Tuesday, 1 January 2013

အမေရီကန်နှင့် အနောက်အုပ်စုကိုသုံးရ်ျ မြန်မာမွတ်စလင်တို့အား သုတ်သင်ရှင်းလင်းမှု၊ ဌေးလွင်ဦး

“ရိုဟင်ဂျာတို့သည်လည်း ခင်ဗျားတို့ ကျွန်တော်တို့လိုပဲ သူတို့ကိုယ်တိုင် ကိုယ့်ဂုဏ်သိက္ခာနဲ့ ကိုယ်ရှိပါတယ်။” “အပြစ်မဲ့ လူသားတွေအပေါ် ကျူးလွန်တဲ့ အကြမ်းဖက်မှု အတွက် ကင်းလွတ်ခွင့် မရှိဘူး” လို့- ရန်ကုန်တက္ကသိုလ်မှာ အမိုင်းဝင် မိန့်ကြားတဲ့ အမေရိကန် သမ္မတကြီး အိုဘားမားရဲ့ မိန့် ခွန်းပါ အပိုဒ်ကို အမေရိကန် အခြေစိုက် ဗွီအိုအေ နဲ့ အာအက်အေ မြန်မာပိုင်း အစီအစဉ်များမှာ လုံးဝ ဖေါ်ပြခြင်း မရှိဘဲ တည်းဖြတ်ခဲ့ပါတယ်။ သူတို့ ဘာကြောင့် တည်းဖြတ်ခဲ့သလဲ။ သတင်းကျင့်ဝတ်က ဘယ်ကို ရောက်သွားခဲ့ ပါသလဲ။
၁၉၆၂ နှစ် တိုင်းပြည်အာဏာကို ဗိုလ်ချုပ်နေ၀င်း ကတည်းက ကွန်မြူနစ် တရုတ်ပြည်ဟာ တာတေလန် စနေသား နေ၀င်းကို အကြီးအကျယ် ကြောထောက်နောက်ခံပြုပေးမှုခဲ့ပါတယ်။ အဲ့ဒီကတည်းက မြန်မာပြည်သူ တွေဟာ “ငါတို့ရဲ့ တိုင်းပြည်ကို တရုတ်က မြိုနေပြီ”လို့ ခံစားနေခဲ့ရပါတယ်။ စစ်အာဏာရှင် အဆက်ဆက်ကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေ၊ တော်လှန်မှုတွေ ဖြစ်တိုင်း ကုလသမဂ္ဂမှာထိ တရုတ်ကြီးကလည်း မြန်မာအစိုးရဖက် က မားမားမတ်ရပ်တည်ခဲ့ပါတယ်။ မြန်မာပြည်သူများ အနေနဲ့ ဒီလို နှစ်ရှည်လများ အသက်ရှုကြပ်နေရတဲ့ ဘ၀ မျိုးက လွတ်မြောက်နိုင်ဘို့- အမေရိကန်ပြည်ထောင်စုနဲ့ အနောက်နိုင်ငံများကို အားကိုးကြီးမှု၊ ထက်သန်စွာ တမ်းတမှုတွေထက် ပိုပြီး သူတို့အတွက် ကယ်တင်ရှင်ကြီးများ ပမာ ကြိတ်မှိတ်တမ်းတ ခံစားရတဲ့ အထိ ဖြစ် တည်လာပေါတော့တယ်။
အမေရိကန်ပြည်ထောင်စုနဲ့ အနောက်နိုင်ငံများရဲ့ စီးပွားရေး ပြစ်ဒဏ်ခတ်မှုအောက်မှ လုံးဝပြိုလဲ ပျက်ကျသွား တဲ့ မြန်မာနိုင်ငံအနေနဲ့ အုပ်ချုပ်ရေးအုပ်စုဟာ တရုတ်ကြီးကို တိုင်းပြည်ရဲ့ သယံဇာတများ ဆက်သရင်း တရုတ် အားကိုးပေါ်လစီနဲ့ ဆက်လက် ရပ်တည်ဘို့ လုံးဝ မဖြစ်နိုင်တော့တဲ့ အခြေကို ဆိုက်သွားပါတော့တယ်။ ဒါကြောင့် သူတို့အနေနဲ့ အမေရိကန်နဲ့ အနောက်နိုင်ငံများဆီမှာ မျက်နှာရစေဘို့ စတင်ကြံဆရပါတော့တယ်။ ဒါကြောင့် စစ်အာဏာရှင်တို့ဟာ သူတို့ကိုယ်သူတို့ ၀တ်စုံကို လဲလိုက်ပြီး အရပ်သားအစိုးရပုံစံ ရုပ်ပြောင်းဖန် ဆင်းခဲ့ပါတယ်။ စစ်ဌာနချုပ် ယန္တရားကိုလည်း လွှတ်တော်အသွင် ပုံဆောင်လိုက်ပါတယ်။ သူတို့ရဲ့ ပကတိ ပုံပြောင်းဟန်ဆောင်မှုကို လက်စသတ်နိုင်တာနဲ့ ပြည်သူတွေရဲ့ ဆန္ဒကို လိုက်လျှောသလိုလို ပြုပြီး “ပြုပြင် ပြောင်းလဲရေး လုပ်မယ်” ဆိုတဲ့ ပြည်သူ့ သည်းခြေကြိုက်စကားလုံးနဲ့ ကမ္ဘာကို ပတ်လိမ်ပါတော့တယ်။ ပြည်သူ တွေ အတွက် ဆိုတဲ့ အကြောင်းပြချက်နဲ့ အမေရိကန်နဲ့ အနောက်နိုင်ငံများကိုလည်း အကူအညီတောင်းခံတဲ့ လက် စတင်ထိုးဆန့်ပါတော့တယ်။
အသွင်းပြောင်း သမ္မတ သိန်းစိန်ရဲ့ အစိုးရဟာ စကားလုံးလှလှတွေကို သုံးပြီး အမေရိကန်နဲ့ အနောက်နိုင်ငံများ အတွက် ၀င်ထွက်လမ်းစကို ဖန်တီးပေးပြီးချင်းပဲ-၊ ဗုဒ္ဓဘာသာ အယူသည်းများ၊ ကြိုတင် ဖန်တီးပြီးသား လျှို့ ၀ှက်ဘုန်းကြီး ဂိုဏ်းများ၊ အမျိုးသားရေးဝါဒီများ သိန်းစိန်အစိုးရအတွင်းက သဘောထားတင်းမာတဲ့ အုပ်စုများ က မြန်မာနိုင်ငံအတွင်း မွတ်ဆလင်များကို စနစ်တကျ ဖြိုခွင်းသုတ်သင်ပစ်ပြီး သူတို့ရဲ့ အဓိပတိ နာယကကြီး ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ ဆန္ဒအိပ်မက် “ဗုဒ္ဓဘာသာ နိုင်ငံတော်” ထူထောင်ဘို့ စိုင်းပြင်းပါတော့တယ်။ ဒီဗျူဟာမှာ ဒီအကြမ်းဖက်ခေါင်းဆောင်တွေဟာ သူတို့ရဲ့ သမန်လူထုကို- မွတ်ဆလင်တွေဟာ ကမ္ဘာ့ဘုံရန်သူ ဖြစ်တယ်။ ငါတို့က မွတ်ဆလင်များကို သုတ်သင်ရှင်းလင်းပြနိုင်မှ အမေရိကန်နဲ့ အနောက်နိုင်ငံများက ငါတို့ အပေါ်မှာ ယုံကြည်လာမယ်၊ ကူညီမှုတွေ ရလာမယ်လို့ တစ်စိုက်မတ်မတ် မှိုင်းတိုက်ပေးခဲ့တယ်- နောက်ဆုံး - မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးကိုယ်တိုင်က ငါတို့ကို ထောက်ခံတယ်၊ သူလည်း မကြာမှီ ဗုဒ္ဓ ဘာသာထဲကို ကူးပြောင်းတော့မယ်” ဆိုတဲ့ အထိ ကြွားလုံးထုတ် ၀ါဒဖြန့်ခဲ့ပါတော့တယ်။ အမေရိကန်ကို ကယ်တင်ရှင်၊ ကူညီပေးမယ့်သူ လို့ ခံစားနေတဲ့ သာမန်ကျေးလက်ဒေသနေ မြန်မာနိုင်ငံသားတွေက အမေရိ ကန် ကြိုက်ရင် ဘာမဆို လုပ်ပေးရ လုပ်ပေးရ ဆိုတဲ့ စိတ်နေကိန်းဝပ်နေမှုကို အမျိုးသားရေးဝါဒီ အကြမ်းဖက် ခေါင်းဆောင်များက အမြတ်ထုတ်ခဲ့ခြင်း ဖြစ်တော့တယ်။
ဒုတိယ အနေနဲ့- ဗုဒ္ဓဘာသာ အစွန်းရောက်တွေနဲ့ အမျိုးသားရေးဝါဒီတွေဟာ သူတို့ရဲ့ အစဉ်အလာ သုံးနေကျ နည်းဟောင်း အတိုင်း မွတ်ဆလင် လူငယ်များက ဗုဒ္ဓဘာသာ အမျိုးသမီးငယ်ကို မုဒိန်းကျင့် သတ်ဖြတ်ခဲ့တယ် လို့- ဖန်တီးလုပ်ကြံ ၀ါဒဖြန့်လိုက်တယ်။ (အမှန်မှာ အမျိုးသမီးငယ်ဟာ အခြား ရာဇ၀တ်ကောင်တစ်ဦးရဲ့ ဓါးပြ တိုက် သတ်ဖြတ်မှုကြောင့် သေဆုံးခြင်းသာ ဖြစ်တယ်။) ဒီလုပ်ကြံ ဖန်တီးမှုဟာ မြန်မာနိုင်ငံအတွင်းရှိ မွတ်ဆ လင် အားလုံးကို သုတ်သင်ရှင်းလင်းဘို့ သူတို့ရဲ့ အိုးအိမ်တွေကို အဓမ္မသိမ်းပိုက်ဘို့၊ သူတို့ရဲ့ အိမ်ယာတွေက မီးရှို့မောင်းထုတ်ဘို့- ပညာရည် ပြတ်လပ်နေပြီး မွတ်ဆလင်တွေကို ဆန့်ကျင်တိုက်ခိုက်မှ အမေရိကန်က ငါတို့ကို ကြိုက်မယ်လို့ ခံစားနေတဲ့ လူထု အတွက် လုံလောက်တဲ့ အကြောင်းပြချက် ဖြစ်သွားခဲ့တယ်။ ဒါကြောင့် ဗုဒ္ဓဘာသာ အစွန်းရောက်များနဲ့ အမျိုးသားရေးဝါဒီတို့ရဲ့ ကြံစည်မှုဟာ အထမြောက် အောင်မြင်သွားပြီး- ထောင် ပေါင်းများစွာသော မွတ်ဆလင်များ အိုးအိမ်စွန့်ထွက်ပြေးခဲ့ရတယ်၊ ရာပေါင်းများစွာသော မွတ်ဆလင်များ သေ ကြေပျက်စီးခဲ့ရတယ်။
နိုင်ငံတစ်ကာ အသိုင်းအ၀ိုင်းကြားမှာ ဆူပွက်ကုန်ပြီး ဒီကိစ္စကို ရပ်တန်းက ရပ်ဘို့ တောင်းဆိုကြတဲ့အခါ- အစွန်း ရောက် အကြမ်းဖက်ဝါဒီတွေဟာ သူတို့ရဲ့ လှုပ်ရှားမှုကို အပေါ်ယံမှာ ရပ်တန့်ခဲ့ပြီး- သူတို့ရဲ့ လက်သပ်မွေး ဘုန်း ကြီးများမှာတစ်ဆင့် ဘုန်းကြီး ကွန်ယက်များနဲ့ မွတ်ဆလင် ဆန့်ကျင်မုန်းတီးရေးကို အဆက်မပြတ် လှုပ်ရှားနေ ခဲ့ပါတယ်။ ဒီအထဲမှာ နာမည်ကျော် အလိုတော်ပြည့်ဆရာတော်၊ ရွှေည၀ါနဲ့ ၀ီရသူတို့က သူတို့ရဲ့ နောက်လိုက် ဗုဒ္ဓဘာသာဝင်များကို မွတ်ဆလင်မုန်းတီးစေဘို့ လူသိရှင်ကြား ဆက်လက်လှုပ်ရှားနေခဲ့ပါတယ်။ ဘုန်းကြီး ရွှေည၀ါရဲ့ ၂၀၁၂ အောက်တိုဘာ ၂၈ နေ့တင် youtube လှုံ့ဆော်မှုထဲမှာ- သူတို့ရဲ့ ဆရာတော်ကြီး အလိုတော် ပြည့်က သူတို့ရဲ့ မွတ်ဆလင်ဆန့်ကျင်ရေး လှုပ်ရှားမှုများနဲ့ စပ်လျှဉ်းပြီး အမေရိကန် အကြီးတန်း ပုဂ္ဂိုလ်များနဲ့ ဆွေးနွေးခဲ့ကြောင်း- အမေရိကန်အကြီးတန်း ပုဂ္ဂိုလ်များကိုယ်တိုင်က သူတို့ဘက်က ရပ်တည်နေကြောင်း- လူထုကို လှည့်စားလိုက်ပြန်ပါတယ်။ ဒါဟာ ပညာလစ်လပ် မြန်မာလူထုအတွက် မွတ်ဆလင်ကို သတ်ဖြတ်ဘို့ ထပ်ဆင့် အားဆေး တစ်ခွက် ပေးလိုက်ခြင်း ဖြစ်ပါတယ်။
နောက်တစ်ဘက်မှာ သူတို့အနေနဲ့ ပြည်တွင်း ပြည်ပ မီဒီယာ- မြန်မာဌာန များကို စည်းရုံးသိမ်းသွင်းထားပြီး (သို့မဟုတ်) ဌာနမှာ လုပ်ကိုင်နေတဲ့ သူများကိုယ်တိုင်က သူတို့ အုပ်စုထဲဝင် ဖြစ်နေပြီး- မွတ်ဆလင်အပေါ် အထင်အမြင်လွဲမှားစေမယ့် စကားလုံးမျာကိုသာ ရွေးချယ် ထုတ်လွှင့်ခဲ့ပြန်တယ်။ သူတို့ မီဒီယာတွေရဲ့ လေသံ အရ မြန်မာနိုင်ငံရှိ မွတ်ဆလင် အားလုံးဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ကျူးကျော်ဝင်ရောက်လာသူများ အဖြစ် လူထု ကြီးကို ထင်ယောင်ထင်မှားတွေ ဖြစ်စေခဲ့တယ်။ ရခိုင်နယ်ရှိ မွတ်ဆလင်များကို “ရိုဟင်ဂျာ” ဆိုတဲ့ စကားလုံးနဲ့ ထုတ်လွှင့်ဘို့ လုံးဝ ငြင်းဆန်ခဲ့တယ်။ နောက်ဆုံး မတတ်သာတော့မှ အလုပ်ပြုတ်မှာ စိုးလို့ “ရိုဟင်ဂျာ” ဆိုတဲ့ စကားလုံးကို သုံးနေရပေမယ့်- ရခိုင်နယ်မှာ ဖြစ်ခဲ့သမျှ အကြမ်းဖက်မှုများဟာ မွတ်ဆလင်များကြောင့်လို့ စကား လုံးပေါင်းများစွာနဲ့ လှည့်ပတ် စွပ်စွဲ ပြောဆိုခဲ့တယ်။ ဗွီအိုအေ၊ အာအက်ဖ်အေ၊ ဒီဗွီဘီ၊ ဘီဘီစီ များကိုသာ အားကိုးအားထားပြု နားထောင်နေရတဲ့ မြန်မာလူထု အထင်မှာ မွတ်ဆလင်များက ကျူးကျော်နယ်ချဲ့သူများ၊ အကြမ်းဖက်များ၊ ရာဇ၀တ်ကောင်များ၊ မိစ္ဆာဒိဌိများ- အဖြစ် ပုံပေါ်စေဘို့ နည်းမျိုးစုံနဲ့ ထုတ်လွှင့်ခဲ့ကြတယ်။ မြန်မာနိုင်ငံ ရှိ လူအများစုကြီးက အင်တာနက် လူမှုကွန်ယက်နဲ့ ပြတ်လပ်နေပြီး တစ်ဆင့်စကားနဲ့ ကမ္ဘာ့ အကြောင်း နားထောင်နေရတဲ့ ဘ၀ကို အကြီးအကျယ် အသုံးချခဲ့တဲ့ အပြင်- မြန်မာလူထုအနေနဲ့ အမေရိကန် နိုင်ငံက ထုတ်လွှင့်တဲ့ မြန်မာဘာသာစကား အသံလွှင့်မှုအားလုံးဟာ အမေရိကန်ရဲ့ သဘောထား ဖြစ်တယ်လို့ ထင်မြင်နေတဲ့ အပေါ် မီဒီယာ အမြတ်ထုတ်ပြီး မွတ်ဆလင် ဆန့်ကျင်းရေး တိုက်ပွဲမှာ တစ်ဘက်တစ်လမ်းက ပါဝင်နေခြင်းသာ ဖြစ်ခဲ့တယ်။ 
နောက်ဆုံး အမေရိကန် သမ္မတကြီးကိုယ်တိုင် မြန်မာပြည်ကို သွားပြီး ရိုဟင်ဂျာ တွေကို လူ လိုဆက်ဆံဘို့ သတိပေးလိုက်တာကို မြန်မာသတင်းထုတ်လွှင့်သူများက ပေါ်တင်ကြီး တည်းဖြတ် ဖယ်ထုတ်လိုက်ပါတော့ တယ်။ တစ်ကယ်လို့ အမေရိကန် သမ္မတကြီးရဲ့ ပြောစကား အစအဆုံးကို မြန်မာပြည်သူများ သိသွားခဲ့ရင်- မြန်မာပြည်သူများက ဒီလူယုတ်မာ အမျိုးသားရေး ၀ါဒီတွေ၊ သတင်းသမားတွေ ငါတို့ကို လိမ်နေပါကလား- တစ်ကယ်တော့ မွတ်ဆလင်ကို ဖြစ်စေ၊ ဘယ်သူ့ကို ဖြစ်စေ မတရား အနိုင်ကျင့် သတ်ဖြတ်နေမှုကို နိုင်ငံကြီး တွေက မကြိုက်ပါကလား” လို့ သတိရသွားမှာကို စိုးကြောက်နေတယ်- ဆိုတာ ပေါ်လွင်သွားပါတော့တယ်။
(မီဒီယာကျင့်ဝတ်ကို စော်ကားသူတွေ၊ အမေရိကန်နာမည်ကို သုံးပြီး မွတ်ဆလင် သတ်ဖြတ်ဘို့ အားပေးခဲ့သူ တွေ၊ မိမိတို့ရဲ့ အကျင့်ကို မပြင်- မွတ်ဆလင်တွေကို မတောင်းပန်ဘဲ- ဒီအတိုင်း ဆက်လက်ရပ်တည်နေရင် တစ် လ အတွင်း အလုပ်ပြုတ်သွားရမှာပါ။)
ဌေးလွင်ဦး
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
မြန်မာမွတ်ဆလင် တန်းတူညီမျှ လှုပ်ရှားဆောင်ရွက်မှု အဖွဲ့
(အမေရိကန်ပြည်ထောင်စု)

ရိုဟင်ဂျာ၊ ဌေးလွင်ဦး

မြန်မာ ဗုဒ္ဓဘာသာ အစွန်းရောက်များနဲ့ မျက်ကန်း အမျိုးသားရေးဝါဒီများ ဇွတ်ခံငြင်းနေတဲ့ အမည်နာမ “ရိုဟင်ဂျာ” ကတော့- ကမ္ဘာ့ဇာတ်ခုံပေါ်မှာ မင်းသားနေရာက ဖြစ်နေပါပြီ။ “ရိုဟင်ဂျာ” ဆိုတဲ့ အမည် နာမကို ငြင်း ဆန်သူတိုင်း- ကမ္ဘာအလယ်မှာ လူယုတ်မာ အဖြစ်၊ အကြမ်းဖက် လူသတ်တရားခံအဖြစ်၊ ကမ္ဘာ့လူသားတို့ရဲ့ အော့နှလုံးနာစရာ လူသား အဖြစ်- ထင်ထင်ရှားရှား အရောင်ပေါ်လာပါတော့တယ်။
တစ်ကယ်လည်း ရိုဟင်ဂျာက ရိုဟင်ဂျာပါပဲ။ ရိုဟင်ဂျာတွေဟာ- ကမ္ဘာ့နိုင်ငံတိုင်းမှာ ပျံ့နှံ့နေ သလို- မြန်မာနိုင်ငံရဲ့ လူမျိုးတိုင်းကြားမှာလည်း အနည်းနဲ့အများ ရှိနေပြီးသား ဖြစ်နေပါပြီ။ ဒါဟာလည်း ရိုဟင်ဂျာတို့အား မတော် မတရား ဖိနှိပ်ညှင်းပန်း သတ်ဖြတ် မောင်းထုတ်ခဲ့တဲ့ အမျိုးသားရေးဝါဒီ စစ်အာဏာရှင် အဆက်ဆက်တို့ရဲ့ ကျေး ဇူးကြောင့်လို့ ပြောရမှာပါ။
ရိုဟင်ဂျာတွေဟာ ဘယ်ဆီကိုရောက်ရောက်- သူတို့ကိုယ်သူတို့ “ရိုဟင်ဂျာ” လူမျိုးဆိုတဲ့ နာမည်ကို ခုံခုံမင်မင်နဲ့ ဖက်တွယ်ပြီး ရပ်တည်နေပါတယ်။ သူတို့ရဲ့ သားသမီးတွေက ပြင်သစ်စကား၊ ဂျာမဏီစကား၊ စပိန်စကား၊ နော် ဝေးစကား၊ အင်္ဂလိပ်စကား၊ အူရ်ဒူစကား၊ ဟင်ဒီစကား၊ ဘန်ဂါလီစကား၊ မလေးစကား၊ ထိုင်းစကား၊ အာရဗ် စကား- စတဲ့ ကမ္ဘာ့နိုင်ငံတိုင်းရဲ့ ဘာသာစကားများနဲ့ ကြီးပြင်းခဲ့ရပေမယ့်- သူတို့ ကိုယ်သူတို့ “ရိုဟင်ဂျာ” ဆိုတဲ့ ဂုဏ်နဲ့ပဲ ရပ်တည်နေပါတယ်။ နိုင်ငံကြီး အတော်များများမှာ ပညာတတ်တွေ၊ ပညာရှင်တွေ၊ ကြေးရည်တတ် တွေ၊ ငွေရှင်ကြေးရှင်တွေ- လူရာဝင်သူတွေ အများကြီး ရှိနေခဲ့ပါပြီ။ ဒါပေမယ့် သူတို့ကိုယ် သူတို့ “ရိုဟင်ဂျာ” လူမျိုး ဆိုတဲ့ ဂုဏ်နာမနဲ့ပဲ ရပ်တည်နေကြပါတယ်။
အကယ်၍ သူတို့ဟာ မြန်မာ အယူသည်း မျက်ကန်းများ စွပ်စွဲသလို ဘင်္ဂလီ လူမျိုး ဖြစ်ခဲ့မယ် ဆိုရင်- သူတို့ ရောက်ရာ နိုင်ငံတိုင်းမှာ သူတို့ကိုယ်သူတို့ ဘန်ဂါလီလို့ ခံယူပြီး အခြားသော ဘင်္ဂလားဒေ့ရှ် လူမျိုးများနဲ့ ရော နှော ပျောက်ကွယ်သွားခဲ့မှာ သေချာတယ်။ အနီးစပ်ဆုံး ထိုင်းနိုင်ငံကို ကြည့်ပါ။- ထိုင်းမြန် မာနယ်စပ် မြို့ မဲဆောက်မှာ ဘင်္ဂလားဒေ့ရှ်တန်းလျှား ဆိုတဲ့ မွတ်ဆလင်အများစု နေထိုင်ရာ ရပ်ကွက် တစ်ခုရှိတယ်။ ဒါပေမယ့် အဲ့ဒီရပ်ကွက်မှာ နေထိုင်တဲ့ လူတွေက ရခိုင်နယ်က လာတဲ့ ရိုဟင်ဂျာတွေ မဟုတ်ဘူး။ မဲဆောက်မှာ ရှိနေတဲ့ ရိုဟင်ဂျာတွေက သူတို့ကိုယ်သူတို့ ဘင်္ဂလီလို့ မခံယူဘဲ ရိုဟင်ဂျာ ဆိုပြီး သီးခြားရပ်တည်နေတယ်။ သူတို့ကို တစ်ခြားသူတွေက အာရ်ကန် လို့ ခေါ်ကြတယ်။ (အာရ်ကန် Arakan ဆိုတာ ရခိုင်နယ်ရဲ့ သမိုင်းစဉ်ဆက် အမည်နာမ ဖြစ်ပါတယ်။ Rakhine လို့ စတင်ခေါ်လာခဲ့တာ- ၁၉၉၀ နောက်ပိုင်း စစ်အစိုးရလက်ထက်မှ အမည် ပြောင်းလိုက်ခြင်းပါ။ မြန်မာလို ရခိုင် ပြည်နယ် ဆိုတာ ကတော့ ဦးနေ၀င်းလက်ထက် ၁၉၇၅ ခုနှစ်မှ စတင်ခေါ် ခဲ့တာပါ။)
မလေးနိုင်ငံမှာလည်း “ရိုဟင်ဂျာ”တွေက ဘင်္ဂလီနဲ့ သီးခြား ရပ်တည်ပါတယ်။ အမေရိကန်နိုင်ငံမှာလည်း သီးခြား ရပ်တည်ပါတယ်။ တစ်ကယ်လို့ ရိုဟင်ဂျာ တွေသာ ဘင်္ဂလီ ဖြစ်နေရင်- နိုင်ငံရပ်ခြား လွတ်လပ် ရာ နိုင်ငံတွေမှာ ရောသွားလောက်ပြီ ဖြစ်ပါတယ်။
ဒီနေ့ မြန်မာနိုင်ငံမှာ “ရိုဟင်ဂျာ” ဆိုတာ အမည်နာမအားဖြင့် ထိန်ချန် ဖျောက်ဖျက်ခံထားရတဲ့ အမည်နာမ သာ ဖြစ်ပါတယ်။ လူတွေကိုတော့ ဘယ်လိုမှ ဖျောက်ဖျက်လို့ မရသေးလို့ ကျန်နေတာ သေချာပါတယ်။ အဲ့ဒီ ရိုဟင်ဂျာ လိုတဲ့ လူသားတွေက အစ္စလာမ်သာသနာကို ကိုးကွယ်လို့ ဘာသာရေး အရ နှိပ် ကွပ်နေခြင်းသာ ဖြစ်ပါတယ်။ ဒါကို မြန်မာအစိုးရက ဘယ်လိုလိမ်လိမ် ကမ္ဘာက သိနေပါတယ်။ 
ရိုဟင်ဂျာများက ရခိုင်နယ်မှာ သမိုင်းမှတ်တမ်းအရ ရှေးအကျဆုံး လူမျိုးနွယ်စု ဖြစ်ပါတယ်။ (သမိုင်းမတွင်မှီ လွန်ခဲ့တဲ့ နှစ်ပေါင်း လေးထောင်ကျော်ကို မသိပါ။) ဒီအတွက် ကျွန်တော်ရေး တဲ့ ဆောင်းပါး တိုင်းမှာ လို ဖေါ်ပြ ပြီး၊ သက်သေပြပြီးလည်း ဖြစ်ခဲ့ပါတယ်။
ဒီရှေးကျတဲ့ လူမျိုးစုဟာ- မာဂဓ အင်ပါယာတွင်းမှာ သူတို့ကိုလွှမ်းမိုးရာ ဟိန္ဒူဘာသာ၊ ဗုဒ္ဓဘာသာများကို ကူး ပြောင်းခဲ့ပါတယ်။ သူတို့ကို လွှမ်းမိုးရာ ရှေးဟောင်း မာဂဓခေတ်သုံး ဘင်္ဂလီစကားနဲ့ စာပေကို သုံးစွဲခဲ့ပါတယ်။ နောက်ပိုင်း အစ္စလာမ်သာသနာ ရောက်လာတော့ သူတို့ထဲက လူများစုကြီးက အစ္စလာမ် သာသနာကို ကူး ပြောင်းခဲ့ပါတယ်။ အစ္စလာမ်သာသနာကို မကူးပြောင်းဘဲ ကျန်နေခဲ့သူများကို မြန်မာကြီး လူမျိုးလို့ ခေါ်နေပါ တယ်။ (ရခိုင်ဘာသာစကားနဲ့ မာရ်မာကီး- ဆိုတာ မြန်မာကြီး ဆိုတဲ့ စကားလုံးဖြစ် ပါတယ်။) အဲ့ဒီ မြန်မာကြီး ဆိုတဲ့ စကားက မြန်မာတို့ ထက် ရှေ့ကျသော၊ ရှေ့အကျ ဆုံးသော မြန်မာလူမျိုး လို့ အဓိပ္ပါယ်ကို ပေးကြောင်း- ရခိုင်သမိုင်းပညာရှင်တိုင်း လက်ခံထားပြီးလည်း ဖြစ်ပါတယ်။
ဒီလို ရှေးဟောင်း မာဂဓ အင်ပါယာသုံး ဘန်ဂါလီ စကားကို ပြောဆိုတဲ့ လူမျိုးထဲက ဗုဒ္ဓဘာသာ အဖြစ်ကျန်နေ သူကို မြန်မာကြီး (မြန်မာတို့ထက် ရှေ့ကျသော လူမျိုး)လို့ အသိအမှတ်ပြုထားပြီး-၊ အဲ့ဒီ ဘာသာစကား၊ အဲ့ဒီ ရုပ်ရည်၊ အဲ့ဒီ ယဉ်ကျေးမှုအတိုင်း လုံးဝမလွဲတဲ့ လူတစ်မျိုးတည်း လူမျိုးစုက အစ္စလာမ်ကိုး ကွယ်လိုက်တော့မှ မြန်မာတို့ထက် အလွန့်အလွန် နောက်ကျပြီး- ဟိုတစ်နေ့ ကမှ မြန် မာနိုင်ငံ ထဲကို ရောက်လာသလို စွပ်စွဲနေခြင်း ဟာ လူမျိုးနဲ့ ဘာသာ မှားယွင်းနေခြင်း သို့မဟုတ် ဘာ သာရေး အ ရ ခွဲခြားခြင်းသာ ဖြစ်ကြောင်း ထင်ရှားနေပါ တယ်။ 
အခုအချိန်မှာ ဘယ်လိုမှ လိမ်လို့ မရနိုင်တော့ပါ။ လိမ်လေ အရှက်ကွဲလေ ဖြေရှင်းရခက်လေ ဘ၀ ကို မြန် မာ ပညာ ရှင်ခံယူထားသူတွေ ကြုံလာရပါတော့မယ်။ မျက်ကန်း အမျိုးသားရေးဝါဒီတွေ ဘာသာရေး အစွန်းရောက် တွေ ဘေးကြုံရမယ့် ကာလကို ရောက်လာပါတယ်။
မြန်မာကြီးနဲ့ ရိုဟင်ဂျာ- အပြန်အလှန် ဆင်ခြင်ကြည့်ပါ။ အကယ်၍ ရိုဟင်ဂျာ တစ်ဦးက ဒီနေ့ ဗုဒ္ဓဘာသာကို ကူး ပြောင်း သွားမယ် ဆိုရင်- သူဟာ ဒီနေ့ချင်းပဲ မြန်မာတို့ထက် ရှေးကျတဲ့ “မြန်မာကြီး” လူမျိုး ဖြစ် သွားမယ်။ အဲ့ဒီ မြန်မာတို့ထက် ရှေ့ကျတဲ့ မြန်မာကြီး (မာရ်မာကီး) လူမျိုးတစ်ဦးက ဒီနေ့ပဲ အစ္စလာမ်သာ သနာကို ကူးပြောင်း လိုက်မယ် ဆိုရင် သူဟာ မနေ့ကမှ ဘင်္ဂလားဒေ့ရှ်က ရောက်လာတဲ့ ကျူးကျော်သူ တစ်ဦး အဖြစ် ဖြစ်သွားမယ်။ ဒီလိုခံယူနေမှု- ခံစားနေမှုဟာ ပကတိ အမှန်တရား ဖြစ်ပါသလား။ လူတစ်ဦး တည်း မှာကိုယ် ဗုဒ္ဓဘာသာ နဲ့ အစ္စလာမ်ဘာသာ ဆိုတဲ့ ခံယူမှု တစ်ခုအရ- သူဟာ ဗုဒ္ဓဘာသာကို ကိုးကွယ် ရင် သူ့ကို အသက် ၁၀၀၀ ကျော် (မြန်မာ နိုင်ငံ မထူထောင်မှီကာလ) လို့ သတ်မှတ်ပြီး၊ အစ္စ လာမ် ကို ကိုးကွယ်ရင် သူဟာ မနေ့ကမှ မွေးတဲ့ ပုခက်ထဲက ကလေးလို့ သတ်မှတ်လိုက် သလို ဖြစ်နေ ပါတော့တယ်။ 
ဒါဆိုရင် ဒီနေ့ ရိုဟင်ဂျာတွေကို ဘင်္ဂလီ လို့ စွပ်စွဲနေတာ၊ လူကြောင့်လား၊ ကိုးကွယ်ရာ ဘာသာကြောင့် လား- ဆိုတာ ပညာရှင်များ ဆင်ခြင်တတ်မှာပါ။---။ 
ဘယ်လိုဆင်ခြင် ဆင်ခြင်၊ ဘယ်လိုငြင်းငြင်း--“ရိုဟင်ဂျာ”ကတော့ ရိုဟင်ဂျာပါပဲ။ ရိုဟင်ဂျာ ဆိုတဲ့ ဝေါဟာ ရကို မုန်းတီး လွန်းတယ် ဆိုရင်လည်း---၊ “ရှေးဟောင်းမြန်မာ” လူမျိုးလို့သာ အမည်ပေးဘို့ ဖြစ်နေပြီ။
ဌေးလွင်ဦး
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
မြန်မာမွတ်ဆလင် တန်းတူညီမျှ လှုပ်ရှားဆောင်ရွက်မှု အဖွဲ့
အမေရိကန်

မွတ်စလင်မ်များ ပါးပါးနပ်နပ်နေပါ၊ ဌေးလွင်ဦး

မြန်မာသမိုင်း အဆက်ဆက် ငါတို့တွေ တာဝန်ကျေခဲ့ပြီ။ နိုင်ငံအတွက် တာဝန်ကျေခဲ့တဲ့ ငါတို့ကို ဘယ်စဉ်ကမှ ကျေးဇူးမသိတတ်ခဲ့၊ မျက်နှာမထောက်ခဲ့၊ ငါ တို့ကို မနာလို ရန်ရှာ မုန်တီးကြတဲ့အခါ- ဒုက္ခအတွင်းမှာ ငါတို့ကို ရဲ ဘော်ရဲဘက်တွေပါလို့ ပြောခဲ့သူတွေကိုယ်တိုင် ငါတို့ကို သတ်ဖြတ်မောင်းထုတ်ဘို့ ပြန်လည် ဦးဆောင်ခဲ့ကြ တယ်။ ဒါတွေကို ငါ တို့ အစဉ် သတိရနေဘို့ လိုပါတယ်။
အခုကာလမှာ မြန်မာနိုင်ငံဟာ လွန်ဆွဲပွဲ ကြီးမားနေတယ်။ နိုင်ငံတစ်ခု တိုးတက်ပြောင်းလည်းစေဘို့ နိုင်ငံရေး ၀ါဒ နိုင်ငံရေး စနစ်အတွက် လွန်ဆွဲနေခြင်း မဟုတ်ဘဲ အာဏာအတွက် လွန်ဆွဲနေခြင်းသာ ဖြစ်နေတယ်။ ဒါ တွေကို ငါတို့ သတိထားမိဘို့ လိုပါတယ်။ အာဏာလွန်ဆွဲပွဲ နှစ်ဘက်လုံးက လူထုကို သုံးတယ်၊ သင်္ကန်းဝတ် များကို သုံးတယ်၊ ပြုပြင်ပြောင်းလဲရေး ဆိုတဲ့ စကားလုံးကို ငယ်သံပါအောင် အော်ဟစ်သုံးစွဲတယ်။ ဒါတွေကို ငါတို့ ဆင်ခြင်တတ်ဘို့ လိုတယ်။
ပြုပြင်ပြောင်းလဲရေးကို စတင် လုပ်ဆောင်တော့မယ် ဆိုတဲ့ စကားတစ်ခွန်း စပြောကတည်းက အခုထိ တစ်နှစ် တောင် မပြည့်သေးဘူး- မြန်မာနိုင်ငံအတွင်းမှာ ဆန္ဒပြပွဲ အကြိမ်ပေါင်း ရာနဲ့ချီ ဖြစ်ခဲ့ပြီ။ တရုတ်စီးပွား မောင်း ထုတ်ပွဲကြီး ဖြစ်ခဲ့ပြီ။ မွတ်ဆလင် မျိုးဖြုတ်ကြံစည်မှုကြီး ပေါ်ခဲ့ပြီ။ ဒါတွေအားလုံးကို နိုင်ငံရေး အာဏာလု အဖွဲ့ အစည်းများအားလုံးက လှလှပပ သုံးခဲ့ကြတယ်။ ပါဝင်ပတ်သက်ခဲ့ကြတယ်။ 
သာမန်စက်ရုံ အလုပ်ရုံ ဆန္ဒပြပွဲလေးများမှာ- အာဏာရ အစိုးရဘက်က- “ငါတို့ ခေတ်မှာ လွတ်လပ်စွာ ဆန္ဒပြ ခွင့်ရှိတယ်၊” လို့ သက်သေပြပြီး နိုင်ငံရေး အမြတ်ထုတ်ဘို့ ကြိုးစားခဲ့သလို၊- အတိုက်အခံများဘက်ကလည်း ဒီ ဆန္ဒပြပွဲသေးသေး လေးများမှ တစ်ဆင့် ပြည်လုံးကျွတ်ဆန္ဒပြပွဲကြီး တည်ဆောက်ပြီး- လွှတ်တော်ထဲက စစ်တပ် နေရာ ၂၅ % ကို မောင်းထုတ်ဘို့ နည်းမျိုးစုံ ကြံစည်ပတ်သက်ခဲ့တယ်။ 
တရုတ်စီးပွား မောင်းထုတ်ဘို့ ဆန္ဒပြပွဲကြီးနှစ်ခုမှာ မြစ်ဆုံ ကိစ္စကို အာဏာရ အစိုးရက နာမည်ယူဘို့ အချိန်မှီ သွားခဲ့တယ်။ အတိုက်အခံဘက်က ခြေတစ်လှမ်းနောက်ကျသွားခဲ့တယ် ဆိုရပါမယ်။ အခု လက်ပန်တန်းတောင် ကြေးနီမိုင်းကိစ္စ-၊ ဒီကိစ္စ လိပ်ခဲတင်းတင်း ဖြစ်နေချိန်မှာ ရခိုင်နယ်က မွတ်ဆလင် မျိုးပြုတ်သုတ်သင် မောင်း ထုတ်ပွဲကြီး ဖြစ်သွားခဲ့တယ်။ ဒီအထဲမှာ ထဲထဲဝင်ဝင် ပတ်သက်သူများက အမျိုးသားရေးဝါဒီများ ဖြစ်ခဲ့တယ်။ ဒီကိစ္စမှာ အမျိုးသားရေးဝါဒီများ ဘက်က အာဏာရ အစိုးရနဲ့ အတိုက်အခံအားလုံး အမှန်အမှား မရှိ တစ်သံ တည်း ပြိုင်တူ ရပ်တည်ခဲ့တယ်။ ပါဝင်ပတ်သက်ခဲ့တယ်။ “ဘာသာရေး ပဋိပက္ခ မဟုတ်ရပါ၊ ကျွန်ုပ်တို့ ပါဝင် ပတ်သက်ခြင်း မရှိရပါ”လို့ ကမ္ဘာကို ပတ်လိမ်နေခဲ့တဲ့ အာဏာရ အစိုးရနဲ့ အတိုက်အခံ အားလုံးဟာ အမှန် တရားထက် တိုင်းပြည်ရဲ့ လူများစု ဖြစ်တဲ့ ဗုဒ္ဓဘာသာများက - ၂၀၁၅ ရွေးကောက်ပွဲမှာ ငါတို့ကို မဲမပေးတော့မှာ ကြောက်တယ်ဆိုတဲ့ စိတ်နဲ့ ကြားဝင်ဖြေရှင်းပေးမယ့်သူ မရှိ တစ်ဘက်သတ် သတ်ဖြတ်မီးရှို့မောင်းထုတ်နိုင် အောင် အားပေးခဲ့တယ်။
တစ်ကယ်လို့ ဘာသာရေး ပဋိပက္ခမဟုတ်ခဲ့ဘူး ဆိုရင် သင်္ကန်းဝတ်တွေက မြို့တိုင်းလမ်းတိုင်းမှာ ပြောင်ပြောင် လက်လက်၊ ရဲရဲတွတ်တွတ် ဖြစ်သွားအောင် “No Rohingya” “Muslims Terrorists” ဆိုပြီး ဆန္ဒပြကြခဲ့ကြ တာလဲ။ အတိုက်အခံခေါင်းဆောင်တွေက ဒီကိစ္စမှာ ကျွန်ုပ်တို့ ကြားဝင် ဖြန်ဖြေပေးပါမယ်လို့ ဘာဖြစ်လို့ ၀င် မပြောခဲ့တာလဲ။ အဖြေက ရှင်းလင်းလှပါတယ်။ သင်္ကန်းဝတ်တွေ ငြိုငြင်မှာကို ကြောက်လို့၊ ဗုဒ္ဓဘာသာထုကြီး ငြိုငြင်မှာကို ကြောက်လို့- ဖြစ်ပါတယ်။ တစ်ကယ်လို့ ဘာသာရေး နှိပ်ကွပ်မှုကြီး မဟုတ်ဘဲ လူမျိုးစု နှစ်စု ဖြစ်တဲ့ ကိစ္စ ဆိုရင်- (အဲ့ဒီ လူမျိုးစု နှစ်စုနဲ့ မသက်ဆိုင်တဲ့) ဘယ်သင်္ကန်းဝတ်၊ ဘာသာကိုမှ မျက်နှာထောက်နေစရာ မလိုဘဲ- ၀င်ဖြေရှင်းရဲမှာ သေချာနေပါတယ်။-
လက်ပန်းတောင် ကြေးနီမိုင်း ကိစ္စ- ဆန္ဒပြသူများက ကြီးထွားလာတယ်၊ ကိုယ့်တရား ကိုယ်မကျင့် အလုပ် အားနေတဲ့ ပါလေရာ သင်္ကန်းဝတ် တွေကလည်း ပါဝင်ပတ်သက်လာတယ်။ အတိုက်အခံများဘက်ကလည်း ဒီ ကိစ္စကို အမိအရ ကိုင်တွယ်ပြီး ပြည်လုံးကျွတ် ဆန္ဒပြပွဲကြီး ဖန်တီးဘို့ ကြိုးစားနေတယ်။ မွတ်ဆလင်များကို သတ်ဖြတ် မောင်းထုတ်စဉ် အမှန်အမှား မကြည့် ဗုဒ္ဓဘာသာများ ဘက်က ရပ်တည်ပေးခဲ့လို့ သူတို့ကို လူထုက ခိုင်မာစွာ ထောက်ခံမယ်လို့လည်း ဘ၀င်လေဟပ်နေကြတယ်။ သူတို့လုပ်သမျှ ကမ္ဘာက ထောက်ခံမယ်လို့ လည်း စိတ်ကူးယဉ်နေကြတယ်။ (ကမ္ဘာ့ ဥပဒေ အရ မောင်းထုတ်ခွင့် မရှိပါ၊ ပြေလည်အောင်သာ ညှိနှိုင်းရပါ မယ်။ ဒါကြောင့် ကမ္ဘာက ပါဝင်ပတ်သက်စရာ အကြောင်းမရှိဘူး)- ပြည်လုံးကျွတ်ဆန္ဒပြပွဲကြီးနဲ့ အတူ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်မယ်၊ စစ်တပ်ကို လွှတ်တော်ထဲက အပြီး မောင်းထုတ်ပစ်မယ်လို့ စီမံချက်တွေ ချနေကြတယ်။
၂၀၀၈ ဖွဲ့စည်းပုံကို ငါလည်း မထောက်ခံဘူး။ ဒါပေမယ့်- ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်မယ့် ကိစ္စက နိုင်ငံရေးအရ တစ်ဆင့်ချင်း သွားရမယ့် ကိစ္စသာ ဖြစ်တယ်။ ဒီလိုမှ မဟုတ်ဘဲ လူထုကို သုံးလိုက်၊ အလုပ်အားနေတဲ့ လပ်ယားလပ်ယား သင်္ကန်းဝတ်များကို ပွဲထုတ်လိုက်၊ မွတ်ဆလင်များကို မုန်းပြလိုက်-၊ မျောက်ဇတ်ခင်းနေခြင်း ဟာ တိုင်းပြည် အတွက် အကျိုးမရှိဘူး။ (မြန်မာနိုင်ငံရေးသမားတွေ- အာဏာသာ မက်ပြီး- ဗဟုသုတ မရှိ ကြောင်း သက်သေပြသလို ဖြစ်နေတယ်။)
အဓိက အချက်က- သူတို့ဟာ သူတို့ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ပြင်၊ ၇၄ ဖွဲ့စည်းပုံကိုပဲ ပြင်ပြင်- မွတ်ဆလင်တွေ အတွက် ဘာဆို ဘာမှ အကျိုးမပေးဘူး။ သူတို့ပါးစပ်က ဒီမိုကရေစီ လို့ အော်နေပေမယ့်- နှလုံးသားထဲမှာ နာဇီ ၀ါဒ အကြီးအကျယ် အမြစ်တွယ်နေတယ်။ အမြစ်တွယ်နေတဲ့ နာဇီ ၀ါဒကို ပြုပြင်မယ်ဆိုတဲ့ စိတ် သူတို့မှာ ရှိ မနေခဲ့ဘူး။ ပြည်တွင်းပြည်ပ နိုင်ငံရေး မျိုးဆက်ထဲက အများစုကြီးလည်း ဒီမိုကရေစီ ဆိုတာကို သေချာအောင် ဘယ်တုံးကမှ မလေ့လာခဲ့ဘူး။ ၈၈ က ထွက်လာခဲ့တဲ့ ကျောင်းသား အများစုကြီးကိုယ်တိုင်- စစ်အစိုးရကို မုန်း တီးနေတဲ့ အမုန်းတရားစိတ်သက်သက်ကို သက်ဆိုးရှည်အောင် လေ့ကျင့်နေရင်းသာ သူတို့ရဲ့ အချိန်တွေကို ကုန်ဆုံးသွားစေခဲ့တယ်။ ဘာဗဟုသုတမှ လေ့လာခြင်း- စိတ်ဓါတ်ပြုပြင်ခြင်း မရှိခဲ့ဘူး။ (အမုန်းတရားနဲ့ ဖြစ် သင့်တာကို ခွဲခြား သိမြင်နိုင်အောင် လေ့လာခဲ့သူ ရာနှုန်း အလွန့်အလွန်နည်းပါးလှပါတယ်။)
ခေတ်အဆက်ဆက် အာဏာရှင် တော်လှန်ပွဲတိုင်းမှာ မွတ်ဆလင်တွေကို ညီအစ်ကိုတွေရယ်လို့ မြှူဆွယ်ခဲ့ တယ်၊ စည်းရုံးခဲ့တယ်၊ မျက်နှာချိုသွေးခဲ့တယ်။- ဒီအကြိမ်မှာလည်း သူတို့မနိုင်ရင် မွတ်ဆလင်တွေကို စည်းရုံးဦး မှာ သေချာနေတယ်။ မွတ်ဆလင်တွေ လိမ်မာပါးနပ်ဘို့ လိုပါတယ်။ ဘယ်အာဏာလုပွဲမှာမှ ၀င်ရောက် မပတ် သက်ဘို့ လိုပါတယ်။ ဘယ်စနစ်နဲ့ တိုင်းပြည်တည်တည်- မွတ်ဆလင်များ အနေနဲ့ မိမိရဲ့ နိုင်ငံသား အခွင့်အရေး၊ တန်းတူညီမျှ အခွင့်အရေး အတွက်ပဲ စဉ်းစားစေလိုတယ်။ ဒီမိုကရေစီ စနစ်နဲ့ ဒီမိုကရေစီက ပေးထားတဲ့ စီးပွား ရေး လုပ်ပိုင်ခွင့်၊ နိုင်ငံရေး လုပ်ပိုင်ခွင့်၊ လူမှုရေး လုပ်ပိုင်ခွင့်၊ တရားရေး လုပ်ပိုင်ခွင့် တွေကို တတ်နိုင်သမျှ လေ့ လာနေဘို့ လိုပါတယ်။ ဆန္ဒပြနေခြင်းနဲ့ အချိန်တွေကို မဖြုန်းတီးပစ်ဘို့လည်း လိုပါတယ်။
နောက်ဆုံး ပြောလိုတာက မတရားမှုကို တော်လှန်လိုရင်- မတရားမှု ဆိုတာဘာလဲလို့ သိအောင် အရင် လေ့ လာပါ။ နေရာတိုင်းမှာ ဆန္ဒပြနေခြင်းဟာ တရားမှု မဟုတ်ပါ။ ငါ- မကျေနပ်တဲ့ သူက ဘာလုပ်လုပ် အဲ့ဒါဟာ မတရားမှုပဲလို့ မြင်နေခြင်းဟာလည်း တရားမှု မဟုတ်ပါ။ “ဒီတစ်ကြိမ် ပွဲကြီးမှာ ငါ ၀င်နွှဲလိုက်ရင်၊ ငါ့ကို သူတို့ ကြည်ဖြူလာမလား” ဆိုတဲ့ မှားတဲ့ စိတ်ကူး လုံးဝ မမွေးမိပါစေနဲ့၊ မုတ်ဆိတ်တစ်ဖုတ်ကြီးထားပြီး၊ မိမိ မုတ်ဆိတ် မိမိ အားမနာဘဲ- သင်္ကန်းဝတ်တစ်ယောက်ယောက်ကို လက်ချင်းချိတ်- ပါလေရာ လိုက်လုပ်နေခြင်းဟာ- ဘာ သာရေး မဟုတ်သလို၊ နိုင်ငံရေးလည်း မဟုတ်ပါ။ မြန်မာ မီဒီယာတွေမှာ ဓါတ်ပုံ တစ်ပုံလောက် ပါကောင်း ပါနိုင်ပါတယ်။ ဒါပေမယ့် ကမ္ဘာက ဘယ်သူမှ အသိအမှတ်မပြုပါ။ (မုန်းတောင် မုန်းလိုက်သေးတယ်။)
မွတ်ဆလင်များ ရေရှည်ကို တွေးပါ။ ရှေးဟောင်းနောက်ဖြစ်များကို ဆင်ခြင်ပြီး- လိမ္မာပါးနပ်စွာ နေထိုင်တတ် အောင် ကြိုးစားပါ။ လာမယ့် အာဏာလုပွဲများမှာ မပါဝင်လို့- မွတ်ဆလင်တွေ မြန်မာ့သမိုင်းမှာ တာဝန်မကျေခဲ့ ဘူးလို့ ပြောနိုင်မယ့်သူ မရှိဘူး။ ငါတို့-- တာဝန်ကျေခဲ့ပြီးပြီ။ 



ဌေးလွင်ဦး
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
မြန်မာမွတ်ဆလင် တန်းတူညီမျှ အခွင့်အရေး လှုပ်ရှားဆောင်ရွက်မှု အဖွဲ့
အမေရိကန် ပြည်ထောင်စု

မေတ္တာရှင်ဘွဲ့ကြီး၊ ဌေးလွင်ဦး

ကမ္ဘာမှာ ဘယ်လူမျိုးစုဟာ နှိပ်စက်ညှင်းပန်းအခံရဆုံးလဲလို့- The Most Persecuted People In The World လို့ Google Search မှာ ရိုက်ကြည့်လိုက်တော့- “ရိုဟင်ဂျာ” လူမျိုး ဖြစ်တယ်လို့ ကမ္ဘာ့ ကုလသမဂ္ဂက တရားဝင် ပြောထားကြောင်းကို သွားတွေ့ရတယ်။ ဒီမှာ ကုလသမဂ္ဂက ရိုဟင်ဂျာတွေကို One of the most persecuted people of the world လို့ သုံးထားတော့- One of ဆိုတဲ့ စကားအရ အခြားအုပ်စုများလည်း ရှိနိုင်သေးတယ်၊ ဒီတော့ အခြားဘယ်သူတွေများ ဖြစ်သလဲ ဆက်ရှာကြည့်မိတယ်။ အဲ့ဒီလူမျိုးစုများက ဘယ်သူ တွေလဲ၊ ဘယ်နိုင်ငံမှာလဲ- ထပ်ပြန်တစ်လဲလဲ ရှာမိပြန်ပါတယ်။ မတွေ့ရတော့ပါ။ ဒီတော့မှ- One of ဆိုတဲ့ စကားလုံး သံတမန် စကားလုံးအားဖြင့် ပြေပြစ်မှု ရှိအောင် အခြားသူများလည်း အရင်ခေတ်ကာလများက ရှိခဲ့ တဲ့ပုံစံမျိုး ပြောခြင်းသာ ဖြစ်ပြီး- ဒီခေတ်ဒီကာလကြီးမှာတော့ အညှင်းပန်း၊ အနှိပ်စက် အခံရဆုံး လူမျိုးစုက “ရိုဟင်ဂျာ” တစ်မျိုးတည်းပဲ ဖြစ်နေတာကို တွေ့လိုက်ရပါတယ်။ ရှေးနှစ်ပေါင်းများစွာက အတိတ်ရာဇ၀င်မှာ တော့ ဂျာမဏီမှာ ဂျူးလူမျိုးတွေကို နှိပ်စက်ညှင်းပန်းခဲ့တယ်၊ ဥရောပမှာ အိန္ဒိယမြောက်ပိုင်းက ပြောင်းရွှေ့သွား တဲ့ ရောမ ပန်ဂျာပီ မျိုးနွယ်တွေ နှိပ်စက်ညှင်းပန်းခံခဲ့ရပါတယ်။

ဘာသာတရားအားဖြင့် အညှင်းပန်းခံရဆုံးက နံပါတ်တစ် ခရစ်ယာန်၊ နံပါတ်နှစ် မွတ်ဆလင်၊ နံပါတ်သုံး ဂျူး တို့ ဖြစ်ပြီး- အဲ့ဒီ ဘာသာတရားတွေကို ညှင်းပန်းနှိပ်စက်တဲ့ နိုင်ငံများထဲမှာ တရုတ်၊ မြောက်ကိုးရီးယား၊ အိန္ဒိယနဲ့ သီရီလင်္ကာတို့က ရှေ့ဆုံးက ပြေးနေတာကို တွေ့လိုက်ရပြန်ပါတယ်။ သီရီလင်္ကာမှာ ခရစ်ယာန် ဘုရားကျောင်း ပေါင်းများစွာကို မီးရှို့ဖျက်ဆီးခဲ့တဲ့ စရင်းဟာလည်း ကမ္ဘာ့ ဘာသာရေးနှိပ်ကွပ်မှုထဲမှာ ထည့်သွင်းဖေါ်ပြရတဲ့ အဆင့်ထိ ရောက်နေပါတယ်။ ခရစ်ယာန်များ နှိပ်စက်ခံရခြင်း စာရင်းကို ရေတွက်တဲ့အခါမှာ- ခရစ်ယာန်- ခရစ်ယာန်ချင်း အသင်းတော်မတူ လို့ နှိပ်စက်ဖိနှိပ်ခံရတာများကိုလည်း ထည့်သွင်းဖေါ်ပြထားပါတယ်။

အစ္စလာမ်ဘာသာဝင်များ ကြီးစိုးရာ နိုင်ငံများမှာ အီရန်နိုင်ငံ အနေနဲ့ ဘဟာအီ ဂိုဏ်းဝင်တွေကို နှိပ်စက်ညှင်း ပန်းတယ်လို့ ဖေါ်ပြထားပါတယ်။ အီရန်နိုင်ငံမှာ အယူမတူတဲ့ ဆွန်နီမွတ်ဆလင်တွေ၊ ဂျူးဘာသာဝင်တွေ၊ ဒူစီ ဘာသာဝင်တွေ၊ ဇိုရိုအက်စတာ ဘာသာဝင်တွေနဲ့ ခရစ်ယာန်ဘာသာဝင်တွေ လူနည်းစု အဖြစ်တည်ရှိနေပါ တယ်။ ဒါပေမယ့် အီရန်သမိုင်းမှာ ဘာဟာအီဂိုဏ်းကိုသာ သီးသန့်နှိပ်ကွပ်ခဲ့ပါတယ်။ ဒါ- ဘာကြောင့်ပါလဲ- အစ္စလာမ်သာသနာဝင်တွေမှာ ဆွန်နီ ဖြစ်စေ၊ ရှီယာ ဖြစ်စေ- ယုံကြည်မှုက ကိုယ်တော်မုဟမ္မဒ်ဟာ နောက်ဆုံး ပွင့် ဉာဏ်စဉ်ဆောင် (အလ္လာဟ်အရှင်ရဲ့ တမန်တော်) ဖြစ်တယ် ဆိုတဲ့ အချက်ပါ။ အဲ့ဒီ အချက်ကို လက်မခံသူ များကို ဒုက္ခပေးခြင်း၊ နှိပ်စက်ခြင်း မရှိဘူး- သို့သော် လက်မခံသူဟာ သူ့ကိုယ်သူ မွတ်ဆလင်ရယ်လို့ ခံယူခွင့် မရှိသလို၊ မွတ်ဆလင်ဆိုတဲ့ ခေါင်းစဉ်အောက်မှာလည်း နေထိုင်ခွင့် မရှိဘူး။ ဂျူးဖြစ်နိုင်တယ်၊ ခရစ်ယာန် ဖြစ်နိုင် တယ်၊ အခြား ကြိုက်နှစ်သက်ရာ ဘာသာတစ်ခုခု ဖြစ်နိုင်ပါတယ်။

ဘဟာအီတွေဟာ သူတို့ကိုယ်သူတို့ မွတ်ဆလင်လို့ ခံယူတယ်၊ ပြီးမှ- သူ့တို့ရဲ့ခေါင်းဆောင် ဘာ့ဘ် (ဘဟာအိုလ္လာဟ်) အလ္လာဟ်အရှင်ရဲ့ တမန်တော်တစ်ပါး ဖြစ်တယ်လို့ ကြေငြာခဲ့တယ်၊ လူထုကို စည်းရုံးခဲ့တယ်။ ပညာအင်အားနည်းတဲ့ ကျေးလက်ဒေသနေ မွတ်ဆလင်လူထုကို ပုံမှားရိုက်ပြီး သူ့ဂိုဏ်းထဲကို ဆွဲထည့်ခဲ့တယ်။ ဒါ ကို အနောက်နိုင်ငံတွေက အကြီးအကျယ် ကြောထောက်နောက်ခံပြုပေးခဲ့တယ်။ အထူးသဖြင့် အီရန်ရဲ့ ရန် ဘက်နိုင်ငံ အစ္စရေးလ်က နိုင်ငံရေးအရ အကြီးအကျယ်ကူညီပေးခဲ့တယ်။ ဘဟာအီတွေရဲ့ ဗဟိုပင်မဌာနကို အစ္စရေးလ်နိုင်ငံမြို့တော် တဲလ်အဗစ်မှာ တရားဝင်ထူထောင်ထားပေးတယ်။- ဒါကြောင့် အီရန်က ဘဟာအီများ ဂိုဏ်းကို သာသနာသန့်ရှင်းရေး လုပ်ရမယ်လို့ ခံစားခဲ့ပြီး၊ သူ့နိုင်ငံအတွင်းမှာ သာသနာသန့်ရှင်းရေး လုပ်ခဲ့ခြင်း ဖြစ်တယ်။ ဘဟာအီတွေဟာ အီရန်ရဲ့ လူမျိုးခြား ဘာသာခြား မဟုတ်ခဲ့ဘူး၊ ဒါကြောင့် အီရန်ကို လူမျိုးခြား ဘာသာခြားတွေကို နှိပ်ကွပ်တဲ့ နိုင်ငံအဖြစ် သတ်မှတ်လို့ မရနိုင်ဘူး။ သူ့နိုင်ငံမှာ လူမျိုးခြား ဘာသာခြင်း အာမေးနီးယန်းတွေ အများကြီးရှိသလို၊ သူ့လူမျိုးနဲ့ သူ့ဘာသာ လွတ်လပ်ခွင့်လည်း အပြည့်အ၀ အာမခံထား တာကို တွေ့နေရတယ်။ ဂျူးများကြီးစိုးရာ အစ္စရေးလ်နဲ့ ရန်ဘက် ဖြစ်နေတဲ့ အီရန်မှာ အီရန် ဂျူးများသည် ပင်လျှင် လွတ်လပ်ခွင့် အပြည့်အ၀ အာမခံချက်နဲ့ အတူ လူဦးရေ ရာနှုန်းအလိုက် လွှတ်တော်မှာ နေရာရထား ပါတယ်။

ပြီးတော့- ဆော်ဒီအာရေဗီယား-၊ အဲ့ဒီနိုင်ငံမှာ ရာနှုန်းပြည့် မွတ်ဆလင်များပဲ နေထိုင်ကြတယ်။ ဆွန်နီလူများစု ဖြစ်ပြီး- ရှီယာက လူနည်းစု ဖြစ်တယ်။ ဆော်ဒီနိုင်ငံမှာ သာသနာသန့်ရှင်းမှု မကြာခဏပြုလုပ်တယ်။ အစ္စလာမ် တို့ရဲ့ ဗဟိုချက်မ ကအ်ဘာကျောင်းတော်ကြီးကို စောင့်ရှောက်နေရတဲ့ နိုင်ငံ ဖြစ်တော့- တရားဘာဝနာမကျင့်ကြံ ဘဲ လပ်ယားလပ်ယား ဘာသာရေးဝန်ဆောင်တွေက စင်ပြိုင်ထူထောင်ပြီး ဘာသာရေး ပဋိပက္ခတွေ ဖြစ်လာမှာ စိုးလို့ သာသနာသန့်ရှင်းရေး မကြာခဏလုပ်နေခြင်း ဖြစ်တယ်။ ဘာသာရေး သမားနာမည်ခံထားသူများက နိုင်ငံရေးထဲကို ပါဝင်ပတ်သက်မှု မရှိရအောင် ကာကွယ်ထားခြင်းလည်း ဖြစ်တယ်။

အနောက်အုပ်စု သာသနာပြု ခရစ်ယာန်များက ခရစ်ယာန်များ လုံးဝ မရှိရာ အရပ်ဒေသများမှာ ခရစ်ယာန် ဘုရားကျောင်း ဆောက်လုပ်ခွင့် သာသနာပြုခွင့်လည်း မကြာခဏတောင်းဆိုတယ်၊ ဒါကို ဆော်ဒီအစိုးရက ခွင့်မပြုဘူး- ဒီတော့ အနောက်အုပ်စုက ဆော်ဒီနိုင်ငံကို ဘာသာရေး ညှင်းပန်းမှု ရှိတဲ့ အုပ်စုထဲမှာ ထည့်သွင်း ဖေါ်ပြထားတယ်။ ဆော်ဒီ အစိုးရကလည်း- ခရစ်ယာန် သာသနာအစစ် ဖြစ်တဲ့- မူလလက်ဟောင်း ရှေးကျတဲ့ သမ္မာကျမ်းထဲမှာ နောက်ဆုံးပွင့်မယ့် သန့်ရှင်းတော်ဝိညာဉ်တော်ကို အမည်နာမအားဖြင့် မုဟမ္မဒ်လို့ တိုက်ရိုက် ပြောထားတာ ရှိတယ်။ တစ်ကယ်လို့ ခရစ်ယာန် ပုပ်ရဟန်းမင်းကြီးက အဲ့ဒီ သာသနာ အစစ်ကို လက်ခံမယ်- ကိုယ်တော်မုဟမ္မဒ်ကို နောက်ဆုံးပွင့် သန့်ရှင်းသော ၀ိညာဉ်တော် (နောက်ဆုံးပွင့် နဗီ) လို့ လက်ခံမယ်ဆိုရင်- ခရစ်ယာန်ဘုရား ကျောင်း ဆောက်လုပ်ခွင့်ပြုမယ်လို့ ပြန်လည်ကမ်းလှမ်းခဲ့တယ်။ ဒီနောက်ပိုင်းမှာ ဆော်ဒီကို လည်း ဘာသာရေး ညှင်းပန်းတဲ့ အုပ်စုထဲမှာ ဖေါ်ပြခြင်းကို မှေးမှိန်စေခဲ့တယ်။

ဘယ်လိုဖြစ်ဖြစ်- ဆော်ဒီနဲ့ အီရန်ကို လူမျိုးမတူလို့- ဘာသာမတူလို့ မျိုးဖြုတ်သတ်ခဲ့တဲ့စာရင်း၊ နှိပ်ကွပ်ညှင်းပန်း ခဲ့တဲ့ စာရင်းထဲ မှာ ထည့်ထားတာ မရှိခဲ့ပါ။

လူမျိုးမတူလို့ ဆိုပြီး မျိုးပြုတ်သတ်ဖြတ်ခဲ့တဲ့ ကမ္ဘာ့သမိုင်းမှာ အထင်ရှားဆုံးက တွတ်စီ လူမျိုးနဲ့ ရ၀မ်ဒါ လူမျိုးတို့ ဖြစ်တယ်။ အဲ့ဒီမှာ တွတ်စီ လူမျိုးစုက မျိုးပြုတ်လုမတတ် ဖြစ်သွားခဲ့တယ်။ လူမျိုးနှစ်မျိုးလုံးက ခရစ်ယာန် ဘာသာဝင်များ ဖြစ်ကြတယ်။ လူမျိုးမတူလို့ သတ်ကြဖြတ်ကြခြင်း ဖြစ်ခဲ့တယ်။

နိုင်ငံရေး အာဏာလုရင်း- ဘာသာမတူလို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ မျိုးပြုတ်သတ်ဖြတ်ခံခဲ့ရတာ- ဘော့စ်နီး ယား လူမျိုးများ ဖြစ်ခဲ့တယ်။ နောက်ဆုံးမှာ ခရစ်ယာန်အမျိုးသားရေးဝါဒီ ကာရာဇစ်နဲ့ မီလိုစီဗစ်တို့ကို ကမ္ဘာ့ခုံ ရုံးတင်ခံလိုက်ရပြီး ဘော့စ်စနီးယားတွေလည်း သီးသန့်လွတ်လပ်တဲ့ အချုပ်အခြာ တစ်ခု ရသွားခဲ့တယ်။

ဒါတွေ အားလုံး အတိတ်သမိုင်းက ဖြစ်ရပ်များပါ။ သို့သော်-- ဒီခေတ်ကာလကြီးမှာ-၊ ကမ္ဘာ့ အညှင်းပန်း အနှိပ်စက် အခံရဆုံး လူမျိုးစုကတော့ “ရိုဟင်ဂျာ” တစ်မျိုးတည်း ဖြစ်နေပြီး- ကမ္ဘာမှာ ဖိနှိပ်ခံရဆုံး လူမျိုးစု အဖြစ် နံပါတ်တစ် ဖြစ်နေပါတော့တယ်။

ထူးဆန်းတာက- အဲ့ဒီ အညှင်းပန်း အနှိပ်စက် ခံရဆုံး ဆိုတဲ့ လူမျိုးစုကို နည်းမျိုးစုံနဲ့ ဖိနှိပ်ချုပ်ချယ်၊ ညှင်းပန်းနှိပ် စက်၊ သတ်ဖြတ် မောင်းထုတ်- အစာရေစာဖြတ်ထားတဲ့ လူများက- မိမိကိုယ်မိမိ ကမ္ဘာမှာ အယဉ်ကျေးဆုံး လူမျိုး၊ အလိမ္မာဆုံးလူမျိုး၊ မေတ္တာတရား အရှိဆုံး ဘာသာတရားကို နှလုံးလှိုက်လှဲ ကိုးကွယ်တဲ့ လူမျိုး၊ အပျူငှာ ဆုံးလူမျိုး၊ စိတ်ကောင်းအရှိဆုံး လူမျိုး၊ သနားကြင်နာတတ်ဆုံး လူမျိုး-ရယ်လို့ ဂုဏ်ယူဝံ့ကြွားနေတဲ့ လူမျိုးသာ ဖြစ်ပါတော့တယ်။ သူတို့ရဲ့ မေတ္တာတရား ပြည့်လျှံနေရာ ဘာသာကို အကြည်ညိုဆုံးနဲ့ နှလုံးလှိုက်လှဲ ယုံကြည်မှု မှာလည်း ပြင်းထန်းလှတဲ့- ထိုမေတ္တာရှင်ကြီးများက တစ်တိုင်းပြည်ထဲအနေ လူနည်းစု လူမျိုးလေးတစ်မျိုးကို “ကမ္ဘာ့အညှင်းပန်း အနှိပ်စက်ခံရဆုံး လူမျိုး” အဖြစ် ကမ္ဘာက အသိအမှတ်ပြုရလောက်အောင်- နှစ်ပေါင်း ၆၀ တိုင် ဆက်တိုက် ပြုမူနေပုံကိုတော့-၊ ကမ္ဘာသူ ကမ္ဘာသားများ မအံ့သြဘဲ မနေနိုင်တော့ပါ။

ထိုမေတ္တာရှင် ခေါင်းဆောင်ကြီးတို့အား ဂုဏ်ပြုသော အားဖြင့် ကမ္ဘာသိ “မဟာမေတ္တာရှင်” ဘွဲ့ ဆွတ်ခူးဘို့ရာ ကမ္ဘာ့ခုံရုံးပေါ်သို့ ကြွခဲ့ပါ ဆိုတဲ့ ဖိတ်ခေါ်သံကို ကြားရပါတော့မယ်။ ဂုဏ်ပြုစာရင်းမှာ မေတ္တာရှင်ကြီးတို့ရဲ့ အမည် နာမ စာရင်း ထည့်သွင်းတင်ပေးထားပါပြီ။

ဌေးလွင်ဦး

ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
မြန်မာမွတ်ဆလင် တန်းတူညီမျှ လှုပ်ရှားဆောင်ရွက်မှု အဖွဲ့
အမေရိကန် ပြည်ထောင်စု

ကျေးဇူးရှင်ဘယ်သူလဲ

ကျေးဇူးပြုဘူးသူကို ကျေးဇူးသိတတ်ခြင်းဟာ မင်္ဂလာရှိပါတယ်၊ ဂုဏ်ရှိပါတယ်၊ သိက္ခာရှိပါတယ်၊ ကမ္ဘာ့အလယ် မှာ တင့်တယ်ပါတယ်။ ကျေးဇူးပြုဘူးသူကို ကျေးဇူးသိတတ်ခြင်း အတွက် အပြစ်ဆိုဘွယ် မရှိပါ။ ဝေဖန် ပုတ် ခတ်ဘွယ် မရှိပါ။ မနှစ်မြို့ဘွယ် မဖြစ်ပါ။
လက်ရှိအာဏာပိုင်များရဲ့ ကျေးဇူးသိတတ်မှု ခံစားချက်များကို အမတ်ကြီး ဦးအောင်မင်းက ကမ္ဘာသိအောင် ထုတ်ဖေါ်ပြောဆိုသွားခဲ့ပုံမှာ “ကျွန်တော်တို့ကို နှစ်ပေါင်း ၂၀ ကျော် စီးပွားရေး ပိတ်ဆို့ ထား စဉ်၊ ကျောထောက် နောက်ခံ ကူညီခဲ့တဲ့ တရုတ်ကြီးကို ကျွန်တော်တို့ ကျေးဇူးသိတတ်ရမယ်” ဆိုတာပါပဲ။
အစိုးရ တစ်ခု ဆိုတာ တိုင်းပြည်တစ်ခုလုံးရဲ့ ဦးဆောင်ဖြစ်တယ်၊ မိဘဖြစ်တယ်၊ အစိုးရတစ်ခုက ပြောတဲ့ စ ကား က တိုင်းပြည်တစ်ခုလုံးက ပြောတဲ့ စကားဖြစ်ပါတယ်။- စကားတစ်ခွန်းကို တိုင်းပြည်တစ်ခုလုံး ကိုယ် စား ပြောတဲ့အခါမှာ ကျေးဇူးပြုခဲ့သူဟာ တိုင်းပြည်တစ်ခုလုံးကို ကျေးဇူးပြုခဲ့သလား--၊ ဆို တာတော့ မြန် မာတစ်ပြည် လုံးသာမက- ကမ္ဘာတစ်ခုလုံးက သိနေတဲ့ ကိစ္စပါ။
တရုတ်တို့ ပြုခဲ့တဲ့ ကျေးဇူးက- (၁) မြန်မာပြည်သူ ပြည်သားအပေါင်းကို ကမ္ဘာ့အဆင်းရဲဆုံး လူသား များ ဖြစ် အောင် ကျေးဇူးပြုခဲ့တယ်။ (၂) တရုတ်ပြည်က စွယ်တော် ဆိုပြီး တစ်ခုယူ လာပြီး- မြန်မာလူထုကို စွယ်တော် အတု၊ ဘာသာတရားအတုတွေ စူးနစ် သွားအောင် ကျေးဇူးပြုခဲ့တယ်။ (၃) စစ်အာဏာ ရှင်များကို ကျွေးမွေး ထောက်ပံ့ပြီး မြန်မာစစ်သားတို့အား မိဘပြည် သူများများကို ထုထောင်း သတ်ဖြတ်စေ ဘို့ ကျေးဇူးပြုခဲ့တယ်။ (၄) မြန်မာသမီးပျိုလေးများအား ဆင်းရဲတွင်းမှ ကယ်တင်သောအနေနဲ့ တရုတ်ပြည်ကြီးမှာ အငှားမယားလုပ်စား ခွင့်၊ မြန်မာပြည်ရောက် တရုတ်ကြီးများရဲ့ မယားငယ် လုပ်စား ခွင့်များပေးခြင်းဖြင့် ကျေးဇူးပြုခဲ့တယ်။ (၅) မြန်မာ လူငယ်များ ခေတ်မှီတိုးတက်စေဘို့ မူးယစ်ဆေး၊ အရက်၊ ဘိန်းများ သုံးဆောင်တတ်အောင် ကျေးဇူးပြုခဲ့တယ်။ (၆) မြန်မာ လူ မျိုးတွေ နောက်ဆုံးပေါ် ဆေးဝါး၊ အစားအသောက်၊ အသုံးအဆောင်တွေကို သုံးစွဲနိုင်အောင် နောက် ဆုံးပေါ် ဆေးဝါး အတု၊ အစားအသောက်အတု၊အသုံးအဆောင်အတုတွေကို စောပေါပေါရောင်းပေးခြင်း ဖြင့်   ကျေး ဇူးပြုခဲ့တယ်။ (၇) အမျိုးပျောက်မှာ စိုးကြောက်နေတဲ့ မြန်မာ များကို လူမျိုးမပျောက် ရလေအောင် ၀၊ ကိုးကန့် တို့ကို မြန်မာပြည်ထဲကို လူအင်အား ဖြည့် ဘို့ ပို့ပေးခဲ့တဲ့အပြင် မြန်မာတစ်ပြည်လုံးနီးပါး လူမျိုး မပျောက် ရေး ကျောထောက်နောက်ခံ အဖြစ် သန်းနဲ့ချီတဲ့ မြန်မာ ဟန်ဆောင် တရုတ်တွေကို မြို့တိုင်းမှာ အားဖြည့် ကျေး ဇူးပြုခဲ့တယ်။--- သူ တို့ ပြု တဲ့ ကျေးဇူး များက ပြောလို့ ရေးလို့ ကုန်တော့မှာ မဟုတ်ပါ။ အဲ့ဒီလောက် ကြီးကျယ် တဲ့ ကျေး ဇူးပြုမှုများ အတွက်- သူတို့ဘက်က ကုန်ကျစားရိတ် အဖြစ် တစ်ခုတည်းပဲ ပြန်ယူခဲ့တာပါ။ အ များကြီး မဟုတ်ပါ- “မြန်မာပြည် ဆိုတဲ့ မြေကွက်လေး တစ် ကွက်”မျှသာ ဖြစ်ပါတယ်။ ဘယ် လိုလုပ် ကျေးဇူးဆပ်လို့ ကုန် ဦးမှာလဲ၊ အမတ်ကြီး ဦးအောင် မင်း ပြောတာ မှန်ပါ တယ်။ ကျေးဇူးတွေက ဆပ်မကုန်ဘူး-၊ နောင်ဘ၀ အဆက် ဆက် ထိ ကျေး ဇူး ဆပ်ကြရဦးမှာပါ။
တရုတ်တို့ ပြုထားတဲ့ ကျေးဇူးထဲမှာ အကြီးကျယ်ဆုံး ကျေးဇူးက-၊ မြန်မာပြည်သားတွေအားလုံး စဉ်း စားခြင် ဆင် ဉာဏ် ဘိန်းစွဲထုံထိုင်းသွားစေတဲ့ အသိတရားပါပဲ။
မြန်မာခေါင်းဆောင်တွေနဲ့- မြန်မာလူထုဟာ 
(၁) ရာနဲ့ချီတဲ့ ကျေးကျွန် ကိုလိုနီ ဘ၀က လွတ်မြောက်စေဘို့ တစ်စိုက်မတ်မတ်ကူညီခဲ့တဲ့ အိန္ဒိယ (ထိုစဉ်က အိန္ဒိယမှာ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ် ပါဝင်ခဲ့တယ်)ကို ကျေးဇူး တင်ရမှန်း မသိဘဲ-၊ လွတ်လပ်ရေးရပြီးကမှ ယခင်ကိုလိုနီထက် ဆိုးတဲ့ ပြည်တွင်း ကိုလိုနီဘ၀ကို ပြန်လည် ရောက်သွားအောင် ကူညီ ခဲ့တဲ့ တရုတ်ကိုသာ လူကြီးလူကောင်း ကျေးဇူးရှင် အဖြစ် အထင်ကြီးနေစေခဲ့တဲ့၊ ဆင်ခြင် အသိ သွန်သင်ပေးထားတဲ့ ကျေးဇူး။ 
(၂) မြန်မာတစ်ပြည်လုံးမှာ ဘင်္ဂလီစာနဲ့ ဆိုင်ဆိုင်းဘုတ် လုံးဝ မရှိ၊ ဘင်္ဂလီစာပေကို သင်ကြားခြင်း လုံးဝ မရှိ၊ ဘင်္ဂလီလူမျိုးဆိုတာ ရေတွက်နိုင်လောက်တဲ့ အစုအဝေးမရှိ- ဘဲ ဘင်္ဂလီ တစ္ဆေခြောက်ပေး ခဲ့ပြီး- ပြည်သူတွေကို လည်း စစ်တပ်ပဲဟင်းထဲ ပဲတစ်စေ့ လိုက်ရှာ ခိုင်းသလို ကျူးကျော်သူ ဘင်္ဂလီကို ရှာဘို့ခိုင်း၊ ဘင်္ဂလီ မတွေ့ တော့၊ ဘိုးစဉ်ဘောင်ဆက် မြန်မာပြည်တွင်းနေ ရိုဟင်ဂျာများကို ကျူးကျော်သူ ဘင်္ဂလီလို့ လူထုကို စွပ်စွဲ- လူထုမျက်လုံးကိုလှည့်ထားပြီး- 
မြို့တိုင်းနယ်တိုင်းမှာ တရုတ်ဆိုင်းဘုတ်ကြီးများ၊ တရုတ် လောင်းကစား ရုံကြီးများ၊ တရုတ် အရက်ဆိုင်ကြီးများ၊ တရုတ်အပေါင်ဆိုင်ကြီးများနဲ့ မြို့ကြီးတွေမှာ မြန်မာ များကို မောင်း ထုတ် မြန် မာမြေ များကို မောင်ပိုင်စီးထားတဲ့သန်းနဲ့ချီတဲ့တရုတ်ပေါက်ဖေါ်ကြီးများကိုမမြင်နိုင်အောင် ကြောင်တောင်ကန်းနေစေ ဘို့--၊ ဆင်ခြင်အသိ သွန် သင်ပေးထားတဲ့ ကျေးဇူး။
ဒီလို ကျေးဇူးတွေကို ကျေးဇူးသိတတ်လှတဲ့ မြန်မာ လူကြီးလူကောင်းများ ဆက်လက် ပေးဆပ်ရပါဦးမယ်။ လူထု ကျေးဇူးတစ်ကယ် ဆပ်လာရင်--၊ ဘိုးစဉ်ဘောင်ဆက် မြန်မာနွယ်ဘွား တရုတ်တွေလည်း အနေရ ခက်ဦး မှာ ရင်လေးလှပါတယ်။
မြန်မာပြည်သားများ မှန်မှန်ကန်ကန် ဆင်ခြင်ဘို့ လိုပါပြီ။


ဌေးလွင်ဦး
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
မြန်မာမွတ်ဆလင် တန်းတူညီမျှ လှုပ်ရှားဆောင်ရွက်မှု အဖွဲ့
အမေရိကန် ပြည်ထောင်စု

ပထွေးနဲ့ မယားပါသားများရိုက်ပွဲ၊ ဌေးလွင်ဦး

ကွန်ပြူတာ မျက်နှာပြင်မှာ window တွေ အများကြီး ဖွင့်ထားပြီး- ကိုယ် လိုချင်တဲ့ window ကို ကြည့်မယ်၊ အခြားလူ တစ်ဦးက ကြည့်မယ်ကြံရင်- ညာဘက်ဒေါင့်လေးက minimize (-)နဲ့ widow မျက်နှာ ပြောင်းလိုက် မယ်၊ ဆိုတဲ့ အကွက်မျိုးက နိုင်ငံရေးလောကမှ ရိုးနေပါပြီ။ ဒါကို နိုင်ငံရေး စကားလုံးအရ window changed လို့ ခေါ်ပါတယ်။ 
ရိုဟင်ဂျာနဲ့ ရခိုင်နယ်က မွတ်ဆလင်များကို မျိုးပြုတ်သတ်ဖြတ်မှုကြီး၊ ထိုသို့ မျိုးပြုတ်သတ်ဖြတ်ရန် ကြိုတင်ကြံ စည်မှုကြီး ဖုံးဖိမရ ပေါ်ကျလာတဲ့အခါ- မျက်ကန်းမျိုးချစ်များနဲ့ လူသတ်ဘုန်းကြီးများက “ပထွေးနဲ့ မယားပါသား များ ရိုက်ပွဲ” ဖန်တီးကာ ကြည့်နေသူများ မျက်လုံးလည်သွားအောင် Window Changed ဗျူဟာကို သုံးဘို့ ကြိုး စားတော့တယ်။ Window Changed ဘယ်လောက် လုပ်လုပ်-၊ Changed လိုက်တဲ့ စာမျက်နှာကို ကမ္ဘာက စိတ်မ၀င်စားဘူး ဆိုတာတော့ ကာယကံရှင်များ သိနေလောက်ပါပြီ။ 
မွတ်ဆလင် မျိုးပြုတ်သတ်ဖြတ်မှုကြီးကို ဘယ်အရာနဲ့ ဖုံးဖိကွယ်ဖျက်လို့ မရတော့ပါ။ တရားခံများစာရင်းနဲ့ လုပ် ရပ်များ အားလုံး ကမ္ဘာ့ခုံရုံးပေါ်ကို ရောက်သွားခဲ့ပါပြီ။ ဒီအတွက် ဖုံးဖိရှောင်ထွက်လို့ မရနိုင်တဲ့ သက်သေသက် ကန်များ အတွက်လည်း ကမ္ဘာ့အဖွဲ့ကြီး အားလုံးနဲ့ ငါတို့ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ ဆက်လက်ပြီး ပူးပေါင်း ဆောင်ရွက်နေပါတယ်။ ကမ္ဘာလုံးဆိုင်ရာ “မျိုးပြုတ်သတ်ဖြတ်မှုဆိုင်ရာ အထူးကျွမ်းကျင်သူများ” ကိုယ်တိုင်က ငါတို့ဘက်က ရှိနေပါတယ်။ သူတို့က ကမ္ဘာ့ခုံရုံးအတွက် တိကျတဲ့ သက်သေများ ထွက်ဆိုပေးလိုက်ပါပြီ။ 
ပထမအချီ၊ ပထမ အရစ် သတ်ဖြတ်မှုကြီးရဲ့ တရားခံများအား ဖမ်းပွဲကြီးကို မကြာမှီ မြန်မာနိုင်ငံသားတွေ တွေ့ရ တော့မှာပါ။ ပြီးရင် ဒုတိယ အချီ သတ်ပွဲကြီးရဲ့ တရားခံများ ဆက်တိုက်လာပါမယ်။- ရပ်နားသွားမှာ မဟုတ်ပါ။- ဒီအမှုကို တမင်ရည်ရွယ်ချက်နဲ့ ကြံစည်ခဲ့တဲ့- လူကြီးလူကောင်းတွေလည်း တရားခံတွေထဲမှာ ပါဝင်လာပါမယ်။ အမှန်တကယ် ရာဇ၀တ်ကောင်များကို မဖမ်းဘဲ-၊ နောက်ကွယ်က လှုပ်ရှားနေသူတွေဟာ မွတ်ဆလင်တွေသာ ဖြစ်တယ်လို့ မတရားစွပ်စွဲပြီး- အပြစ်မဲ့ မွတ်ဆလင်များကိုသာ ဖမ်းဆီးနှိပ်ကွပ်နေတဲ့ အာဏာလက်ကို ရာဇ၀တ် ကောင်များ၊ ဒုက္ခရောက်နေတဲ့ ဒုက္ခသည်တွေကို စားရေရိက္ခာပြတ်လပ်ပြီး၊ ဆေးဝါးပြတ်လပ်ပြီး- သေစေဘို့ ရည်ရွယ်ချက်နဲ့ သွေးအေးအေး အရစ်ကျ သတ်ဖြတ်နေတဲ့ ရာဇ၀တ်ကောင်များ အားလုံး ပါသွားစေရပါမယ်။ 
အပြစ်မဲ့ ပြည်သူများကို အရစ်ကျ သေနေစေဘို့ ကျင့်ကြံခဲ့သူ အားလုံး၊ ဆက်လက်ကျင့်ကြံနေသူအားလုံး၊ တာဝန် ရှိသူ အားလုံး- ကမ္ဘာ့ခုံရုံးကို တန်းစီတက်ဘို့ ပြင်ဆင်ထားပါ။ ဘယ်ကိုပြေးပြေး လွတ်မှာ မဟုတ်တော့ ပါ။ window တွေ ဘယ်လို change, change မျက်လုံးလည်သွားမှာလည်း မဟုတ်ပါ။ တစ်ကမ္ဘာလုံးက ရာဇ၀တ်ကောင်များ အနေနဲ့ window changed မှာကို ကြိုတင်သိနှင့်ပြီး ဖြစ်နေလို့ အဲ့ဒီဘက်ကို အာရုံ မရှိ တော့ပါ။ အမှုတင်ပြီးသား ကိစ္စကိုပဲ- သက်သေ အထောက်အထား ဆက်လက်ဖေါ်ထုတ်နေတာပဲ ရှိပါတယ်။ 
နိုင်ငံတစ်ကာက “ပြုပြင်ပြောင်းလဲရေး လုပ်ပေးမယ်” ဆိုတဲ့ စကားကို စောင့်ကြည့်ပြီး မြန်မာထိပ်သီး ခေါင်း ဆောင်များ အတွက် “ရှည့်လည်းလျှောက်သာ ပျားလဲစွဲသာ”ဗျူဟာကို ကျင့်သုံးပေးနေချိန်မှာ အမှုတွဲထဲမှာ ချန် ထားပေးနေတဲ့ မြန်မာထိပ်သီးခေါင်းဆောင်ပိုင်းက ၂ ပတ် အတွင်း အမြန်ဆုံး ပြုပြင်ဘို့ လိုပါမယ်။ (အချို့သော ပါတီခေါင်းဆောင်များ၊ လူသတ်ဘုန်းကြီးများနဲ့ အချို့ရခိုင်နယ်နဲ့ သက်ဆိုင်တဲ့ အာဏာပိုင်များ တင်ထားတဲ့ အမှု တွဲထဲမှာ ပါသွားခဲ့ပါပြီ။ မယုံကြည်ရင် သက်ဆိုင်ရာ ရှေ့နေများ ငှားယမ်းပြီး ကမ္ဘာ့ခုံရုံး ICC မှာ စုံစမ်းကြည့် လိုက်ပါ။) 
တရားရေးကာလ ဆိုတာ အစီအစဉ် စနစ်ဇယားနဲ့ အဆင့်ဆင့် သွားနေရလို့-၊ ရုံးတော်က ၀ရမ်းမထုတ်မှီကာလ မှာ ငါတို့ ရမ်းနိုင်သမျှ ရမ်းမယ်၊ သတ်နိုင်သမျှ ဆက်သတ်မယ်လို့ လူမိုက်ဆန်ဆန် ဆက်တွေးမယ်၊ အာဏာပိုင် ထိပ်သီးများကလည်း အရေးမယူဘဲ ရူးချင်ယောင် ဆောင်နေမယ် ဆိုရင်လည်း-၊ သံတမန် ဗျူဟာတွေ မဟုတ် တဲ့ နည်းလမ်းတွေနဲ့ ကမ္ဘာက စွက်ဖက်လာပါလိမ့်မယ်။ 
တစ်ပြိုင်နက်ထဲမှာ ထိပ်သီးအာဏာပိုင်များကို သတိပေးလိုပါတယ်။ (၁) အပြစ်ရှိသူကိုသာ ဖမ်းဆီးပါ၊ ရုံးတင်ပါ၊ အပြစ်မဲ့သူများကို လုပ်ကြံဖန်တီးပြီး ဖမ်းဆီးခြင်း၊ ချုပ်နှောင်ထားခြင်း၊ ထောင်ချခြင်း များ ဆက်လက်မကျူးလွန် ပါနဲ့-၊ အမှုကို ပြောင်းပြန်လုပ်ပြီး မတရားသဖြင့် ဖမ်းဆီးထားသူများ အားလုံးကို ချက်ချင်း လွှတ်ပေးပါ။ (၂) ဒုက္ခ ရောက်နေသူများအား ကူညီလိုသူများကို ချက်ချင်းခွင့်ပြုပေးပါ။ သဘာဝ အန္တရာယ်ကြောင့် ဒုက္ခရောက်ရတဲ့ ဒုက္ခသည်များနဲ့ မျိုးပြုတ်သတ်ဖြတ်ခံရလို့ အသက်ဘေးလု ထွက်ပြေးရတဲ့ ဒုက္ခသည်များကို ရောနှောစာရင်းပြု ပြီး- မျိုးပြုတ်သတ်ဖြတ်ခံ ဒုက္ခသည်များကို စာရင်းဖျောက်ဘို့ မကြိုးစားပါနဲ့-။ ဒီနေ့ ဒီအချိန်ကစ အတတ်နိုင်ဆုံး ရိုသားပေးပါလို့ သတိပေးလိုပါတယ်။ ဘက်လိုက်ဖုံးဖိပေးခြင်း ကာကွယ်ပေးခြင်းနဲ့ window changed လှည့် ကွက်များ တစ်ခုဆို တစ်ခုမှ အသုံးမ၀င်တော့ပါ။ 
ကျွန်ုပ်တို့ ဘက်မှ ရန်မလို၊ ရန်မပို- လိုပါ။ ယုတ်မာကောက်ကျစ်သူများ၊ လူသားချင်း မတရားသဖြင့် မျိုးဖြုတ် သတ်ဖြတ်လိုသူများနဲ့ ပါဝင်ပတ်သက်သူများကိုသာ ကမ္ဘာ့အလယ်မှာ တရားခံဖြစ်စေပြီး နောင်လာနောက်သား များ ဆင်ခြင်စေဘို့ကိုပဲ ဆန္ဒရှိပါတယ်။ 
ဌေးလွင်ဦး 
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ 
မြန်မာမွတ်ဆလင် တန်းတူညီမျှ အခွင့်အရေး လှုပ်ရှားဆောင်ရွက်မှု အဖွဲ့ 
အမေရိကန်ပြည်ထောင်စု

UN ကိုလည်းမောင်းထုတ်လိုက်ပါ၊ ဌေးလွင်းဦး


မြန်မာပြည်က မျက်ကန်း အမျိုးသားရေး ၀ါဒီတွေ၊ ပညာမဲ့ ခေါင်းဆောင်တွေ၊ အာဏာမက် နိုင်ငံရေးသမားတွေ၊ မေတ္တာတရားကို သံကုန်ဟစ်နေတဲ့ လူသတ်ဂိုဏ်းဘုန်းကြီးတွေ၊ ဗုဒ္ဓဘာသာနိုင်ငံတော် ထူထောင်ဘို့ စိတ်ကူး ယဉ်နေသူတွေ--၊ မွတ်ဆလင်များကို ဆက်လက်မုန်းတီးလိုက်ပါ၊ ခရစ်ယာန်များကို ဆက်လက်မုန်းတီးလိုက်ပါ၊ တိုင်းရင်းသားများကို ဆက်လက် ဖိနှိပ်လိုက်ပါ။- ကျုပ်တို့ မတရား အနိုင်ကျင့်ခံ လူတွေဘက်က ဒီထက်ခံရစရာ အကြောင်း မရှိတော့ဘူး-၊ ဂိတ်ဆုံးနေခဲ့ပြီ။ ဒီတစ်ခါ ခင်ဗျားတို့ အလှည့်ကို ပြန်ရောက်လာပါမယ်။

ငါတို့ ဗုဒ္ဓဘာသာများသာ မြန်မာမြေ၊ မြန်မာရေကို ပိုင်ဆိုင်တဲ့ အရှင်သခင်များ ဖြစ်တယ်လို့ အယူသည်း ဘ၀င် မြင့်နေသှုများအားလုံး- အရူးမီးဝိုင်း ဖြစ်ရပါတော့မယ်။ ခေတ်ကာလနဲ့ ကမ္ဘာ့ဗဟုသုတ ဘာဆိုဘာမှ မရှိဘဲ ကိုယ့်ကိုယ်ကို အထင်ကြီး ဘ၀င်လှိုင်းစီးနေခဲ့သမျှ- ဗြောင်လိမ်နေခဲ့သမျှ၊ ခင်ဗျားတို့ဘ၀များ ထုံးဘူး အ၀ကျဉ်း သလို ကျဉ်းလာစေရပါမယ်။-- ခင်ဗျားတို့က လိမ်နေတယ်- ပတ်နေတယ်၊ ကျုပ်တို့က ဖေါ်နေတယ်၊ ဖြောင့်နေ တယ်-၊ ကမ္ဘာအလယ်မှာ ဘယ်သူတွေ အရှက်ကွဲ သိမ်ငယ်ရမယ် ဆိုတာ၊ ကိုယ်တိုင် ဆားမြည်းကြည့်လိုက်ပါ။ ကျုပ်တို့ရဲ့ သစ္စာတရား စစ်ပွဲကို စတင်လိုက်ပါပြီ။- ပြင်ဆင်လိုသူတွေ ပြင်ဆင်ဘို့ အချိန်ရအောင် ကျုပ်တို့ဘက် က စည်းထားပါမယ်။ လူသား ဆန်ဆန် ကမ္ဘာ့ဥပဒေနဲ့ အညီ လုပ်ဆောင်သွားပါမယ်။

ခင်ဗျားတို့ လုပ်ခဲ့သမျှ၊ ညီမျှစွာ ပြန်လည်ခံစားစေရပါမယ်။ လူ့မျိုးဆက် နှစ်ဆက်လောက်- မွတ်ဆလင်ရွာတွေ၊ နယ်တွေကို အကျဉ်းစခန်း သဖွယ် ဖြစ်အောင် လုပ်ခဲ့တယ်။ ဆက်သွယ်ရေး၊ ကျမ္မာရေး၊ ပညာရေး၊ လူမှုရေး အဘက်ဘက်က ပိတ်ဆို့ပြီး သေးသိမ်ပိန်လှီသွားအောင် ဖန်တီးခဲ့တယ်။ ရက်စက်ကြမ်းကြုတ်တဲ့ နာဇီစခန်းထဲ က ဘ၀မျိုး ဖြစ်အောင် စီရင်ခဲ့တယ်။ နယ်လိုက် ရွာလိုက် ပိတ်ဆို့ ကွပ်မျက်လို့ မရနိုင်တဲ့ နေရာဒေသတွေက မွတ်ဆလင်တွေကို ခရီးသွား၊ ခရီးထွက်လို့ မရအောင်- နိုင်ငံသား စီစစ်ရေးကဒ်ပြား၊ အမျိုးသားမှတ်ပုံတင် ကဒ်ပြား ထုတ်မပေးခြင်း နည်းပညာများ၊ ခရီးလမ်းမှာ စစ်ဆေး ဖမ်းဆီးမယ့် ပေါ်လစီများနဲ့ ခေါင်မိုးမဲ့ တစ်သီး ပုဂ္ဂလထောင်သားဘ၀မျိုး ဖြစ်အောင် စီစဉ်ခဲ့တယ်။

ဒီအတွက် အခု ခင်ဗျားတို့ အလှည့်ကို ရောက်လာပါပြီ။ လောလောဆယ်မှာ- ခင်ဗျားတို့ ရာဇ၀တ်ကောင်များ ကမ္ဘာ့နိုင်ငံကြီးတွေကို ခြေချကြည့်လိုက်ပါ။ အနည်းဆုံး အမှုတစ်ခုမဟုတ် တစ်ခုကို မဖြေရှင်းဘဲ အိမ်ပြန်လို့ မရဘူးဆိုတာ သိသွားရပါလိမ့်မယ်။ ခင်ဗျားတို့ ရာဇ၀တ်ကောင်များ အတွက် ပထမ အဆင့် အနေနဲ့ နိုင်ငံကြီး တိုင်းမှာ တရားခံဖြစ်အောင် ကျုပ်တို့ ဆောင်ရွက်ထားပါပြီ။- ဒုတိယ အဆင့် နောက်ထပ် သုံးလ ဆိုရင် ထိုင်းနိုင် ငံ အပါအ၀င်- ကမ္ဘာ့ Interpol ရှိတဲ့ ဘယ်နိုင်ငံကိုမှ ခြေချလို့ မရအောင် ဖြစ်သွားစေရပါမယ်။ ခင်ဗျားတို့ စိတ် ကူးယဉ်ပြီး ကမ္ဘာနဲ့ချီ အလုပ်လုပ်မယ်၊ အလည်အပတ်သွားမယ်၊ ပညာသင်မယ်-၊ စတာတွေအားလုံး မိမိစိတ် ကူးများကို မိမိ ပြန်လည်ရုပ်သိမ်းပြီး မိမိရွာထဲမှာ အကျဉ်းသားဘ၀မျိုးနဲ့သာ နေထိုင်လိုက်ပါ။ ဒါနဲ့မရသေးဘူး။

တတိယ အဆင့်-၊ ကမ္ဘာ့ဝရမ်းပြေးဘ၀နဲ့ ကြွက်တွင်းထဲ ၀င်ပုန်းနေဘို့သာ ပြင်ဆင်ထားလိုက်ပါ။ မကြာတော့ သော ကာလမှာ ကမ္ဘာ့ ဥပဒေက မြန်မာနိုင်ငံထဲထိ စိမ့်ဝင်လာပါလိမ့်မယ်။- အဲ့ဒီအခါ လူဆိုးလူမိုက်တစ်သိုက် အချင်းချင်း ဘယ်လောက်များ သစ္စာရှိသလဲ- ကိုယ်တွေ့သိရပါလိမ့်မယ်။ ရုပ်ဖျက် ဘုန်းကြီးဝတ်လိုက်လို့လည်း လွတ်မှာ မဟုတ်ဘူး၊ ခင်ဗျားတို့ မသေမှီ ကမ္ဘာ့ အကျဉ်းထောင်ထဲမှာ ထောင်သားဘ၀ကို တစ်ယောက်ချင်း ရောက် သွားရပါမယ်။ ပီနိုချေး၊ မီလိုစီဗစ်၊ ကာရာဇစ် တို့လို ကမ္ဘာမှာ နာမည်ကျော်မှာတော့ မဟုတ်ပါ။ (သက်ဆိုင်ရာနိုင်ငံကသာ သိတဲ့) လူမသိ ရှင်မကြားနဲ့ ကမ္ဘာ့အချုပ်ထဲမှာ တရားရုံးတက်ဘို့ စောင့်နေရတဲ့ ရာဇ၀တ်ကောင်များ ထုနဲ့ဒေးထဲက တစ်ယောက်သော သူ ဘ၀မျိုး ဖြစ်အောင် ခင်ဗျားတို့ကို စီစဉ်ပေးပါမယ်။

စတုတ္ထအဆင့်၊ ပဉ္စမအဆင့်---၊ အများကြီး ရှိနေသေးတယ်။ ကျုပ်တို့ဘက်က တစ်ဆင့်ချင်း လုပ်သွားနိုင် ပါတယ်။ ခင်ဗျားတို့ရဲ့ မျက်ကန်းတစ္ဆေမကြောက်မူကို ပြန်မပြင်ရင်-၊ အဲ့ဒီ တစ်ဆင့်ချင်းကို ခင်ဗျားတို့ ပြန်ခံရစေ မယ်။ ကျုပ်ပြောခဲ့သမျှ သတိပေးချက်တွေချည်းပါပဲ။ ခင်ဗျားတို့ စဉ်းစားတတ်ရင်၊ တိုင်းပြည်ကိုချစ်ရင်- ပြန်ပြင် သင့်ခဲ့တာ ကြာပါပြီ။

ခင်ဗျားတို့က ရာဇ၀တ်ကောင်တွေ၊ လူဆိုးလူမိုက်တွေ အစား အပြစ်မဲ့ မွတ်ဆလင်တွေကိုသာ ဖမ်းဆီးခဲ့တယ်၊ နှိပ်စက်ခဲ့တယ်၊ လက်နက်အားကိုးထား မိုက်ကြေးခွဲခဲ့တယ်။ မွတ်ဆလင် ဒုက္ခသည်တွေကို ငတ်ပြတ်သေကြေ ကုန်အောင် ဖန်တီးခဲ့တယ်။ ကြောက်ရွံတုန်လှုပ်သွားအောင် စိတ်ဓါတ်စစ်ဆင်ရေးတွေ လုပ်ခဲ့တယ်။ ဒီတင် မက ခင်ဗျားတို့ ဗဟုသုတလောက်နဲ့ မွတ်ဆလင်တွေကို အကြမ်းဖက်လို့ စွပ်စွဲနိုင်အောင် လက်နက်တော်လှန်ရေး ဘ၀ကို အတင်းတွန်းခဲ့တယ်။- အဲ့ဒါတွေက ကလေးကွက်တွေပါ။

ရာဇ၀တ်ကောင်တွေကို တစ်ကယ်ဖမ်းဆီး အရေးယူဘို့၊ အပြစ်မယ့် အဖမ်းခံရသူများကို လွှတ်ပေးဘို့၊ ဒုက္ခ သည်တွေကို ချက်ချင်းကြည့်ရှုဘို့- ရာဇ၀တ်မှုတွေမှာ ဗဟိုအစိုးရက လျှို့ဝှက်ပေါ်လစီများနဲ့ ထောက်ပံ့ခြင်းမှ ရှောင်ကြဉ်ဘို့ ကျုပ်တို့ အချိန် ၂ ပတ်ပေးခဲ့တယ်။ အခု နောက်ထပ် ၁ ပတ် (၇ ရက်)ပဲ ကျန်ပါတော့တယ်။ ဒီ အချိန်အတွင်းမှာ မပြုပြင်ရင်၊ သမ္မတ ဆိုသူ ကိုယ်တိုင် တရားခံထဲမှာ ပါသွားစေရပါမယ်။ လူဆိုးလူမိုက်များကို ပညာပေးဘို့ မြန်မာတစ်ပြည်လုံးကို ကတိပေးပါတယ်။ ကျုပ်တို့ လုပ်နိုင်ပါတယ်။

ဒီနေ့ကစ-၊ မသေသင့်ဘဲ ဒုက္ခသည် တစ်ဦးစီ သေရတိုင်း ခင်ဗျားတို့အတွက် ရာဇ၀တ်မှု တစ်ခုစီ ထပ်တိုးသွားပါ မယ်။- ရခိုင်နယ်က ရိုဟင်ဂျာ၊ ကမန်၊ ရခိုင် ဒုက္ခသည်တွေ၊ ကချင်နယ်က ကချင်လူမျိုးနွယ် အားလုံးရဲ့ ဒုက္ခ သည်တွေအတွက် ကူညီမဲ့ အကူအညီများကို အာသာငမ်းငမ်းတက်ပြီး ကျွန်တော်တို့ပဲ ကူညီပါမယ်၊ ကျွန်တော် တို့ လက်ကို အပ်ပါလို့- အရှက်မရှိ ဆက်တောင်းမနေပါနဲ့၊ သမ္မတကစ သူတောင်းစားစိတ်ပေါက်နေတဲ့ ခင်ဗျားတို့ လက်ထဲကို ကျုပ်တို့ တစ်ပြားတစ်ချပ်မှ မထည့်ဘူး ဆိုတာတော့ သိဘို့ သင့်ပါပြီ။

ကျူပ်တို့ဘက်က ကမ္ဘာ့ ဥပဒေနဲ့ အညီ၊ UN ကို အကူအညီတောင်းပြီး ကြားဝင် ကူညီဘို့ မေတ္တာရပ်ခံ ထား တယ်။ ဒီတစ်ခေါက်- UN ကိုလည်း အကြောင်းမျိုးစုံပြပြီး မောင်းထုတ်ကြည့်လိုက်ပါ။ အတင်းဝင်ကူညီမယ့် အခြေအနေကို ရောက်လာပါလိမ့်မယ်။-


ဌေးလွင်ဦး

ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
မြန်မာမွတ်ဆလင် တန်းတူညီမျှ အခွင့်အရေး လှုပ်ရှားဆောင်ရွက်မှု အဖွဲ့
အမေရိကန်ပြည်ထောင်စု

ငါတို့က ပေ မဟုတ်တော့ဘူး၊ ဌေးလွင်ဦး

ပန်းဘဲထုရာမှာ- သံတစ်တုံးကို လိုချင်တဲ့ ပုံစံ ဖြစ်အောင် ပြုလုပ်ဘို့- အဲ့ဒီ သံတုံးကို မီးဖုတ်ပြီး အပေါ်က ထုတဲ့တူနဲ့ မီးဖုတ်ထားတဲ့ သံတုံးရဲ့ အောက်က ခံရတဲ့ ပေတုံး ဆိုတာ ရှိတယ်။- အမှန်တော့ ထုတဲ့ တူလည်း သံ ဖြစ်သလို၊ အောက်က ထုစရာအဖြစ်ခံထားရတဲ့ “ပေ”ကလည်း သံတုံးပါပဲ။ သံချင်းတူပေမယ့်- ပေဖြစ်တော့ အထုခံနေရပါတော့တယ်။- ဒါကြောင့် ဗမာစကားပုံတစ်ခု အဖြစ် “တူ ဖြစ်တုံး ထုထားပေါ့-” ပေါ့-၊ ဆိုတာ လူတိုင်းနီးပါး ကြားဘူးမှာပါ။ ဆိုလိုတာက သံချင်း အတူတူ- တစ်နေ့တစ်ချိန် ငါ “အထုခံနေရတဲ့ ပေတုံး”က တူ ပြန်ဖြစ်ပြီး- ထုနေတဲ့ “တူ”ကလည်း ပေ ပြန်ဖြစ်နိုင်တယ် ဆိုတဲ့ သဘောပါ။
ကမ္ဘာ့နိုင်ငံကြီးများရဲ့ ပေါ်လစီနဲ့ နိုင်ငံရေး အားပြိုင်မှုများအရ-၊ မွတ်ဆလင်တွေကို အကြမ်းဖက်တွေ၊ စစ်သွေး ကြွတွေ၊ အတင်းအဓမ္မ သာသနာပြုသူတွေ၊ မိန်းမဗလပွယူသူတွေ၊ လူသတ်ကောင်တွေ-ရယ်လို့ နှစ်ပေါင်း ၅၀ လောက် နာမည်ဖျက် ၀ါဒဖြန့်ခဲ့ကြတယ်။- ဒါကိုအခွင့်ကောင်းယူပြီး မွတ်ဆလင် လူနည်းစုနေထိုင်ရာ တိုင်းပြည် များက တစ်ချို့နိုင်ငံတွေမှာ သက်ဆိုင်ရာ အစိုးရများကိုယ်တိုင်က မွတ်ဆလင်တွေကို “ပေတုံး”သဖွယ် သဘော ထားက ထုချင်တိုင်း ထုခဲ့ကြတယ်။- မြောက်ကိုးရီးယား၊ ဗီယက်နာမ်၊ ကမ်ဘောဒီးယား၊ မြန်မာ၊ သီရီလင်္ကာ၊ ဘူတန်နိုင်ငံတို့က အဆိုးဝါးဆုံးထဲမှာ ပါခဲ့တယ်။
ဒီနေ့ ခေတ်ပြောင်းသွားခဲ့ပါပြီ။ မွတ်ဆလင် မုန်းတီးရေး ဦးဆောင်ဝါဒဖြန့်ခဲ့တဲ့ နိုင်ငံကြီးများကိုယ်တိုင်က သူတို့ရဲ့ မူဝါဒများကို ပြောင်းပြန်လှန်ပစ်ခဲ့တာ- ဆယ်နှစ်နီးပါး ရှိခဲ့ပါပြီ။ ဒါကို ဗဟုသုတမဲ့နေတဲ့ မြန်မာနိုင်ငံနဲ့ သီရိ လင်္ကာတို့လို ဗုဒ္ဓဘာသာ အမည်ခံ လူသတ်ဘုန်းကြီး ဂိုဏ်း ကြီးစိုးနေတဲ့ အယူသည်းနိုင်ငံများက မသိခဲ့ရှာဘူး။ 
မိုးလွန်မှ ထွန်ချ- ဆိုသလို၊ အခုမှ ထပြီး မွတ်ဆလင်များကို မျိုးပြုတ်သတ်ဖြတ်ဘို့ ကြိုးစားလိုက်တော့-၊ နောက် ကျ သွားခဲ့ပါပြီ။ “လူဆိုး လူမိုက်တို့ရဲ့ အကြံအစည်များကို- ဘယ်တော့မှ အထမြောက်စေမှာ မဟုတ်ဘူး”လို့ ပြောထားတဲ့ ကုရ်အံကျမ်းစာလာ စကားဟာ လုံးဝမှန်ကန်ကြောင်း- လူဆိုးလူမိုက်များ မျက်ဝါးထင်ထင် မြင် သွားစေရမှာပါ။
အစ္စလာမ်သာသနာကိုး သက်ဝင်ယုံကြည်လိုက်တာနဲ့- အဲ့ဒီ လူတစ်ဦးကို နှိမ့်ချတဲ့ သဘောနဲ့ “ကုလား” ဆိုပြီး ဆိုင်းဘုတ်တွဲ၊ ဟိုက ၀င်လာသလိုလို၊ ဒီက၀င်လာသလိုလို- မြန်မာပြည်မှာ မမွေးဘဲ မိုးပေါ်က ကျလာသလိုလို တွေ စွပ်စွဲ-၊ မွတ်ဆလင်ကို ဆန့်ကျင်တဲ့ ဥပဒေတွေ ပေါ်လစီတွေချမှတ်-၊ မျိုးစုံတွေ လျှောက်လုပ်နေခဲ့တာ လည်း နောက်ကျသွားခဲ့ပါပြီ။- ငါတို့ကို မြန်မာနိုင်ငံသား အဖြစ် မသတ်မှတ်ရင်လည်း အရေးမကြီးဘူး-၊ အခု အချိန်မှာ ငါတို့က ကမ္ဘာ့ အသိအမှတ်ပြု ကမ္ဘာရဲ့ သားသမီးတွေ ဖြစ်နေခဲ့ပြီ။ ငါတို့နဲ့ ကမ္ဘာ့နိုင်ငံကြီးတွေ ကြားမှာ၊ ငါတို့နဲ့ ချမ်းသာကြွယ်ဝတဲ့ နိုင်ငံတွေကြားမှာ ကတိက၀တ်တွေလည်း ခိုင်ခိုင်မာမာ ရှိနေခဲ့ပြီ။ ဒီအခြေမျိုးထိ တွန်းပို့ခဲ့တဲ့- မြန်မာမျိုးချစ် အမျိုးဖျက်များကို ကျေးဇူးတင်ရမှာပါ။
ဥပဒေမဲ့နေတဲ့ အခိုက်အခန့်၊ လူဆိုးလူမိုက်တစ်သိုက်က- မတရားသဖြင့် အနိုင်ကျင့်နိုင်ရင် ခဏပါ။ မကြာမှီ အဲ့ဒီဒေသများထိ ဥပေဒတွေ ထိုးဖေါက်စိမ့်ဝင်လာတော့မှာပါ။ တရားခံတွေက ဘယ်ကိုမှ ပြေးလို့ မလွတ်ပါဘူး။ ရာသက်ပန် ရှာခဲ့သမျှ ဥစ္စာစီးပွား ပျက်စီးသွားရမယ့်နေ့၊ မျိုးဆက်လိုက် မျက်နှာသိမ်ငယ် သွားရမယ့်နေ့ရက်များ ခင်ဗျားတို့ဆီကို ရောက်လာပါလိမ့်မယ်။ ငါတို့က ဘက်က ကမ္ဘာတစ်ခုလုံး ရပ်တည်နေတယ်၊ နှိပ်ကွပ်လေ အမှု ကြီးလေသာ ဖြစ်ရပါမယ်။- ကမ္ဘာခုံရုံးမှာ- နအဖ လက်ထက်က အလုပ်သမားကိစ္စ ရှုံးနိမ့်ခဲ့ရပြီ။ နအဖနဲ့ ဦးသိန်း စိန် စပ်ကူးမတ်ကူးကာလ- ဘင်္ဂလားနယ်စပ်က ပင်လယ်- ရေနံပိုင်နက် ရှုံးနိမ့်ခဲ့ရပြီ။- အဲ့ဒီအမှုတွေ ရှုံးနိမ့်ခဲ့ရ စဉ် တစ်သီးပုဂ္ဂလ တရားခံအဖြစ် ခံရတာ မရှိဘဲ-၊ အစိုးရတစ်ရပ်အနေနဲ့သာ ထိခိုက်ခဲ့ရတယ်။ တိုင်းပြည်တစ်ခု အနေနဲ့သာ ထိခိုက်ခဲ့ရတယ်။ အဲ့ဒီက ထွက်လာတဲ့ ဆိုးကျိုးတွေက တိုင်းသူပြည်သားများကိုသာ နစ်နာစေခဲ့ တယ်။ အခုတစ်ခေါက် ရင်ဆိုင်ရမယ့် နိုင်ငံတစ်ကာ ခုံရုံးကတော့- မျိုးပြုတ်သတ်ဖြတ်မှု ခေါင်းစဉ်ဖြစ်ပါတော့ တယ်။ ရင်ဆိုင်ရမှာကလည်း သက်ဆိုင်ရာ ရာဇ၀တ်ကောင်များသာ ဖြစ်ပြီး တစ်သီးပုဂ္ဂလ တစ်ရားခံကိုယ်စီ ဖြစ် နေပါတယ်။- ဒီအတွက်လည်း သက်ဆိုင်ရာ ပုဂ္ဂိုလ်များ အနေနဲ့ ကမ္ဘာ့ရှေ့နေရှေ့ရပ်များ ငှားယမ်းပြီး ပြင်ဆင် ထားစေလိုတယ်။ (ပြည်သူ့ဘဏ္ဍာကို ကိုယ်ရေးကိုယ်တာအတွက် မသုံးဘို့ ပြောတာပါ။) တူ ဖြစ်စဉ် ထုထောင်း ခဲ့သမျှ-၊ ဒီတစ်ခါ မိမိ ထုခဲ့တဲ့ ဒဏ်ကို မိမိသာ ခံရမှာပါ။
သေချာတာက--၊ ငါ တို့ကတော့ ပေ မဟုတ်တော့ဘူး ဆိုတာပါပဲ။


ဌေးလွင်ဦး
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
မြန်မာမွတ်ဆလင် တန်းတူညီမျှ အခွင့်အရေး လှုပ်ရှားဆောင်ရွက်မှု အဖွဲ့
အမေရိကန် ပြည်ထောင်စု

ရခိုင်သမိုင်းပညာရှင်တို့အား စိန်ခေါ်ခြင်း ဌေးလွင်ဦး

၂၀၁၂- ဒီဇင်ဘာ ၁၆ ရက်

ရခိုင်နယ်သည် ကိုယ့်ထီးကိုယ့်နန်းဖြင့် နှစ်ပေါင်း လေးထောင်သော သမိုင်းဖြင့် တည်ရှိခဲ့၏။ ထိုကာလသည် ဗမာအင်ပါယာ (ပုဂံအင်ပါယာ) မပေါ်ပေါက်မှီ နှစ်ပေါင်း သုံးထောင်ကျော် ပိုမိုရှေးကျ၍ ဖြစ်၏။ ရခိုင်၏ နှစ်ပေါင်း လေးထောင်ကျော်သော သမိုင်းတွင်- ရခိုင်နယ်၌ ရှိနေသော မည်သည့်လူမျိုးစုက မူလဇစ်မြစ် လူမျိုး ဖြစ်သနည်း။ မည်သည့်လူမျိုးက နှောင်းပိုင်းမှ ၀င်ရောက်လာသော လူမျိုးဖြစ်သနည်း-၊ ဆိုသည်တို့အား ပထ၀ီ သဘာဝအရလည်းကောင်း၊ သမိုင်းလက်ရာ အထောက်အထားများအရ လည်းကောင်း၊ ရခိုင်စာပေဇစ်မြစ် အရ လည်းကောင်း၊ ရခိုင်တို့၏ ရုပ်ရည်ဟန်ပန်အရလည်းကောင်း၊ သမိုင်းစာပေအထောက်အထားအရ လည်း ကောင်း- ရခိုင်သမိုင်းပညာရှင်ဟု ခံယူထားသော ဒေါက်တာအေးချမ်းအပါအ၀င်- အခြားမည်သည့် သမိုင်းပညာ ရှင်များနှင့် မဆို ကမ္ဘာသိ မီဒီယာများ ရှေ့မှောက်၌ နေရာမရွေး၊ အချိန်မရွေး Debate လုပ်ဆွေးနွေးလျှက် အဖြေဖေါ်ထုတ်လိုပါသည်။

ကျွန်ုပ်အနေဖြင့် ရခိုင်နယ်၏ ရှေးဦးမူလ လူမျိုးမှာ ယခုအခါ မိမိကိုယ်မိမိ “ရိုဟင်ဂျာလူမျိုး”ဟု ခံယူထားသူများ သာ ဖြစ်ကြောင်း-၊ ကမ္ဘာ့မီဒီယာများရှေ့တွင် သက်သေသက်ကန် အတိအကျ ဖေါ်ထုတ်ပြသွား ဖြစ်သည်။ မျိုးဆက် သုံးဆက်ခန့် သမိုင်းကို လိမ်လည်၍ တင်ပြခဲ့ခြင်းကြောင့် အထင်မှား အမြင်မှား- သမိုင်းမှားများ၏ ၀ဲသြဃအတွင်း ရောက်နေရသည့် မြန်မာနိုင်ငံသူ နိုင်ငံသား အပေါင်းတို့အားလည်း သမိုင်း၏မှန်၏ တန်ဘိုး၊ သမိုင်းမှန်၏ ဇစ်မြစ်တို့အား ပြန်လည်ဖေါ်ထုတ်ပေးရာ ရောက်မည်ဟု ယုံကြည်သည်။

“ရိုဟင်ဂျာ” ဆိုသည်မှာ နောက်ပိုင်းတွင်မှ လုပ်ကြံဖန်တီးခြင်း ဖြစ်၏၊ ထိုရိုဟင်ဂျာ ဆိုသူများမှာ ကိုလိုနီခေတ် အတွင်း ဘင်္ဂလားဒေ့ရှ်မှ ခေါ်ယူလာသော လယ်လုပ်ကျေးကျွန်များသာ ဖြစ်၍၊ ၁၈၂၄ ခုနှစ် နောက်ပိုင်းတွင်မှ ရခိုင်နယ်ထဲသို့ ရောက်လာသူများ ဖြစ်၏- ဟု ရခိုင်သမိုင်းအား လိမ်လည်တင်ပြထားသော၊ သို့မဟုတ် မိမိ လက်လှမ်းမှီသလောက်ကို အခြေခံကာ အမှန်ဟု ခံယူ တင်ပြထားသော- သမိုင်းပညာရှင်ခံထားသော ပညာရှင် တို့ အနေဖြင့်-၊ မိမိဘ၀တာ မကုန်ဆုံးမှီ-၊ ပညာရှင်ပီပီ၊ ယောကျားပီပီ၊ သူရဲကောင်းပီပီ၊ ရခိုင်နယ်အား ချစ်မြတ် နိုးသူ ပီပီ ပြန်လည်ပြင်ဆင်လိုက ပြင်ဆင်နိုင်ရန်လည်း ကျွန်ုပ်ဘက်မှ ရည်ရွယ်သည်။

အထူးသဖြင့် ခေတ်သစ် ရခိုင်သမိုင်းပညာရှင် ဟု ခံယူထားသော၊ ဒေါက်တာ အေးချမ်း ဖြင့် အဓိက ဆွေးနွေး လိုသည်။ ဒေါက်တာ အေးချမ်းအနေဖြင့် သွားရေးလာရေး ခက်ခဲသော်-၊ ကျွန်ုပ်မှ ဒေါက်တာအေးချမ်း နေထိုင် သည့် ဂျပန်နိုင်ငံတွင် လာရောက် ဆွေးနွေးနိုင်ကြောင်းလည်း ကမ်းလှမ်းလိုသည်။ ကျွန်ုပ်ကိုယ်တိုင် ရခိုင်လူမျိုး စစ်စစ်ဖြစ်၍ (ဆွေးနွေးရန် တောင်းဆိုမှုအား လက်ခံလျှင် ရခိုင်လူမျိုး စစ်စစ်ဖြစ်ကြောင်း အထောက်အထား ပြ ပေးပါမည်၊)- ရခိုင်နယ်မှ ညီအစ်ကို တိုင်းရင်းသားချင်းကြား- အိုးမဲသုတ် ခွပ်ခိုင်းထားသည့် သမိုင်းမှားအား ချေ ဖျက်လိုသော ဆန္ဒသန့်သန့်ဖြင့် ယခုကဲ့သို့ ကမ်းလှမ်းလိုက်ခြင်းလည်း ဖြစ်သည်။

ဌေးလွင်ဦး

ကုရ်အံကျမ်းတော် ဘာသာပြန်ဆရာ၊
BA (မြန်မာစာ- ရန်ကုန်)၊ AA (Media Marketing, NY USA),
Scholar of Buddhism, Christianity & Islam

ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
မြန်မာမွတ်ဆလင် တန်းတူညီမျှ အခွင့်အရေး လှုပ်ရှားဆောင်ရွက်မှု အဖွဲ့
အမေရိကန် ပြည်ထောင်စု

မြန်မာမှုပြု သမိုင်းဖျောက်ခြင်း (၂) ဌေးလွင်ဦး

ဝတီ လေးရပ် 

ဗမာ စကားဖြင့် ရခိုင်ဟု ခေါ်သော နယ်သည်- စစ်စစ်အားဖြင့် Arakan အာရ်ကန်ဟု မည်တွင်သော ဒေသသာ ဖြစ်၏။ ထိုဒေသ၌ ၀တီ လေးရပ် ပါဝင်သည်ဟု ဆိုသည်။ 
ဓည၀တီ၊ မေဃ၀တီ၊ ရာမာဝတီ၊ ဒွါရာဝတီ- ဟူ၍ ဖြစ်သည်။ ထိုအမည်လေးခုအား လက်ရှိ ရခိုင်စကားဖြင့် အဓိပ္ပါယ် ဖွင့်ဆို၍ မရခြေ-၊ အမည်နာမများ အဖြစ်ဖြင့်သာ ရှိနေပေသည်။ 
သို့သော် ရိုဟင်ဂျာ ဘာသာစကားနှင့်မူ-- 
(၁) ဓည၀တီ မူရင်းအမည် ဒါန်န၀တီ (Wikipedia အရ) = ဒါန်နဟော (အလှုဒါနကြီးပြုနိုင်သည်) + ဒီးယာဟ် (ကျွန်း သို့မဟုတ် ကျွန်းဆွယ်)= ဟု ဖြစ်သည်။ ထို နှစ်ခုအား ပေါင်း၍ ပြောသောခါ ရှေ့ ဝေါဟာရမှ “ဟ” နှင့် နောက်ဝေါဟာရမှ “ဟ” တို့သည် “၀” အသံသို့ ပြောင်းသွားသည်။ ထို့ကြောင့် ဒါန်နဟော + ဒီးယာဟ် မှာ ဒါန်န၀ဒီးဝ် ဟု အသံထွက်သည်။) ထိုစကားလုံး၏ အဓိပ္ပါယ်မှာ “အလှုကြီး အဒါန်းကြီး ပြုနိုင် လောက်အောင် ပေါများ ကြွယ်ဝ သည့် ကျွန်း သို့မဟုတ် ကျွန်းဆွယ်” ဟု ဖြစ်သည်။ Wikipedia ၌လည်း ဓည၀တီ၏ မူရင်း အမည်မှာ Dhannavati, which means "Blessed with grain" ဟု ဖေါ်ပြထားသည်ကို ယနေ့ မျက်မြင် လေ့လာကြည့်ရှုနိုင် သည်။ (စင်စစ် ဓည၀တီ ဟု ရေးသားခေါ်ဆိုခြင်းမှာ ဗမာတို့၏ အသံထွက်ဖြင့် ခေါ်ဆိုခြင်းသာ ဖြစ်ပေသည်။ 
(၂) မေဃ၀တီ = မာဃီဟ်ဒီယားဟ် -- မာဃီဟ် = မိမိ၏ အလှအား ဖွင့်ပြသော မိန်းမ + ဒီယားဟ် = ကျွန်း သို့မဟုတ် ကျွန်းဆွယ် ဟု ဖြစ်သည်။ ထိုဒေသသည် မာန်အောင်ကျွန်းနယ်ဒေသကို ခေါ်ဆိုခြင်း ဖြစ်ပြီး-၊ ရခိုင်အများ လက် ခံထားသည်မှာလည်း မာန်အောင်ကျွန်းစုအား “မိန်းမလှ”ကျွန်းစုဟူ၍ ဖြစ်ပေသည်။ (ဟ မှ ၀ အသံပြောင်းခြင်း အား နံပါတ် (၁) ဓည၀တီ ရှင်းချက်တွင် ပြန်ကြည့်စေလိုသည်။ 
(၃) ရာမာဝတီ = ရာမ်ဟ်ဒီယားဟ်- ရာဟမ်ဟ်= မင်္ဂလာကျက်သရေ ရှိသော၊ ကောင်းကြီးမင်္ဂလာရှိသော + ဒီးယ် = ကျွန်း သို့မဟုတ် ကျွန်းဆွယ် ဟု ဖြစ်သည်။ ထိုဒေသသည် ကျောက်ဖြူမှ ရမ်းဗြဲ (ကျောက်နီမော်) အထိ ကြီးမားကျယ်ပြန့်သော စားရေရိက္ခာပေါများသည့် ဒေသကြီး ဖြစ်ခဲ့သည်။ 
(၄) ဒွါရာဝတီ = ဒူဝါးရ်ဟ် ဒီယားဟ်- ဒူဝါးရာဟ် = ၀င်ပေါက် ထွက်ပေါက်ရှိသော အရာ၊ တံခါး + ဒီယားဟ် = ကျွန်းသို့မဟုတ် ကျွန်းဆွယ် ဟု ဖြစ်သည်။ ဒေသခံလူမျိုးနှင့် ရခိုင်ရိုးမကြီးတစ်ဘက်ရှိ (နောက်ပိုင်း မြန်မာနိုင် ငံ ဖြစ်လာသည့်) ဒေသနှင့်လည်းကောင်း၊ ရွက်လှေများဖြင့် ခရီးဆက်၍ အခြားသော တိုင်းနိုင်ငံများသို့ လည်း ကောင်း သွားလာနိုင်သည့် “တံခါးပေါက်ကျွန်းဆွယ်” ဟု လည်းကောင်း ဖြစ်ပေသည်။ 
အကယ်၍ ဤအမည်နာမများသည် လက်ရှိ ရခိုင်ဟု ခံယူနေသော လူမျိုးတို့၏ ဘာသာစကားဖြင့် ဖြစ်ခဲ့သော်- ထိုရခိုင်စစ်စစ်ဖြင့် ထိုအမည်နာမတို့၏ အမည်များအား အဓိပ္ပါယ် ဖွင့်ဆိုနိုင်သော အထောက်အထားများအား ပြ နိုင်ရမည်ပင်-။ ယခုပြောဆိုနေသော ရခိုင်စကား စစ်စစ်ဖြင့် မည်သို့မှ သက်သေပြနိုင်မည် မဟုတ်ချေ။ ထို အမည်နာမတို့အား ပါဠိ ဘာသာမှ ယူ၍ ကင်ပွန်းတပ်ခဲ့သည်ဟု ဆိုလျှင်--၊ လွန်ခဲ့သော နှစ်ပေါင်း ၄၀၀၀ ဒါန်န၀တီ- (ဓည၀တီ) ထူထောင်သည့် ခေတ်ကာလ၌ ဤကမ္ဘာ၌ ဗုဒ္ဓဘာသာဟူ၍ မရှိခဲ့သေးပါချေ။ 
ရခိုင်အပါအ၀င် မြန်မာနိုင်ငံထဲသို့ ပါဠိဘာသာ ရောက်လာစေရန် အကြောင်းခံ ဖြစ်သည့် ဗုဒ္ဓဘာသာ သည်ပင် လျှင်- အများဆုံး နှစ်ပေါင်း ၂၅၀၀ (ရခိုင်ပညာရှင်တို့ အဆိုအရ ဗုဒ္ဓပွင့်စဉ် ရခိုင်ဒေသအား ရောက်ခဲ့သည် ဆို၍) ထက် မစောနိုင်ခဲ့ပေ။ သို့သော် ဒါန်န၀တီ၊ မေဃ၀တီ၊ ရာမ၀တီ၊ ဒွါရာဝတီ တည်းဟူသည့် ၀တီ လေးရပ်၏ သမိုင်း သည်ကား အနည်းဆုံး နှစ်ပေါင်း ၃၀၀၀ ကျော်ခဲ့လေပြီ။ ပညာရှင်များ စဉ်းစားကြပါကုန်--။ 
Arakan ၊ နှင့် မြန်မာများ ခေါ်သော ရခိုင်- ဆိုသည်တို့အား 
ဆက်လက် ဖေါ်ပြပါမည်။- 
ဌေးလွင်ဦး

ရခိုင်သမိုင်း(၁) ဌေးလွင်ဦး

မာဂဓ၊ မောရိယ အင်ပါယာနှင့် ရခိုင်ဒေသ


အိန္ဒိယ အင်ပါယာ ပြည့်ရှင်များ အနက် မြန်မာတို့ အထင်ကရ တလေးတစား အထင်ကြီးသော မင်းကြီးမှာ အာသောက (Ashoka) မင်းကြီး ဖြစ်၍-၊ သူသည် ဘင်္ဂလီ လူမျိုးတစ်ဦး ဖြစ်သည်။ ဘန်ဂေါပြည် မာဂဓ နေ ပြည်တော်၌ အခြေစိုက်လျှက် အရှေ့၊ အနောက်၊ တောင်၊ မြောက် လေးဘက်လေးတန်သို့ ဗုဒ္ဓသာသနာအား ဖြန့်ချီခဲ့သူလည်း ဖြစ်သည်။ ထိုအင်ပါယာအား စန္ဒြဂုတ မောရိယ မင်းကြီးမှ စတင်ထူထောင်ခဲ့သောကြောင့် မောရိယ အင်ပါယာဟု ထင်ရှားခြင်း ဖြစ်ပြီး မောရိယာ အင်ပါယာမင်းဆက်များ အနက် ထူထောင်သူ စန္ဒြ မင်းကြီးနှင့် အာသောကမင်းကြီးတို့မှာ ထင်ရှားသူများ ဖြစ်ခဲ့သည်။ 
မောရိယ အင်ပါယာသည် ဘီစီ ၃၂၂ မှ ဘီစီ ၁၈၅ ထိ ဘုန်းမီးနေလ တောက်ပချိန် ဖြစ်ခဲ့သည်။ အထူး သဖြင့် မောရိယပြည့်ရှင် အာသောကမင်းကြီး၏ လက်ထက်သည် ရခိုင်နယ်သမိုင်းမှ ဓည၀တီ (ဒန်န၀တီ) ခေတ် နှစ် ပေါင်း ၁၆၀၀ ခရီး၏ နောက်ဆုံး ခေတ်ကာလများ ဖြစ်လေသည်။ 
ထိုအချိန်ကာလတွင် ယခု မြန်မာနိုင်ငံထဲသို့ ပါဝင်နေသော ရခိုင်နယ်၏ မြောက်ပိုင်း (လက်ရှိ ရခိုင်ပြည်နယ်၏ ထက်ဝက်)သည် ဘင်္ဂလီပြည့်ရှင်များ ဖြစ်သည့် မောရိအင်ပါယာ အင်ပါယာ ပိုင်နက်၏ တောင်တန်းဒေသသား များ အဖြစ် သတ်မှတ်ခံခဲ့ရသည်။ (အပေါ်၌ ဖေါ်ပြသော ပုံတွင်ကြည့်ပါ။) ဗုဒ္ဓဘာသာသည်လည်း ထိုဒေသများ သို့ ထိုးဖေါက်ရောက်ရှိလာခဲ့သည်။ (ဤနေရာ၌ ဆင်ခြင်ရန်မှာ ဒါန်န၀တီ (ဓည၀တီ) တိုင်းပြည်အတွင်း၌ နေ ထိုင်ကြကုန်သော လူအပေါင်းအား သတ်ဖြတ်သုတ်သင်ပစ်လျှက် မောရိယအင်ပါယာထဲမှ ဗုဒ္ဓဘာသာများက အစားထိုးလိုက်ခြင်း မဟုတ်သကဲ့သို့၊ ဒါန်န၀တီ (ဓည၀တီ)မှ လူသားများသည်လည်း ဗုဒ္ဓ ဂေါတမ မပွင့်မှီ သို့မဟုတ် အာသောကမင်းကြီး သာသနာမပြုမှီ ကမ္ဘာဦးကတည်းက မိုးကျရွှေကိုယ် ဗုဒ္ဓဘာသာများ မဟုတ်ခဲ့ ပေ။ ဗုဒ္ဓသာသနာပြုများ ရောက်ရှိလာ၍ သာသနာပြုရာမှ ယခင်ရှိရင်းစွဲ ဘာသာဟောင်းမှ ဘာသာပြောင်းခဲ့ ခြင်းသာ ဖြစ်ပြီး လူမျိုးပြောင်းသွားခဲ့ခြင်း မဟုတ်ပေ။) သို့သော် မောရိယအင်ပါထဲမှ လူများ ဒါန်န၀တီ (ဓည၀တီ) ထဲသို့ သွားလာကူးသန်းလျှက်- လူတစ်ချို့ ကပြားများ ဖြစ်သွားနိုင်ခဲ့သည်။ ၎င်းမှာ ဘာသာတရားနှင့် မသက်ဆိုင်ပေ။ တိုင်းပြည်ရှိ လူအားလုံး ကပြားဖြစ်သွားနိုင်မည် မဟုတ်ဘဲ- မူလဘူတ လူမျိုးစု အကြွင်းအကျန် များ ရှိနေခဲ့မည်လည်း ဖြစ်သည်။ 
မောရိအင်ပါယာမှ အာသောကမင်းကြီး၏ လက်ထက်တွင် စာပေ၊ ကျောက်စာ အကြီးအကျယ်ထွန်းကား ပြန့်နှံ့ ခဲ့သည့် လှိုင်းဂယက်အတွင်း၌ ဒါန်န၀ဒီ (ဓည၀တီ)သည်လည်း ရှောင်ဖယ်နိုင်ခဲ့သည် မဟုတ်ကြောင်း- ဓည ၀တီ၏ ရှေးအကျဆုံး ကျောက်စာရေးထိုးသည့် စာပေအက္ခရာများမှ သက်သေတည်လျှက် ရှိနေပေသည်။ ထို စာပေ အက္ခရာအသုံးများမှာ ၁၁ ရာစု ဗမာအင်ပါယာ ဒါန်န၀ဒီ (ဓည၀တီ)သို့ မလွှမ်းမိုးမှီအထိ ရခိုင်နယ်၌ နှစ် ပေါင်း ၁၀၀၀ ကျော် တည်ရှိနေခဲ့သည်။ ဤနေရာ၌ သတိမူရန်မှာ-၊ ထိုရခိုင်ရှေးဟောင်းကျောက်စာများသည် ရှေးဟောင်း မာဂဓအင်ပါယာ (ဘင်္ဂလီမောရိယ အင်ပါယာ)မှ အက္ခရာများအား နမူနာယူ၍ ရခိုင်စာပေအဖြစ် တည်ထွင်ခဲ့ခြင်း မဟုတ်ပေ။ ဆိုလိုသည်မှာ လက်တင်အက္ခရာတို့အား နမူနာယူ၍ (အသုံးပြု၍) မလေရှား၊ အင်ဒိုနီးယား၊ ဗီယက်နာမ် နိုင်ငံများ စာပေတီထွင်ခဲ့သော်လည်း ရေးသည့် အသံထွက်များ၊ ဖတ်ပြလျှင် နား လည်မှုများမှာ သက်ဆိုင်ရာ လူမျိုးတို့သာ ဖြစ်ပေသည်။ ဥပမာ ဗီယက်နာမ်စာတစ်ပိုဒ်အား လက်တင် အက္ခရာ များဖြင့် ရေးထားသော်လည်း- ထိုစာပိုဒ်အား အင်္ဂလိပ်တို့အား သော်လည်းကောင်း ပြင်သစ်တို့အားသော်လည်း ကောင်း ဖတ်ခိုင်းသော် ဖတ်နိုင်မည် မဟုတ်သကဲ့သို့ ဖတ်ပြ၍ နားထောင်ခိုင်းလျှင်လည်း နားလည်မည် မဟုတ် ပေ။ 
သို့သော် ရှေးဟောင်း ရခိုင်ကျောက်စာတို့အား ဖတ်ခိုင်းလျှင် သို့မဟုတ် ဖတ်ပြ၍ နားထောင်ခိုင်းလျှင် ရိုဟင်ဂျာ ရှေးဟောင်းပူတီ ဆရာများ ဖတ်နိုင်သည်၊ နားလည်နေသည်မှာ အံ့သြလောက်မည် မဟုတ်ပေ။ ထို ကျောက်စာ တို့အား ဖတ်ပြလျှင် ယခုခေတ် ရိုဟင်ဂျာများပင် အနည်းဆုံး ထက်ဝက်ခန့်နားလည်နေပေသည်။ ယခုအခါ ရခိုင်စစ်စစ်ဟု ခံယူထားသူများမှာ ထိုကျောက်စာတို့အား မဖတ်နိုင်ယုံမျှမက ဖတ်ပြလျှင်လည်း တစ်လုံးတစ်ပါဒ မျှနားလည်ခြင်း မရှိပေ။- သို့ဖြစ်လျှင် ထိုဒါန်န၀ဒီ (ဓည၀တီ)ခေတ်မှ အုပ်ချုပ်သူများသည်- မိမိတို့၏ သမိုင်း မော်ကွန်းတို့အား ရေးထိုးရန် မိမိတိုင်းပြည်မှ မဟုတ်သော တိုင်းတစ်ပါးသား စာပေပညာရှင်တို့အား ပင့်ဆောင် လျှက်- မိမိနှင့် မိမိ၏ တိုင်းသူပြည်သား တစ်ဦးတစ်ယောက်မှ မတတ်သည့် ဘာသာစကား၊ ဖတ်ပြလျှင်လည်း နားမလည်သည့် ဘာသာစကားဖြင့် ရေးထိုးခဲ့ပါသလား၊- သို့မဟုတ် ဘုရင်မင်းများ အပါအ၀င် တိုင်းပြည်မှ စာ တတ်ပေတတ်များ တတ်သော၊ နားလည်သော ဘာသာစကားဖြင့်သာ ရေးထိုးခဲ့ပါသလား- ဆိုသည်မှာ ကမ္ဘာ့ ပညာရှင်များရှေ့မှောက်၌ အထူးအထွေ အဖြေထုတ်ပေးရန် လိုမည် မထင်ပါ။ 
(လက်ရှိမြန်မာနိုင်ငံဟု သတ်မှတ်သည့် ဧရိယာ၏ ထိပ်ပိုင်းဖြစ်သည့် ချင်းတွင်းမြစ်ဖျားဒေသသည်လည်း မောရိ ယ အင်ပါယာအတွင်းသို့ အနည်းငယ် ပါဝင်ခဲ့သည်။ ဗုဒ္ဓဂေါတမသည် မောရိယ အင်ပါယာအတွင်း ဖွားမြင်ပွင့် ပေါ်သည့်အပြင် မောရိယအင်ပါယာ၏ သြဇာတက္ကိမကြီးသော အာသောကမင်းကြီးက ဗုဒ္ဓဂေါတမ၏ သာသနာ အား ဖြန့်ချီ အားပေးခြင်းများကြောင့် ဗုဒ္ဓဘာသာသည် မြန်မာနိုင်ငံအတွင်းသို့ အနောက်ဖက်တစ်ပိုင်းလုံးမှ ဖြန့်လျှက် ၀င်ရောက်လာခဲ့ပေသည်။) 
ဒါန်န၀ဒီ (ဓည၀တီ)မှ ခေတ်နောက်ပိုင်းမှ စတင်ဝင်ရောက်လာသော ဗုဒ္ဓသာသနာသည် ယခု ရခိုင်နယ်ဟု သတ်မှတ်ထားသည့် ဒေသ၏ အနောက်ပိုင်းမှ ၀င်လာခဲ့ပြီး- ဒါန်န၀ဒီ (ဓည၀တီ) ဗလ်ဆာလီ (ဝေသာလီ)ထိ ထိုဒေသများတွင် ရှေးဟောင်းလူမျိုးနှင့် မာဂဓအင်ပါယာမှ ကပြားများ- သာ ကြီးစိုးနေထိုင်ခဲ့သည်။ သို့ဖြစ်၍ ထို ဘာသာစကားသည် မာရ်မာကီး၊ ရိုဟင်ဂျာ၊ ဒိုင်းနက် လူမျိုးတို့၏ ဘာသာစကားဖြစ် နေခြင်းပင်။ ဗယ်ဆာလီ (ဝေသာလီ) ခေတ်နှောင်းပိုင်းတွင် လက်ရှိရခိုင်နယ်၏ တောင်ပိုင်းဒေသများမှ (ဗမာဖြစ်လာမည့်- ကမ်းယံ၊ သက်) လူမျိုးစုများ (ထိုလူမျိုးစုများမှာ မြန်မာနိုင်ငံဘက်မှ တောင်ကုတ်တောင်ကြားလမ်း၊ အမ်းတောင်ကြား လမ်း၊ ဂွတောင်ကြား လမ်းများကို ဖြတ် ကျော်လျှက် ရောက်ရှိလာသော လူမျိုးများ ဖြစ်သည်။- ( ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတမြန်မာနိုင်ငံ- အခြေပြု မြန်မာ့သမိုင်း အတွဲ ၁) ယခင် ဓည၀တီ၊ ဝေသာလီ လူမျိုးတို့မှာ ယခု ရခိုင်နယ်၏ တောင်ပိုင်းဒေသများသို့ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် ပြောင်းရွှေ့နေထိုင် နိုင်ခြင်းများ မများခဲ့ပေ။)- ဗယ်ဆာလီ (ဝေသာလီ)နယ်ထဲသို့ စိမ့်ဝင်လာခဲ့သည်။ 
ထိုလူမျိုးတို့အား ဒါန်န၀တီမှ မူလလူမျိုးများက တောင်ပိုင်းမှ စိမ့်ဝင်လာသူများကို တောသားလူမျိုးစုသဘော၊ ကျေးလက်ဒေသသား လူမျိုးစု သဘောကို ဆောင်၍ “ရက္ခု”ဟု ခေါ်သည်။ (ရိုဟင်ဂျာ စကားအရ ရက္ခု ဆို သည်မှာ tribe (လူမျိုးနွယ်စု တစ်ခု)”ဟူ၍ ဖြစ်သည်။ ထိုလူမျိုးစုမှာ မာဂဓီ ဘာသာစကားကို ပြောဆိုခြင်း ကြောင့် နောင်တွက် မော့ဂ် (မာဂဓီ)ဟု ခေါ်ဆိုလာခဲ့သည်။ သို့သော် ထိုမော့ဂ် များမှာလည်း ဗုဒ္ဓဘာသာ ဇစ် ဖြစ်ဖြစ်၍ (အယူအနည်းငယ်ကွဲခဲ့ဟန်ရှိသော်လည်း)- ဗယ်ဆာလီ (ဝေသာလီ)မှ လူမျိုးများနှင့် ဘာသာယုံကြည် မှု တူညီနေခဲ့၍ ပြသနာ မရှိခဲ့ပေ။ (ဤနေရာ၌ ဆင်ခြင်ရန်မှာ မောရိယ အင်ပါယာသည်လည်း မဂဓ အင်ပါယာ ဖြစ်၍ မာဂဓ အင်ပါယာသုံး ရှေးဟောင်း ဘင်္ဂလီစကားနှင့် မာဂဓ အင်ပါယာသုံး မာဂဓီစကား မတူညီပေ။ မာဂဓီ စကားသည် မာဂဓအင်ပါယာ၏ မြောက်ပိုင်းတစ်ကြော၌ ပြောဆိုသော စကားဖြစ်ခဲ့ပြီး- မြန်မာနိုင်ငံသို့ ချင်းတွင်း မြစ်ဖျားဘက်မှ ဆင်းသက်လာခဲ့ခြင်း ဖြစ်သည်။) 
ဗယ်ဆာလီ (ဝေသာလီ) ခေတ်နောက်ပိုင်းတွင်း မောဂ် (ရက္ခု)များ အင်အားထွားလာပြီး အုပ်ချုပ်ရေးပိုင်းတွင် ပါဝင်လာခဲ့ကြောင်း- အုပ်ချုပ်ရေးဆိုင်ရာ ဘာသာစကား၊ ဘာသာစာပေ အပြောင်းအလည်း ကျောက်စာများ အားဖြင့် သိနိုင်ပေသည်။ ထိုမှစ မူလဘူတလူမျိုးတို့အနေဖြင့် အုပ်ချုပ်ရေးပိုင်းတွင် မှေးမှိန်လာပြီး မောဂ် (ရက္ခု) တို့ အင်အားထွားလာကာ- အေဒီ ၉ ရာစုဆန်းတွင် လေးမြို့မင်းဆက်အား ထူထောင်ခဲ့သည်။ အခြားတစ်ဘက် တွင် အေဒီ ၁၁ ရာစု ဆန်းစ၌ မြို့နိုင်ငံလေးများဖြင့် ကွဲပြဲနေသည့် ဗမာများသည်လည်း အနော်ရထာမင်း၏ လက်အောက်၌ စုစည်းသွားခဲ့ပြီး ဗမာအင်ပါယာ အဖြစ် ထွန်းကားလာခဲ့သည်။ ယခုရခိုင်နယ်၏ တောင်ပိုင်းဒေ သ များမှာ ယခင်မှစ၍ ဗမာမျိုးနွယ်များ ပြန့်ပွားပြီး ဒေသဖြစ်သဖြင့် အင်အားထွားလာသော ဗမာများက လေးမြို့ မင်းဆက်အား လက်အောက်ခံနိုင်ငံငယ် အဖြစ် သိမ်းပိုက်သတ်မှတ်ခဲ့ပေသည်။ 
ထိုအခါ လေးမြို့ခေတ် နှောင်းပိုင်း ရက္ခု (ရခိုင်) ဘုရင်များ သြဇာ မှေးမှိန်ခဲ့ရသော်လည်း- ရက္ခု ဟုခေါ်သည့် လူမျိုးမှာ ယခင်ကပင် ဗမာမျိုးနွယ်မှ ဖြစ်ခြင်းကြောင့် ဗမာအင်ပါယာ၏ လက်အောက်၌ တောင်ပိုင်းမြောက်ပိုင်း ပေါင်းစပ်လျှက် ယခုရခိုင်ဟု ခေါ်သော ဒေသ၌ ဗမာစကား (ရှေးဟောင်းဗမာစကား)ပြော လူဦးရေမှာ များပြား ခဲ့ပြီး ဓည၀တီ၊ ဝေသာလီမှ မူလဘူတ လူမျိုးစုတို့ လူနည်းစု ဖြစ်ခဲ့ရသည်။ သို့သော် ဗမာလက်အောက်ခံ အောက်၌ ရက္ခုရော- မူလလူမျိုးပါ အာဏာရှိသူများ မဟုတ်သဖြင့် အာဏာလုရန် အကြောင်းမရှိ-၊ ဘာသာတူ နေသဖြင့် ဘာသာရေးအရ ရန်ဖြစ်ရန် အကြောင်းမရှိဘဲလျှက် ပြသနာကြီးကျယ်ခြင်းများ မတွေ့ရသည့်အပြင်- ရံဖန်ရံခါ- ဗမာတို့အား တော်လှန်ရန်အတွက် ပူးပေါင်းညီညွတ်ခဲ့သည့် အခြေအနေများကိုလည်း တွေ့ရသည်။ 
ဤခေတ်ကာလများသည်- ယခု ရခိုင်ဟု ခေါ်တွင်သော နယ်ထဲ၌ ရခိုင်၏ မြောက်ဘက်မှ ၀င်ရောက်လာခဲ့သော မူလဘူတလူမျိုး သို့မဟုတ် တိဘက်မြန်မာများထက် လွန်စွာ ရှေးကျသောလူမျိုး Negrito (အသားမဲသည့် လူ မျိုးနွယ်)များနှင့် နောက်ပိုင်းဝင်လာသော တိဘက်မြန်မာလူမျိုးတို့ လူမျိုးကြီးနှစ်ခု ထိပ်တိုက်တိုးသော ကာလ လည်း ဖြစ်ခဲ့သည်။ 
ဆက်လက်ဖေါ်ပြပါမည်။ 
ဌေးလွင်ဦး

ရခိုင်သမိုင်း(၂) ဌေးလွင်ဦး

စစ်တကောင်းဒေသ- လေးမြို့ခေတ်၊ မြောက်ဦးခေတ်နှင့် မြန်မာအင်ပါယာ 
စစ်တကောင်း ဒေသသည် သမိုင်းဇစ်မြစ်မှစ၍ ယနေ့တိုင် ဘင်္ဂလီလူမျိုးတို့၏ ဒေသမဟုတ်ပေ။ စစ်တကောင်း တောင်တန်းဒေသခံများ နေထိုင်ရာ ဒေသသာ ဖြစ်ခဲ့သည်။ သို့သော် ၎င်းဒေသအား ဘင်္ဂလားနှင့် ဒါန်န၀ဒီ (ဓည၀တီ) တို့ သူတစ်ပြန် ကိုယ်တစ်ပြန် သိမ်းပိုက်အုပ်ချုပ်ရာ ဒေသအဖြစ် တည်ရှိခဲ့သည်။ ထိုဒေသမှ လူမျိုးစုနွယ်အားလုံးမှာ ဒါန်န၀တီ (ဓည၀တီ)မှ လူမျိုးစုနွယ် အားလုံးနှင့် ဆက်စပ်လျှက် ရှိခဲ့သည်။ ထို့ပြင် သမိုင်းစဉ်ဆက်ကပင် စစ်တကောင်းမြို့သည် ပင်လယ်ဆိပ်ကမ်းမြို့ ဖြစ်ခဲ့သည်။ ၎င်းဒေသမှာ ဗယ်ဆာလီ (ဝေသာလီ) မင်းတို့၏ လက်အောက်၌ စစ်တကောင်းဒေသသည် အေဒီ ၆ ရာစု ၇ ရာစု- ထိုစဉ်က ၎င်းဒေသ တစ်ခုလုံး ဗုဒ္ဓဘာသာ ထွန်းကားခဲ့သည်။
အေဒီ ၉ ရာစုမှ စ၍ အာရဗ်ကုန်သည်များမှာ စစ်တကောင်းဆိပ်ကမ်းသို့ စတင်ကူးသန်းခဲ့သည်။ ထိုမှစ၍ အစ္စလာမ် သာသနာမှာ စစ်တကောင်းနယ်သို့ စတင်မျိုးစေ့ရောက်လာပြီး- အစ္စလာမ်သာသနာ ကျယ်ပြန့် လာခဲ့ သည်။ အေဒီ ၁၄၃၀ ခုနှစ်မှ စ၍ ဘင်္ဂလားပြည်မှ မွတ်ဆလင် အုပ်ချုပ်ရေးနယ်စား ဆူလ်တန် ဖာခ်ရွတ်ဒင် မူဘာရာက် ရှားက စစ်တကောင်းဒေသအား အောင်နိုင်အုပ်ချုပ်ခဲ့သည်။ ထိုကာလမှာ နှစ်ပေါင်း ၁၀၈ နှစ်သာ ဖြစ်ခဲ့၍၊ ၁၅၃၈ ခုနှစ်တွင် မြောက်ဦးမင်းဆက် များက ပြန်လည်သိမ်းပိုက်က ၁၂၈ နှစ် အုပ်ချုပ်ခဲ့ပြန်သည်။ ထို့ နောက် ၁၆၆၆ ခုနှစ်တွင် မွန်ဂိုမင်းများက သိမ်းပိုက်အုပ်ချုပ်ခဲ့ပြန်သည်။
စစ်တကောင်းနယ်သည် ဓည၀တီ၊ ဝေသာလီ၊ လေးမြို့၊ မြောက်ဦး တို့၏ ပိုင်မြေ သို့မဟုတ် အုပ်ချုပ်ခံနယ်မြေ အဖြစ် နှစ်ပေါင်း ထောင်နှင့်ချီ ရှိခဲ့ပြီး- ထိုစစ်တကောင်းဘက်မှ ၀င်လာခဲ့သမျှသော ဘာသာတရားတိုင်းသည် ဓည၀တီ၊ ဝေသာလီ၊ လေးမြို့၊ မြောက်ဦး ပိုင်မြေ ဒေသများသို့ ခေတ်တိုင်း၌ လွှမ်းမိုးခဲ့ကြောင်း ရခိုင်ရှေးဟောင်း ကျောက်စာများက တိကျသော အထောက်အထားများကို ပေးလျှက် ရှိနေသည်။ စစ်တကောင်းဒေသတွင် ဟိန္ဒူ ဘာသာထွန်းကားစဉ်- ဓည၀တီ၊ ဝေသာလီများ၌ ဟိန္ဒူဘာသာ ထွန်းကားခဲ့သည်၊ သို့မဟုတ် လွှမ်းမိုးခဲ့သည်။ စစ်တကောင်းဒေသ၌ ဗုဒ္ဓဘာသာ ထွန်းကားစဉ် ထိုဓည၀တီ၊ ဝေသာလီ၊ လေးမြို့နယ်များသို့ ဗုဒ္ဓဘာသာ သက် ရောက်လွှမ်းမိုးလာခဲ့သည်။ နောက်ဆုံး စစ်တကောင်းဒေသ၌ အစ္စလာမ်သာသနာ ထွန်းကားလာသော အခါ- ဓည၀တီ၊ ဝေသာလီ၊ လေးမြို့- တို့အား အမွေဆက်ခံခဲ့သည့် မြောက်ဦး ခေတ်တွင်လည်း မြောက်ဦးနေပြည် တော် ပိုင်မြေထဲ၌ အစ္စလာမ်သာသနာ ထွန်းကားပြန့်ဝင်လာခဲ့သည်။- ၎င်းမှာ ရှေးဘာသာဝင်နှင့် ရှေးလူဟောင်း များအား မျိုးပြုတ်သတ်ဖြတ်၍- နောက်ဘာသာဝင် လူသားများဖြင့် အစားထိုးခဲ့ခြင်း မဟုတ်ပေ။ နဂိုရှိရင်းစွဲ လူများကသာ မိမိစိတ်သဘောအလျှောက် သာသနာတစ်ခုခုအား ရွေးချယ်ကိုးကွယ်ခဲ့ခြင်း ဖြစ်သည်။
မြောက်ဦးခေတ်တွင် အစ္စလာမ်သာသနာသည် မြောက်ဦးအင်ပါယာထဲသို့ ပြန့်နှံ့လာသည့် ပမာဏမှာ ထုတည် တစ်ရပ် ရှိနေသဖြင့် မြောက်ဦးမင်းဆက် ဘုရင်များကိုယ်တိုင်ပင် မွတ်ဆလင်ဘွဲ့တို့အား ခံယူခဲ့ကြောင်း မည်သူ မျှ မငြင်းနိုင်ပေ။ သို့သော် အစ္စလာမ်သာသနာထဲသို့ ၀င်ခဲ့သူများမှာ စစ်တကောင်းဘက်နှင့် နီးစပ်သော မူလဘူတ လူမျိုးစုများ ဖြစ်၍- ယခု ရခိုင်ဟု ခေါ်တွင်သည့် ဒေသ၏ တောင်ဘက်ပိုင်းမှဝင်လာသော ရက္ခု (ရက္ခိုင်) လူမျိုးတို့မှာ အစ္စလာမ်သာသနာသို့ ၀င်ရောက်မှု နှုန်း နည်းပါးခဲ့သည်။
ထိုသို့ဖြစ်ရသည်မှာ- ယခု ရခိုင်နယ်ဟု ခေါ်တွင်သည့် ဒေသ၏ တောင်ပိုင်းဒေသသည် အစ္စလာမ်သာသနာ ထွန်ကားလာသည့် စစ်တကောင်းနယ်နှင့် ဆက်စပ်မှုမရှိခြင်း- ထိုစစ်တကောင်းနယ်မှ ပြောဆိုသည့် ဘာသာ စကား စာပေတို့မှာ ရခိုင်အာပါယာများ ဖြစ်သည့် ဓည၀တီ၊ ဝေသာလီ၊ လေးမြို့၊ မြောက်ဦး နေပြည်တော်များနှင့် ထိုမှ တောင်ဘက်သို့ အနည်းငယ်လွန်၍သာ လွှမ်းမိုးခဲ့ခြင်းတို့ ကြောင့် ဖြစ်သည်။
ထိုထက်ပို၍ အရေးကြီးသော အချက်မှာ- လေးမြို့ခေတ်နှောင်းပိုင်းမှစ၍- မူလဘူတ လူမျိုးတို့၏ နိုင်ငံရေး သြဇာ မှာ မှေးမှိန်သွားခဲ့ပြီး တောင်ပိုင်းမှ ၀င်ရောက်သွားသည့် ရက္ခု (ရက္ခိုင်) လူမျိုးတို့နှင့် ၎င်းတို့၏ ကပြားများက နိုင်ငံရေး သြဇာလွှမ်းမိုးသွားခဲ့ခြင်း ဖြစ်သည်။ ထိုအခါ မူလဘူတ လူမျိုးတို့မှာ အုပ်ချုပ်ခံများသာ ဖြစ်၍ ထိုခေတ် ထိုအခါမှစ လက်အောက်ခံလူမျိုးများ ဖြစ်သွားခဲ့ရသည်။
သို့သော် မြောက်ဦးအင်ပါယာ၏ လက်ထက်တွင် ရခိုင်နယ်၏ အလယ်ပိုင်းနှင့် တောင်ပိုင်းသို့- ပင်လည်ရေ ကြောင်းဖြင့် ရောက်ရှိလာသော ပါရှန်း၊ အာရဗ်တို့၏ သာသနာပြုမှုများ အနည်းငယ် ရှိခဲ့သည်။ ထိုမှစ၍ အစ္စလာမ် သာသနာသို့ ၀င်ရောက်သူများ ရာနှုန်းအနည်းငယ် ရှိခဲ့သည်။ ထို့ပြင် မြောက်ဦး တပ်မတော်၏ အတွင်း၌ လေးတပ်မတော်မှာ သြဇာရှိခဲ့၍- ထိုလေးတပ်မတော်အား ဘင်္ဂလားပြည်မှာ မွန်ဂိုမင်းတို့၏ စစ်ကူများ ဖြင့် ဖွဲ့စည်းပေးခဲ့သည်။ သို့ဖြစ်၍- လေးတပ်မတော်သားတို့ အစ္စလာမ်သာသနာထဲသို့ ကူးပြောင်းခဲ့သည်။ သူတို့ အား လေးတပ်မတော် (ပါရှန်းစကားဖြင့် ကမန်)ဟု ခေါ်တွင်ခဲ့သည်။ ကမန်များမှာ ရက္ခု (ရက္ခိုင်)များသာ ဖြစ် ပေသည်။ ထို့ကြောင့် ထိုကမန်များသည် ပါရှန်းစကား၊ ဓလေ့၊ ယဉ်ကျေးမှုများ မရှိခဲ့ပေ။
အခြားတစ်ဘက်တွင် အုပ်ချုပ်ခံ မူလဘူတ လူမျိုးအထဲ၌လည်း လူအားလုံး အစ္စလာမ်ထဲသို့ ၀င်ခဲ့ခြင်း မဟုတ် ချေ။ လူ့သဘာဝအလျှောက် မိမိနှစ်သက်ရာ မိမိကိုးကွယ်ခဲ့ခြင်းသာ ဖြစ်သည်။ ထိုခေတ်တွင် မိမိနှစ်သက်ရာ အား ကိုးကွယ်ခြင်းသည် ပြသနာ မဟုတ်ဘဲလျှက် ညီညွတ်နေခြင်းကြောင့် ထိုခေတ်ကာလအား ရခိုင်တို့၏ “ရွှေ ခေတ်” တင်စားခေါ်ဆိုနိုင်သည်။-
ထိုသို့ ညီညွတ်ခြင်းများကြောင့် ရခိုင်တို့မှာ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသများထိ သြဇာလွှမ်းမိုးမှုများ ရှိခဲ့သည်၊ ရွှေ့ပြောင်းနေထိုင်မှုများ ရှိခဲ့သည်။ ယနေ့တိုင် ဧရာဝတီတိုင်းထဲ၌ မိမိကိုယ်မိမိ “ရခိုင်” ဟု ခံယူသည့် လူမျိုးများ အား ပင်လယ်ကမ်းရိုးတန်း တစ်လျှောက်၌ တွေ့မြင်နိုင်ပေသည်။
သို့သော် မြောက်ဦးခေတ်၏ နှောင်းပိုင်းတွင်- ရခိုင်နယ်၌ ဘာသာရေးခွဲခြားမှု စတင် လာခဲ့တော့သည်။ အစ္စလာမ် သာသနာပြုမှုတို့အား ပိတ်ပင်ရန်၊ ဗုဒ္ဓဘာသာအား ကာကွယ်ရန်ဟူ၍ ဘုန်းကြီးများအတွင်း မျိုးစေ့ချ လာတော့သည်။ “ရွှေမျဉ်းဓမ္မသတ်” စာအုပ်ကဲ့သို့ ဗုဒ္ဓဘာသာကာကွယ်ရေး စာအုပ်များ ထုတ်ဝေလာတော့ သည်။ ဗုဒ္ဓဘာသာအားကိုး အဖြစ် ဗမာဘက်သို့ စိတ်ယိုင်လာသည့် မျိုးဆက်များ ပေါ်ထွန်းလာတော့သည်။ (ဤအချက်သည်လည်း ရိုးသားဟန် မရှိပါ။ ထိုခေတ်ကာလသည် ဗုဒ္ဓဘာသာမင်းများ အုပ်ချုပ်နေသာ ကာလ ဖြစ်၍ အစ္စလာမ်သာသနာမှာလည်း ရခိုင်နယ်အတွင်း အတင်းအဓမ္မသာသနာ ပြုခြင်းများ မရှိခဲ့ဘဲလျှက်- ဗုဒ္ဓ ဘာသာအား ကာကွယ်ရမည်ဟု အကြောင်းပြချက်မှာ ခိုင်လုံမှု မရှိပါ။ ရခိုင်အင်ပါယာအား သွေးကွဲအားနည်း သွားရန် ဗမာတို့ဘက်မှ လုပ်ဆောင်ခဲ့သော အချက်သာ ဖြစ်နိုင်သည်။- သို့သော် ဤသည် ကျွန်ုပ်၏ သုံးသပ် ချက်သာ ဖြစ်၍- ထိုအတွက် အချက်အလက်များ ကျွန်ုပ်၌ မရှိသေးပါ။)
ထိုမြောက်ဦးခေတ်၏ နှောင်းပိုင်းတွင် ရခိုင်များ ဗမာဘက်သို့ မည်မျှ စိတ်ပါခဲ့သနည်း ဟူမူ-၊ မူလဘူတလူမျိုးထဲ မှ ဗုဒ္ဓဘာသာအား ကိုးကွယ်သည့် သူများအား “မြန်မာကြီး” (မြန်မာတို့ထက် ရှေ့ကျသော မြန်မာ လူမျိုးကြီး) ဟု စတင် ခေါ်ဆိုခဲ့ပြီး- ထိုလူမျိုးထဲမှ အစ္စလာမ်သာသနာသို့ ကူးပြောင်းသူတို့ကိုမူ ကုလားများဟု စတင်ခေါ် လေတော့သည်။ ထိုအခေါ်မှာ မြောက်ဦးဘုရင်များ စစ်တကောင်းသို့ သိမ်းပိုက်စဉ် ဖမ်းဆီးခေါ်ဆောင်လာခဲ့ သော စစ်သုံ့ပန်းတို့အား ခေါ်သော အမည်ဖြစ်သာ ဖြစ်သည်။ (အမှန်တစ်ကယ်တွင် ထိုစစ်သုံ့ပန်းတို့၌လည်း အစ္စလာမ်၊ ဟိန္ဒူ၊ ဗုဒ္ဓဘာသာများ ပါဝင်ခဲ့သည်။) သို့သော် မူလဘူတ လူမျိုးများမှ အစ္စလာမ်ဘာသာအား ကိုး ကွယ်သူများက ထို ကုလား များနှင့် ကွဲပြားစေရန် သူတို့ကိုယ်သူတို့ “ရိုဟင်ဂျာ” လူမျိုးဟု ခေါ်တွင်ခဲ့တော့ သည်။
ထိုကာလသည် မြောက်ဦးနေပြည်တော် ပိုင်ဆိုင်သည့် ရခိုင်ဒေသအတွင်း တိုင်းရေးပြည်ရေး ရှုပ်ထွေးလာပြီး ၁၇၇၄ မှ ၁၇၈၅ ခုနှစ်များအတွင်း ဗမာအင်ပါယာနှင့် အကြီးအကျယ် စစ်ဖြစ်ရတော့သည်။ ထို့နောက် ဗမာတို့က မြောက်ဦး အင်ပါယာအား သိမ်းပိုက်လျှက် ဗမာအင်ပါယာထဲသို့ အပြီးအပိုင် သွတ်သွင်းလိုက်တော့သည်။
ရခိုင်သည် ဗမာအင်ပါယာထဲသို့ ပါသွားခဲ့သည်နှင့် တစ်ပြိုင်နက်- အခြားတစ်ဘက်တွင် အင်္ဂလိပ်တို့၏ အင်ပါ ယာအတွင်းသို့ ပါသွားပြီး ဖြစ်သော အိန္ဒိယ ဘင်္ဂလားပြည်နယ်နှင့် မြန်မာအင်ပါယာ နယ်စပ်ချင်းထိစပ်သွားခဲ့ သည်။ နောင် ၃၉ နှစ်အကြာ ၁၈၂၄ ခုနှစ်တွင် အင်္ဂလိပ်နှင့် မြန်မာ ပထစစ်ပွဲ စတင်ဖြစ်ခဲ့ရလေသည်။
အင်္ဂလိပ်တို့ အနေဖြင့် မြန်မာနိုင်ငံသို့ အင်ပါယာမချဲ့မှီ မြန်မာအင်ပါယာ အတွင်းမှ လူမျိုးတို့အား သုတေသနပြု ခဲ့သည်။ ထိုသို့ သုတေသနပြုရာတွင် ရခိုင်ဒေသအတွင်းမှ မူရင်းဇာတိ လူမျိုးများ- ထိုလူမျိုးတို့၏ ပြောဆိုသော ဘာသာစကား အခေါ်အဝေါ်များကို ၁၈၀၁ ခုနှစ်ထုတ် ASIATICK RESEARCHS OR, TRANSACTIONS OF THE SOCIETY INSTITUDE IN BANGAL, FOR INQUIRING INTO THE HISTORY AND INTIQUITIES, THE ART, SCIENCE AND LITERATURE OF ASIA (VOLUME THE FIFTH) စာအုပ်တွင် Rooinga (ရိုအင်ဂျာ) ဟု ထင်ရှားစွာ တွေ့နိုင်ပြီး ထိုသုတေသနအား ၁၇၉၉ ခုနှစ်တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် ၁၈၁၁ ခုနှစ်ထုတ် THE CLASSICAL JOURNAL FOR SEPTEMBER AND DECEMBRE 1811 VOL. IV, LONDON PRITHED စာအုပ်များတွင် Rooinga ဟူသော စာလုံးဖြင့် မြောက်များစွာ တွေ့ရမည် ဖြစ်သည်။ ထိုလူမျိုးများ ဘာသာစကားဖြင့် နေကို ဘယ်လိုခေါ်သည်၊ လကို ဘယ်လိုခေါ်သည်၊ မိုးကို ဘယ်လိုခေါ်သည်၊ ကြယ်ကို ဘယ်လိုခေါ်သည် စသည့်ဖြင့် ဘာသာဗေဒ ဝေါဟာရပေါင်းလည်း များစွာကိုလည်း ရခိုင်ပြည်ရှိ အခြားသော တိုင်းရင်းသားများ၏ ဘာသာစကားများဖြင့် ယှဉ်တွဲဖေါ်ပြထားသည်ကို မျက်ဝါးထင်ထင် မြင်ရ မည် ဖြစ်သည်။ ၎င်း စာအုပ်များသည် ကမ္ဘာ့နိုင်ငံကြီးတိုင်း၏ စာကြည့်တိုက်တိုင်းတွင် ရှိနေ၍- မြန်မာ အင်ပါယာအတွင်း အင်္ဂလိပ် များ မရောက်မှီကတည်းက ရှိနေသည့် မူလဘူတ ဇစ်မြစ်လူမျိုးများ အကြောင်း လေ့လာသူတိုင်း သိနိုင်ပေသည်။ မည်သူမျှ လိမ်ညာဖုံးကွယ်ထား၍ မရနိုင်သကဲ့သို့၊ လွဲမှားသော အမျိုးသား ရေးစိတ်များဖြင့် သမိုင်းတု ဖန်တီး၍လည်း မရနိုင်ပေ။ 
 
ထိုစာအုပ်များမှာ ၁၈၂၄ ခု အင်္ဂလိပ်များ မြန်မာအင်ပါယာထဲသို့ မ၀င်မှီ လေ့လာခဲ့သော စာအုပ်သုတေသနများ ဖြစ်၍- ထိုစာအုပ်များထဲ၌ Rooinga တို့သည် မူလဘူတ လူမျိုးများ ဖြစ်ကြောင်း ဖေါ်ထားသည်ကိုလည်း တွေ့ နိုင်ပေသည်။ 
၁၇၈၅ ခု မြန်မာအင်ပါယာမှ ၎င်းတို့ ဘာသာဖြင့် ခေါ်ဆိုသော ရခိုင်နယ်သို့ သိမ်းပိုက်ပြီးနောက်——၊ ရခိုင်မှ သိမ်းဆည်းယူငင်သွားသည်များမှာ- မဟာမြတ်မုနိ ဆင်းတော်တော်ကြီး တစ်ခုတည်းသာ မဟုတ်ပေ။- မြန်မာ စစ်တပ်၌ စစ်သားအဖြစ် အသုံးပြုရန် စစ်သည်ပေါင်းများစွာအားလည်း ခေါ်ဆောင်သွားခဲ့သည်သာ ဖြစ်သည်။
မြန်မာများ ခေါ်ဆိုသော “ရခိုင်” လူမျိုး—
ဆက်လက်ဖေါ်ပြပါမည်။
ဌေးလွင်ဦး

Very Important ရခိုင်ပြည်ရှိမွတ်ဆလင်များသည်သဘာဝအလျှောက် တိုင်းရင်းသား၊နိုင်ငံသားဖြစ်ကြောင်း၊ပြည်ထောင်စု လွှတ်တော်သို့ တင်ပြသည့်စာတမ်း …

AD ( ၁၈၂၃ ) ခုနှစ် မတိုင်မီကမြန်မာနိုင်ငံ၌ ပင်ရင်းနှိုင်ငံအဖြစ် နေထိုင်ကြခဲ့သောမွတ်ဆလင်များ

 အမှာစာ

မြန်မာနိုင်ငံ၏ သမိုင်းရာဇ၀င်များကိုလေ့လာကြည့်လျှင်မြန်မာနိုင်ငံအရပ်ရပ် ၌နေ ထိုင်ကြသော အစ္စ လာမ် ဘာသာဝင် မြန်မာမွတ်ဆလင်များ သည် လွန်ခဲ့သော နှစ်ပေါင်း (၁၀၀၀) ကျော်၊ (၁၂၀၀) ခန့် လောက်ကစ၍ အစု လိုက်သော် လည်းကောင်း၊အနည်း ငယ် သော် လည်းကောင်း လွန်ခဲ့သော နှစ်ပေါင်း (၃၀၀) ခန့်အထိ ၀င်ရောက်နေ ထိုင်ခဲ့ကြောင်း သမိုင်း တွင် အထောက်အထားခိုင်လုံစွာ တွေ့ရှိ ရသည်။
မြန်မာ့ရာဇ၀င် ၊သမိုင်း များတွင် အခြားသော တိုင်းရင်းသားလူမျိုးများမြန်မာနိုင်ငံ သို့ ၀င်ရောက် နေ ထိုင် ပုံကို လေ့လာလျှင် မြန်မာမွတ်ဆလင်များသည်လည်း ၎င်းတို့ထက်နောက် မကျသေးကြောင်းကို သမိုင်း သမိုင်း အထောက်အထားများအရသိရှိနိုင် ပါ သည်။ ထို့ကြောင်း မြန်မာမွတ်ဆလင်များသည်လည်း ထိုခေတ် ထိုအခါ(နှစ်ပေါင်း ၁၀၀၀)ကျော်  ကပင်  ရောက်  ရှိနေ ကြောင်း လယ်ပြင် မှာ ဆင်သွားသကဲ့သို့ ရာဇ၀င်၊သမိုင်း တွင် ထင်ရှားနေ ပါသည်။

အာဇာနည်ခေါင်းဆောင်ဆရာကြီး ဦးရာဇတ် ၏ အတ္ထုပ္ပတ္တိ အကျဉ်း

မြန်မာအာဇာနည် ဆရာကြီးဦးရာဇတ် (ခ) Mr. Abdur Razak (ခ) ဦးမောင်မောင်ကြီး (၁၈၉၈-၁၉၄၇)
ပညာရေးနှင့် အမျိုးသားစီမံကိန်း ဌာန၀န်ကြီး ဗဟိုအမျိုးသားကျောင်း ကျောင်းအုပ်ဆရာကြီး

ဦးရာဇတ်ကို တိုက်ပိုင်အင်စပတ်တော် မစ္စတာရှိတ်ခ်အဗ္ဗဒူရ်ရဟ်မန်နှင့် ဒေါ်ပလုတ်ခေါ် ဒေါ်ငြိမ်းလှတို့မှ မွေးဖွားသည်။ သားသမီး ၁၃-ယောက် အနက် စတုတ္ထသားဖြစ်သည်။ ဆရာကြီးကို ၁၈၉၈-ခု ဇန်န၀ါရီလ ၂၀ရက်တနင်္လာနေ့၌ မိတ္ထီလာမြို့တွင် ဖွားမြင်သည်။ မောင်မောင်ကြီး ဟူ သော အမည်ရှိသော်လည်း မတွင်ခဲ့ပါ။
မိသားစုသည် အလုပ်တာဝန်ကြောင့် မိတ္ထီလာမြို့မှ မန္တလေးမြို့သို့ ပြောင်းရွှေ့ရသောအခါ ဆရာကြီးသည် မန္တလေးမြို့ ၀က်စလီယန် မိန်းကလေးကျောင်းတွင် သူငယ်တန်းမှစ၍ ပညာသင်ကြားခဲ့သည်။ စတုတ္ထတန်း အောင်မြင်သောအခါ ၀က်စလီယန် ယောကျာ်းလေး ကျောင်းသို့ ပြောင်းရွှေ့သင်ကြားသည်။ ထူးချွန်သဖြင့် အတန်းကျော်၍ တက္ကသိုလ်ဝင်တန်းသို့တင်ပေးရသည်။ ၁၉၁၂-ခု တက္ကသိုလ်ဝင်စာမေးပွဲကို ထိုကျောင်းမှ အောင်မြင်သည်။ ၁၉၁၇-ခုနှစ် ရန်ကုန်မြို့ ကောလိပ်သိပ္ပံကျောင်းတွင် အိုင်အေ အထက်တန်းတက်နေချိန် အင်္ဂလိပ်စာစီစာကုံးပြိုင်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ရာပထမဆုရရှိ၍ ဘိုင်မြား(Bhai Meah)ရွှေတံဆိပ်ဆု ချီးမြှင့်ခြင်း ခံရသည်။ အိန္ဒိယနိုင်ငံထုတ် New Time မဂ္ဂဇင်းတွင် ရှမ်းပြည် နယ်မှ ၃၆-ကောင်ထီ အကြောင်း ဆောင်းပါး ရေးသား ပေးပို့ခဲ့ရာပထမတန်း ဆောင်းပါးဆု ရရှိသည။် ဆရာကြီးသည် စာပေပညာတွင် ထူးချွန်ရုံမျှမက ခရစ်ကက်၊ လက်ဝှေ့၊ တင်းနစ်၊ ဘောလုံး စသည့် အားကစားများတွင် တက္ကသိုလ်က သတ်မှတ်ပေးသည့် Blue အဆင့်ရရှိသည်။ ဘောလုံးတွင် College First Eleven Player တစ်ဦးဖြစ်သည်။

၁၉၂၀-ပြည့်နှစ် ပထမကျောင်းသားသပိတ် အရေးတော်ပုံကြီး ပေါ်ပေါက်သောအခါ အင်္ဂလိပ်စာ ဂုဏ်ထူးတန်းကျောင်းသား ဆရာကြီးသည် ကျောင်းသားခေါင်းဆောင် တစ်ဦးအဖြစ် ပါဝင်သည်။ ၁၉၂၁-ခုနှစ်တွင် မန္တလေး ဗဟိုအမျိုးသားကျောင်း၌ အင်္ဂလိပ်စာနှင့် ပါဠိဘာသာသင်ကြား ပို့ချသောဆရာအဖြစ် တာဝန်ထမ်းဆောင်သည်။ ဆရာကြီးသည် မန္တလေး နန်းထိပ်ရှိ မဟာဝိသုတာရာမကျောင်းတိုက် အတွင်းရှိ ဓမ္မာရုံ၏စာကြည့်တိုက် အသင်းဥက္ကဋ္ဌအဖြစ်လည်း တာဝန်ယူခဲ့သည်။
၁၉၂၁-ခုနှစ်တွင် မန္တလေးဗဟိုအမျိုးသားပညာရေးကောင်စီမှ ကြီးမှူးကျင်းပသော ဘီအေစာမေးပွဲကို ၀င်ရောက်ဖြေဆို အောင်မြင်သည်။ ဆရာကြီးသည် ဗဟိုအမျိုးသားကျောင်း၌ ၁၉၂၃-ခုနှစ်မှစ၍ ကျောင်းဆရာကြီး အဖြစ်လည်းကောင်း၊ ကျောင်းအုပ်ကြီးအဖြစ် လည်းကောင်း ဆောင်ရွက်ခဲ့သည်။ ဗဟိုအမျိုးသား ကျောင်းတံဆိပ်နှင့် ကြွေးကြော်သံကို ဆရာကြီးလက်ထက်တွင် ရွေးချယ်သတ်မှတ် ပြုလုပ်ခဲ့သည်။ တံဆိပ်မှာဆောင့်ကြောင့်ထိုင်နေသော ကေသရာခြင်္သေ့မင်းဖြစ်ပြီး ကြွေးကြော်သံမှာ “အတ္တာဟိအတ္တ္တနော နာထော” ဖြစ်သည်။မန္တလေးဗဟို အမျိုးသားကျောင်းကြီးတွင် (က)အမျိုးသားအပျော်တမ်းရဲတပ် (ခ) အမျိုးသားအပျော်တမ်းရဲဘင်ခရာတပ် (ဂ) အမျိုးသားရဲညွန့်တပ်များ ဖွဲ့စည်းခဲ့သည်။ ဆရာကြီးသည် အပျော်တမ်းရဲတပ်ဗိုလ်ချုပ်ဖြစ်ခဲ့သည်။
ဆရာကြီးသည် အင်္ဂလိပ်စာအရေးကောင်း၍ အသနားခံစာ စသည်တို့ကို တစ်ပါးသူတို့အတွက် ရေးသား ပေးလေ့ရှိသည်။ အကြောင်းသိမိတ်ဆွေများက စေတနာ့ဝန်ထမ်း လျှောက်လွှာစာရေးကြီးဟု ချစ်စနိုး ကျီစယ်တတ်ကြသည်။ ဆရာကြီးသည် အင်္ဂလိပ်စာသာမက အမိဘာသာစကားဖြစ်သည့် မြန်မာဘာသာလည်း ကျွမ်းကျင်နှံ့စပ်သည်။ အဟုတ်အဟတ် တတ်မြောက်သည်။ ဆယ်တန်းကတည်းက ပါဠိဘာသာကိုလည်း ယူခဲ့သည်။ ကျောင်းပိတ်ရက်များတွင် မန္တလေးမြို့နန်းတော်ရှေ့တိုက်တော်ကျောင်းတိုက်၊ ခင်မကန် ကျောင်းတိုက်၊ အတုမရှိ ကျောင်းတိုက်များရှိ တိုက်အုပ်ဆရာတော်များထံသို့သွားကာ မြန်မာနှင့်ပါဠိကို မပြတ် လေ့လာဆည်းပူးသည်။
အပျော်တမ်းရဲတပ် ဗိုလ်ချုပ်ဆရာကြီးဦးရာဇတ်
ဆရာကြီးသည် ရဟန်းလူရှင်များနှင့် ခင်မင်ရင်းနှီးစွာ ပေါင်းသင်းဆက်ဆံလေ့ရှိသည်။ ထို့ကြောင့်လည်း ဗုဒ္ဓအယူဝါဒကို အထူးလေးစားသော မန္တလေးကဲ့သို့မြို့ကြီးတစ်မြို့ရှိ အမျိုးသားအထက်တန်းကျောင်းတွင် ဆရာကြီး အနေနှင့် ကျောင်းအုပ်အဖြစ် ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်သည်။
ဆရာကြီးသည် ကျောင်းသားများအား ပညာကိုသာမက မျိုးချစ်စိတ်ကိုပါ သွတ်သွင်းပေသည်။ အမျိုးသားကျောင်းမှ ကျောင်းသားများ အကျိုးအတွက် သမဂ္ဂဖွဲ့စည်းပေးပြီး ရန်ကုန်မှရောက်လာကြသော ကျောင်းသားခေါင်းဆောင် ကိုနု၊ ကိုအောင်ဆန်း၊ မစ္စတာရာရှစ် စသူတို့နှင့် မိမိကျောင်းမှ ကျောင်းသားများကို တွေ့ဆုံမိတ်ဆက်ဆွေးနွေးစေခဲ့သည်။ ၁၉၃၇-ခုနှစ်တွင် ကိုအောင်ဆန်း ဦးဆောင်သော ကျောင်းသား ခေါင်းဆောင်များမန္တလေးသို့ ဒုတိယအကြိမ် ရောက်ရှိလာသောအခါ ဆရာကြီး ဦးရာဇတ်အမှူးပြုသော အမျိုးသားကျောင်းဆရာများက လက်ဖက်ရည်ပွဲဖြင့် ဧည့်ခံခဲ့သည်။
ဗိုလ်အောင်ကျော် ကျဆုံးသော ၁၉၃၈-ခုနှစ်တွင် မြန်မာ တစ်နိုင်ငံလုံး၌ ကျောင်းသားများ သပိတ်မှောက်ခဲ့ကြသည်။ မန္တလေးမြို့ရှိ ဥရောပတိုက်သားပညာဝန်နှင့် အရေးပိုင်တို့သည် အမျိုးသားကျောင်းသို့ ရောက်ရှိလာကြသည်။ ကျောင်းသားများ သပိတ်မှောက်ခြင်းရှိမရှိ မေးမြန်းရာဆရာကြီးက မိမိကျောင်းသားများ ဘယ်တော့မှသပိတ်မမှောက်ဟု ဖြေလိုက်ရာ ၀မ်းသာအားရပြန်သွားကြသည်။ နာရီဝက်ခန့်အကြာကျောင်းသားများ လူစုသပိတ်မှောက်သွားကြသည်။ ထိုအခါ အရာရှိကြီးနှစ်ဦးပြန်လည်ရောက်ရှိလာပြီး ဆရာကြီး လိမ်သည် ညာသည်ဟု စွပ်စွဲသည်။ ဆရာကြီးက မည်သို့မျှမဖြေဘဲ ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌကိုခေါ်ပြီး ထိုအရာရှိကြီး နှစ်ဦးရှေ့တွင်မေးမြန်းသည်။ ဥက္ကဋ္ဌကမိမိတို့သည် ဆရာကြီးကျောင်းကို ဘယ်တော့မှ သပိတ်မမှောက်ပါ။ ပညာရေးစနစ်ကိုသာ သပိတ်မှောက်ခြင်းဖြစ်ပါသည်ဟု ဖြေသည်။ အရာရှိကြီး နှစ်ဦး သဘောပေါက်ကာပြန်သွားကြရသည်။
၁၉၃၈ ခု ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် မန္တလေးမြို့ရှိ ဗမာမွတ်စလင်လူငယ်များက လူငယ်များ နိုးကြားရေးအဖွဲ့ ကိုဖွဲ့သည်။ ဗမာမွတ်စလင်နိုးကြားရေးအဖွဲ့များသည် တို့ဗမာအစည်းအရုံးသခင်များနှင့် နီးစပ်သော အဖွဲ့များဖြစ်သည်။ သခင်များက အထူးအားပေးခဲ့သည်။ သခင်များက တို့ဗမာဟု သုံးစွဲသည့်အတွက် မြန်မာမွတ်စလင်ဟု ခေါ်နေသူတို့ကဗမာမွတ်စလင်ဟု ပြောင်း၍ ခေါ်တွင်သုံးစွဲခဲ့ကြသည်။
၁၉၄၀-ခု မေလ ၄ ရက်နေ့တွင် မန္တလေးမြို့၌ ဗမာမွတ်စလင်ဗဟိုနိုးကြားရေးအဖွဲ့ချုပ်၏ ဒုတိယအကြိမ် ကွန်ဖရင့်ကို စတင်ကျင်းပသည်။ ထိုမျက်နှာစုံညီ အစည်းအဝေးမှ နိုင်ငံလုံးဆိုင်ရာ ဗမာမွတ်စလင်အဖွဲ့ကြီး တစ်ခုကို ဆရာကြီး ဦးရာဇတ်ကိုဥက္ကဋ္ဌ၊ ဦးကိုကိုလေးကို အတွင်း ရေးမှူးအဖြစ် ရွေးချယ်တင်မြှောက်သည်။ ၁၉၄၁-ခု မေလ ၃ ရက်နေ့တွင် ရမည်းသင်းခရိုင်၊ ယင်းတော်ရွာကြီး၌ကျင်းပခဲ့သော ညီလာခံကြီးက ဦးရာဇတ်ဦးဆောင်သော အမှုဆောင်အဖွဲ့ကို ရွေးချယ်တင်မြှောက်ခဲ့သည်။တိုင်းရင်းသား အစ္စလာမ်ဘာသာဝင်များအား ဗမာမွတ်စလင် အမည်ခေါ်တွင်ရန် ဗမာမွတ်စလင်နိုးကြားရေးအဖွဲ့ချုပ်က သက်ဆိုင်ရာသို့တင်ပြ တောင်းဆိုသည်။ ၁၉၃၀-ခုနှစ်တွင် နန်းရင်းဝန်ဖြစ်လာသောဂဠုန်ဦးစောက နိုးကြားရေးအဖွဲ့၏ တောင်းဆိုချက်အတိုင်း တိုင်းရင်းသားအစ္စလာမ်ဘာသာဝင်တို့အား ဗမာမွတ်စလင်ဟု တစ်မျိုးတည်းခေါ်ရန်အမိန့်ထုတ်ခဲ့သည်။ သန်းခေါင်စာရင်းတွင်လည်း အဆိုပါအမည်တစ်မျိုးတည်းသာ ထည့်သွင်းရန် အမိန့်ထုတ်ပေးခဲ့သည်။
၁၉၄၅-ခု ဒီဇင်ဘာ ၂၄၊ ၂၅၊ ၂၆ ရက်နေ့များတွင် ပျဉ်းမနားမြို့၌ ပြည်လုံးကျွတ် ဗမာမွတ်စလင်မျက်နှာစုံညီ အစည်းအဝေးကြီးကိုစည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။
ပျဉ်းမနားညီလာခံကြီးသို့ ဖဆပလအဖွဲ့ဥက္ကဋ္ဌကြီး ဗိုလ်ချုပ်အောင်ဆန်းသည် အကြောင်းမညီညွတ်၍ မတက်နိုင်ခဲ့သော်လည်း ဖဆပလဌာနချုပ်က ကိုယ်စားလှယ်အဖြစ် သခင်ဝတင်တို့ တက်ရောက်ကြသည်။ ညီလာခံသဘာပတိမှာ အက်စ်အေရာမန်ဖြစ်ပြီး အတွင်းရေးမှူးမှာ မန္တလေးနိုးကြားရေး ဦးသန်းရွှေဖြစ်သည်။ ညီလာခံတွင် ဗိုလ်မှူးဘရှင်နှင့် ဦးသန်းရွှေတို့ ရေးသားတင်ပြသော ”ကျွန်ုပ်တို့ဖြစ်စေ လိုသော ဗမာမွတ်စလင်များ” စာမူကြမ်းကို အတည်ပြုလိုက်သည်။ ဆရာကြီးတင်ပြသည့် ‘ဗမာမွတ်စလင်ကွန်ဂရက်’ အမည်ကို ရွေးချယ်ခဲ့ကြသည်။ ထို ပြည်လုံးကျွတ်ညီလာခံကြီးမှပင် အဆို(၄)ခုကို တင်သွင်းအတည်ပြုပေးခဲ့သည်။ ညီညွတ်ရေးအဆို၊ ပူးပေါင်းရေးအဆို ၊ သာသနာရေးအဆို ၊ လုပ်ငန်းအဆို ဟူသည့် အဆိုများဖြစ်သည။် ဗမာကို ဗမာကသိရေး၊ ဗမာမွတ်စလင်တိုင်းရင်းသားများသည် အစ္စလာမ်ဘာသာကိုးကွယ်ကြသည့် ဗမာအမျိုးသားများဖြစ်ကြသည်ဟူသော ကြွေးကြော်သံနှစ်ခုလည်း ပေါ်ထွက်လာသည်။ ထိုညီလာခံကြီးမှ အဖွဲ့ချုပ်ဥက္ကဋ္ဌအဖြစ် ဦးရာဇတ်၊ အထွေထွေ အတွင်းရေးမှူးအဖြစ် ဦးခင်မောင်လတ်တို့ကို ရွေးချယ်တင်မြှောက်ကြသည်။ ညီလာခံတွင် ဖဆပလဌာနချုပ်သို့ဗမက ကိုယ်စားလှယ်များအဖြစ် ဦးဘစိန်၊ ဦးခင်မောင်လတ်နှင့် ဦးဖေခင်တို့ကို ရွေးချယ်လိုက်ကြသည်။
၁၉၄၆-ခု ဇန်န၀ါရီလ ၂၀ ရက်နေ့ ရွှေတိဂုံအလယ်ပစ္စယံ၌ကျင်းပသော ဖဆပလအဖွဲ့ချုပ်ကြီး၏ နိုင်ငံလုံးဆိုင်ရာ ညီလာခံကြီးတွင်ဗမက ကိုယ်စားလှယ်များသည် တက်တက်ကြွကြွပါဝင်ခဲ့သည်။
ထိုညီလာခံကြီးတွင် ညီလာခံသဘာဝပတိ ဗိုလ်ချုပ်အောင်ဆန်းက -
‘အမျိုးသား ညီညွတ်ရေးဆိုသည်မှာ ခေါင်းဆောင်များသာညီညွတ်ခြင်းကိုမဆိုလို။ လူမျိုးဘာသာ ယောကျာ်း၊ မိန်းမဂိုဏ်းဂဏမရွေး တစ်နိုင်ငံလုံး ပြည်သူပြည်သား၊ လူထု တစ်ခုလုံး၊ အပြောသာမဟုတ် အလုပ်နှင့်တကွ အမျိုးသားတို့၏အလိုဆန္ဒများကို ပြည့်ဝနိုင်ရန် အမျိုးသားတို့၏ လုပ်ငန်းများတွင် သောင်းသောင်းဖြဖြ စိတ်ရောကိုယ်ပါ ညီညွတ်ကြသည်ကို ဆိုလိုသည်’ ဟု လူထု အင်အားအရေးကြီးကြောင်း ညွှန်ပြမိန့်ကြားသည်။
ညီလာခံကြီးတွင် စီစဉ်ထားသော အဆိုများအနက် အဆိုအမှတ်(၁) နိုင်ငံတကာရေးရာအဆိုကို ဗမာမွတ်စလင်အဖွဲ့ချုပ်မှ ဦးကြွယ်ဝကလည်းကောင်း၊ အဆိုအမှတ်(၂) လုံးဝလွတ်လပ်ရေးသို့ အဆိုကို ဗမာမွတ်စလင်အဖွဲ့မှ ဦးအောင်စိန်ကလည်းကောင်း၊ အဆိုအမှတ် (၃)ဘိလပ်သွားရေးအဆိုကို ဗမာမွတ်စလင်အဖွဲ့မှ ကိုညီညီကလည်းကောင်း ပါဝင်ထောက်ခံသည်။ အဆိုအမှတ်(၇) ပယ်ထားသောနယ်များ ပူးပေါင်းရေးအဆိုကို ဗမာမွတ်စလင်အဖွဲ့မှ ဒုတိယဥက္ကဋ္ဌကိုဖေခင်က တင်သွင်းသည်။ အဆိုအမှတ်(၁၈) ညီညွတ်ရေးအဆိုကို ဖဆပလအဖွဲ့ချုပ်၏ ဥက္ကဋ္ဌ ညီလာခံကြီး၏သဘာပတိ ဗိုလ်ချုပ်အောင်ဆန်းက တင်သွင်းရာတွင် -
‘ယခုအခါ ဗြိတိသျှနယ်ချဲ့သမား လက်အောက်မှ လွတ်မြောက်ရေး၌ တူညီသောအကျိုး၊ တူညီသောအလုပ်နှင့် တူညီသော ရည်ရွယ်ချက်များရှိသော အထက်ပါလူတန်းစား အစည်းအရုံးများ တိုင်းရင်းသား လူနည်းစုများနှင့် နိုင်ငံရေးပါတီတိုင်းသည် လွတ်လပ်ရေး အင်အားစု ပေါင်းစုံရာဖြစ်သော ဖဆပလအဖွဲ့ချုပ်ကြီးနှင့် တကယ့်အမျိုးသားညီညွတ်ရေးကို ခိုင်မြဲအောင်တည်ဆောက်ကာ ဗမာပြည်လွတ်လပ်ရေးကို အရယူရန် ဤညီလာခံက ဆုံးဖြတ်ကြောင်း’ဟု ပါရှိသည်။
ညီလာခံကြီးသို့ တက်ရောက်လာသော ဗမကကိုယ်စားလှယ်များအပါအ၀င် လူထုကြီးက တစ်ခဲနက်ထောက်ခံ အတည်ပြုလိုက်သည်။ (သံတော်ဆင့်သတင်းစာ ၂၂၊ ၁၊ ၄၆၊ ဒီးဒုတ်ဂျာနယ် အတွဲ ၁၉၊ နံပါတ် ၂၅၊ ၂၆၊ ၂၇ )
ဆရာကြီးသည် ၁၉၄၆-ခု စက်တင်ဘာ ၂၃ ရက်နေ့ သာစည်မြို့တွင် ကျင်းပသည့် ဗမာနိုင်ငံလုံးဆိုင်ရာ ဗမာမွတ်စလင် အိုလမာအဖွဲ့ချုပ်စတင်ဖွဲ့စည်းမည့် ညီလာခံသို့တက်ရောက်သည်။ တိုင်းပြည် လွတ်လပ်ရေး အတွက် ညီညွတ်ရေး တည်ဆောက်စဉ် နေ့မအားညမအား ဆောင်ရွက်နေချိန်တွင် အလေးထား အချိန်ပေးခဲ့ခြင်းဖြစ်သည်။ ဆရာကြီးသည်တိုင်းရင်းမွတ်စလင်တို့အား ကျမ်းစာများ၏ အမိ ကျမ်းမြတ်ကုရ်အာန်ကို အဓိပ္ပာယ်ယတ္ထနှင့်တကွ သိနားလည်ရန် လိုအပ်ကြောင်း ရှင်းလင်းမိန့်ကြားခဲ့သည်။
၁၉၄၆-ခု ဒီဇင်ဘာ ၆ ရက် မှ ၈ ရက်နေ့အထိ ရန်ကုန်မြို့ဇိနတ်မိန်းကလေးကျောင်း၌ကျင်းပသော ဗမက ပြည်လုံးကျွတ် ညီလာခံကြီးမှ ဗမာမွတ်စလင်တို့သည် လူနည်းစုလော သို့မဟုတ် လူများစုလောဟူ၍ နှစ်ဖက်သဘောကွဲလွဲနေသည်။ ဆရာကြီးမစ္စတာရာဇတ်၏ သဘာပတိမဲသည် အဆုံးအဖြတ်မဲဖြစ်ခဲ့သည်။ ဗမာမွတ်စလင်ကို လူများစုအဖြစ် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။  လန်ဒန်တွင် ရောက်နေသော ဖဆပလဥက္ကဋ္ဌကြီး ဗိုလ်ချုပ်အောင်ဆန်းထံသို့ ဗမာမွတ်စလင် လူများစုအဖြစ်နေရန် ဗမက ပြည်လုံးကျွတ်ညီလာခံမှ ဆုံးဖြတ်ကြောင်းကြေးနန်းပို့ခဲ့သည်။

ဆရာကြီးဦးရာဇတ်သည် ၁၉၄၅-ခုမှစတင်၍ တည်ထောင်ခဲ့သော မန္တလေးခရိုင်ဖက်ဆစ်တော်လှန်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ (ဖဆပလအဖွဲ့)တွင် ပထမဦးစွာ ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခန့်အပ်ခြင်းခံရသည်။ တိုင်းပြုပြည်ပြု လွှတ်တော် ရွေးကောက်ပွဲကို ၁၉၄၇-ခုနှစ် ဧပြီလတွင် ကျင်းပသောအခါ ဦးရာဇတ်သည် မန္တလေးမြို့မအရှေ့ပိုင်း အမတ်အဖြစ် ရွေးကောက် တင်မြှောက်ခြင်းခံရသည်။ ထို့နောက် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင် သာ အစိုး ရအဖွဲ့ တွင် ပညာရေးနှင့် အမျိုးသား စီမံကိန်းဌာန၀န်ကြီးအဖြစ် ထမ်း ဆောင် ခဲ့ သည။် ပြည် လမ်းရှိ ဆိုရန်တိုဗီလာအဆောက်အဦတွင်ကျင်းပသော အမျိုးသားစီမံကိန်း အစည်းအဝေးများ၌ ဦးဆောင်ခဲ့သည်။
ဆရာကြီး ဦးရာဇတ်သည် ၁၉၄၇-ခုနှစ် ဧပြီလတွင် ဦးကိုလေးအားရန်ကုန်သို့ခေါ်ကာ မန္တလေး ဥပစာကောလိပ်ကို အမြန်ဆုံး ပြန်လည်ဖွင့်လှစ်ရန် တာဝန်ပေးပြီး လိုအပ်သော အကူအညီအားလုံးကို ပေးခဲ့သည်။
မန္တလေးတက္ကသိုလ်ကြီးသည် ဆရာကြီး ဦးရာဇတ်နှင့် ဦးကိုလေးတို့နှစ်ဦး ပူးပေါင်းအား ထုတ်မှု၏ရလဒ်ဖြစ်ပါသည်။
ဤကိစ္စနှင့်စပ်လျဉ်း၍ ဆရာမကြီး ပါမောက္ခအမ်အေ ဒေါ်အုန်းကပြောပြဖူးသည်မှာ-
‘မန္တလေးတက္ကသိုလ်ကြီး တည်ထောင်ရာမှာ ဘိုးတော်သိကြားမင်းနှင့် အလားတူတဲ့ ဆရာကြီးဦးရာဇတ်က အမိန့်ပေးလို့ ၀ိသကြုံနတ်သားနဲ့တူတဲ့ ဦးကိုလေးက တာဝန်ယူတည်ဆောက်ခဲ့ရတယ်။ ငါတို့ သူငါ (တည်ထောင်သူ ဆရာကြီးဆရာမကြီး)ကတော့ ၀ိသကြုံ ဦးကိုလေးရဲ့အခြွေအရံတွေပဲ’
ဟူ၍ ဆရာဇေယျာအောင်၏ မန္တလေးတက္ကသိုလ် ရွှေရတုမဂ္ဂဇင်း (၁၉၅၈-၂၀၀၈) မဂ္ဂဇင်းတွင် ဖော်ပြထားပါသည်။ထို့ကြောင့်မန္တလေးတက္ကသိုလ်၏ ပထမဦးဆုံး ဆောက်လုပ်ခဲ့သော အဆောင်ကို နောင်အခါ ဆရာကြီး ဦးရာဇတ်ကို ဂုဏ်ပြုသောအားဖြင့် ရာဇတ် ခန်းမဆောင် (Razak Hall) ဟု အမည်ပေးခဲ့သည်။
ဆရာကြီးဦးရာဇတ်အား ဂုဏ်ပြု အမည်မှည့်ခေါ်ထားသော ရာဇက်ခန်းမဆောင် (မန္တလေးတက္ကသိုလ် စာကြည့်တိုက်)
ဆရာကြီးသည် ၁၉၄၇-ခုနှစ် ဇွန်လတွင် အိန္ဒိယနိုင်ငံ၊ မဒရပ်မြို့၌ ကျင်းပသောအရှေ့တောင်အာရှ ကျောင်းသားများ ညီလာခံသို့ ကျောင်းသားကိုယ်စားလှယ်အဖွဲ့တစ်ခုကို မြန်မာနိုင်ငံ ကိုယ်စားလှယ်ပြုစေလျက် ပို့လွှတ်ခဲ့သည်။ ဆရာကြီးကိုယ်တိုင်လည်း ထိုအစည်းအဝေးကြီးသို့ မြန်မာနိုင်ငံမှပညာရေးဝန်ကြီးအနေဖြင့် ပါဝင်တက်ရောက်ခဲ့သည်။
မန္တလေးတက္ကသိုလ်ကျောင်း တည်ထောင်ပြီးလျှင် ပါဠိ တက္ကသိုလ်ကြီးတစ်ခု တည်ထောင်ရန် ဆရာကြီးဦးရာဇတ် ကြိုးပမ်းခဲ့ပါသည်။ ယနေ့မြင်တွေ့ကြရသော နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ် (မန္တလေး/ရန်ကုန်)တို့၏ရှေ့ပြေးဟု ခေါ်ဆိုနိုင်ပါသည်။
ဆရာကြီးသည် ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့၌ ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် အခြားခေါင်းဆောင်များ နှင့်အတူ လုပ်ကြံခြင်းခံရသည်။ ထိုအခါ ဆရာကြီးအား သွေးအိုင်တွင်းမှပွေ့ပိုက်၍ ထူမပေးသောအခါ မိမိကအရေးမကြီးပါ။ ဗိုလ်ချုပ်နှင့် သခင်မြတို့က ပိုဆိုးပုံရသည်။သူတို့ကိုသာ ဂရုစိုက်ကြပါ ဟု ပြောကြားခဲ့သည်။၁၉၄၇ ခု ဇူလိုင်လ ၂၁ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်အာဇာနည်ခေါင်းဆောင် ကြီးများ၏ အလောင်းများကို ဂျူဗလီဟောသို့သယ်ဆောင်သွားသည်။ ထိုအခါ
ဆရာကြီးရာဇတ်နှင့် ရဲဘော်မောင်ထွေးတို့၏ အလောင်းများလည်း ပါဝင်သည်။ ဂျူဗလီမှ ဆရာကြီးတို့၏အလောင်းကို ၂ မိုင်လောက်ဝေးသော တာမွေမွတ်စလင်သင်္ချိုင်းအရောက်တစ်ယောက်တစ်လက် အဆင့်ဆင့်ထမ်းသယ်သည်။ တာမွေတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အိုလမာအစ္စလာမ်သာသနာပညာရှင်များ အဖွဲ့ချုပ်ဥက္ကဋ္ဌကြီး မွတ်ဖ်တီ မာမွတ်ဒါဝတ်ယူစွတ်က ရှေ့ဆောင်ပြီး ဂျနာဇာနမာဇ်ဖတ်ပေးခဲ့သည်။
ဆရာကြီးဦးရာဇတ် နှင့် ရဲဘော် ကိုထွေး တို့အား မြှုပ်နှံထားရာ တာမွေသုသာန် သို့ ဆရာကြီးဦးရာဇတ်၏သားများလာရောက် ဆု တောင်းစဉ်
ဆရာကြီးသည် အမိမြေကို တန်ဖိုးထားသည်။ ချစ်မြတ်နိုးသည်။ဘာသာသာသနာကို ကြည်ညိုလေးစားသည့် တိုင်းရင်းသား တိုင်းရင်းဖွားများ ညီညွတ်ရေးကို အထူးမျှော်မှန်းခဲ့သော ပုဂ္ဂိုလ်ကြီးဖြစ်သည်။ အားကျ အတုယူဖွယ် ထူးချွန်သော အရည်အချင်းများအနက် တစ်ခုမှာ သံဃာတော် ဆရာတော်ကြီးများ၏ လေးစားချစ်ခင်ခြင်းကို ဒကာကြီး ရာဇတ်ခံယူရရှိခဲ့ခြင်းဖြစ်သည်ဟု ညွှန်းဆိုကြပါသည်။
ဆရာကြီး၏မျိုးချစ်ပြည်ချစ်စိတ်ဓာတ်ခံက တိုက်တွန်းနှိုးဆော်သည့်အတွက် စာများရေးဖြစ်ခဲ့ပုံကိုလည်း လေ့လာတင်ပြပါမည်။
၁၉၃၆-ခုနှစ်တွင် ဆရာကြီး ဦးရာဇတ်သည် အင်္ဂလန်၌ ပညာသင်တက်ရောက်နေကြသော တက္ကသိုလ်ကျောင်းနေဘက် ပညာတော်သင်များကို အကူအညီတောင်း၍ ရရှိလာသော အင်္ဂလိပ် မြန်မာနှစ်နိုင်ငံအရေးကိစ္စများနှင့်ပတ်သက်၍ အထောက်အထားပေါင်း ၁၂၀ကျော်ကို မြန်မာဘာသာပြန်ခဲ့သည်။ ထိုစာမူများကို ရွှေနန်းတွင်း အတ္ထုပ္ပတ္တိ ခေါ်လက်ထက်တော်တွင်းအဖြစ်အပျက် စာတမ်းအမည်ဖြင့် မန္တလေးသူရိယတိုက်မှ ၁၉၃၆-ခု တွင် ရေးသူအမည်မပါဘဲ ထုတ်ဝေခဲ့သည်။ ယင်းစာအုပ်ကို မန္တလေးမြို့တည် နန်းတည်နှစ်တစ်ရာပြည့်အထိမ်း အမှတ် နှင့် ကြုံချိန် ၁၉၅၉ ခုနှစ် တွင် ရွှေနန်းတွင်း အရေးတော်ပုံအမည်ဖြင့် ဒုတိယအကြိမ်ထုတ်ဝေပါသည်။ အမှာစာတွင်  မန္တလေးသူရိယ သတင်းစာ အယ်ဒီတာချုပ် ဦးသန်းမောင်က-‘မူလပထမစာအုပ်တွင် ရေးသားပြုစုသူအမည်နာမ လုံးဝမပါရှိခဲ့ပါ။ အမှန်စင်စစ် ၎င်းစာအုပ်ကို ရေးသားပြုစုသူမှာကျွန်တော်၏ဆရာ အမျိုးသားခေါင်းဆောင်ကြီး (ကွယ်လွန်သူ) ဆရာကြီးရာဇတ်ပင်ဖြစ်ပါသည်။’ ဟု ရေးသားဖော်ပြလိုက်ပါသည်။ ဤသို့သစ္စာရှိစွာ ဖော်ထုတ်လိုက်မှသာ ရွှေနန်းတွင်းအရေးတော်ပုံမှာ ဆရာကြီးဦးရာဇတ်၏ ဘာသာပြန်လက်ရာဟုအများသိခွင့်ရကြပါသည်။ ဒုတိယအကြိမ်ပုံနှိပ်ခြင်းတွင် အမှာစာရေးသူရွှေကိုင်းသားက မိမိအမှာစာတွင်-
‘ရွှေနန်းတွင်းအရေးတော်ပုံ စာအုပ်သည် ရာဇ၀င် အမြင်ကျယ်မှုအတွက် အထောက်အပံ့ပေးမည့် စာအုပ်ကောင်းတစ်အုပ်ပင် ဖြစ်ပါသည်။’ ဟု သုံးသပ်ပြပါသည်။ ဆရာကြီးသည် တစ်သက်မှာတစ်အုပ်ကိုသာရေးခဲ့သော်လည်း ထိုစာအုပ်သည် တစ်အုပ်ဆိုတစ်အုပ် တိုင်းပြည်ကိုအကျိုးပြုနိုင်ခဲ့သော စာအုပ်ဖြစ်သည်ဟု သတ်မှတ်ကြရပါသည်။
ဆရာကြီးသည် အင်္ဂလိပ်ဘာသာနှင့်ရေးသောစာအုပ်များ အဖတ်များသဖြင့် မြန်မာတို့အတွက် အကျိုးရှိမည့်စာအုပ်များတွေ့လျှင် တပည့်များအားလည်း ဘာသာပြန်ရန် တိုက်တွန်းလေ့ရှိပါသည်။ ဆရာကြီးသည်မြန်မာပြည်တွင် အရေးပိုင်လုပ်ဖူးသွားသော မစ္စတာမောရစ်ကောလစ်ရေးသားသည့်  Trials in Burma ထရိုင်အင်ဘားမားစာအုပ်ကို ဘာသာပြန်ပြီး မန္တလေးသူရိယသတင်းစာတွင် ထည့်သွင်းဖော်ပြသည်။ သို့သော်ဘာသာပြန်သူ နာမည် မခံပါ။ အခန်း တစ် ခန်း အပြီး တပညြ့်ဖစ်သူ လူထုဒေါ်အမာအား နာမည်ခြံပီး ဆက်၍ ဘာသာပြန် ရန် တိုက် တွန်း ပါသည။်တပည့်ဖြစ်သူက ဆရာကြီး ဘာသာပြန်ပြီးသွားသည့် အပိုင်းကိုချန်၍ အခန်း၂ ကိုစပြန်ပြီး မန္တလေးသူရိယတွင် ထည့်သွင်းသည်။ ပထမတွဲကို ၁၉၃၈-ခု စက်တင်ဘာတွင် ပုံနှိပ်ထုတ်ဝေပြီး ဒုတိယတွဲကို ၁၉၃၉-ခု ဇန်န၀ါရီလတွင် ကြီးပွားရေးစာအုပ်တိုက်က ထုတ်ဝေသည်။ နှစ်တွဲပေါင်းကို ၁၉၉၉-ခု စက်တင်ဘာလတွင် ရန်ကုန်ခရမ်းရောင်စာစဉ်က ထုတ်ဝေ သည်။
ဆရာကြီးသည် မန္တလေးသူရိယသတင်းစာတတိယအကြိမ်နှစ်လည်အထူးထုတ် စာစောင်တွင် ကမ္ဘာ့သေမင်း၏၀ါဏိဇ္ဇ ခေါင်းစဉ်ဖြင့်ဆောင်းပါးရေးသားသည်။ အဗ္ဗဒွလ်ရာဇတ်(ဘီအေ)အမည်ဖြင့် ရေးသားခဲ့ခြင်းဖြစ်သည်။ ဆရာကြီးသည် ထိုစဉ်က မန္တလေးမြို့ အပျော်ထမ်း ရဲတပ်မတော်ကြီး၏ ဗိုလ်ကြီးအဖြစ် ဆောင်ရွက်နေစဉ်ဖြစ်သည်။ အမျိုးသားကျောင်းမှ ရဲတပ်ဖွဲ့များသည် နောင်အခါ ဘီအိုင်အေ၊ ဘီဒီအေ၊ ဘီပီအက်ဖ် တပ်များတွင် တပ်မှူး၊ အရာရှိအရာခံ အကြပ်တပ်သားများဖြစ်လာခဲ့သည်။ထို့ကြောင့် ပင် ဆရာကြီးကို စစ်မှုမထမ်းဘဲ စစ်သားကောင်းများမွေးထုတ်ခဲ့သည့်် ဘာဘူကြီး ဟု မှတ်တမ်း ပြုကြခြင်း ဖြစ် သည်။
ကမ္ဘာ့သေမင်း၏၀ါဏိဇ္ဇ ဆောင်းပါးတွင် လူတို့၏ဥာဏ်၊ လောကဓာတ်ပညာ၏အစွမ်းဖြင့် ဖန်တီးသည့်  သေမင်း၊ လက်နက်အမျိုးမျိုး၊ ၎င်းသေမင်းများကို ရောင်းဝယ်ဖောက်ကားကြသည့် မရဏ၀ါဏိဇ္ဇတို့ အကြောင်း အသိပေးတင်ပြထားသည်။ နိုင်ငံတကာမှ အချက်အလက်များရယူစုဆောင်းပြီး စာရင်းဇယား ခိုင်လုံစွာတင်ပြထားသည်။ အံ့သြဖွယ်၊တုန်လှုပ်ဖွယ်၊ ဆင်ခြင်ဖွယ် ဖြစ်ပါသည်။ လက်နက်အားကိုး နယ်ချဲ့သူတို့ အပေါ် စာရေးသူ မျိုးချစ်ပုဂ္ဂိုလ်ကြီးသည် မည်မျှစက်ဆုပ်သည်ကို သိရှိနိုင်ပါသည်။
ဆရာကြီးသည် မွတ်စလင်ကျောင်းသားအသင်းက ထုတ်ဝေသော The Cry ဂျာနယ်တွင် The Burman Muslim Organization ( On Account of the Formation of All Burma, Burman Muslim Congress at Pyinmana ) by A. Razak B. A. ဟု ဖော်ပြသည်။ ပျဉ်းမနားတွင်ကျင်းပသည့် ဗမာမွတ်စလင် ညီလာခံကြီးအကြောင်းရေးသားတင်ပြခြင်းဖြစ်သည်။ ဆရာကြီးက ဆောင်းပါးတွင် တင်ပြသည်မှာ-
‘၁၉၄၅-ခု ဒီဇင်ဘာလတွင် ပျဉ်းမနားမြို့၌ ဗမာမွတ်စလင်ညီလာခံကျင်းပခဲ့သည်။ ညီလာခံတွင် အရေးကြီးသော ဆုံးဖြတ်ချက် ၂-ရပ် ဆုံးဖြတ် အတည်ပြုနိုင်ခဲ့သည်။ ဆုံးဖြတ်ချက်တစ်ရပ်မှာ ဗမာမွတ်စလင်နိုင်ငံရေး အသင်းအဖွဲ့ အားလုံးသည်တစ်ခုတည်းသော အသင်းအဖွဲ့အဖြစ် ပူးပေါင်းရမည်ဟူသည့်ဆုံးဖြတ်ချက်ဖြစ်သည်။ အခြားဆုံးဖြတ်ချက်တစ်ရပ်မှာ ယခုဖွဲ့စည်းသော ဗမာမွတ်စလင်ကွန်ဂရက်သည် ဖဆပလ အဖွဲ့ချုပ်ကြီးနှင့် ပူးပေါင်းဆောင်ရွက်သွားရမည်ဟူသော ဆုံးဖြတ်ချက်ဖြစ်သည်။ ညီညွတ်ရေးနှင့် လွတ်လပ်ရေးအုတ်မြစ်ကို ပျဉ်းမနားညီလာခံကြီးက ချမှတ်ပေးသည်ဟု ဆရာကြီးက ဖော်ညွှန်းသည်။ နိဂုံးတွင် ယခု ကျွန်ုပ်တို့သည် အတိတ်၏ အောင်မြင်မှုများနှင့် လျော်ညီစွာ အနာဂတ်၏တိုးတက်ကြီးပွားမှု အဆောက်အဦကြီး ဆက်လက်၍ ဆောက်လုပ်တည်ထောင်ရန်သာ ကျန်တော့သည်’ဟု ယုံကြည်ချက်အပြည့်နှင့် မျှော်လင့်ချက်ကို ဖော်ပြထားသည်။
ဆရာကြီးသည် စကားပြေသာမက ရတုကဗျာ အရေးအသားလည်း ၀ါသနာပါသည်။ သူငယ်ချင်းဖြစ်သူ ရေနံချောင်းတွင်းစားသူဌေးသား ကုန်စည်ဖြန့်ဖြူးရေးမင်းကြီး ဦးခင်မောင်လတ် အတွက် မင်္ဂလာရတုပိုဒ်စုံ ရေးသားပေးပို့ခဲ့သည်။ ဦးခင်မောင်လတ်က မိမိမင်္ဂလာလက်ထပ်ပွဲအခမ်းအနားသို့ တက်ရောက်ရန်ဆရာကြီးကို ဖိတ်ကြားသည်။ ဆရာကြီးက မင်္ဂလာအခမ်းအနားသို့ မသွားနိုင်သည့်အတွက် မင်္ဂလာရတု ပိုဒ်စုံကိုဖွဲ့သီပို့လိုက်သည်။ ဤရတုပိုဒ်စုံကို ဦးခင်မောင်လတ်၏ မင်္ဂလာအခမ်းအနားတွင် ဖတ်ကြားပြသည့်အခါ ကြွရောက်လာသော မင်းပရိသတ်များကအထူးသဘောကျ ချီးကျူးသြဘာပေးကြသည်။ ကာယကံရှင်များကလည်းရတုပိုဒ်စုံကို ဆရာကြီး၏ မင်္ဂလာလက်ဖွဲ့အဖြစ် တမြတ်တနိုးသိမ်းဆည်းခဲ့ကြသည်။
(Please follow the link to see that ဆရာကြီး ဦးရာဇတ်၏ လက်ရာ ရတုပိုဒ်စုံ http://www.facebook.com/note.php?note_id=204764862909648 )
စာရေးဝါသနာပါသူ ဆရာကြီးသည် မိမိတပည့်များကိုလည်းစာရေးရန်တိုက်တွန်းသည်။ စာရေးသူများကိုလည်း အားပေး အားမြှောက်ပြုသည်။ အမှာစာ ရေးသားချီးမြှင့်သည်။
အစ္စလာမ်ပေါင်းချုပ် ကျမ်းပြုဆရာ ဦးထွန်းကြွယ်သည် မြန်မာပြည်လွတ်လပ်ရေး ရလုရဆဲအချိန်တွင် မြန်မာမွတ်စလင်တို့အတွက် အစ္စလာမ့်အဓိကကျင့်စဉ် ‘အာရကနွလ်အစ္စလာမ်ကျမ်း’ကို ပြုစုသည်။ ထိုစာအုပ် အတွက် ထိုစဉ်က ပညာရေးနှင့် အမျိုးသား စီမံကိန်းဝန်ကြီးဌာန ၀န်ကြီးဆရာကြီးရာဇတ်၏ ထောက်ခံချီးကျူးချက်ကို ကျမ်း၏ ကျောဖုံးအတွင်းဘက်တွင် အင်္ဂလိပ်ဘာသာဖြင့် ဖော်ပြထားပါသည်။ ၁၉၄၇ ခု၊ ဇူလိုင်လ၁၅ ရက် ရက်စွဲတပ်ပြီး စာကြောင်းတစ်ဆယ့်တစ်ကြောင်း ပါဝင်သည်။
အာဇာနည်ခေါင်းဆောင်ကြီး၏ သဘောထားအမြင်ကို သိနိုင်ရန်မူရင်းစာခြောက်ကြောင်းမျှ ကောက်နုတ်တင်ပြပါသည်။
“His service to the Community in particular and to the growth of amity between the Muslims and the Non-muslims in general is commendable and I have no hesitation to say that he deserves our whole hearted support and cooperation in the venture.”
ဤတွင် ပြည်ထောင်စုအတွင်းရှိ မှီတင်းနေထိုင်ကြသူတို့ အချင်းချင်း နားလည်ကြစေချင်သည့်၊ ရင်းနှီးချစ်ကြည် ကြစေချင်သည့် သဘောကိုလေ့လာမိပါသည်။
ဆရာကြီးသည် မြန်မာစာ အစီအကုံး အဖွဲ့အနွဲ့ ထူးချွန်သကဲ့သို့အင်္ဂလိပ်လိုရေးသည့် ဆောင်းပါးများသည်လည်း အဆင့်မြင့်လှပါသည်။
ဆရာကြီးသည် ပါဠိဘာသာ ဂုဏ်ထူးရသူဖြစ်၍ ပါဠိတော်သူဖြစ်ကြောင်းလည်း သိသာလှပါသည်။
 
ဆရာကြီးဦးရာဇတ်ပုံတူပန်းချီ- ဟန်လေး
သနပ်ဖက်ဆေးလိပ်ကို ပါးစောင်တွင် ခဲလျက်၊ လက်တစ်ဖက်တွင်လက်ညှိုးပိတ်ထားသော ဖတ်ရှုနေဆဲ အင်္ဂလိပ်ဘာသာစာအုပ်နှင့် တပည့်တပန်း မိတ်ဆွေသင်္ဂဟများနှင့် တွေ့သောအခါ ပြုံးပြလေ့ရှိသည်။ ပြုံးတစ်ဝက် မဲ့တစ်ဝက် အဓိပ္ပာယ်ပါသော မဲ့ပြုံးကလေးသည် မသမာသူတို့လက်ချက်ဖြင့် ယမ်းငွေ့ဖုံးခဲ့ရပါ၏။ သို့သော် ပြည်သူတို့ကို ထာဝစဥ်ညှို့ငင် ဖမ်းစားနေဆဲဖြစ်သည်ဟု ဆိုနိုင်ပါသည်။ ။
Credit : ပါမောက္ခ ဒေါက်တာအောင်ဇော် ၏ တိုင်းရင်း မွတ်စလင်မ် စာပြုစာဆိုပုဂ်္ဂိုလ်ကျော်များ -၂
ကိုကျော်မိုးအောင် FB စာမျက်နှာမှ တဆင့်ကူးယူဖော်ပြပါသည်။