Monday, 24 December 2012

ကိုအောင်တင်နှင့် ကိုထွန်းအောင်ကျော်တို့ဆွေးနွေးချက်


https://www.facebook.com/UDPMyanmar/posts/4853160008345 ကုလား ဆိုသည့်အသုံးအနှုန်း ကို Udp Myanmar အကောင့် အမည်ဖြင့် ဆိုရှယ်မီဒီယာမှာ တင်ခဲ့သည့် ပိုစ်ကို အီးမေးလ်ဂရုတခုတွင် ပြည်ပရောက် နိုင်ငံရေးသမား (၂) ဦးဖြစ်တဲ့ ABSDF ခေါင်းဆောင်ဟောင်းဖြစ်တဲ့ ကိုထွန်းအောင်ကျော်နှင့်  ဦးအောင်တင်တို့ အပြန်အလှန်ဆွေးနွေးချက်ကို M-Media စာဖတ်ပရိတ်သတ်သိရှိစေရန် တင်ဆက်ပေးလိုက်ပါတယ်။
ကိုထွန်းအောင်ကျော်
ဆက်ဖြည့်ပေးရရင် ဗမာတွေက Chinese တွေကိုတရုတ်လို့ခေါ်ပြီး၊တရုတ်တွေကလဲဗမာတွေကိုမြင်တင့်လို့ခေါ်ကြတယ်ဗမာလို့မခေါ်ကြဘူး၊
ဗမာလူမျိုးလို့တရုတ်တွေကိုပြောရင်နားမလည်ဘူး ဗမာတွေကိုခေတ်အဆက်ဆက်က” မြင်တင်”ဒီလိုဘဲခေါ်နေကြတာဘဲဒါကိုငါတို့ဗမာတွေကိုနှိမ်ပြီးခေါ်တာ
လို့စွပ်စွဲလို့မရဘူး၊ သု့နိုင်ငံကပြည်သူတွေကသုတို့ဘိုးဘွားဘီဘင်ထဲကခေါ်လာကြတဲ့အသုံးအနှုန်းတွေဘဲ၊ဒီလိုဘဲကုလားလို
့ခေါ်တာလဲဒီသဘောဘဲသက်ရောက်တယ်။ ဒါကြောင့်ဒီလိုအသုံးအနှုန်းတွေကိုကိုယ်လိုရာစွဲသုံးပြီးနှိမ်တယ်လို့ဆိုင်းဘုတ်တပ်တာဟာမမှန်ဘူး၊ ကျွန်တော့ငယ်သူငယ်ချင်းသူကမူဆလင်ကုလားဘဲ သိပ်ချစ်ကြတယ်၊ ကျွန်တော်တို့ကသူ့ကိုကုလားမလို့ချစ်စနိုးခေါ်ကြတယ်သူကလဲစိတ်မဆိုးဘူး။ ဒါဟာနှိမ်တာမဟုတ်ဘူးဆိုတာသူကသိလို့ဘဲ၊ ဗမာမဟုတ်တဲ့သူတွေကိုဗမာတွေကတရုတ်၊ ကုလားလို့နှိမ်ခေါ်တဲ့သူတွေရှိမှာဘဲဒါကိုထောက်ပြီးအားလုံးခြုံပြီးတော့ဒီအသုံးအနှုန်းဟာနှိမ်ခေါ်တာပါဆို
ရင်တော့မဟုတ်ဘူးလို့ပြောရမှာဘဲ။
ထွန်းအောင်ကျော်
—————————-
ဥိးအောင်တင်
ကျေးဇူးဘဲ ကိုထွန်းအောင်ကျော်။ ခင်ဗျားလို ခေါင်းဆောင်တစ်ယောက်က ဒီလိုပြောတော့ အတော်လေး စိတ်ဝင်စားသွားတယ်ဗျာ။ တရုပ်ကိစ္စကတော့ ကျနော့ကိစ္စ မဟုတ်ပါဘူး။ ကဲပြောပါအုံးဗျာ။ ကျနော်တို့က မခေါ်စေချင်ဘူးဆိုရင်ကော။ ခင်ဗျားက ဆက်ခေါ်အုံးမလား သိချင်ပါတယ်။ ကုလားကို မြန်မာ့လူ့အဖွဲ့အစည်းမှာ နှိမ့်ချတဲ့ သဘောနဲ့ ကျယ်ကျယ်ပြန့်ပြန့် သုံးနေတယ်၊ အခေါ်ခံရတဲ့ သူတွေကလဲ မခေါ်စေချင်ဘူးဆိုတာကို ခင်ဗျားက မသိပါဘူးလို့ ဆိုမှာလားဗျာ။
အောင်တင်
—————————
ကိုထွန်းအောင်ကျော်
ကိုအောင်တင်ရေ ကျွန်တော်ဆိုလိုတာကကုလားဆိုတာ ဗမာပြည်မှာ ဟိုးရှေးကထဲကခေါ်နေကြအ သုံးအနှုံးဖြစ်တယ်၊ တရုပ်တွေကလဲဗမာတွေကို သု့နိုင်ငံ အသုံးအနှုံးနဲ့ခေါ်နေတာကို မခေါ်နဲ့ကွာလို့ပြောလဲ တရုပ်ကခေါ်နေမှာဘဲ အဲဒါကိုမကြိုက်ဘူးမခေါ်နဲ့ဆိုလဲခေါ်နေကြမှာဘဲ။ မြန်မာပြည်က ကုလားတွေကလဲ ငါတို့ကိုနှိမ်ခေါ်တာမို့လို့ မခေါ်နဲ့ဆိုလဲ အများစုခေါ်နေကြမို့လို့ခေါ်မြဲခေါ်နေကြမှာဘဲ။ ဥပမာဗျာ ကပ္ဗလီတွေကိုနီးဂရိုးလို့နှိမ်ခေါ်တာကို အမေရိကန်အစိုးရက လူမျိုး ရေးအရနှိမ်တာမို့လို့ မခေါ်ရဘူးတားမြစ်ထားတယ်၊ လူဖြူတွေခေါ်ရင် လူမဲတွေကပြသနာလုပ်တယ်၊ ဒါပေမဲ့သူတို့ အချင်းချင်းစကားများ ရင် You Nigger လို့ဒီအသုံးအနှုန်းကိုလူမဲ အချင်းချင်းပြန်သုံးကြတယ်။ ဒါကြောင့်နှိမ်တဲ့စိတ်နဲ့ခေါ်တာ မကောင်းဘူး လက်မခံဘူး၊ ကုလားလို့ခေါ်တာဟာ နှိမ်ခေါ်တာမျိုးမဖြစ်သင့်ဘူး။
လူမျိုးတမျိုးအနေနဲ့ခေါ်တာဘဲဖြစ်သင့်တယ်၊ ငါတို့ကို ကုလားလို့မခေါ်နဲ့လို့လဲပြောလို့မရနိုင် ဘူးလို့ထင်တယ်လေ၊ ခင်ဗျားကို ကုလားကိုအောင်တင်လို့ကျွန်တော် ဘယ်တော့မှမခေါ်ဘူးစိတ်ချ။ ကိုအောင်တင်ဘဲခေါ်ပါ့မယ်။ အိန္ဒိယ၊ပါကစ္စတန်၊ အီရန်၊အီရတ်၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေကိုပေါင်းပြီးကုလားလို့ခေါ်နေကြအုံးမှာဘဲ။ ဗျက်ဝိ၊ ဗျတ္တ ၊ သူတို့ရဲ့သား ရွှေဖျင်းကြီးရွှေဖျင်းလေးတို့ဟာအီရန်နိုင်ငံကသင်္ဘောပျက်ပြီးဗမာပြည်ရောက် သူရဲကောင်းတွေဖြစ်ပြီး အသတ်ခံရ နောက်ဆုံး နတ်တွေအဖြစ်ဗမာတွေက တောင်ပြုံးပွဲမှာ ကိုးကွယ်နေကြတာဘဲမဟုတ်လား၊ ကုလားဆိုပြီးဘယ်မှာနှိမ်ရဲလို့လဲ၊ ဗုဒ္ဓမြတ်စွာ ဘုရားလဲနီပေါ အိန္ဒိယနယ်စပ်မြို့လေးမှာမွေးခဲ့တဲ့ အိန္ဒိယလူမျိုးကုလား တယောက်ပါဘဲ၊ ဗမာတင်မက အရှေ့တောင်အာရှအပြင်ကမ္ဘာမှာဘာသာကြီး တရပ်အဖြစ်တည်ရှိနေတာဘဲမဟုတ်လား၊ ကျွန်တော်တို့လုပ်နိုင်တာကတော့ ဒီနိုင်ငံကလူတွေကို ကုလားလို့နှိမ်ခေါ်သင့်ဘူး၊ထို့အတူ Chinese တွေကိုလဲတရုတ်လို့နှိမ်ပြီး မခေါ်သင့်ဘူး၊ ဗမာနိုင်ငံမှာ လာရောက်နေထိုင်အခြေချနေထိုင်တဲ့တရုတ်၊ ကုလားလူမျိုးတွေ အနေနဲ့ဘဲခေါ်သင့်တယ် လူမျိုးရေးအရ နှိမ့်ချတဲ့အနေနဲ့မခေါ်သင့်ဘူး Discrimination attitude နဲ့ခေါ်သင့်ဘူးဆိုတာကိုပြည်သူကို ပညာပေးရင်လုံလောက်မယ်လို့ထင်တယ်။ conflict resolution အနေနဲ့ဆွေးနွေးကြည့်တာပါဗျာ။ နှိမ်တဲ့စိတ်စိုးစိမှမရှိပါဘူး၊
ဘယ်ဘက်မှ မလိုက်ဘဲပြသနာ အရင်းခံကိုကြည့်ပြီး စဉ်းစားအဖြေထုတ်ကြည့်တာပါ။ တခုရှိတာကတရုပ်တွေကသူတို့ကိုတရုတ်လို့ခေါ်တာကိုနှိမ်ပြီးခေါ်တယ် ချိုင်းနီး လို့ငါတို့ကိုဘာလို့မခေါ်တာလဲ တရုတ်လို့ခေါ်တာ ငါတို့ကိုနှိမ်ခေါ်တာလို့ ကန့်ကွက်တာမကြားရဘဲ ကုလားလို့ခေါ်တာကို ဘာကြောင့် ကန့်ကွက်နေကြတာလဲ။ နောက်တခုက ဒေါက်တာဝါကာအူဒင်ဆိုတဲ့ သုကဗီအိုအေမှာသူဟာ ဗမာပြည်မှာ ရှေးပဝီသဏီထဲကရှိနေတဲ့ ရိုဟင်ဂျာလူမျိုးလို့ ပြောပြီးရိုဟင်ဂျာတွေဟာ အီရန်ကသင်္ဘောပျက်ပြီးရောက်လာတဲ့ အာရပ်မျိုးနွယ်တွေက ပေါက်ဖွါး ဆင်းသက်လာတာလို့ပြောတယ်၊ ဒါကို ခင်ဗျားဘယ်လိုမြင်သလဲ common sense သဘောနဲ့ဖြေကြည့်ပါဗျာ၊ ဒီလူတွေဟာဘင်္ဂါလီ စကားပြောတယ် ဘင်္ဂါလီတွေနဲ့အသွင်သဏန်တူတယ်၊ အာရပ်စကားမပြောတတ်ဘူး။ အာရပ်တွေလို အရပ်အမောင်းလဲမကောင်းဘူး၊ တူလဲမတူဘူး၊ သူတို့ဒီအင်အေကိုစစ်ကြည့်ရင်စိနိုင်ပါတယ်။ ဒါပေမဲ့ကျွန်တော်ပြောနေတာတွေကတရား လက်လွတ်ပြောနေတာမဟုတ်ဘူး။ ကျွန်တော့မှာ ကိုယ်ချင်းစာတရားရှိပါတယ်။ လူတွေကိုလူလိုဘဲမြင်သင့်တယ်၊ လူ့အသက်တွေကို ရန်သူဖြစ်ပါစေ တန်ဖိုးထားသင့်တယ်။ ရခိုင်အရေးမှာ ခင်ဗျားရေးတာတွေ ဖတ်ရပါတယ်၊ ကျွန်တော်က လူမျိုးရေးဘာသာရေးအနေနဲ့ကြည့်တာထက် ဒီပြသနာအရင်းအမြစ်က ဘယ်ကလာတယ်ဘယ်အထိသွားမယ်ဆိုတာအ ထိကြည့်ပါတယ်၊ဒါကြောင့်အရင် ခင်ဗျားကိုပြောခဲ့တယ် မဟုတ်လား ရခိုင်ပြည်နယ်မှာနေတဲ့သူတွေ သူတို့ကိုရိုဟင်ဂျာဘဲ ခေါ်ခေါ် ဘာဘဲခေါ်ခေါ်ရတယ်လို့ ဒါပေမဲ့ တိုင်းရင်းသားတွေဖြစ်ပါတယ်ဆိုတဲ့ အချက်ကိုတော့ လက်ခံလို့မရနိုင်ဘူး၊ ခဲ့တယ်မဟုတ်လား၊ ရခိုင်ပြည်မှာရိုဟင်ဂျာမပေါ်ခင် မူဂျာဟစ်သူပုန်တွေပေါ်ခဲ့တယ်၊
မူဂျာဟစ်တွေက မူဆလင်ပြည်နယ် တောင်းခဲ့ကြတယ်၊ ကုန်ကုန်ပြောမယ်ဗျာကျွန်တော့အမှုတွဲ အာဇံခေါ် မောင်မောင်လွင်ဟာ အစ္စလမ်ဘာသာကို အသက်ပေးယုံကြည်တဲ့ သူတယောက်ဘုရား တနေ့ငါးကြိမ်ရှိခိုးလို့ နဖူးမှာအညိုကွက်တောင်ထင်ပြီး ဂျွတ်တက်နေတယ်၊ သူကရင်းနှိးတဲ့ ရဲဘော်ရဲဘက်တွေအနေနဲ့ ကျွန်တော်နဲ့ရဲမြင့်သိန်းကို ရ ခိုင်ပြည်မှာ မူဆလင်ပြည်နယ် တောင်းရမယ်လို့ပြောလို့ ကျွန်တော်တို့ နှစ်ယောက်လုံးက ပယ်ချခဲ့ဘူးတယ်။ အာဇံနောက်မှာဘင်္ဂလားအစိုးရရှိတယ်။ အခုယိုးဒယား ၊မလေးရှားနယ်စပ်မှာမူဆလင်သပုန်တွေက မူဆလင်ပြည်နယ် တောင်းနေတယ်၊ ယိုးဒယားက ခွဲထွက်ဖို့လုပ်နေကြတယ်။ဘင်္ဂလားဒေ့ရှ်က ပြသနာဟာ ဗမာပြည်တခုလုံးနဲ့ဘဲ သက်ဆိုင်နေတာမဟုတ်ဘူး အရှေ့တောင်အာရှနဲ့ အာရှအရှေ့ပိုင်းဒေသ တည်ငြိမ်ရေးအတွက်ပါသက်ဆိုင်နေတယ်။ ဒါကြောင့်ဘယ်အရာမဆို အစွန်းမရောက်ဖို့နဲ့ ဘက်မလိုက်ဘဲကြည့်နိုင်ဖို့လိုတယ်၊ အဓိကကတော့တိုင်းပြည်နဲ့လူမျိုး မပျောက်ကွယ်ဖို့ကိုကြည့်ကြရမယ်။ လူမျိုးရေးမုန်းတီးမှုတွေနဲ့ ရေးနေတာတွေကို လက်မခံပါအားလဲမပေးပါဆိုတာ သိစေချင်တယ်။ အချိန်ရရင် ဒေသဆိုင်ရာ လုံခြုံရေးအတွက် စာတမ်းတစောင်ရေးပါအုံးမယ်။ စောင့်ဖတ်ပြီးဝေဖန် ပေးရန်ဖိတ်ခေါ်ပါတယ်။

 လေးစားလျက် ထွန်းအောင်ကျော်
——————————————
ဦးအောင်တင် ပြန်စာ
ကိုထွန်းအောင်ကျော်

အခုလို ဆွေးနွေးခွင့်ရတာ ဝမ်းသာပါတယ်။ ခင်ဗျားစာရဲ့အောက်က ကျနော့ပြန်ကြားချက်တွေကို အဝါရောင် ချယ်ပေးထားပါတယ်။

မြန်မာပြည်က ကုလားတွေကလဲ ငါတို့ကိုနှိမ်ခေါ်တာမို့လို့ မခေါ်နဲ့ဆိုလဲ အများစုခေါ်နေကြမို့လို့ ခေါ်မြဲခေါ်နေကြမှာဘဲ။
( နှိမ်ခေါ်နေလဲ ခေါ်ကြမှာဘဲဆိုတော့ မထူးပါဘူး။ မင်းတို့ ခံသာ ခံလိုက်ပါဆိုတာလား။)

ဒါကြောင့်နှိမ်တဲ့စိတ်နဲ့ခေါ်တာမ ကောင်းဘူးလက်မခံဘူး
(စိတ်မရှိနဲ့နော်။ ဒါက တော်တော်လက် ပေါက်ကပ်တဲ့ စကားဘဲ။ နှိမ်ရင်တော့ မကြိုက်လို့ရတယ်။ မနှိမ်ရင်တော့ အခေါ်ခံရမယ်။ တစ်မျိုးကြီးဘဲ။ နှိမ်တဲ့စိတ် မနှိမ်တဲ့စိတ် မနောကံကို ဘယ်သူက သိနိုင်မှာလဲဗျာ။)
အိန္ဒိယ၊ပါကစ္စတန်၊ အီရန်၊အီရတ်၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေကိုပေါင်းပြီးကုလားလို့ခေါ်နေကြအုံးမှာဘဲ။
(အီရန် အီရတ်၊ ပါကစ္စတန်က လူတွေနှင့် ခင်ဗျားမိတ်ဆွေ မြန်မာမွတ်စလင်တွေကို ဘယ်လိုလုပ်ပြီး ကုလားဆိုတဲ့ တစ်အုပ်စုထဲ ထားရပါသလဲဆိုတဲ့ ခင်ဗျားရဲ့ လောဂျစ်ကလေးကို ရှင်းပါအုံး။ မွတ်စလင်တွေအားလုံးက ကုလားဘဲလို့ ခင်ဗျားယူဆထားတယ်ဆိုရင် မှန်ပါ့မလား။)

ကုလားလို့ခေါ်တာဟာနှိမ်ခေါ်တာမျိုးမဖြစ်သင့်ဘူး။လူမျိုးတမျိုးအနေနဲ့ခေါ်တာဘဲဖြစ်သင့်တယ်။
(ကျောက်စာ ပေစာမှာ ကုလားရှိတယ်။ ယခင်ကနှင့် မတူ နှိမ်ချခေါ်ဝေါ်နေတာဖြစ်လို့ ကျနော်တို့က ကန့်ကွက်နေရခြင်းဖြစ်ပါတယ်။ ဒီကုလားဆိုတဲ့ အသုံးအနှုံးကို မကြိုက်လို့ အင်္ဂလိပ်ခေတ်ကတည်းက ကန့်ကွက်ခဲ့ပါတယ်။ ယဉ်ကျေးစာနာတတ်တဲ့ မြန်မာပြည်ရှိ လူမျိုးပေါင်းစုံ လူကြီးလူကောင်းများက ကုလားဆိုပြီး မခေါ်သင့်ကြောင်း နားလည်လက်ခံကြတယ်။ ဒေါ်အောင်ဆန်းစုကြည်တောင် မကြာခင်က အမေရိက ခရီးစဉ်မှာ သူများမကြိုက်တဲ့ အမည်ကို ခေါ်တဲ့သူတွေဟာ သိက္ခာမဲ့တဲ့သူတွေလို့ ပွင့်ပွင့်လင်းလင်း ပြောခဲ့ပါတယ်။
 မြန်မာမွတ်စလင်ဆိုတဲ့အမည်က ကိုလိုနီခေတ်မှာ တရားဝင် သန်းခေါင်စာရင်းပေါက် သုံးခဲ့တယ်။ ၁၉၄၆ ဖေဖေါ်ဝါရီ ရွှေတိဂုံအလယ်ပစ္စယံမှာ ကျင်းပတဲ့ ပထမ ဖဆပလ ညီလာခံမှာ မြန်မာမွတ်စလင်တွေကို တိုင်းရင်းသားအဖြစ် ထပ်မံ အသိအမှတ်ပြုခဲ့တယ်။ မြန်မာတိုင်းရင်းသားဖြစ်တဲ့ မွန်တွေကို တလိုင်းလို့၊ ပအိုးဝ်ကို တောင်သူလို့ ကာယကံရှင်တွေက မကြိုက်လို့ နှိမ်ပြီး မခေါ်သင့်ဘူးဆိုတာကို ခင်ဗျားသဘောတူပါသလား ကိုထွန်းအောင်ကျော်။ တူမှာပါ။ ဒါဆို ကျနော်တို့ကျမှ မြန်မာမွတ်စလင်တွေလို့ မခေါ်ဘဲ ကုလားလို့ခေါ်တာ ရတယ်လို့ ဘယ်လိုသဘောနှင့် ပြောပါသလဲ။ တစ်ကယ်တော့ ခင်ဗျားကိုယ်တိုင်က မြန်မာမွတ်စလင်ဆိုတာ တိုင်းရင်းသား ၁၄၄မျိုးမှာပါတဲ့ တိုင်းရင်းသားတစ်မျိုးဖြစ်တယ်ဆိုတာ သိဟန်မတူပါဘူး။ ကုလားလူမျိုးလို့ဘဲ သိထားဟန်တူတယ်။)

ငါတို့ကိုကုလားလို့မခေါ်နဲ့လို့လဲပြောလို့မရနိုင်ဘူးလို့ထင်တယ်လေ။
(လို့ပြောလိုက်ခြင်းအားဖြင့် တလိုင်း၊ တောင်သူနှင့် ကုလားအခေါ်အဝေါ်မှာ ခင်ဗျားက double standard ထားသူ မဟုတ်ကြောင်းကို ဘယ်လိုရှင်းပြနိုင်မလဲဆိုတာ သိချင်ပါတယ်။)

ခင်ဗျားကိုကုလားကိုအောင်တင်လို့ကျွန်တော်ဘယ်တော့မှမခေါ်ဘူးစိတ်ချ။ကိုအောင်တင်ဘဲခေါ်ပါ့မယ်။
(ကဲ ဒါဆို ဖြေပါဗျာ။ ဘာဖြစ်လို့ ကျနော့ကို ကုလားလို့ ခင်ဗျားက မခေါ်ပါဘူးလို့ ဂတိပေးရတာလဲ။ ဗမာကို ဗမာလို့ ခေါ်နိုင်တယ်။ ရှမ်းကို ရှမ်းလို့ ခေါ်နိုင်တယ်။ ကျနော့ကျမှ ကုလားဖြစ်လျက်နှင့် ဘာဖြစ်လို့ ကုလားလို့ ခင်ဗျားက မခေါ်ပါဘူးလို့ တကူးတက ပြောရတာလဲ။ ဒီကတည်းက ခင်ဗျားကိုယ်တိုင် ဒီလိုခေါ်ရင် နှိမ်ခေါ်တာဖြစ်လို့ ကျနော်တို့ မကြိုက်ဖူးဆိုတာ သိထားလို့ပေါ့။ ဒီလိုသိထားလျက်နှင့် ခေါ်ကြမှာဘဲလို့ ဆိုပြန်နေတော့ ခင်ဗျားက ကိုယ့်ကိုကိုယ် လိမ်နေသလို ဖြစ်မနေဘူးလား။)
ကျွန်တော်တို့လုပ်နိုင်တာကတော့ဒီနိုင်ငံကလူတွေကိုကုလားလို့နှိမ်ခေါ်သင့်ဘူး။
(ပြောပြန်ပြီ။ မခေါ်သင့်ဘူးလို့ တစ်ကယ်ထင်ရင် မခေါ်နဲ့ပေါ့။ နှိမ်တာ မနှိမ်တာကို ဘယ်နေရာမှာ ဘယ်သူက တာဝန်ခံပြီး ဖြေရှင်းမှာလဲ။ ကိုထွန်းအောင်ကျော်ရေ ကျနော့ကို ဒီမှာ နှိမ်ခေါ်နေတယ်လို့ ကျနော်က တိုင်ရမှာလား။ ခေါ်တဲ့သူကလဲ နှိမ်ခေါ်တာ မဟုတ်ပါဘူး။ ကိုထွန်းအောင်ကျော် ရေးခဲ့သလို ဘုရားမျိုးအဖြစ် ရိုသေလေးစားသမှုနှင့် ခေါ်တာပါလို့ ဖြေရှင်းရမှာလား။ အခေါ်ခံတဲ့သူက မကြိုက်ရင် မခေါ်နဲ့ပေါ့။ ဒီလောက်ရှင်းနေတာကို ကပ်ဖဲ့လုပ်ပြီး နှိမ်ခေါ်ရင် မရဘူး။ မနှိမ်ဘဲခေါ်ရင် ရတယ်ဆိုတော့ ခင်ဗျားဟာက လက်တွေ့လူနေမှုဘဝမှာ ရှုပ်ထွေးအောင် လုပ်နေရာ မကျဘူးလား။)
ဗမာနိုင်ငံမှာလာရောက်နေထိုင်အခြေချနေထိုင်တဲ့တရုတ်၊ ကုလားလူမျိုးတွေအနေနဲ့ဘဲခေါ်သင့်တယ် -
 (အခြေချနေထိုင်တဲ့ တရုပ်၊ ကုလားဆိုပြန်တယ်။ ဘာလဲ အခြေချနေထိုင်တာ။ ပတ်စ်ပို့နှင့်လာပြီး ခုန်ချတာလား။ တရားမဝင် ခိုးဝင်တာလား။ ဘယ်တုန်းက အခြေချတာလဲ။ ဘယ်မှာလဲ ပြူ ကမ်းယံ သက်။ ဘယ်တုန်းက တိဗက်မြန်မာ ဝင်လာသလဲ။ ကျနော်နားလည်တာက မြန်မာမွတ်စလင်သည် တိုင်းရင်းသားဖြစ်သည်။ မြန်မာ့သမိုင်းက ၁၉၈၂က စတယ်လို့ ခင်ဗျားယူဆရင်၊ မဆလ၊ နဝတ၊ နအဖ နှစ်ငါးဆယ်ကို မြန်မာ့သမိုင်းလို့ ခင်ဗျားယူဆရင် မြန်မာမွတ်စလင်ဟာ ကုလားဘဲ။ မွတ်စလင်ဆိုရင် နိုင်ငံခြားသား ဘင်္ဂလီဘဲ။ လာရောက် အခြေချ နေထိုင်သူဘဲ။ ၁၉၄၈မှာ လွတ်လပ်ရေးရတဲ့ နှစ်တစ်ထောင်ကျော် မြန်မာ့သမိုင်းကို အသိအမှတ်ပြုရင် မြန်မာမွတ်စလင်ဆိုတာ တိုင်းပြု ပြည်ပြု၊ တိုင်းပြည်တည်ထောင်တဲ့၊ တိုင်းပြည်လွတ်လပ်ရေးရအောင် လက်တွဲတိုက်ပွဲ တိုက်ပွဲဝင်ခဲ့တဲ့ တိုင်းရင်းသားဘဲ။ ခင်ဗျား (သို့မဟုတ်) တစ်စုံတစ်ယောက်က အသိအမှတ်မပြုဘူး။ လက်မခံဘူး။ အဲဒါက ခင်ဗျားတို့ ကိစ္စ။ ကျနော်တို့ရဲ့ မွေးရာပါ တိုင်းရင်းသားအခွင့်အရေးကို ဦးခင်ရီပေးမှ၊ ဦးသိန်းစိန်ပေးမှ၊ ဦးထွန်းအောင်ကျော်လက်ခံမှ ရမယ်လို့ ကျနော်တို့ ဘယ်တုန်းကမှ မယုံကြည်ပါဘူး။ ငြိမ်းချမ်းသောနည်း၊ ပေးထားသော ဥပဒေဘောင်အတွင်းက ကိုယ့်အခွင့်အရေးကို မရ ရအောင် တိုက်ယူသွားမယ်။)
တရုတ်လို့ခေါ်တာ ငါတို့ကိုနှိမ်ခေါ်တာလို့ ကန့်ကွက်တာမကြားရဘဲ ကုလားလို့ခေါ်တာကို ဘာကြောင့်ကန့်ကွက်နေကြတာလဲ။
 (တရုပ် မနာတာ ဘာကြောင့်လဲဆိုတာ တရုပ်ကို မေးပါ။ တရုပ်ကိစ္စက ကျနော်တို့ ကိစ္စ မဟုတ်ဘူး။)
အခုယိုးဒယား၊မလေးရှားနယ်စပ်မှာမူဆလင်သပုန်တွေကမူဆလင်ပြည်နယ်တောင်းနေတယ်၊ယိုးဒယားက ခွဲထွက်ဖို့လုပ်နေကြတယ်။
 (ထိုင်းနှင့် မလေးသမိုင်းကို လေ့လာပါ ကိုထွန်းအောင်ကျော်။ ထိုင်းတောင်ပိုင်း ပတ်တာနီဟာ မူလက မလေးပိုင်မြေဖြစ်တယ်။ ထိုင်းဘုရင်အောက်ရောက်သွားလို့ သူတို့က လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်နေတာဖြစ်တယ်။ ထိုင်းပိုင်နက်ထဲ မလေးမွတ်စလင်တွေက လာရောက် အခြေစိုက်ပြီးမှ ခွဲထွက်ရေး တောင်းတာ မဟုတ်ဘူး။ အခုလည်း မလေးရှားက အကူအညီပေးပြီး ငြိမ်းချမ်းရေးရအောင် လုပ်နေကြပါတယ်။ ရခိုင်ပြည်နယ်မှာလို မူလကတည်းက ရခိုင်ပြည်နယ်မြေကိစ္စနှင့်လည်း မတူဘူး။ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာခွဲထွက်ရေး အန္တရာယ် အခုရှိနေတယ်ဆိုရင် ခင်ဗျား အထောက်အထား ပြလိုက်ပါ။ ရခိုင်တွေကသာ ပြည်ထောင်စုက ခွဲထွက်ဖို့ လုပ်နေတဲ့ အထောက်အထားလိုချင်ရင် လွန်ခဲ့တဲ့ နှစ်နှစ်လောက်က မလေးရှားမှာ ဦးခိုင်စိုးနိုင်အောင်နှင့် ဒေါ်မြရာဇာလင်းတို့ ဘာပြောခဲ့တယ်ဆိုတာကို လေ့လာပါ။ ALP က လက်ရှိကိုင်စွဲထားတဲ့ မူဝါဒ လုပ်ငန်းစဉ်တွေကို ဖတ်ပါ။ )

စိတ်မကောင်းစွာဖြင့်
အောင်တင်
——————————————————————
ကိုထွန်းအောင်ကျော်ပြန်စာ

ကို အောင်တင်
ခင်ဗျားကမေးလာတော့လဲဖြေရတော့မှာပေါ့
ကျွန်တော်ပြောတာရှင်းပါတယ် နှိမ်တယ်လို့ထင်နေတဲ့ခင်ဗျားလိုလူကတော့မနှိမ်ဘဲခေါ်ခေါ်နှိမ်ပြီးဘဲခေါ်ခေါ်
မကြိုက်ဘူးပေါ့ ဗျာ ဒါကြောင့်ခင်ဗျားကို ကိုအောင်တင်လို့ဘဲ အမည်တပ်လိုက်တာဘဲ၊ ကျွန်တော့ငယ်သူငယ် ချင်း ရဲမြင့်ကိုတော့ကျွန်တော်ကငယ်ငယ်ထဲကခေါ်တဲ့အတိုင်း ကုလားမ လို့ဘဲ ခေါ်တယ်။ အခုဆွေးနွေးနေတာကဘေးချော်နေပြီ ၊ ဒီကိစ္စက ရိုဟင်ဂျာသည် တိုင်းရင်းသားလူမျိုးစုဖြစ်သည်ဆိုတာကစလာတာ၊ ဗမာမွတ်ဆလင်ကနေ စလာတာမဟုတ်ဘူး၊ ရခိုင်ပြည်နယ်မှာနေတဲ့ ဘင်္ဂါလီနွယ် ဗမာမွတ်စလင်တွေဖြစ်တယ်ဆိုရင်ဒီလိုပြသနာကြီးမလာ ဘူး။ ပါကစ္စတန်၊အိန္ဒိယ၊အီရန်၊အီရတ်၊ ဘင်္ဂါလီ တွေကိုကုလားအုပ်စုမှာကျွန်တော်က သွင်းထားတာ မဟုတ်ဘူးရှေးပဝေသဏီထဲကသွင်းထားတာ၊သူတိုရဲ့ အသားအရည်၊ရုပ်သွင်၊ကိုကြည့်ပြီးခေါ်နေကြတာဘဲ။ ခင်ဗျားပြောပုံက မွတ်ဆလင်တွေကိုဘဲ ကုလားလို့နှိမ်ခေါ်တယ်ဆိုပြီးဆွဲပြောနေတာတွေ့ရတယ် အဲဒါမမှန်ဘူးကိုယ်ကိုးကွယ်တဲ့ ဘာသာဝင်တွေကိုမြန်မာပြည်သားတွေနဲ့ လှည့်ရန်တိုက်ပေးပြီးဆွပေးသလိုဖြစ်နေတယ်။
ခင်ဗျားပြောတဲ့ “ ကျွန်တော်တို့ရဲ့မွေးရာပါတိုင်းရင်းသားအခွင့်အရေးဆိုတာ” ဘယ်တိုင်းရင်းသားနံမည်ကိုပြောတာလဲ ? ရှင်းပြစေချင်တယ်။ တရုတ်ကိုတရုတ်လို့ခေါ်တာတရုတ်တွေကဘာမှမပြောပေမဲ့ကျွန်တော်တို့ကတော့ပြောမှာဘဲဆိုတဲ့သဘော
ကဘာကြောင့်လဲ၊ တရုတ်ကိစ္စကျွန်တော်တို့နဲ့မဆိုင်လို့ပြောလို့မရဘူး၊ တရုတ်တွေ၊ကုလားတွေဟိုးရှေးပဝေသဏီထဲကဗမာပြည်မှာအခြေချနေထိုင်လာပြီးသူတို့မြေး မြစ်တွေ နိုင်ငံ
သားဖြစ်လာတယ်။ တိုင်းရင်းသားတော့ဖြစ်မလာဘူး၊ ရှင်းတယ်နော်။ အစ္စလန်ဘာသာဝင်မူဆလင်ကုလားတွေက နေ မြန်မာမွတ်ဆလင်ဖြစ်လာတယ်ဒါသဘာဝ ကျတယ်။ နောက်ဗမာတွေနဲ့သွေးရောပြီး စည်းရုံးရေးကောင်းလို့ ဗမာတွေကနေ ဘာသာပြောင်းပြီး သူတို့မွေးတဲ့ခလေးတွေ ကုလားရုပ်မပေါက်တော့ဘဲဗမာမွတ်ဆလင်တွေဖြစ်လာကြတယ်။ ကုလားရုပ်ပေါက်ဆဲ ဗမာမွတ်ဆလင်တွေလဲရှိတယ်၊ ဒါဟာပြောင်းလဲမှုဖြစ်စဉ်တွေဘဲ မထူးဆန်းဘူး ဆက်ပြီးဖြစ်နေမှာဘဲ။
တရုတ်တွေဟာ ဗမာတိုင်းရင်းသားတွေဖြစ်တယ်ဆိုတာ ဘယ်တုံးကမှအပြောခဲ့ဘူး၊ ဘေးဘိုးဘောင်ဘင်ထဲကနေလာတဲ့တရုတ်တွေဟာ နိုင်ငံသားဖြစ်ခွင့်ရှိတယ်ဖြစ်လာတယ်ဒါ ကိုအကြွမ်းမဲ့လက်ခံတယ်၊ထို့အတူ ဘေးဘိုး ဘောင်ဘင်ကထဲကနေလာတဲ့ ကုလားတွေကိုလဲ နိုင်ငံသားအဖြစ်လက်ခံတယ် လုံးဝငြင်းစရာမရှိဘူး။ ကုလား၊ ကုလားချင်းတောင် နိုင်ငံတကာမှာ ဟိန္ဒူကုလားတွေပြသနာလုပ်တာမတွေ့ရဘူး၊ မွတ်ဆလင်ကုလားတွေဘဲ လုပ်နေတာ တွေ့ရတယ်။ ကမ္ဘာမှာအကြမ်းဖက်မှုအများဆုံးလုပ်နေတာ ဘယ်သူတွေလဲ၊ အခြားဘာသာတွေကို အာဏာရလာတဲ့အချိန်မှာဗြောင်ဗြောင်တင်းတင်း တာလီဘန်တွေကရှေးဟောင်း ဗုဒ္ဓ ရုပ်ထုတော်ကြီးတွေကိုအာဖဂန်နစ္စတန်မှာ အစတုံးလက်စ ဖျောက်ဖျက်စီးခဲ့တာ တွေ ၊ ယနေ့အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာနေတဲ့တိုင်းရင်းသားမာရမာ၊ ကမာန်ဗုဒ္ဓဘာသာဝင်တွေရဲ့ရွာတွေ လယ်တွေကျေးရွာတွေကိုလယ်မဲ့ယာမဲ့ ဘင်္ဂါလီကုလား တွေက တုတ်ဒါးလက်နက်တွေနဲ့ဝင်သိမ်းပြီး သူတို့နောက်မှာဘင်္ဂါလီအစိုးရက စစ်တပ်နဲ့လိုက်အားပေးပြီး ဘင်္ဂါလားမှာ အခြားဘာသာမရှိရဘူးဆိုတဲ့ ရည်ရွယ်ချက်နဲ့လုပ်နေတာတွေကို ခင်ဗျားဘာတခုမှ ထုတ်မပြောဘဲနေတာ မသိလို့လား၊ မသိချင်ယောင်ဆောင်နေတာလား? ။ ကိုအောင်တင် ဒီဘင်္ဂါလီအရေးကိစ္စက မြန်မာနိုင်ငံတခုထဲ တင်ပြသနာတက်နေတာမဟုတ်ဘူးဗျ။ အရှေ့အာရှကနေယိုးဒယား၊မလေးရှားအထိ ၊ဒေသ တခုလုံးတည်ငြိမ်ရေးအတွက်ပါပြသနာရှိတယ်ဆိုတာမမေ့နဲ့၊ ငါတို့ဘာသာဝင်တွေ ငါတို့မွတ်ဆလင်တွေဆိုတာလောက်ကိုကွက်ပြီးပြောနေမယ်ဆိုရင်၊ခင်ဗျားဘယ်တော့မှရည် မှန်းချက်ကိုမရနိုင်ဘူး။ ကျွန်တော်နောက်ကို ထပ်မရေးတော့ဘူး၊ တရားသေကိုင် ထားတဲ့သူဘယ်သူမဆို တဖက်ကိုရပ်ထားပြီးသားမို့ပြောနေလဲမထူးတော့ပါဘူး။

ခင်မင်စွာဖြင့်

ထွန်းအောင်ကျော်
————————————————
ဦးအောင်တင်ပြန်စာ

ကိုထွန်းအောင်ကျော်

လေးစားစွာဖြင့် စာပြန်လိုက်ပါတယ်ဗျာ။ ထုံးစံအတိုင်း ခင်ဗျားပြောတာနဲ့ ကျနော့အဖြေပေါ့ဗျာ။
——————————————————————————————————————-
နှိမ်တယ်လို့ထင်နေတဲ့ခင်ဗျားလိုလူကတော့မနှိမ်ဘဲခေါ်ခေါ်နှိမ်ပြီးဘဲခေါ်ခေါ်မကြိုက်ဘူးပေါ့ ဗျာ ဒါကြောင့်ခင်ဗျားကို ကိုအောင်တင်လို့ဘဲအမည်တပ်လိုက်တာဘဲ၊ ကျွန်တော့ငယ်သူငယ် ချင်း ရဲမြင့်ကိုတော့ ကျွန်တော်က ငယ်ငယ်ထဲက ခေါ်တဲ့အတိုင်း ကုလားမ လို့ဘဲ ခေါ်တယ်။
(စိတ်မရှိနဲ့နော်။ ခင်ဗျားက မြန်မာ့နိုင်ငံရေးနဲ့ ကင်းကွာနေတဲ့ အခြားဂြိုဟ်တစ်ခုက လာတာတော့ မဟုတ်ဘူးထင်ပါတယ်။ တောင်ကုတ်လူသတ်ပွဲမှာ “မွတ်စလင်ကုလား ဆယ်ယောက် အသတ်ခံရတယ်”ဆိုလို့ မြန်မာ့ မီဒီယာနှင့် နိုင်ငံရေးလောကတစ်ခုလုံး မေးခွန်းအထုတ်ခံရတာ၊ တစ်နိုင်ငံလုံးက မြန်မာမွတ်စလင်တွေက ကုလားဆိုပြီး စော်ကားတဲ့ အသုံးအနှုံးကို ကန့်ကွက်ကြတာ၊ မှားမှန်းသိလို့ ပြန်ကြားရေးဝန်ကြီးဌာနက ပြင်ဆင်ချက် ထုတ်ပေးရတာတွေ မကြားလိုက်ဖူးနဲ့တူတယ်။ ကုလားဆိုတဲ့ အသုံးကို နှိမ်ပြီးတော့ မခေါ်နဲ့၊ မနှိမ်ဘဲတော့ ခေါ်ပါဆိုတဲ့ ခင်ဗျားရဲ့  မနောကံကို တရားခံလုပ်မဲ့ လက်တွေ့မဖြစ်နိုင်တဲ့ အတွေးအခေါ်ကိုမှ မှန်တယ်ထင်ရင် ဆက်သာသွားပါတော့။ ကုလားအရေးက ဓါးမသွေး လောက်ပါဘူး။ ကျနော်တို့က မခေါ်စေချင်တာလောက်ပါ။ မစာနာလို့ ဂရုမစိုက်ဘူးကွာ၊ ခေါ်မယ်ဆိုရင်လဲ သဘောပါ။)
ခင်ဗျားပြောတဲ့ “ ကျွန်တော်တို့ရဲ့မွေးရာပါတိုင်းရင်းသားအခွင့်အရေးဆိုတာ”ဘယ်တိုင်းရင်းသားနံမည်ကိုပြောတာလဲ ? ရှင်းပြစေချင်တယ်။
(ရွှေတိဂုံ အလယ်ပစ္စယံညီလာခံမှာ အဓိက ဆုံးဖြတ်ချက် (၈)ခုချမှတ်ခဲ့တာကို ခင်ဗျားသိထားမယ် ထင်ခဲ့တယ်။ ပြီးခဲ့တဲ့ ပြန်စာမှာလဲ ကျနော်ဒီလောက် ရှင်းရှင်းရေးခဲ့တာကို ခင်ဗျားမမြင်လိုက်ဘူးနဲ့တူတယ်။ အရင်စာထဲက ပြန်ကူးပေးမယ်နော်။ “၁၉၄၆ ဖေဖေါ်ဝါရီ ရွှေတိဂုံအလယ်ပစ္စယံမှာ ကျင်းပတဲ့ ပထမ ဖဆပလ ညီလာခံမှာ မြန်မာမွတ်စလင်တွေကို တိုင်းရင်းသားအဖြစ် ထပ်မံ အသိအမှတ်ပြုခဲ့တယ်။” ဒါကို ယနေ့အထိ မသိချင်ယောင်ဆောင်သူဘဲ တွေ့ဖူးတယ်။ ချဲလင်းလုပ်နိုင်သူ မတွေ့ဖူးလို့ ခင်ဗျားက ချဲလင်းလုပ်နိုင်ရင် လုပ်ပြပါဗျာ။ ဖတ်ချင်ပါတယ်။)
ကုလား၊ ကုလားချင်းတောင် နိုင်ငံတကာမှာ ဟိန္ဒူကုလားတွေပြသနာလုပ်တာမတွေ့ရဘူး၊မွတ်ဆလင်ကုလားတွေဘဲ လုပ်နေတာ တွေ့ရတယ်။ ကမ္ဘာမှာအကြမ်းဖက်မှုအများဆုံးလုပ်နေတာဘယ်သူတွေလဲ၊ အခြားဘာသာတွေကိုအာဏာရလာတဲ့အချိန်မှာဗြောင်ဗြောင်တင်းတင်းတာလီဘန်တွေကရှေးဟောင်း ဗုဒ္ဓ ရုပ်ထုတော်ကြီးတွေကို အာဖဂန်နစ္စတန်မှာအစတုံးလက်စဖျောက်ဖျက်စီးခဲ့တာ တွေ၊
 (စကား စကားပြောပါများ စကားထဲက ဇာတိပြဆိုတဲ့စကားရှိပါတယ်။ ခင်ဗျားလို နိုင်ငံတကာအရေးကိုပါ နားလည်မယ်ထင်ရတဲ့ လူတစ်ယောက်က ဒီလောက်တောင် ဗဟုသုတ ခေါင်းပါးမယ် မထင်ခဲ့ဘူး။ ရေနံ၊ အနောက်ကမ္ဘာ၊ ကိုလိုနီအာရဗ်နိုင်ငံများ၊ အစ္စရေး၊ အာရဗ်အာဏာရှင်စနစ်၊ အာဏာရှင်စနစ်အောက်က အဖိနှိပ်ခံ အာရဗ်ပြည်သူလူထုတွေ၊ ဘာသာရေး အလွဲသုံးမှု၊ အစွန်းရောက် ဘာသာရေးစတာတွေကို မလေ့လာဘဲ မွတ်စလင်အကြမ်းဖက်လို့ဆိုရင် ခင်ဗျားကို မေးပါအုံးမယ်။ အစ္စလာမ်ဘာသာပေါ်ထွန်းတာ နှစ် ၁၅၀၀ ခန့်ရှိပြီ။ မွတ်စလင်တွေရဲ့ အကြမ်းဖက်ဝါဒဆိုတာ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက်ကမှ ဘာလို့ ပေါ်ထွန်းလာသလဲ။ ဖြေကြည့်ပါအုံး။ ဖြေတတ်လား။ သိချင်ပါတယ်။
ဒီမွတ်စလင်တွေက ဥရောပတိုက် အင်မတန် ခေတ်နောက်ကျနေတုန်းမှာ ကမ္ဘာကို နက္ခတ္တဗေဒ၊ ဆေးပညာ၊ သင်္ချာ၊ အက္ခရာသင်္ချာ၊ ကဗျာ၊ အတွေးအခေါ်ပညာတွေ သင်ကြားပေးခဲ့တယ်ဆိုတာကော သိသလား။ အိုစာမာဘင်လာဒင်ကို အမေရိကန်သမ္မတ ရော်နယ်ရီဂင်က ကျနော်တို့ရဲ့ ရဲရင့်သော မူဂျာဟစ်ဒင်မိတ်ဆွေတွေလို့ ပြောခဲ့တာကော ကြားဖူးသလား။ တာလီဘန်တွေ ဗုဒ္ဓရုပ်ပွါးတော်ကို မဖျက်ဆီးခင် မွတ်စလင်နိုင်ငံတွေ အကြိမ်ကြိမ် တားမြစ်တာတွေ၊ ဓမ္မသတ်စီရင်ထုံးတွေ ထုတ်ပြန်ပြီး ရှုံ့ချတာကော သိသလား။ နောက်ဆုံးဗျာ။ တာလီဘန်ဖြစ်ဖြစ် အယ်ကိုင်းဒါးဖြစ်ဖြစ် မဟုတ်တာလုပ်တာနဲ့ ခင်ဗျားမိတ်ဆွေ မြန်မာမွတ်စလင်တွေကို ဘာလို့ ငဝက် ကျွန်ခံခိုင်းတာလဲ။ မြန်မာပြည်မှာ ကျနော်တို့ ဗလီတွေ အဖျက်ခံရတာဘဲရှိတယ်။ မွတ်စလင်က ပြန်ဖျက်တာ ခင်ဗျားကြားဖူးသလား။ ဗုဒ္ဓဘာသာ မြန်မာတွေ မွတ်စလင်ဆန့်ကျင်ရေး စိတ်ကလေး လျှော့ကျနေတယ်ထင်လို့ ကုလားအခေါ်အဝေါ်ဆွေးနွေးနေတုန်း မဆီမဆိုင် အခွင့်အရေးယူပြီး တွန်းလိုက်တာလားဗျာ။ မလုပ်ကောင်းဘူး ကိုထွန်းအောင်ကျော်။)
ယနေ့အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာနေတဲ့တိုင်းရင်းသားမာရမာ၊ ကမာန်ဗုဒ္ဓဘာသာဝင်တွေရဲ့ရွာတွေ လယ်တွေကျေးရွာတွေကိုလယ်မဲ့ယာမဲ့ဘင်္ဂါလီကုလား တွေက တုတ်ဒါးလက်နက်တွေနဲ့ဝင်သိမ်းပြီး သူတို့နောက်မှာ ဘင်္ဂါလီအစိုးရကစစ်တပ်နဲ့ လိုက်အားပေးပြီး ဘင်္ဂါလားမှာ အခြားဘာသာမရှိရဘူးဆိုတဲ့ ရည်ရွယ်ချက်နဲ့လုပ်နေတာတွေကိုခင်ဗျားဘာတခုမှထုတ်မပြောဘဲနေတာမသိလို့လား၊ မသိချင်ယောင်ဆောင်နေတာလား? ။
(ခင်ဗျားက ပြောရင်းပြောရင်းနဲ့ ဖင်လှန်ပြီး ကပြတဲ့ ဒေါင်းမိုက်လို့ အသိပညာ ခေါင်းပါးကြောင်း ပိုပြလာတယ်။ မနေ့တနေ့က နိုင်ငံရေးဖြစ်စဉ်ကိုတောင် ခင်ဗျား မှန်မှန်ကန်ကန် မသုံးသပ်နိုင်ဘဲနဲ့ ဒေသဆိုင်ရာ စာတန်း ရေးအုံးမယ်ဆိုတော့ စဉ်းစားပါဗျာ။ ဒုက္ခများကုန်ပါလိမ့်မယ်။ ဘင်္ဂလားဒက်အစိုးရကို ကုလသမဂ္ဂကော၊ အနောက်နိုင်ငံတွေကော၊ လူ့အခွင့်အရေးအဖွဲ့တွေကကော ကန့်ကွက်ပြစ်တင်တာ ခင်ဗျား ကြားမိသလား။ ဘာကြောင့်အပြစ်မတင်ကြတာလဲဆိုတာကော သိသလား။ အပြစ်တင်စရာမှ မရှိတာကိုး။ မြန်မာအစိုးရ လုပ်ပုံနှင့် တခြားစီဘဲလေ။ အကြမ်းဖက်မှုက နာရီပိုင်းသာ ဖြစ်ခဲ့တယ်။ အစိုးရက ကျူးလွန်သူတွေကို ချက်ချင်း ရအောင်ဖမ်းတယ်။ ငြိမ်အောင်ထိမ်းတယ်။ နစ်နာသူတွေကို လျော်ကြေးပေးတယ်။ နိုင်ငံတကာ ဘယ်အဖွဲ့အစည်း၊ ဘယ်နိုင်ငံကမှ အပြစ်တင်စရာ မလိုတဲ့ကိစ္စကို ကျနော်က ဘာထုတ်ပြော ဘာကန့်ကွက်ပေးရမှာလဲ။
ဒီအတိုင်းဆိုရင် ကုလသမဂ္ဂ၊ အာဆီယံ၊ အနောက်နိုင်ငံ၊ လူ့အခွင့်အရေးအဖွဲ့တွေ နေ့စဉ်လိုလို ကန့်ကွက်နေတဲ့ ခြောက်လကျော်ကြာပြီဖြစ်တဲ့ ရခိုင်က လူ့အခွင့်အရေး ချိုးဖေါက်မှုကို ခင်ဗျားလို လူ့အခွင့်အရေးသမားက ဘာလို့ မကန့်ကွက်သလဲ။ ရခိုင်ပြည်မှာ ဘုန်းကြီးတွေ၊ ရခိုင်နိုင်ငံရေးပါတီတွေက ဦးဆောင်ပြီး ဒုက္ခရောက်နေတဲ့ မွတ်စလင်တွေကို အစားအစာ မရောင်းရ၊ မဆက်သွယ်ရ၊ လူသားချင်းစာနာသော အကူအညီ မပေးရလုပ်နေတာတွေကို ခင်ဗျားက ဘာလို့ မသိချင်ယောင် ဆောင်နေရတာလဲ။ ဖြေနိုင်ရင် ဖြေကြည့်ပါအုံး။)

ဒါနဲ့ ဘင်္ဂလားဒက်မှာ ကမန်မရှိပါဘူး။
အံ့သြခြင်း ကြီးစွာဖြင့်

အောင်တင်

မြန်မာနိုင်ငံ ပထမဦးဆုံး သမ္မတဖြစ်ခဲ့တဲ့ ရှမ်းအမျိုးခေါင်းဆောင် ဦးစစ်ရွှေသိုက်က ရိုဟင်ဂျာကိုဌာနေတိုင်းရင်း လို့ မသတ်မှတ်ဘူးဆိုရင် ကျွန်တော်တို့လည်း ဌာနေတိုင်းရင်းသားပါလို့ သတ်မှတ်စရာအကြောင်းမရှိဘူးလို့ ပြေားခဲ့စဉ်တုန်းက ကန့်ကွတ်မယ့်သူတွေ ဘယ်ရောက်နေကြပါသလဲ။



ကျွန်တော်အနေဖြင့် ရိုဟင်ဂျာဟာ မြန်မာနိုင်ငံသားဖြစ်တယ် မဖြစ်ဘူးဆိုကို အငြင်းအခုံလုပ်ရန်အစီအစဉ်မရှိပါ။ ငြင်းခုံစရာလည်းမလိုအပ်ပါ။ နိုင်ငံသားဖြစ်တည်မှူ့ဆိုရာတွင် မည်သူကမျှအသိအမှတ်ပြုစရာမလိုဘဲ ပင်းကိုယ် အားဖြင့် ရရှိထားသောအခွင့်အရေးတစ်ခုသာ ဖြစ်ပါသည်။မြန်မာနိုင်ငံသားများ အနေဖြင့် ရိုဟင်ဂျာလူမျိုးဟာ မြန်မာနိုင်ငံသားပါလို့ အသိအမှတ်မပြုခဲ့လျှင်လည်း ရိုဟင်ဂျာများက မြန်မာနိုင်ငံသား များမဟုတ်ကြပါလို့ ပြေားဆိုပိုင်ခွင့် မရှိပါ။ အဘယ်ကြောင့်ဆိုသော် ရိုဟင်ဂျာအရေးနဲ့စလျှင်းပြီး သတ်သေအဖြစ် WIKIPEDIA မှာပြန်ကြည့်ပါ။ ဘီစီ ၃၃၂၅ ခုနှစ်လောက်ကနေစပြီး ရိုဟင်ဂျာဟာ ရဲ့သမိုင်းကြောင်းကို ပြန်လည်ရူ့မြင်ကြရမည် ဖြစ်ပါသည်။
မြန်မာနိုင်ငံ ပထမဦးဆုံး သမ္မတဖြစ်ခဲ့တဲ့ ရှမ်းအမျိုးခေါင်းဆောင် ဦးစစ်ရွှေသိုက်က ရိုဟင်ဂျာကိုဌာနေတိုင်းရင်း လို့ မသတ်မှတ်ဘူးဆိုရင် ကျွန်တော်တို့လည်း ဌာနေတိုင်းရင်းသားပါလို့ သတ်မှတ်စရာအကြောင်းမရှိဘူးလို့ ပြေားခဲ့စဉ်တုန်းက ကန့်ကွတ်မယ့်သူတွေ ဘယ်ရောက်နေကြပါသလဲ။
သမ္မဦးကြီးဦးနုက ရိုဟင်ဂျာလူမျိုးတွေကို မြန်မာနိုင်ငံသားများ အဖြစ်သတ်မှတ်စဉ်ကာလတုန်းက ရိုဟင်ဂျာ ဆန့်ကျင်တဲ့သူတွေ ဘယ်ရောက်နေကြပါသလဲ။
ရိုဟင်ဂျာကိုယ်ပိုင် သတင်းဌာနတစ်ခုအဖြစ် ရိုဟင်ဂျာဘာသာစကားနဲ့ပါပူးတွဲး အသံလွှင့်နေစဉ်အချိန်ကာလ တုန်းက အဲဒီရိုဟင်ဂျာတွေကို ကန့်ကွပ်တဲ့သူတွေဘယ်ရောက်နေကြပါသလဲ။အဲဒီအချိန်တုန်းက ဘင်္ဂါလီပါလို မပြေားဘဲ အခုမှဘာကြောင့် ဘင်္ဂါလီပါလို့ စွတ်ဆွဲးနေကြတာလဲ။
ရိုဟင်ဂျာဟာ ဘင်္ဂါလီပါလို့ စွတ်ဆွဲးမယ်ဆိုရင် အိန္နိယနိုင်ငံရဲ့သမိုင်းကိုပြန်ကြည့်ပါ။ ဘင်္ဂလားဒေရှ်နိုင်ငံဟာ ၁၉၃၇လောက်ကမှ အိန္နိယနိုင်ငံထဲးကနေ ခွဲးထွက်ခွင့်ရခဲ့လို့ ၁၉၃၇ခုနှစ်လောက်ကမှ ဘင်္ဂလားဒေရှ်နိုင်ငံရယ်လို့ ပေါ်ထွက်လာခဲ့တာပါ။ ရိုဟင်ဂျာဆိုတာ ဟိုးဘိုးစဉ်ဘောင်ဆက်ထဲးကနေ မြန်မာ့သမိုင်းပေါ်မှာ တည်ရှိခဲ့တာ အဘယ်ကြောင့် ရိုဟင်ဂျာကို ဘင်္ဂါလီလို့ စွတ်ဆွဲးခေါ်ဝေါ်နေကြပါသနည်။ အုန်းနှောက်ကိုရွှေချထားချင်ပါသည်။ မိမိတို့ခေါင်းဆောင်ကောင်းတွေရဲ့စကားကို လိုက်နာခြင်းမရှိဘဲ တစ်မျိုးသားလုံးကို စစ်ဖိနပ်အောက်မှာ ဖိနိမ့်နေ တဲ့ အာဏာရှင်ဦးနေ၀င်းရဲစကားကိုမှ အမွှန်းတင်ခါ ရိုဟင်ဂျာတွေကို မျိုးတုန်းအောင် အမျိုးမျိုးလုပ်ကြံခဲ့တဲ့ သူတွေကိုလေးစားပါတယ်။လူ့အခွင့်အရေးဆိုတာ ဘာမှန်းမသိ၊ ဒီမိုကရေစီရဲ့အနှစ်သာရဆိုတာလဲ ဘာမှန်းမ သိ၊ အဲဒီလူတွေဟာ မြန်မာ့သမိုင်းကို ဖြတ်စီးခဲ့ကြတဲ့ လူရမ်းကားတွေသတ်သတ်သာဖြစ်ပြီး တကယ်နိုင်ငံ ကောင်းအောင်လုပ်ခဲ့ကြတဲ့သူတွေထဲးမှာ မပါဝင်ခဲ့ကြပါဘူး။
အဲတော့ ကျွန်တော်ဘက်ကနေအဓီကပြေားချင်တာက ရိုဟင်ဂျာပပြောက်ရေးကိစ္စတွေကို လုပ်ဆောင်နေကြတဲ့ သူများအနေဖြင့် မိမိတို့လုပ်ရပ်များအား အချိန်မှီရပ်တန့်လိုက်ပါ။အကယ်ရ်ျ ရှေ့ဆက်လုပ်ဆောင်နေဦးမည်  ဆိုရင်တော့ မိမိတို့၏ကံကြမာဆိုးရွားမှူ့ကို မိမိတို့ဆက်လက်ဖန်တီးသူများ ဖြစ်ကြလိမ့်မည်။
အခုလိုကျွန်တော်ဘက်ကနေ ရိုဟင်ဂျာတွေကို ထောက်ခံပြေားဆိုနေခြင်းသည် ရိုဟင်ဂျာလူမျိုးတို့၏ အမှန်းတရားကို ၀ိုင်းဝန်ဖော်ထုတ်ပေးနေခြင်းဖြစ်ပြီ၊ လူမျိုးရေအဆွဲးရှိသူမဟုတ်ကြောင်း တကယ်လို့ရိုဟင်ဂျာ တွေဟာအစ္စလာမ် ဘာသာဝင်များမဟုတ်ကြဘူးဆိုရင်လဲ ရိုဟင်ဂျာသမိုင်းမှန်ကန်မှူ့ ကိုဖော်ထုတ်ပေးမည် ဖြစ်သည်ကို အဆွဲးကင်းစွာဖြင့်ပြေားရဲးပါသည်။
E-mail : burmanativemuslim@gmail.com, ohnisarsalamar@gmail.com, မည်သူတစ်ဦးတစ်ယောက်ဟာ အထက်ပါရေးသာချက်နဲ့ပတ်သက်လို့ မေးမြန်စရာတစ်စုံတစ်ရာရှိပါက ဆက်သွယ်မေးမြန်နိုင်ပါကြောင်း အသိပေးဖိတ်ခေါ်လိုက်ပါတယ်။
အောင်ကျော်မိုး
Facebook : ဗမာ့တိုင်းရင်းသားမွတ်စလင်

ဒီမိုကရေစီဘက်တော်သား ညီနောင်မွတ်စလင် အပေါင်းတို့ ကျွန်တော်တို့၏ ဒီမိုကရေစီသည် ကျွန်တော်တို့ညီနောင်များအား အရှင်လတ်လတ် အရေခွန်စုတ်သလို ဖြစ်နေ ပါသဖြင့် ဒီမိုကရစီလှုတ်လျှားဆောင်ရွက်သူ ညီနောင်မွတ်စလင်များအနေဖြင့် မိမိတို့လှုတ်လျှားဆောင်ရွက်နေသော ဒီမိုကရေစီသည် မည်သည့် ဒီမိုကရေစီဖြစ်နေသည်ကို အထူးသတိပေးအပ်ပါသည်။

ရခိုင်ပြည်နယ်အတွင်း မတရားအကြမ်းဖက် သတ်ဖြတ်ခဲ့မှုများကို ကြည့်ပြီး ကမ္ဘာ့လူခတ်သိမ်းတို့က အမျိုးမျိုးဝေဖန်ခဲ့ကြ ပါတယ်။မြန်မာသမိုးင်းတွင် တစ်ခါမျှမဖြစ်ခဲ့ဖူးတဲ့အဖြစ်တစ်ခုဆိုတာ အားလုံးက မှတ်ချက်ပေးခဲ့ကြပါတယ်။ ကောင်းပြီ ဒီပြသနာအရပ်ရပ်ကို ဘယ်သူက ဦးဆောင်လုပ်သလဲဆိုတာကမေးခွန်းတစ်ခုပါ။ ဒါရည်ရွယ်ချက်ရှိရှိလုပ်တယ်ဆိုတာက အခိုင်အမာပြေားရဲးတဲ့ ကိစ္စတစ်ခုဘဲ။ဘယ်သူ့အပေါ်မှာတာဝန်အရှိဆုံးလဲ၊ ဘယ်သူကဒီပြသနာကို ကိုင်တွယ်ဖြေရှင်းရမလဲ၊ ဒီပြသနာအတွက် ဘယ်သူကတာဝန်ခံမှာလဲဆိုတာက ရှိလာပြန်တယ်။အဲတော့ ကျွန်တော်အနေနဲ့လည်း ပြန်စဉ်းစာကြည့် တော့ ဟုတ်ပါတယ် ဒီပြသနာအတွက် မြန်မာနိုင်ငံတွင် ဦးဆောင်ဖြေရှင်းပေးမယ့်သူ တစ်ဦးတစ်ယောက်မျှ မရှိဘူးဆိုတဲ့ကိစ္စ အပေါ်ကျွန်တော် တော်တော်အစာမကြေဖြစ်ခဲ့တယ်။ကောင်းပြီး ဆက်ပြေားပါမယ် ကျွန်တော်တစ်ခုသွားသတိရမိတယ် တစ်ချိန်တုန်းက အမေရိကန်ပြည်ထောင်စုမှာလည်း ဒီလိုအဖြစ်အပျက်လေးတစ်ခုဖြစ်ခဲ့ဘူးတယ်။ အဲဒါလေးကို ကျွန်တော် အရင်ရှင်းပြပါမယ်။တစ်ချိန်က ငွေဝယ်ကျွန်အဖြစ်အသုံးပြုခြင်းခံခဲ့ရသော နီဂရိုးလူမည်းများကို အမေရိကန် သမ္မတ အီဗရာဟင်မ် လင်ကွန်းလက်ထက်မှာ ကျွန်အဖြစ်မှ လွပ်လပ်ခွင့်ပေးခဲ့ပါတယ်။ထိုကစ္စကိုမကြေနပ်တဲ့ လူဖြူတစ်ဦးက သမ္မတအီဗရာဟင်မ် လင်ကွန်းကို လုပ်ကြံသတ်ဖြတ်ခဲ့ပါတယ်။ နောင်တွင် (Ku Klux Klan) ဆိုတဲ့ ကေသုံးလုံး ကိုဏ်းကိုထူထောင်ပြီး လူမည်းတွေ ကို သတ်ဖြတ်ခဲ့ပါတယ်။လူမည်းထောင်ပေါင်းများစွာဟာ လူငါးသိန်ကျော်လောက်နဲ့ ဖွဲ့စည်းထားတဲ့ ကေသုံးလုံးကိုဏ်မှ မတရာသတ်ဖြတ်ခြင်းကို ခံခဲ့ကြရပါတယ်။ထိုကေသုံးလုံးကိုဏ်းကို အမေရိကန် ကွန်ဂရက် လွှတ်တော်က ဥပဒေဖြင့် (မတရားအသင်းဟု) ကြေငြာခဲ့ပါတယ်။လူဖြူတွေရဲ့အဓိက ရည်ရွယ်ချက်ကတော့ လူမည်မှန်သမျှဟာ ငွေဝယ်ကျွန်အဖြစ်နဲ့ ဘဲနေထိုင်ဖို့ပါ။
(၁)လူမဲများသည် လူဖြူများအသုံးပြုသော အိမ်သာကို မတက်ရ။
(၂)ဘစ်ကားပေါ်တွင် လူဖြူများဝင်လာပါက လူမဲမှထပေးရမည်။
(၃)လူဖြူကလေးငယ် တက်သောကျောင်းတွင် လူမဲကလေးမတက်ရ။
(၄)လူဖြူစားသောင်ဆိုင်အတွင် လူမဲမ၀င်ရ။
(၅)လူဖြူကြိုက်သောနေရာတွင် လူမဲများ အိမ်ငှားနေခွင့်မရှိ။
(၆)လမ်းမကြီးပလက်ဖောင်းပေါ်တွင် လူဖြူက လမ်းလျှောက်လာပါက လူမဲမှပလက်ဖောင်အောက်ကို ဆင်းပေးရသည်။
(၇)(၁၄)နှစ်သားလူမဲမှ မျက်နှာဖြူမလေးကို ရည်းစားစကားလိုက်ပြေားသဖြင့် ကေသုံးမှ လိုက်လံရှာဖွေသတ်ဖြတ်ခဲ့သည်။ (၈)လူမဲများ မဲပေးပိုင်ခွင့်မရှိ။
ဒီလိုမျိုးတွေခွဲးခြားကန်သတ်လာခဲ့ကြတာ နှစ်ပေါင်းတော်တော်များများပေါ့။ နောက်တော့လူမဲတွေကို ဦးဆောင်မှု့ပေးနိုင်တဲ့ ပုဂ္ဂိုလ်တစ်ဦးပေါ်ထွန်းလာခဲ့ပါတယ် သူ့နာမည်က Malcolm X တဲ့ သူဟာလူမဲတွေ အနှိမ်ခံဘ၀မှာနေရတဲ့အတွက် များစွာဝမ်းနဲးခဲ့ပါတယ်။ နောက်တော့သူထောင်ကျတယ် ထောင်ထဲမှာ တကယ်နိုင်ငံခေါင်းဆောင်တွေနဲ့သူတွေ့ခဲ့တယ် စာအုပ်စာပေတွေကို သူလေ့လာတယ်။ အဲဒီမှာသူတကယ်လိုချင်တဲ့ လူဖြူလူမဲခွဲးခြားတဲ့ပြသနာကို သူသွားတွေ့တယ် အစ္စလာမ်သာသနာမှာ လူဖြူလူမဲခွဲးခြားမှူ မရှိတာကို သူသွားတွေ့တယ် ထောင်ထဲမှာအစ္စလာမ်ကိုလက်ခံလိုက်တယ် ကမ္ဘာကြီးတိုးတက် ပြောင်းလဲ လာသည်နှင့် တစ်ပြေးညီ ဒီမိုကရေစီဆောင်ရွက်ချက်တွေဟာလည်း တစ်ဖြေးဖြေးနဲ့ ရှင်သန်လာခဲ့ပါတယ်။ သူထောင်ကနေထွက်လာတော့ လူမဲတွေကို မိန်ခွန်တွေခဏခဏပြေားခွင့်ရတယ်။ လူမဲတွေလဲသူ လက်ခံတဲ့ အစ္စလာမ်ကို လက်ခံလာခဲ့ကြတယ်။ နောက်ဆုံးမှာတော့ Malcolm X မိန့်ခွန်းပြေားနေစဉ်မှာဘဲ လူဖြူ ကေသုံးလုံဂိုဏ်မှ လူသတ်သမားသုံဦးရဲ အကြမ်းဖက် ၀င်ရောက်ခါ တရစက်ပြစ်ခတ်ခြင်းကို ခံလိုက်ရရှာပါတယ်။ အဲဒီမှာဘဲ သတ်နပ် ဆယ်နှစ်ချက်ထိမှန်ပြီး အလ္လာဟ်သျှင်မြတ်အမိန့်တော်ခံယူခဲ့ပါတယ်။ ကျွန်တော်ဒီအကြောင်းကို ဘာကြောင့်အခုလို Malcolm X နဲ့ လူမဲအကြောင်းကိုမှ ရွေးချယ်ပြီး ပြေားခဲ့ရသလဲဆိုတာ ပြန်ရှင်းပြပါ့မယ်။ လက်ရှိကျွန်တော်တို နိုင်ငံတွင် ဖြစ်ပွားခဲ့တဲ့ ပြသနာများကို ပြန်သုံးသတ်မိလို့ပါ။ သေချာလေ့လာကြည့်ပါ။ နောက်ဆုံးမှာအချက်နှစ်ခုဘဲကွားခြားနေတာကို တွေရမှာဖြစ်ပြီး အကုန်တူညီနေတာကိုတွေ့ရမှာပါ။
(၁)ကုလား ကုလားဟုခေါ်ပြီး လူကို အနိမ်ခံဘ၀မှာထားခြင်း
(၂)ရခိုင်တွေဘဲ မြန်မာပြည်အနှံ မည်သည့်နေရာမဆိုသွားခွင့်ရှိပြီး ကုလားဆိုတဲ့ အနှိမ်ခံတွေက တောင်ကုပ်လောက်ထိလာ လို့ လူဆယ်ဦးကိုသတ်ပြစ်ခြင်း။
(၃)ဒီရပ်ကွက်၊ ဒီလမ်း၊ ဒီမြေ၊ ဒီနေရာဟာ ငါတို့နေရာ ကုလားတွေလာနေပိုင်ခွင့်မရှိဟု ခွဲးခြားထားခြင်း။
(၄)ခေတ်အဆက်ဆက်ကနေမှ စရ်ျ ကုလားမျာကို သုတ်သင်ရှင်လင်းလာခဲ့တာ သမ္မတဦးသိန်းစိန်အလှည့်တွင် ကုလားများ မျိုးတုန်းသတ်ဖြတ်ခံလိုက်ရခြင်း။
(၅) ကုလားများကို လွှတ်တော်ဆိုတဲ့နေရာတွင် မထိုက်တန်ပါဟုဆိုကာ ဖယ်ထုတ်ပေးရန်တောင်ဆိုနေကြခြင်း။
(၆)ကုလားများဆိုင်တွင်ဈေးမ၀ယ်ရ၊ ကုလားများနှင့်အိမ်ထောင်မပြုရ၊ ကုလားဆိုသူနှင့်လုံးဝ ပတ်သတ်မှူမရှိစေရလို့ တောင်း ဆိုနေခြင်း။
(၇)မည်သည့်ဥပဒေနှင့်မျှ ကုလားများကို နိုင်ငံသား/တိုင်းရင်းသားထဲသို့ မ၀င်လာအောင် အာဏာပိုင်းများမှ အစပြုရ်ျဖန်တီးနေခြင်းတို့သည်။ လူသားချင်းခွဲးခြား ဆက်စံမှူသာဖြစ်ပြီး။မြန်မာပြည်၏ ဒီမိုကရေစီပင်လျှင် ကုလားများအား ငရဲးတွင်းသို့တွန်းချခံလိုက်ရခြင်းပင်ဖြစ်သည်။ အဲတော့ကျွန်တော်တို့ ဒီမိုကရေစီဘက်တော်သား ညီနောင်မွတ်စလင် အပေါင်းတို့ ကျွန်တော်တို့၏ ဒီမိုကရေစီသည် ကျွန်တော်တို့ညီနောင်များအား အရှင်လတ်လတ် အရေခွန်စုတ်သလို ဖြစ်နေ ပါသဖြင့် ဒီမိုကရစီလှုတ်လျှားဆောင်ရွက်သူ ညီနောင်မွတ်စလင်များအနေဖြင့် မိမိတို့လှုတ်လျှားဆောင်ရွက်နေသော ဒီမိုကရေစီသည် မည်သည့် ဒီမိုကရေစီဖြစ်နေသည်ကို အထူးသတိပေးအပ်ပါသည်။
ကောင်းပါပြီ အထက်တွင်ဖော်ပြခဲ့သေား လူမဲများအကြောင်းနှင့် ကုလားများအကြောင်းကို ကောင်းမွန်စွာသိရှိပြီးဖြစ်သည်ဟု မျော်လင့်မိပါသည်။ ဆက်လက်တင်ပြရန်အနည်းငယ်သာကျန်ပါတော့သည်။ အခုလိုစိတ်ရှည်သည်းခံစွာ ဖက်ကြားပေး သူတိုင်းအား ကျွန်တော် အောင်ကျော်မိုး ကျေးဇူးတင်မဆုံးဖြစ်မိပါသည်။နိဂရိုးလူမျိုးများဟု လူဖြူများမှ လူမဲများအား ခေါ် ဝေါ်ခြင်းကို လူမဲများအလွန်စိတ်ဆိုးသည် ဒီလိုခေါ်ဝေါ်နေခြင်းမျိုးကို မကြိုက်ပါ။သို့သော်လည်း လူဖြူများက ခေါ်သည်။ မကြိုက်မှန်သိသည်။ သို့သော်ခေါ်သည်။ အဲဒီလိုဘဲကုလားများဟုခေါ်ဝေါ်ခံနေကြသူများသည် အစ္စလာမ်ဘာသာ ကိုးကွယ် ပြီး မွတ်စလင်ဟု တကမ္ဘာလုံးက အသိအမှတ်ပြုခေါ်ဝေါ်နေကြသော်လည်း မြန်မာပြည်ရှိ စာတက်ပေတက်ပုဂ္ဂိုလ်ကြီးများက ကုလားဟုပင်ခေါ်ဝေါ်နေကြသည်။ ကုလားဟုခေါ်သော် မကြိုက်ပါ၊သို့သော် မကြိုက်မှန်းသိသည် ခေါ်သည်။မည်သို့ပင်ဖြစ် ပါစေ လူတစ်ဦးတစ်ယောက်က မကြိုက်သည်ကို ပြုမူခြင်း၊ ပြေားဆိုခြင်း၊ ပြုလုပ်ခြင်း အစရှိသည်တို့သည် မည်သည့် တရာတော်နှင့်မျှ မကိုက်ညီပါသဖြင့် ဒီစာကိုဖက်ပြီး ပြုပြင်မည်ဆိုပါက များစွာဝမ်းသာမိပါသည်။ အမေရိကန်နိုင်ငံတွင် လူဖြူ/လူမဲ ပြသနာသည် တစ်ဖြေးဖြေးနှင့် လျှော့သွားပြီး လက်ရှိအချိန်တွင် လူမဲဘက်မှ သမ္မတအဆင့်ထိ ဖြစ်ခွင့်ရရှိခဲ့ပြီး မိမိတို့နိုင်ငံမက တစ်ခြားသော နိုင်ငံများအပေါ်သို့ပါလွှမ်းမိုးနိုင်ခဲ့ပြီးဖြစ်သည်။ လက်ရှိ အမေရိကန်သမ္မတ အိုဘားမားသည် လူမဲထဲမှ ပေါက်ဖွားလာသော်လည်း အမေရိကန် တစ်မျိုးသားလုံးက လေးစားကြည်ညိုကြသည်။ အားကိုးကြသည်။ မိမိတို့သည် မိမိတို့နိုင်ငံတွင် လူဖြူ/လူမဲ မခွဲးခြားဘဲ ရှေ့ဆက်သွားမည် မူဝါဒလမ်းစဉ်းများကို မှန်မှန်ကန်ကန် သိမြင်ပြီး ဒီမိုကရေစီ၏ အနှစ်သာရကိုရင်ဝယ်ပိုက်ခါ မိမိတို့၏ တိုတောင်းသော ဘ၀ကို ပေါ့ပေါ့ပါးပါးဖြတ်သန်း နေကြသည်။ထိုကဲ့သို ပင်ကျွုန်ုပ်တို့ နိုင်ငံသည်ပင် အီကဲ့သို့ဖြစ်လာစေချင်သည် ငြိမ်းချမ်းစွာအတူရှင်တွဲနေထိုင်စေချင်သည်။ မိမိတို့ဘ၀မှာ အသက်အိုးအိမ် အတွက် ဘစ၏အာမခံချက်လိုချင်သည်။ မည်သည့်ဘာသာဝင်မဆို ခွဲးခြားဆက်စံခြင်းမပြုဘဲ တစ်ဦးကို တစ်ဦး လူ့ဂုဏ်သိက္ခာရှိခြင်းကို သိရှိပြီး အပြန်အလှန်လေးစားစွာ အတူယှဉ်တွဲနေထိုင်ချင်သည်။ ဖွံဖြိုးတိုးတက်သောနိုင်ငံ တစ်ခုအဖြစ် ရပ်တည်လာနိုင်သည့် အချိန်တွင် မိမိတို့၏ အတူတစ်ကွ ကြိုးစားအားထုတ်မှူကို ပုံဖော်ကာ ကြည်နူးဝမ်း သာရခြင်းဟူသော အရသာကို ခံစားချင်သည်။လက်ရှိအစိုးရတစ်ရပ်သည် နောက်နှစ်ပေါင်းများစွာ ပြည်သူဆန္ဒနှင့်အညီ အုပ်ချုပ်မည်ဆိုပါက များစွာဂုဏ်ပြုဝမ်းသာမိပါသည်။ သို့သော်လည်း လက်ရှိအခြေနေတွင် ဖြစ်ပွားခဲ့သော်ပြသနာများအား တာဝန်ယူရန် အထက်ပါစာကြောင်းများမှာ ဖော်ပြခဲ့ခြင်းဖြစ်သည်။နိုင်ငံတစ်နိုင်ငံဟု မဆိုထားနှင့် မည်သည့်ကိစ္စအသေးအဖွဲး ပင်ဖြစ်နေပါစေ တာဝန်ယူမှု၊ တာဝန်ခံမှုဆိုတာ ရှိစမြဲပင်၊ ဒါကြောင့် နိုင်ငံတော်သမ္မကြီးနှင့် ပြည်သူလူထုတစ်ရပ်လုံးအား ကျွန်တော်၏ အားနည်းချက်ကြောင့် ပုံဖော်ပြေားဆိုနိုင်ခြင်း မရှိသော အကြောင်အရာကိစ္စတစ်ချိုကိ အမေရိကန် နိုင်ငံ၏ လူမဲပြသနာတစ်ရပ်ဖြင့် ပုံဖော်ပြခြင်းဖြစ်ပါသည်။ ဒီစာကိုဖက်နေစဉ်အချိန်အတွင် အောင်ကျော်မိုး၏ ရင်တွင်စိတ်စေတနာ အမှန်ကို သိရှိနိုင်မည်ဟု မျော်လင့်မိပါသည်။တစ်ခါတစ်ရံ လူ့သဘာဝနှင့် အညီ ဒေါးသဖြစ်မှူများကိုလည်း ပွင့်လင်းစွာ ပုံဖော်ပြသလျှက်ရှိပါသည်။သိုသော် အောင်ကျော်မိုး၏ မည်သည့် ပုံဖော်မှူကိုမဆို နိုင်ငံတော်အစိုးရနှင့် ပြည်သူတစ်ရပ်လုံးကို ကောင်းစားစေလိုသော ကြောင့်ဖြစ်သည်ကို မိမိရင်ဝယ်အတွင် မှတ်သားပေးပါရန်တောင်ဆိုအပ်ပါသည်။ ဆက်လက် ရ်ျလည်း တိုင်ပြည်ကောင်းကျိုးအတွက် ဆောင်ရွက်သွားမည်ဟု အဆုံးအဖြတ်ပြုပါသည်။ နိုင်ငံတစ်ဝှမ်း ချစ်ခင် လေးစားစွာဖြင့် နိုင်ငံအကျိုး ပြည်သူ့အကျိုးကို အပြန်အလှန်ဆက်သွယ် ဆောင်ရွက်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း
အောင်ကျော်မိုး
ဗမာ့တိုင်းရင်းသားမွတ်စလင်
E-mail : burmanativemuslim@gmail.com,

Rakhine Nationalities Development Party (RNDP) မှ ၂၀၁၃ ခုနှစ်ပြကဒ္ဒိန်ကိုအသတ်ခံခဲ့ရသော မသီတာထွေး၏ ဓါတ်ပုံကိုသုံးပြီး တတိယအကြိမ် လူမျိုးရေမုန်းတီမှူ့ကို ဖန်တီးဖော်ဆောင်တော့မှာဖြစ်သည့်အတွက် အထက်ပါအမှန် တရား များကို ဖော်ထုတ်ပေးခဲ့ခြင်းဖြစ် သည်။

မေလ ၂၈ရက် ၂၀၁၂ နေက ရခိုင်ပြည်နယ်တွင် မသီတာထွေးဆိုသူ အမျိုးသမီးတစ်ဦး အသတ်ခံရပြီး ပစ္စည်းများလုယူခြင်းခံ ခဲ့ရတယ်လို့ နိုင်ငံတကာသတင်းမီဒီယာများက ဖော်ပြခဲ့ပါတယ်။ အဆိုပါ ကိစ္စအပေါ်အကြောင်းပြုခါ ရခိုင်ပြည်နယ် ဖွံဖြိုးတိုးတက်ရေးပါတီမှ ဦးဆောင်ဥက္ကဌ ဒေါက်တာအေးမောင်က မသီတာထွေးအား မရီမ်းကျင့်ခံရပြီး ပစ္စည်းလုယူခြင်း ခံရတဲ့အပြင်၊ မသီတာထွေးအား သတ်ဖြတ်သွားပါသည်ဟု မတရားသတင်ပေးမှိုင်းတိုက်ခဲ့ပါတယ်။ဒေါက်တာ အေးမောင် နှင့် ရခိုင်ဖွံဖြိုးတိုးတက်ရေးပါတီဝင်များ၏ မရိုးသားမှူ့ကြောင့် ပြည်တွင်းပြည်ပ သတင်းမီဒီယာများမှ သတင်းအရသာခံကာ တစ် စိတ်ကို တစ်အိတ်လုပ်ပြီ မဟုတ်မမှန်သတင်းအမှားများထုတ်လွှင်မှူ့တို့ကြောင့် ရခိုင်ပြည်နယ်အတွင် လူမျိုးရေအဓီကရုဏ်း များဖြစ်ပွားခဲ့ပြီးတစ်ဖက်နဲ့တစ်ဖက် အပြန်အလှန်တိုက်ခိုက်ကြရင်း လူနည်းစုဖြစ်တဲ့ ရိုဟင်ဂျာလူမျိုးများလဲ အမျိုးပြုတ်လုနီး ပါးဖြစ်အောင် အသတ်ခံခဲ့ရပါသည်။ ရိုဟင်ဂျာလူပေါင်းများစွာဟာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်၊ ရိုဟင်ဂျာ မိသားစုတို၏ ဘ၀လုံခြုံရေးကို အာမခံချက်ပေးမည်သူမရှိ၊ သူတို့သည် ရခိုင်လူမျိုးတို့ မည်သည့်နေ့ မည်သည့်အချိန် တွင်လာရောက်သတ် ဖြတ်ကြမည်ကို တွေးပူစိုးရိမ်ထိတ်လန့်နေကြရှာသည်။ယူအင်ကုလသမ္မဂ ကူညီထောက်ပံပေးမှူကြောင့် အခုလို ကန့်လုပ်ပြီး ဆင်းဆင်းရဲးရဲး နေထိုင်လျှက်ရှိပါသည်။အဆိုပါ ရိုဟင်ဂျာလူမျိုးများကို မြန်မာပြည်ရှိ မည်သည့်ပါတီ၊ အဖွဲ့စည်း၊ လူမှု့ရေး အသင်းအဖွဲ့များက သွားရောက်ကူညီခဲ့ပါသနည်း။ဒုက္ခသည်ချင်းတူညီကြသော်လည်း ရခိုင်တိုင်းရင်းသားများအား ကူညီခဲ့ကြ သည်၊ ရိုဟင်ဂျာလူမျိုးများဘက်သွားပြီး ဆရာလုပ်တရားဟောခဲ့ကြသည်။ မတရားသေားလုပ်ရပ်တို့သည် ကျွန်တော်တို့ မြန်မာနိုင်ငံမှ အဖွဲ့စည်းအသီးသီးတွင်ရှိနေကြသည်ကို သတိမူမိသည်။ အဲဒီအတွက်ကြောင့်လည်းများစွာ စိတ်မကောင်းဖြစ်ခဲ့ ရသည်။ ဒါကြောင့်ပြသနာ၏ ဇစ်မြစ်ကိုရှာဖွေကာ ပြည်သူလူထုအတွင်း တင်ပြအပ်ပါသည်။
(၁)မသီတာထွေးအသတ်ခံရမှူ့အပေါ် လူသတ်တရားခံများအား ထိရောက်စွာ အရေးယူရမည်။ဥပဒေရှိသည် သို့သော်ယင်း ဥပဒေကို မည်သူမျှမလိုင်နာကြ။
(၂)မသီတာထွေးအသတ်ခံရမှူ့အပေါ် တောင်ကုပ်တွင် လူသုံးရာကျော်မှ လူဆယ်ဦးအား မတရားသဖြင့်ရိုင်သတ်လိုက်ခြင်း (ထက်မံရ်ျဥပဒေကိုချိုးဖောက်ခြင်း)
(၃)နိုင်ငံတော်ပိုင်သတင်းစာနှင့် အသံလွှင့်ဌာနများမှ လည်းကောင်းလူဆယ်ဦးအသတ်ခံရခြင်းအပေါ် သတင်းကြေငှာချက် မှာ ကုလားဆယ်ဦးသတ်ဖြတ်ခံရခြင်းလို့ မတရားသဖြင့် ကြေငှာပြီး မွတ်စလင်လူထုကြားတွင် ဒေါသပုံထအောင်သွေးထိုးလှုံ စော်ခြင်း။
(၅)သတင်း မီဒီယာများအား လှိုဝှက်ခေါ်ယူရ်ျ ဂျာနယ်မျက်နှာဖုံးတွင် ကုလားများကျူးကြော် တိုက်နေသော်ဓါတ်ပုံသာ တင်ရမည်။ ရခိုင်တိုင်းရင်းသားများ အရိုက်ခံ၊ အသတ်ခံ၊ အနှိမ်ခံရခြင်း ဟူသေားပုံစံမျိုးကို တင်ရမည်ဟု အကွက်ချ ဖန်တီးခဲ့ခြင်း။
(၆)ရခိုင်ပြည်နယ်အတွင်း နိုင်ငံတော်အစိုးရမှ RNDP ပါတီအား ရိုဟင်ဂျာလူမျိုးများကို သုတ်သင်ရှင်းလင်းရာတွင် အာဏာကုန်လွှဲးအပ်ကာ သမ္မတဦးသိန်းစိန်မှ တိုင်းပြည်ကိုမသိချင်ယောင်ဆောင်နေခြင်း။
(၇)ထိုစဉ်က ဒေါ်အောင်ဆန်းစုကြည် ပြည်ပခရီးစဉ်သွားဖို့ပြင်ဆင်နေသည့်အချိန် နိုင်ငံတော်အစိုးရမှ လည်းကောင်းခရီး စဉ်ကို မည်သို့မျှ မထွက်ဖြစ်အောင် မွှေနှောက်တားဆီးခြင်း။ အဲဒီလိုတားစီးတဲ့အေပေါ် ရိုဟင်ဂျာလူမျိုးများဟာ ခုတုံးလုပ်ခံ လိုက်ရခြင်း။
(၈)ဒေါ်အောင်ဆန်းစုကြည် ပြင်ပခရီးစဉ်ရောက်နေသည့် မှ ဒေါ်အောင်ဆန်းစုကြည်အား ပြည်တွင်သို့ ပြန်မ၀င်လာအောင် နိုင်ငံတော်အစိုးရမှ အာဏာသိမ်သိမ်းလိုသော်အားဖြင့် တစ်နိုင်ငံလုံး ဆန္ဒပြပွဲ မဖြစ်ဖြစ်အောင် ဖန်တီးခဲ့ခြင်း။ လည်းကောင်း သည် ရန်ကုန်မြို့ အထိတိုင်အောင် စာရွက်စာတမ်းများဖြန့်ဝေခြင်းတို့ကို လုပ်ဆောင်ခဲ့ပြီး မြောက်ဥက္ကလာမှ လျှက်စစ်ပစ္စည်းဆိုင်တစ်ခုလုံးကို ကြံခိုင်ရေးပါတီဝင်များအား သွားရောက်ရိုက်ကွဲးပျက်ဆီးခိုင်ခြင်း။
(၉)မသီတာထွေးအား မရိမ်းကျင့်တဲ့သူများဟု စွတ်စွဲကာ အပြစ်မဲ့သော ရိုဟင်ဂျာကလေးနှစ်ယောက်အား ချက်ချင်းသေဒဏ်ပေးခဲ့ခြင်း။ လည်းကောင်ကိစ္စသည် အဓိက အဆိုးရတစ်ရပ်အနေဖြင့် ဖြေရှင်းပေးရမည့်ကိစ္စပင်ဖြစ်သည်။
(၁၀)စတင်အဖမ်းခံရသူ ကလေးသုံးဦးအနက်မှ ပထမတစ်ဦးအား ထောင်ထဲတွင် မိမိကိုယ်ကိုမိမိ လုပ်ကြံသတ်ဖြတ်ခဲ့ပါ သည်ဟု စွတ်စွဲးပြေားဆိုကာ ထောင်ထဲတွင်ပင် ချက်ချင်းသတ်ဖြတ်လိုက်ခြင်း။ အဘယ်ကြောင့် ထောင်းထဲးတွင် မိမိကိုယ်မိမိ သတ်ဖြတ်နိုင်စွမ်းရှိမည်နည်း။
(၁၁)အဆိုပါကိစ္စတစ်ခုချင်းစီတိုင်းကို ဘာမှမသိသလို သမ္မတဦးသိန်းစိန်မှ ပြုမူဆောင်ရွက်နေခြင်းသည်။ ရခိုင်တိုင်းရင်းသားများနှင့် ရိုဟင်ဂျာလူမျိုးများအား ရေရှည်ပြသနာများ ဖန်တီးလိုသော်စိတ်ဆန္ဒတစ်ခုဖြစ်ကြောင် ထင်ရှား နေခြင်းနှင့် နိုင်ငံတော်ကို အာဏာပြန်လည်းသိမ်းချင်တဲ့အချိန် ပြန်သိမ်းလို့ရအောင် ဖန်တီဖော်ဆောင်ပေးထား ခြင်းဖြစ် ပါသည်။
အထက်တွင်တင်ပြခဲ့သော ကိစ္စရပ်တိုင်းသည် အမှန်တရားများသာ ဖြစ်ကြောင်း အောင်ကျော်မိုးမှ အပြည့်အ၀အာမခံပါ သည်။လိုအပ်သော အထောက်အထားများရှိပါသဖြင့် မည်သူမဆို ဆက်သွယ်မေးမြန်နိုင်ရန် အီမေလ်းလိမ်စာထည့်ထားပေပါ သည်။ဆက်လက်ရ်ျတင်ပြပါမည်။အထက်ဖော်ပြပါကိစ္စရပ်တိုင်းသည် အောင်ကျော်မိုး အဓိကပြေားလိုသော အကြောင်းအရာ များမဟုတ်ပါ။ဘာကြောင့်ပြေားခဲ့ရသည် ဆိုသည်အချက်ကို အောက်တွင်ဖက်ကြားစေချင်သည်။
Rakhine Nationalities Development Party (RNDP) မှ ၂၀၁၃ ခုနှစ်ပြကဒ္ဒိန်ကိုအသတ်ခံခဲ့ရသော မသီတာထွေး၏ ဓါတ်ပုံကိုသုံးပြီး တတိယအကြိမ် လူမျိုးရေမုန်းတီမှူ့ကို ဖန်တီးဖော်ဆောင်တော့မှာဖြစ်သည့်အတွက် အထက်ပါအမှန် တရား များကို ဖော်ထုတ်ပေးခဲ့ခြင်းဖြစ် သည်။
ကျွန်တော်တို့သည် ဆက်လက်ရ်ျမည်သည့် ပြသနာများမဖြစ်စေလိုပါ။နိုင်ငံတော်သမ္မကြီး ဦးသိန်စိန်အနေဖြင့် သိက္ခာရှိသော လူတစ်ဦးပီသခဲ့မယ်ဆိုရင် အထက်ပါကိစ္စနဲ့ပသတ်ပြီး ကန်ကွက်ပေးပါရန်နှင့် နိုင်ငံတော်ရှိငြိမ်းချမ်းရေးကို လိုလားသော ပြည်သူတစ်ရပ်လုံးက ၀ိုင်းဝန်းဖြေရှင်းပေးပါရန်အသိပေးတင်ပြအပ်ပါသည်။ အထက်ပါကစ္စအား ကန်ကွက်မည့်သူမရှိလို့ ပြစ်တင်ရှုံချမည့်သူမရှိလို့၊ ဝေဖန်မည့်သူမရှိလို့၊ ဘားမှမလုပ်ခဲ့ဘူးဆိုခဲ့ရင် တန်ပြန်သဘေားဖြင့် အပြစ်မဲ့သော မွတ်စလင်ဆယ်ဦးအား ရက်ရက်စက်စက်အသတ်ခံခဲ့ရသော ဓါတ်ပုံကို ၂၀၁၃ ခုနှစ် ပြကဒ္ဒိန်အဖြစ်ထုတ်ကာ တစ်ကမ္ဘာလုံးပြန်နှံအောင်ဖြန်ဝေသွားနိုင်သည်ကို ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဌဦးအေးမောင်အား သတိပေးလိုက်သည်။ မိမိတို့အနေဖြင့် သမိုင်းကောင်းကောင်းတစ်ခုကို ပြန်လည်ရေးသားဖို့ အချိန်ရှိသေတယ်ဆိုသည်ကို လည်းထက်မံရ်ျ သတိပေးလိုက်သည်။
အောင်ကျော်မိုး
ဗမာ့တိုင်းရင်းသားမွတ်စလင်
E-mail : burmanativemuslim@gmail.com