Friday, 8 February 2013

دعاء تقشعر له الأبدان وتدمع له العيون للقارئ محمود حجازى

ဗိုလ်ချုပ်အောင်ဆန်း၏ ပင်ကိုယ်သဘာဝစရိုက်

ဆောင်းပါးရှင် – ဗိုလ်ထွန်းလှ (တက္ကသိုလ်နေ၀င်း)

၁၉၄၆ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့က ဗိုလ်ချုပ်အောင်ဆန်းသည် ဗြိတိသျှဘုရင်ခံထံမှ အစိုးရအဖွဲ့အာဏာကို လွှဲပြောင်းလက်ခံ ယူပြီးနောက် ရန်ကုန်မြို့  ဗိုလ်အောင်ကျော်လမ်းရှိ အတွင်းဝန်ရုံး (ယခုဝန်ကြီးများရုံး) သို့ နေ့စဉ် ရုံးတက်ခဲ့ရပါသည်။
သူ၏ရာထူး (တရားဝင် အခေါ်အဝေါ်) မှာ ဘုရင်ခံ၏ အမှုဆောင်ကောင်စီ ဒုတိယ ဥက္ကဌသာ ဖြစ်ပါသည်။ ဥက္ကဌက ဘုရင်ခံဖြစ်သော်လည်း အစည်းအဝေးလုပ်လျှင် ဘုရင်ခံ မတက်ပါ။ ဒုတိယ ဥက္ကဌဖြစ်သူ ဗိုလ်ချုပ်ကပင် သဘာပတိ အဖြစ် ဦးဆောင် စည်းဝေးရပါ သည်။ လွတ်လပ်ရေး မရသေးခင် ကာလဖြစ်၍ “ဘုရင်ခံ အမှုဆောင် ကောင်စီ” ဟု ခေါ်သော်လည်း စင်စစ်အားဖြင့် အစိုးရအဖွဲ့ (ကက်ဘိနက်)ပင် ဖြစ်ပါသည်။ ဗိုလ်ချုပ်၏ တာဝန်က ၀န်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီး အဖြစ် ၀န်ကြီးဌာနသုံးခုကို တာဝန်ယူရသဖြင့် အလွန်အလုပ်များလှပါသည်။

ပြည်ထောင်စုနေ.အမှတ်တရ

ပြည်ထောင်စုနေ.အမှတ်တရ ဗိုလ်ချုပ်အောင်ဆန်းကိုဇရပ်ထဲမှာ ဧည့်ခံခဲ့တဲ့ မိတ္ထီလာခရိုင်ဝန်(ပကာသန မကြိုက်တဲ့ဗိုလ်ချုပ်အောင် ဆန်း၊ခုခေတ်ခေါင်းဆောင်တွေနဲ. ဘာလို.ဒီလောက်တောင် ကွာနေရတာလဲ?)၁၉၄ရ ဖေဖော်ဝါရီ ၁၂ ရက်နေ.တွင် ပင်လုံစာချုပ် ချုပ်ဆိုပြီးနောက် ဗိုလ်ချုပ်အောင်ဆန်းသည်ရန်ကုန်သို.ပြန်လာပြီး ဧပြီလတွင်ကျင်းပမည့်တိုင်းပြု.ပြည်ပြု.

ဒေါက်တာမြင့်သိန်း၏ မေတ္တာရပ်ခံပန်ကြားချက်

Thursday, 7 February 2013

မြန်မာပြည်က လူမျိုးရေး အကြမ်းဖက်မှုများအပေါ် ကမ္ဘာ ဗုဒ္ဓဘာသာ ခေါင်းဆောင်များရဲ့ တုံ့ပြန်မှု့

“ကမ္ဘာ့နိုင်ငံ အသီးသီးက ဗုဒ္ဓဘာသာ အကြီးအကဲများဖြစ်တဲ့ မိမိတို့အနေနဲ့ လက်ရှိမြန်မာပြည်သူတွေ ရင်ဆိုင်နေရတဲ့ ပဋိပက္ခပြဿနာများအတွက် စာနာမှုနဲ့ အတူ မေတ္တာ ပို့သလိုက်ပါတယ်။”
မိမိတို့အနေနဲ့လက်ရှိ မြန်မာနိုင်ငံဟာ ကောင်းမြတ်တဲ့ နိုင်ငံရေးအပြောင်းအလဲတွေ ဆက်တိုက် သိသိသာသာ ဖြစ်ပေါ်တိုးတက်နေတာနဲ့အတူ ရခိုင်ပြည်နယ်က အစ္စလာမ် ဘာသာဝင်တွေရဲ့ ဖြစ်ပွားနေတဲ့ လူမျိုးရေးပဋိပက္ခတွေ အကြမ်းဖက်မှုတွေကို ၀မ်းနည်းစွာတွေ့မြင်နေရပါတယ်။
မိမိတို့အနေနဲ့ ပြည်သူများဟာခေတ် အဆက်ဆက် အလွန်သန့်စင်မွန်မြတ်တဲ့ ဗုဒ္ဓတရားဓမ္မကို လေးလေးနက်နက် ကျင့်သုံးလိုက်နာနေထိုင်ခဲ့ကြတဲ့ ဂုဏ်သိက္ခာမြင့်မားတဲ့ လူမျိုးများ ဖြစ်တယ်ဆိုတာ ကောင်းစွာသိရှိကြပါတယ်။
ဒါကြောင့် မြတ်စွာဘုရားရဲ့ အဓိကအကျဆုံးတရားတော်များဖြစ်တဲ့ အကြမ်းမဖက်ခြင်း၊ အပြန်အလှန်လေးစားခြင်း စတဲ့ တရာတော်များအတိုင်း ကျင့်သုံး လိုက်နာခြင်းဖြင့် မြန်မာပြည်သားများ ကောင်းကျိုးချမ်းသာ ရနိုင်ကြပါစေလို့ မိမိတို့က အလေးအနက် ဆန္ဒပြုလိုက်ပါတယ်။

သမိုင်းဟူသည် ဤသို့တည်-၄ [မင်းကြီးအသောက နှင့် ယောနက-အာဖဂန် နှင့် အစ္စလာမ်- အာဖဂန်မင်းနှင့် ဗုဒ္ဓဘာသာ]

 ယခုဆောင်းပါးမှာ အစ္စလာမ်သာသနာ နှင့်ပတ်သတ်ပြီး သမိုင်းအလွဲများစွာ ထည့်သွင်းေ၇းသားထားတဲ့ ဗုဒ္ဓဘာသာမြစ်ဖျား နှင့် သမိုင်းရှုထောင့် မူ၇င်းစာအုပ်လင်ခ့် စာအုပ်ကိုဤ ကျမ်းငယ်ပြုစုသူ ရဲရင့်သစ္စာမှ သမိုင်းအမှန်များ ဖြင့် ပြန်လည်ဖြေရှင်းရေးသားသာ စာအုပ်မှ အခန်းဆက်ဖော်ပြချက်ဖြစ်ပါသည်။
တဆက်ထဲမှာ ယခု ရက်ပိုင်းအတွင်း News Watch ဂျာနယ်တွင် သမိုင်းဆိုင်ရာ အချက်အလက် အမှားများစွာနှင့် အစ္စလာမ်သာသနာအား တဖက်သက်တိုက်ခိုက် ရေးသားထားသည့် ရေးသားသူ သရ၀ဏ် (ပြည်) ဆိုသူရဲ့ အာဖဂန်နစ္စတန်တွင် ဗုဒ္ဓဘာသာပျောက်ကွယ်သွားခြင်းအကြောင်း -  ပါ အကြောင်းအရာများကို ယှဉ်တွဲဖတ်ရှု့ကြပါရန်။

သမိုင်းဟူသည် ဤသို့တည် အပိုင်း-၁ (စကားပလ္လင်-အိန္ဒိယ နှင့် အာရပ်မွတ်စ်လင်မ်)

 စကားပလ္လင်
၂၀၁၂ ခုနှစ် မြန်မာနိုင်ငံမှာ“ဗုဒ္ဓဘာသာမြစ်ဖျား နှင့် သမိုင်းရှုထောင့်” လို့ အမည်ရတဲ့ စာအုပ်တစ်အုပ်ထွက်ရှိခဲ့ပါပြီ။ အဲဒီစာအုပ်ကိုရေးသားတဲ့ပုဂ္ဂိုလ်ဟာ ဗုဒ္ဓဘာသာ ရဟန်းတစ်ပါး ဖြစ်ပါတယ်။ ဆရာတော်ရဲ့ဘွဲ့အမည် ကတော့ ဘဒ္ဒန္တ ကောသလ္လ (စံပြ ၊ ကမ္ဘာအေး) ပါ။ ဆရာတော် ကတော့ အဲဒီစာအုပ်ကိုသမိုင်း စာအုပ် လို့ဆိုထားပါတယ်။ စာအုပ်မျက်နှာဖုံးမှာကို “သမိုင်းရေးတာ မအအောင် လို့ပါ” လို့ရေးထားပြီး သမိုင်းစာအုပ်ကြီး ဖြစ်ကြောင်းဖော်ကျူးထားပါတယ်။

Wednesday, 6 February 2013

X2Oဗုံးပေါက်မှု စွပ်စွဲခံရသူ ကိုဖြိုးဝေအောင် အပြစ် မရှိသူဖြစ်ကြောင်း မှတ်တမ်း အပြည့်အစုံ

Press Conference X2O-Case Explanation by Mmedia_Doc

စာပေ ဟောပြောပွဲ ၂၀၀၉ မလေးရှား ဆရာ နေ၀င်းမြင့် 1

2012.10.07 Burmese Literature Talk Show in Mahachai - စာပေ ဟောပြောပွဲ

စာဖတ်စေချင်လိုက်တာ - ဆရာညီမင်းညို

ဆရာချစ်ဦးညို - စာပေဟောပြောပွဲ

ဧရာဝတီစာပေဟောပြောပွဲ(၈)

ဧရာဝတီစာပေဟောပြောပွဲ(၇)

ဧရာဝတီစာပေဟောပြောပွဲ(၆)