung San 19 7 2009 Burma


where is ko mya aye


ဒီပဲယင်းလုပ်ကြံမှု့ (PRMG)2010



8888 's memories


8-8-8-8 uprising in Burma part 1


5 September 2010 - Nay Zaw Naing


DVB - 19.12.2010 - Nay Zaw Naing


Nay Zaw Naing ဆွဲဖွင့်မိသေားတံခါးများ။


ကိုဌေးလွင်ဦးရဲ့ စင်ကာပူနိုင်ရောက်ပြေားကြားမှု့။


Wednesday, 20 February 2013

သာကေတ က မူဆလင် ကျောင်းတခုကို ဖျက်လိုက်တာဟာ အများသဘောအရ ဆိုပြီးလုပ်တာ တွေ့ရပါတယ်။ အများသဘောတူ ဆန္ဒအရ မင်းမဲ့စရိုက်နဲ့ ဖြေရှင်းလို့ ဥပဒေအရ တရားဝင်တယ် ဆိုရင်တော့ ဗုဒ္ဓဘာသာဝင် မရှိပဲ စေတီ ဆောက်ထားတဲ့ ချင်းတောင်တန်း နဲ့ ကချင်တောင်တန်း တွေက စေတီတွေ တခုမှ ရှိတော့မှာ မဟုတ်ဘူး။

ဒူဝါကချင်ရဲ့ ဆောင်းပါးကို ပြန်လည် ကူးယူ ဖော်ပြပါတယ်။


အများသဘောတူ ဆိုတိုင်း ဒီမိုကရေစီ မဟုတ်ပါ။
******************************
သာကေတ က မူဆလင် ကျောင်းတခုကို ဖျက်လိုက်တာဟာ အများသဘောအရ ဆိုပြီးလုပ်တာ တွေ့ရပါတယ်။ အများသဘောတူ ဆန္ဒအရ မင်းမဲ့စရိုက်နဲ့ ဖြေရှင်းလို့ ဥပဒေအရ တရားဝင်တယ် ဆိုရင်တော့ ဗုဒ္ဓဘာသာဝင် မရှိပဲ စေတီ ဆောက်ထားတဲ့ ချင်းတောင်တန်း နဲ့ ကချင်တောင်တန်း တွေက စေတီတွေ တခုမှ ရှိတော့မှာ မဟုတ်ဘူး။ (ကချင် နဲ့ ချင်းတွေကတော့ ဒီလောက် မသိတတ်တာ မရှိပါဘူး၊ သဘောကို ပြောတာပါ။)

ဒီတော့ အများသဘောတူပြီး ကြိုက်သလို လူသတ်လို့ မရသလို၊ ကြိုက်သလို သူများပစ္စည်း၊ ဘာသာတရား၊ ထုံးတမ်းစဉ်လာ ဖျက်ဆီးလို့လဲ မရပါ။ နိုင်ငံသား တစ်ယောက်ချင်းစီကို ကာကွယ်ထားတဲ့ ဥပဒေ ဆိုတာလဲ ရှိပါသေးတယ်။ အုပ်စုဖွဲ့ပြီး အများသဘောတူနဲ့ လူနည်းစုကို အနိုင်ကျင့်လို့ မရပါဘူး။ ဒါကို အစိုးရ က ကာကွယ်ပေးရမဲ့ တာဝန်ရှိနေတယ်။

ဒူဝါ အနေနဲ့ ရေး ရကောင်းမလား.. မကောင်းဘူးလား ဆိုပြီး ချီတုံချတုံ စဉ်းစားလိုက်သေးတယ်။ ဒါပေမယ့် အမှန်တရား ဆိုတာ အမုန်းခံပြီးမှ ရေးရတယ် ဆိုတဲ့ ခံယူချက်နဲ့ ရေးလိုက်ပါတယ်။

ဒီမိုကရေစီ ရဲ့ အနက်အဓိပ္ပါယ်ဟာ အများသဘောတူထားတဲ့ ဥပဒေ ဘောင်တခုအတွင်း နိုင်ငံသား အားလုံး တပြေးညီ အကျိုးခံစားခွင့်ရှိတဲ့ စနစ် ဖြစ်ပါတယ်။

အဲဒီ ဥပဒေ ဆိုတာလဲ ဒီမိုကရေစီ နိုင်ငံ အများပိုင်းမှာ တွေ့ရတတ်တဲ့ လူ့အခွင့်အရေး စံချိန်စံညွန်းနဲ့ အညီ ရေးဆွဲထားတဲ့ ဥပဒေ တွေနဲ့ ဖီလာ ဆန့်ကျင်လို့ မရပါဘူး။ မြန်မာနိုင်ငံလို ကမ္ဘာ့ကုလ သမဂ္ဂက လူ့အခွင့်အရေးတို့၊ ဘာအခွင့်အရေး၊ ညာအခွင့်အရေးတွေမှာ လူကြားကောင်းအောင် သဘောတူ စာချုပ်အထပ်ထပ် လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတခု အနေနဲ့ ဒီမိုကရေစီ ကျင့်စဉ်တွေကို လေးစားလိုက်နာဖို့ တာဝန်ကလဲ ရှိလာပြန်ပါတယ်။
ဒါတွေကို မလိုဘူး ထင်ရင်တော့လဲ ဒီမိုကရေစီ နိုင်ငံကို မကြိုက်လို့လဲ ရပါတယ်။ နှစ်ပေါင်း ၅၀ ကျော်လဲ ဒီမိုကရေစီ ကို နည်းလမ်းပေါင်းစုံ နဲ့ ရှောင်ဖယ်နေခဲ့တာပဲလေ။ ဒီတိုင်း ဆက်နေမလား.. စဉ်းစားပေါ့။

ဒီမိုကရေစီကို သွားကြမယ်ဟေ့.. လို့ ပြောရင်တော့ မြန်မာ့နည်း မြန်မာ့ဟန် တော့ လုပ်လို့ မရပါ။ ဥပမာ- ဗုဒ္ဓဘာသာဝင် စစ်စစ်ဖြစ်ချင်ရင် ဗုဒ္ဓတရားမကျင့်ချင်လဲ ကျင့်ရမယ်။ အဲဒီ တရားတွေကို အယုံအကြည်မရှိဘူး ဆိုရင် ဗုဒ္ဓဘာသာဝင် မလုပ်ဘဲလဲနေလို့ရမယ်၊ ဒီသဘောပါ။

ဒီမိုကရေစီနိုင်ငံ အများတကာ နဲ့ ကျင့်စဉ်မတူပြန်ရင် နိုင်ငံတကာက ပြောလာမယ်၊ ပြည်တွင်းရေး မစွတ်ဖက်ရလို့ ပြောလို့လဲ မရပါဘူး။ ဥပမာ.. သူများရဲ့ အိမ်တွင်းရေးကို မစွတ်ဖက်ကောင်းဖူး ဆိုတာလဲ လူတိုင်းသိပါတယ်။ ကိုယ့်အိမ်ကိုယ် ထမင်းကျွေးတဲ့နေရာ၊ သားသမီးတွေကို ကျောင်းထားတဲ့နေရာ ကိုယ်တတ်နိုင်သလို လုပ်တာကို ဘယ်သူမှ ပြောပိုင်ခွင့်မရှိပေမယ့်၊ ကိုယ့် အိမ်တွင်းရေး ကို မကျူးကျော်ရဆိုပြီး အိမ်သား (ဇနီး၊ သားသမီး၊ အိမ်သား) တစ်ယောက်ယောက်ကို အသေသတ်ဖို့ ကျိုးစားနေတဲ့ လူတစ်ယောက်ကို ပတ်ဝန်းကျင်က ဒီတိုင်းကြည့်နေဖို့ မသင့်တော့မှန်း၊ ၀င်ရောက်စွတ်ဖက်ရတော့မယ် ဆိုတာ လူသားဆန်တဲ့ သတ္တကမ္ဘာက အလိုလိုသိပါတယ်။

ဒီနေ့ကမ္ဘာမှာ ဒီမိုကရေစီ နိုင်ငံတွေရဲ့ စီပွါးတိုးတက်ခြင်းဆိုတဲ့ ရလဒ်တွေကို ထင်သာမြင်သာရှိလာတော့ နိုင်ငံတိုင်းက စိတ်ဝင်စားလာတယ်။ အရင်က ဆိုရှယ်လစ်တို့၊ ကွန်မြူနစ်တို့ကို ဘုရားတစ်ဆူလိုကိုးကွယ် လာတဲ့ ပညာရှင်တွေတောင် ပုံစံတမျိုးနဲ့ ကွန်မြူနစ်နိုင်ငံတွေကို ဒီမိုကရက်တစ် ဆိုပြီးနာမည်တပ်ခိုင်း လာတယ်။

ဒီတော့… မြန်မာနိုင်ငံသူ၊ နိုင်ငံသား များလဲ သူများလို ကြီးပွါးတိုးတက်ချင်လှပါရဲ့ ဆိုတော့ကာ… အစိုးရ ရဲ့ ဥပဒေ ဆိုတာကိုတော့ လိုက်နာရပါတော့မယ်။ အဲဒီ ဥပဒေ ကို မကြိုက်ရင် ပြင်ရမယ်၊ ဥပဒေ ကို ပြင်လို့လဲ မရ၊ ကြိုက်လဲ မကြိုက်ဘူး ဆိုရင်တော့ တိုင်းရင်းသားတွေလို လက်နက်ကိုင်ပြီး တော်လှန်ရုံပေါ့။ (တိုင်းရင်းသားတွေကတော့ လက်ရှိ ဥပဒေ ကို မကြိုက်လို့ တော်လှန်နေတာ ဖြစ်ပါတယ်။)

ဥပဒေ ကိုလဲ ပြင်ဖို့ စိတ်မကူးပဲနဲ့ လက်ရှိဥပဒေ ကို ဆန့်ကျင်ပြီး မင်းမဲ့စရိုက် နဲ့ ဖြေရှင်းခြင်းသည်… အမှားကြီး မှားပါတယ်.. လို့ပဲ ဆိုပါရစေ။

ရခိုင် နဲ့ ဘင်္ဂါလီ ကိစ္စဟာ ခိုးဝင်လာသူ လူမျိုးခြား ပြဿနာလို့ပဲ ရူ့မြင်ပါတယ်။ ဒါပေမယ့် နိုင်ငံသား မူဆလင် ဆိုတာ အခြေခံ ဥပဒေ အရ တရားဝင် ဘာသာတရား တခုပါ။ မူဆလင်ဆိုတာ လူမျိုးမဟုတ်၊ မြန်မာ လူမျိုးစစ်စစ် မူဆလင်တွေ အများကြီး ရှိပါတယ်။ မလေးလူမျိုး၊ အင်ဒိုနီးရှားမူဆလင်တွေက ကုလားမဟုတ်ပါဘူး။ တချို့က မူဆလင်ဘာသာကို တိုက်ခိုက်နေခြင်းကို နိုင်ငံနဲ့ လူမျိုးဘာသာ ကာကွယ်သလို ပြောနေတာ တွေ့ရပါတယ်။ တကယ်တော့ အခြေခံ ဥပဒေ ဘောင်ကို ကျော်ပြီး မင်းမဲ့စရိုက်လုပ်နေသူဟာ သမ္မတအဆင့်ပါရင်တောင် နိုင်ငံတော် ပုန်ကန်မှု ပါ။ ဥပဒေ စိုးမိုးရေး ရှိတဲ့ နိုင်ငံတွေမှာလို အခြေခံဥပဒေအရ နိုင်ငံသား တစ်ယောက်ရဲ့ မူလရပိုင်ခွင့် စည်းမျဉ်းဥပဒေအတိုင်းသာ သာကေတ မူဆလင်အဖွဲ့အစည်းက တရားစွဲရင် အဲဒီ ဖျက်ဆီးမှုမှာ ပါဝင်သူ အားလုံး ထောင်ကျနိုင်ပါတယ်။

ဒီတော့… ဘယ်လိုလုပ်မလဲ…
ကိုယ့်ရဲ့ လူမှု အသိုင်းအ၀ိုင်းထဲကို လူမျိုးခြား၊ ဘာသာခြား မ၀င်နိုင်အောင် ဘယ်လိုကာကွယ်မလဲ… အခြေခံ ဥပဒေ အရ လုပ်လို့ ရပါတယ်။

ဥပမာ…
အိန္ဒိယ နိုင်ငံမှာလို ဌာနေ (ဒေသခံ) များရဲ့ ဆန္ဒမပါပဲ ဘယ် ဒေသက တစိမ်းတစ်ယောက်မှ အဲဒီ ဒေသကို အတည်တကျပြောင်းရွှေ့ခွင့်၊ မြေ၀ယ်ခွင့်မရ… ဆိုတဲ့ ဥပဒေ မျိုးပါ။ ဒေသခံတွေ ကြည့်ဖြူတယ် ဆိုရင်တော့ ဘယ်လူမျိုး၊ ဘယ်ဘာသာမဆို ၀င်နေပေါ့။ ဒါက ဥပဒေ အရ စည်းမျဉ်းဘောင်အတွင်းက ကာကွယ်ရေး လုပ်တာ။ အိန္ဒိယ နိုင်ငံမှာလဲ ဘာသာရေး အတော်ရှုပ်ခဲ့တဲ့ ဒီမိုကရေစီ နိုင်ငံကြီး ဖြစ်ပါတယ်။ နောက်ပိုင်းမှ ဒီလိုနည်းနဲ့ ပြေလည်သွားပါတယ်။

လက်ရှိ အခြေခံဥပဒေ အရ ဆိုရင် မကြာခင်ကာလအတွင်း နာမည်မခေါ်သေးတဲ့ တရုတ်ပြည် မဟုတ်ရင်၊ အိန္ဒိယပြည် ဖြစ်သွားပါလိမ့်မယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ပျက်ဆံချမ်းသာတဲ့ လူတွေ နေရာတကာ မြေ၀ယ်လို့ ရနေတာကိုး… ဒေသခံတွေရဲ့ ဆန္ဒရှိရှိ မရှိရှိ။ နေရာတကာ မြေဈေးရလာတာနဲ့ ဒေသခံတွေက ရောင်းမယ်။ ၀ယ်နိုင်တဲ့လူတွေက ဗမာလဲ မဟုတ်၊ ကချင်လဲ မဟုတ်၊ ဘယ်တိုင်းရင်းသားမှ မဟုတ်ဘူး၊ တရုတ် နဲ့ ကုလား အသိုင်းအ၀ိုင်းတွေပဲ ဖြစ်ပါတယ်။

အခုထိတော့ ၂၀၀၈ အခြေခံ ဥပဒေ ဆိုတာ ရှိတယ်။ အဲဒီ ဥပဒေ ကို မတော်လှန်ရဲတဲ့လူတိုင်းကတော့ လိုက်နာရမယ်။ အဲဒီ ဥပဒေ မကြိုက်ရင် အရင်ပြင်ရမယ်။ ဥပဒေ ဘောင်အတိုင်း မနေတတ်သေးသ၍ ဒီမိုကရေစီ နိုင်ငံ စစ်စစ်ကို သွားနိုင်မှာ မဟုတ်ပါ။ “ဥပဒေမှာ မည်သို့ပင် ဆိုစေကာမူ…” ဆိုတဲ့ မဆလ အတွေးအခေါ်နဲ့တော့ ဒီနိုင်ငံ ဒီဘ၀ ဒီမျှသာ ပဲ ရှိအုံးမှာပါ။

Sunday, 17 February 2013

ရမ္မာဝတီမြို့ဝန်၊ ရွှေတောင် သာဂသူ ဘွဲ့ရ ဂန္ထ၀င်မြောက် စာဆိုတော် ဆရာကြီး ဦးနု

ရမ္မာဝတီမြို့ဝန်၊ ရွှေတောင် သာဂသူ ဘွဲ့ရ ဂန္ထ၀င်မြောက် စာဆိုတော် ဆရာကြီး ဦးနု by Lwin Ko Ko Oo

မလေးရှားနိုင်ငံရောက်ကိုဌေးလွင်ဦးရဲ့ ဆွေးနွေးချက်များ

ဒီနေ့ (၁၇. ၂. ၂၀၁၂) တနင်္ဂနွေနေ့မှာ အန်ကယ် ဋ္ဌေးလွင်ဦးက မလေးရှားရဲ့ MMAM ရဲ့ ရုံးခန်းမှာ သမိုင်းဆိုင်ရာ အချက်အလက်
တစ်ချို့ကို အထောက်အထားများ၊ စာအုပ် စာပေများထဲမှ သက်သေခံနေသော အမှန်တရားများကို အခြေခံကာ အချက်ကျကျ ရှင်းလင်း
တင်ပြသွားပါတယ်။
သူပြောပြတဲ့ အထဲမှာ လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့  ပြဿနာတွေနဲ့ ဆက်နွယ်တဲ့ လူမျိုးရေး ကိစ္စတွေ၊
ရိုဟင်ဂျာဆိုတဲ့ စကားလုံးက ဘယ်ကလာကြောင်း၊ ရိုဟင်ဂျာများသည် ရခိုင်ဒေသမှာ ရှေးယခင်ကပင် နေထိုင်ကြသူများဖြစ်ကြောင်း၊
ရိုဟင်ဂျာနဲ့ ဘင်္ဂါလီ မတူညီဘဲ ကွာခြားကြောင်း၊ ပါဠိစာပေအကြောင်း အနည်းငယ်၊ ကိုယ့်အမျိုးကိုယ် ချစ်စိတ်ထက်
တကယ်တမ်းကျတော့ နိုင်ငံချစ်စိတ်က ဘယ်လိုအရေးပါကြောင်း စသဖြင့် အကြောင်းအရာ ကွင်းဆက်မိမိ ဆွေးနွေးသွားတာကို
အားရကျေနပ်စွာ နားထောင်ခဲ့ရပါတယ်။
အချိန်က နေ့လည် ၂နာရီခွဲမှာ စတင်ရတာ ဖြစ်လို့ ပရိသတ် မပျင်းရအောင် စိတ်ဝင်တစား ပြောပြနေရင်းက အလျဉ်းသင့်သလို
တစ်ချို့နေရာလေးတွေမှာ အရွှန်းဖောက်ပြီး သမိုင်းကို မပျင်းအောင် ပြောပြသွားတာ တကယ့်ကို လေးစားစရာပါ။ နားထောင်ရင်းမှ
ပရိသတ်များကလည်း လက်ခုပ်သံနဲ့ မကြာ မကြာ ဂုဏ်ပြုကာ တစ်နာရီကျော် အချိန်ကို ဖြတ်သန်းခဲ့ကြပါတယ်။
အန်ကယ့်အနေနဲ့ သူတင်ပြဆွေးနွေးမယ့် အပိုင်းကို အချိန်အများကြီး မယူဘဲ အမေးအဖြေကဏ္ဍကို အချိန်ပိုပေးပြီး
ဆွေးနွေးချင်တာကြောင့် အမေးအဖြေ အစီအစဉ် ထပ်မံ ရောက်ရှိလို့ လာပါတယ်။
၁။ ရိုဟင်ဂျာရဲ့ အဓိပ္ပါယ် ဆိုတာ ဘာလဲ?
၂။ ဒေါက်တာအေးချမ်းနဲ့ စိန်ခေါ်ထားတာ ဘယ်အဆင့်  ရောက်နေပါသလဲ?

၃။ အခုလက်ရှိ ရခိုင်ပြည်နယ်ဝန်ကြီး (ဒေါက်တာအေးမောင်) ပြုတ်ဖို့ ကျတော်တို့ဘက်ကနေ signature တွေလိုက်ကောက်ပြီး
   ကမ်ပိန်း လုပ်သင့်မလုပ်သင့်

၎။ မြန်မာမွတ်စလင်မ်နဲ့ ရိုဟင်ဂျာ ဘာကွာသလဲ?
၅။ ရခိုင်လူမျိုးနဲ့ ဗမာလူမျိုး ဘာကြောင့် စာပေရော ယဉ်ကျေးမှုပါ တော်တော်ခပ်ဆင်ဆင်တူနေတာလဲ?
၆။ မြန်မာ မွတ်စလင်မ်တွေ အနေနဲ့ ဘာသာခြားတွေကြားမှာ ဘယ်လိုပုံစံနဲ့ အကောင်းဆုံး ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲ နေထိုင်သင့်လဲ?