Wednesday, 6 February 2013

ဧရာဝတီစာပေဟောပြောပွဲ(၅)

ဧရာဝတီစာပေဟောပြောပွဲ(၄)

ဧရာဝတီစာပေဟောပြောပွဲ(၃)

ဧရာဝတီစာပေဟောပြောပွဲ(၂)

ဧရာဝတီစာပေဟောပြောပွဲ(၁)

ဆရာမောင်စိန်ဝင်း(ပုတီးကုန်း) - Videoclip 1


ကိုမင်းကိုနိုင်စာပေဟေားပြေားပွဲ


တို့ဗမာအစည်းအရုံးခေတ်က သခင်အောင်ဆန်း


သခင်တင်မောင် (ကျုံးမငေး)
(ဤဆောင်းပါးရှင် သခင်တင်မောင် (ကျုံးမငေး)မှာ ဗိုလ်ချုပ်အောင်ဆန်းကို ဆုငွေ ၅ိ ထုတ်စဉ်က ဗိုလ်ချုပ်နှင့်အတူ တရားဟောခဲ့သူ ဖြစ်သည်။)
 ဗိုလ်ချုပ်အောင်ဆန်း အထွဋ်အထိပ် ရောက်လာပြီးနောက်၊ ဗိုလ်ချုပ်အောင်ဆန်းအကြောင်းကို တတိုင်းပြည်လုံး သိပြီးဖြစ်သော်လည်း၊ အထိဋ်အထိပ် မရောက်မီ အညတြ သခင်အောင်ဆန်းဘဝက အကြောင်းများကို သိသူ အလွန်နည်းပါးပေမည်။ သို့ကြောင့် တို့ဗမာအစည်းအရုံးခေတ် သခင်ဘဝနှင့်သခင်အောင်ဆန်း၏မမေ့နိုင်ဘွယ်ရာအကြောင်းကလေးများကို ရေးလိုပေသည်
၁၃၀၀ ပြည့်နှစ်တုံးက။
 ၁၃၀၀ ပြည့်နှစ် အရေးတော်ပုံအတွင်း မော်လမြိုင်ညီလာခံအတွက် တို့ဗမာသခင်အပေါင်းတို့ ကိုယ့်တာဝန်နှင့်ကိုယ် အလုပ်များနေကြစဉ်၊ ကျွန်တော်မှာလည်း သခင်အောင်ဆန်း၏ သံကြိုးရိုက်ခေါ်မှုကြောင့် ရန်ကုန် ဋ္ဌာနချုပ်သို့ ရောက်ခဲ့ရပေသည်။ သခင်အောင်ဆန်းနှင့် ပဌမအကြိမ် တွေ့ဆုံရခြင်း ဖြစ်ပါသည်။

Myawaddy MinGyi Sayadaw


ရခိုင်နှင့် ရိုဟင်ဂျာ သမိုင်းဆိုင်ရာ ဆွေးနွေးပွဲကို ရခိုင်ပညာရှင်များ စိုးရိမ်နေသလား

by Aung Tin on Wednesday, January 9, 2013
၁။ ဒေါက်တာဦးအေးချမ်းက ရိုဟင်ဂျာနှင့် ပတ်သက်ပြီး အချိန်မရွေး နေရာမရွေး မည်သူနှင့် မဆို ဆွေးနွေးနိုင်တယ်လို့ လူသိရှင်ကြား ပြောကြားခဲ့သူဖြစ်တယ်။ သို့သော် ဆရာဦးအေးချမ်းက ကမ္ဘာသိ ပညာရှင်နှစ်ဦးဖြစ်တဲ့ Dr. Abid Bahar နှင့် Dr. Habib Sidiqui တို့ရဲ့ တန်ပြန်စိန်ခေါ်ချက်ကို ပထမပိုင်းက လက်ခံခဲ့ပြီး နောက်မှ အကြောင်းပြ ရှောင်လွှဲခဲ့တယ်။ ဂျပန်မှာ ဂျပန်ပညာရှင် တစ်ဦးရဲ့ ဆွေးနွေးပွဲမှ ရှောင်ထွက်ခဲ့သူတစ်ဦးလည်းဖြစ်တယ်။ အခု ဦးဌေးလွင်ဦးရဲ့ စိန်ခေါ်ချက်ကိုလည်း ပထမပိုင်းက လက်ခံခဲ့ပြီး နောက် တန်းမတူဘူးဆိုပြီး နောက်ကဝိုင်းလှော်နေသံတွေ ကြားရပြန်တယ်။ တန်းတူရင်လဲ အကြောင်းပြ၊ တန်းမတူရင်လဲ အကြောင်းပြ ရှောင်လွှဲနေမယ်ဆိုရင် ဘယ်သူနှင့် ဘယ်နေရာ မှာဆို ဆွေးနွေးနိုင်တယ်ဆိုတဲ့စကားကို ပြန်ရုပ်သိမ်းသင့်ပါတယ်။ ဆရာဦးအေးချမ်း အနေနှင့် ဘယ်တော့မှ ဆွေးနွေးနိုင်မယ် မထင်ပါဘူး။

Tuesday, 5 February 2013

သန်လျင်မြို့ နေဇာမွလ် အစ္စလာမ်ကျောင်းကြီး နှစ် (၁၀၀) ပြည့် အခမ်းနား ကျင်းပခဲ့


သန်လျင်မြို့ နေဇာမွလ် အစ္စလာမ်ကျောင်းကြီး  ရာပြည့် အထိမ်းအမှတ် အခမ်းအနားတစ်ခုကို ငယ်စဉ်က ပညာ ဆည်းပူး သင်ယူခဲ့ကြသောကျာင်းသူကျောင်း သားဟောင်း များက  ၂၀၁၂နှစ် ကုန်ပိုင်းက စည်ကားသိုက် မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။နေဇာမွလ် အစ္စလာမ်ကျောင်း ၏ကျာင်း သူကျောင်းသားဟောင်းများ ဦးစီးသော ၁၉၁၂-၂၀၁၂ နှစ် (၁၀၀) ပြည့် အထိမ်းအမှတ် အခမ်းအနားကို ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာ ၂၃ရက်နေ့က နံနက် ၈း၃၀ မှ ၁၂း၀၀ နာရီအထိ သန်လျင်မြို့ လမ်းမတော်လမ်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ အာလင်မ်သာသနာ့ပညာရှင်များ၊ ဘာသာရေးအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ၊

Monday, 4 February 2013

စဉ်းစားကြပါအုန်း ကုလားမုန်းတီးရေးက ခင်ဗျားတို့အတွက် အောင်မြင်ခြင်းလား

အားလုံးကိုယ်စိတ်နှစ်ဖြာ ချမ်းသာရွှင်လန်းကြပါစေလို ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။ ယနေ့ မျက်မှောက်ခေတ်ကာလသည် အစ္စလာမ်ဘာသာဝင် ဗမာမွတ်စလင်နှင့် အစ္စလာမ်ဘာသာကိုးကွယ်သော တိုင်းရင်းသားများအား မြန်မာနိုင်ငံတွင် အမျိုးမျိုးဖိနှိမ့်ရန်ကြိုးပမ်းဆောင်ရွက်နေသော လူ့အဖွဲ့အစည်း အသီး သီပေါ်ပေါက်လာနေသည်ကို ကျွန်တောာ်တို့မျက်ဝါးထင်ထင်တွေ့မြင်ရမည်ဖြစ်ပါသည်။ ထိုသို့လူ့ အဖွဲ့အစည်းအသီးသီးမှ ယခုလို့ဘာသာရေးအရလည်းကောင်း၊ စီပွားရေးအရလည်းကောင်း၊ လူမှု့ပတ်ဝန်း ကျင်အရလည်းကောင်း၊ အစ္စလာမ်ဘာသာဝင်များအပေါ်တွင် ဖိနှိမ့်ခံလူတန်းစားတစ်ရပ်အဖြစ်သို့ တွန်းပို့ နေသည်ကို မည်သည့်လူအဖွဲ့အစည်း မည်သည့်အစိုးရ တစ်ဦးတစ်ယောက်ကမှ ပါဝင်ဖြေ ရှင်ပေးနိုင်ခြင်း မရှိခဲ့ပါ။ အီကိစ္စအပေါ်၎င်းတို့သည် မည်သည့်တစ်စုံတစ်ရာကူညီခဲ့သည်ကို မတွေ့ခဲ့ရသည့်အပြင် ထက်လောင်းရ်ျ မြှောက်ပင့် သွေးထိုးလှုံဆော်ပေးနေသည်ကိုပင် တွေ့မြင်ခဲ့ရပါသည်။ မည်သည့်အ တွက်ကြောင့်ဒီလိုဖြစ်ကြပါသနည်း။မြန်မာနိုင်ငံ၏ ဖွံဖြိုးတိုးတက်မှု့သည် ကုလားမုန်းတီရေးလှုပ် ရှားဆောင် ရွက်မှုမှာပင်ရှိနေပါသလေား။နိုင်ငံတစ်နိုင်သည် လူမျိုးတစ်မျိုးကို မလိုလားသည့်အတွက် တစ်မျိုးလုံး ကို မောင်ထုတ်ရ်ျပင်ရပါသလား။မည်သည့်ခေတ်၊ မည်သည့်အချိန်၊ မည်သည့်နေရာတွင် တွေ့ရှိခဲ့ဖူး ပါသလဲ။ နိုင်ငံတစ်နိုင်ငံသည် လူမျိုးတစ်မျိုး ဘာသာတစ်ခုတည်းနေထိုင်ရ်ျရမည်လေား။ မိမိတို့သည် သမိုင်းကြောင့်အရ ကွယ်ပျောက်ခဲ့သေား လူအခွင့်အရေးနဲ့ ကိုယ်ပိုင်ပြထမ်းခွင့်တွေကို ရရှိဖို့ မကြိုးစားဘဲး၊ မိမိနိုင်ငံမိမိလူမျိုးကို တိုးတက်ဖွံဖြိုးအောင်မလုပ်ဘဲ အဘယ်ကြောင့်လူမျိုးရေး၊ ဘာသာရေးအဓိက ရုဏ်းတွေဖြစ်ပွားအောင် ဖန်တီးလုပ်ဆောင်နေကြသနည်း။စဉ်းစားကြပါကုန်။ ကုလားမုန်းတီရေးလှုပ်ရှားမှု့ က မိမိတို့အတွက် အောင်မြင်ခြင်းလား။အဲလိုတာဆိုခဲ့ရင် အသိတရားခေါင်းပါးပြီ လူ့အကျင့်စရိုက်ပျောက် ကွယ်သွားသော လူမျိုးစုတစ်စုအဖြစ် သမိုင်းမော်ကွန်းတင်လောက်တဲ့အထိ ရာဇ၀င်ရိုင်းသွားပါလိမ့် မည်။ဗမာမွတ်စလင်ဆိုသူတွေကကော မိမိတို့အပေါ်ဘာများနစ်နာအောင် လုပ်ဆောင်နေကြပါသ လဲ။   မြန်မာတစ် မျိုးသားလုံး သတိရရင်ပြန်စဉ်းစားကြည့်ပါ၊ ခေတ်အဆက်ဆက်က တိုင်းပြည်ရဲ့အကျိုး စီးပွားကိုဘဲ အလို့ရှိရ်ျ မိမိတို့သည် သမိုင်းကြောင်းအရ သိက္ခာရှိစွာရပ်တည်ခဲ့ကြသည်ကို တစ်ခေါက်လောက်စဉ်းစားဖူးသည်ရှိအောင် ပြန်စဉ်းစားကြ။ ပြီးရင်မိမိတို့မျိုးဆက်တွေကို ပြန်ရှင်းပြခဲ့ပါ ထာဝရလောင်မဲ့မီးကိုမိမိတို့ခေတ်မှာအသေအချာငြှိမ်းခဲ့ပါ။  နောက်ထက်မျိုးဆက်တွေကိုပါ လှောင် ကျွမ်းစေမယ်ဆိုရင်တော့ ဒီနိုင်ငံ၊ ဒီလူမျိုးမှာ ဘယ်တော့မှ တိုးတက်ကြီးပွားချမ်းသာရာလမ်းစ ရှာတွေ့ မယ်လို့ မမျော်လင့်ပါနဲ့တော့ဗျာ။ တိုင်းပြည်တစ်ခုရဲ့ တိုးတက်ကြီးပွားချမ်းသာခြင်းဆိုတာ နိုင်ငံသူ၊နိုင်ငံသားတွေရဲ့ ချစ်ခင်စွာနေထိုင်မှု့၊ စည်းလုံးညီညွတ်ခြင်းရှိမှူ့၊ နိုင်ငံတော်တိုးတက်ရေးကို တည်ဆောက်တဲ့အခါမှာ အားလုံးပါဝင် ဆောင်ရွက်နိုင်မှု့၊ လူမျိုး၊ ဘာသာ၊ မခွဲးခြားဘဲ တစ်ဦးကိုတစ်ဦး အပြန်အလှန်နား လည်မှု့တွေဟာ တိုင်းပြည်တည်ဆောက်တဲ့အခါမှာ ပါဝင်တဲ့အချက်တွေဘဲ။ မိမိဟာဒီအချက်တွေကို လှစ်လျှူရှူ့ထားမယ်ဆိုရင် တိုင်းပြည်ကို ဘယ်တော့မှတိုးတက်ကြီးပွားအောင် တည်ဆောက်နိုင်မှာ မဟုတ်ဘူး၊ ဒါကြောင့် မြန်မာပြည်သူလူထုတစ်ရပ်လုံးကို အဓိအားဖြင့် ပြေားလိုတာက ဘယ်သူပြေားတာကိုမှ နာမယောင်ပါနဲ့ ဘယ်သူလုပ်တာကိုမှ အထင်ကြီးပြီးလိုက်မလုပ်ပါနဲ့ မိမိတို့၏ ဘာသာတရားအသီးသီးက ဆိုဆုံးမမှူ့တွေကိုသာ မှတ်သားပါ၊ ဘာသာတရားရဲ့သွန်သင်မှု့တွေဟာ မိမိတို့ဘ၀အတွက် စံနမူနာဖြစ်တယ်။အဲဒါမှလွဲးပြီး မည်သူကမှ စံပြမဟုတ်ဘူးဆိုတာကို သိစေချင်ပါတယ်။ လူတိုင်းဟာ မိမိစိတ်အတွင်းမှာ ဖြစ်ပေါ်တာတွေကိုရှောက်ပြေားကြတဲ့အခါ အမှားတွေနဲ့ရင်ဆိုင်ကြရပါ တယ်။ မကောင်းတဲ့စိတ်ဟာ အခြားလူတွေကို ကူစက်သွားတဲ့အခါ အဲဒီကူးစက်မှု့ကနေ ရှင်းလို့မရတဲ့ပြသနာတွေဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် မိမိတို့ညီအစ်ကိုမောင်နှမအချင်းချင်း သွေးကွဲးနေ တာတွေကို ပြန်လည်စုစည်းကြပါဆိုလို့ ဆော်သြရင်း တိုင်းပြည်အကျိုး၊နိုင်ငံအကျိုးစီးပွားတွေကို ဒီထက်မက ရှာဖွေစုဆောင်းနိုင်ပါစေလို့ပြေားကြားလိုက်ပါတယ်။ ၀ါဒဖြန့်သမားတွေလည်း အမြန်ဆုံးတရား လမ်းကြောင်းအပေါ်သို့ ရောက်လာနိုင်ပါစေလို့ ဆုတောင်မေတ္တာပို့သအပ်ပါတယ်။    အောင်ကျော်မိုး ဗမာ့တိုင်းရင်းသားမွတ်စလင်

အားလုံးကိုယ်စိတ်နှစ်ဖြာ ချမ်းသာရွှင်လန်းကြပါစေလို ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။ ယနေ့ မျက်မှောက်ခေတ်ကာ လသည် အစ္စလာမ်ဘာသာဝင် ဗမာမွတ်စလင်နှင့် အစ္စလာမ်ဘာသာ ကိုးကွယ်သော တိုင်းရင်းသားများအား မြန်မာနိုင်ငံတွင် အမျိုးမျိုးဖိနှိမ့် ရန်ကြိုးပမ်းဆောင်ရွက်နေသော လူ့အဖွဲ့အစည်း အသီး သီပေါ်ပေါက်လာနေသည်ကို ကျွန်တောာ်တို့မျက်ဝါးထင်ထင်တွေ့မြင် ရမည်ဖြစ်ပါသည်။ ထိုသို့လူ့ အဖွဲ့အစည်းအသီးသီးမှ ယခုလို့ဘာ သာရေးအရလည်းကောင်း၊ စီပွားရေးအရလည်းကောင်း၊ လူမှု့ပတ်ဝန်း ကျင်အရလည်းကောင်း၊

Thursday, 31 January 2013

د وقار الدين على الجزيرة عن منحة الروهينجا



မြန်မာနိုင်ငံမှာ လူမျိုးကြီးလို့ ဖြစ်တည်နေတဲ့ ဗမာတွေဟာ လူရိုင်းတွေ မဟုတ်ပါ။


မြန်မာနိုင်ငံမှာ လူမျိုးကြီးလို့ ဖြစ်တည်နေတဲ့ ဗမာတွေဟာ လူရိုင်းတွေ မဟုတ်ပါ။ ယုတ်မာသူတွေ မဟုတ်ပါ။ ကောက်ကျစ်နေသူတွေ မဟုတ်ပါ။ သို့သော်---


ဒီလူမျိုးစုကြီး တစ်ခုလုံးရဲ့ အနာဂါတ်က ကြီးမားတဲ့ ချောက်ကမ်းပါးနက်ထဲကို ထိုးဆင်းနေပါပြီ။ ဒါဟာ ခေါင်း ဆောင်ပိုင်းက အတွင်းစိတ်မှာ သိမ်ငယ်မှုနဲ့ မိမိကိုယ်မိမိ မယုံကြည်မှုများ ကပ်ညိနေခြင်းကြောင့် ဖြစ်ပါတယ်။ သိမ်ငယ်မှု ကပ်ညိရခြင်း အကြောင်းက အရှိကို အရှိအတိုင်း လက်မခံရဲတဲ့ သတ္တိကြောင်မှုကြောင့်သာ ဖြစ်နေ ပါတယ်။ သတ္တိကြောင်သူ တွေဟာ အရှိကို အရှိအတိုင်း လက်မခံရဲဘူး၊ မရှိသွေးကြီး ဘ၀င်မြင့်တတ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ငါပဲ မှန်တယ်လို့ ဇွတ်မှိတ်ငြင်းတတ်တယ်။ ဒီလို စိတ်မျိုး ကိန်းဝပ်နေတဲ့ ခေါင်းဆောင်တွေက လူထုကြီးကို ဦးဆောင်နေတော့ ခေါင်းတွဲသွားရာ နောက်က လိုက်နေရတဲ့ ရထားတွဲကြီးလို အပြစ်မယ့် ရိုးသား တဲ့ လူထုမှာလည်း- နာမည်ပျက်ရ၊ ဂုဏ်ပျက်ရ၊ သိက္ခာမဲ့ရတဲ့ ဘ၀မျိုးနဲ့ သိမ်ငယ်စိတ်တွေ ဆက်တိုက် ၀င်လာရပါတော့တယ်။


Monday, 28 January 2013

ပြောပြချင်တယ် ဦးခင်ရီရယ်

ကျနော်တို့ရဲ့ အမိမြန်မာနိုင်ငံမှာ အစ္စလာမ်ဘာသာဝင်တိုင်းရင်းသား အုပ်စုကြီး (၅) စုရှိတယ်။ အဲဒီ တိုင်းရင်းသား မျိုးနွယ်အုပ်စု (၅) စုကတော့ (၁) ပသီ၊ (၂) ရိုဟင်ဂျာ၊ (၃) ကမာန်၊ (၄) ပသျှူးနဲ့ (၅) ပန်းသေးတို့ ဖြစ်တယ်။ အဲဒီ တိုင်းရင်းသား မျိုးနွယ်စု (၅) စုထဲမှာ ဦးခင်ရီပါဝင်တဲ့ so-called ဒီမိုကရေစီအစိုးရက ကမာန်မျိုးနွယ်စုမှအပ ကျန်တဲ့ မျိုးနွယ်စု (၄) ကို တိုင်းရင်းသားအဖြစ် အသိအမှတ် မပြုပဲ ခါးခါးသီးသီး သူတို့တွေဟာ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားတွေ မဟုတ်လို့ ငြင်းပယ်ခဲ့တယ်။ ငြင်းပယ်နေဆဲဖြစ်တယ်။ ဘာကြောင့်လဲ။ တိုင်းရင်းသားဖြစ်ဖို့ သူတို့ဟာ သမိုင်းကြောင်းအရ၊ တည်ဆဲဥပဒေတွေအရ ကိုက်ညီနေပါလျှက် ဘာကြောင့် တိုင်းရင်းသားအဖြစ် အသိအမှတ်မပြုရတာလဲ။ သူတို့ရဲ့ တိုင်းရင်းသား အခွင့်အရေးကို ဘာကြောင့် ငြင်းပယ်နေရတာလဲ။

အလ္လာမဟ် ဃာဇီ၏ မိုးအောက်မြေပြင် ရဲရဲတောက်မိန့်ခွန်း(၂၃-၆-၁၉၄၉) မြန်မာ့အသံရေဒီယို

မိုးအောက်မြေပြင်၊ ဤကမ္ဘာ့ဇာတ်ခုံပေါ်တွင် မှီတင်းနေထိုင် ကြတဲ့ ဗမာ့လူထုနှင့် ကမ္ဘာ့လူထုကြီးအား အနည်းငယ်စကားပြောချင်ပါတယ်။ 
ဆန်းကြယ်လှတဲ့ ဤစကြ၀ဠာကြီးဟာ သဘာဝ ကျကျ ပြုစု မွမ်းမံထားတဲ့ ဥယျာဉ်ကြီးနဲ့တူပါတယ်။
ဒီဥယျာဉ်ကြီးထဲမှာ မရှိတာဟူ၍ မရှိ ၊ အလိုရှိတာ မှန်သမျှ အကုန်ရရှိနိုင်ပါတယ်။
 ဒီဥယျာဉ်တွင်းမှာရှိတဲ့သက်ရှိသက်မဲ့ပုပုရွရွဟူသမျှတွေဟာလည်း
“ကျွန်းကိုင်းမှီ၊ကိုင်းကျွန်းမှီ”ဆိုသလို တစ်ခုနဲ့တစ်ခုအဆင်ပြေပြေ ဆက်သွယ်လျက်
မိမိတို့၏တာဝန်များဝေပုံကျ ကျေပွန်စွာ ထမ်းဆောင် နေတာကိုတွေ့ရပါတယ်။

အမျိုးပျောက်မှာ စိုးကြောက်စရာ စာအုပ်မှ အဓိပ္ပာယ် မဲ့ စွပ်စွဲချက်များ ကို ဖြေရှင်းခြင်း

 ဖတ်ဖြစ်အောင်ဖတ်ပါ။ အမျိုးပျောက်မှာ စိုးကြောက်စရာ စာအုပ်မှ အဓိပ္ပာယ် မဲ့ စွပ်စွဲချက်များ ကို ဖြေရှင်းခြင်း။ သင်ဟာ လူသားပီသသောစိတ်ရှိသူတစ်ယောက်ဖြစ်ရင် သူတပါးကို မဝေဖန်ခင် အမှန်တရား ကိုလေ့လာကြည့်ပါလေ။ နာလည်မှူလွဲမှား မှူများ အတွက် တစ်ခါလောက်ဖတ်ကြည့်စေလိုပါသည်။
  လေးစားချစ်ခင်အပ်ပါသော ညီအစ်ကိုမောင်နှမအပေါင်းတို့ -

Sunday, 27 January 2013

၁၉၆၂ ခုနှစ်မှ ယနေ့အထိ ဖုံးကွယ်ဖျောက်ဖျက်ထားခြင်းခံရသော ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်း

အောက်ပါ မိန့်ခွန်းမှာ ဂျပန်ခေတ် ၁၉၄၄ -ခု မတ်လ ၁၃ ရက်နေ့နံနက်အချိန်တွင် မင်္ဂလာဒုံ ဗိုလ်သင်တန်းကျောင်းဆင်း ပွဲ၌ ဗမာ့ကာကွယ်ရေးတပ်မတော် စစ်သေနာပတိနှင့် စစ်ဝန်ကြီး ဗိုလ်ချုပ်အောင်ဆန်း ပြောကြားသော မိန့်ခွန်းတရပ် ဖြစ်ကြောင်း။ သူကျဆုံးသွားခဲ့ရသော ဤဇူလိုင်လတွင် သူ့အား ပြန်ပြောင်းသတိရမိ သည့်အားလျှော်စွာ သူ၏ ပြောင် မြောက်သော မိန့်ခွန်းကို ရှာဖွေဖော်ပြလိုက်ရခြင်းဖြစ်ကြောင်း။(ဗိုလ်ဥတ္တမကျော်)

Obama visit to Burma receives a mixed reaction